Saturday 28 August 2010

နှောင်းခောတ်ကြေးမုံ



နှောင်းခောတ်ကြေးမုံ အပိုင်း ၂ စကားထာဝှက်မယ်

မြန်မာမှုမြန်မာဟန်မြန်မာဓလေ့ကလေးများ

ကိုကာလသားတို့မြခက်ကိုငေးကြည့်နေကြ၏၊ငနှပ်ကမြခက်၏အဖြေကို

ိုသိသည်၊

ထို့ကြောင့်မိမိအပုံထဲမှပန်းသုံးပွင့်ကိုယူ၍မြခက်ကိုပေး၏၊နှုတ်ရွှင်သော

ငပြိုင်းကလက်ကာလိုက်သည်၊

“ အေး ဒီလို ဘယ်ရမလဲ ရှင်းပြပြီးမှယူရမှာပေါ့ “

“ မင်းသိချင်တိုင်းရှင်းပြအုံးမှာလားကွ “

ငတောက ငပြိုင်းကိုဝင်ဟောင်၏၊

ငပြိုင်းကမခံချင်သောမျက်နှာဖြင့် ငတောကိုကြည့်သည်၊

“ အံမာ အံမာ မင်းရောသိ လို့လား “

“ ငါ ဒို့ သိတာ မသိတာ မင်းနဲ့မဆိုင်ပါဘူး ငပြိုင်းရာ မင်းသိချင်တိုင်းရှင်း

ပြနေရမှာလား “

“ ကဲ ပါရှင် ပန်းပေးတော့လဲရှင်းပြပေးရတာပေါ့ “

“ ကြွက်ရဲ့ရန်သူဆိုတာကြောင် - မြစ်ကိုဆင်းအပျင်းထူဆိုတာ

မြစ်ထဲမှာလှေကြီးတစင်းနဲ့အိပ်ပြီးလှေကိုမျှောနေတဲ့လူ -

သူကဒေါင်ဒေါင် ဒိန်းဒိန်းဆူအောင်လုပ်ပြီး ငါးတွေသူပိုက်

ထဲဝင်အောင်လုပ်တက်တယ်၊သူရဲ့လက်နက်အကွက်ကြီးတွေဆိုတာက

သူနဲ့အတူမျှောထားတဲ့ပိုက်အဲဒီတော့ ကြောင်ပိုက် ကြိုက်ပေါင် ပေါ့ “

မြခက်စကားအဆုံးတွင် ငတောနှင့်ငပြိုင်းတို့ငိုချင်းချလိုက်ကြသည်၊

ငနှပ်ကဒိုးပတ်အကထ ကလိုက်သည် ၊

စကားထားဝိုင်းကလေးသည်တဖြေးဖြေးနှင့်မြိုင်လာသည်၊တယောက်

နှင့်တယောက်မနာတမ်းစိတ်မဆိုစတမ်း စကားစစ်ထိုးကြသည်၊

“ ကဲ လူပြန်ခွဲမယ် ငါ နဲ့ ငနှပ် နဲ့ကတဘဘက် ကောင်းမြတ်နဲ့ ငတိုးက

တဘက်မြခက် နင် ကောင်းမြတ်ဘဘက်ကနေမလား ငါတို့ဘက်က

နေမလားဒီတခါဝိုင်းကြိးနော် “

ငပြိုင်းက မြခက်ကို မေးနေစဉ်မြခက်သည် အတွေးနယ်ချဲ့နေသည်၊

ကောင်းမြတ်ကြောင်း ငယ်ငယ်က ကောင်းမြတ်တို့ ကစားဝိုင်းထဲဝင်မည်

ဆိုလျှင်သူအမြဲမောင်းထုတ်တက်သည်၊မြခက်ကလဲဆတ်ဆတ်ထိမခံ

အမြဲနဘမ်းလုံးခဲ့ရသည်၊အခုသူကလူပျိုပေါက်ဖြစ်လာတော့ ရင်အုပ်

ကျယ်ကျယ် ဗလကောင်းကောင်းနှင့် ဘယ်လောက်များမာနကြီးလိမ့်

မလဲဟုတွေးနေ၏၊

“ ဟဲ့ မြခက် ညီးကိုမေးနေတာ ဘာငေးနေတာလဲ “

“ ရှင် ဟုတ်ကဲ့ ဟုတ်ကဲ့ အော် ငနပ်တို့ဘက်က ပါမယ် “

ကောင်းမြတ်ကို ယှဉ်ပြိုင်ချင်တဲ့စိတ်ကြောင့် ငနပ်တို့ဘက်မှ ၀င်မည်

ဟုပြောလိုက်သည်၊

စကားဝိုင်းပြန်စမည်ဆိုသဖြင့်လူတွေသူဘက်ကိုယ့်ဘက်နေရာယူ

လိုက်သည်

၊မိမိရှေ့တွင်လောင်ကြေးပေးရမည့်ပန်းများကိုငှက်ပျောဖက်စိမ်းပေါ်

တွင်ပြန်စုလိုက်သည်၊ထုံးစံအတိုင်းဧည့်သည်များဘက်ကအရင်ဆုံးဝှက်

ရမည်ဖြစ်သောကြောင့်ကောင်းမြတ်ကမြတ်ခက်ကိုမျက်လုံးတချက်

ဝှေ့ကြည့်လိုက်သည်၊

ထို့နောက်မြခက်တို့ဘက်မှခေါင်းဆောင်ငနပ်ကိုပြုံးပြီးကြည့်လိုက်သည်၊

ထို့နောက်မိမိပန်းအပုံထဲမှပန်းတပွင့်ကိုယူ၍ငနပ်တို့ဘက်မှဘက်တော်

သားများ၏ပန်းပုံပေါ်သို့တပွင်စီတင်လိုက်သည်၊ကောင်းမြတ်ကမိမိတို့သည်

ဧည့်သည်ဖြစ်သဖြင့်အခွင့်အရေးမယူလိုသည့်အတွက်အရင်စမ၀ှက်ဘဲထိုပွဲဖြင့်

အရှုံးပေးလိုက်ခြင်းဖြစ်သည်၊

အကြိတ်အနယ်ပွဲကြီးပွဲကောင်းမျိုး၌ပြုလုပ်တက်သောအပြုအမျိုးဖြစ်သည်၊

ထိုအပြုအမူကိုကြည့်ခြင်းအားဖြင့်ကောင်းမြတ်သည်တကယ်အကြိတ်

အနယ်စကားစစ်ထိုးတော့မည်ဟုအားလုံးကသိလိုက်ကြသည်၊

ပန်းပုံကိုကြည့်ပြီးမသိသလိုမျက်လွှာချနေသောမြခက်ရင်ထဲ၌တဒိတ်ဒိတ်ခုန်

နေသည်၊မြခက်အပျိုပေါက်ကလေးဖြစ်လာမှသည်လိုပုံစံပျိုးတခါမှစကား

မ၀ှက်ဖူးသေး၊သို့ရာတွင်ဒေါ်လေးနုပြောပြထားသဖြင့်ကြားဘူးပြီးဖြစ်သည်၊

တက်သင့်သလောက်လဲတက်ပြီးဖြစ်သည်၊ကောင်းမြတ်က မြခက်ကို

ကြည့်ပြီးစကားစ၀ှက်တော့မည်ဖြစ်ကြောင်းချောင်းတချက်ဟန့်လိုက်သည်၊ ထို့နောက်စကားဝှက်ရာတွင်မိမိ၏နှုတ်ကိုဝင်ရောက်စီးပြီးပြောပေးရန

