Wednesday 30 June 2010

မဂ်လာပါ

ထိုင်းနိုင်ငံမှာလာေ၇ာက်အလုပ်လုပ်ကိုင်နေကြတဲ့ဗမာတွေကတော့ပုံစံအမျိုးမျိုး ၊ အခြေအနေအမျိုးမျိုးနဲ့ေ၇ာက်လာကြတာဖြစ်ပါတယ် ၊ တချို့ ကတ၇ားဝင်နိုင်ငံကူးလက်မှတ်နဲ့ဝင်ေ၇ာက်လာကြတာဖြစ်ပြီး ၊ အစိုးရရုံများ ၊ ကုမ္မဏီများတွင် အလုပ်လုပ် ကိုင်နေကြသလို ၊ တချို့ ကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ေ၇ာက်လာကြပြီး ၇ာအလုပ်များလုပ်ကိုင်နေကြတာဖြစ်ပါတယ် ၊ အထူးသဖြင့်အရှေ့တိုင်းသားတို့ ၇ဲ့ မျက်နှာပုံသဏ္ဍာန်ဟာ ခပ်ဆင်ဆင်တူနေကြတာမို့ ကိုယ်တိုင်က၀န်ခံမပြော၇င်ဘာလူမျိုးလဲဆိုတာမသိနိုင်ပါ ၊ ကျနော်တို့ ထိုင်းနိုင်ငံေ၇ာက်မြန်မာများကတော့မိမိကိုယ် ကို ဗမာပါလို့ ဖွင့်မပြောလိုကြပါ ။ ဒါကလဲအကြောင်းအမျိုးမျိုးရှိပါတယ် ၊ တချို့ ကတော့ ဗမာဆို၇င် ၇ဲက ငွေနှစ်တက်တာကြောင့်၇ယ် ၊ ထိုင်းလူမျိုးတချို့ ကလဲ ယခင်သမိုင်းကြောင်းမှာ မြန်မာတွေက အယုဒ္ဒယကိုဝင်တိုက်ခဲ့တာကို အစွဲထားပြီး ဗမာကို မုန်းတီးတဲ့စိတ်ရှိနေလို့ဖြစ်ပါတယ.် ၊
ကျွန်တော်ကိုယ်တိုင်ပင် အမှန်ဖွင့်ပြော၇န်မလိုသောသူများကို ဘာလူမျိုးလဲလို့မေးလာ၇င် တခြားနိုင်ငံသားတခုခုကိုလွဲပြောလေ့ရှိပါတယ် ၊ ဥပမာ ဆံပင်ညှပ်သူကမေးတဲ့အခါမျိုး ၊ တက္ကစီသမားကမေးတဲ့အခါမျိုးများမှာဖြစ်ပါတယ် ၊
တနေ့တွင်ရုံးသို့ တက္ကစီဖြင့်အသွားလမ်းတွင် ကားမောင်းသမားကိုစပ်စုက ဘာလူမျိုးလဲလို့ 
မေးပါတော့တယ် ၊ ကျတော်မဖြေချင်တဲ့မေးခွန်းမို့ ပါးစပ်ထဲရှိ၇ာလွယ်လွယ်ကူကူပင် ဗီယက်နမ်လို့ပြောလိုက်ပါတယ် ၊ အဲဒါမှ ပိုဆိုးပါလေရော ခင်ဗျာတို့ ဗယက်နမ်တွေက ဆ၀ါဒီ ( ထိုင်းလို နှုတ်ဆက်စကား ) ကိုဘယ်လိုပြောသလဲတဲ့ -- အင်း - တော်တော်ခက်ပါလား မတက်နိုင်ဘူး လှိမ့်လက်စနဲ့ဆက်လှိမ့်မှဖြစ်မယ် ။ အာကလန်ပါကလန် လို့ ပြန်ပြောလိုက်တယ် ၊
သူလဲကျေနပ်သွားပုံဘဲ ကျတော်က စားများတာသိပ်မကြိုက်တဲ့ပုံနဲ့ မေးတခွန်းဖြေတခွန်းဘဲနေတော့ သူလဲ ၊ ဟဲ ဟဲ အာကလန်ပါကလန် အာကလန်ပါကလန် ဆိုပြိး အပြောကျင့်နေပါတယ် ၊
အတော်ဘဲ ကျတော်ဆင်းမဲ့နေ၇ာကိုေ၇ာက်ပါလေေ၇ာ ၊ ကား၇ပ် ပိုက်ဆံပေးပြီးဆင်းလိုက်တော့
ဟလို အာကလန် ပါကလန် ( ဆ၀ါဒီ ) ဆိုပြီ၊းကားမောင်းထွက်သွားပါလေေ၇ာ ၊
အင်း ဗီယက်နမ်အစစ်နဲ့ တွေ့ ပြီး အာကလန်ပါကလန် လို့ နှုတ်ဆက်လိုက်၇င်တော့ ကိုေ၇ွှကားသမား
ဒုက္ခဘဲလို့ တွေးပြီး ရုံးထဲဝင်လာလခဲ့ပါတော့တယ် ၊
စာဘတ်သူ မိတ်ဆွေ အာကကလန် ပါကလန် ပါ အဲ အဲ--- မဂ်လာပါခင်ဗျာ

မောင်သုံည

( ဒီဆောင်းပါးကို ဘန်ကောက်သံသာနားဆင်စ၇ာ အသံလွင့်အစီအစဉ်တွင် ဟသ ဆောင်းပါးအဖြစ်ထုတ်လွင့်ခဲ့ပြီးဖြစ်ပါသည် )

Tuesday 29 June 2010

မြန်မာသံစင်တေးများ

ရာဇာဝင်းတင့် - အလွမ်း


Ah Lwan | Musicians Available
လုပ်ခမရဘဲ အချိန်ပိုလုပ်နေသူများ


လုပ်ခမ၇ဘဲ အချိန်ပိုဆင်းနေသူများဆိုတော့ ဘယ်သူတွေလဲ ဘယ်နိုင်ငံမှာလဲ ၊ နိုင်ငံခြားမှာအလုပ်ထွက်လုပ်နေတှဲ့ဗမာတွေလား ၊ တော်တော်အတ္တများတဲ့ အလုပ်ရှင်တွေဘဲ ၊ ၇က်စက်လိုက်တာ ၊ သူတို့အတွက် အိုင်အယ်အို ( I LO ) တို့  ( N G O ) တို့ က ဘာမှ မကူညီကြဘူးလား စသဖြင့် မေးခွန်းတွေအများကြီးမေးကြမှာဘဲ ၊ ဒီလိုတော့ မထင်လိုက်ပါနဲ့ ခင်ဗျာ တကယ်တော့ အဲဒိအချိန်ပိုဆင်းသူတွေဟာ သူုတို့ ကိုယ်တိုင်က မသိလိုက်ဘဲ အလိုလို အချိန်ပိုလုပ်မိနေ၇သလိုဖြစ်သွားလို့ ပါ ဘဲ ၊
အင်း-- ဒီလိုဆိုတော့လဲ - တမျိုးကြီးပါလား - ဘယ်လိုများပါလိမ့်လို့ သိချင်ကြမှာဘဲ
ဖြစ်ပုံကဒီလိုပါခင်ဗျာ
လူတော်တော်များများဟာ အလုပ်ချိန်မှာ စိတ်ေ၇ာကိုယ်ပါအားစိုက်ပြီးအလုပ် လုပ်ကြသလို ၊ အလုပ်ထဲမှာလဲ အာရုံစူးစိုက်စွာနဲ့ အလုပ်ကို စိတ်ပါလက်ပါလုပ်နေသူများလဲရှိတက်ပါတယ် ၊ အထူးသဖြင့် ၊ စာ၇င်းကိုင်အလုပ်တို့  ၊ ကွန်ြှဗူတာပ၇ိုဂ၇မ်းမင်းေ၇းဆွဲနေသူများ ၊ အဆောက်အဥိးတခု သို့ မဟုတ် ပ၇ိုဂျက်တခုေ၇းဆွဲနေသူ ၊ စီးပွါးေ၇းကိစ္စ အလုပ်အကိုင်ကိစ္စ တခုခုကို အလေးအနက်စဉ်းစားလုပ်ကိုင်သေူသူများဖြစ်နိုင်ပါတယ် ၊ ( ကျွန်တော်ဆို၇င် တချိန်တုန်းက ရုံးမှာ အစမ်းရှင်းတမ်း ( Trail Balance ) မကိုက်တာကို အိမ်ေ၇ာက်တဲ့အထိ အဖြေကိုဆက်ရှာနေလေ့ ရှိပါတယ် )
တကယ်တော့ သူတို့တတွေဟာ ( အလုပ်ရှင် ) က သတ်မှတ်ပေးထားတဲ့ အလုပ်ချိန် ၈ နာ၇ီအတွင်းမှာအလုပ် လုပ်ပြီးတဲ့နောက် ၊ အလုပ်ချိန်ကုန်သွားလို့ အိမ်ပြန်နေစဉ် ဘတ်စကားပေါ်မှာဖြစ်စေ ၊
အိမ်ေ၇ာက်လို့ေ၇ချိုး ၊ ထမင်းစားနေစဉ်မှာဖြစ်စေ ၊ အလုပ်ထဲကအကြောင်းကို ဆက်လက်ပြီး တွေးတော စဉ်းစားပြီး အဖြေရှာနေတက်ကြပါတယ် ၊ တချို့ ဆို၇င် အိပ်ယာထဲမှာတောင် အလုပ်အကြောင်းစဉ်းစား၇င်း အိပ်မပျော်ဘဲ ဖြစ်နေတက်ပါတယ် ၊ အဲဒီလူတွေဟာ ကျတော်ပြောချင်တဲ့ လုပ်ခမ၇ဘဲ အချိန်ပိုဆင်းနေသူများ လို့ ဆိုလိုတာပါဘဲ ၊
သောတရှင်များခင်ဗျာ ၊ လူအတော်တော်များများ ဒီလိုဖြစ်နေကြမယ်လို့ ကျတော်ထင်ပါတယ် ၊ ကိုယ့် ကိုယ် ကိုပြန်မေးကြည့် ပါ ငါ ဒီလို လူမျိုးထဲမှာများပါနေသလား လို့  ၊ ဒါဟာမကောင်းတဲ့ လက္ခဏာပါဘဲ ၊ မိမိ၇ဲ့ ဦးဏှောက်နဲ့ အာရုံကြောကို အနားမပေးဘဲ အချိန်ရှိသ၍အလုပ် လုပ်ခိုင်းနေသလိုဖြစ်နေတဲ့ အတွက် နှစ်နဲ့ ချိပြီးကြာလာ၇င် ကျန်းမာေ၇းကိုထိခိုက်လာနိုင်တယ် ၊ အာရုံကြော ထိုခိုက်လာနိုင်တယ် ၊ စိတ်နဲ့ ပတ်သက်တဲ့ေ၇ာဂါတမျိုးမျိုး၇လာနိုင်ပါတယ် ၊ ဒါ့ကြောင့် အချိန်၇မယ်ဆို၇င် သတိထားပြီး ။ ငါဒီလိုများဖြစ်နေသလား ကိုယ့် ကိုယ် ကိုပြန်မေးကြည့်ပါ ၊ တကယ်လို့ ဟုတ်တယ် အမှန်တကယ်ဘဲ ဖြစ်နေတယ်ဆို၇င်တော့ ငါ့ မှာ စိတ်ေ၇ာဂါ တခုခု ၊ ကိုယ်ေ၇ာဂါတခုခုဖြစ်နေပြီလားလို့ ပြန်စမ်းစစ်ကြည့်ပါ ၊

ဒီလိုဖြစ်နေတယ်ဆို၇င်လဲ မစိုး၇ိမ်ပါနဲ့ ခင်ဗျာ ကုသတဲ့ နည်းက လဲ လွယ်ပါတယ် ၊ မိမိ၇ဲ့ စိတ်ကို အချိန်ပိုသိပ်မခိုင်းဘဲ ၊ အချိန်ပေးပြီး အနားပေးလိုက်ပါ ၊ သိပ်မများပါဘူး ။ တနေ့ မှ မိနစ် အနဲငယ် နာ၇ီအနဲငယ်လောက်မကြာခဏအနားပေးတဲ့ အလုပ်ကလေးစမ်းပြီး လုပ်ကြည့် ပေးပါ ၊
နေ၇ာ အချိန်သတ်မှတ်စ၇ာမလို ပါ ၊ ငါအခုအချိန်ခဏကလေးမှာ ဘာမှမစဉ်းစားဘူး ၊ အလုပ်အကိုင်အကြောင်း ၊ အိမ်ထောင်ေ၇းအကြောင်း သားေ၇းသမီးေ၇း ။ စီးပွါးေ၇း ၊ အချစ်ေ၇း ဘာမှ ဥဏှောက်ထဲအ၀င်မခံဘဲ အသက် ကို၀၀ ရှပြီး ၀င်လေထွက်လေကလေးကိုမှတ်ပြီး မိနစ်အနဲငယ်လောက် နေကြည့်ပါ ၊
အစပထမ စမ်းလုပ်တဲ့အခါမှာတော့ တမိနစ်တောင်မကြာသေးဘူး အတွေးတွေဝင်လာပါလိမ့် မယ် ၊ ကိစ္စမရှိပါ ၊ အတွေးတခုဝင်လာတာကို သိသိပြီး ပြန်ထုတ်ပစ်လိုက်ပါ ၊ ဒီလို ဘဲ အတွေးတခုဝင်လာလိုက် ၊
့ပြန်မောင်းထုတ်လိုက် နဲ့  ၅ မိနစ် ၁၀ မိနစ် ကနေ တဖြေဖြေး အချိန်ကြာကြာ လုပ်နိုင်တဲ့ အထိ လေ့ ကျင့်ကြည့်ပါ ၊ အဲဒီလို လေ့ကျင့်ပြီး အချိန်ကလေးကိုအသုံးချသွားမယ်ဆို၇င် ၊ သင့်စိတ်ကလေးတွေကြည်လင်လာမယ် ၊ အလုပ်ကိစ္စဘဲ ဖြစ်ဖြစ် ၊ လူမှုေ၇းကိစ္စဘဲဖြစ်ဖြစ် ပြဿနာတခုခုကိုစိတ်စွမ်းအားကောင်းကောင်းနဲ့  မှန်ကန်စွာအဖြေထုတ်နိုင်လာမယ် ၊ အလုပ်ရှင်ထံမှာ အချိန်ပိုလုပ်၇တဲ့ လုပ်ခထက် အဆပေါင်းများစွာတန်ဘိုးရှိတဲ့ အမြတ်ကို၇ရှိလိမ့်မယ် ၊ ခန္ဒာကိုယ်မှာလဲေ၇ာဂါဝေဒနာတွေကင်းလာမယ် ၊ ထူးခြားတဲ့ အကျိုးတ၇ားတွေ၇၇ှိလာပါလိမ်မယ် ၊ ကိုယ်တိုင်စမ်းကြည့်၇င် ဘယ်လို ထူးခြားလာသလဲဆိုတာ လက်တွေ့ သိလာနိုင်မှာအမှန်ဖြစ်ပါတယ် ၊
လုပ်ခ မ၇ ဘဲ အချိန်ပို မဆင်း မိကြပါစေနဲ့ုလို့ ဆုတောင်းပေးလိုက်ပါတယ် ၊

