Wednesday 28 July 2010


လမြတ်ဝါဆို












ဝါဆိုလ

ပုန်းညက်ညိုပွင့်ဖူး -- ၀ါဆိုဦးမမို့ ထူးလှသည် --

ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်များအတွက် ထူးမြတ်သောလ တလဖြစ်သည် ။ ဂေါတမမြတ်စွာဘုရားသည် ။
၁ ၊ မယ်တော်မာယာဒေ၀ီမိဖုရားဝမ်းတွင် ပဋိသန္ဓေယူသောနေ့  ၊
၂ ၊ တရားကျင့်ရန်အတွက် တောထွက်တော်မူသောနေ့  ၊
၃ ၊ ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြ်ာတရားဦးဟောတော်မူသောနေ့  ၊
၎၊ ဓမ္မစကြ်ာတရားဟော်ပြီး နောက် ၅ ရက်မြောက်သောနေ့ တွင် အနတ္တလဏ္ခသုတ်ကိုဟော
တော်မူသောနေ့  (ရဟန္တာနေ့  )
၅ ၊ တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားစတင်ဟောတော်မူသောနေ့ 
များမှာ ၀ါဆိုလတွင်ဖြစ်ပေါ်ခဲ့ပါသည် ၊
ဝါဆိုလ တွင် ဘုရားရတနာ ၊ တရား၇တနာ သံင်္ဃာရတနာ သုံးပါးစလုံး စတင်ပြည်စုံသောလဖြစ်သည် ၊

ဝါဆိုလသည် ပူအိုက်သော နွေရာသီကုန်ဆုံး၍ မိုးဥတုသို့ လုံးဝကူးပြောင်းသည် ။ ရှေးက ၀ါဆိုလကို မြယ်တာလ ၊ နွယ်တာလ ၊ နွေတာလ ခေါ်ဆိုခဲ့ကြသည် ။ ၀ါဆိုလတွင် ကောင်းကင်တွင် ငွေစန္ဒာလမင်းနှင့်အတူ ပြုဗ္ဗာသဠ်နက္ခ ထွန်းလင်းသည် ။ ရာသီပန်း မှာ ပုန်းညက်ပန်း ဖြစ်သည် ၊

တခုသောဝါဆိုလမှစ၍ ဘု၇ားရှင်သည် ရဟန်းများခရီးသွားလာမှုကြောင့် လူတို့ စိုက်ပျိုးထားသော လယ်ယာတို့ မပျက်စီးခြင်းအလို့ ငှါရည်ရွယ် ၍ ၀ါတွင်း ၃ လ ပတ်လုံး ခရီးသွားလာခြင်းမပြုကြ၇န် ပညတ်တော်မူခဲ့သည် ၊ ထိုအချိန်မှစ၍ ရဟန်းများ ၀ါတွင်းကာလတွင် တနေရာထဲတွင် သီတင်းသုံးနေထိုင်တော်မူကြ၇သည် ။ ဤ သည်ကို ၀ါဆိုသည်ဟုခေါ်သည် ။
ထိုလတွင် ကျေးငှက်များပင် အသိုက်မပြောင်းကြဟုသိ၇သည် ။ လူတို့ သည်လဲ အိမ်တောင်သားမွေးရန်အတွက် ထိမ်းမြားလက်ထက်ခြင်းမပြုကြကုန်ပေ ၊
ထိုကာလ တွင် ရဟန်းများအားဝါဆိုသင်္ဃန်းကပ်လှူခြင်းကိုပြုကြသည် ။ ၀ါဆိုသင်္ဃန်းကပ်လှူခြင်းသည် မြတ်သောအလှူဖြစ်သည် ၊
ထို့ ကြောင့် ဗုဒ္ဓဘာသာဝင်များ သည် ၀ါဆိုလတွင် ရဟန်းတော်များကို ၀ါဆိုသင်္ဃန်းကပ်လှူခြင်း ၊ ဥပုသ်သီတင်းစောင့်တည်ခြင်း ၊ ဓမ္မစကြာတ၇ားနာယူခြင်း ။ စသည်တို့ကိုပြုလုပ်ကြသည်

ထို့ ကြောင့် ကန်တော်ရိပ်သို့ လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို

ဓမ္မစကြ်ာတ၇ား ၊
အနတ္တလက္ခဏ သုတ်တော်တို့ ဖြင့် ကြည်ညိုသဒ္ဒါပွါးများနိုင်၇န် စီစဉ်တင်ဆက်လိုက်ပါသည် ၊
မောင်သုံည


ဓမ္မစကြ်ာတရားတော် ( ယခင်မြန်မာ့အသံကထုတ်လွင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ် )
နာကြားတော်မူကြပါ






ဝါဆိုလပြည့်ကျော် ၅ ရက်

ဒီနေ့ ဟာထူးခြားတဲ့နေ့ ထူးနေ့ မြတ်တနေ့ ဖြစ်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ဗုဒ္ဓမြတ်
စွာဘုရားသည်ဝါဆိုလပြည့်နေ့ မှာ ပဉ္စ၀ဂ်ဂီ ၅ ဦးကို ပထမဦးဆုံး ဓမ္မစကြ်ာတရားဥိးဟောကြားပြီး
တဲ့နောက် ပဉ္စ၀ဂ်ဂီ ၅ ဦးဟာတနေ့ တပါးစီသောတပန်တည်ခဲ့ကြပါတယ် ၊ အဲဒီနောက် ၅ ရက်
မြောက်တဲ့နေ့ မှာ အနတ္တလက္ခ္စ္စဏသုတ်ကိုဟောကြားလိုက်တဲ့အတွက် ပဉ္စ၀ဂ်ဂီ ၅ ပါးစလုံး
ရဟန္တာအဖြစ်ရောက်ရှိကုန်ကြလို့ ဖြစ်ပါတယ် ၊
` ဒါကြောင့်ဒီနေ့ ကို ဘုရားသာသနာမှာ ပထမဦးဆုံး ရဟန္တာပေါ်ထွန်းတဲ့ နေ့ ( တနည်း )
သံဃာရတနာပေါ်ထွန်းတဲ့နေ့ ဖြစ်လို့ ရဟန္တာနေ့ုလို့ ခေါ်ဆိုနိုင်ပါတယ် ၊
ကဆုန်လပြည့်နေ့ ဟာ ဘုရားအဖြစ်ကိုစတင်ရရှိတဲ့အတွက် ဘုရားရနာစတင်ပေါ်ထွန်းခဲ့ပါ
တယ် ၊
ဝါဆိုလပြည့်နေ့ ဟာ ပထမဦးဆုံး ဓမ္မစကြ်ာတ၇ားကို စဟောတဲ့အတွက် တရားရတနာ
စတင်ပေါ်ထွန်းခဲ့ပါတယ် ၊
ဝါဆိုလပြည့် ကျော် ၅ ရက်နေ့ ဟာ ဘုရားသာသနာမှာ ပထမဆုံး ရဟန္တာ ( သံဃာများ )
စတင်ပေါ်ထွန်းတဲ့အတွက် ဘုရားရတနာ တရားရတနာ သံဃာရတနာ သုံးပါးစလုံးစုံလင်စွာပေါ်
ထွန်းလာတဲ့နေ့ ဖြစ်လို့ အလွန်ထူးခြားတဲ့နေ့ ထုးနေ့ မြတ်တနေ့ လို့ ခေါ်ဆိုနိုင်ပါတယ် ၊
ပဉ္စ၀ဂ်ဂီ ၅ ပါးစလုံး ရဟန္တာဖြစ်သွားသွားအောင် ဗုဒ္ဓဟောကြားလိုက်တဲ့တရားတော် ဟာ
အနတ္တလက္ခဏသုတ်ဖြစ်ပါတယ် ၊

အနတ္တလက္ခဏသုတ် ရဲ့ အဓိပါယ်အကျဉ်းကတော့
မိမိတို့ ယခုရရှိထားတဲ့ ခန္ဓာကိုယ်ကြီးဟာ ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်ဘူး ၊ ကိုယ့်အလို
ကိုယ့်အကြိုက်မလိုက်ဘူး ၊ ဘယ်လို့ မှအမိန့် ပေးစေခိုင်းလို့ မရဘူး ။ သူ့ သဘောအတိုင်း
ဖြစ်နေတာဖြစ်တယ် လို့ ဟောကြားထးပါတယ် ၊

အနတ္တလက္ခသုတ်အကျယ်တရားတော်ကို အောက်က အသံဖိုင်မှာ နားဆင်တော်မူရင်းဖြင့်
မြတ်ဗုဒ္ဓဒေသနာကို ကြည်ညိုသဒ္ဒါပွါးများနိုင်ကြပါစေ ၊

ယခင်က မြန်မာ့အသံကထုတ်လွင့်ခဲ့တဲ့အစီအစဉ်ကလေးဖြစ်ပါတယ်
နာကြားတော်မူကြပါ ၊




တရား ၂ ပုဒ်ကို Download ပြီး ထပ်ဆင့် ဓမ္မဒါနပြုလုပ်နိုင်ပါသည် ၊
မောင်သုည

ဦးသုခ ရဲ့  ဘ၀သံသရာသီချင်း

ဒီသီချင်း ကလဲ ဓမ္မတေးတပုဒ်ပါဘဲ

Sunday 25 July 2010

ဆရာတော်ဦးရာဇဓမ္မဆုံးမသြ၀ါဒ

မန္တလေးမြို့ စိန်ပန်းရပ် မစိုးရိမ်ကျောင်းတိုက်မှ စာပြဆရာတော် ဦးရာဇဓမ္မ သည်
ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ဆေးကုသရန်ရောက်ရှိစဉ် ပြည်ပရောက်မြန်မာနိုင်ငံသားများအတွက်
ဆုံးမသြ၀ါဒမိန့်ကြားခဲ့ပါတယ် ။

















မစိုးရိမ်စာသင်တိုက်သည် စာသင်သား ၃၀၀၀ နီးပါးရှိဟုသိရှိ၇ပါသည် ၊
ဆရာတော်သည် သက်တော် ၇၈ နှစ် ရှိပြီဖြစ်သော်လည်းစာသင်သားသံဃာတော်များကို နေ့စဉ် ၃ကြိမ်ထက်မနဲ
စာချပေးလျက်ရှိကြောင်းသိရှိရပါသည် ၊


ဆရာတော်၏သြ၀ါဒကိုနားကြားတော်မူနိုင်ကြပါသည် ၊

Saturday 17 July 2010

လဘက်ရည်ဆိုင်ထိုင်ခြင်းအကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြမှာ
ဖြစ်ပါတယ် ၊
မောင်သုည
မြန်မာနိုင်ငံမှာ လူကြီး လူငယ် လူရွယ်မရွေး လဘက်ရည်ဆိုင်တဲ့အလေ့ဟာ ဆယ်စုနှစ်
များစွာတောင်ကြာခဲ့ပြီလို့ထင်ပါတယ် ။
လဘက်ရည်ဆိုင်ထိုင်တဲ့ ဓလေ့ ဘဲဆိုဆို လဘက်ရည်ဆိုင် ယဉ်ကျေးမှု လို့ဘဲဆိုဆို ဒီ
အလေ့အထဟာ ဟာ ဘာလဲဆိုတော့ ၊ လူအချင်းချင်း လဘက်ရည်သောက်ရင်း စကားစမြီပြောကြ
တာကိုအလွန်နှစ်ကြိုက်ကြတဲ့ ကျွန်တော်တို့ဗမာလူမျိုးတွေအတွက် အလိုအလျောက် ဖြစ်ပေါ်လာတဲ့
ဓလေ့တခုလို့ဆိုရမှာဖြစ်ပါတယ် ။
ရှေးတုန်းက ဗမာလူကြီးတွေ လဘက်ရည်ကြမ်းသောက်ရင်းစကားစမြီပြောတက်ကြတယ်
မဟုတ်ပါလား ၊ ငါးရံခြောက်မီးဖုတ်ကလေးမြီးရင်း ၊ လာကွဲ့လဘက်ရည်သောက်ရအောင်ဆိုပြီး
လဘက်ရည်ကြမ်းဝိုင်းမှာ မိသားစုအရေး ရပ်ရေးရွာရေးဆွေးနွေူခဲ့ကြတယ်မဟုတ်ပါလား
အခုခောတ်လူငယ်တွေကကော
လဘက်ရည်ဆိုင်မှာထိုင်ပြီး ဘာတွေပြောကြပါ သလဲ ၊ လာထိုင်တဲ့ လူရဲ့အမျိုးအစား
နဲ့ လူအတန်းအစားအပေါ်မူတည်မှာဖြစ်ပါတယ် ။ ကျောင်းသားဆိုရင် ကျောင်က စာအကြောင်း ပေ
အကြောင်းပြောမယ် ၊ ရီးစားအကြောင်းပြောမယ် ၊ ကားပွဲစား အိမ်ပွဲစားဆိုရင်တော့ ၊ ကားအကြောင်း
အိမ်အကြောင်းပြောမယ် ၊ ရှေ့နေတွေ အမှုသယ်တွေဆိုရင်တော့ အမှုအကြောင်းပြောမယ် ၊ စသည်
ဖြင့်ပေါ့ခင်ဗျာ ၊ အဲဒီလူတွေက ဘာဖြစ်လို့လဘက်ရည်ဆိုင်မှာ မှလာပြောကြတာလဲ ၊ အခြားမှာ
ဘာလို့သွားမပြောတြာလဲ လို့ မေးစရာရှိပါတယ် ။
ကဲ လဘက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်း အပြောခင် လဘက်ရည်ဆိုင် ပရိတ်သတ်ချို့
ရဲ့ သံကိုအရင်နားထောင် ကြည့်ကြရအောင်လားခင်ဗျာ
အခု ပထမ ဆုံး နိုင်ငံခြားဘာသာသင် တက္ကသိုလ် က ကိုသက်ဉီး ရဲ့ လဘက်ရည်ဆိုင်
ထိုင် တာနဲ့ပတ်သက်လို့ သူကဒီလိုပြောပါတယ် ။