်စန္ဒီနတ်သမီးနှင့် သူရဿတီဒေ၀ီတို့ကိုကန့်တော့လိုက်သည်၊

“ စည်းစိမ်ချမ်းသာလွန်ကြွယ်ဝ၊သူအိမ်ဟာလာဟင်းလင်းပ၊

သူ့နေရာအလွန်အေးမြ၊ရောက်လာသူတိုင်းပြန်မရ၊သူ့မှာချစ်သူလွန်ပေါလှ၊

မအိုတော့တဲ့အပျိုမ၊သူ့ကိုလိုလို့ပိုးပန်းကြ၊စွန့်နိုင်သူမှသူနဲ့ရ၊

မလေးသိလျှင်ဖေါ်လိုက်ပ၊လူတိုင်းချစ်တဲ့မြိငိမ်းလှ ကဲဖေါ် “


ကောင်းမြတ်၏မျက်နှာသည်ပျော်ရွှင်ပြုံးတုံ့မပြုံးတုံ့ ၊

ကေင်းမြတ်၏အသံသည်ညဥ့်ယံဖုံးတုံ့မဖုံးတုံ့၊နာဆင်နေသောအဖေါ်များ

ကလည်းနားဆင်ဆုံးတုံ့မဆုံးတုံ့။အားလုံးငြိမ်သက်နေသည်၊အဖေါ်များ

၏မျက်နှာသည်မြခက်၏မျက်နှာကိုဝိုင်းကြည့်နေလိုက်ကြသည်၊

မြခက်၏စိတ်၌အိုက်စပ်စပ်ဖြစ်လာသည်၊ရင်ညွန့်နှင့်ဆံစတို့တွင်

ချွေးဥကလေးများစို့လာသည်၊မြခက်စိတ်ထဲ၌မိမိ၏အဖေါ်များ

မိမိကိုဝိုင်းကြည့်နေမည်ဟုသိနေသည်၊ရင်းတွင်း၌လှုတ်ရှားနေသည်၊

ရုတ်တရက်ညလေးအေးသည်လှုတ်လှုတ်ရှားရှားအသံပြုလျက်မြခက်ကို

ပက်ဖြန်းလိုက်သည်၊မြခက်သည်ရုတ်တရက်အသက်ဝင်လာပြီး

ဒေါ်လေးနုကိုသတိရလိုက်သည်၊ဒေါ်လေးနု၏အသံကိုကြား

သယောင်ယောင်ရှိလာပြီးနှုတ်မှဆိုလိုက်သည်၊

“ ဘုရား တရား သံဃာ ဆရာမိဘ သူရဿတီ မယ်ဒေ၀ီ နှင့်

စန္ဒီသခင်နတ်မယ်ရှင်ကန်တော့ပါ၏။ ကန်တော့ပြီးလျှင်

မယ့်သခင်တို့ထွက်ဝင်ကြွသွား၊မယ့်လျာဖျားတွင်

ရပ်နားစိတ်ကြိုက်နေပါတော့ ၊ မယ်လျင်ဦးခိုက်ပင့်ပါပေါ့။

သမီးနှင့်မယ်ချစ်တုံ့လှယ်သည်၊မယ်မင်းပျော်ကြောင်းပြပါတော့၊

မယ်မယ့်သမီးခွင့်ပန်ပြီး၍မောင်ကြီးအများအဖြေခက်သည့်စကားဝှက်ကို၊

ပန်းနှယ်ဖူးလာသမို့၊ခူးကာပြပါမယ် နားဝဆင်တော်မူ “

“ စည်းစိမ်ချမ်းသာလွန်ကြွယ်ဝ၊သူအိမ်ဟာလာဟင်းလင်းပ၊

သူ့နေရာအလွန်အေးမြ၊ရောက်လာသူတိုင်းပြန်မရ၊သူ့မှာချစ်သူလွန်ပေါလှ၊

မအိုတော့တဲ့အပျိုမ၊သူ့ကိုလိုလို့ပိုးပန်းကြစွန့်နိုင်သူမှသူနဲ့ရ၊မလေး

သိလို့ဖေါ်ကာပြ၊သုံးဘုံချစ်တဲ့မြိငိမ်းလှ၊နိဗ္ဗန်ဆိုတဲ့အပျိုမ မောင်ကြီး ဟုတ်ပါစ “


မြခက်သည်မိမိအဖြေဆုံးသည်နှင့်ပင့်သက်ရှိုက်လျက်ကောင်းမြတ်

ကိုကြည့်လိုက်သည်၊ထို့နောက်အဖေါ်များရှိရာသို့မျက်နှာကိုဖြေးဖြေးချင်း

လွဲလိုက်သည်၊မြခက်၏မျက်နှာသည်ပြုံးလာသည်၊အဖေါ်များလဲပြုံးလာသည

်တိတ်ဆိပ်ခြင်းသည်ကျေနပ်မှုနှင့်တံတွေးမျိုချလိုက်သောအသံကိုပင်ကြားရသည်၊

ကောင်းမြတ်သည်ခန့်ညားသောအပြုံးဖြင့်မိမိတို့လောင်းကြေးထပ်ထား

သောပန်းပုံကြီးကိုကျုံးယူကာတဘက်မှခေါင်းဆောင်ဖြစ်သော ငနပ်သို့

ပေးလိုက်သည်၊ငနှပ်ကပန်းများကိုလက်နှစ်ဘက်ဖြင့်ခံကာမြခက်သို့လှမ်းပေး၏၊

မြခက်ကပန်းနှစ်ပွင့်စီကိုယှူုသူရဿတီနှင့်စန္ဒီရှင်မအတွက်ဟုဆိုကာ

မိမိဘက်သားများ၏ခေါင်းတွင်၎င်းမိမိခေါင်းတွင်၎င်း

ကိုယ်တိုင်ပန်ပေး၏၊ကျန်သောပန်းများကိုကျောက်ပျဉ်၊သနပ်ခါးတောင်း၊

ချာရစ်ခုံ၊ရစ်တောင်းတို့တွင်တပွင့်စီတင်လိုက်သည်

ပွဲကြီးလမ်းကြီးတခုဖြစ်လာသောလူလုင်ပျိုခြောက်ယောက်နှင့်လုံမငယ်တဦး

တို့၏ချစ်ရေးငင်၇ာအချစ်စစ်မြေပြင်ကြီးတွင်စစ်ပွဲဝင်နေကြသူတို့၏ထေ့သံ၊

ရယ်သံ၊စောင်းသံ၊ချိပ်သံ၊လှန့်သံ၊ခွါသံ၊ရှောင်သံ၊တိမ်းသံ၊တို့သည်တိတ်ဆိပ

်သောညတွင်တိုးတိုးတိတ်တိတ်ပေါ်နေရာမှတခါတခါပွင့်ထွက်လာတက်သည်၊

ကောင်းမြတ်သည်အသံသြသြကြီးနှင့်ကြီးကောင်ဝင်လာသည့်အချိန်မှစ၍နွား

သိုးပေါက်ကလေးကဲ့သို့အပျိုတကာအပျိုအိမ်သို့ဦးစွာရောက်အောင်သွားပြီး

ပေါက်တက်ကရတွေပြောခဲ့တက်သူဖြစ်သည်၊အပျိုကြီးများနှင့်လည်းနီးနီး

ကပ်ကပ်ပေါင်းထားသောကြောင့်ပေါက်ပေါက်ရှာရှာစကားများကိုကြား

ဘူးခဲ့သူဖြစ်သည်၊ခြုံ၍ဆိုရသော်ကောင်းမြတ်သည်မိန်းမတို့ကြိုက်တက်

သည့်ကာလသားကာလသားပေါက်ကလေးဖြစ်နေသည်၊

မနေ့တနေ့ကအပျိုဖြစ်လာသောမြခက်ကိုဘယ်လှိမ့်ညာကန်သဒ္ဒါလန်အောင်

နှယ်ပစ်လိုက်မည်ဟုသဘောထားသော်လည်းလက်တွေ့တွင်မူထင်သလောက်မလွယ်၊

မြခက်ကလဲခေသူမဟုတ်ဒေါ်လေးနု၏လက်ထပ်သင်ပေးထားပညာများက

မြခက်ကိုယှဉ်ဘို့တော်ရုံတန်ရုံယှဉ်ဘို့မလွယ် ၊

မြခက်တို့ဘက်မှ ခေါင်းဆောင်လုပ်သူငနှပ်သည်ခေသူမဟုတ်စကားဝိုင်း

တခုနှစ်ခုတွင်ပါဝင်ဘူးသူဖြစ်သည်၊ငတောကစကားမကြွယ်သော်လည်းပိုင်နိုင်

သူဖြစ်သည်၊အမှောင်၌ပျောက်နေသောစကားကိုရှာပေးနိုင်သူဖြစ်သည်၊

မြခက်သည်ဒေါ်လေးနုသင်ပေးထားသောလင်္ကများကို၇ွက်ဆိုတက်သဖြင့်

ကလသားလူပျိုပေါက်ကြီးတို့တအံ့တသြငေး၍နားထောင်ကြရ၏၊

ချည်သေး၍ချာမလည်သလိုပါဘဲ၊ သို့ပေမဲ့မောင်ကြီးတို့ကဘိတ်ခေါ်ကြတော့ကျမ

အဘို့မပါပြန်ရင်လဲရိုင်းရာကျတော့မည်၊ပါပြန်ရင်လဲဗိုင်းနာမ မဖြစ်ရအောင်မ၀ံ့ရဲရဲ

ဝံ့ရဲရဲနှင့်ရိုင်းရာမကျရအောင်စွန့်စားပြီးသည်စကားဝိုင်းမှာပါရပါသည်၊မောင်ကြီး

တို့မကြင်နာ၍ဗိုင်းနာမဖြစ်လျှင်လဲ၊ဖြစ်ပါစေတော့၊

ဟု၍အောက်ပင့်စကားလင်္ကာသွားကလေးတွေရွက်ပြီးမှတကယ့်ခဲရာခဲဆစ

်စကားအသစ်တွေကိုချည်းဝှက်နေရာကောင်းမြတ်တို့လူသိုက်ချွေးပြန်နေကြသည်၊

စကားဝိုင်း၏အခြေအနေသည် ငနှပ်တို့ဘက်အရေးသာသလိုရှိနေ၏၊ဘယ်အချိန်က

ဘယ်လိုတက်နေမှန်းမသိသောမြတ်လက်၏စကားများအောက်တွင်ကောင်းမြတ်တို့

အလူးအလဲခံနေရသည်၊လရောင်သည်ညနက်မှမို၍ထိန်ထိန်သာလာသည်၊ညနက်

်ပြီဖြစ်သောကြောင့်တချို့အိမ်မှကာလသားများပြန်စပြုနေပေပြီ၊ကာလသားပြန်ချိန်ဖြစ်

သောကြောင့်ကြက်တောင်ပံတဖြတ်ဖြတ်နှင့်ကောက်အီးအီးအွက်သံစတင်ကြားရပေပြီ၊

ကောင်းမြတ်ရာ မိုးသာထိန်ထိန်လင်းမပ မင်းတို့ဖွတ်ချေးတွေ ငရို့ကိုပြိုင်လို့နိုင်ရိုးလား ၊

ငနှပ်က မခံချင်အောင်စလိုက်သဖြင့် ကောင်းမြတ်က မနိုင်လျှင် နိုင်ရာနှင့်ညစ်တော့မည်

ဟုစိတ်ကူးလိုက်၏ ။ မြခက်မဖေါ်နိုင်မည့်စကားကိုရွေး၍နောက်ဆုံးပိတ်အနေနှင့်ဝှက်မည်

ဟုဆို၍

ကဲ မနက်ဖြန်ငါလဲ မှင်ကြောင်ထိုးရမှာဆိုတော့ ဒီပန်းတွေအကုန်ပုံသြပြိးလောင်းလိုက်

မယ် - နောက်ဆုံးဝှက်ခြင်းဘဲ မင်းတို့ထဲက မြခက်ဘဲဖေါ်ရမယ် -

“ မြေနှင့်ရန်ဘက် ခတ်လက်ညိုမှောင် နေမလောင်သည့် အမှောင်ပုန်းခိုပန်းနီညို ၊

မပွင့်လိုဘူး အမြဲဖူးချင်၊ ချစ်သူခူးမှလန်း၊ ချစ်သူနမ်းမှပွင့်၊ မ လေးပန်ဘို့အသင့်

မောင်ကြီးပေးချင် ချင့် တဲ “့

မြခက်ရှက်၏မျက်နှာ၌ရှက်သွေးဖြာသွား၏၊ကောင်းမြတ်ကိုမျက်စောင်းတချက်ထိုး

လိုက်၏၊

ကေင်းမြတ်က စိုးမိုးသောမျက်လုံများဖြင့်မြခက်ကိုပြန်ကြည့်နေရာမြခက်သည်အနေ

ရခက်ပြီးရင်ထဲတွင်တဒိတ် ဒိတ်ခုန်နေသည် ၊ ဤစကားသည်အသစ်ဖြစ်သောကြောင့်

ဘယ်သူမှမဖြေနိုင်ကြ။သို့သော်မြခက် ရှက်သွေးဖြာနေသည်ကိုကြည့်ခြင်းအားဖြင့်

မြခက်ဖြေနိုင်မည်ဟုသိနေ၏၊

“ ဖြေလိုက်လေဟာ နင်သိတယ် မှုတ်လား “

ငနှပ်က မြခက်ကို မြှောက်ပေးလိုက်သည် ၊ ကေင်းမြတ်က မြခက်ကိုစေ့စေ့ကြည့်ပြိး

“ ဖြေလေ ဖြေနိုင်ရင်ဖြေပေါ့ ဖြေနိုင်ရင် ဟောဒီပန်းတွေအကုန်ယူ ငါ့စကားထဲမှာ

တခွန်းထဲပါတယ် ယူမလား မယူဘူးလား ပြော “

မြခက်က ကသနပ်ခါးတောင်းထဲမှ သနပ်ခါးတတုံးယူပြီး ကောင်းမြတ်ကိုပေါက်

လိုက်၏၊

ကောင်းမြတ်က လက်ဖြင့်ဘမ်းယူပြီး ပြုံးနေ၏ ။

“ဖေါ်နေ သေသေချာချာဖေါ် ငပြိုင်းတို့ စံတုတ်ကြီးတို့သိအောင်ဖေါ်ရမယ်

မဖြေနိုင်ရင်တော့ရှံးပြီ ပန်းပေးဒို့နိုင်တယ် “

“ နိုင်လိမ့်မယ် အားကြီး နိုင်မယ် ကျုပ်ဖေါ်မယ် သေချာနားထောင် -

နီညိုရောင်သမ်း နေမလှမ်းတဲ့ နတ်ပန်းဆန်ကို မပန်ဝံ့လို အမေဆိုလိမ့် နတ်အိုရဲက

ဖျဉ်းစွဲအောင်ဖမ်းစားတက်သတဲ့တော့ ၊ နီနီကျင်ကျင် နေမလှမ်းတဲ့ ပန်းလွင်လွင်ကို

ရွှင်လိုမြူးလိုကစားလို၍ ပေးလိုခဲ့ လျှင် မောင်ကြီးအိမ်ကမောင့်နှမကို ၀အောင်အရင်

ပန်ပါစေလားတော့ ကဲ “

မြခက်က တောက်ပသောမျက်လုံး အပြုံးပါသောမျက်စောင့်ဖြင့် ကောင်းမြတ်ကို

မချိုချဉ်ကြည့်လိုက်သည်၊ကောင်းမြတ်၏မျက်နှာသည်အလွန်အမင်းအံ့အားသင့်

လျက်ရှိနေပြီး ၊မြခက်၏အဖြေက မိမိကို သာသာနှင့်နာနာနှက်လိုက်သည်ကို

မကျေမနပ်ဖြစ်နေသည်၊အဖြေတိုင်ရိုက်မဖေါ်ဘဲ သွယ်ဝှက်၍ဖေါ်ပြိး တဘက်သားကိုလဲပြန်လှန်ထိုးနှက်လိုက်သောစကားဖြစ်သောကြောင့်