မောင်သုံည

( အဆိုပါဆောင်းပါးမှာ ဘန်ကောက်သံသာ နားဆင်စ၇ာ အစီအစဉ်မှ ထုတ်လွင့်ခဲ့သော အသံထွက်ဆောင်းပါး ဖြစ်ပါသည် )


Photba Story

ကာရာအိုကေသီချင်းများ

ရေဗက္ကာဝင်း - မချစ်ရဲဘူး

ကာရာအိုကေသီချင်းများ

ဖိုးကာ - သိမ်းထားမှာလား


ကာရာအိုကေသီချင်းများ

မျိုးကြီး -

ကာရာအိုကေသီချင်းများ

အယ်ဆိုင်းစီ - မလိခအလွမ်း

ကာရာအိုကေသီချင်းများ

Dong Lum - ကျောင်းတုန်းကဇာတ်လမ်းကလေး

ကာရာအိုကေသီချင်းများ

မဟာ - စည်သူလွင်


ကာရာအိုကေသီချင်းများ

အာဇာနည် - အလှစစ်


ကာရာအိုကေသီချင်းများ

လူမိုက်ကလေးတယောက်အကြောင်း No Group


ကာရာအိုကေသီချင်းများ

ယုဇန - ရှင်နဲ့ကျမ


ကာ၇ာအိုကေတေးများ

ဇော်ပိုင်

Friday 25 June 2010

အင်တာနက်မှတိုက်ရိုက်ဝိပဿနာတရားအားထုတ်မယ်ဆိုရင်

ဆရာမလေး မမေသက်
******************************************************
ဆရာမလေး မမေသက် သည် ထိုင်းနိုင်ငံတွင်အခြေပြုလျှက် ဝိပသနာတရားထိုင် ရှုပွားပုံများကို
Guided Vipassana Meditation over Internet စနစ်
(အင်တာနက်မှ တိုက်ရိုက်ဥာဏ်အကူညီပေး Web-camမှတဆင့် တိုက်ရိုက်တရားထိုင်စနစ်) ကို အသုံးပြု၍ နိဗ္ဗာန်အလှူပေးလျှက် ရှိပါသည်။
တရားစခန်းမ၀င်နိုင်သော်လည်း မြတ်စွာဘုရားကို အမြတ်ဆုံးတရားဖြင့် ပူဇော်ချင်သော နိုင်ငံအရပ်ရပ်မှ စိတ်ဝင်စားသော သူတော်ကောင်းပုဂ္ဂိုလ်များ ဆက်သွယ်နိုင်ပါသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှ ယောဂီများအတွက် စနေနေ့ တိုင်း တနေ့ တာ အိမ်တွင်း တရားစခန်းနှင့်

အင်တာနက်မှ တရားဥာဏ်အကူညီပေးချိန်များတွင်လည်း လာရောက်တရားထိုင်နိုင်ကြပါသည်။
Contact No: +66-8-7576-3062
Email: globe9win@gmail.com
Messengers: Skype,Yahoo, Hotmail, Oovoo { User Name "globe9win" }

Thursday 17 June 2010


စိတ်ဖိစီးမှုကို ဘယ်လိုကုစားမလဲ

မောင်သုံည



လူတခု ပူမှု ဆယ်ကုဋေ ဆိုသလို လိုလူတိုင်းမှာ အပူတခုစီတော့ ရှိကြစမြဲ မဟုတ်ပါလား ဘာတွေ ပူပင်သောကရောက်နေကြပါလဲ ၊ ပြောရင်တော့ ဆုံးမှာ မဟုတ်ပါဘူး ၊ တယောက်နဲ့ ယောက် တူကြမှာလဲ မဟုတ်ပါဘူး ၊ တချို့က အလုပ်ကိစ္စ ၊ တချို့က ငွေရေးကြေးရေး ၊ တချို့က အချစ်ရေး အိမ်ထောင်ရေး ၊ တချို့ကတော့ သားရေးသမီးရေး ၊ တချို့က တော့ ရှေ့ရေး ၊ နောင်ရေး စသဖြင့် အမျိုး မျိုး တွေးတောပူပန်နေကြမှာဘဲဖြစ်ပါတယ် ။
ဒါတွေကို အခုခောတ်မှာ တော့ Stress ခေါ်ဝေါ်သုံးစွဲလာကြပြီး ၊ ရောဂါတခု အနေနဲ့ ကုသနည်း
တွေရှာကြံလာနေကြပါတယ် ။ stress လို့ဘဲ ခေါ်ခေါ် စိတ်ဖိစီးမှုဝေနာလို့ဘဲခေါ် ခေါ် အားလုံးဟာ စိတ်ပူ
ပင်သောကရောက်ရခြင်း လို့ဘဲ ဆိုမှာ ဖြစ်ပါတယ် ။
အနောက်တိုင်းသိပ္ပံပညာရှင်များကတော့ Stress ဆိုစိတ်ရောဂါတမျိုးလို့သတ်မှတ်ပြိး ဥဏှောက်ကို
ုဓါတ်မှန်ရိုက်ကြည့်ပြီး ကုသခြင်းနည်းများဖြင့်သုသေသနပြုလုပ်ပြီး ကုသနေကြပါတယ် ။
အားဆေးများစားခြင်း ၊ ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်စေခြင်း ၊ ဆိုတာတွေကတော့သာမန် စိတ်ဖိစီးမှုဝေဒနာ မခံစားရသူများလဲ လုပ်သင့်ပါတယ် ။
ဒီနေရာမှာ အနောက်တိုင်းအတွေးခေါ်ပညာရှင်များနဲ့ ဗုဒ္ဓရဲ့အတွေးခေါ် (ဗုဒ္ဓဓမ္မ ) တို့ခြားနား
ပုံကိုတင်ပြဆွေးနွေးချင်ဖြစ်ပါတယ် ။ အနောက်တိုင်းအတွေးခေါ်ပညာရှင်တွေဟာရုပ်ဝတ္တုအပေါ်မှာသာအခြေ ခံပြီး စဉ်းစားတွေးခေါ် လုပ်ကိုင်ကြတဲ့အတွက် ၊ ခန္ဓာစစ်ကိုမသိမြင်နိုင်ကြဘူးလို့ ဆိုလိုချင်ပါတယ် ၊
ဒါကို သီတဂူ သပိတ်အိုင်တောရဆရာတော် ရှင်ညဏ်ဏိသရ ရဲ့ ဘဝတန်ဘိုးဆိုတဲ့တရားတပုဒ်မှာ
ဟောကြားထားတာနာဘူးသူများသိပါလိမ့်မယ် ။


တကယ်တော့ စိတ်ဖိစီးမှူဝေဒနာဆိုတဲ့ အတွက် ဒါဟာ စိတ်နဲ့သာဆိုင်တဲ့အတွက်
စိတ်ကို ကုစားရမှာသာဖြစ်ပါတယ် ။ စိတ်ဖိစီးမှုဝေဒနာဟာ စိတ်ရောဂါလို့ ဆို၇တဲ့အဆင့်အထိ
မရောက်သေးတဲ့အတွက် စိတ်ရောဂါ လို့ မဆိုနိုင်ပါဘူး ၊ သာမန်စိတ်ကိုဖြူစင်အောင်လုပ်တဲ့နည်း
များနဲ့ ကုသခြင်း ဟာအကောင်းဆုံးပါဘဲ ၊

စိတ်ရဲ့သဘောသဘာဝ ကိုကောင်းကောင်း နားလည်သဘောအောင်လေ့လာပြီး ၊ စိတ်ကိုနိုင် အောင်
ထိန်းနိုင်တဲ့အလေ့အကျင့်ကိုလုပ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု ဆိုတာ အလိုလိုပျောက်ကင်းသွားနိုင်ပါ တယ် ၊
ဗုဒ္ဓရဲ့ တရာတ်ာများအရ စိတ် နဲ့ ရုပ် ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကြီးမှာ စိတ်ဟာ အရေးအကြိးဆုံးဆိုတာကိုတွေ့မှာဖြစ်ပါတယ် ။
စိတ်ပူတယ် ၊ စိတ်ဆိုးတယ် ၊ ဒေါသဖြစ်တယ်ဆိုတာတွေဟာ ၊ စိတ်ရဲ့ ဖန်တီးမှုတွေဖြစ်တယ် ။
ဉပမာ တခုတင်ပြပါမယ် ၊
တခါက သူငယ်ချင်းတယောက်ကို သူအိမ်က အမေအသဲအသန်ဖြစ်နေတယ် အမြန်လာပါ
ဆိုတဲ့ သံကြိုးစာနဲ့ ခေါ်လိုက်တဲ့အတွက် သူအလုပ်လုပ်နေတဲ့ ဝေးကွာတဲ့မြို့ကနေ အမြန်ပြန်လာခဲ့ရပါတယ် ။
လမ်းတလျောက်လုံး အမေ့အတွက် စိတ်သောကရောက်လျက်နေခဲ့ရပါတယ် ။
ရန်ကုန်ရောက်တော့ အမေ့ကို ဘာမှမဖြစ်ဘဲ နေထိုင်အကောင်းသားနဲ့တွေ့မြင်ရတော့ တလမ်း
လုံး စိတ်သောကရောက် ခဲ့ရတာတွေ လွင့်ပျောက်ခဲ့ရပါတယ် ။ အကြောင်းဆုံကိုမေးကြည့်တော့ ၊ သူကို
အလုပ်ထဲမှာကောင်မလေးတယောက်နဲ့ဘာလိုလိုဖြစ်နေတယ်ဆိုတာသတင်းကြားလို့လှမ်းခေါ်လိုက်တာလို့သိရ
ပါတယ် ။ ဒီနေရာမှာ စဉ်းစားကြည့်စရာ အချက် ၂ ချက် ရှိလာပါတယ် ။
ပထမ တချက်က စိတ်ပူတယ် ဆိုတဲ့အကြောင်းအရာ နဲ့ တကယ်ဖြစ်နေတဲ့အကြောင်းအရာ
ဟာ တလွဲစီဖြစ်နေတာတာရယ် တကယ်မဖြစ်တဲ့အကြောင်းအရာပေါ်မှာတကယ်ထင်ပြီးစိတ်ပူနေရ
တာရယ် ဒုတိယအချက်က အဖြစ်မှတ်ကို တကယ်သိတော့စိတ်ပူတယ်ဆိုတာတွေဟာတယ်ရောက်ကုန်မှန်းမသိဘဲ ၊ ကြက်ပျောက်ငှက်ပျောက် ပျောက်သွား တာရယ် ၊ ဒီနှစ်ချက်ကို လေ့လာသင့်ပါတယ်

ဒါကြောင့်စိတ်ပူတယ် ၊ စိတ်သောကရောက်ရတယ် ဆိုတာ တွေဟာ မသေချာမရေရာတဲ့
အကြောင်းအရာတွေပေါ်မှာလဲ အခြေခံနိုင်တယ်ဆိုတာကိုသိထားသင့်ပါတယ် ။
တချိုက စိတ်ပူတာ ကိုဝါသနာပါတယ် အိပ်ရာထဲရောက်ရင် ဟိုအကြောင်းတွေး ဒီအကြောင်း
တွေးနဲ့ စိတ်ကူးနေတက်တယ် ၊ ရှေ့ရေးနောက်ရေးတွေ တွေးပြီး စိတ်ပူနေတက်တယ် ။
ကိုယ်အတွက်သာမက သူများအတွက်ပါ တွေးပြီး စိတ်ပူနေတတ်ပါတယ် ။
အဲဒါမျိုးကို မိုးကုတ်ဆရာတော်ဘုရားကြီးက ကိုယ့်ကိုယ် ကိုမီးရှိ့ နေတာလို့ ပြောပါတယ်