ကဲ နောက် တယောက် ပုံနှိပ်တိုက် မန်နေဂျာ ကိုအောင်ကြီး ရဲ့ လဘက်ရည်ဆိုင်အမြင်
ကလေး ကိုနားထောင်ကြည့်ပါ အုံးခင် ဗျာ

သောတရှင်များ ခင်ဗျာ လဘက်ဆိုင် ထိုင်တယ်ဆိုတာ ယောက်ကျား တွေဘဲ ထိုင်ကြတာ
လား မိန်းခလေးတွေ ကော မထိုင်ကြဘူးလား ဟောဒီက ဧည့်ကြို တာဝန်ခံ မဝင့်နန္ဒာအောင် ပြော
တာ ကလေးကို လဲ နားထောင် ကြည့်ပါအုံးခင်ဗျာ

ကဲ သောတရှင်တို့ကြားခဲ့ရတဲ့အတိုင်း လဘက်ရည်ဆိုင် ယဉ်ကျေးမုကိုတော့ သိရပါပြီ
အခု ကနော့အနေနဲ့ ဆက်လက်တင်ပြချင်တာကတော့ ဒီလက်ဘက်ရည် ထိုင်တဲ့ သမိုင်း မြန်မာနိုင်ငံ
မှာ ဘယ်တုန်းက စပြီး ဘယ်လိုပေါ်ခဲ့သလဲ ဆိုတာ ပါဘဲ ။

လဘက်ရည်ဆိုင်ထိုင်ခြင်း ဓလေ့လို့ဆိုရမဲ့အလေ့အကျင့်ကိုမြန်မာနိုင်ငံမှာစခဲ့တာ ၁၀ စုနှစ်
အတော်ကြာပြီလို့ဆိုရမှာဖြစ်ပါတယ် ။
မြန်မာနိုင်ငံမှာ လဘက်ရည်ဆိုင်တွေကိုစဖွင့်ခဲ့တာကတော့ အိန္ဒိယလူမျိုး ကုလားများဖြစ်
ပါတယ် ၊ မြန်မာနိုင်ငံ ကို အဂ်လိပ်များ အုပ်စိုးစဉ်ကာလက အိန္ဒိယ နဲ့ မြန်မာနိုင်ငံကို အဂ်လိပ်က
ဘုရင်ခံတယေက်ထဲ ထားပြီး ပူးတွဲအုပ်ချုပ်ခဲ့တာမို့ အိန္ဒိယလူမျိုးများကို တချို့လုပ်ငန်းတွေ မှာအသုံး
ပြုဘို့ခေါ်ဆောင်လာရာမှ မြန်မာနိုင်ငံနေရာအနှံအပြားမှာ အိန္ဒိယလူမျိုးများရောက်ရှိလာတာဖြစ်ပါတယ်။
ထိုစဉ်က စီးပွါးရေးအမြင်ကျယ်တဲ့ ကုလားများက လမ်းဆုံလမ်းထိပ်များမှာ ကုန်စုံဆိုင်များ
လက်ဘက်ရည်ဆိုင်များဖွင့်ခဲံကြပါတယ် ။ ကုန်စုံဆိုင်မှာ ဆန် ဆီ ဆား ငရုပ်ကြက်သွန် က အစ
ရေနံဆီ ဖရောင်းတိုင် စသည့်တို့ကို ညလုံးပေါက်ရောင်းချလေ့ရှိပါတယ် ။
ဟိုတုန်းက လျပ်စစ်မီးကလဲ မရှိသေးတော့ ညသန်းကောင် ရေနံဆီမီးကွက်က ရေနံဆီကုန်
သွားရင် ၊ လမ်းထိပ်က ကာကာဆိုင်သွားပြီး တခါးခေါက်ပြိးဝယ်နိုင်ပါတယ် ။
လက်ဘက်ရည်ဆိုင်ဆိုတာကလဲ လမ်းထိပ်တိုင်းမှာရှိပါတယ် ။ မြန်မာတို့မနက်တိုင်း ပဲပြုပ်
နဲ့ထမင်ကျော်စားနေရာက ၊ ပဲပြုပ်နဲ့နံပြားဖြစ်လာပါတယ် ။ နံပြားဆိုတာကတော့ ကုလားလို ရိုတီကို
ခေါ်တဲ့ ကုလားအစားအစာပါ ၊ အဲဒီ ကာကာ ဆိုင်တွေမှာ နောက်တော့ ကုလားသီချင်းဖွင့်တဲ့ ဓါတ်
စက် ၊ ဓါတ်ပြားတွေ ထားလာပါတယ် ။ ကုလား ရုပ်ရှင်သီချင်းများကိုသာဖွင့်တာများပါတယ် ။
ကျနော်တို့ငယ်ငယ်တုန်းက ကုလားဆိုးပေကားက အာဝါးဒါး ရုပ်ရှင်သိချင်းဟာတော်တော် လူကြိုက်များ
ပါတယ် ။ ဗမာတွေလဲ ကုလားသီချင်းနဲ့ယဉ်ပါးလာပြီး ၊ ကုလာသီချင်းများကိုကြိုက်လာကြပါတယ် ။
အရင်တုန်းက သိန်းဇော် နဲ့ မေလွင်တို့ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကုလားသီချင်းကိုထဲ့သုံး
ထားတာတွေ့ရပါတယ် ။ အရင် ကမေလွင် သီဆိုခဲ့တဲ့ ရွေမိုးကလေးကညိုတယ် ၊ သီချင်းဟာ ကုလား
သီချင်း အလိုက်ကို ယူထားတာပါ ၊ အခု ဟေမာန်နေဝင်း ကပြန်ဆိုထားပါတယ်။
၁၉၆၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေးကောင်စီ တက်လာပြီးနောက် ၊ အိန္ဒိယအစိုး ရနဲ့
မြန်မာအစိုးတို့ညှိနှိုင်းပြိး အိန္ဒိယနိုင်ငံသားများမိမိတို့တိုင်းပြည်ပြန်ပို့ခဲ့ရာမှာ ၊ ကာကာဆိုင်တော်တော်များ
များ လျော့နဲလာခဲ့ပါတယ် ။
အဲဒီလျော့နဲသွားတဲ့ ကာကာဆိုင် များရဲ့နေရာမှာ ဗမာလက်ဘက်ရည်ဆိုင်များနဲ့တရုပ်လဘက်
ရည်ဆိုင်များက အစားထိုးဝင်ရောက်လာပါတော့ တယ် ။ အဲဒီတုန်းက ကက်စက်တို့ စတီဒီရိုတေးတို့ဆို
ိတာတွေက သိပ်ခောတ်မစားသေးတော့ ၊ မြန်မာအသံက ရေဒီယိုစီချင်းတွေကိုနားထောင်ရတဲ့ခောတ်ဖြစ်
ပါတယ် ။ အိမ်တိုင်းမှာကလဲ ရေဒီယိုမရှိသေးတော့ များသောအားဖြင့် ကာလသားတွေဟာ ရေဒီယိုက
ဘော်လုံးပွဲ လွင့်တဲ့အချိန် နဲ့ ညဘက် ၈ နာရီ ၁၅ မိနစ်မှာ လွင့်နေကျ ကာလပေါ်တူရိယာဖွဲ့ တို့ရဲ့ သီ
ချင်းများကို လက်ဘက်ရည်ဆိုင်မှာ စုဝေးပြီး နားထောင်ခဲ့ကြပါတယ် ။
ဟိုတုန်းက ကာလပေါ်တူရိယာအဖွဲ့များဖြစ်တဲ့ ဂီတနက်သန် ၊ ချိုတေးဆက် ၊ ဂီဗိမာန်
မြိုမတူရိယာအဖွဲ့ ၊ ကိုမြကြီး ၊ ကိုမင်းနောင် ၊မာမာအေး ၊ တင်တင်မြ ၊ ကိုသန်းလှိုင် ၊ မေလှမြိုင်
စန္ဒယားချစ်ဆွေ ၊ မြတ်လေး တို့ရဲ အဖွဲ့များ လာမယ့်နေ့ဆိုရင် လဘက်ရည်ဆိုင်မှာ ကာလသားတွေ စော
စော ကထဲက စုဝေးနေကြပါပြီ ၊
ဒါ ဟာ လဘက်ရည်ဆိုင် ထိုင်ဘို့အကြောင်း ရဲ့အစပါဘဲ ၊ ဒီလိုနဲ့ တစတစ လဘက်ရည်
ဆိုင်မှာ ကာလသားတွ စုဝေး ဝိုင်းထို်င်ပြီးစကားပြောတဲ့ အလေ့အကျင့်စတော့ တာပါဘဲ ၊
အဲ အခုနောက်ပိုင်း စတီရီယို တေးခောတ်ရောက်လာတော့ လဘက်ရည်ဆိုင်တွေမှာ ဆောင်း
ဘောက်အကြီး ကြီးတွေနဲ့ အပြိုင်အဆိုင် ဖွင့်လာကြတာတော့တာပါဘဲ ၊
ဒါပေမဲ့တရားဓမ္မအကြောင်း အေးအေးဆေးဆေး စကားပြောချင်တဲ့ လူကြီးပိုင်းတွေကတော့
သီချင်းမဖွင့်တဲ့ဆိုင်တွေကိုရွေထိုင်လာတက်ကြပါတယ် ။
ကဲ ဒီလို လဘက်ရည်ဆိုင်တက်တဲ့ ဓလေ့ လဘက်ရည်ဆိုင်ယဉ်ကျေးမှုဟာ ကျွန်တော်ကို့
မြန်မာပြည် တပြည်ထဲမှာမှတွေ့ရပါသလား တခြားနိုင်ငံတွေမှာကောမတွေ့ရဘူးလား
အဲဒီ နိုင်ငံကလူငယ်တွေ ဘယ်မှာ စုဝေးကြသလဲ ဘယ်ကိုသွားကြသလဲ ဆိုတာကိုတော့
နောက် ဆောင်းပါး တွေမှာ လေ့လာကြည့်ကြရအောင် လားခင်ဗျာ ၊
သောတရှင်များ ရွှင်လန်းချမ်းမြေ့ကြပါစေ


အထက်ပါဆောင်းပါးမှာ ဘန်ကောက်သံသာနားဆင်စရာေ၇ဒီယိုအစီအစဉ်တွင် ထုတ်လွင့်ခဲ့သောဆောင်းပါးဖြစ်ပါသည် ၊

အသံကိုနားဆင်နိုင်ပါတယ် ၊


MusicPlaylist
Music Playlist at MixPod.com


မောင်သုည

Friday 16 July 2010

မိတ်ဆွေတို့ ရေ ဒီနေတော့ ကုလားအစားအစာတွေရောင်းလေ့ရှိတဲ့ မဂိုလမ်းကိုသွားကြရအောင် ရောက် ဖူးတယ်ရှိတာပေါ့ အဲဒီမှာ ဟိုတုန်းကကြုံလိုက်၇တဲ့ ဟာသအဖြစ်အပျက်ကလေး