ကောင်းမြတ်က

ကဲမယ်မင်းကြီးမ လေး ခင်ဗျားကိုကျုပ်အရှုံးပေးတယ်ကဲယူတော်မူ “

ဆိုပြီးပန်တွေကို အကုန်လုံးထိုးပေးလိုက်သည် ၊ မြခက်က ဂုဏ်ယူဝင့်ကြွား

သည့်အပြုံးလေးပြုံးပြ၏

“ ဟေ့ နေအုံးက အစက အားလုံးသိအောင်ရှင်းပြရမယ်လို့ပြောထားတာ

အခုဒို့မှ မသိသေးတာ မရဘူး ကွ ဒို့ကို ရှင်းပြပြိးမှ ပန်းယူလို့ ရမယ် “

ငပြိုင်းကပူညံပူညံလုပ်ရင်း ပန်းတွေကိုဆွဲထားလိုက်သည်၊ငနှပ်က

မြက်ခက်ကိုတိုးတိုးလေးကပ်မေးသည်၊အတန်တန်မေးမှ “ သူ့မေးပါလား “

ဟုဆို၍ ကောင်းမြတ်ကိုမေးထိုးပြ၏၊

ကောင်းမြတ်က မိမိဖြေကိုတိုးတိုးလေးကပ်ပြီးပြောပြ၏၊

“ ဟေ့ ကောင်းမြတ်မင်းသစ္စာမဖေါက်နဲ့ကွမင်းကိုယ့်ချင်းချင်းတော့

မပြောဘဲနဲ့ “

ငပြိုင်းကတွန်းလားဆွဲလားလုပ်နေသည်။ ငနှပ်က ကောင်းမြတ်ပြောတဲ့

အဖြေကိုဘောပေါက်သွားပြီးမိမိပေါင်ကိုတချက်ပုတ်လိုက်သည်၊

“ သြ အဲ ဒါကိုး “ ဟုအော်လိုက်သည်၊ ငပြိုင်းကရှေ့မှ ပန်းပုံကြိးကို

ဆွဲယူလိုက်ရင်း

‘ မင်းသိချင်လား - မင်းသိချင်လား အဲဒါမင်းအဖေကြီးရဲ့ ဟာကွာ ကဲ ပေး “

ဟုဆိုပြီးပန်းပုံ ကြီးကိုဆွဲယူလိုက်သည်၊

“ ဟေး ဟေး မရဘူး ဒို့သိအောင်ပြောရမယ် “

“ ပြော ပြီးပြီလေကွာ မင်းအဖေကြီး ရဲ့ဟာဆိုမှဘဲ “

ဤတွင်မြခက်က၀င်၍

“ တော်ဒို့ နော် ဒါဘဲနော် မိန်းခလေးတယောက်ရဲ့အိမ်မှာ သစ်နှစ်ပင်ကြား

ပေါက်တဲ့ဝါးအဖျားခပ်ကိုင်းကိုင်း တဲ့ တော့ သိလား “

“ အို အဲဒါ ဒို့မသိဘူး ဒို့ ကတော့ မတတ်တာ အမှန်ဘဲ

ငတောက ငပြိုင်း၏ဇာတ်ပိုးကိုလက်ဝါးနှင့်ရိုက်လိုက်ပြီး

“ အမယ် မင်းက အခုမှရိုးနေလိုက်တာ အမေရိုး အမေရိုးကလေး

မသိရင်မှတ်ထားသစ်နှစ်ပင်ကြားပေါက်တဲ့ဝါးအဖျားခတ်ကိုင်းကိုင်းဆိုတာ

မိမစစ်ကြားပေါက်တဲ့သားစကားခပ်ရိုင်းရိုင်းတဲ့ ကဲ ပန်းပေး “

ငပြိုင်း၏ခေါင်းမှပန်းကိုဖြုတ်ယူလိုက်သည်၊ဤသို့ဖြင့်စကားဝိုင်းအဆုံး

သတ်ခါကာလသားတသိုက်မြခက်ကိုနှုတ်ဆက်ပြီးအိမ်ထဲမှထွက်သွား

ကြလေသည်၊

ကာလသာြးိပန်ချိန်ကြက်သည်တောင်တဖြတ်ဖြတ်ခတ်၍တွန်လိုက်သည် ၊

ဆူနေသောအိမ်သည်တိတ်ဆိတ်သွားသည်၊ဆေးလိပ်တိုများ၊ကျောက်ပျဉ်နှင့်

သနပ်ခါးတောင်းများ၊ကွမ်းအစ်၊ထွေးအစ်၊အဖန်အိုး၊ထန်းလျက်ပန်းကန်စသည်

တို့သည်ပြန့်ကျဲကျန်ရစ်ခဲ့သည် ၊

ကာလသားတို့၏ကိုယ်နံ့များပင်ကျန်ရစ်ခဲ့သလိုထင်ရ၏၊

မီးအင်ထဲမှမီးတောက်သည်ရေနံချေးနဲ့နေသဖြင့်ဖုတ်လိုက်ဖုတ်လိုက်ဖြစ်

နေသည်၊

မြခက်သည်ဗိုင်းငင်သောရစ်ခုံ၊ရစ်တံနှင့်ချည်များကိုအသံအထွက်အောင်

တိတ်တိတ်ဆိတ်ဆိတ်သိမ်းနေသည်၊မြခက်၏စိတ်ထဲ၌ဟာတာတာကြီး

ဖြစ်နေပြီးတစုံတခုကိုလွမ်းသလိုလိုခံစားနေရသည်၊

အိမ်မြှောင်တကောင်၏စုတ်ထိုးသံသည်ဝဲလင်းဆောင်တခုလုံးကိုကျယ်

လောင်စွာဖုံးလွှမ်းသွားသည်၊

မြခက်၏စိတ်ထဲ၌အိမ်မြှောက်စုတ်ထိုးသံကိုပင်လွမ်းစရာအသံဟုထင်

လိုက်ရသည်၊ပစ္စည်းများသိမ်းဆည်းပြီးသောအခါမြခက်သည်၊၀ဲလင်းဆောင်

အပြင်သို့ထွက်ဖြစ်အောင်ထွက်လိုက်သေးသည်၊

အရွက်ကြဲကြဲဒန့်ဒလွန်ရွက်များအကြားမှ တခြမ်းပဲ့လမင်းကြီးသည်အစွမ်းကုန်

သာနေသေးသည်၊အဖေါ်ကွဲနေသောငှက်တကောင်းသည်အတောင်ခတ်၍

ပျံထွက်သွားသည်၊မြခက်သည်အဆုံးမရှိအတွေးများဖြင့်ထိန်ထိန်သာနေသော

လမင်းကြီးကိုငေးကြည့်နေသည်၊

“ ဟဲ့ လုံမ မအိပ်သေးဘူးလား အိပ်ပါတော့ လား “

“ ဟုတ် ကဲ့ အမေ ကျမအိပ် မလို့ “

တရေးနိုးလာသောမိခင်ကလှမ်းအော်လိုက်သဖဖြင့် မြခက်အိပ်ယာထဲဝင်

လိုက်ရသည်မျက်လုံးများကခပ်ကြောင်ကြောင်အတွေးများကမပြတ်သေး ၊


ွဤဆောင်းပါးသည် ရန်ကုန်ဘဆွေ ၏ မြန်မာပြည်သား ၀တ္တုကိုမှိငြမ်းထားပါသည်
မောင်သုည
ကိုးကားသောစာအုပ်များ
၁ ရန်ကုန်ဘဆွေ - မြန်မာပြည်သား
၂ ကြည်အေး - မြန်မာ့ရိုးရာစကားထာများ
၃ ရခိုင်ရိုးရာစကားထားများ


အပိုင်း ၃ တွင် မြန်မာ့ဓလေ့ ဆေးမှင်ကြောင်ထိုးခြင်းကို
ဆက်လက်တင်ပြပါမည်

Friday 27 August 2010

နှောင်းခောတ်ကြေးမုံ ( အပိုင်း ၃ )


နှောင်းခောတ်ကြေးမုံ ( အပိုင်း ၃ )






မြန်မာမှုမြန်မာ့ဟန်မြန်မာ့ဓလေ့ကလေးများ

( ဆေးမှင်ကြောင်ထိုးခြင်း )

နိဒါန်း
ရှေးတုန်းကမြန်မာယောက်ျားကလေးများဆေးမှင်ကြောင်းထိုးကြရသည်
ဆေးမှင်ကြောင်ထိုးမထားသူကိုယောက်ျားဟုမသတ်မှတ်၊သတ္တိနဲသူသရဲဘော
ကြောင်သူဟုသတ်မှတ်ကြသည်၊ရှေးမြန်မာဘုရင်များကကျေးရွာများမှယောက်ျား
များကို စစ်သားအဖြစ်ခေါ်ယူရွေးချယ်သောအခါ ပေါင်တွင်ဆေးမှင်ကြောင်ထိုးမထား
သူကိုစစ်သားအဖြစ်ရွေးချယ်ခြင်းမပြုပေ၊ရှင်ပြုပြီးမှင်ကြောင်ထိုးပြီးသူကိုသာစစ်သား
အဖြစ်ရွေးရသည်၊ လူကောင်ကြီးထွားသော်လည်းဆေးမှင်ကြောင်ပေါင်မှာမရှိလျှင်
ရန်သူကမြင်လျှင်ရှက်ဖွယ်ယောက်ျားဖြစ်ပေမည်၊ဆေးမှင်ကြောင်ကိုဒူးကျအောင်ထိုး
နှံခြင်းမျိုးမဟုတ်ဘဲပေါင်လယ်ရင်း၌သာထိုးထားသူတို့သည်၊စစ်ပွဲအတွင်းတွင်ထမင်း
ထမ်း ဟင်းအိုးထမ်းအခြားသူတို့၏အစေအပါးမျှသာပြုလုပ်ပေးကြရသည် ၊ စစ်သား
တိုင်း၏အနိုင်ကျင့်နှိပ်စက်ခြင်းကိုခံကြရသည်၊၇ွာထဲ၌လည်းဆေးမှင်ကြောင်မရှိလျှင်
ရှက်ဘွယ်ယောက်ျားဖြစ်သည်၊မြန်မာအပျိုမကလေးများကအထင်သေးသည်ချစ်
ကြိက်မှုမရှိတက်ကြပေ၊
ဆေးမှင်ကြောင်ထိုးပြီးမှမိန်းခလေးများနှင့်တန်းတူရောနှောနေနိုင်သည့်
ယောက်ျားကြီးများဖြစ်လာသည်ဟုအယူအဆရှိကြသည်၊လူပျိလှည့်ရာ၌ပင်လျှင်၊မင်
ကြောင်မရှိသေးသူပြောသည့်လူပျိုစကားသည်တကယ်ပြောသည့်စကားမဟုတ်ဟု
ယူဆကြသည်၊ တကယ်ပြောတာလား တကယ်ပြောတယ်ဆိုရင် မှင်ကြောင်ထိုး
လိုက်ဦး၊ မှင်ကြောင်ထိုးပြီးမှလာပြောဟု မိန်းခလေးတွေက လှန်၍လွတ်တက်ကြ
သည်၊
ယခုအခါမြန်မာများတွင်ဆေးမှင်ကြောင်ထိုးထားသူကိုတွေ့ရခဲလှသည်၊
မေချစ်သီဆိုထားသည့်၊ထိုးကွင်းလေးနှင့်ခြင်းခတ်သူ သီချင်းကလေးပျောက်
ကွယ်သွားသလို ထိုးကွင်းနှင့်မြန်မာများလဲပျောက်ကွယ်သွားလေပြိ ၊
ဒါပေမဲ့ မြန်မာ့ဆေးမှင်ကြောင်ကို ( Copy or Modify or Promotion )
မှီငြမ်းလေသလားပြုပြင်လိုက်လေသလား ပိုမိုတိုးတက်အောင်ပြု လုပ်လိုက်သလား
တော့မသိပါ ၊Tattooဆိုတဲ့နိုင်ငံခြားနည်းပညာကတော့ခောတ်စားလျက်ရှိနေသည် ၊
ယောက်ျားများသာမက မိန်းကလေးများပင် ထိုးထားကြသည် ၊မြန်မာမိန်းခ
လေးများလဲ Tattoo ထိုးနေကြတာတွေ့ရပါသည်။
ကဲဘာဘဲဖြစ်ဖြစ်ပျောက်ကွယ်သွားပြီတဲ့ မြန်မှုမြန်မာ့ဟန်မြန်မာ့ဓလေ့ကလေး
များ ဖြစ်တဲ့ ဆေးမှင်ကြောင်ဘယ်လိုထိုးခဲ့ရတယ်ဆိုတာကို မြခက်နဲ့ကောင်းမြတ်တို့
ရဲ့ ဇာတ်လမ်းကလေးပြန်ဆက်လိုက်ရအောင် ၊









နှောင်းခောတ်ကြေးမှံ ( အပိုင်း ၃ )

ရွာဦးကျောင်းဆီမှအုန်းမောင်းခေါက်သံကိုကြားရလေပြီ၊ကြေးစည်သံနှင့်အတူစံတုတ်တို့၏
နိဗ္ဗာန်ဆော်သံမှာတိတ်ဆိပ်နေသောနံက်ခင်းကိုလှန့်နှိုးလိုက်သလိုပင်၊
ကိုရင်ဖိုးထိန်တို့အိမ်မှညောင်ကန်ကြက်ကြီးကလဲတောင်ပန်တဖြန်းဖြန်းခတ်လျက်
အောက်အီးအီးအွတ်သံဖြင့် လင်းကြက်ဆော်လိုက်လေပြီ၊
မြခက်သည်ဆွမ်းအတွက်အားလုံးအသင့်ပြင်ပြီးသည်နှင့်အိမ်ရှေ့ဝဲလင်းဆောင်
အပြင်ဘက်သို့ထွက်လိုက်သည်၊ကောင်းကင်ကြီးတခုလုံးပုဇွန်ဆီရောင်သန်းနေသည်
မကြာမီ အာရုံတက်တော့မည်လှပသောကောင်းကင်သည်မိမိကိုတုပြိုင်နေသကဲ့သို့
ဝင်းဝင်းပပထွန်းတောက်နေသည် ၊
မပြိုင်ပါနဲ့လားကောင်းကင်ကြီးရယ်
ကောင်းကက်၌တိမ်တောင်တိမ်လိပ်တို့ရှိနေသောကြောင့်ပြည်စုံ၏၊ မိမိမှာမူ
တစုံတခုလိုနေသလိုရင်ထဲမှာဟာတာ တာဖြစ်နေသည်၊
ဆွမ်းအုတ်လာယူမည့်စံတုတ်တို့ကိုမျှော်ရင်း အိမ်ခေါင်းရင်းဆီမှ ဇွန်ပန်းရုံဘက်ဆီသို့
ဝင်သွားသည်၊ဇွန်ပန်းရုံကြီး၌ဇွန်ပန်းတို့တပင်လုံးဖွေးနေသည်၊
အိုလှလိုက်တာ - ပန်းဗေဒင်ကြည့်အုံးမှဘဲ ၊