စိတ်ဖိစီးမှု ဝေဒနာကို ဘယ်လိုကုစားမလဲဆိုတာကို ပြောကြပါစို့
စိတ်ရဲ့သဘောသဘာဝ ကိုကောင်းကောင်း နားလည်သဘောအောင်လေ့လာပြီး ၊ စိတ်ကိုနိုင်
အောင် ထိန်းနိုင်တဲ့အလေ့အကျင့်ကိုလုပ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု ဆိုတာ အလိုလိုပျောက်ကင်းသွားနိုင်ပါ တယ် ၊
စောစောကပြောခဲ့တဲ့အတွက် ၊ စိတ်ဆိုတာကို လေ့လာကြအောင်ပါ
စိတ် ဟာ လူ မှာ တစိတ်ထဲရှိတယ် ၊ နှစ်စိတ် တပြိုင်ထဲ ပေါ်လေ့မရှိဘူး ၊ တစိတ်ပြီးမှ
နောက်တစိတ်ဖြစ်ရတယ်လို့ မြတ်စွာဘုရားဟော်တော်မူထားပါတယ် ။ ဟုတ်မဟုတ် ကိုယ်တိုင်လဲကြည့်နိုင် ပါတယ် ၊ အပ်ဇျားကလေးတခုပေါ်မှာ သဲမှုံကလေးတမှုံ့ ထဲသာတင်ထားနိုင်
ပါတယ် ။ သဲ နှစ်စေ့ တင်ထားလို့ မရပါ ၊ နောက်ထပ်သဲတစေ့ ထပ်တင်မယ်ဆို၇င် ပထမ အစေ့ က အောက်ကျပေးရပါတယ် ။ ဒီလိုပါဘဲ ၊ စိတ်ဟာ နှစ် စိတ် တပြိုင်နက် မပေါ်ကောင်းတဲ့တွက် တစိတ်ဖြစ်ပြိး ရင် နေက်တစိတ်ပေါ်ဘို့အတွက် ပျက်ပေးရပါတယ် ။
ဒါကြောင့် စိတ်ကို အထူးစောင့်ကြည့်တဲ့အလုပ်ကို လုပ်ကြည့်ပါ ၊ တရားထိုင်ခိုင်းတာမဟုတ်ပါဘူး ၊ တရားထိုင်ခိုင်းတယ်ဆိုရင် လူငယ်တွေက ဒါအသက်ကြီးမှ လုပ်ရမှာ ဘုန်းကြီးတွေလုပ်ရမှာဆိုပြိး မလုပ်ချင်ကြပါဘူး ၊ သင့်မှာ စိတ်ဖိစီးမှုဆိုတဲ့ ဝေဒနာရှိနေရင် ဒီနည်းကလေးကိုစမ်းကြည့်စမ်းပါ ၊ လို့ အကြံပေးချင်ပါတယ် ၊

စိတ်ကို ဘာအကြောင်းအရာမှ မတွေးတဲ့ အခြေအနေတခုကို ဖန်တီးထားပါ ၊ အာရုံတခုထဲကိုဘဲ အာရုံပြုထားပါ ၊ ဉပမာ နှာခေါင်းက လေရှု နေတယ် ၊ လေကိုပြန်သွင်းတယ် ဒါကို ဘဲ အာရုံ တခုထဲထားပြိး သတိနဲ့နေပါ ၊ ကြာကြာ နေလို့မရ ပါဘူး တခြား အာရုံတခုခု က ဝင်လာပါလိမ့်မယ် ၊ တွေးစရာ ပူပင် စရာ စိတ်ကိုဖိစီး နေတဲ့အကြောင်းအရာ တခုတခုပေါ့ သင်သတိ မထားလိုက်ရင်တော့ အဲဒီအာရုံနောက်ကိုစိတ်ကမြောပါသွားပါ လိမ့်မယ် ။ သင် သတိရလို့  လေရှူနေတာကို သိလိုက်ရင် စောစော က၀င်လာတဲ့ အတွေးတွေပျောက်သွားပါ
သင် သတိရလို့ လေရှုနေတာကို ပြန်သတိရ လိုက်ဆိုရင် တော့ စောစောကဝင်လာတဲ့ အတွေးတွေပျောက် သွားပါလိမ့် မယ် ၊ စိတ်ဆိုတာ နှစ်စိတ် တပြိုင်ထဲဖြစ်လို့ မှ မရဘဲ ကိုး

အခု ကမ္ဘာ့ဘောလုံးပွဲနဲ့တိုက်ဆိုင်နေလို့ ဘော်လုံး ဉပမာနဲ့ပြောရရင်
သင့်ကိုယ် သင် ဂိုး သမားလို့ မှတ်ထားပါ ၊ ဘော်လုံးမဝင်အောင်ဂရုစိုက်ပြီး ၊ စောင့်ကြည့် နေရတယ် မဟုတ်ပါလား ၊ ၀င်လာရင် ပြန်ပုတ်ထုတ်ပစ်ရတယ် မဟုတ်ပါလား

ဒီလို ဘဲ စိတ်ကို ဝင်လေ ထွက်လေ ရှူတဲ့နေရာမှာ တည်နေအောင်ထားပါ ၊ အပြင်က စိတ် တွေ ၊ တွေးစ၇ာ
တွေ ၊ တွေးစရာတွေ ဝင်လာရင် သတိရှိရှိနဲ့ပြန်ုမောင်းထုတ်ပစ်လိုက်ပါ ၊
ပထမ တော့ အတွေး တွေ ဝင်ပါမယ် ၊ တခါတလေမြောပါသွားပါမယ် ၊ ကိစ္စမရှိ ပါ ။ ၅ မိနစ် ၁၀ မိနစ် တဖြေး
ဖြေး အလေ့အကျင့်လုပ်ယူပါ ၊ ကြာရင် စိတ်ကို ကိုယ်ကနိုင်ပြီးလာ ပါလိမ့် မယ် ၊
ဘာကိုမှမတွေးဘဲ နေရတဲ့အရသာကိုတွေ့မြင်လာပါလိမ့်မယ် ။
စိတ်ဖိစီးမှုဝေဒနာ နဲ့ မကြုံတွေ့ရလေအောင် ကိုယ်ကလဲ တက်နိုင်သမျှ ပြဿနာများနဲ့ မကြုံတွေ့ ရအောင်
ရှောင်ပါ ၊ ရှုတ်ထွေးစေတဲ့အလုပ် ၊ ပြဿနာတက်မဲ့အလုပ်များကိုရှောင်ရှားပါ ။
မိမိမှာ လောလောဆယ်စိတ်ရှုတ်ထွေးစေတဲ့အကြောင်းအရာများကို စာရွက်ပေါ်မှာနံပါတ်စဉ်
ထိုးပြီးရေးချလိုက်ပါ ၊ ပြီးရင် ပြဿနာ တခုခြင်းကို ဘယ်နေ့ဘယ်အချိန်မှာအပြီးဖြေရှင်းမယ် ။ ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုတာကို စဉ်းစားပြိး ရေးချထားပါ ၊ အရင်ဖြေရှင်းရမှာကို အရင် နောက်မှဖြေရှင်းရမှာကို နောက်မှ စသည်ဖြင့် အချိန်ကာလ ကို ခွဲခြားထားပါ ၊
စောစောစီးနဲ့လွယ်လွယ်ကူကူဖြေရှင်းရမှာကို အရင်ဖြေလိုက်ပါ ၊ ကြာကြာစွဲမထားပါနဲ့
ဖြေရှင်းရမဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ရေးထားပြီးရင် ခေါင်းထဲက ထုတ်ပစ်
လိုက်ပါ ။ အဓိပါယ်ကင်းမဲ့တဲ့ အတွေးမျိုးနဲ့စိတ်သောကရောက်နေတာမျိုးကိုလုံးဝဖယ်ရှားပြစ်
ပါ ၊ မျောက် ဟာ မြေပြိဲုမှာစိုးလို့ သစ်ပင်ပေါ်ကနေ တညကို ၃ ခါ ဆင်းဆင်းပြိး မြေကြိးကိုစမ်းကြည့်
သတဲ့ ၊ တစ်တီးတူးငှက်က မိုးပြိုမှာစိုးလို့ ခြေထောက်ကိုမိုးပေါ်ထောင်အိပ် တယ် တဲ့
ငလျင်လှုတ်ရင် ဘယ်လိုလုပ်မလဲ ၊ ရေကြီးရင်ဘယ်လိုလုပ်မလဲ ၊ ကမ္ဘာကြိးကို တခြားဂြိုလ်
တခုနဲ့တိုက်မိရင်ဘယ်လိုလုပ်မလဲ ၂၀၁၂ ခုနှစ် မှာ ကမ္ဘာကြီးပျက်မယ်တဲ့  စတဲ့ မရေရာတဲ့မသေချာတဲ့ အကြောင်းအရာတွေပေါ်မှာ တွေးပြီးစိတ်သောကရောက်မနေပါစေနဲ့ ၊

လူဟာ အာရုံနဲလေ စိတ်ချမ်းသာလေ ၊ မို့ အာရုံကို များများ မရှာပါနဲ့
တတ်နိုင်သမျှ အာရုံနဲ နိုင်သမျှ နဲအောင် နေထိုင်သွားမယ်ဆိုရင် စိတ်ဖိစီးမှုဝေးနာ နဲ့လဲ ကင်းဝေးမှာဖြစ်ပါ ကြောင်းတင်ပြလိုက်ရပါတယ်
မဟာမြိုင်တောရ ဆရာတော် ဉီဇောတိကရဲ့ စိတ်ဖိစီးမှု ဝေဒနာနဲ့ ပတ်သက်တဲ့ တရားကိုဆက်လက်နားကြားနိုင်ပါတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ






VOA အသံလွင့်ဌာနမှ တင်ဆက်ထားတဲ့ ဒေါက်တာခင်ဝင်းနွယ် ရဲ့  စိတ်ဖိစိးမှုအကြောင်း နဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ကလေး
ကိုလဲ နားထောင်ကြည့်ပါအုံး





ဒေါက်တာခင်ဝင်းနွယ်ပြောသွားတဲ့အထဲမှာ ကိုယ်ရဲ့ ခံစားချက်တွေကိုရင်ဖွင့်ပေး၇ပါတယ် ဆိုတာ ဟုတ်ပါတယ် ၊ လူတယောက်ဟာ သူခံစားနေရတဲ့ ဝေဒနာ ( ပြဿနာကို ) တစုံတယောက်ကိုရင်ဖွင့်လိုက်ရရင်ရောဂါဟာ တ၀က်လော့လျော့ကျသွားတယ်လို့ ဆိုပါတယ် ၊ ကျွန်တော်ကတော့ သူငယ်ချင်းတွေ၇ဲ့ ဟိုတုန်းကပေါ့လေ သူတို့ ရဲ့ အချစ်ဝေဒနာနဲ့ပတ်လို့ ကြုံတွေ့ လာ၇င် ၊ သူတို့ ၇ဲ့ ၇င်ဖွင့်သံကို ကောင်းကောင်းလေး နားထောင်ပေးတက်တဲ့သူတယောက်ပါ ၊ မိတ်ဆွေတို့ လဲ ရင်ဖွင့်ချင်တယ်ဆိရင် ကန်တော်ရိပ်သာမှာရင်ဖွင့်လို့ ၇ပါတယ် ၊ အဘိုးအမပေး၇ဘဲ နဲ့ ရင်ဖွင့်လို့ ရပါတယ်

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့  သိီအားရင်သီးခြားဆောင်းပါတပုဒ်ရေးဘို့ စီစဉ်ထားပါတယ် ၊

မိတ်ဆွေများစိတ်ဖိစီးမှုကင်းဝေးကြပါစေ


မောင်သုံည

Tuesday 15 June 2010

လောကဓမ္မဂျာနယ်


လောကဓမ္မဂျာနယ်

ဗုဓ္ဒဘာသာဆိုတာဘာလဲ
အမျိုးသားမှတ်ပုံတင်တွင် ကိုးကွယ်သည့်ဘာသာ နေရာတွင် ဗုဒ္ဓဘာသာဟုရေးခဲ့သည် ၊
မိဘကဗုဒ္ဓဘာသာ ဖြစ်သဖြင့် ကိုယ်လဲ ဗုဒ္ဓဘာသာဖြစ်ကောလား ။
အိမ်မှာ ဗုဒ္ဓရုပ်ပွါးတော်ထား၍ နေ့ စဉ် ရေချမ်းကပ် ၊ ဆွမ်းကပ် ဘုရားရှစ်ခိုးရုံဖြင့်ဗုဒ္ဓဘာသာ
လို့ ခေါ်လို့ ရမလား ၊ တန်ခိုးကြီးဘုရားများကို အခါကြီးရက်ကြီးများတွင်သွား၍ဘုးဖူးရုံနှင့်
ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်ပြီလား ၊ လားပေါင်းများစွာဖြင့် မိမိကိုယ်မိမိစမ်းစစ်ကြည့်
သင့်သည် ၊

ဗုဒ္ဓ ဆိုသည်မှာ ဘုရား ( ဂေါတမမြတ်စွာဘုရားကိုဆိုလိုသည် )
ဘာသာ ဆိုသည်မှာ အယူဝါဒ ( ဘုရား၏အယူဝါ ) ဆိုလိုပါသည်

ဘုရား၏အယူဝါဒ ကားအဘယ်နည်း
ဒီမေးခွန်းမျိုးကို ဘုရားရှင်လက်ထက်တော်အခါကာလမှာပင် အခြားအယူ ယူသော သူများက
မကြာထဏမေးခဲ့ဘူးပါသည် ၊