ယောင်တက်လို့ ပါ တဲ့ 
မိတ်ဆွေတို့ရေ ရန်ကုန်မြို့လယ်ခေါင်မှာရှိတဲ့ မဂိုလမ်း တို့ လွစ်လမ်းတို့ဆိုတာ ဟိုအဂ်လိပ်ခောတ် တုန်းက လက်ကျန်အမှတ်အသားကလေးတွေအခုထိရှိသေးတာကိုအရင်ပြော ပြပါမယ် ၊
ဟိုတုန်းက လျပ်စစ်ဓါတ်မီးဆိုတာ ရန်ကုန်မြို့မှာကို မရှိသေးဘူး ၊ နေအိမ်တွေမှာ မဆိုထားနဲ့ လမ်းဘေးက
ဓါတ်တိုင်မှာတောင် လျပ်စစ်မီးမရှိသေးဘူး ၊ အဲဒါပေမဲ့ ဓါတ်မီးတိုင် တော့ရှိတယ် ၊ အဲဒီဓါတ်မီးတိုင်ကမီးထွန်းဘို့ 
လေ ၊ ဓါတ်တိုင်ထိပ်မှာ ရေနံဆီမီး ခွက်ရှိပြီး လေးဒေါင့်မှန်လေးနဲ့ ကာထားတယ် ၊
ထိပ်ကို ချွန်ချွန်ကလေးရှူးတက်သွားတယ် ၊ ရှေးဆန် ရှေးဆန်ဆန်လေးပေါ့  ညနေ ၆ နာရီဆို၇င် လှေခါးထမ်း
လာတဲ့ကုလားတြယောကကရေနံဆီဖြည့်ပြီးမီးထွန်းပေးသွားတယ် ။
အခုလဲ ဒီဓါတ်တိုင်တွေကို ဖျက်မပစ်ဘဲ မီးခွက်နေရာမှာ လျပ်စစ်မီး လုံးကိုအစားထိုးထားတာတွေနေ၇ပါ
တယ် ၊ ရှေးခောတ်ဟောင်း အောင်းမေ့ဘွယ်ပုံစံကလေးပေါ့ ၊ အဲဒီပုံစံကလေးတွေကို လွစ်လမ်းနဲ့ မဂိုလမ်း
( အဲအခု ရွှေဘုံသာလမ်းပေါ့ ) တို့ မှာတွေ့ရတုန်းဘဲလေ ၊ အဲဒီမီးတိုင်တွေနားမှာတော့ ကုလားအစားအစာ တိုရှေ
တချို့ ကတော့ ( ဒေါ်ဆယ် ) လို့ ခေါ်တယ် ၊ မုန့် သွန်ဇံ ၊ အာပုံ ၊ ပူတူးမုန့် တို့  နားပေါက်ကျယ်ကုလားမကြီးတွေ
ထိုင်ရောင်းလေ့ရှိတယ်။
တိုရှေဆိုတာ မိတ်ဆွေတို့စားဘူးရဲ့လားမသိဘူး ကုလားလို ဒေါ်ဆယ် ဆိုတာကို ဗမာသံနဲ့ တိုရှေလို့ ခေါ်တာလေ
တကယ်တော့ အဲဒီမုန့် က တိုလဲမတိုဘူး ရှေလဲမရှေဘူး ပြားပြား ကြီး ဆန်မှုံနဲ့မတ်မဲမှုံ့ကိုရေနဲ့ဖျော်ပြီး ထးတဲ့ဆန်
မုန့် ရည်ကို ဒယ်အိုးပြားပေါ်မှာတင်ပြီး ကင်တယ်ခေါ်မလား ၊ ကြော်တယ်ခေါ်မလား ဆီလေးနဲနဲ ထဲ့တော့ ကြော်
တယ်လို့ လဲပြောလို့ ရတာပေါ့လေ ၊ အဲဒါကို ကြက်သနီးလို့ခေါ်တဲ့ ပဲဟင်းပြစ်ပြစ်နဲ့တို့စားရတယ် ၊ အဲဒါကို ဖန်ခွက်
နဲ့ထဲ့ပေးတဲ့လက်ဘက်ရည်နဲ့သောက်ရင်အလွန်အရာသာရှိပေါ့ ၊ တခါတလေ ပဲပြုပ်နံပြား ရိုးသွားရင် ပြောင်းစား
လေ့ရှိတဲ့ ကုလားအစာအစာတမျိုး ပေါ့ 
တနေ့တော့ မောင်သုံညက လမ်းထဲကအဖေါ်တယောက်နဲ့အဲဒီ တိုရှေသွားဝယ်တယ် ။ အဲဒီအဖေါ်က
ယောက်တက်တယ် ၊ မိတ်ဆွေတို့တွေ့ဘူးမှာပေါ့ ယောင်တက်တဲ့သူတချို့ကိုလေ ခါးကိုထိုးလိုက်၇င် ပလုပ်တုတ်
ကုလားလေး ၊ ဘာညာ စသဖြင့်အော်တက်တယ် ။ တချို့က သူများလုပ်တာမြင်ရင် လိုက်လုပ်တယ် ၊ သူများပြော
တာလိုက်ပြောတယ် ။ အကျနော့် အဖေါ်က သူမြင်တာကိုယောင်ပြီး အော်တတ်တယ် ၊
အဲဒီနေ့က တိုရှေဆိုင်ကလဲ ဝယ်သူတွေတော်များတယ် ၊ တချို့ကလဲ ၁၀ ခု ၊ တချို့ကလဲ ၅ ခု ဆီ့လုပ်ပေးပါ ၊ဟိုဟာမထဲ့ ဒီဟာထဲ့ ၊ တချို့ကတော့ရိုးရိုးပေါ့ ၊ ကျနော်တို့လဲ မှာပြီးစောင့်နေတာပေါ့ ၊
တိုရှေ ကုလားမကြီးကိုလဲကြည့်ပါအုံး ၊ ဝ၀ ဖိုင့်ဖိုင့် နှာခေါင်းကအကြီးကြီးနှာခေါင်း မှာလဲ ကွင်းကြီးတွေဖေါက်ပြီး
မဆွဲထားသေးတယ် ၊ နှာခေါင်းမှာ ကွင်းကလေးတွေဆွဲတာ ဟိုတုန်းက ကုလးမတွေက စတာပါနော်
အခုတော့ ယောက်ကျားကလေးတွေလဲနား၇ွက်မှာ နကွင်းနဲ့ ဖြစ်နေပြီ ။
အဲ အဲ ကျနော့်ဘေးကအဒေါ်ကြီးကလဲ တိုရှေကုလမကြိးကို ကြည့်ပြီးစိတ်ဝင်စား
နေတယ်ထင်ပါရဲ့ ၊ ဘာတွေစိတ်ကူးနေသလဲတော့မသိဘူး ၊
ကုလားမကြီးကမေးတယ် ကြသနီးလား သကြားလာဒ ဘာထဲ့မလဲဆိုတာသူမကြားဘူး
ဒါနဲ့ ကျနော် က အမကြိးမေးနေတယ် ဘာထဲ့လဲတဲ့လိုပြောရင်း သူခါးကိုထိုး မိလိုက်တယ်

ဟဲ့ သောက်ပလုပ် တုတ် အဲဒီနာခေါင်းထဲ့ ဆို ပြိး ပြောချလိုက်ပါရော
ကုလားမလဲ ဒေါသထွက်ပြီး သွား နင့်ကိုမရောင်းဘူးဆိုပြီးအော်လွှတ်လိုက်လို့
အဲဒီနေ့က တိုရှေငတ်ခဲ့ရတယ် မစားလိုက်ရဘူး
တော်သေးတာပေါ့  ယောင်းမနဲ့ မပေါက်လိုက်တာ
ရွှင်လန်းကြပါစေ

Sunday 4 July 2010










လောကဓမ္မဂျာနယ်

လောကဓမ္မဂျာနယ်ကို၁၉၉၈ ခုနှစ် မှစ၍ လက်ကမ်းစားစောင်အဖြစ် ဖြန့် ဝေခဲ့ပါသည် ၊ ယခု အဆိုပါဆောင်းပါး
များမှ ကောင်းနိုးရာရာများကို ပြန်လည် ရေးသားဖေါ်ပြထားပါသည်

စိတ်အေးစရာသာသနာ

မတ်ဗုဒ္ဓသာသနာသည်သိမ်မွေ့ နက်နဲသော အဆုံးအမတရားတော်တို့ စုဝေးရာဖြစ်သည် ၊ သစ္စသာသနာပွင့်လင်းထွန်းကားရာလည်းဖြစ်ပါသည် ၊ သာသနာ၌ပန်းတိုင်နှင့်လမ်းကြောင်းရှိသည် ၊ ပန်းတိုင်နှင့်လမ်းကြောင်းသည် သာသနာ၏အရေးကြီးသောအချက်ပင်ဖြစ်၏ ၊ အမြင့်ဆုံးပန်းတိုင်သို့ ရောက်ရန်မှာလမ်ကြောင်းအမှန်ရှိဘို့ တော့လိုလိမ့်မည် ၊ အတွေးအမြင်မမှန်သောလမ်းကြောင်းတို့ ဖြင့်လမ်းချော်ခဲ့သည်ရှိသော် ပန်းတိုင်သို့ ရောက်ရန်မဖြစ်နိုင်တော့ပါ ၊ ဤသာသာနာ၌ နိဗ္ဗာန်သည်ပန်းတိုင်ဖြစ်၍သစ္စာတရားတော်သည်လမ်းကြောင်းအမှန်ပင်ဖြစ်သည် ၊
သစ္စာတ၇ားများသည်လောကအတွင်း၌အမြဲရှိနေပါသည် ။ ရှာဖွေဖေါ်ထုတ်၍ဟောပြောမည့်ပုဂ္ဂိုလ်မရှိသောကြောင့်သာ ရှေးအခါကမထွန်းကားခဲ့ခြင်းဖြစ်သည် ၊ မြတ်ဗုဒ္ဓကဤကမ္ဘာလောကကြီးအတွင်းမှာသတွာတွေနှင့်ယှဉ်တွဲနေသောအမှန်တရားများကိုဖေါ်
ထုတ်ပေးခဲ့သည် ၊
ဗုဒ္ဓကလွဲ၍ လောကသဘာဝအမှန်တရားတော်များကို ဖေါ်ထုတ်ပေးစွမ်းနိုင်သူမရှိပါ ၊ ဗုဒ္ဓပေါ်ထွန်းလာမှသာ မြတ်ဗုဒ္ဓ၏အဆုံးအမသာသနာသည် တချိန်တည်းမှာပေါ်ထွန်းခဲ့သည် ။
လူတို့ သည် ကမ္ဘာကိုပုံစံအမျိုးမျိုးဖြင့်အလှဆင်နေကြ၏ ၊ ငြိမ်းချမ်းမှုကိုရှာနေကြပါ၏ ၊ သူတို့ တတွေအလှဆင်သောပစ္စည်းအားလုံးသည် ရုပ်ဝတ္တုများသာဖြစ်၍ ၊ ရုပ်ဝတ္တုတို့ သည်ပျက်စီးမှုဖြင့်သာအဆုံးသတ်လေ့ရှိသောကြောင့် အလှစင်စစ်မဟုတ်သလိုငြိမ်းချမ်းမှုအမှုအမှန်ကိုလည်း
မရနိုင်ကြပါ ၊ မြတ်ဗုဒ္ဓသာသနာသည်ကမ္ဘာကိုငြိမ်းချမ်းစွာအလှဆင်ဘို့ ပေါ်ထွန်းလာဖြင်းဖြစ်သည် ၊ သသာနာ၌
ခန္တီ ၊ မေတ္တာ ၊ သစ္စာတရားတို့ အပြည့်ရှိသည် ၊ ၄င်းတရားတို့ သည် လူအိုသော်လည်း လူတို့ ခန္ဓာကိုယ်အတွင်း၌
အိုမင်းရင့်ရော်ခြင်းမရှိဘဲ ထာဝစဉ်နုပျိုလန်းဆန်းနေမညဆိုပါက ၊လောကကြီး နုပျိုလန်းဆန်းလှပနေမည်သာ
ဖြစ်သည် ၊
သောက နှင့် အပူများသော ဤကမ္ဘာတွင် အပူသောကနှင့် ဆင်းရဲဒုက္ခတို့ ကိုကင်းဝေးစေရန်မှာ သာသာနာ အ၇ိပ်သို့  ၀င်ရောက်ချဉ်းကပ်နိုင်ဘို့ လိုအပ်ပါသည် ၊ ဝေနေယျသတွာတို့ ၏အပူအရှုတ်ကို ဖြေရှင်း
ပေးနိုင်ဘို့ အတွက် သသာနာပေါ်ထွန်းခဲ့ခြင်းဖြစ်လေရာ ၊ မြတ်ဗုဒ္ဓသာသနာသည်များလုဝေနေယျတို့ ၏ စိတ်အေး စရာသာသနာ ဟူ၍ သာ ယုံကြည်သဒ္ဒါပွါးများကြပါစို့ 

များစွာဒုက္ခရှိနေကြ၍ ဒုက္ခအမှန်လွတ်ဘို့ ရန် လမ်းညွန်သာသနာပေါ်ခဲ့သည်

ဖြစ်ချင်သမျှမဖြစ်၇ဘဲ လွဲရမြဲမို့  ဖြစ်ဘို့ ဧကန်အကြောင်းမှန် လမ်းညွှန်သာသနာ ပေါ်ခဲ့သည်

တကယ့်အရေး တကယ့်ဘေးတွင် ကယ်တင်မဲ့သူမရှိမူ၍ ကယ်မည့်တရား သစ္စာများမှ

ကိုယ့် ကိုယ် စွမ်းအား ကိုယ်ကျိုးစား အောင် လမ်းညွှန်သာသာနာပေါ်ခဲ့သည် ၊


အရှင် ဦးဂုဏိဿရ ( L A )