မြခက်သည် မျက်စိကိုစုံမှိတ်၍ ဇွန်ပန်းတခက်ကိုခူးလိုက်သည်၊

“ ဟယ် ကြည့်စမ်း ကံကောင်းလိုက်တာ ”
သူ့ ဘို့ တပွင့် ကိုယ် တပွင့် ကြည့်လိုပဏ္ဍာတင့်
စိတ်ထဲမှ သီချင်းဆိုသလို ဆိုလိုက်သည် မြခက်၏မြူးတူးနေသောအသွင်သည်ပုဇွန်
ဆီရောင်ကောင်းကင်နှင့် ပဏ္ဍာတင့်နေသည် ၊
ပန်းကလေးနှစ်ပွင့်မှပွင့်ချပ်များကို ရေတွက်လိုက်သည်၊
ဇွန်ပန်းပွင့် တပွင့်စီတွင် ပွင့်ဖတ် ခုနှစ်ဖတ်စီပါနေသည် ၊
နှစ်ပွင့်ကိုပေါင်းသော် ၁၄ ဖတ် အားလုံးပေါင်းလိုက်သော် ၅ ရသည် ၊
ပန်းဗေဒင်အရ
၁ ရလျင် သူလာမည် ၊ ၂ ရလျှင် နှောင့်နှေးမည် ၊ ၃ ရလျှင် လူပျိုလှည့်လာမည် ။၊
၎ ရလျှင် လက်ထပ်ရမည် ၊ ၅ ရလျှင် သူနှင့်ကွဲမည် ဟုအဆိုရှိသည် ၊
အခု ၅ ခုဖြစ်သောကြောင့်သူနှင့်ကွဲရချေတော့မည်တဲ့
ဘယ်သူများဘာလိမ့် ကွဲရအောင်ကလဲ ငါ ဘယ်သူနှင့်မှ ဘာမှမဖြစ်သေးဘဲ မြခက်
က စိတ်ဖြေလိုက်သည် ၊
ထိုစဉ်အိမ်ဝဆီမှအသံကြားလိုက်သည်၊စံတုတ် နှင့်သာဇ တို့ဆွမ်းအုတ်လာယူ
ပြီထင့် မြခက်အိမ်ခြံဝဘက်သို့ကြည့်လိုက်သည် ။ ကောင်းမြတ်၏ရင်ဘတ်ကျယ်ကြီး
သည်မိမိမျက်နှာရှေ့သို့ရောက်နေသည်၊ရုတ်တရက်လန့်သွားသဖြင့်နောက်သို့တလှမ်း
ဆုတ်ရင်းကောင်းမြတ်ကိုကြည့်၏၊ကောင်းမြတ်သည်ကျက်သရေရှိစွာပြုံးလျက်နေ၏၊
အာရုဏ်ဦး၏စကားနီရောင်သည် ကောင်းမြတ်၏ယောင်ချောကြီးနှင့် ခန့်ညား
သောမျက်နှာ၊ကျယ်ပြန့်သောရင်အုတ်၊ကြီးမားကျစ်လစ်သောလက်မောင်းအိုးတို့
အပေါ်သို့ကျရောက်နေ၏၊ ညကလိမ်းသွားသောသနပ်ခါးစကလေးများသည်ကောင်း
မြတ်၏မျက်နှာပေါ်တွင် နှစ်လိုစဖွယ်ကျန်နေသေးသည်၊ ကောင်းမြတ်သည်ပုဆိုးရှည်
ကိုနောက်ကျောမှသိုင်းလျက်မို့မို့မောက်မောက်ရင်အုတ်ကြီးကို မလုံ့တလုံဖုံးထား၏၊

“ အမယ် လန့်နေလိုက်တာ ငါပါ ဟဲ့ ဒီနေ့ မှင်ကြောင်ထိုးဘို့အတွက် အပျိုလှ
လှ ရှိတဲ့အိမ် ခုနှစ် အိမ်က အပျိုလေး ခုနှစ် ယောက်ပေးတဲ့ပန်းပွင့်ကိုနေလုံးမပေါ်မီရ
ရအောင်တောင်ယူလာရမယ်ဆိုလို့ ငါလာတောင်းတာ ပါ ”

မြခက်ရင်ခုံလှုတ်ရှားနေသည်၊တောက်ပြောင်ရွှန်းလဲသောမျက်လုံးများဖြင့်
ကောင်းမြတ် မျက်နှာကိုစိုက်ကြည့်လိုက်သည်၊

” အိုတော် ကြံကြံဖန်ဖန် တော်ရို့ဆေးတွေဝါတွေနဲ့လုပ်ကြတာကိုကျုပ်ကြောက်
ပါတယ် မပေးဝံ့ပါဘူး ”

“ ဟဲ့ နင်ကလဲ အဲဒါထုံးစံ ဆိုတာ နင်လဲသိသားနဲ့ အခုအပျို ခြောက်အိမ် က
ပန်းခြောက်ပွင့်တောင်ရခဲ့ပြီ ”

“ တော့်မှာ အပျိုတွေပေါတာဘဲ တခြားအပျိုတွေဆီမှာသွားတောင်းပါတော် ”

“ အပျိုတွေပေါတာ ငါသိသားဘဲ ဟဲ့ ချောတဲ့လှတဲ့အပျိုကပေးတဲ့ပန်းမှဖြစ်မှာ
မို့ ငါနင်ဆီလာတောင်းတာပါဟာ နင်ကလဲ တွန့်တိုစရာမဟုတ် တွန့်တိုနေလိုက်တာ ”

“ အို ကျုပ် ကမချောပါဘူး မလှပါဘူး မလုပ်ပါနဲ့တော် ”

“ ဘယ်နှယ် မချောရမလှ၇မှာတုန်း ချောလိုက်လှိုက်တာမှ ပပ၀တီကတောင်
မမ မမ လို့ခေါ်ရချေသေးရဲ့  ၊ငါတကယ်ပြောတာသိလား နောက်ဆုံးအပျိုပေးတဲ့ပန်း
ဟာ အချောဆုံးအလှဆုံးအပျိုပေးတဲ့ပန်းဖြစ်ရမယ်တဲ့ ”

“ အို တော် မဖြစ်နိုင်တာ ကျုပ်က အရုပ်ဆိုးပါတယ် ”

“ ဘယ်ကအရုပ်ဆိုးရမှာလဲ နင်ဟာ ဒို့ရွာမှာအချောဆုံး အလှဆုံးသိလား နင့်
က နင့်ရုပ် နင်မမြင်ရလို့ - ငါပြလိုက်စမ်းချင်တယ် ညနေ နေရီရီမှာ သနခါးဘဲကျား
ကွက်လို့ ပီးတော့ အထက်ဆင်နီနီမှာ ချည်စိမ်းကလေးပေါင်းထားတဲ့ မဲထဘီကိုဝတ်
လို့ ခေါင်းမှာ ခတ္တာပွင့်နှစ်ပွင့်ဝင့်ဝင့်ခါဝင်ခါနဲ့ သဲလမ်းကြောင်း အတိုင်း နင်ရေရွက်လာ
လာကို ငါ့မျက်စိထဲကကို မထွက်ဘူး ” “ အဟုတ်ပြောတာဟဲ့ မိုးပေါ်က တောက်နေ
တဲ့ တိမ်တွေတောင် နင်ကို ငုံကြည့်နေရတယ် သိလား ဒါကြောင့် အလှဆုံးအပျိုလေး
ဆီက ပန်းဆိုတာ နင့်ဆီကဘဲဖြစ်ရမယ် ”

မြခက်မျက်နှာသည်ရှက်သွေးဖြန်းလျက်နီမြန်းလာသည်၊ရင်တွေပိုခုန်လာသည်

“ အို တော် ကြံကြီးစည် ရာ မဟုတ်တာတွေ ”

မြခက်သည်ပြောပြောဆိုဆို ကောင်းမြတ်ကိုကွေ့ရှောင်၍အိမ်ထဲသို့ဝင်မည်ပြု၏၊
ကောင်းမြတ်က မြခက်လက်ကိုလှမ်းဆွဲလိုက်သည်၊

“ ဘယ့်နှယ် လုပ်တာလဲ မြခက်ရယ် - ဒါနဲ့နေထွက်လာရင် ပန်း ခုနှစ်ပွင့် မပြည့်
လို့ ငါထိုးမဲ့မင်ကြောင် မအောင်ဘဲနေတော့မှာဘဲ - ပေးပါဟယ်ပန်းတပွင့်လောက် -
နင့် လက်ကလေးနဲ့ခူးပေးလိုက်စမ်းပါ - ”

ကောင်းမြတ်က မြခက်လက်ကို မလွှတ်ဘဲ ဆုတ်ထားနေသည် ၊

အို ဘာတွေပြောနေတာလဲ လွှတ်ပါတော် ဟိုမှာ ငနီတို့ဘညွန့်တို့တောင်
ဆွမ်းအုပ် ယူဘို့လာနေပြီ - တော် ကြာ တလွဲ တချော်တွေထင်နေပါအုံးမယ် ”

“ အို ထင်ပစေ ပလွတ်ဘူး တွန့်တိုစရာ မဟုတ်တာ နင်က တွန့် တိုနေတာ -
ငါက နင်ကိုအားကိုး တကြီးနဲ့လာရ သ ဟ ”

ကောင်းမြတ်က ပြောပြောဆိုဆို မြခက်ကို ဆွဲယူလိုက်ရာ မြခက်တကိုယ်လုံး
ကောင်းမြတ်၏ရင်ခွင်ထဲသို့ရောက်လုနီးနီးဖြစ်သွား၏ ။ မြခက်ကကောင်းမြတ်ကိုအ
ထိန့်တလန့်မော့ကြည့်လိုက်ပြီး အတန်ကြာငေးနေသည် ။ နောက်မှ သတိဝင်လာပြီး

“ အို လွတ်ပါ တော် ကျုပ်ခူးပေးပါ့မယ် ”
ကောင်းမြတ်က ကျေနပ်စွာပြုံးပြီး လွှတ်ပေးလိုက်သောအခါ မြခက်သည် ဇွန်
ပန်း အခက်ကြီး တခက်ကိုချိုးပေးလိုက်သည် ၊ ဇွန်ပန်းကိုင်းကိုလှမ်းပေးပြီး မြခက်
သည် ကောင်းမြတ်ကို မကြည့်ဘဲ အိမ်ပေါ်တက်သွားသည် ၊
ကောင်းမြတ်က မြခက်ကို စိုက်ကြည့်ရင်း

“ ငါလေ နင့် ကို တကယ် တကယ် ”

ကောင်းမြတ်စကားမဆုံး မီ ငနီိ နှင့် သာညွန့်တို့ေ၇ာက်လာပြီး ဆွမ်းအုပ်လာယူကြ
သည် ၊ ကောင်းမြတ် လဲ သာညွန့်တို့ နှင့် အတူဆွမ်းအုပ်ထမ်းပြိး ထွက်သွားသည်
မြခက်က လမ်းမကြီးပေါ်သို့မျှော်ကြည့်လိုက်သည် သူတို့ကိုမတွေ့ရတော့
အရိပ်ရောင်မျှပင် မတွေ့ရ ရင်ထဲတွင် ဟာတာတာ နှင့် ကျန်ရစ်ခဲ့လေသည်၊

------------------*************---------------

အပိုင်း ၄ သို့ဆက်၇န်

Wednesday 25 August 2010

နှောင်းခောတ်ကြေးမုံ ( အပိုင်း ၄ )

အခန်း ၂

အောက်ပြည်အောက်ရွာတွင် ဖုံးတုံးလုံးတုံးတန်ဆောင်မုန်းအချိန်တွင် အထက်
အညာရှိ ကောင်းမြတ်တို့ စံတုတ်ကြီးတို့ညောင်သာယာရွာကလေး၌ခြေခင်းလက်သာ
ယာခြောက်သွေ့လှလေပြီ၊ ညအခါ၌ကြယ်တာရာတို့သူထက်ငါအပြိုင်ဝင်းပထွန်း
လင်းနေကြသဖြင့်ကြယ်အလှပြိုင်ပွဲကြီးပြုလုပ်နေသကဲ့သို့ထင်ရ၏၊ထိုကာလသည်
ကြတ္တိကာနက္ခစန်းနှင့်ယှဉ်သောကြောင့် ဆေးပေါင်းခသည်လ အဟန့် မှင် ၊ မှောင် ၊ သျှို ၊ သျှိမ်း
တို့ပြီးစီးသည်ဟုယုံကြည်ကြသည်၊

ကွယ်လေးရဲ့ မှင်ကြောင် ဘယ်မှောင်မှာ ဘယ်ပေါင်စထိုး အေးနဂလိမ် -
ပုသိမ်ခင်းလို့ - ဖျင်ဖြူနီ ပွဲစုံကျင်းတယ် - မှောင်တွင်းညာရင်း ကထိုး -- ”

ရွာလမ်းမပေါ်တွင် မကြီးလေးဘုံ - မယ်လေးနုနှင့် ရွာထဲမှအပျိုလေးတသိုက်
သီချင်းကျော်ကျော်နှင့် ရွာမြောက်ဖျားဆီသို့သွားနေကြသည်၊သူတို့လက်ထဲတွင် ရေ
ချမ်းအိုးများ ၊ ကွမ်းအစ်များ ၊ သနပ်ခါးကျောက်ပျဉ်နှင့် နံ့သာတုံးများ ၊ နံသာခွက်များ
လက်ဖက်အစ်များ ၊ ဆီမီးခွက် ဆီမီးတိုင်နှင့် တံခွန်ကုက္ကားတိုင်များ ၊ ပုခုံးပေါ်၌ပုဆိုး
ရှည်များ ၊ တင်းတိမ်များ ၊ ရက်ပြီးစ တဘက်များ စသည်တို့ပါ၏ ၊
ရွာအပျိုကလေးများ ဤသို့ ပန်း ရေအိုး ဆီးမီး ၊ အမွှေးနံ့သာ သွေးရန်ကျောက်
ပျဉ် ၊ တံခွန်ကုက္ကားတို့ ယူပြီးစုရုံးသွားကြသည်ဆိုလျှင် ရွာမှကာလသားပေါက်ကလေး
များ နေ့ကောင်းရက်သာရွေးပြီးပြုလုပ်ကြသည့် မှင်ကြောင် ထိုးပွဲရှိတက်စမြဲဖြစ်သည်၊
ယောက်ျားပျိုကလေးများမှင်ကြောင်ထိုးသည်ကိုရွာအပျိုကလေးများကစိတ်ဝင်စားကြသည်
လာရောက်အားပေးကြသည်၊့ဤ သို့မှင်ကြောင်ထိုးပြီးမှတန်းတူရောနှော
နေနိုင်သည်မဟုတ်ပါလား ၊