ဘုရားရှင်အား အဂိဝိစ္စပုဏ္ဏား က
၁ ၊ သတ္တလောကကြီးမြဲသလား သတ္တလောကကြီးမမြဲဘူးလား
၂ ၊ မမြဲသည်လည်းမဟုတ် မြဲံသယောင် ယောင်လား
၃ ၊ သတ္တ၀ါသေလျှင်ဖြစ်သေသလား သတ္တ၀ါသေလျှင်မဖြစ်တော့ဘူးလား
၎ ၊ မဖြစ်သည်လည်းမဟုတ် ဖြစ်သယောက် ယောင်လား
ဟုမေးမြန်းသောအခါ ၊ မြတ်စွာဘုရားက ငါဒီအယူမယူဘူးဟုပါယ်ချခဲ့သည် ၊
ဗုဒ္ဓ ၏ ဓမ္မ ဗုဒ္ဓ ၏ တရားတော်များသည် အမှန်တကယ်မရှိသော ( အမည်နာမအားဖြင့်
သမုတ်ထားသော ( ပညတ်တရားများအပေါ်တွင်အခြေမခံဘဲ ၊ အမှန်တကယ်ရှိသော (ပ၇မထ ) သဘောတရားများအပေါ်တွင်သာအခြေခံထားသည်ဖြစ်သောကြောင့် ၊ (ပ၇မထ )
သစ္စာတရားကိုကောင်းစွာနားလည်သဘောပေါက်ခြင်းမရှိလျှင် ဗုဒ္ဓ ဓမ္မကိုနားလည်သဘော
ပေါက်ရန်ခက်ခဲပေမည် ၊ အမေးလျောက်လာသော အဂိဝစ္စပုဏ္ဏားသည် ဘုရားရှင်၏အယူကို
ဥာဏ်မမှီသောကြောင့် ဘုရား၏အယူကိုဖွင့်ပြောရန်တောင်းပန်ခဲ့သည် ၊
ထိုအခါ မြတ်စွာဘုရားက

ခန္ဓာ ၅ ပါး ရှိသည်လို့ ယူသည် ၊ ထိုခန္ဓာ ၅ ပါးသည် ဖြစ်လည်းဖြစ်သည် ပျက်လည်းပျက်သည်
ဟု သိသောအယူသည် ငါ့အယူဖြစ်သည် ဟုမိန့် တော်မူခဲ့သည် ၊
ဘုရားအယူကိုယူသော ဗုဒ္ဓဘာသာဝင်တယောက်အနေနှင့် မိမိကိုယ်တိုင် ထိုအယူစင်
ကြယ်ရဲ့ လားဟုပြန်လည်သုံးသပ်သင့်ပေသည် ၊ သို့ မဟုတ်ပါက မိရိုးဖလာဗုဒ္ဓဘာသာအဖြစ်
နှင့်သာဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်၇ကျိုးနပ်မည်မဟုတ်ပေ ၊
ထို့ ကြောင့်
ရုပ်နမ်နှစ်ပါးတို့ ၏ ဖြစ်ခြင်းပျက်ခြင်းကို မသိပါ ဘဲလျက်နှစ်ပေါင်းတရာကြာအောင်
အသက်ရှင်၍နေရခြင်းထက် ၊
ရုပ်နမ်နှစ်ပါးတို့ ၏ ဖြစ်ခြင်းပျက်ခြင်းကိုသိမြင်သော ပုဂ္ဂိုလ် ၏ တနေ့ တရက် တနံနက်
မျှအသက်ရှင်၍နေရခြင်းကသာ၍မြတ်၏ ဟု
( ဓမ္မပဒ ပါဌိတော်တွင် ပါရှိပါသည် )
ယောစ ၀ဿသတံင်္ဇီဝေ ၊ အပဿံ ဥဒယဗ္ဗယံ ၊ ဧကာယံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ

( ခုဒ္ဒပနိကယ် ဓမ္မပဒပါဌိတော် ဂါထာ ၁၁၃ )

မောင်သုံည
မိရိုးဖလာ ဗုဒ္ဓဘာသာ နှင့် တကယ့် ဗုဒ္ဓဘာသာ တရားကို ဆရာတော် အရှင်ဇ၀န ( မေတ္တာရှင် ) ဟောကြား
ထားသော တရားတော်ကို ဆက်လက်နားကြားတော်မူကြပါ



တေးဂီတဖျော်ဖြေရေးကဏ္ဍ

တချိန်က ခံစားမှုတေးများ
( ကန်တော်ရိပ်သာကိုလာရောက်လည်ပတ်သူများကို မြန်မာသံစင်တေးများ နဲ့ဖျော်ဖြေမှာဖြစ်ပါတယ် )
သီချင်းနားထောင်တဲ့အခါ Screen ပိုကျယ်လာအောင် You Tube နေရာကို Click လုပ်လိုက်ပါ ၊ Screen
ပိုကျယ်လာပြီး ၊ ညာဘက်မှ မြန်မာသံစင်တေးများ ကို နှစ်သက်ရာရွေးပြီး နားဆင်နိုင်ပါတယ် ၊


သူ့ မောင် -- ဖုန်းမောင်သက်လယ်

ဒီသီချင်းက အဖေ ( ဖြစ်သူ သူ့ မောင် ) က ဆိုပြီး သား ဖိုးသောက်ကြာ နဲ့ အေးဝတ်ရည်သောင်း က
သရုပ်ဆောင်ထားတယ်
သရုပ်ဆောင်ထားတဲ့ မိန်းခလး သိပ်သဘာဝကျတယ် သူသရုပ်ဆောင်တာ ချစ်ဘို့ ကောင်းတယ်
သီချင်းနဲ့  သရုပ်ဆောင်တာနဲ့ လိုက်တယ် မလိုက်ဘူးလို့ လဲ မပြောချင်ဘူး ဒါပေမဲ့ သူတို့ နှစ်ယောက်
သရုပ်ဆောင်ထားတာ ကြည့်လို့ ကောင်းတယ်

မိတ်ဆွေကော ဘယ်လိုမြင်သလဲ





တချိန်က ခံစားမှုတေးများ
( ကန်တော်ရိပ်သာကိုလာရောက်လည်ပတ်သူများကို မြန်မာသံစင်တေးများ နဲ့ဖျော်ဖြေမှာဖြစ်ပါတယ် )
သီချင်းနားထောင်တဲ့အခါ Screen ပိုကျယ်လာအောင် You Tube နေရာကို Click လုပ်လိုက်ပါ ၊ Screen
ပိုကျယ်လာပြီး ၊ ညာဘက်မှ မြန်မာသံစင်တေးများ ကို နှစ်သက်ရာရွေးပြီး နားဆင်နိုင်ပါတယ် ၊


ငယ်ကျွမ်းဆွေ -- ရန်အောင် + ပိုးအိစံ





ပိုတေ ပိုတေ


( ဖေါ်ပြထားသောဆောင်းပါးများမှာ ဘန်ကောက်သံသာေ၇ဒီယိုအစီအစဉ် ဟာဒ.ရွှင်ဆေးကဏ္ဍမှာ မျိုသီးဟဆွေကဘတ်ပြပြိး DJ မ၇တနာ နဲ့ အပြန်အလှန် အတိုင်အဖေါက်ညီညီ ၇ယ်၇ယ်မောမောတင်ဆက်ခဲ့တဲ့အစီအစဉ်ကလေးဖြစ်ပါတယ် )

ကန်တော်၇ိပ်သာ ၇ဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ် ငါးဆယ် လောက်ကိုပြန်လည်ထင်ဟပ်စေတဲ့ အဖြစ်အပျက်ကလေးဖြစ်ပါတယ်
ဟိုတုန်းက မြန်မာနိုင်ငံနေ၇ာအနှံအပြားမှာ အိန္ဒိယနိုင်ငံသား ကုလားများ လာေ၇ာက်အလုပ် လုပ်ကိုင်ခဲ့ကြပါတယ် ၊ ဈေးေ၇ာင်း ၊ ဈေးဝယ် ၊ ထင်းခွဲေ၇ခပ် ၊ ကုန်ပစ္စည်းထုပ်ပိုး ( ကူလီ )အလုပ်များ ၊ တံပျက်စီးလှည်း မိလ္လာသိမ်း စတဲ့ မြန်မာတို့ အလုပ်ချင်တဲ့အလုပ်များကို ကုလားတွေလုပ်ကြတာဖြစ်ပါတယ် ၊
အင်း အခု ဗမာတွေလဲ ၀ဋ်လည်တာထင်တယ် ၊ ထိုင်းတွေမလုပ်နိုင်တဲ့အလုပ်ကို ၀င်လုပ်တာပါတဲ့
ဟယ် မပြောပါနဲ့  ရှက်စ၇ာကြီး
ထားလိုက်ပါတော့
မ၇တနာ မှီလိုက်သလားမသိဘူး ၊ အဖေကပြောတယ် ဟိုတုန်းက အခုလို လျပ်စစ်ထမင်းအိုးတို့  ၊ ဂစ်မီးဖိုတွေမပေါ်သေးဘူး ၊ ထင်းနဲ့ဘဲချက်၇တယ် ။ ထင်းေ၇ာင်းတဲ့ကုလားက နွားလှည်းနဲ့ထင်းလိုက်ေ၇ာင်းတယ် ၊ နောက်က ထင်းခွဲပေးမဲ့ကုလားက ဓါးတချောင်းခါးကြားထိုးပြီး ပါလာတယ်တဲ့
( ဟင့် အင်း မမှီလိုက်ဘူး )
( အဲဒါ ဒယ်ဒီ ပြန်ပြောပြတာဘဲ )

ကဲဆက်ပါအုံး
မြန်မာနိုင်ငံဟာ အဂ်လိပ်လက်အောက်မှာ နှစ်ပေါင်းတော်တော်ကြာအောင် နေခဲ့၇တာဆိုတော့ကုလားတွေ ကော ဗမာတွေပါ တချို့ စကားတွေကို အဂ်လိပ်လိုေ၇ာပြောနေကြတယ် သိတယ် မဟုတ်လား မ၇တနာ ဥပမာ ဗျာ ဘတ်(စ) ကား စီးလာသလား ၊ ဘုတ်အုပ်သွားဝယ်မလို့  ။ အောင်မယ် နင်က ရူးဖိနပ်နဲ့ ဘာလား ရှိုးထုတ်နေတယ်ပေါ့လေ ။ အဲဒါတွေဟာ အဂ်လိပ်စကားတွေကိုေ၇ာပြီးပြော နေကြတာပေါ့
( အင်းဟုတ်တယ် ဟုတ်တယ် ။ အမေတို့ က ရုပ်ရှင် သွားကြည့်မယ်ဆို၇င် ဘိုင်စကုတ်သွားကြည့်မယ်တဲ့ ) အ ဟား ၇ီ၇တယ် ၊

နောက်ပြီး ဟိုတုန်းက ပုလင်းအလွတ်တွေ ၊ သတင်းစာအဟောင်းတွေလိုက်ဝယ်တဲ့ ကုလားတွေက တောင်းကြီးထမ်း ပြီး ဘယ်လိုအော်သလဲ သိလား - ပိုတေ ပိုတေ လို့ အော်တယ်
ဘာတဲ့လဲ အဲဒါ ပုလင်းကို အဂ်လိပ်လို ( Bottle . Bottle ) လို့ ပြောတယ် မဟုတ်လား အဲဒါ ကုလားက ကုလားသံဝဲ၀ဲ နဲ့  ပိုတေ --- ပိုတေ --- လို့  အော်သွားတာပေါ့ 
အဲဒါ ဘာဖြစ်လဲပြောပါအုံး
အဲဒါ ဘာဖြစ်လဲဆိုတော့ အဖေ တို့ အိမ်မှာ တောကေ၇ာက်နေတဲ့ ကိုချစ်ဝင်းဆိုတဲတောသားကအိမ်ရှေ့ မှာထိုင်နေတယ် တဲ့ ၊ ကုလားက လမ်းမကနေ ပိုတေ -- ပိုတေ --လို့အော်နေတော့ ကိုချစ်ဝင်းလဲ ဗိုက်ဆာ နေတယ်ထင်ပါ၇ဲ့ တဲ့ ဟဲကုလား ပိုတေ တမူးဘိုးထဲ့စမ်းဆိုပြီး ခေါ်ဝယ်စားတယ် တဲ့
ဟား ဟား ၇ီ၇တယ် ၊ ကုလားကဘာပြောလဲ
ဆ၇ာကြီး ကုလား ပိုတေ မေ၇ာင်းဘူး ပိုတေ ၀ယ်တယ် ဆ၇ာကြီး ပိုတေ စား၇င် အူပြတ်ပြီး သေနိုင်တယ်လို့ ပြန်ပြောလိုက်တယ်

ဒါတောင် တောသားက သဘောမပေါက်သေးဘူး မင်းပိုတေ က ဘာ မို့ လို့ လဲ ဆိုပြီး တောင်းကို အတင်း ဆွဲကြည့်  လိုက်တော့ ပုလင်းတွေ ။ သတင်းစာအဟောင်းတွေ တွေ့ သွားတော့ 
မင်းတို့  မြို့ က ပေါက် ပေါက် ရှာရှာ ကွာ ငါဖြင့် ကြုံဘူးပေါင် ကွာလို့  ပြောသတဲ့
အဲဒါကို ချောင်းကြည့်နေတဲ့ အိမ်ထဲက သူ့ အိမ်ရှင်က ဟိုမှာ တောသား ပုလင်းဝယ်စားနေတယ်လို့ ပြောပြီး၇ီနေကြလေရဲ့  ၊