Saturday 3 July 2010

လောကဓမ္မဂျာနယ်


လောကဓမ္မဂျာနယ်


ကျန်ရှိနေတဲ့သက်တမ်းကိုဘယ်လိုနေမလဲ
ရဝေနွယ်( အင်းမ)
တခါတုန်းကဂျပန်ဘုန်းတော်ကြီးတပါးဟာနန်းတော်ထဲကိုဝင်လာခဲ့ပါတယ် ၊ သူဝင်လာချိန်မှာအ
စောင့်တွေကမတားဆီးလိုက်နိုင်ပါဘူး ၊၊ ဒီတော့ဘုရင်ကြီးဆီတန်းရောက်သွားပါတယ် ၊ဘုရင်ကြီးကလည်း
ဂျန်ပန်ဘုန်းကြီးကိုတွေ့ လိုက်၇တော့ချက်ချင်းပဲမေးလိုက်ပါတယ် ၊
အရှင်ဘုရားဘာအလိုရှိပါသလဲဘုရား
ငါ အိပ်ဘို့ အခန်းကောင်းကောင်းတခုအလိုရှိပါတယ်
အို --- အရှင်ဘုရားနေရာမှားလာပြီ ၊ ဒါတည်းခိုခန်းမဟုတ်ဘူး ၊ နန်းတော်ဘုရား
နေပါဦး မေးပါဦးမယ် မင်ပြောတဲ့ဒီနန်းတော်မှာ မင်းအရင်ဘယ်သူများနေသွားသလဲ
တပည့်တော်အရင်တပည့်တော်အဖေနေသွားပါတယ်ဘုရား အခုတပည့်တော်အဖေမရှိတော့ပါဘူး
မင်းအဖေအရင်ကော ဘယ်သူနေသွားသေးသလဲ
တပည့်တော်အဘိုး နေသွားပါတယ် အခုတော့မရှိတော့ပါဘူး
မင်းအဘိုးအရင်ကော
တပည့်တော် အဘေးနေသွားပါတယ် ဘု၇ား
ဒါများကွာ --- နန်းတော်တဲ့  မင်းအဖေလဲနေပြီးထွက်သွားပြီ ၊ မင်းအဘိုးလဲနေပြီးထွက်သွားပြီ ၊
မင်း အဘေးလဲနေပြီးထွက်သွားပြီ ။ မင်းလည်းနေပြီးထွက်သွားရဦးမယ် ၊ ဒါတည်းခိုခန်းမဟုတ်လို့ 
ဘာလဲကွာ
ဂျပန်ကြီးရဲ့ စကးကြားလိုက်တော့ ဘုရင်ကြီးလည်း တခါမှ မစဉ်းစားဖူးတဲ့ သြော် ငါတည်ခိုခန်းမှာနေနေပါ
လား ဆိုတဲ့ အသိဥာဏ်သစ်တခု လင်းခနဲ ၀င်သွားပါတော့သတဲ့
( ဂျပန်ပုံဝတ္တု )
ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းသော့ပေးမပေးတော့ စာထဲမှာဆက်ပြမထားပါဘူး ၊
ပုံပြင်လေးကတော့ ဒါပါပဲ
တကယ်တော့ဂျပန်ဘန်းကြီးပြောသလိုအားလုံး အားလုံးဟာ တည်းခိုခန်းမှာခေတ္တခဏ၀င်တည်း
နေကြတာပါ အချိန်တန်ရင် သတ်မှတ်ရက်စေ့ ရင် အိမ်ပြန်ကြရမှာပါ ၊
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရဦးမလဲ
လူ့ ဘ၀သက်တမ်းကို ယေဘူယျ ၇၅ နှစ်ပဲထားလိုက်ပါတော့ ၊ အသက် ၄၀ ရှိတဲ့သူတယောက်ဟာတည်း
ခိုခန်းမှာ နောက်ထပ် ၃၅ နှစ်ပဲနေခွင့်ရတော့မှာပါ ၊အသက် ၅၀ ရှိတဲ့သူယောက်ဟာနောက်ထက် ၂၅ နှစ်
ပဲ နေခွင့်ရတော့မှာပါ ၊ အသက် ၆၀ ရှိတဲ့သူတယောက် ဟာ တည်းခိုခန်းမှာ ၁၅ နှစ်ပဲနေခွင့်ရတော့မှာပါ။
လက်ကျန်အချိန်ကနည်းနေပါပြီ ၊ ကျန်တဲ့ အချိန်ကိုယ့်အတွက်သိပ်တန်ဘိုးရှိနေပါတယ် ၊
ဒီအချိန်ဟာ သူတပါးကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဘို့ ကအဓိကပါ ၊
ဒီတော့ ကျန်တဲ့သက်တမ်းကိုဘယ်လိုနေမလဲ ?
ဒီမေးခွန်းကို နေ့ တိုင်း ကိုယ့် ကိုယ် ကိုမေးရမှာပါ ၊
ဒါဆို လူတယောက်ရဲ့ တန်ဘိုးကိုဘာနဲ့ ဆုံးဖြတ်မလဲ ရာထူးဌာနန္တရ ၊ ငွေကြေးဥစ္စာ ၊ ပညာ ၊
အောင်မြင်ကျော်ကြားမှု ၊ အခြံအရံ ဒါတွေနဲ့ တိုင်းတာမလား ၊ တိုင်းတာလို့ မရပါဘူး ၊ လူတယောက်
ရဲ့ တန်ဘိုးကို သီလ ၊ သမာဓိ ၊ ပညာ ၊ ဆိုတဲ့ သိက္ခာ သုံးပါးနဲ့ ပဲတိုင်းတာရမှာပါ ၊ လူတယောက်ဟာ
သိက္ခာသုံးပါးနဲ့ ပြည့် စုံနေရင်တန်ဘိုးရှိနေတာပါပဲ ၊
ရာထူးဌာနန္တရ ၊ ငွေကြေးဥစ္စာ ၊ ပညာ ၊ အောင်မြင်ကျော်ကြားမှု ၊ အခြံအရံတွေတော့ရှိပါရဲ့ ၊ ဒါ
ပေမဲ့ သိက္ခာ သုံးပါမရှိဘူးဆိုရင်တန်ဘိုးရှိတယ်လို့ မဆိုနိုင်ပါဘူး ၊ ရာထူးဌာနန္တရ စသည်တွေလည်းရှိမယ်
သိက္ခာသုံးပါလဲရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ ၊
ဒါကိုထောက်ပြီး ကိုယ့် မှာရာထူးဌာနန္တရ ၊ ငွေကြေးဥစ္စာ ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံ
အရံတွေမရှိပေမဲ့ ဘာမှအားငယ်စရာမလိုပါဘူး ၊ ကိုယ်ရင်ထဲမှာသိက္ခာသုံးပါတည်နေရင် ကိုယ်ဟာတန်
ဘိုးရှိနေတာပါ ၊ ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါတည်အောင်လုပ်ရုံပါပံ ၊

နံနက်အိမ်ယာထ ကိုယ်လက်သန့် စင်ပြီးတာနဲ့ ဘုရားခန်းထဲသွားလိုက်ပါ ၊ ပြီးတော့ငါးပါသီလ
ခံယူလိုက်ပါ ဒါဆို သီလသိက္ခာတည်သွားပါပြီ ၊ နောက် ဂုဏ်တော်ကိုငါးမိနစ် ၊ မေတ္တာကိုငါးမိနစ် ၊ပွါးလိုက်
ပါ ၊ ဒါဆိုသမာဓိသိက္ခတည်သွားပါပြီ ၊ နောက်ဆက်ပြီး ၀ိပဿနာကို ငါးမိနစ်ပွါးလိုက်ပါ ၊ ဒါဆိုရင် ပညာ
သိက္ခာတည်သွားပါပြီ ၊ သိက္ခာ သုံးပါးကိုယ့်ရင်ထဲရောက်သွားတာနဲ့ ကိုယ်ဟာတန်ဘိုးရှိတဲ့သူဖြစ်သွားပါပြီ၊
ခက်သလား ၊ မခက်ပါဘူး ၊ ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ပေးရပါတယ် ၊ ပြီးရင်

င့ါရင်ထဲမှာ သိက္ခာသုံးပါတည်နေရင် ငါဟာတန်ဘိုးရှိနေတာဘဲလို့ 

အသံထွက်ပြီး ၃ ကြိမ်လောက်ရွတ်လိုက်ပါ ၊ နေ့ ခင်းကျရင်တကြိမ်ရွတ်လိုက်ပါ ၊ ညပိုင်းကျရင်တကြိမ်ရွက်
ရွတ်လိုက်ပါ ၊ အသံနဲ့ ပါပူးပြီး ကိုယ့် ကိုယ် ကိုအားပေးလိုက်ပါတာပါ ၊

ကိုယ့်ရင်ထဲသိက္ခာသုံးပါးရောက်တာနဲ့  ကိုယ့်ရဲ့ စိတ်ပါဝါစွမ်းအားတွေလည်း အလိုလိုရောက်လာတာပါ ၊ တရားသံနဲ့ ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ ၊
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာပျော်ပျော်ရွှင်ရွှင်ဖြစ်သွား
တော့တာပါ ၊ သူတပါးမကြည်ညိုတာ ကြည်ညိုတာထက် ကိုယ့်ကိုယ်ကိုကြည်ညိုဘို့ ကအဓိကပါ ၊
အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာလျော့မတွက်ပါနဲ့  အသံထဲမှာစွမ်းအားတွေရှိနေပါတယ်
ဒါကြောင့် တနေ့  သုံး ခါလောက်အသံထွက်ပြီး ရွတ်ပါ ၊ အသံကလဲ ကိုယ့်ရဲ့ စိတ်ဓါတ်တက်ကြွမှုကိုကူညီ
ပါလိမ်မယ် ၊ တခါတလေ အဆင်မပြေမှုတွေကြုံတဲ့အခါပဲဖြစ်ဖြစ် ၊ လောကဓံဆိုးတွေနဲ့ တွေ့ ကြုံတဲ့အခါပဲ
ဖြစ်ဖြစ် အားငယ်စိတ်ဝင်လာရင် ကိုယ့်ရင်ထဲသိက္ခာသုံးပါးတည်အောင်လုပ်လိုက်ပါ ၊ တည်လိုက်တာနဲ့ 
ကိုယ်ဟာတန်ဘိုးရှိတဲ့လူတယောက်ဖြစ်သွားပါပြီ ။ ဒါဆိုဘာမှ အားငယ်စရာမလိုတော့ပါ ၊

တစုံတယောက်က ငါ့ကို မချစ်ဘူး ၊ ဘာဖြစ်လဲ ကိုယ့်မှာသိက္ခာသုံးပါးရှိတယ် ၊
တစုံတယောက်က ငါ့ကို မုန်းနေတယ်ဘာဖြစ်လဲ ကိုယ့်မှာသိက္ခာသုံးပါးရှိတယ် ၊
ငါ့မှာအခြံအရံအသိုင်းအ၀ိုင်မရှိဘူး ၊ ဘာဖြစ်လဲ ငါ့မှာသိက္ခာသုံးပါးရှိတယ် ၊
ငါကအအောင်မြင် ဘူး ၊ ဘာဖြစ်လဲ ငါ့မှာသိက္ခာသုံးပါးရှိတယ် ၊
င့ါမှာကားမရှိဘူး ၊ ဘာဖြစ်လဲ င့ါမှာသိက္ခာသုံးပါးရှိတယ်
ငါမကျန်းမာ ဘူး ၊ ဘာဖြစ်လဲ ငါ့မှာသိက္ခာသုံးပါးရှိတယ်
င့ါမှာငွေကြေးမချမ်းသာဘူး ၊ ဘာဖြစ်လဲ င့ါမှာသိက္ခာသုံးပါးရှိတယ်

လူတယောက်ရဲ့ တန်ဘိုးကို ငွေကြေးဥစ္စာ ၊ အခြံအရံအသိုင်းအ၀ိုင်းတွေနဲ့ ဆုံးဖြတ်တာမှမဟုတ် တာ ၊ သိက္ခာသုံးပါးနဲ့ ဆုံးဖြတ်တာပဲ ၊

အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ် ၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ၊ ဂုဏ်တော်လေးပွါးနေမယ် ၊
အလုပ်နားနေတဲ့ အချိန်တွေမှာလည်းဂုဏ်တော်လေးပွါးနေမယ် ၊ နောက်ဆုံးအိမ်သာတက်ရင်း ဟိုဟို
ဒီဒီတွေးမနေပဲ ဂုဏ်တော်လေးပွါးတက်မယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ သမာဓိတွေဖြစ်နေပါတယ် ၊ တစ်
ယောက်ထည်း လုပ်နေရတဲ့အလုပ်တွေမှာလည်း တက်နိုင်သမျှသတိလေးကပ်ပြီးလုပ်နေမယ်ဆိုရင်လဲ
ပညာသိက္ခာတည်နေတာပါပဲ ၊
ငါ့ ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဘိုးရှိနေတာပဲ ၊ ဆိုတဲ့ အတွေးကလေးကိုတော့
ရင်ထဲမှာသေသေချာချာထည့်ထားရမှာပါ ၊ တက်နိုင်ရင် ကိုယ့်အိပ်ခန်းထဲမှာပဲဖြစ်ဖြစ် ကိုယ်ရဲ့ အလုပ်စား
ပွဲပေါ်မှာပဲဖြစ်ဖြစ် ကိုယ်အမြဲမြင်နေရတဲ့ နေရာမှာ
ငါ့ ရင်ထဲမှာသိက္ခာသုံးပါးတည်နေရင်ငါဟာတန်ဘိုးရှိနေတာပါပဲ
ဆိုတဲ့စာတန်းလေးကိုကပ်ထားပါ ဒါဆိုရင်စာတန်းကိုမြင်တိုင်းမြင်တိုင်း ကိုယ့်ကိုယ်ကို ဘယ်လိုဖြတ်သန်း
ရမယ်ဆိုတာသတိပေးထားပြီးသားဖြစ်နေတော့တာပါပဲ ၊
ကျန်ရှိနေတဲ့သက်တမ်းကိုသိက္ခာသုံးပါးနဲ့ တန်ဘိုးရှိရှိနေသွားရုံပါပဲ ၊