မိန်းခလေတို့နှင့်အတူအပျိုခေါင်းကြီးများတို့သည် ၊ ယောက်ျားကလေးများမှင်
မှင်ကြောင်ထိုးသည့်နေရာနှင့် မနီးမဝေးအရိပ်ကောင်းကောင်းသစ်ပင်ရိပ်တွင်နေရာယူ
၍ဆေးမှင်ကြောင်းထိုးနေသည့်အသံကိုနားထောင်လေ့ရှိသည်၊
အပျိုလေးတို့ယူလာသော ပန်းများဆီမီးများ ၊ နံသာခွက်များ ၊ ကို မှင်ကြောင်မ
ထိုးရသေး ချစ်သူရီးစားမရှိသေးသော ကြီးကောင်ငင်စ ကာလသားပေါက်ကလေးများ
ကလာရောက်ယူ၍ အတွင်းသို့ပို့ပေးရသည်၊ထိုကာလသားပေါက်စကလေးများကို မင်
သကျွန် ( မင်သေ့ကျွန် ) ဟုခေါ်သည်။

အပျိုကလေးတို့သည် မင်သကျွန်ကလေးတို့အား မည်သည့်ကိုလူပျို မှင်ကြောင်
အထိုးခံနေပြီ၊ မည်သူက နံ့သာခွက်ပေးလိုက်သည် ၊ မည်သူက ကွမ်းယာနှင့်ကွမ်းသီး
လုံးများပေးလိုက်သည်၊မည်သူသည်မှင်ကြောင်ထိုးသည့်အချိန်တွင် နားရွက်တွင်ပန်း
ပန်ရန် နမ်းရန်မည်သူပေးလိုက်သည်၊ ထို့အပြင် မှင်ကြောင်ထိုးသည့်အခါအော်သလား
မအော်ဘူးလား ၊ အော်လျှင်မည်သူ့ကို တ သလဲ ၊ အံကြိတ်သောအခါဘီလူးရုပ်ကြီးလို
နေသလားစသဖြင့်မေးကြရသည်၊
အပျိုတွေဘက်ကလာရောက်အားပေးကြသလိုလူပျိုတွေဘက်ကလည်း ကာလ
သားကြီးများကိုယ်တိုင် ကျားညီနောင် ကြောင်အတက်အဆင်း နှင့် ဂ၀ံရုပ် ၊ ၀က်ကုန်း
ရုပ်စသည်တို့ကို ဆေးမှင်တပ်လျက်ရောနှောသိဒ္ဓတင်ခြင်းမျိုးပြုလုပ်ကြသည်၊

ဆေးမှင်ကြောင်ထိုးမည့်နေရာသည်သတ်မှတ်ထားသောဆေးမှင်ကြောင်းထိုးရ
မည့်နေရာတ၀ိုက်မြေသလင်းသည်မန္တာန်ကျူးရင့်ပြီးသား ၊ ပရိတ်ရေဖြန်းပြီးသား ၊ ဆံ
မန်းပေါက်ပေါက်ကြဲပြီးသားဖြစ်ရသည်၊ဘေးပတ်လည်တွင်ရာဇမတ်ကာပြီးအတွင်း၌
ပရိတ်သဲဖြူခင်းထားရသည်၊ဒေါင့်လေးထောင့်၌ငှက်ပြောပင်များစိုက်ပြီး၊ တနင်္ဂနွေ၊
တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး စနေ ၊ ကြာသာပတေး ၊ရာဟု ၊ သောကြာ ၊ စသည့်ဂြိုလ်ကြီး
ရှစ်လုံး၏နံသင့်ဖြစ်သော အုန်း ၊ ဂန့်ဂေါ် ၊ ဇီး ။ ၀ါး ၊ ဒန်း ၊ ပေါက် ၊ ရှား ၊ သီး ။ စသော
အပင်များမှ အညွှန်များကို အမိုးပတ်လည်၌ပန်းများကဲ့သို့ချိတ်ဆွဲထားရသည်၊အမိုးအ
တွက်ကမူ ၊ ဗေဒင်ဟောထွက်သည့်နေ့နံရှိသောအပျိုမတယောက်ထည်းအပြီးအစီး
ရက်လုပ်သည့်ဖျင်ဖြူကိုဖြန့်ကြက်မိုးထားရသည်၊ထိုဖျင်ဖြူတွင်ပထမံစမရုပ်များ၊အင်း
များကိုဟသာင်္ပြဒါးဖြင့်ရေး၍စီရင်ထားရသည်၊
ပတ်ပတ်လည်၌လည်းနေသင့်နံသင့်အပျိုကလေးများသာရက်လုပ်သည့်တင်း
တိမ်စောင်များကိုပရိတ်ချည်များဖြင့်တွယ်၍ခြင်ထောင်ကဲ့သို့လေးဘက်ချကာရံထား
သည်၊အတွင်းရှိသဲဖြူကွင်းသည်ပရိတ်ရည်ရွဲရွဲဖြန်းထားသောကြောင့်သိပ်သည်းကျစ်
၍မာနေသည်၊ထိုသဲဖြူပေါ်တွင်ဆီမန်းဖြင့်သုတ်လိမ်းထားသော ငှက်ပြောဖက်များကို
ထူထူခင်းထားရသည်၊
ခေါင်းရင်းဘတ်တွင်သစ်မင်းဝါးမင်းတို့ကိုတိုင်ပြု၍စိုက်ထူထားသောစင်ငယ်တခု
ရှိသည်၊ထိုစင်ပေါ်တွင်ဗုဒ္ဓရုပ်ပွါးတဆူ၊ ဂုဏ်တော်ပုတီးများ၊ ဆေးမျိုးစုံနှင့်၊ မှင်ထိုးမည်
စုတ်တံများရှိသည် ၊
ဆေးစင်၏အောက် တထောင့်ထွာအကွာတွင် ခုနှစ်နေ့သမီးအပျိုစင်တို့ထံမှ
တောင်ယူထားသောချည်မျှင်ဖြင့်ကျစ်လုပ်ထားသည့်လွန်းတင်ကြိုးကိုဆေးစင်တိုင်၌
တန်းထားသည် ၊ထိုကြိုးတန်းရှေ့တထွာခန့်အနိမ့်တွင်စင်ငယ်တခုရှိသည်၊ထိုစင်ပေါ်
တွင်အန်းသီစိမ်းကြွက်မြှီးတန်းနှင့်ငှက်ပြောသီးဖီးဆိုင်ဝိုင်းရံထားသောဖျင်ဖြူဖျင်နီတို့
ပါသည့်ကန်တော့ပွဲငါးပွဲတွင်ဆီမီးများထွန်းထားသည်၊
ဆေးမှင်ထိုးမည့်ကာလသားသည်ရေမိုးသန့်စင်ပြီးနောက်ခေါင်းဖီးထားရသည်၊
ပုဆိုးသစ်ဆီးထားရသည်၊ထို့နောက်အချိန်အခါဖ၀ါးကိုစောင့်ရသည်၊အခါရောက်သည်
နှင့်အပျိုကလေးများပေးသည့်ပန်းကိုပန်လျက်တင်းတိမ်များကာထားသည့်ဆေးမှောင်
ခန်းတွင်းသို့ဝင်ရသည်၊မှောင်ခန်းတွင်းတွင်ဝဲပေါက်ယာပေါက်ဟူ၍ နှစ်ပေါက်ရှိသည်၊
ယာပေါက်က၀င်သူကိုယာမှောင်ဟုခေါ်သည်ဆေးမှင်အကျအနမပါ၊အလှအပ
မြင်ရုံသာထိုးခြင်းဖြစ်သည်၊ဦးစီးမှင်ကြောင်ဆရာကဆေးပါသည့်မှင်သေ့ကွက်ငါးကွက်
သို့မဟုတ်ကိုးကွက်ထိုးပေးပြီးလျှင်ကျန်မှင်ကြောင်ကွက်များကို လက်ထောက်တပည့်
နှစ်ယာက်တို့က တပြိုင်နက်ဝိုင်းဖြည့်ထိုးပေးရသည်၊ထိုသူနှစ်ယောက်ညောင်းလျှင်
နောက်နှစ်ယောက်ကဆက်ထိုးပေးရသည်၊လူတယောက်အတွက် တနာရီ ၊ နှစ်နာရီ
အတွင်းပြီးစီးနိုင်သည်၊