မောင်သုံည
ဆေးမြီးတိုကဏ္ဍ

ဒီကနေ့တင်ပြမဲ့ဆေးမီးတိုကလေးတခုကတော့
ကိုယ်လက်မလှုတ်ချင် ၊ မရှားချင် လေးလံထိုင်းမှိုင်းပြီး မအီမလယ်ဖြစ်နေသူများအတွက် ကွမ်းရွက်ပြုတ်ရေ နဲ့ရေချိုးပေးပါတဲ့ ၊ ကွမ်းရွက် လက်တဆုတ် သို့မဟုတ်
နှစ်ဆုတ်ဆာလောက်ကို ရေနဲ့ထဲ့ပြုတ်ပြိး ရေနွေးနွေးဖြစ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်အနှံ့ထိအောင် ရေချိုးပေးပါတဲ့ ၊ ရေချိုးနေရင်း အခိုးတွေပွင့်ထွက်ပြီးပေါ့ပါးလာပါလိမ့်မယ်တဲ့ခင်ဗျာ ။
တကိုယ်လုံးယားယံပြိး ၊ အဖုအပိန့်များထွက်လာရင် ဘာလုပ်ရမလဲ
သံပုရာမြစ်ကိုဆားနဲ့သွေးလိမ်းပါတဲ့ ၊ မိနစ်အနည်းငယ်အတွင်းပျောက်ကင်းသွား
ပါလိမ့်မယ်တဲ့ခင်ဗျာ
နောက် ထပ်ပြိး မှိုကြိုက်တက်သူများ မှိုချက်စားရင်မှိုက အဆိတ်အတောက် ရှိတာမို့ မှိုမတောက်အောင် မှို ချက်ရင် မှိုနဲ့ကဇွန်းရွက် ငရုပ်သီးစိမ်းရောပြီးချက်စားပါက မှိုစားပြီးအိပ်ချင်တာတို့ ၊ အဆိပ်အတောက်ဖြစ်တာတို့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ် ၊
မှိုအမျိုးအစား အမျိုးမျိုးရှိတာမို့ အကောင်းဆုံးကတော့ ကိုယ်စားနေကြစားကောင်းတဲ့မှို ၊ ကောက်ရိုးမှို
ဝါးဘိုးမှို လိုဟာမျိုးကိုသာစာသင့်ပါတယ် ။
မှိုကရတဲ့ဗီတာမင်ကလဲ သိပ်တော့မဟုတ်လပါဘူးနော်
အထက်ပါဆေးနည်းများကို တော့ဘန်ကောက်သံသားနားချင်စရာ သောတရှင် မသဲဖြူဝင်း က
ပေးပို့ထားတာဖြစ်ပါတယ် ခင်ဗျာ
မူးဝေခြင်း ၊ မောပန်းခြင်း ၊ ညောင်းညာကိုက်ခဲခြင်း နဲ့ လေရောဂါအမျိုးမျိုးတွက်
အကောင်းဆုံးဆေးနည်းကတော့ ဆီးဖြူသီး ကို မကျက်တကျက်ပြုတ် ၊ ပြိးရင်
အစေ့များထုတ်ပြီးထောင်းပါ ၊ နောက် သကြားနဲ့ရောမွှေပါ၊ နောက်သံပုရာသီးညှစ်ထဲ့ ၊
ပြီးရင် ၊ ဆားထဲ့ပြီး ၊ ဖန်ပုလင်းသန့်သန့်ထဲ သိပ်ထားပါ ၊ ၁၅ ရက်ကျော်လာတော့မှ
တနေ့သုံးဇွန်း မနက် ၊ တဇွန်း ၊ နေ့လည် တဇွန်း ၊ ည တဇွန်း စားပေးပါတဲ့
ရောဂါကင်းပြိး ၊ သက်ရှည်ကျန်းမာ ပါလိမ့်မယ် တဲ့ခင်ဗျာ ။
ဒီဆေးနည်းကိုတော့ ရှင်ပဏ္ဍိတ ( မိလောက် ) ကပေးပို့ထားတာ
ဖြစ်ပါတယ် ခင်ဗျာ
တကယ်တော့ ခောတ်မှီတိုးတက်လာတဲ့ခောတ်ကြီးမှာရောဂါအနာတရများဖြစ်လာ
ခဲ့ရင် သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ဆရာဝန် များကိုပြသပြီးကုသနိုင်ရင်တော့အကောင်းဆုံးပါဘဲ
ဒါပေမဲ့ တချို့ကျေးလက်တောရွှာများဟာ ဆေးရုံဆေးပေးခမ်းများနဲ့အလှမ်းဝေးနေတာကြောင့်
ရောဂါအနာတရများဖြစ်တဲ့အခါ မြန်မာ့ဆေးမြီတိုများနဲ့ကုသခဲ့ကြရပါတယ် ။
တချို့မြန်မာ့ရိုးရာဆေးမြီးတိုများဟာ တကယ်ထိရောက်ပြီး အသုံးဝင်တာတွေ့ရပါ
တယ်၊ ဒါကြောင့် မြန်မာ့ရိုးရာဆေးမြီးတို ကဏ္ဍကို ဖွင့်လှစ်ပြီး အပတ်စဉ်ဖေါ်ပြပေးဘို့စီစဉ်ထား
ပါတယ် သောတရှင်များအနေနဲ့လဲ ကိုယ်တွေ့သုံးစွဲလို့ပျောက်ကင်းနိုင်တဲ့ ရိုးရာဆေးမြီးတိုများကို
ကန်တော်ရိပ်သာကို ကိုစာရေးသားပေးပိုမယ်လိုရင် အထူးကျေးဇူး
တင်စွာဖြင့် အများအကျိုးအတွက်ဖေါ်ပြပေးသွားမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ် ခင်ဗျာ ။
ကျန်းမာရွှင်လန်းကြပါစေ

မောင်သုံည

Monday 14 June 2010

လောကဓမ္မဂျာနယ်

လောကဓမ္မဂျာနယ်

ကိုယ်ပိုင်သာသနာ

ဒါန လောက်သာ ပြည့်စုံကာဖြင့် လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အား၇၍လည်းမနေနဲ့ 

သီလ လောက်သာ ပြည့်စုံကာဖြင့် လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အား၇၍လည်းမနေနဲ

သမထ လောက်သာ ပြည့်စုံကာဖြင့် လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အား၇၍လည်းမနေနဲ

ဦးဓမ္မသာရ ( မိုးကုတ်ဝိပဿနာ )
ဒါန သီလ သမထ တရားများသည် ဘုရားမပွင့်မီ သာသနာပမှာလဲ ရှိသည်သာသနာတွင်းမှာလဲရှိသည်
သစ္စာ ၄ ပါး မဂ်တရားများသည် ၊ ဘုရားပွင့်ထွန်းတော်မူလာပြီးမှသာပေါ်ထွန်းလာသော တရားများဖြစ်သည်
ဝိပဿနာ အလုပ်တရားသည် ခန္ဓာဇာတ်သိမ်း ဒုက္ခငြိမ်းသော နိဗ္ဗာန်သို့ ဥာဏ်အားဖြင့် မျက်မှောက်ပြုနိုင်သည်
သင့်အားတစုံတယောက်က ငါတိုင်တလုံးမှမပါဘဲ အိမ်ဆောက်ခဲ့သည် ဆိုလာလျှင်သော် ၄င်း
ငါမင်းမောနေလို့  ဇီးဖြူ၇ွက်နဲ့ေ၇ထုပ်လာခဲ့တယ် ဟုဆိုလာခဲ့သည်ရှိသည်ရှိသော် မဖြစ်နိုင်၍ ယုံနိုင်စရာမရှိ
` သကဲ့ သို့  ငါသစ္စာမသိဘဲ နိဗ္ဗာန်ကို ဥာဏ်အားဖြင့် မျက်မှောက်ပြုနိုင်ခဲ့တယ် ဆိုလျင် မယုံနှင့် ဟုဆိုပါသည်
ဓမ္မစကြ်ာတရားဦးတွင် ဗုဒ္ဓက
ငါသည် အကြင်အခါ၌ သစ္စာ ၄ ပါး တရားကို မသိသေး ထိုအခါ၌ ငါသည် ဘုရားဖြစ်ပြီဟုဝန်ခံတော်မူသေး
ငါသည် အကြင်အခါ၌ သစ္စာ ၄ ပါး တရားကို သိ၏ ထိုအခါ၌ ငါသည် ဘုရားဖြစ်ပြီဟု သုံးလောက၌၀န်ခံ၏
ဟု ပါရှိပါသည် ၊

` သောတပန် သကဒါဂါမ် အနာဂါမ် ၇ဟန္တာ ဘုရားဖြစ်ရန်အတွက် သစ္စာ ၄ ပါးကို သိရန်လိုအပ်သည်
ဗုဒ္ဓသာသာဝင်တယောက် ဖြစ်ရန်အတွက် ဘုရားအဆုံးအမ နှင့် ဘုရား၏အယူဝါဒ ၊ သစ္စာ တရားများသိရန်
လိုအပ်သည် ။
ယခုအချိန်သည် ဗုဒ္ဓသာသာနာ ထွန်းကားနေသော အချိန်ဖြစ်သည် ၊ ဗုဒ္ဓတရားတော်များကို ဆ၇ာတော်
သံဃာတော်များက နေရာအနှံ့ ဟောကြားလျက်ရှိနေသည် ၊ Computer Internet ပေါ်တွင် ကြိုက်နှစ်
သက်ရာ Dama webite များတွင် ကိုယ်နှစ်သက်ရာ ဆရာတော်ကို ရွေး၍ နာကြားနိုင်သည် ၊
တရားအားထုတ်ရန်အတွက် ၀ိပဿနာတရားစခမ်းများ များစွာရှိနေသည် ၊ Internet မှ တိုက်ရိုက်
တရားထိုင်နိုင်သော website များလဲ ရှိနေသည် ၊
သာသနာတော် နှင့် ကြုံ သောယခုလို ခောတ်ကြီးတွင် လူဘ၀ ရရှိလာသော သင်သည် ကုသိုလ်ထူး
လှပေသည် ၊
သင့်တွင် ထောင်နိုင်သော ဥာဏ်နားပါလျှင် သစ္စာတရားနှင့်တွေ့ မည်မှာအမှန်ပင်ဖြစ်သည် ၊
နောက်ဘုရားပွင့်မှာကို မမျှော်ပါနှင့် ။ သာသနာ ၅၀၀၀ ရှိနေသေးသည်ဟူ၍အချိန်စွဲမနေပါနှင့်
ဘုရားနှင့်တွေ့ သော်လဲ တရားနှင့် မတွေ့ သော် ဘာမှမထူး ။ သာသနာပေါ်ထွန်းနေသော်လဲ
ကိုယ့် ဝမ်းထဲ သာသနာမကိန်းလျှင် ထိုပွင့်ထွန်းနေသောသာသနာသည် ကိုယ်နှင့်ဘာမှ မဆိုင်
ယနေ့ ကိုယ်သေလျှင် ကိုယ့်အတွက် သသနာလည်းကွယ်သွားပြီဟုသာမှတ်ပါ ၊

ထိုကြောင့် အသေမဦးခင် ဥာဏ်ဦးအောင် အရင်လုပ်ကြပါဟုတိုက်တွန်းလိုက်၇ပေတော့သည်

မောင်သုံည
ဗညားဟန် + စိုးစန္ဒာထွန်း ၇ဲ့  ချစ်မှာလား Life Show

ခောတ်ဟောင်းပြန်ဆိုတေး ကလေးတွေ အားလုံးကောင်းတယ် နားထောင်ကြည့် ပါလား
သီချင်းနားထောင်တဲ့အခါ Screen ပိုကျယ်လာအောင် You Tube နေရာကို Click လုပ်လိုက်ပါ ၊ Screen
ပိုကျယ်လာပြီး ၊ ညာဘက်မှ မြန်မာသံစင်တေးများ ကို နှစ်သက်ရာေ၇ွးပြီး နားဆင်နိုင်ပါတယ် ၊