ရဝေနွယ်( အင်းမ ) ၏ စိတ်ညစ်ရင်ရေချိုးပါ စာအုပ်မှ ပထမပိုင်း ကျန်ရှိနေတဲ့သက်တမ်းကိုဘယ်လိုနေမ
ဆောင်းပါးအပုဒ်ကိုကူးယူဖေါ်ပြလိုက်ခြင်းဖြစ်ပါသည် ၊

တင်ပြသူ မောင်သုည

Friday 2 July 2010

ဘိက္ခုနီသာသနာအတွက် နိဗ္ဗာန်ဆော်



မောင်သုည







ဘိက္ခုနီသာသနာအကြောင်းမတင်ပြခင် ၊
ဓမ္မဒိန္န နဲ့ ဝိသာခ တို့ ဇနီးမောင်နှံတို့ဝတ္တုလေးကိုအကျဉ်းလောက်ပြောပြချင်ပါတယ် ။
ဒီဝတ္တုမှာ ယောကျာ်းဖြစ်သူက ဝိသာခ သတို့သား ဖြစ်ပြီး မိန်းမက ဓမ္မဒိန္နဖြစ်ပါတယ်
သူတို့ဟာ သူဌေးလင်မယားဖြစ်ကြီး ၊ ဝိသာခ သတို့သားက ဘာသာရေးကိုကိုင်းရှိင်းသူဖြစ်ပြီး အခြား
သူဌေများနဲ့အတူ နေ့စဉ် ဘုရားကျောင်းသွားပြီး တရားနာ တရားအားထုတ်လေ့ရှိပါတယ် ။
သူဟာ တဖြေးဖြေးနဲ့ တနေ့ထက်တနေ့ထူးထူးခြားခြားတရားရလာပါတယ် ။ ဇနီးဖြစ်သူ က လင်တော်
မောင်ပြန်လာရင် လက်ခလေး ဆွဲပြီး ခရီးဉီးကြိုဆိုလေ့ရှိပါတယ် ။
ဝိသာခ သတို့သားဟာ ပထမ သောတာပန် ၊ ဖြစ်လာတယ် နောက် သကဒါကမ်ဖြစ်လာ
တယ် ။ နောက်တော့ ကာမဂုဏ်အာရုံကိုတပ်မက်ခြင်းကင်တဲ့ အနာဂါမ္မိက မဂ်ကိုရလာတော့
ဇနီးသည် ၊ ထုံးစံအတိုင်း လက်စွဲပြိး ခရီးဉီးကြိုဆိုတာကို လက်စွဲမခံတော့ဘူး
ဇနီးသည်က ဒီနေ့ငါ့ယောကျာ်းအခြေမနေထူးတယ် ၊ ဘာများဖြစ်လာလို့ပါလိမ့် ၊ ငါ့အပ်ါမှာဘဲမကျေ
နပ်လို့လား ၊ တပါးသောသူကိုဘဲ နှစ်သက်လို့လားဆိုပြိး စိတ်ထဲ သောကဖြစ်နေတယ် ။ ဝိသာခ က
လဲ ထမင်းစားတဲ့အခါမှာလဲ တယောက်ထဲစားတဲ့မအနေနဲ့ပဲ စားတော့တယ် ။ ဒီတော့ ဇနီိးဖြစ်သူက မနေနိုင်တော့ဘဲ ဖွင့်မေးတော့တယ် ၊ ဒီအခါမှာ ဝိသာခ သတိုးသားက သူအနာဂမ်တည်လာတယ်ဆို တာ မပြောကောင်းဘူးလို့သိပေမဲ့ ဖွင့်မပြောရင် သူဇနီးရင်ကွဲပြီးသေမှာကို သူသိတဲ့အတွက်ဖွင့်ပြော လိုက်တယ် ၊
တခြားမဟုတ်ပါဘုးကွာ ၊ မင်းအပေါ်လဲ မကျေနပ်လို့မဟုတ်ပါဘူး ၊ တပါးသူကိုလဲကြင်
နာလို့မဟုတ်ပါဘူး ၊ တရားရဲ့အကျိုးတွေပါ ၊ တဏှာရာဂဆိုတဲ့ ၊ ကာမဂုဏ်အာရုံတွေကို မနှစ်သက်
တော့တဲ့ အနာဂမ်မိမဂ်ဆိုတဲ့ ဉာဏ်ကိုရလာလို့ဒီလိုဖြစ်တာပါ ၊ ဒီနေ့ကစပြီး ဒို့နှစ်ယောက်ပိုင်တဲ့ပစ္စည်း
ဉစ္စာတွေကိုမင်းဘဲ ဉီးပြီးလုပ်ကိုင်ပါတော့ ၊ ငါ့ကိုတော့ မောင်ကြီးတယောက်လို ဘဲ ထမင်းတနပ်ကြွေးထားရင်တော်ပြါုပီလို့ဖွင့်ပြောလိုက်သတဲ့

ဒီတော့ ဓမ္မဒိန္နကဒါဖြင့်မောင်ကြီးရယ် အခုလိုတရားနာတယ် တရားအားထုတ်တယ်ဆိုတာ
ယောကျာ်းများမှလုပ်လို့ရတာလား ၊ မိန်းမများကောလုပ်လို့မရဘူးလားလို့မေးတော့ ၊ ဟာ ဒီလိုမဟုတ်
ပါဘူး ၊ မိန်းမများလဲ အားထုတ်လို့ရပါတယ် လို့ပြောတော့ ၊ သူလဲတရားအား ထုတ်ချင်တယ်ဆိုပြီး
ယောကျာ်းထံခွင့်ပန်ပြီး ဘိက္ခုနီမဝတ်ပြိးအားထုတ်လိုက်တာ ၊ ရက်တိုတိုနဲ့နဲ့ဘဲ ရဟန္တာမ ဖြစ်သွား
တယ် ၊ ယောကျာ်းဖြစ်သူထက် တဆင့်မြင့်ပြီး သူမက ရဟန္တာဖြစ်ပြိး အိမ်ပြန်လာတယ် ။ ရက်ကလဲ
တိုတိုနဲ့ အိမ်ပြန်လာတယ်ဆိုတော့ ၊ ယောကျာ်းလုပ်တဲသူက လုများထွက်ချင်လို့လားဆိုပြိး ၊ တကယ်
ဘဲ တရားနဲ့တွေ့ပြီးပြန်လာတာလားဆိုတာ ဝေခွဲလို့မရတာနဲ့  ၊ တရားနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုမေး
ခွန်းတွေမေးကြည်၊ တော့လဲ အမှန်တွေကိုချည့်ဖြေနိုင်နေတာတွေ့ရတယ် ။ ဒါပေမဲ့ ဝိသာခ သတို့သား
က တကယ်ဘဲတရားကိုသိလို့ဖြေနိုင်တာလား ၊ စာတက်လို့ဘဲပြောနိုင်တာလားဆိုတာ မဆုံးဖြတ်နိုင်လို့
ဟုတ် မဟုတ်သေချာအောင် ဘုရားထံအဆုံးအဖြတ်ခံတော့ မြတ်စွာဘုရားက ချစ်သမီး ဓမ္မဒိနန္နဟာ
တကယ် တရားထူးတရားမြတ်ရပြီး အရဟတ္တဖိုလ်ဆိုက်သွားကြောင်းဟောကြားခဲ့ဘူးပါတယ် ။
အဲဒီနောက် ဘုရားရှင်ထံမှာ မိဒွေးတော်ဂေါ်တမီ ဉီးဆောင်ပြီး တရားကျင့်တရားအားထုတ်
တယ်ဆိုကာ ၊ ယောကျာ်းသားများမှ လုပ်နိုင်တာလား ၊ မိန်းမသား များကောမကျင့်ကြံနိုင်ဘူးလားလို့
ဆိုပြီး တင်ပြတောင်းခံတဲ့ အတွက် မြတ်စွာဘုရားက ဘိက္ခုနီသာသနာကို ခွင့်ပြုခဲ့ပါတယ် ။
ဒီနေရာမှာ ကြုံကြိုက်လို့ မိန်းမသားများ ရဲ့ ဘိက္ခုများရဲ့ ဘဝ ၊ ဘိက္ခုနီသာသနာကို နဲ့
ဘုရားသားတော်များဖြစ်တဲ့ ယောကျာ်းများရဲ့ ရဟန်းတော်များ မတူညီတာကလေးကိုတင်ပြချင်ပါတယ်
ဗုဒ္ဓသာသနာမှာ ယောကျာ်းများသာသနာ့ဘောင်ဝင်ပြီး၊ တရားကျင့်ကြံအားထုတ်တဲ့အခါ
မှာ ၊ ခန္ဓာ့ဝေယျာဝစ္စ နည်းပါးသွားစေရန်အတွက် ၊ ဆွမ်း ၊ သဏ်န်း ဆေး ၊ ကျောင်း ၊တို့ကို
ဒါယိကာ ဒါယာကာ မများထံမှ အလှုခံပြီး သုံးဆောင်နိုင်ပါတယ် ။ ရဟန်းတော်များ ဆွမ်းအလို့ငှါ ၊
သပိတ်ကိုဆွဲပြီးဆွမ်းခံထွက်ကြရတဲ့အခါ ၊ ဒါယကာ ဒါယကာမ များက ချက်ပြုပ်ပြိးသား ဆွမ်းဘော
ဇဉ်ခဲဘွယ်တို့ကို လောင်းလှူကြပါတယ် ။
အခုလို ၀ါဆိုလများဆိုရင် ၀ါဆိုသင်္ဃန်းကပ်ပွဲများ အမြို့မြိဲု့အနယ်နယ်မှာဆင်နွဲကြပြီး
ဘုန်းတော်ကြီးကျောင်းများကို သင်္ဃန်းများကပ်လှူကြတာဟာဖြင့်လဲ ချိမ့်ချိမ်သဲသဲဖြစ်ပါတယ်
ဒါဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အလှူရေစက်လက်နဲ့မကွာဆိုသလို ၊
လှူကြတန်းကြတာမို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရမှာဖြစ်ပါတယ် ။
ဘိက္ခုနီကျောင်းများအတွက် အလှူပွဲဆိုတာတော့ ၊ မရှိစကောင်း မို့လားမသိ
မကြားမိခဲ့ပါ ၊ ဘိက္ခုနီများမှာ ဆွမ်း ၊ သက်န်း ၊ ဆေး ၊ ကျောင်း စသည်တို့ကို ၊ ခြိုးခြံ၍သာ
သုံးစွဲကြရပါတယ် ။

မိန်းမသားများ သာသနာ့ဘောင်ဝင်ပြိး တရားကျင့် ၊ တရားအားထုတ်ကြရတဲ့
အခုခောတ် ဘိက္ခုနီလို့ခေါ်တဲ့ သီလရှင်များရဲ့ ဘဝအခြေအနေကိုတစေ့တစောင်းကြည့်ကြပါစို့
သီလရှင်များမှာ ရဟန်တော်များကဲ့သို့ သပိတ်လွယ်ပြိးနေ့စဉ်ဆွမ်းခံမထွက်ရပါ တပတ်မှ
တရက် တောဘိတ်နေ့လို့ခေါ်တဲ့ ဉပုသ်အကြိုတရက်ထဲသာ ဆွမ်းဆန်ခံထွက်ရပါတယ် ။ ရတဲ့ဆန်က
လဲ ဟိုအိမ်ကဆန်တမျိုး နဲ့ ဒီအိမ်ကဆန်တမျိုးမတူတဲ့ဆန်ကိုဘဲ ချက်စားရပါတယ် ။ ဆန်းတမျိုထဲ
နဲ့အလှုငွေအနဲသာအလှုထဲ့ကြတာမို့ ဆန်တချို့ကိုပြန်ရောင်းပြီး ၊ ဟင်းလျာနဲ့ ဆီ ဆား ငရူပ်ကြက်သွန်
တို့ကိုဝယ်ရပါတယ် ။ အခုခေတ်မှာပိုဆိုးတာက အသုံးမဝင်တော့တဲ့ ငွေစက္ကူတကျပ်တန်တွေကိုတာ ၊
သိလရှင်များကိုလောင်းလှုနေကြတဲ့အတွက် ၊ သီလရှင်များမှာ တရားအားထုတ်နိုင် အရေးအတွက်
ဆွမ်းကိစ္စ တနပ်စာအတွက်ပင် အနိုင် နိုင် ဖန်တီးနေကြရတာကိုတွေ့မြင်နေရပါတယ် ။
စာရေးသူမြန်မာပြည်ရောက်စဉ်က သီလရှင်များဈေးထဲမှာ ဈေးဝယ်နေတာတွေ့ရင် ၊ ဘေး
မှ ရပ်ကြည့်နေပြီး ၊ ဝယ်သမျှအားလုံးကို ငွေရှင်းပေးခြင်းကိုလုပ်ခဲ့ဘူးပါတယ် ။ လမ်းထဲ ဆန်ခံကြွလာ တာနဲ့ကြုံလို့ တပါး တထောင်စီလှုခဲ့ဘူးပါတယ် ။
ဘန်ကောက်ပြန်ရောက်ပြီးနောက် ရရှိသောဝင်ငွေထဲမှ သီလရှင်ကျောင်းများသို့ ဆန်တအိတ်
ဆီ လှုစေခဲ့ပြီး ၊ သိလရှင်များကို လဲ ငွေသားများ လှုစေခဲ့ပါတယ် ။
မိခင်ကို လွမ်းဆွတ်သတိရလျက်ရှိနေကြသော သောတရှင်များရှင် ၊ မိခင်များထဲမှ မိခင်
များဖြစ်သော ဘိက္ခုနှီမိခင်များသည် ကိစ္စများမြောင် လူတို့ဘောင်ကို စွန့်ခွါပြီး တရားကို ကျင့်ကြဲအား
ထုတ် ၊ လိုကြသော်လဲ ခန္ဓာဝန်ကြီးရှိနေသေးလေတော့ ၊ ခန္ဓာကိစ္စဘာရိယ ကို ဆင်းရဲပင်ကမ်းစွာရုံးကန်ရင်းတရားကျင့်ကြံအားထုတ်နေကြရ ပါသဖြင့် ဘိက္ခုနီသာသနာအတွက်လဲ ထောက်ပံ့ကူညီ
သင့်ပါကြောင်း နိဗ္ဗာန်ဆော်ပြုလိုက်ရပါတယ် ။
ဘိက္ခုနှီသာသနာ လဲ ပွင့်ထွန်း နိုင်ပါစေ