ဝဲပေါက်က၀င်သူကို ၀ဲမှောင်ဟုခေါ်သည်
ဝဲမှောင်ထိုးသူသည်သာလျှင်အမှန်တ
ကယ်မှင်ကြောင်ထိုးရာရောက်သည်၊ယာမှောင်ထိုးသူကဲ့သို့တပည့်များကမထိုးရ ၊ တ
ပြိုင်ထဲနှစ်ယောက်မထိုးရ၊ မင်ကွက်များကိုအစီအစဉ်အတိုင်းဟင်္သာပြဒါးဖြင့်သတ်မှတ်
ထားသည့်နေရာတို့၌သာလှည့်ပတ်ထိုးရသည်၊တဖက်တဖက်တွင်တပြင်တည်းပြည့်
အောင်မထိုးရဆေးထိုးစဉ်မန္တန်ကျးရ၏၊မန္တန်စတိုင်းစတိုင်း ဇီဝဗြဟ္မာကြီး၏မုခပဌ် အုံ
ကိုခံ၍ရွက်ရသည်၊မှင်သေ့ကွက်တိုင်းတွင်ဆေးအင်းမန္တန်ပါရသည့်ထိုးခြင်းမျိးဖြင့်ထိုးရ၊
သည်၊၀ဲမှောင်ထိုးသူသည် အမြန်ဆုံးနေ့ဝက်ကျော်ကြာတတ်သည်၊နက္ခမတိုက်သည့်
အခါနှင့်မကြုံအောင်ရှောင်ရသည်၊မည်သည့်အချိန်မည်သည့်နက္ခ၌မည်သည့်ဆေးမှင်
ကွက်ကိုထိုးနှံရမည်ကိုတိတိကျကျသတ်မှတ်ချက်ရှိသည်ဆေးမှင်ကြောင်ထိုးမည့်သူ၊
အများအပြားရှိနေလျှင်ဝဲမှောင်မှဝင်လာသူကိုဦးစားပေးရသည်ယာမှောင်ထိုးနေသူကို
အပိုင်းတန်းလန်းနှင့်ရပ်ထားနိုင်သည်၊
ဝဲမှောင်မှဝင်လာသူကိုလက်ထောက်ဆရာတို့ကပရိတ်ဆီမန်းမထိရသေးသော
ငှက်ပြောရွက်များခင်းပြီးအပျိုများပေးထားသည့် နဂါးလိမ်များ၊ကြိုးကြီးချိတ်များပိုး
ထည်ချည်ထည်များခင်းပေးပြီးထိုင်စေရမည်၊ဆေးထိုးမည့်အကိုကာလသားသည်၊ထို
အခင်းပေါ်တွင်ငြိမ်သက်စွာထိုင်ပြီးဆေးစင်ကိုထိခြင်းကြီးငါးပါးနှင့်ကန်တော့၇သည်၊
တည်တည်ငြိမ်ငြိမ်နေ၍စကားမပြောရ၊ထို့နောက်ငါးပါးသီလခံယူရသည်၊ပြီးလျှင်ဆေး
ထိုးရန်အတွက်ပုဆိုးကိုချွတ်၍ကြိုးတန်းပေါ်သို့ရိုသေစွာတင်ရသည်၊ယင်းပုဆိုး
ကိုမင်ခံပုဆိုးဟုခေါ်သည်၊အသက်ထက်ဆုံးသိမ်းထားရသည်၊မှင်ခံပုဆိုးကိုအမိ ၊ အမ
သို့မဟုတ် ချစ်သူတို့ကရက်လုပ်ပေးကြလေ့ရှိရာ၊အမိ အမ တို့ကရက်လုပ်ပေးသောပု
ဆိုးကို ရာပုဆိုးဟုခေါ်၍ချစ်သူကရက်လုပ်ပေးသောပုဆိုးကို ထောင်ပုဆိုးဟုခေါ်သည်
ထိုပုဆိုးသည်အိမ်ထောင်ပြုရာတွင်အရေးကြီးသည်၊
ထောင်ပုဆိုးရက်လုပ်ပေးခွင့်ရသည့်မိန်းခလေးသည်မိမိအားတသက်လုံးစောင့်
ရှောက်ပေးမည့်မောင်ကျွန်တယောက်ရပြီဟုစွဲမှတ်နိုင်သည်၊မှင်ခံထောင်ပုဆိုးဆီးသူ
နှင့်အကြောင်းမဆုံစည်းစေကာမူမောင်ကျွန်ဖြစ်သဖြင့်စိတ်ချလက်ချခိုင်းစေနိုင်သည်၊
စိတ်ဆိုးနိုင်သည်၊စိတ်ကောက်နိုင်သည် ၊ ထုရိုက်နိုင်သည်၊အကြောင်းတမျိုးမျိုးကြောင့်
တရားစွဲလျှင့် ကျမမောင်ကျွန်ပါဟုပြောလျှင်တရားရုံးက ထိုမိန်းခလေးကိုအနိုင်ပေးရ
သည်၊ သိပ်မနိုင်ပါနှင့်ဟု တောင်းပန်းပေးရသည်၊ ထို့ကြောင့် မှင်ကြောင်ထိုးရာတွင်
မှင်ခံပုဆိုးကိုမည်သူရက်လုပ်ပေးသလဲ ၊ ဆိုသည်မှာ အပျိုမလေးတို့အထူးသိရန်လို
သည်၊ထောင်ပိုးဖြင့်ဆေးထိုးသူကို အထူးသတိထား၍ယူရသည် ၊
အိမ်ထောင်ပြုပြီးသည့်အခါ ညည်းယောက်ျား သူ့မောင်ကျွန်ဖြစ်နေမှန်းသိလျက်
နဲ့အစကဘာကြောင့်ယူသလဲ ဟူအပြစ်တင်ခံရတတ်သည်၊ ထို့ကြောင့်မှင်ခံထောင်ပု
ဆိုးဝတ်နိင်သူမှာရှာမှရှားသည်၊
ဝဲမှောင်တွင်မင်ကြောင်ထိုးခံမည့်သူသည် မင်ခံပုဆိုးကိုတန်းပေါ်တင်ပြီးနောက်
လုံးတီးဖြစ်သောကိုယ်ဖြင့်မှင်သေ့ဆရာကို ကန်တော့ရသည် ၊ထို့နောက်မတပ်ရပ်ခြေ
ထောက်ကိုချဲပြီး ၊ သုံးလေးပတ်လှည့်၍ကိုယ်ကိုအစစ်ဆေးခံရသည်၊
မှင်ကြောင်ထိုးမည်သူသည် အနာကြီးစသော ပွေးကြီး ၊ ၀ဲကြီး ၊အိုင်းအနာ
စသောရောဂါများရှိမရှိ ၊ နပုံးပဏ္ဍုတ် ၊ မိန်းမလောင်း ယောက်ျာလောင်း မဟုတ်
ယောက်ျးစစ်ဖြစ်၏လောဟု လက်ထောက်ဆရာတို့က သုံးကြိမ်စစ်ဆေးမေးမြန်းခြင်း
ခံရသည်၊ ဤသို့သုံးကြိမ်မေးပြီးလျှင် နံ့သာခွက်ကိုမန္တန်စုပ်ပြီးဆေးစင်ပေါ်သို့၎င်းကန်
တော့ပွဲများဆီသို့၎င်းဂဠုန်လက်သဲပန်းခက်ဖြင့် ပက်ဖြန်းရသည်၊ဆံပင်ထဲသို့ပင်ဖြန်း ပေးရသည်ကျန်သောဆေးနံ့သာများဖြင့်ဆေးမှင်ကြောင်ထိုးမည့်ကိုတကိုယ်လုံးလိမ်း
ပေးရသည် ၊ မင်ကြောင်ထိုးမည့်သည်ဆေးနံ့သာတို့ဖြင့်ဖြန်းထားသောအခင်းပေါ်တွင်လဲ
လျောင်းနေရသည် ။ ဆေးမင်ထိုးမည်သူကိုချုပ်ကိုင်ပေးမည့်သူ ၄ ယောက်
ရှိရသည် ၊ ထိုသူတို့သည် မှင်ကြောင်ထိုးမည့်သူနှင့် နေ့သင့်နံသင်သူများဖြစ်ရသည်
ပဆိုးအသစ်များဝတ်ထားကြရသည် ၊
မင်သေ့ဆရာသည် ၊ ဆေးမှင်ထိုးသူ၏ခန္ဓာကိုယ်တွင် သတ်မှတ်ထားသောနေ
ရာတို့တွင် ဂြိုလ်ကြီးရှစ်လုံးပုံ ၊ ဂုမ္ဘဏ်ရုပ် ၊ ဇော်ရုပ် ၊ ဂ၀ံရုပ် ၊ ၀က်ကုန်းရုပ် ၊ ကြောင်
ရုပ် ( ကြောင်ကို ပေါင်တွင်ထိုးပေးလေ့ရှိသည် ) စသည်တို့ကို ဆရာကထိုးပေးပြီးမှ
ကျန်သောအဖြည့်ခံရုပ်များကို လက်ထောက်ဆရာများကိုထိုးခိုင်းသည် ၊
ဆေးထိုးရာတွင် ခန္ဓာကိုယ်အထက်ပိုင်းမှစပြီး ခါး ကိုပတ်၍ ပေါင် ဒူးခေါင်း
သို့တဆင့်ဆီထိုးပေးရသည် ၊ ဆေးနီကိုဦးစွာ ထိုးပြီး မှ ဆေးနက်ကိုနောက်မှထိုးရ
သည် ၊ ဆေးနီးထိုးသည့်စုတ်ဖြင့် ဆေးနက်ကို မထိုးရ ၊

ဤသို့ ကာလသားတယောက်ဆေးမင်ထိုးနေစဉ်တွင် အနိးအနားမှ သတင်း
နားထောင်နေသော အပျို လူအပျိုဝိုင်းတို့မှ ပုလွေ ဒိုးပတ် အိုးစည်သံများ တီးမှုတ်
၍ မင်ကြောင်ထိုးသူကိုအားပေးနေကြသည် ၊ ဒိုးပတ်ဝိုင်းသားများကို အပျိုတွေက
ကွမ်းဆေးလဘက်များပေး၍ လိုရာကိုတီးခိုင်းကြသည် ၊
အတွင်းမှ မှင်ကြောင်ထိုးသူ စုတ်ထိုးသံ ၊ အံကြိတ်သံ အော်သံ ညည်းသံကို
ကြားလျှင် မျောက်မင်းအူးသံ ၊ ငိုချင်းသံ တို့ကိုတီးခိုင်းသည် ၊ ကိုယ်ချစ်သူ သက်သာ
စေရန် အားပေးသောအသံတို့ကို အပျိုလေးက ကွမ်းဆေး၍တီးခိုင်းရသည် ၊

ဆေးထိုးဆရာသည် တခါတရံဆေးထိုးရင်းဆေးစီးလာသဖြင့် အသက်ရှူပြင်း
ပြင်းလာပြီး စုတ်ချက်နာနာထိုးသည် ၊ စုတ်သံကို စပါးလုံးတထောက်ခန့်ဝင်အောင်
ထိုးလာသည် ၊ ထိုအခါ အောက်မှ ဆေးထိုးခံသူသည် ကွမ်းသီးလုံးများကိုထောင်းကနဲ
ထောင်ကနဲမြည်အာင်ကြိတ်လေတောသည် ၊ သွေးများစီးကျလာလေ ဆရာစိတ်ကြွ
လေဖြစ်သည် ၊
ထိုအခါ အပျိုတွေရှိရာသို့ မင်သကျွန်ကလေးများရောက်လာပြိး ။

” ဆရာဆေးစီးလာလို့ ကိုရင်တော့ ကွမ်းသီးမာမာကြီးတွေထောင်းကနဲထောင်း
ကနဲ မြည်အောင်ကိုက်နေလေရဲ့ ကွမ်းသီးလုံးမာမာလေးတွေပေးကြပါအုံး “ဟု
လာတောင်းတက်ကြသည် ၊ ဤသို့သတင်းမျိုးကြားရသောအခါပျော်တက်သော
အပျိုကြီးများကဆိုင်းအဖွဲ့အားဗိန်းဗောင်းအတီးခိုင်းတက်ကြသည် ၊ ဆေးမှင်ထိုးဆရာ
သည် ဗိန်းဗောင်းသံကြားလေ စုတ်ချက်နာနာထိုးလေမို့  ၊ အောက်မှ ဆေးမှင်ထိုးခံသူ
သည် သတိများပင်လွတ်အောင်ပိုမိုးပြင်းထန်စွာဆေးထိုးနှံခံရတတ်လေသည် ၊
ဆေးမှင်ကြောင်ထိုးနေသူ၏ချစ်သူရီးစားက တီးဝိုင်းဆရာတို့ကို ကွမ်းဆေးပေး
၍ အတီးလျော့ခိုင်းလေ့ရှိသည် ၊

ကောင်းမြတ်သည် ၀ဲမှောင်မှဝင်၍ှမှင်ကြောင်ထိုးသည်ကို မြခက်သိပြီးဖြစ်သည်
သို့သော် ကောင်းမြတ်၏ မှင်ခံပုဆိုကိုသိ လိုသည်
ထောင်ပုဆိုး လား ရာပုဆိုးလား
စိန်သုံ နှင့် အေးသာတို့က မြခက်စိတ်တွင် ပသို့ရှိမည်ကို ရိတ်စားမိနေကြသည်
ကိုကလားသာတို့က မြခက်စိတ်ကို ဆွပေးသလို ဖြစ်ရန် ဗုံရှည်သံဟစ်လိုက်ကြသည်

အမိလေးလဲ ချစ်လိုဗျာ -- အဖလေးလဲချစ်လို့ဗျာ
ဖမိအပြင် မယ့်ကိုအစစ်-- ချစ်ပါရဲ့ ဗျာ တဲ့ လေး -- လေး
စကားရယ်ဝါ - စကားရယ်ဝါ - မင်သေ့ဆရာလာခါမှ
ကိုလူညာ ထောင်ပုဆိုး နဲ့ မျိုးဇာတ်ပေါ်လာသလေ့
ထောင်ပုဆိုးပေလော့ ရာပုဆိုးပေလော့
စိုးရွံမေးမိပါ -- ချစ်စိတ်ဖြင့်နာသလေ့တော့် - ပြုရက်လေသာ
မောင့် ကိုယ်မှာထောင်ပုဆိုးနှင့် ၀ဲမှောင်မှာထိုး သလေ့ တော်း---
ကွယ်လေးရဲ့မှင်ကြောင် -- ဘယ်မှောင်မှာ ထိုးထိုး
တော့် မှင်ခံ ထောင်ပုဆိုးကြောင့် မယ့်ရွေရင်ကျိုး ---

စိန်သုံ ၊ အေးသာ တို့ ၏ တေးသံသည် ခရေပင် တို့ကို ဘောင်ပင်ရိုက်ခတ်
လျက်မြောက်ကျောင်းဝင်းတခုလုံးဖုံးလွမ်းသွားပြိး ကောင်းကင်သို့ပျံတက်သွားသလား
ထင်ရသည် ၊ သို့သော် မြခက်၏စိတ်သို့ မည်သို့မှ မထိခိုက် ဒေါ်လေးနူက မြခက်
နား သို့ တိုးတိုးလေးကပ်ပြီး ကောင်းမြတ်၏မင်ခံပုဆိုး မှာ အမိကိုယ်တိုင်ရက်လုပ်ပေး
တာဖြစ်ကြောင်းပြောထားပြိး ဖြစ်သည် ၊ မြခက်က တကယ့်အပျိုကြိးတယောက်လို
တည်တည်ငြိမ်ငြိမ်ရှိနေသောအခါ စရကျိုးမနပ်ဘဲ ရှိနေသဖြင့် မြစိန်နှင့်စိန်ပွင့်
တို့ကိုအကူအညီတောင်းကြ၇သည် ၊ မြစိန် နှင့် စိန်ပွင့်တို့မှာ အပျိုဟိုင်းကြီးများဖြစ်သ
ဖြင့် မင့်သကျွန်ကလေးများကို အမျိုးမျိုးညှင်းပန်းနှိပ်စက်ပြီးမေးမြန်လေ့ရှိကြသည် ၊
မင့်သကျွန် ကလေးတယောက်ကိုမေးလေတော့သည် ၊
” ဟဲ့ ဟဲ့ နေအုံး ငါမေးမယ် ကိုယ်လူပျို ပုဆိုးတန်းတင်ပြီးတော့နင်ဘယ်လိုမြင်
သလဲ ပြောစမ်း ” ၀၀ တုတ်တုန်ကြီးလား ပိန်ပန်ရှည်ရှည်လား ၊ ဖြူသလားမဲသလား ”
မင်သကျွန်ကလေးများက မျက်နှာစပ်ဖြဲဖြဲနှင့် ဘာဖြေရမှန်းမသိဘဲ ရှက်သလို
လိုလိုလုပ်နေလျှင် အအော် အငေါက်ခံရတက်သည် ၊
” ဟဲ့ ဘာရယ်ဖြဲ ဖြဲလုပ်နေတာလဲ မေးတာပြောလေ ”
” ဟာဗျာ ခင်ဗျားကြီးတို့ကလဲ ရှက်သရာကြီး ”
” အောင်မယ် - ရှက်သရာကြီးဆိုတဲ့ကောင် ပုဆိုဆွဲချွတ်လိုက်ကြစမ်း နင်မပြော
ဝံ့ရင်ဘောက်မဲ့ မင်သကျွန်လုပ်နေသေးတုံး ”
အပျိုတွေက ၀ိုင်းပြီး ပုဆိုးချွတ်မည်ပြုကြ၏ ၊ ထိုအခါကြီးကောင်ဝင်နေဆဲ နို့စူစူ
အကောင်အကောင်ပေါက်စလေးများဖြစ်သောမင်သကျွန်လေးသည် ထိတ်လန့်တုန်
လှုတ်လျက် ပုဆိုးကိုကျစ်ကျစ်ပါအောင်ပြန်ဆွဲထားလိုက်ပြီး --
” ခင်ဗျားကြီတို့ကလဲဗျာ ရှက်သရာကြီးဆိုမှ - ရှည်ရှည်၀၀ကြီးဗျာ ”
” အဲ - ငါရိုလဲ အထင်သားဘဲ ကဲ ”
နီးရာ အပျိုက မှင်ကြောင်အထိုးခံနေရသူ ၏ရည်းစားကိုလှမ်းတွန်းလိုက်သည် ၊
ကျန်အပျိုများက ၀ါးကနဲပွဲကျသွားကြသည် ၊
” ဟဲ့ နင်ကဘာကိုပြော သာတုန်း ဒို့က အလုံးအရပ်ကိုမေးသာ ဟဲ့ ”
မင်သကျွန်လေးက ရယ်တောမလို မျက်နှာပျက်သလိုလို နှင့် မျက်စိသငယ်နှင့်
အဖြေခက်နေစဉ် တယောက်က ၀င်၍