မလာတာကြာပြီ

ဆောင်းပါး အမှတ် ( ၂ )
မလာတာကြာပြီ

လာပြန်ပြီနောက်တမျိုး မလာတာကြာပြိတဲ့ ၊ တချို့ ကပြောကြတယ် ကန်တော်လေးက ကုလားများတယ် တဲ့ ဟုတ်ပါတယ် ကုလားတော်တော်များပါတယ် ၊ ဒိုဘီလိုင်းဆိုတာ တမီ ကုလားအများဆုံးနေတယ် ၊ ဘန်ဂါလီစုဆိုတာကတော့ မူစလင်တွေအများဆုံးနေတယ် ၊ ဒါကြောင့် ကန်တော်လေးမှာ မနက်ဆို၇င် နံပြား ၊ တိုရှည် ( တိုရှည်ဆိုတာ ကုလားလို ဒေါ်ဆယ် ) ကိုဗမာသံနဲ့ ခေါ်လိုက်တာပါ ၊ မုန့် တွန်ဇံ ၊ ဆိုတာတွေက ကုလားမတွေ လမ်းဘေးထွက်ေ၇ာင်းနေတာ ကြိုက်တာစား ၊ သ၇က်သီးသနပ်ဆိုတာလဲ အဲဒါကုလားတွေကစလုပ်တာဘဲ ( ငယ်ငယ်တုန်းကမှတ်မိသေးတယ် ) နွေ၇ာသီဆို၇င် လမ်းမပေါ်မှာ သ၇က်သီးတွေအခြောက်လှမ်းထားတာ သွား ခိုး ခိုးစား တော့ ကုလားကြီးလိုက်လို့ပြေးလိုက်၇တာ ၊ အဲဒါသူတို့သ၇က်သီးသနပ်လုပ်ဘို့ လှမ်းထားတာ ကုလားအိမ်တိုင်း သ၇က်သီးသနပ်၇ှိတယ် ၊ ဗမာတွေ အိမ်မှာ ငပိအိုးရှိသလို သ၇က်သီးသနပ်ဟာ သူတို့ ၇ဲ့ ငပိဘဲ ၊ အိမ်နီးနားချင်းတွေကသွတောင်းစားကြတယ်နောက်တော့ အားနာလို့ ဝယ်စားတယ် ။ နောက်တော့ သူတို့ လဲ တ၇ားဝင်ေ၇ာင်းတော့တာပေါ့  ။ ကုလားပဲဟင်းနဲ့ သ၇က်သီးသနပ်ကလိုက်တယ်လေ ၊
အဲပြောချင်တာတောင် ဘယ်ေ၇ာက်သွားမှန်းမသိဘူး ။ အဲ အဲ -- မှတ်မိပြီ ကန်တော်လေးကကုလာများတော့ ဗမာတွေလဲ ကုလားစကားပြောတက်ကြတာများတယ် ။ သိပ်မပြောတက်၇င်တောင် သူတို့ ပြောတာနားလယ်တယ် ။ လမ်းမှာ ဈေးလိုက်ေ၇ာင်တဲ့ကူလားတွေလဲ ကုလားလိုအော်ေ၇ာင်းတယ် ၊ တ၇ပ်ကွက်ထဲကဆို၇င်တော့ သိတာပေါ့ ၊
အဲ အဲ လာပါပြီ --- မလာတာကြာပြီး --- မလာတာကြာပြီ-- တဲ့ အဲဒါဘာေ၇ာင်းတာလဲ သိလား ၊ ကုလားက လက်ထဲမှာ သော့ပေါင်းစုံ ဆွဲံပြီး အော်အော် သွားတယ် ။ အဲတာ သော့ပြင်တယ်လို့ အော်တာ
ကုလးဆို ကြာပြီး ဆိုတာသော့ကို ပြောတာ မလာတာ ဆိုတာ ပြင်တယ်ပေါ့  ။
အဲ ဒီလို မလာတာကြာပြီ ---- မလာတာကြာပြီ လို့ အော်တော့ဘာဖြစ်သလဲ သိလား
အိမ်မှာတောကေ၇ာက်နေ့ တဲ့ အဒေါ်ကြီး ကယေက်က သူနေ့ တိုင်းအိမ်ရှေ့ထွက်ပြီး ၊ တံပျက်စီးလှည်းနေ၇င်
အဲ ဒီကုလားနဲ အမြဲ တွေ့ တယ် ။ သူကိုတွေ၇င်ကုလားက အမား မလာတာကြာပြိ ၊ မလာတာကြာပြီ လို့ အော်အော် သွားတယ် ၊ တနေ့ တော့ အဒေါ်ကြီး စိတ်မရှည်ဘူးနဲ့ တူပါတယ် ၊

ဟဲ့  ကုလား နင် နေ့ တိုင်းလဲလာသေးတယ် မလာတာကြာပြီ -- မလာတာကြာပြီ လို့ လဲအော်တယ်
ငါ က မလာတာ ကြာပြီးမဟုတ်ဘူး ၇န်ကုန်အခု မှေ၇ာက်တာ လို့ ပြောလိုက်သတဲ့
ကုလားကတော့ အမား သော့အပျက်ရှိ တယ် နော် ကုလား ပြင်တယ် လို့ ပြောသွားလေသတဲ့ ၊


မောင်သုံည

Sunday 13 June 2010

လောကဓ္မဂျာနယ်



လောကဓ္မဂျာနယ်
တ၇ားရနိုင်သော နည်း လမ်း၃ မျိုးရှိပါတယ်
၁ ။ ကျင့်ခြင်းဖြင့် ၄င်း
၂ ။ တ၇ားနာ ခြင်းဖြင့် ၄င်း
၃ ။ တ၇ားစကားဆွေးနွေးခြင်းဖြင့် ၄င်း တ၇ား၇နိုင်ပါတယ်
ကျင့်ခြင်းဖြင့်လဲတ၇ား၇နိုင်ပါတယ်
တချို့ က တ၇ားရရန်အတွက် ၀ိပဿနာအလုပ်ကို ဘု၇ားရှေ့ မှာ တင်ပလ္လင်ထွေထိုင်ပြီး ကျင့်မှ ၇နိုင်သည်ဟုထင်ပြီး ၊ နောက်မှလုပ်မယ် ၊ အားမှလုပ်မယ် ၊ အချိန်မရှိသေးဘူး စသည်ဖြင့် ဆင်ခြေပေးပြီး ၊ အချိန်ဆွဲနေတက်ကြပါတယ် ၊ ဗုဒ္ဓဘာသာဝင်အတော်များများ အမှတ်မှားထားသောအချက်တခုရှိတယ်၊ ပထမအ၇ွယ်တွင် ပညာရှာ၇မည် ။ ဒုတိယအ၇ွယ်တွင် ဥစ္စာရှာ၇မည် ။ တတိယအ၇ွယ်တွင် တ၇ား၇ှာ၇မည်ဟု အမှတ်ထားထားခဲ့ကြတယ် ၊ အလွန်မှားသော အယူအဆဖြစ်တယ်၊ သေခြင်းတ၇ားသည် အချိန်မေ၇ွးေ၇ာက်လာနိုင်တယ်မဟုတ်ပါလား ၊ သေမင်းကို အသက်ကြီးမှလာခေါ်ပါလို့ တားထားလို့မ၇ပါ ၊
ဒါကြောင့်အသေမဦးခင်ဥာဏ်ဦးအောင်ကျိုးစားကြပါလို့ မိုးကုတ်ဆ၇ာတော်ဘုရားကြီးကတိုက်တွန်းထားပါတယ် ၊
ပထမအ၇ွယ်တွင်ဥာဏ်ထက်မြတ်တုန်းအ၇ွယ်ဖြစ်၍ တ၇ားအားထုတ်လျင် အလျင်အမြန်၇နိုင်သည်ဟုဆိုပါတယ် ၊ မြတ်စွာဘု၇ားလက်ထက်က ခွက်စွဲပြီးတောင်းစားနေသော သူအိုလင်မယားနှစ်ယောက်ဘု၇ားကျောင်းရှေ့ သို့ေ၇ာက်လသောအခါ မြတ်စွာဘု၇ားက ထိုသူအိုလင်မယားနှစ်ယောက်ကို အကြောင်းပြုပြီး ၇ဟန်များကို တ၇ားဟောတယ် ထိုသူအိုလင်မယားနှစ်ယေက်မှာ ကုဋေများစွာကြွယ်ဝသောသူဌေးများဖြစ်ခဲ့ကြတယ် ၊ ပထမအ၇ွယ်တွင် စီးပွါးေ၇းကိုကောင်းမွန်စွာလုပ်ကိုင်မည်ဆိုပါကပထမတန်းစားသူဌေးကြီးများဖြစ်မယ် ။ တ၇ားကိုအားထုတ်မည်ဆိုပါက ၇ဟန္တာအထိဖြစ်နိုင်တယ် ၊ ဒုတိယအရွယ်တွင် စိးပွါးေ၇းကို ကောင်းမွန်စွာလုပ်ကိုင်မည်ဆိုပါက ဒုတိယတန်းစားသူဌေးကြီးများဖြစ်မယ်။ တ၇ာအားထုတ်မည်ဆိုပါက အနာဂမ်ဖြစ်နိုင်မယ်တတိယအ၇ွယ်တွင်စီးပွါးဥစ္စာကိုကောင်းမွန်စွာလုပ်မည်ဆိုပါကတတိယတန်းစားသူဌေးကြီးများဖြစ်နိုင်သေးသည် ။ တ၇ားအလုပ် လုပ်မည်ဆိုပါက သောတပန် တည်နိုင်သေးသည်အခုတော့ ထိုအ၇ွယ် သုံးပါးစလုံးကို အလဟသ ကာဂုဏ်အာရုံထို၌သာလိုက်စား၍အချိန်ဖြုံးခဲ့သောကြောင့် အခုအ၇ွယ်တွင် စီးပွါးဥစ္စာများ ဆုံးရှုံပြီး တောင်းစားနေကြ၇တယ်လို့  ဟောပြောဆုံးမတော်မူခဲ့ပါတယ် ၊

တ၇ား၇နိုင်သောနည်း ၃ နည်းတွင် ပထမ နည်းဖြစ်သော ကျင့်၍ ၇နိုင်သောနည်းဆိုသည်ကိုတော့လူတိုင်းသိပြီးဖြစ်ကြပါတယ်မြန်မာနိုင်ငံတွင် ၀ိပဿနာတ၇ားစခမ်းများစွာရှိပါတယ် ၊ အဆိုပါတ၇ားစခမ်းများသို့  အချိန်ကာလ သတ်မှတ်ပြီး တ၇ားဝင်တ၇ားအားထုတ်ခြင်းဖြင့် ၄င်း ။ မိမိအိမ်တွင် အချိန်သတ်မှတ် ၍ တနေ့ တနာ၇ီ နှစ်နာ၇ီစသည်ဖြင့် 
ဘု၇ားရှေ့တွင်ထိုင်ပြီး ၀င်လေထွတ်လေ အာနာပါဏမှ အစပြု၍ ၀ိပဿနာ တ၇ားအားထုတ်ခြင်းကိုဆိုလိုပါတယ် ၊ တကယ်တော့ကျင့်၍အားထုတ်ခြင်းတွင် ၊ ဘု၇ားရှေ့တွင်ထိုင်၍အားထုတ်မှ ၇နိုင်သည်မဟုတ်ပါ ။ ထိုင်နေ၇င်း ၊ ထနေ၇င်း ၊ သွားနေ၇င်း ။ အိပ်နေ၇င်း အားထုတ်နိုင်ပါတယ် ၊ တ၇ား၇နိုင်ပါတယ် ၊ ၀ိပဿနာရှုသည်ဆိုသည်မှာ ခန္ဓာကပြောတာကို ဥာဏ်ဖြင့်စောင့်ကြည့်တာ ၀ိပဿနာဟုဆိုသဖြင့် ၊ ခန္ဓာက လာပါ ကြည့်ပါ ရှုလှည့်ပါဟုအမြဲခေါ်နေတာကိုစောင့်ကြည်ရုံပါဘဲ ၊ စောင့်ကြည့်သည်ဆိုသည်မှာ စိတ်ကလေးတခုပေါ်လာတယ် ။ ကောင်းတဲ့စိတ်ဖြစ်ဖြစ် မကောင်းတဲ့စိတ်ဖြစ်ဖြစ်ပေါ်လာတာကို စောင့်ကြည့်တဲ့အလေ့အကျင့်ရှိသူဆိုပါက ထိုစိတ်ကလေး ရှိသေးလား မရှိတော့ဘူးလားလို့ကြည့်နေပါ ၊ အဲဒါ ၀ိပဿနာဘဲဖြစ်ပါတယ် ၊ ( စောင့်ကြည့်တာ ၀ိပဿနာ ) ဘု၇ားက လူတကိုယ်မှာ စိတ်နှစ်ခုတပြိုင်ထဲမဖြစ်နိုင် ။ တစိတ်ဖြစ်ပြိး နောက်စိတ်လာလျှင် ရှေ့စိတ်မရှိတော့ ပျက်ပေး၇တယ် လို့ဆိုထားပါတယ် ၊ အဲဒါကို ဟုတ်မဟုတ်စောင့်ကြည့်ပေးပါ ( စောင့်ကြည့်တာ ၀ိပဿနာ ) ဆိုသဖြင့် တ၇ားအားထုတ်သည်ဆိုသည်မှာ မည်သည့်အချိန်မဆိုအားထုတ်လို့ ၇ပါသည် ၊ ထမင်းစားနေ၇င်း ။ေ၇ချိုးနေ၇င်း ။ အလုပ်လုပ်နေ၇င်း ။ ထမင်းချက်နေ၇င်း အားထုတ်နိုင်ပါသည် ၊ ခန္ဓာပြောတာ ဥာဏ်ကစောင့်ကြည့်လို့  အော်ဟုတ်ပါလား မှန်လိုက်တာလို့ ကိုယ်တိုင်မှတ်ချက်ချနိုင်၇င် တ၇ားမြင်ပြီလို့ဆိုနိုင်ပါတယ်