ဘိက္ခုနီသာသနာ
ဘိက္ခုသာသနာ ပေါ်ထွန်းပြီးနောက် မိထွေးတော် ဂေါတမီကြီး၏ အကြိမ်ကြိမ် တိုက်တွန်းတောင်းပန်မှု၊ အရှင်အာနန္ဒာ၏ ကူညီပေးမှုတို့ကြောင့် ဘိက္ခုနီသာသနာခေါ် ရဟန်းအမျိုးသမီးသာသနာ ပေါ်ပေါက်လာခဲ့တယ်။ အမျိုးသမီး ရဟန်းမသာသနာသို့ အရင်ဝင်ရောက်လာကြသူများမှာ မိထွေးတော် ဂေါတမီကြီးနဲ့ သာကီဝင် မင်းသမီး ငါးရာတို့ဖြစ်ကြတယ်။ အမျိုးသမီး ရဟန်းမသာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူမှာ မိထွေတော် ဂေါတမီကြီး ဖြစ်ခဲ့တယ်။

ပညာဇာနည် ( မောင်ပညာ မန်းတက္ကသိုလ် ) ရေးသားထားသော အမေကျေနပ်ပါပြီသားရယ်ဆောင်းပါးမှ ကူးယူဖေါ်ပြပါသည် ၊









မောင်သုံည

Thursday 1 July 2010

ဗေဒင်



ကျွန်တော်တို့ အကျိုးဆောင်များ ရုံးချိန်းပြိးလို့ အနားယူတဲ့အခါ ကိုယ်လေ့ လာထားတဲ့ဗေဒင်အကြောင်းများပြော
ပြီး ပညာဖလှယ်တက်ကြပါတယ် ၊ မိတ်ဆွေကြီးဦးဝင်းမောင်ကတော့ မဟာဗုဒ်နဲ့ လူလုပ်တယ်ဆိုပြီး မဟာဗုဒ်ကို
အသေကိုင်ပြီးဟောလေ့ရှိပါတယ် ၊ ကိုမောင်မောင်ကတော့ ၁၂ ရာသီခွင်ချပြီးဟောလေ့ရှိပါတယ် ၊ ကျွန်တော်
ကတော့ ဂြိုဘ်ခွင်နက္ခကိုတွက်ပြီးဟောလေ့ရှိပါတယ် ၊ နောက်ဆုံးတော့ အားလုံးကစုပေါင်းပြီး ကောင်းတာကိုယူ
ဟောကြပါတယ် ၊ နိုင်ငံခြားထွက်လာတော့ ဗေဒင်စာအုပ်များလဲပါလာတော့ လူတော်တော်များများကိုစမ်းပြီး
ဟောကြည့်တာ တော်တော်မှန်တယ်လို့ ပြောကြပါတယ် ၊ ဖစ်စနုလို့ က မြန်မာစာသင်တဲ့တက္ကသိုလ်တခုရဲ့ နှစ်
ပတ်လည်ပွဲတော်မှာ မြန်မာ့ရိုးရာတခုခုတောလောက်တင်ပါဆိုတော့ မြန်မာ့ဗေဒင်ပညာကို ကျွန်တော်ကဟော
ပြပါတယ် ၊ ထိုင်းတွေက မြန်မာ့ရိုးရာဗေဒင်ကိုတော်တော်စိတ်ဝင်းစားကြတာတွေရပါတယ် ၊
လူတော်တော်များများလာမေးကြပါတယ် ၊


ဗေဒင် မေးခြင်းနှင့်ပတ်သက်၍


ဗေဒင် ကို တချို့ ယုံတယ် တချို့ ကမယုံဘူး ဒါနဲ့ ပတ်သက်လို့ တော့ ဘာမှမဝေဖန်လို ပါ ၊ ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် အလွန်အကျွံ မဖြစ်ဘို့ တော့ လိုမယ်ထင်ပါတယ် ၊ ချို့ က ဘာဘဲ လုပ်လုပ် ဗေဒင်မေးပြီးမှလုပ်တယ် ၊ တခုခုဖြစ်ပြီဆို ရင် ဗေဒင်ကဟောထားတယ်မဟုတ်လား စသဖြင့်ပေါ့ လေ ၊ သိပ်ယုံတယ် သိပ်အားကိုးတယ် ၊
ပြောချင်တာက ကံကိုယုံပြီး စူးပုံမနင်း နဲ့ တဲ့

လူတွေဟာ ကံ နဲ့ ကံရဲ့အကျိုးပေးအတိုင်းဖြစ်ရတယ်လို့ ဆိုပါတယ် ၊ မှန်ပါတယ် အတိတ်ကကိုယ်ပြုခဲ့တဲ့ ကောင်းမှု ၊ မကောင်းမှု ကံတွေရဲ့ အကျိုးဆက်အတိုင်းဖြစ်နေ၇တာပါ ၊ အတိတ်ဆိုတာ မနေ့ ကိုယ်ပြုတခဲ့တာကိုလဲ အတိတ်လို့ ဘဲခေါ်ပါတယ် ၊ ဟိုးယခင် ဘ၀များစွာကပြုလုပ်ခဲ့တဲ့ ကောင်းမှုမကောင်းမှုကံများ၇ဲ့ အကြောင်းအကျိုး ၊ အကောင်းအဆိုးတွေ ကလဲ လိုက်င်္ပြီးအကျိုးပေးနေတာဖြစ်ပါတယ် ၊

( အဲဒီ အကျိုးပေးမဲ့ကံ တွေကို အဟောသိကံဖြစ်သွားအောင် လုပ်နိုင်တာက ၀ိပဿနာတရားအားထုတ်ခြင်းနဲ့ လုပ်နိုင်ပါတယ် ၊ မကေင်းမှု အကျိုးပေးတာ အရှိန်အဟုန် လျော့နဲ့ သွားအောင် လဲ ကောင်းတာလေးတွေအစားထိုးလုပ်ပေးခြင်းအားဖြင့် ပပျောက်သွားအောင် ၊ လျော့နဲသွားအောင်လုပ်နိုင်ပါတယ် ။ ဒီလို ဓမ္မသဘောတရားအခြေခံလေးတွေ သိရှိနားလည်ထားမယ်ဆို၇င်တော့ ဗေဒင်မေးလို့ ရပါတယ် ၊ ဗေဒင်ကို ကိုယ့် ရဲ၏ ဘ၀ ရှေးရေးအတွက် ဘယ်လိုလုပ်၇မယ် ၊ ဘာလုပ်သင့်တယ် ၊ မလုပ်သင့်ဘူး ၊ ဘာကိုရှောင်၇မယ်ဆိုတာကို ရွေးချယ်နိုင်ပါတယ် ၊
ဗေဒင်ပညာရှိခဲ့ကြောင်းသက်သေ သာဓက
ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါန ဘုရင်ကြီး က မြတ်စွာဘုရားဖွာတော်မူလာတော့ ပုဏ္ဏားတွေကို ခေါ်ပြီးဗေဒင်မေးကြည့်ပါတယ် ၊ ဗေဒင်ဆ၇ာကြီးက ပဉ္စ၀ဂ္ဂီ ၅ ဦးမှာ တဦးအပါအ၀င်ဖြစ်တဲ့ ရှင်ကွန်းတင်ည ဖြစ်ပါတယ် ( ဗေဒင်ဆရာကြိးက ဘုရားစင်စစ်ဧကန်ဖြစ်မည် ၊
ဟုဟောခဲ့ပါတယ် ၊ ( ဗေဒင်ပညာမှာ ဘုရားရှင်လက်ထက်ကပင်ရှိခဲ့ပါတယ် )
ဗေဒင်ဟောတိုင်းလဲ မဖြစ်ကြောင်း သက်သေ သာဓက
တခါက ဆရာကြိးထံမှာပညာသင်ကြားနေသော တပည့်များထဲမှ တဦးကို ဗေဒင်တွက်ကြည့်ရာ မကြာခင် သေမှာကိုတွေ့ သဖြင့် မိဘများထံသွား တွေ့ ဆိုပြီး မသေခင် မိဘများနှင့်တွေ့ ခွင့်ရသွားရန်ဆရာကြီးက အိမ်ပြန်လွှတ်လိုက်ပါတာ် ။ အဲဒီတပည့်ဟာ သူအိမ်ပြန်သွားတဲ့လမ်းတလျောက်မှာ လူသွားလမ်းနဲ့ မလွတ်သောသစ်ပင်သစ်ကိုင်းများတွေ့ လျှင်ဖယ်ရှားပေးခြင်း။ ခေါင်းနှင့်မလွတ်သောသစ်ကိုင်းများကို ဒေါက်နှင့်ထောက်ပေးခြင်း ။ လမ်းသွာရင်း ဒုက္ခရောက်နေသူမျာတွေ့ လျင် အကူအညီပေးခြင်း ၊ သောက်ေ၇အိုးများတွေ့ လျှင်ရေဖြည့်ပေးခြင်း စသည်များကိုပြုလုပ်သွားတယ် ၊
မိဘများထံချောမောစွာရောက်ရှိသွားပြိး မိဘများကိုလဲ ၀ပ်ကြီးဝပ်ငယ်ပြုစုခဲ့ပါတယ် ၊ လအတန်ကြာတော့ ဆရာကြီးထံပြန်သွားတဲ့အခါ ဆ၇ာကြီးက အံ့သြနေပါတယ် ။ ငါမင်းသေပြီလို့ ထင်နေတာ မင်းကိုဗေဒင်တွက်ကြည့်တော့ နောက်မကြာခင် မင်းသေမှာတွေ့ လို မိဘတွေကို တွေ့ သွား၇အောင်ဆိုပြီးပြန်လွတ်လိုက်တာ မင်းအခုမသေပါလား ။ သူဗေဒင်ကိုပြန်စစ်တော့လဲ မမှားဘူး ၊ ဒါနဲ့ သူတပည့် ကိုမေးတယ် မင်းအမေ့ အိမ်ပြန်သွားတော့ လမ်းမှာဘာများလုပ်သွားသလဲလို့ မေးတော့ ၊ သူတပည့်က သူလုပ်ခဲ့တွေကောပြောပြတော့ မှ အော် ဒါကြောင့်ကိုး လို ဆိုပြိး ဆရားကြီးသဘောပေါက်သွားတယ်တဲ့ ၊

ဆိုလိုတာက ဗေဒင်ဟောတိုင်းလဲ ကိုယ်က ကောင်းတာလုပ်နေရင် ဟောတဲ့အတိုင်းလဲဖြစ်ချင်မှဖြစ်တာလို့ ဆိုလိုပါတယ် ၊
ကျွန်တော် ဗေဒင် ဟောပါတယ် ၊ ကျွန်တော့်ဗေဒင်ကတော့ မြန်မာ့ရိုးရာ ဗေဒင်ပညာများကို လေ့လာရင်း ပြုစုထားတဲ့ ပညာ၇ပ်ဖြစ်ပါတယ် ၊ နိုင်ငံခြားရောက်တော့ လူတော်တော်များများကို တွက်ချက်ကြည်ရာ မှန်တယ်လို့ ပြောကြပါတယ် ၊ ကျွန်တော်ဒီပညာကို တန်ဘိုးထားပါတယ် ၊ ကိုယ်တိုင်းလဲ နှစ်စဉ် ဇာတာကိုပြန်စစ်ပြီး လုပ်သင့်လုပ်ထိုက်တာ ဆောင်သင့်ဆောင်ထိုက်တာ ရှောင်သင့်ရှောင်ထိုက်တာကို ရှောင်ပါတယ် ၊
သတိထားမိတာကတော့ ၀ိပဿနာတရားအားထုတ်နေလျှင် မကောင်းသော ဘေးအန္တရယ်များမှ ကင်းဝေးနေသည်ကို လက်တွေ့ ကြုံတွေ့ ၇ပါတယ် ၊
မိတ်ဆွေများ အထက်ကတင်ပြခဲ့တဲ့ အချက်အလက်များကို သဘောပေါက်သည်ဆိုပါက ကျွန်တော့်ထံတွင်ဗေဒင်
မေးလို ကမေးနိုင်ပါတယ် ၊ဗေဒင်မေးမြန်းမည့်သူသည် ဗေဒင်ပညာကို တန်ဘိုးထားသည့်အနေနှင့် အများကောင်းကျိုးတခုတခုကို ပြုလုပ်ပေးရမှာဖြစ်ပါတယ် ၊