” ညည်း ကလဲအေ သူကလဲ အလုံးနဲ့အရပ်ကိုပြောတာပါအေ မဟုတ်လားဟေ”
ဤတွင် အဖြေရခက်နေသောမင်းသကျွန်ကလေးက ရောယောင် နှင့် ခေါင်း
ညိတ်လိုက်သည် ။
” ဘဇာ အလုံး အရပ်လဲ ဘဇာအလုံးအရပ်လဲ - ငါရို့မေးသာက လူလုံးလူဖန်
ကိုနေအရပ်အမောင်းကိုမေးတာ နင် မင်သကျွန်လုပ်ပြိးနင်ဒီလောက်မှနားရှင်းအောင်
မပြောတက်ဘူးလား -နင်ကိုယ်တိုင်ပုဆိုးချွတ်ပြီး ဘယ်ကြိုးတန်းပေါ်တင်လိုက်
တယ်ဆိုတာအခုလုပ်ပြ ငါရို့ နင်မြင်ရသလိုမြင်ရအောင်ကြည့်မယ် ”
ခက်ချေပြီ ---၊
မင်သကျွန်လုပ်မည့်သူသည်ဤအဖြစ်မျိုးနှင့်တွေ့ကြုံကြ၇၏၊ ရှက်တက်ကြောက်
တက်နေ၍မဖြစ် ခပ်၇ွတ်ရွတ်ခတ်ရဲရှိ၇၏ ၊ အလိုက်အထိုက်ပြောတက်ရ၏ ၊ သူ့လူငါ့
လူပ်တက်ရသည် ၊ သို့မှတော်ရုံဖြစ်မည် ၊ သို့မဟုတ်ပါက အပျိုတွေစိတ်ကုန်လောက်
အောင် အရယ်အသောခံရ အညှင်းစဲခံရတက်သည် ၊
အပျိုဟိုင်းတစုတို့သည်လိုချင်သိချင်သမျှအကြောင်းစုံတို့ကိုညစ်တီးညစ်ပတ်ပါ
မကျန်ချော့မေး ၊ ချောက်မေး ၊ လှည့်ပတ်မေး၏ ။ တယောက်ထည်းမဟုတ် ၊ ယောက်
ပြီးတယောက် ဆင့်ကဲဆင့်ကဲ ကပ်လျက် တိုးလျှက် ဟိုကိုင်ဒီကိုင် ဟိုဆွဲဒီဆွဲ နှင့်
ပေါက်စအမွှေးနုကလေးများနှုတ်၍မေးကြ၏ ။ ပြီးလျင်သသောသောရယ်ကြသည် ၊
သူတို့စိတ်ရှိလေသမျှမင်သကျွန်လေးတို့မှာခံကြ၇၏၊
ဤသည်တို့ကားသင်းတို့အပျိုတွေအတွက် တသက်တွင်တမျိုးတည်းသာရရှိကြ
သည့်ရိုးရာအစဉ်လာပွဲတခုပေတည်း ၊

==========********=========

မောင်သုည

Tuesday 24 August 2010

နှောင်းခောတ်ကြေးမုံ အပိုင်း ၅

အပိုင်း ၅
ထိုသို့အပျိုတသိုက် မင်သကျွန်ကလေးကိုဝိုင်းဝန်းနှိပ်နေစဉ်တွင် အိမ်ခေါင်းမင်း
နှင့်အိမ်ခေါင်းမင်းကတော်တို့ရောက်လာကြ၏၊ ကောင်းမြတ်တို့ခြောက်အိမ်စုကိုပိုင်
သောအိမ်ခေါင်လင်မယားတို့ဖြစ်သည်၊
မြခက်သည်သမင်မပျို၏မျက်လုံးဖြင့်ပြူးပြူပြာပြာအိမ်ခေါင်းကတော်ကိုကြည့်၏
ကောင်းမြတ်တယောက်ထောင်ပုဆိုးဖြင့်ဝဲမှောင်မှမင်ကြောင်ထိုးသည်ဟုစိန်သုံတို့ကျီ
စယ်စဉ်ကလည်းတတုန်မလှုတ်ခဲ့၊ကိုရင်ကြီးဆေးထ၍စုတ်ချက်ပြင်းပြင်းချလေအောင်
ငလုံးတို့ဒိုးပတ်ဝိုင်းကနိုးဆွပေးစဉ်ကလည်းမြခက်မတုန်လှုတ်၊အိမ်ခေါင်းမင်းလင်မ
ယား မှင်ကြောင်ထိုးသည့်နေရာသို့တခမ်းတနားလာရောက်ကြသည်ကိုတော့ တုန်မိ
တော့သည်၊
မြခက်တုန်လှုတ်မိသည်မှာအကြောင်းရှိသည်၊ယခုသုံးနှစ်အတွင်းဆေးမင်ထိုး
ပြီးအ၇ွယ်ရောက်သူတိုင်းကို အိုးစားဖွဲ့ခါအောင်တပ်အတော်အတွင်းသို့လိုက်ပါရန်နှစ်
စဉ်စုဆောင်းပေးခဲ့သည့်အတွက်ဖြစ်သည် ၊
မြခက်တုန်လှုတ်မိသည်မှာမှန်၏။ ယခုနှစ်အဖို့အောင်တပ်မတော်သာားများပိုမို
စုဆောင်းပေးရမည်ဟုအမိန့်ပါကြောင်အိမ်ခေါင်းကတော်ကြီးကပြောသည်ဆို၏၊အိမ်
ခေါင်းကတော်ကြီး၏လေသံသည်ထီးသံနန်းသံ မင်းစိုးရာဇာသံပါလှသည်၊

ထိုစဉ်မင်ကြောင်ထိုးသည်မှော်ရုံထဲမှ ဖြောင်းဖြောင်းမည်သောလက်ပန်းပေါင်း
ခတ်သံကိုကြားလိုက်ရသည်

” နှစ်သက်ဖွယ်ရာ -- နက်နဲစွာထူပါဘိ . ဂုဏ်ထူးဂုဏ် သခင်သည်မတုန်လှုတ်
တူစွာ့ရေသမုဒ်လား --- ”
” သမုဒ္ဒရာ လှုတ်ရှားလာ --သခင့်မှာ မလှုတ်ရှား--ထူးဘိလွန်ထူးခြား -ကောင်းမြတ်
ဒီယောက်ျား ”

၊အိမ်ခေါင်းကတော်ကြီး၏စကားသံထက်။မှင်ကြောင်မှလက်ပန်းပေက်ခတ်သံက
အပျိုကလေးတစုတို့ကိုပို၍ဆွဲဆောင်လိုက်သည်၊အပျိုတို့အားလုံးမှော်ရုံဘက်သို့
လှည့်ကြည့်လိုက်ကြသည် ၊
မှင်ကြောင်ထိုးပြီးမှော်ရုံမှထွက်လာသူတို့မှာ ပုံစံအမျိုးမျိုးရှိသည်။တချို့က၀ါးကပ်
ဖြင့်ထမ်းထုတ်လာရသူ ၊ သူငယ်ချင်းတယောက်ယောက်ကိုတွဲ၍ထွက်လာရသူ ၊ မိမိ
အလိုအလျောက်ထွက်နိုင်သူဟူ၍သုံးမျိုးရှိသည်၊ ကပ်ဖြင့်ထမ်းထုတ်ထွက်လာသူကိုအ
မြှောင်ထ ၊ ဟုခေါ်၍ အတွဲမပါ အကူမပါဘဲ ထွက်လာနိုင်သူကို အထီးထခေါ်သည် ၊
ဝဲမှောင်မှထွက်လာသူတို့သည်အမြှောင်ထနှင့် အထီး ထွက်နိုင်သူတို့သာကြတ္တီကာ
မြေလူးသည့်တန်ဆောင်မုန်းလ ကျီးမနိုးပွဲတွင် ဆေးထပ်ခွင့် ဆေးထိုးခွင့်ရှိသည် ၊သို့မ
ဟုတ်ပါက ဆေးထိုး ဆေးမထပ်ခွင့်မရှိ ၊
ထိုပြင်မှင်ကြောင်ထိုး၍ထွက်လာသူတိုင်းတင်းတိမ်အပြင်သို့ရောက်သောအခါ
လက်ပန်ပေါက်ခတ်ကြရသည် ၊ မိမိကိုယ်တိုင်မရပ်နိင်သူတို့ကအတွဲအထူဖြင့်ခတ်ရ၏
အနဲဆုံး ၃ ချက်ပြည့်အောင်ခတ်ရ၏ ။ အတွဲအထူနှင့်ခတ်သူကို အမြှောင်ခတ်ဟုခေါ်
သည်၊ မိမိတစ်ယောက်ထည်းထီးထီးထွက်လာနိုင်ပြီး မိမိဘာသာလက်ပန်းပေါင်းခတ်
သူကို
( အထီးခတ် ) ဟုခေါ်၏
ယခုလည်း လက်ပန်းပေါင်းခတ်သံကြားရသည်၊အမြှောင်ခတ်လား ထီးထီးခတ်
လား သိလိုကြသည်၊
ကောင်းမြတ်သည် အတွဲအမြောင်မပါ ဘဲ ထီးထီးထွက်၍ ထီးထီးခတ်နိုင်သူ
ဖြစ်သည် ၊ယောင်ကိုထိပ်အလည်တည့်တည့်၌ထုံးထားလျက်ယောင်ပတ်လည်တွင်
ပန်းဖြူပန်းနီးထိုးထားပြီးသည် ၊ မင်ခံပုဆိုးခေါက်ကိုလက်ဝဲလက်ပေါ်တွင်တင်လျက်
ယက်ဖျင်သစ်တနံကိုခါးတင်ကျစ်ကျစ်ပါအောင်စည်းထားသောကောင်းမြတ်သည် ၊
သွန်းထားသောကြေးရုပ်ကြီးပမာခန့်ခန့်ထည်ထည်ရှိလှသည် ၊ တကိုယ်လုံးရှိကြွက်
သားမြှောင်ကြီးတို့တွင်မည်းနက်သောဆေးမင်ကြောင်းကွက်တို့ထင်းခနဲပေါ်နေပြီး
နီရဲနေသောအင်းကွက်တို့မှသွေးစိမ်းရွှင်ရွှင်ထွက်နေသည်၊ လက်ယာဘက်တွင်ပန်း
စည်းကိုကိုင်လျက်ကောင်းမြတ်သည်ဖြေးဖြေးချင်းထွက်လာသည် ၊
အပျိုလေးတို့သည်နံ့သာခွက်များကိုကိုင်လျက်ကောင်းမြတ်ကိုငေးကြည့်နေပြီး
တက်ကြွစိတ် ၊ အားရစိတ် ၊ ကြင်နာသောစိတ် ၊အားကိုးစိတ်များဖြင့် အပြုံးများဖြင့်ဆီး
ကြိုကြပြီး ကောင်းမြတ်၏ဒါဏ်ရာများကို သနပ်ခါးအမွှေးနံ့သာများဖြင့်ပွတ်လိမ်းပေး
ကြသည် ၊ သနပ်ခါးနံ့သင်းသင်းနှင့်မွေးကြိုင်သောအပျိုကလေးများကနူးညံ့သော
လက်ဖ၀ါးများဖြင့်ဝိုင်းဝန်းလိမ်းကျံပေးခြင်းကိုခံရသောအခါကောင်းမြတ်၏တကိုယ်လုံး
သည်သွေးဖျဉ်းဖျဉ်းကြွအောင်လှုတ်ရှားလာ၏၊ အံကိုခဲထားရသည်၊ကောင်းမြတ်သာ
ဤသို့လှုတ်ရှားရသည်မဟုတ် အပျိုကလေးတွေကိုယ်၌လည်းသွေးဆူလှုတ်ရှားထကြွ
လာကြသည်၊မျက်နှာဆွေပူလျက်ရင်ထဲဖိုလာကြကုန်သည်၊ အကြင်နာပို၍အားကိုစရာ
ချည်းပါလားဟုတွေးထင်မလာကြသည် ၊
ယင်းသို့သောအချိန်မျိုးတွင်တဦးမျက်နှာတဦးကြည့်မိလိုက်တိုင်းရင်ထဲတွင်ဖိုကနဲဖြစ်မိခါမ
သိချင်ယောင်ပြုလျက်မျက်လုံးချင်းလွဲပစ်ကြလေ၏၊မိမိအဖြစ်ကိုဖုးဖိရန်အတွက်စိတ်လှုတ်ရှား
သောအသံဖြင့်စကားမရှိစကားရှာမေးမြန်းကြလေသည် ၊
” မင်ကြောင်ထိုးပြီးရင်တော့ဒွေးလေးတို့ကချက်ချင်းသင်္ကန်းဆီးပေးကြတော့မှာ
ဘဲ၊ ဘယ့်နှယ် ကိုရင်ကောင်းမြတ်ကြီးကောခွင့်တွေဘာတွေ တောင်းပြီး ပြီလား ”
ဟုတ်ပေသည် ရှေးကဆေးအင်းလိုက်စေရန်အတွက် အရွယ်ရောက်စဘို့ထချိန်
ယောက်ျားလေးများမင်ကြောင်ထိုးခွင်ရကြသည်၊မင်ကြောင်ထိုးပြီးလျှင်ချက်ချင်း
သင်္ကန်းဆီးပေးတက်ကြသည်၊သင်္ကန်းမဆီးဘဲအိမ်ထောင်ပြုမည်စိုးသောကြောင့်ဖြစ်
သည်ယခုမူမင်ကြောင်ထိုးပြီးနောက်စစ်သည်အဖြစ်လာကောက်တက်ကြသောကြောင့်
မြန်မြန်ရှင်ပြုပေးရန်ကပိုအရေးကြီးလာကြသည်၊