တ၇ားနာ၇င်းဖြင့်လဲ တ၇ား ၇နိုင်ပါတယ် ၊
တ၇ားနာ၇င်းဖြင့်တ၇ား၇နိုင်ပါတယ် ။ ဘု၇ားလက်ထက်က ဘု၇ားတ၇ားနာလို့ တ၇ားအဆုံးတွင် မည်သူ မဂ်လေးတန်၇၍ ၇ဟန္တာဖြစ်သွားတယ် ။ မည်သူသောတပန်တည်သွားတယ် ဆိုတဲ့ဒေသနာများကိုကြားဘူးကြမည်ထင်ပါတယ် ၊ အနာတပိဏ်သူဌေးကြီး ဘု၇ားတ၇ားနာ၇င်းသောတပန်တည်သွားပုံ ။ ပဒါစာ၇ီအ၇ူးမအဖြစ်နှင့်ဘု၇ားတ၇ားဟောနေသောဇ၇ပ်ထဲေ၇ာက်လာပြီး ၊ ဘု၇ားဟောသောတ၇ားအဆုံးတွင်သောတပန်တည်သွားတယ် စတဲ့ ၀တ္တုများကိုကြားဘူးကြမည်ထင်ပါသည် တ၇ားနာသည်ဆို၇ာတွင်နားကတ၇ားနာ ၇င်းဥာဏ်က ခန္ဓာကိုလှည့် ပြီး စူးစိုက်ကြည့်နေ့ ပါက တ၇ားနာ၇င်း တ၇ားကျင့်သလိုဖြစ်နေပါတ.ယ် ။ အဟောကြားတ၇ားနှင့်ခန္ဓာဟောတ၇ား တထပ်ထဲကျသွားသည်ကို ဟုတ်တာဘဲ မှန်တာဘဲ ခန္ဓာထဲမှာဒီလိုဖြစ်နေတာဘဲလို့ သိသွာတဲအချိန်ဟာတ၇ား၇တဲ့အချိန်ဖြစ်ပါသည် ၊
တကယ်တော့ တ၇ားနာမှုကို အ၇င်လုပ်လျင်ကောင်းပါသည် ၊
မိုးကုတ်ကမ္မဌာန ဆ၇ာတော်များက အလုပ်စဉ်ကိုဟော၇ာတွင်
နာတဲ့အတိုင်းလဲ သိကြပါစေ ၊ သိတဲ့အတိုင်းလဲ ကျင့်ကြပါစေ ၊ ကျင့်တဲ့အတွက် ဒီဘ၀ဒီခန္ဓာတစွန့်ကြခင် ၊ ခန္ဓာအသိနှင့်ဥာဏ်အသိကိုက်ပြီး မဂ်ဥာဏ်ဖိုဥာဏ်၇ကြပါစေ လို့ အလုပ်စဉ်ကလေးကိုထဲ့ဟောထားတာတွေ့ ၇တဲ့အတွက် တ၇ားနားမှု ၊ သိမှုကိုအ၇င်လုပ်တာပိုကောင်းပါတယ် ၊ ဘာမှ မသိသေးဘဲ သူများထိုင်သလိုထိုင်ဟဲ့ ရှူ ဟဲ့လုပ်ဟဲ့ဆိုပြီး၇မ်းလုပ်၇င် ၊ အသိဥာဏ်မပါတဲ့အတွက် တ၇ား၇နိုင်မှာမဟုတ်ပါ ၊ ၀ိပဿနာအလုပ်သည် ဥာဏ်အလုပ်ဖြစ်ပါတယ် ၊

တရားဆွေးနွေး၇င်းဖြင့်လဲတ၇ား၇နိုင်ပါတယ်
တ၇ားဆွေးနွေးတာဟာ တ၇ားကျင့်တာတမျိုးဖြစ်ပါတယ် ၊ ဆွေးနွေးတယ်ဆိုတာ ၊ ကိုယ်စိတ်ထဲမှာ သံသယဖြစ်နေတာ ၊ မ၇ှင်းလင်းတာကို ကိုယ်ထက်သိတဲ့ နားလည်တဲ့သူထံမှာဖြစ်စေ ၊ တ၇ားအားထုတ်ဖေါ်အချင်းချင်းဖြစ်စေ ဆွေးနွေးမေးမြန်း၇င်းဖြင့် အဖြေမှန်၇သွားပြီး ၊ တ၇ားသဘောပေါက်သွားတာ ဖြစ်ပါတယ် ။ ဥာဏ်အမြင်ရှင်းလင်းသွားကိုတ၇ား၇သွားတယ်လို့ဆိုနိုင်ပါတယ်၊
တ၇ား၇သွားတယ်ဆိုတာ ၊ တ၇ာကို နားလည်သဘောပေါက်သွားတာကိုဆိုလိုတာပါ ၊
ဘု၇ား၇ှင်လက်ထက်က ဘု၇ားထံ ကိုယ်မရှင်းလင်းတဲ့အကြောင်းအ၇ာတွေကိုလာမေးမြန်းပြီး အမှန်တ၇ားကိုနားလည်သဘောပေါက်သွားတဲ့ သာဓကတွေအများကြီးရှိပါတယ် ၊
အဂိဝစ္စပုဏ္ဏား ဘု၇ားထံ သတ္တ၀ါသေ၇င်ဖြစ်သေးသလား ။ မဖြစ်တော့ဘူးလား ၊ အစချီပြီး နှိဗ္ဗာန်အကြောင်းကိုမေးမြန်း အင်္ပြီးတွင် တ၇ား၇သွားတဲ့ ၀တ္တုများ ၊
သိကြားမင်း ဥယျဉ်ထဲသွားပြီးနတ်သမီးများနဲ့ အပျော်အပါးမထွက်ခင် ၊ မေးစ၇ားမေးခွန်းကလေးရှိနေတာကို ၊ ဥယျဉ်ထဲေ၇ာက်၇င် မေ့သွားမှာစိုးလို့ဆိုပြိး ။ ဘု၇ားကိုသွားမေးတယ်
အရှင်ဘု၇ား လူတွေ ၊ နတ်တွေ ဟာ အန္တ၇ယ်မကင်း ဘေးမရှင်းတာဘာကြောင့်ပါလဲ ဘု၇ား ။ တဏှာအမြန်သေစေတဲ့နည်းဟာဘာလဲလို့ ဘု၇ားကိုလျောက်ထားတော့ ဘု၇ားကပြန်ဟောပြောလို့ တ၇ားမဆုံးခင်မှာ သိကြားမင်းသေတပန်တည်သွားတယ်ဆိုတဲ့ ဝတ္တများ ကြားဘူးကြမယ်ထင်ပါတယ် ၊
ဒါဟာ တ၇ားဆွေးနွေးမေးမြန်း၇င်းနဲ့ တ၇ား၇သွားတာဖြစ်ပါတယ် ၊ တ၇ားဆွေးနွေးတယ် ၊ တ၇ားဆွေးနွေးတော့မယ်ဆိုသူဟာ သူအနေနဲ့ ဒီပြဿနာတ၇ပ်ကို ကြိမ်ဖန်များစွာ စဉ်းစား၇င်း လေ့လာ၇င်း ၊ ကျိုးစားအားထုတ်၇င်း အဖြေမ၇နိုင်တဲ့အတွက်မေးတာဖြစ်တဲ့အတွက် သူ့ နေနဲ့ တ၇ားနဲ့ပတ်သက်ပြီး အလုပ်လုပ်နေခဲ့သူဖြစ်ပါတယ် ၊ နောက်ဆုံး အသိဥာဏ်ဖွင့်ပေးသူက ပြာဖုံးနေသော မီးခဲကလေးကို လေမှုတ်ပေးလိုက်လို့ မီးခဲလေး မီးတောက်လာတာဖြစ်ပါတယ် ၊
ဒါကြောင့် မိတ်ဆွေသူတော်ကောင်းအပေါင်းတို့ ကို တ၇ား၇နိုင်ဘို့ အတွက် မခက်ခဲဘူး ၊ အလွယ်ကလေးနဲ့ ၇နိုင်တဲ့နည်းလမ်းတွေရှိပါတယ်လို့  လက်ဆင့်ကမ်းအသိပေးလိုက်တာပါ ၊
ဒီဘ၀ဒီခန္ဓာ မစွန့် ကြခင် ဥာဏ်ဦးနိုင်ကြပါစေ ၊

မောင်သုံည
ဝန်ခံချက် ။ အထက်ပါ အသိတ၇ားများကို ကိုယ်တိုင်းအသိနှင့်ေ၇းသားနိုင်ခြင်းမဟုတ်ပါ ၊ ဆ၇ာတော်သံယာတော်များဟောကြားသောတ၇ားများကိုနားကြား ၇သော အသိဖြင့် တဆင့်ပြန်လည်ဖေါက်သယ်ချခြင်းသာဖြစ်ပါတယ် ၊
မိုးကုတ်ဝိဿနာကမ္မဌာနစ၇ိယဆ၇ာတော်များ နှင့် အရှင်ဇ၀န ( မေတ္တာရှင် )
သိီတဂူဆ၇ာတော် ၊ အရှင်ဆန္ဒာဓိက ၊ ဆ၇ာတော် ဦးဇောတိက တို့ ၏တ၇ားများကို ကိုးကားပါသည် ၊

ဆောင်းပါလေးဘတ်လို့ ပြီး၇င် ဆ၇ာမြကလောင်ေ၇းသားထားတဲ့

ဟေမာနေ၀င်း သီဆိုထားတဲ့ ဂုဏ်တော်ကိုးပါးသိချင်းလေးကို နားဆင်ကြည့်ပါ ၊

မောင်သုံည


ချိုပြုံး ရဲ့  တက္ကသိုလ်ကျောင်းကငွေလမင်း ဆိုတဲ့ သီချင်း က အဆိုတော် ဖြစ်ခါစလောက်ကဆိုတဲ့
သီချင်းကလေးဖြစ်မယ် ထင်တယ် ၊ အခုဒီသီချင်းကို သူ ပြန်ဆို တာဘဲ ငယ်မူငယ်သွေးမပျောက်သေးဘူးလို့ 
ပြောရမယ် ၊ ကြာပြီလေ ကျွန်တော် တို့  အထက်တန်းကျောင်းသား လောက်က ပေါ့ 

နားထောင်ကြည့် ရအောင်

ချိုပြုံး - မဲဇာမြိုင် နှင့် အခြားသီချင်းများ










အကျင့်ပါနေလို့ ပါ

အကျင့်ပါနေလို့ပါ

လူတွေ့မှာအကျင့်တခုစွဲနေရင်တော်တော်နဲ့ပြင်ဘို့ခက်ပါတယ် တချို့က စကားပြောရင် ဟိုဒင်း ဟိုဒင်း ဆိုပြီး ထဲ့ထဲ့ပြောတက်တယ် ၊
တခါ က ဟိုဒင်း ဟိုးဒင်း ထဲ့ပြောတက်တဲ့ အဒေါ်ကြီးက သူသားကို သား ဟိုဒင်း ယူခဲ့စမ်းဆိုပြီးခိုင်းတာ သူသားက ရဲဒင်းကြီးယူလာပေးတော့ ဟဲ့ အဲဒါငါဘာလုပ်ရမှာလဲ နင့်ကို ခုတ်ဘို့လား တဲ့
သား ကအမေ ဘဲ ဟိုဒင်း ယူခဲ့ဆို သားလဲ ဒါဘဲ ထင်လို့ယူလာတာပေါ့တဲ့
ဟုတ်တယ် သူ့ ဟိုဒင်း ကဘာမှန်း မှ မသိတာ
နောက်တယောက်ကတော့ ငယ်ငယ်ကထဲက ဘုန်းကြီးဝတ်သွားပြီး အသက် ၄၀ ကျော်မှ
မိန်းမလိုချင်လို့  လူထွက်ပြိး မိန်းမ ယူသတဲ့ ဘုန်းကြီလူထွက်ကြီးပေါ့
အဲ ဒီတုန်းက တွံတေးသိန်းတန်ရဲ့ ၄၀ ကျော်အချစ်ဆိုတဲ့ သီချင်းကလဲ ပေါ်ကာစဆိုတော့
သူလဲ အားကျတယ် ထင်ပါရဲ့
အဲဒီ ဘုန်းကြီးလူထွက်ကြီးလဲ သူ့မိန်းမနဲ့စကားပြောရင် ဒကာမကြီး ဒကာမကြီး နဲ့ အကျင့်ပါပြီးပြောနေ
ပြောနေလို့ သူ့မိန်းမ ခဏခဏ ရန်ဖြစ်ရတယ် ။
တနေ့ သူအပြင်ကို ကိစ္စတခုရှိလို့သွားတယ် သူဆံပင်ကပေါက်ခါစဆိုတော့ ဉီးထုပ်ကလေးဆောင်း
ဆောင်း သွားတယ် ။ သူစီးတဲ့ကားကလဲ ဒီကလို မီနီဘတ်( စ ) ကားလေ မျက်နာချင်းဆိုင်ဘေးတိုက်ထိုင်
ရတဲ့ကားပေါ့ ၊ တောက ကားမောင်းသမားတွေကလဲ အမောင်းကြမ်း လေကလဲတိုက်ဆိုတော့ ဉီးထုပ်ကကျွတ်
ပြီးလေထဲ လွင့်သွားပါလေရော
တကာကြီး တကာကြီးကားခဏရပ်ပေးပါအုံး ဉီးဇင်းဉီးထုတ်လေထဲလွင့်သွားဆိုပြိး ထအော်တယ်
လူတွေလဲ ဒီလူကြီး ဘယ်လို့ပါလိမ့်ဆို ပြိး ကြည့်နေတယ်နောက် တော့မှ သဘောပေါက်ပြီ ဝိုင်းရီကြတယ် ၊
လက် ဆက်တက်တော့ ဘုန်းကြီးလုထွက်ကြီး ကိုးတဲ့
အဲ ဒီ ကိုတော်လဲ ရှက်ရှက်နဲ့ အဲဒီကားနဲ့ဆက်မလိုက်တော့ပါဘူး
အကျင့်ပါနေ တာ ခက်တယ်