ဗေဒင်နှင့်ပတ်သက်တဲ့ တရား နှစ်ပုဒ် တင်ထားပါမယ် ။



မောင်သုံည


ဗေဒင်မေးလို့ ပါက မွေးနေ့  ရက် လ ခုနှစ် ကိုပေးရပါမယ်။
သိလိုသော အချက် ၃ ချက် မေးနိုင်ပါတယ် ၊
e-mail မှ တဆင့် ပြန်ကြားပေးမှာဖြစ်တယ်ပါ ၊
e-mail Adress ဖေါ်ပြပေး၇ပါမယ်
အကြွေး
အကြွေးဆိုတာဘာလဲ
ငွေအကြွေး ၊ အလုပ်အကြွေး ၊ စကားအကြွေး ၊ စာအကြွေးစသည်တို့ ဖြစ်ပါတယ် ၊
ငွေ အကြွေးကတော့ ရှင်းပါတယ် ၊ တပါးသူထံမှ ဒါမှမဟုတ် အစိုးရထံမှချေးယူထားတဲ့အကြွေးများဘဲဖြစ်ပါတယ် ။
အလုပ်အကြွေးဆိုတာကတော့ ၊ မိမိအလုပ်လုပ်ကိုင်တဲ့ အလုပ်ဌာနမှာဖြစ်စေ ၊ မိမိနေအိမ်မှာဖြစ်စေ ၊ မပြီးပြတ်သေးတဲ့အလုပ်များ ။ အပြီးသတ်ရန်ကျန်နေသောအလုပ်များ
ဖြစ်ပါတယ် ။
စကားအကြွေးဆိုတာကတော့ ၊ တဉီးကတဉီးကို စကားပြောရာမှာ အမှတ်မထင်ဂတိပေးပြောလိုက်တဲ့ ဂတိစကားများ ၊ ဟိုဟာလုပ်ပေးမယ် ၊ ဒီဟာလုပ်ပေးမ၊ စသည်ဖြင့် ပြောထားလိုက်တဲ့ ဂတိစကားများ ၊ တချို့က ရဟန်းသံဃာများထံ ဟိုဟာလှုမယ် ၊ ဒီဟာလှုမယ်လို့ ပြေထားတဲ့ ဂတိ စကားများ ဖြစ်ပါတယ် ၊
စာအကြွေးဆိုတာကတော့ ကျောင်းသူကျောင်းသားများ ၊ ကျောင်းကပေးလိုက်တဲ့ အိမ်စာအလုပ်ကို မလုပ်ရသေးဘဲ လုပ်ရန်ကျန်နေတဲ့ ကျောင်းစာများဖြစ်ပါတယ် ၊
အကြွေးဆို ဘယ်အကြွေးဘဲဖြစ်ဖြစ် တင်နေ တာ မကောင်းတာအမှန်ပါဘဲတစုံတခုကို
လုပ်ဘို့ လိုနေရင် ပေးစရာတခုခုကို မပေးရသေးရင် စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မရှိဘဲ ဒီအ
တွေးက မိမိကို ထာဝစဉ်ခြောက်လှန့်နေတက်ပါတယ် ။ အကြွေးမကင်းသူရဲ့ဘဝဟာလွတ်လပ်
ပျော်ရွှင်မှု ကင်းမဲ့ပါတယ် ။ တချို့အကြွေးတွေဟာအတိုးကနှိပ်စက်နေတာကြောင့်တော်တော်မကျေနိုင်ဘဲ အတိုးကိုသာ
ဖိဆပ်နေရတာကြောင့် အတိုးနဲ့သာလုံးလည်ခြာလည်လိုက်ပြိး ဘဝရဲ့ တိုးတက်မှုတွေ့ ကိုလဲ နှောင့်နှေးစေပါတယ် ၊ အကြွေးလုံးဝကင်းလွတ်သွားတဲ့လူတယောက်ရဲ့ ဘ၀ဟာ အလွန်ပျော် ရွှင်စရာကောင်းပါတယ် ၊

ရှေးလူကြီးမိဘာများက မင်းမှာအကြွေးရှိလား အကြွေးကင်းရဲ့ လား လို့မေးလေ့ရှိပြီး ၊ အကြွေးမရှိဘူးဆိုရင် ၊ အေးအေးကောင်းတယ် အကြွေးကင်းအောင်နေလို့ ဆိုပြီးဆုံးမလေ့ရှိ
ပါတယ် ။
ငွေချေးတဲ့အကျင့်ကိုမလုပ် ဘို့ အကြွေးမတင်အောင်နေဘို့ဆုံးမတက်ကြပါတယ် ။
ပစ္စည်းတခုခုကိုတောင်ငှါးပြီးကိုယ့်ဆီမှာအကြာကြီးမထားဘဲပြန်ပေးတဲ့အကျင့်လုပ်ဘို့
ဆုံးမတက်ကြပါတယ် ။
အခုခောတ်မှာတော့ ဒီလိုမဟုတ်ပြောင်းပြန်ဖြစ်နေပြီး အကြွေးရှိမှ ဂုဏ်ရှိဆိုသလိုဖြစ်
နေပါတယ် ၊ မိုးကုတ်ရိပ်သာက ဓမ္မကဓိက ဆရာတော် ဉီးဓမ္မသာရက သူအမေရိက ရောက်
တော့ တကာတယောက်က လျောက် ဘူးသတဲ့ အရှင်ဘုရား ဒီမှာလူတွေက အကြွေးဝယ်နိုင်
မှဂုဏ်ရှိတယ် ၊ အကြွေးကပ်လက်ထဲရှိတဲ့လူက ပိုဂုဏ်ရှိတယ်လို့လျောက် တော့ ဟဲ့ တကာ
ဘာဖြစ်လို့လဲကွ သူကပိုက်ဆံမရှိလို့ အကြွေးဝယ် ရတာ ဘယ်က ဂုဏ်ရှိရမှာလဲဆိုတော့
ဟာ အရှင်ဘုရားကလဲ လက်ငင်းဝယ်တဲ့လူတွေက သူတို့ ကို မယုံလို့ အကြွေးမရောင်းတာ
ဒါကြောင့် သူလက်ငင်းဝယ်ရတာ ၊ အကြွေးဝယ်နိုင်သူတွေကတော့ သူတို့ ကိုယုံလို့ အကြွေး
ရောင်းတာ ၊ ဒါကြောင့်ဒီနိုင်ငံမှာအကြွေးဝယ်နိုင်မှ ဂုဏ်ရှိတယ်ဘုရားလို့ ပြန်လျှေက်သတဲ့
လူတွေက Visa Card , American Express , Ctty Bank Card ,ဆိုတာတွေကိုပိတ်ဆံအိတ်
ထဲ အပုံကြီးထုတ်ထုတ်ပြီးကြွားတက်ကြပါတယ် ။ သူ့မှာအကြွေးကပ်တွေအများရှိတယ် ပေါ့
တကယ်တော့ ဒါတွေဟာ မကောင်းတဲ့လဏ္ခာတွေပါဘဲ ၊ ဘာအကြွေးမှမရှိဘဲကင်းကင်းရှင်း
ရှင်းရှိတာအကောင်းဆုံးမဟုတ်ပါလား ၊
ငယ်စဉ်က ကျောင်းက အိမ်စာမပြီးသေးဘဲ ထွက်ကစား ရတာ စိတ်ထဲ လွတ်လွတ်လပ်လပ်
မရှိသလို ၊ ရုပ်ရှင်ကြည့်ရတာလဲ စိတ်ထဲ မပျော်ဖြစ်ခဲ့ရပြီး ၊ ဒီနေ့အိမ်စာမရှိဘူးဆို၇င်အလွန်
ပျော်ခဲ့ရပါတယ် ။
အရင်တုန်းကတော့ထောင်ကလွတ်တဲ့ နေ့ ၊ ရှင်လိန်ပျံတဲ့နေ့ ဟာအပျော်ဆုံးလို့ ဆို
ကြပါတယ် ။ ကျွန်တော်ကတော့ အကြွေးကင်းတဲ့နေ့ ဟာလဲ အပျော်ဆုံးနေ့ ဆိုပြီး တရက်
ထပ်တိုးပေးရင်ကောင်းမယ်ထင်ပါတယ် ၊
မိမိကိုယ်ပေါ်မှာ တင်ရှိနေတဲ့ အကြွေးဝန်ထုပ်ဝန်ပိုးကြီးကျသွားတဲ့နေ့ဟာ အပျော်ဆုံးနေ့ဖြစ်
မှာ သေချာပါတယ် ၊

ကဲကျနောတို့အကြွေးဘာကြောင့်တင်ကြရသလဲ၊အကြွေးမတင်အောင်ဘယ်လိုလုပ် သင့်သလဲဆိုတာကို လေ့လာသုံးသတ်ကြည့်ကြပါစို့၊အကြွေးတင်တဲ့ပြဿနာကို ဆင်းရဲလို့ 
စီးပွါးရေးကြပ်တဲလို့ ၊ ကုန်ဈေးနုံးကြီးမြင့်လို့ဝင်ငွေနဲ့ ထွက်ငွေမမျှလို့  စသဖြင့် စီးပွါးရေးတခု
ထဲအပေါ်ပုံချလို့တော့ မဖြစ်ပါဘူး ၊
ဒီကိစ္စနဲ့ပတ်သက်လို့ တရုပ်စကားပုံကလေးတခုကဒီလိုဆိုပါတယ် ၊ ဖိနပ်အသစ်ခြေ
လှမ်းကျဲ ကျဲ ကျဲ တဲ့
သင် ရရှိပိုင်ဆိုင်ထားတဲ့ ဝင်ငွေထက် အပို ဖွံ့ကားကို စိတ်မကူးပါနဲ့ တဲ့ မှန်ပါတယ်
မိမိရဲ့ဝင်ငွေထက်ပို မသုံးသင့်ပါဘူး သုံးရင်တော့ အကြွေးတင်မှာဖြစ်ပါတယ် ၊
ပစ္စည်းတခုကိုမြင်လိုက်လို့ လိုချင်တဲ့စိတ်ပေါ်လာရင် ၊ ကိုယ့် ကိုယ် ကိုမေးကြည့်လိုက်ပါ
ဒီပစ္စည်းဟာ ကိုယ့်မှာအမှန်တကယ် မဝယ်မဖြစ်လို့အပ်နေပြီလားဆိုတာကိုအရင်မေးကြည့်
လိုက်ပါ ၊ ဒီပစ္စည်းမရှိရင် ဘာဖြစ်သွားနိုင်သလဲ မေးကြည့်လို့ဘာမှမဖြစ်သွားဘူးတကယ်လဲ မလိုအပ်သေးဘူးဆိုရင်မ၀ယ်သင့်ပါဘူး ၊
အလုပ်တခုကို အပြီးသတ်အောင်မလုပ်ဘဲ တပိုင်းတစထားတက်တဲ့အကျင့်ရှိသူဟာ
အလုပ်အကြွေးမွေးတက်သူဖြစ်ပါတယ် အလုပ်တခုကိုပြိးသတ်အောင်လုပ်ပါအကြွေးမထား
ပါနဲ့ ၊ လုပ်စရာရှိရင် ချက်ခြင်းထလုပ်ရန်အပျင်းပါနဲ့လို့ စိတ်ကိုဆုံးမထားပါ ။
စကားကို ဆင်ချင်ပြီးမှပြောပါ ၊ အလုပ်နိုင်ဘဲ အရမ်း ဂတိမပေးပါနဲ့နုတ်ကြွေးတင် တင်တက်ပါတယ် ၊ စကားကျွံရင်နုတ်ရခက်ပါတယ်
တဖြေးဖြေး သတိထား ပြိး လေ့ကျင့်သွားမယ်ဆိုရင်တော့ အကြွေးကင်းတဲ့လူတယောက်
ဖြစ်နိုင်ပါတယ် ။
အဓိကချက်က မိမိရဲ့ ရရှိလာတဲ့ဝင်ငွေကို ကောင်းမွန်စွားစီမံခန့်ခွဲမှု ရှိခြင်း မရှိခြင်း နဲ့ဆိုင်ပါတယ် ၊ မိမိရဲ့ ဝင်ငွေနဲ့ထွက်ငွေကို စံနစ်တကိစီမံခန့်ခွဲမှုမတက်ဘူးဆိုရင်တော့အကြွေး တင်မှာအမှန်ပါဘဲ ၊