နောက်အဆိုးဆုံး အဖြစ်အပျက်တခုကတော့
လမ်း ထဲမှာ အိမ်ရှေ့မထွက်ရဲတော့ဘဲ တခါထဲ နောက်ဖေးလမ်းကြားကနေ နေ့စဉ်ရုံးတက်နေတဲ့
လူပျို ကြီး ရှိုးမောင် ရဲ့အကြောင်းပါ
ကိုရှိုးမောင်က ကိုယ်ကာယ ဗလ အလှကို သိပ်လိုက်စားတယ် ၊ ဝိတ်ကစားတယ် ၊ သူက
ဟဲဘီးဝိုတ် မဟုတ် ဘူး Body buty သက်သက်ကစားတယ် ၊ လက်မောင်းတို့ ရင်အုပ်တို့ အလှကစားတာ ၊သူ့ကိုယ်လုံးကိုယ်ထည်ကလဲ လှပါတယ် ၊ လမ်းလျောက်ရင်ကို ခပ်ကားကား ထောက်ကြွ ထောက် ကြွ တဲ့ ရှိုးထုတ် ပြီးလျောက်လို့ ရှိုးမောင်လို့ခေါ်တာပါ
သူကအားကစားသမားဆိုတော့ အတွင်းခံ သရေကြိုးလျော့ဘောင်းဘီအမြဲဝတ်လေ့ရှိတယ် ၊
ဒါသူ့ အကျင့် ဘဲ အတွင်းခံဘောင်းဘီ မပါရင် သူအပြင်မထွက်တက်ဘူး
သူ့အကျင့်တခုက ရုံးကပြန်လာရင် လုံချည်ချွတ်ပြီး အဲဒီအတွင်းခံဘောင်းဘီကလေးနဲ့
အိမ်ရှေ့ပန်းပင်းတွေ ထွက်ပြီးရေလောင်းတယ် ၊ သူရဲ့လက်မောင်းသားတို့ ရင်အုပ်တို့ကိုပြပြပြိး
ရေလောင်းတာပေါ့ ၊ အဲဒီအချိန် ဆို ကျောင်းတွေကလဲလွှတ်တော့ ကျောင်းသူကလေးတွေကိုသူရှိုးပြတာပေါ့
မိန်းခလေးတွေကလဲ သူကို ကြည့်ကြပါတယ် ၊ အချိုးအစားကျတာကိုး
တနေ့တော့အဲ ဒီအတွင်းခံဘောင်းဘီကလျော်ထားတော့ မဝတ်သွားဘူး
အကျင့်ပါနေတော့ သူရုံးကပြန်လာလာချင်း လူချည်ကို ချွတ်လိုက်ပြိး ပန်းပင်ရေလောင်းတော့တာဘဲ
ဟဲ ဟဲ ဒီနေ့တောကျောင်းသူကလေးတွေကို သူကိုကြည့်ပြိး ဟိုဘက်လှဲ့ လှဲ့သွားတယ်
သူ ကဒီနေ့ထူးစမ်းတယ်ပေါ့ ၊ ခါတိုင်းဆို ငါ့ကိုငေးကြည့်နေကြတာ ဒီနေ့ဘာဖြစ်လို့ ဟိုဘက်
လှဲ့ လှဲသွားကြ ပါလိမ့်ပေါ့ ၊
သူစဉ်းစားနေတုန်း သူရေလောင်းနေတဲ့ ရေပန်းက သူအောက်ပိုင်းလောင်းမိတော့
အေး ကနဲ ဖြစ်သွားလို့ ငုံ့ကြည်လိုက်တော့မှ အောင် မလေး အောက်မှာ ဗလာကျင်းနေတာတွေ့သွားပြီး
အိမ်ပေါ် ပြေးတက်သွားလိုက် တာ တခါထဲ အိမ်ရှေ့ကို ထွက်မလာတော့ဘူး
အဲ ဒီနေ့ကစပြီး ရုံးတက်ရင်တောင် နောက်ဘေးလမ်းကြားကဘဲ ရုံးတက်တော့တယ် ၊
မောင်သုံညတို့  ကန်တော်ရိပ်သာက အရင်ကဆိုရင် နောက်ဖေးလမ်းကြားကလဲ သန့် ရှင်းတယ်လို့ ပြောဘူး
တယ် မဟုတ်လား ၊
အင်း အကျင့်ပါနေတာ အကျင့်ပါနေတာ
သောတရွှင်များ ရွှင်လန်းကြပါစေ မောင်သုံည




Saturday 12 June 2010

လောကဓမ္မဂျာနယ်

လောကဓမ္မဂျာနယ်

တရားမသိရင် အသိတရားမရှိဘူး၊
အသိတရားမရှိရင် တရားနဲ့လျော်စွာ မနေတတ်ဘူး၊
တရားနဲ့လျော်စွာ မနေတတ်ရင် အပြစ်မကင်းဘူး၊
အပြစ်မကင်းရင် ဆင်းရဲမယ်။
ဦးသုမဂ်လ

ဆရာတော် ဦးသုမင်္ဂလ
ဟောကြားသောတရားများမှ ကောက်နှုတ်ချက်
သိစရာ တွေးစရာ


+ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုး အမှားအမှန်ကို ပိုင်းခြားသိတာ-ဥာဏ်
+ သီလစောင့်မှ အူမတောင့်မယ်။ အူမတောင့်အောင် သီလစောင့်ကြပါ။
+ အသုဘခန္ဓာကြီးအတွက် အကုသိုလ်နဲ့လုပ်မကျွေးပါနဲ့ အများစားပြီး တစ်ယောက်ထဲခံရလိမ့်မယ်။
+ ငတ်သေရင် တစ်ဘ၀ပဲ၊ သီလပျက်ရင် ဘ၀များစွာသေရမယ်။
+ ကုသိုလ်ဆိုတာ - လောဘ ဒေါသ မောဟမပါတဲ့အလုပ်၊ ဖြစ်သမျှအကြာင်း မကောင်း ကောင်းအောင်လုပ်ကြ။
+ ကာယကံ ၀စီကံ မနောကံ ပြုတိုင်းပြုတိုင်းမှာ တရားနဲ့လျော်အောင် ကျင့်ကြံနေထိုင်ပါ။
+ တရားမသိရင် အသိတရားမရှိဘူး၊ အသိတရားမရှိရင် တရားနဲ့လျော်စွာ မနေတတ်ဘူး၊ တရားနဲ့လျော်စွာ မနေတတ်ရင် အပြစ်မကင်းဘူး၊ အပြစ်မကင်းရင် ဆင်းရဲမယ်။
+ ချစ်ခြင်း မုန်းခြင်းကင်းအောင်ကျင့်ကြ။ မချစ်တတ် မမုန်းတတ်မှ သံသရာဝဋ်ဆင်းရဲက လွတ်ကင်းနိုင်မယ်။
ท ဘုရားကိုယုံသလား? တရားကိုယုံသလား? သံဃာကိုယုံသလား? ဘာကြောင့်ယုံသလဲ? ဘယ်လိုယုံတာလဲ? ဘယ်လောက်အထိ ယုံသလဲ? ကိုယ်တိုင်ပိုင်းခြားပြီး ဖြေကြည့်ကြ။
+ သာသနာနဲ့တွေ့ခိုက် မရှုံးစေနဲ့၊ သစ္စာမသိတာ ကြောက်စရာအကောင်းဆုံး၊ ရထားတဲ့ ဘ၀တန်ဘိုးကို ကောင်းကောင်းအသုံးချတတ်မှ လူ။
+ ကုသိုလ်တစ်ခုပြုတဲ့အခါမှာ နာမည်ပေါ်ချင်တာ သမုဒယရဲ့သတ္တိ။
+ အထက်တန်းအကျဆုံးပုဂ္ဂိုလ်အနား ချဉ်းကပ်လိုသူသည် အထက်တန်းကျသူတွေမှ ချဉ်းကပ်နိုင်မယ်။
+ ဓနကြောင့် မာနတက်တဲ့နေ့ ဓနပျောက်တဲ့နေ့။ အလှကြောင့်မာနတက်တဲ့နေ့ အလှပျောက်တဲ့နေ့။ နေရာကြောင့်မာနတတ်တဲ့နေ့ နေရာပျောက်တဲ့နေ့။ ပညာကြောင့်မာနတက်တဲ့နေ့ ပညာပျောက်တဲ့နေ့။ အလုပ်ကြောင့်မာနတက်တဲ့နေ့ အလုပ်ပျောက်တဲ့နေ့။
+ ပုထုဇဉ်ဆိုတာ အင်မတန်စပ်စုတယ် လျှာရှည်တယ် အငြိမ်မနေဘူး သူများအတင်းပြောတယ် ကိုယ့်အကြောင်းမကြည့်ဘူး သူများအကြောင်းကြည့်တယ်။ အဲဒါ --- ပုထုဇဉ်အရှုး
+ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့။ ဘ၀ပြတ်အောင်လုပ်ပါ။ ဒါနက သံသရာရှည်တာမဟုတ်ဘူး။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာ။ "ကုသိုလ်အားကြီးရင် အနှောင်အဖွဲ့မှလွတ်၍ အကုသိုလ် အားကြီးရင်တော့ ခံရမယ်။"

လူကြီးအင်္ဂါ (၄) ချက်

1. ကိုယ်ကျင့်တရားကောင်းရမယ်။ သီလကိုပြည့်စုံအောင် စင်ကြယ်အောင်လုပ်နိုင်ရမယ်။
2. ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲပြီး သေဘေးကြုံရင်တောင် သီလလုံသူဖြစ်ရမယ်။
3. ကြားမြင်သုတများပြီး ဝေဖန်သုံးသပ် ပိုင်းခြားနိုင်သူ အနာဂတ်အရေးလည်း ကြိုတင်စီမံနိုင်သူ ပစ္စုပ္ပန်အရေးလည်း ကျွမ်းကျင်နားလည်သူဖြစ်ရမယ်။
4. ခိုင်မာတိကျပြတ်သားတဲ့ စိတ်ဓါတ်ခွန်အားရှိပြီး သီလ သမာဓိ ပညာသုတတို့မှာ သာမာန်ပုထုဇဉ်တို့ထက် သာလွန်မြင့်မြတ်သောစိတ်ဓါတ်ရှိရမယ်။

"သမ္မပ္ပဓာန် ၄-မျိုး"

1. ဖြစ်ခဲ့ပြီးတဲ့ အကုသိုလ်မကောင်းမှုကံတွေကိုပပျောက်အောင် အားထုတ်ရမယ်။
2. မဖြစ်သေးတဲ့ မကောင်းမှု အကုသိုလ်ကံတွေကို မလုပ်ဖြစ်အောင် အားထုတ်ရမယ်။
3. မဖြစ်သေးတဲ့ကုသိုလ်ကောင်းမှုကံတွေကို လုပ်ဖြစ်အောင်အားထုတ်ရမယ်။
4. ဖြစ်ပြီးသားကုသိုလ်ကောင်းမှုကံတွေကို အတိုင်းထက်အလွန် ပွားများအောင် အားထုတ်ရမယ်။ အတိတ်ကံဆိုတာ ဖျက်လို့လဲရတယ်။ ဆက်လို့လည်းရတယ်။ ဒီတော့မကောင်းမှုမှန်သမျှမလုပ်ကြနဲ့။ ကောင်းမှုမှန်သမျှလုပ်ဖြစ်အောင်လုပ်ကြ။

လောကမှာ ဖြစ်စဉ်အားလုံးဖြေရှင်းနိုင်တာ ဘုရားပဲရှိတယ်။ ဗုဒ္ဓဘာသာမှန်ရင် နူးညံ့တဲ့စိတ်ထား၊ သိမ်မွေ့တဲ့နှလုံးသား၊ အကောင်းမြင်ဝါဒ လက်ကိုင်ပြုကြပါ။
1. ဘုရားအပေါ် ဘယ်လောက်ယုံကြည်မှုရှိလဲဆိုတာ ကိုယ့်စိတ်ကိုယ်ပြန်စစ်။
2. မကောင်းမှုမှန်သမျှ မလုပ်ကြနဲ့။ ကောင်းမှုမှန်သမျှ လုပ်ဖြစ်အောင်လုပ်။ မဟုတ်တာလုပ်ရမှာကို ရှက်လဲရှက်ပါ၊ ကြောက်လဲကြောက်ပါ၊ သီလမလုံခြုံမှာကို ရှက်လဲရှက်ပါ။ ကြောက်လဲကြောက်ပါ။ အ. သုဒ္ဓသီလော ဒုပ္ပညော။
3. သီလမရှိရင် ပညာလည်းမရှိဘူး။ ပညာမပါရင် ယုံကြည်မှုလည်းမစင်ကြယ်ဘူး။ ကုသိုလ်လိုချင် ကုသိုလ်ရအောင်လုပ်။
4. ကုသိုလ်ပြုချင်ရင် ကုသိုလ်ဖြစ်အောင်လုပ် ရယူပိုင်ဆိုင်လိုမှုထက် စွန့်လွှတ်အနစ်နာခံခြင်းက ပို၍မြင့်မြတ်၊ တရားမြင်မှ ဘုရားမြင်မယ်။
5. တရားသိဖို့ တရားနာရမယ်။ တရားမြင်နိုင်တဲ့နေ့ အေးချမ်းတဲ့နေ့၊


ဦးသုမင်္ဂလ ဓမ္မ ၀ဂ်ဆိုက် မှ ကူးယူဖေါ်ပြပါသည် ၊
မောင်သုံည
ကိုအံ့ကြီး - ပြုံးတုံ့ လှဲ့  နှင့် အခြားသီချင်းများ




Thursday 10 June 2010

သန်းဖေလေး - သီချင်းများ




Wednesday 9 June 2010

ရာဇာဝင်းတင့် - မေတ္တာစကား

အောက်က နောက်သီချင်းတပုဒ် နဲ့  ယှဉ်ပြီးနားထောင်ကြည့် ပါ တူသလားလို့ 
တူသလို ဘဲ နော်
နောက်တပုဒ်က










ဓနုဖြူစိုးသိန်း ရဲ့ မောင်ချော့မြူပါ့မယ် တဲ့

ငယ်ငယ်တုန်းက နှစ်သက်ခဲ့တဲ့ သီချင်းလေးတွေပါ



Tuesday 8 June 2010

စန္ဒယားလှထွဋ် လက်ရာဖြစ်တဲ့ ဇေယာကမ်းအလှပန်းချီ - ရီရီသန့် သီဆိုထားပါတယ်





Wednesday 2 June 2010

ရာဇာဝင်းတင့်  - ယက္ကန်းသံ နှင့် အခြားသီချင်းများ