ကျွန်တော်တို့ အကြွေးမတင်အောင် မိမိရဲ့ ဝင်ငွေကိုဘယ်လိုစီမံခန့်ခွဲကြသလဲဆိုတာနဲ့
ပတ်သက်လို့ လူတချို့ရဲ့ပြောကြားတွေကိုနားထောင်ကြည့်ကြရအောင်ပါ ။

မြန်မာတိုင်းစာစောင်က ဆောင်းပါးရှင်မိုးမိုးကဝင်ငွေစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ ရန်ကုန်မြို့က
အဂ်လိပ်စာ ပြနေတဲ့ ဆရာ ဉီးတင့်ဆွေ ကို မေးမြန်းထားချက်လေ့လာကြည့်ရအောင်၊

အဂ်လိပ်ဆရာ ဉီးတင့်ဆွေ ကဒီလိုပြောပါတယ် ၊
ဝင်ငွေစီမံခန့် ခွဲမှုဆိုတာ အိမ်ထောင်တစုမှာအလွန်အရေးပါပြီး အခြေခံလဲကျတဲ့အရာ
တခုပါ၊တကယ်တမ်းဝင်ငွေထွက်ငွေကိုနိုင်နိုင်နင်းနင်းစီမံခန့် ခွဲနိုင်ရင်နောင်ရေးအတွက်လဲစီစဉ်
နိုင်ပါတယ် ၊ ကျွန်တော်တို့ မိသားစုမှာဆိုရင်ဝင်ငွေနဲ့ ထွက်ငွေကိုဘယ်လိုသုံးရမယ်ဆိုတာကို
အကြမ်းဖျင်းအနေနဲ့ တော့လျာထားပါတယ် ၊ ဒါပေမဲ့ လျာထားငွေထက် ၁၀ ရာခိုင်နုံးလောက်
တော့ အတိုးအလျော့ရှိပါတယ် ၊ တကယ်လိုအပ်လို့ ပိုသုံးလိုက်ရတဲ့အတွက်များသွားရင်တော့
ကိစ္စမရှိပေမဲ့ ၊ မလိုအပ်တဲ့နေရာမှာကုန်သွားခဲ့ရင်တော့ ၊ နောက်လမှာ တခြားအသုံးစားရိတ်
အသုံးစားရိတ်တခုခုမှာလျော့ရပါတယ် ၊ ထွက်ငွေပိုမသွာအောင်ဂရုစိုက်၇ပါတယ် ၊နောက်ထပ်
ထပ်မကုန်အောင်ဂရုစိုက်၇ပါမယ် ၊
ဝင်ငွေနဲ့ ထွက်ငွေမျှအောင်သုံးစွဲဘို့ဆိုတာတော့ဝင်ငွေအနည်းအများအပေါ်မှာမူတည်
တယ်လို့ ထင်ပါတယ် ၊ ၀င်ငွေအရမ်းနဲပြီး မိသားစုစားအိုးကြီးလွန်းနေရင်၊၀င်ငွေနဲ့ ထွက်ငွေကို
စီမံခန့် ခွဲဘို့ ခက်ပါတယ် ပညာသင်စ၇ိတ်တို့ ကျန်းမာရေးစ၇ိတ်တို့ ကတို့ က၀င်ငွေထက်များ
နေရင် စီမံခန့် ခွဲဘို့ ခက်ပါတယ် ၊အသုံးစရိတ်ကိုစီမံခန့် ခွဲံရာမှာ ပညာရေးတို့ ၊ကျန်းမားရေးတို့ 
ကို မသုံးမဖြစ်သုံးရမဲ့ခေါင်းစဉ်ထဲ့ မှာထားရမှာဖြစ်ပါတယ် ၊ အပန်းဖြေစ၇ိတ်တို့ ရုပ်ရှင်ဘိုးတို့ 
သီချင်းနဲ့ ရုပ်ရှင်စီဒီဘိုးတွေကိုတော့ဦးစားပေးခေါင်းစဉ်ထဲမှာထားလို့ မဖြစ်ပါဘူး ၊ စီမံခန့် ခွဲမှု
မနိုင်လို့ ဘဲဖြစ်ဖြစ် ၊ ၀င်ငွေနဲလို့ ပဲဖြစ်ဖြစ် ကြွေးတင်ရင်တော့ စိတ်ညစ်ရပါလိမ့်မယ် ၊ အဓိက
နဲ့ သာမညကိုခွဲခြားတက်ပြီး ၊မိသားစုစားဝတ်နေရေးဖူလုံအောင်၊ကြွေးမတင်အောင်လုပ်နိုင်ဘို့ 
အရေးကြီးပါတယ် ၊ ဒီနေ့ ကုန်သွားတဲ့ ငွေတွေဟာကိုယ့်ဘ၀ရဲ့ အနာဂတ်၊ကိုယ်သားသမီးတွေ
ရဲ့ အနာဂတ်အတွက်ရင်းနှီးမြုပ်နှံမှုတခုအဖြစ်သေချာမယ်ဆိုရင်ဒီနေ့ သုံးလိုက်တဲ့ငွေဟာဖြန်း
လိုက်တာမဟုတ်ပါဘူး ၊

နောက် တယောက် အချိုရည် အရောင်းဖြန့်ဖြူးရေးကိုယ်စားလှယ် ဒေါ်မိုမိုးကတော့
ကတော့ သူ့ရဲ့ ဝင်ငွေ စီမံခန့်ခွဲမှုကို အခုလိုပြောပြထားပါတယ် ၊

ဒေါ်မိုးမိုး
ကျမအနေနဲ့ ကတော့ ၀င်ငွေစီမံခန့် ခွဲတယ်ဆိုတာမိသားစုတစုအတွက်အတော်က
လေးအရေးပါတယ်လို့ ထင်ပါတယ် ၊ ကျမတို့ လင်မယား ၁၉၈၆ ခုနှစ်မှာအအိမ်ထောင်စကျ
ကထည်းက ၀င်ငွေနဲ့ ထွက်ငွေကိုချင့်ချိန်ပြီးသုံးစြွလာကြတာပါ ၊ ကျမတို့ မှာခလေးကျောင်း
စရိတ်ကလဲရှိသေးတော့ဝင်ငေါထွက်ငွေကိုမခန့် ခွဲလို မရပါဘူး ၊ ပုံမှန်အားဖြင့်စားသောက်စ
ရိတ်ကဘယ်လောက်၊လှူဘို့ တန်းဘို့ ကဘယ်လောက်၊ဆေးဝါးကဘယ်လောက်ဆိုပြီးခွဲခြမ်း
ရပါတယ် ၊ တခါတလေသာရေးနာရေးပေါ်လာရင်သုံးတဲ့ငွေကလျာထားတာထက်ကျော်သွား
တာမျိုးလဲဖြစ်တာပေါ့ ၊ အဲဒီလိုအခါမျိုးရင်တော့သိပ်အရေးမကြီးတဲ့ကိစ္စတွေမှာငွေလျော့သုံး
တာမျိုးလုပ်လိုက်ပါတယ် ၊ချွေတာသင့်တဲ့နေရာမှာချွေတာပြီးသုံးလိုက်ပေမဲ့ကပ်စေးနဲတာမျိုး
တော့ဘယ်တော့မျမလုပ်ပါဘူး၊ငွေရှိရင်ပြည့်စုံပြီလို့ မပြေနိုင်ပေမဲ့ ငွေကမိသားစုပျော်ရွှင်မှုအ
တွက်တော်တော်ကလေး အရေးပါ ပါတယ် ၊ ပိုက်ဆံမရှိလို့ စိတ်ညစ်ရသလိုရှိတဲ့ပိုက်ဆံကို
ကောင်းကောင်းအသုံးမချတက်လို့ ဒုကရောက်ရတာမျိုးလဲဖြစ်တက်ပါတယ် ၊ ငွေကိုကောင်း
ကောင်းစီမံခန့် ခွဲပြီးမသုံးတက်ရင်တတိတိနဲ့ အကြွေးတင်လာမျိုးဖြစ်တက်ပါတယ် ၊ငွေကြေး
အဆင်မပြေတဲ့အခါအိမ်ထောင်ရေးအဆင်မပြေတာတွေလဲဖြစ်လာနိုင်ပါတယ် ၊
ကျမတို့ အခုဝင်ငွေထက်အများကြီးတက်လာမယ်ဆိုရင်တော့ ဘဏ်မှာစုပေါ့ ၊ဒါမှမ
ဟုတ်လဲေ၇ွှတို့ ၇တနာတို့ စုဆောင်းရမှာပေါ့
လို ဆိုပါတယ် ၊

နောက် တယောက် သာမန်ဈေးသည် မလေး မထက်ထက်ကတော့ ကြွေးမတင်အောင်
ဝင်ငွေကို ဘယ်လိုစီမံခန့်ခွဲပြီးသုံးတယ် ဆိုတာကို အခုလိုပြောပြပါတယ် ။

ဈေးသည်မလေး မထက်ထက်
ကျမက ဈေးသည်ဆိုတော့ဝင်ငွေစီမံခန့် ခွဲမှုကိုနေ့ တိုင်းလုပ်နေရပါတယ် ၊ကျမက
အသုပ်၊မုန့် ဟင်းခါးနဲ့ ငှက်ပျောကြော် ၊ ကော်ပြန့် ကြော်တွေရောင်းပါတယ် ၊ ၀င်ငွေကတော့
တနေ့ ကို ၄၀၀၀ ကနေ ၆၀၀၀ လောက်ရပါတယ် ၊ အမြတ်ကိုဖါယ်ပြီး ၊ ကျန်တာကိုနောက်တ
နေ့ အတွက်ဈေးရင်း၇ပါတယ် ၊ ကျမကအသုံးစရိတ်အတွက်တနေ့ ကို ၁၀၀၀ သတ်မှတ်ထား
ပါတယ်၊ကျမတို့ ကခလေးလဲမရှိလင်မယားနှစ်ယောက်ဆိုတော့အသုံးစရိတ်ကလဲ၊သိပ်ပြီးအများ
ကြီးမရှိပါဘူး၊တနေ့ ကို ၃၀၀ လောက်တော့စုမိပါတယ်၊အဲဒါကလဲဖျားနာတဲ့အခါသုံးဘို့  ။ လှူဘို့ 
တန်းဘို့ ပေါ်လာတဲ့အခါသုံးရအောင်လို့ ပါ ၊ကျမကတော့ ငွေကိုစီမံခန့် ခွဲပြီးသုံးတာအကျိုးများ
တယ်လို့ ထင်တာဘဲ၊ကျမတို့ ဈေးစရောင်းခ့စကဆိုရင် အရင်းအနှီးတောင်မရှိဘူး၊ညီမကရင်းနှီး
ဘို့ ငွေ ၃၀၀၀ ထုတ်ပေးတာပါ၊အခုဆိုရင်သူ့ ဆီကချေးထားတဲ့ငွေလဲပြန်ဆပ်နိုင်ပြီ၊လက်ရှိဈေး
ရင်းထားတဲ့ငွေကလဲကိုယ်ပိုက်ဆံဖြစ်သွားပြီ၊နောက်ဆိုင်အတွက်လိုအပ်တဲ့ ပန်းကန်၊တို့ ဇွန်းတို့ 
ဘာတို့ တဖြေးဖြေးဝယ်လာနိုင်ပြီလေ၊ အခုကျမတို့ ထမင်းဆိုင်တဆိုင်မှာ ၀င်လုပ်ဘို့ စဉ်းစားကြ
တယ်၊ ဆိုင်ရှင်ကတလကို စားရိတ်ငြိမ်း ၁၅၀၀၀ ပေးမယ်လို့ ပြောတယ် ၊ဒါပေမဲ့ကျမခင်ပွန်းက
သူများဆီမှာလုပ်တာထက် ကိုယ်ပိုင်လုပ်တာကပိုလွတ်လပ်တယ် ၊ ကိုယ်ပိုင်စီးပွါးရေးဆိုတော့
ဘယ်သူ့ မျက်နှာမှကြည့်စရာမလိုဘူးလေ ----- လို့ ဆိုပါတယ် ၊

ကဲသောတရှင်များ ကြားခဲ့ရတဲ့အတိုင်းဘဲ လူတချို့ဟာ အကြွေး မတင်အောင် မိမိတို့ရဲ့
ဝင်ငွေ နဲ့ထွက်ငွေကို ဘယ်လို့စီမံခန့်ခွဲကြတယ်ဆိုတာ ကို ကြားကြရတဲ့အတိုင်းပါဘဲ
သောတရှင်များအနေနဲ့လဲ မိမိရရှိလာတဲ့ ဝင်ငွေကို စံနစ်တကျ စီမံခန့်ခွဲပြီး သုံးစွဲခြင်းဖြင့်
အကြွေး မတင် ကျွန်မဖြစ် သဌေးကြီးများ ဘဝကို တက်လှမ်းနိုင်ကြပါစေခင်ဗျာ
သောတရှင်များ ရွှင်လန်းချမ်းမြေ့ကြပါစေ
မောင်သုည

( အကြွေးဆောင်းပါးမှာ တချိန်က ဘန်ကောက်သံသာနားဆင်စရာ ရေဒီယိုအစီအစဉ်မှာထုတ်
လွင့်ခဲ့သော ဆောင်းပါး ဖြစ်သဖြင့် သောတရှင်များ ဆိုသည့် အသုံးအနှံးကို သုံးထားပါသည် )