သင်္ကန်ဆီးမည်ဆိုလျှင်လည်းချစ်သူထံမှာခွင့်တောင်းရသည်မှာထုံးစံဖြစ်
သည် ၊
” ဘယ့်နှယ် ကိုရင်ကောင်းမြတ်ကြီးကောခွင့်တွေဘာတွေ တောင်းပြီး ပြီလား ”
ဟုမေးလိုက်သူမှာ မိပဲ နှင့် စိန်ရွက်တို့ဖြစ်သည် ။ မြခက်ကမူနီညိုညိုမျက်နှထားနှင့်
ကောင်းမြန်နှင့် မိပဲတို့ကိုအခဲခတ်ကြည့်နေ၏ ၊
မေးခွန်းမှာ တော့်မှာချစ်သူရှိသလား ချစ်သူကဘယ်သူလဲဟုမေးသည့်သဘော
သက်ရောက်သည် ၊
ကေင်းမြတ်က ” ကျုပ်ကိုမွေးသည့် အမိအပြင် ကျုပ်ခွင့်တောင်းစရာ နွဲဆိုး ဆိုး
စရာဆိုလို့ အမိတို့ ပဲ ရှိကြသပ ။ အမိတို့အပြင် ကျုပ်ကို ပိုင်ဆိုင်သည့်သူ အခြားဘဇာ
မှ မရှိရပါ ကလား ”
” အမယ်တော် ကိုရင့်မှာ နွဲ့ဆိုး ဆိုးစရာ ကိုရင့်ကိုပိုင်ဆိုင်ချင်သူတွေပုံနေတာ
တရွာလုံးသိပါ့တော် - တကယ်မရှိသေးပဆို ဆိုးချင်းနွဲ့ချင်သလောက်ဆိုးလှာချည့်စမ်း
ပါ့ ကျုပ် ရို့သည်းခံနိုင်ပါတယ် ၊ ”
မိပဲမှာ အသက်အငယ်ဆုံးနှင့် အကဲဆုံးအသွက်ဆုံးဖြစ်သည် မိမိစကားဘယ်
ရောက်လို့ရောက်သည်မသိ ” ယုံကမတိုး ပိုက်ကတိုး - ဒေါင်းကမတိုး ညွှတ်ကတိုး”
ဖြစ်နေသည်ကို သူမသိ ပြောချင်ရာပြောချလိုက်သည် ၊ပြီးတောမှ ရှက်ကိုးရှက်ကန်း
နှင့် ကောင်းမြတ်ကိုပြုံ၍ကြည့်နေ၏၊
ကောင်းမြတ်သည်ရှက်သွေးရောင်လွှမ်းနေသည့်မိပဲ၏ငယ်နုနုမျက်နှာကို
အမှတ်မထင်ကြည့်မိ၏၊တောက်ပရွှန်းစိုနေသောမိပဲ၏မျက်လုံးကိုမြင်လိုက်သောအခါ
ရုတ်တရက်အလွဲမလှောင်နိုင်ဖြစ်လျက်ရင်တွင်းမှခုလာသည်၊ သို့သော်ချက်ချင်းသတိ
ရလိုက်ပြီး မလုံသောမျက်လုံးများဖြင့်မြခက်ကိုအကဲခတ်လိုက်သည် ၊
မြခက်၏မျက်နှာသည်ခပ်စူစူဖြစ်နေ၏ ၊ မြခက်၏မျက်လုံးများကကျေနပ်ပုံမရ ၊
ကောင်းမြတ်သည် မသိယောက်ပြုလျက် လက်ထဲမှပန်းများကိုအားပေးကြ
သောအပျိုတို့အား လှမ်းပေးလိုက်သည် ၊ မိန်းမပျိုတို၏က တယောက်တပေါက်နောက်
ပြောင်နေကြလေ၏၊
ကာလသားသူငယ်ချင်းတို့က အတီးအမှုတ်အကအခုံများဖြင့် ကောင်းမြတ်ကို
အိမ်သို့အရောက်လိုက်ပို့ကြသည်
အိမ်သို့ရောက်သောအခါ မိခင်က ဆီးကြို၍ ပရိတ်ရည်တိုက်သည်၊ ရောင်ကိုပရိတ်
ချည်တို့ဖြင့်ရစ်ဖွဲ့ပေးပြီး အသင့်ပြင်ထားသောအိပ်ယာပေါ်သို့ခေါ်သွား၏၊
အိပ်ယာထက်သို့ရောက်သောအခါ မိမိကိုယ်တိုင်ပြောင်း ၊ ဆန် ၊ ကောက်ညှင်း ၊
တို့ဖြင့် ချက်၍ တံဆေးဖြင့်စိမ်ထားသောပြာလုံစိမ်ရည်တခွက်ကိုတိုက်သည် ၊
ထိုစိမ်ရည်သည် လယ်တောမှ တမောတပန်းပြန်လာသောလင်ယောက်ျားကိုဆီး
ကြိုတိုက်ရန်အတွက် မြန်မာအမျိုးသမီးများကိုယ်တိုင်မိမိတို့အိမ်တွင်ပြုလုပ်ထားလေ့ရှိ
သောစိမ်ရည်ဖြစ်သည်၊ယောက်ျားများက အရည်ကိုသောက်၍ အဖတ်ကို မိန်းနှင့်ကလေး
များစားလေ့ရှိသည် ၊ အပူကင်း၍လူဝသည်ဟုအယူရှိကြသည် ။
ကောင်းမြတ်သည် အမိလက်မှ စိမ်ရည်ခွက်ကိုလက်နှစ်ဖက်ဖြင့်ယူ၍ပါးစပ်နှင့်ပုဂံ
ကိုမခွါဘဲ ကုန်သည်အထိသောက်ချလိုက်သည် ၊ ကောင်းမြတ်၏ရင်ထဲတွင်ပူသလိုလိုဖြစ်
ပြီး မျက်လုံးတို့ရီဝေေ၀ဖြစ်လာခါ ငှက်ပြောရွက်အထပ်ထပ်ခင်းထားသောအိမ်ယာပေါ်သို့
ကိုယ်ကို ဖြေးညှင်းစွာလဲလျှောင်းချလိုက်လေတော့သည် ၊

===========********============

( ဤသည်ကားရှေးယခင်ကမြန်မာလူပျိုကာလသားကလေးများ နွားကလေးများ
နွားသိုးဖြစ်စ ဘို့ထချိန် နွားမနောက်သို့လိုက်စပြုချိန် ကြီးကောင်ဝင်ခါစတွင်မင်ကြောင်ထိုး
ကြရသည်၊ရှင်ပြုခြင်းပြုကြရသည်၊ အရွယ်အရောက်မီမပြုလုပ်ကြရ ၊ ဆေးမလိုက်သင်္ကန်း
မနိုင်ဟုဆိုကြ၏၊
နှောင်းခောတ်သို့ရောက်သောအခါနာကျင်ရကောင်းမှန်းမသိသေးသောခလေးအ
ရွယ်တွင်မင်ကြောင်ထိုးခြင်း ၊ မိဘအဘိုးအဘွားတို့ စောစောသင်္ကန်းဆီးတာကိုမြင်သွား
စေရန်အတွက်၎င်း ၊ စောစောရှင်ပြုခြင်းကိုပြုလုပ်ကြ၏၊ မိန်းခလေးငယ်များလည်း ပေါင်
တင်ပါး ၊ ခါး ၊ ပုခုံး ၊ လက်ပြင် ၊ လက်မောင်းတို့တွင် ၊ ကြက်ရုပ် ၊ ငှက်ရုပ် ၊ ဟင်္သာရုပ် ၊
တို့ကို ငယ်ငယ်ရွယ်ရွယ်နာကျင်မှန်းမသိခင်တွင်ထိုးတက်ကြသည် )


မောင်သုည
နှောင်းခောတ်ကြေးမုံ
မြန်မာ့မူမြန်မာ့ဓလေ့ကလေးများဆက်ရန်ရှိပါသေးသည်

Thursday 19 August 2010

လောကဓမ္မဂျာနယ်


လောကဓမ္မဂျာနယ်


လူ့ ဘ၀အစ နှင့် ခန္ဓာအစ ( သို့ မဟုတ် ) ကြောင်းကျိုးဆက်စပ်မှုသဘောတရားများ

လူဘယ်ကစခဲ့သလဲအနောက်တိုင်းအတွေးအခေါ်ပညာကြီးဒါဝင်ကတော့လူဟာမျောက်က
ဆင်းသက်လာတယ်လို့ ဆိုတယ်၊အဲဒီမြောက်ကဘယ်ကစတင်ဆင်းသက်လာခဲ့သလဲလို့ 
မေးစရာဖြစ်နေပါတယ်၊တခါဗြဟ္မာကြီးတွေကဆင်းသက်လာတယ်လို့ဆိုပြန်တယ်၊
ဒါလဲ အဲဒီဟြဟ္မာကြိီးတွေကကောဘယ်ကစပြီးဆင်းသက်လာသလဲ ၊ မေးခွန်းတွေ
ကဆက်ပြီးမေးစရာဖြစ်နေပါတယ်၊ကြက်နဲ့ကြက်ဥဘယ်ကစသလဲ၊အပင်နဲ့မျိုးမျိုးနဲ့အပင်ဘယ်ကစသလဲ
၊ သလဲပေါင်းများစွာနဲ့ဘဲဥအစရှာမရသလိုဖြစ်နေပါတယ် ၊

ဒီအမေးများနဲ့ပတ်သက်ပြီးဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်တော်ကလဲဘုရားထံမေးမြန်းခဲ့ဘူးပါတယ် ၊
သတ္တ၀ါရှိသလား
သတ္တ၀ါ သေရင်ဖြစ်သေးသလား
သတ္တ၀ါသေရင်မဖြစ်တော့ဘူးလား
သတ္တ၀ါသေရင် မဖြစ်သည်လဲမဟုတ် ဖြစ်သယောင်ယောင်လား
စသဖြင့် မေးလာတဲ့မေးခွန်းများကို မြတ်စွာဘုရားက ငါဒီအယူမယူဘူး ဒီမေးခွန်းမျိုး
ဖြေလေ့ ပြောလေ့ဟောလေ့ မရှိဘူးလို့ဆိုပြိးပါယ်ချခဲ့ပါတယ် ၊
( အဂ္ဂိဝစ္စသုတ် )
ဗုဒ္ဓကပုဂ္ဂိုလ်တယောက်ရဲ့ဘ၀အစကိုငါ့ရဲ့ပုပ္ပေနိဝါသဥာဏ်နဲ့ ပြန်ကြည့်ပြီးနောက်ဘဝ
ကဘာဖြစ်ခဲ့တယ်၊အဲဒီနောက်ဘ၀ကဘာဖြစ်ခဲ့ဆိုတာကိုပြန်ပြန်ပြီးကြည့်မယ်ဆိုရင်ငါ့ရဲ
့သက်တမ်းတာကုန်သွားမယ်၊ ပုဂ္ဂိုလ်တယောက်ရဲ့ဘ၀အစကိုရှာလို့မဆုံးနိုင်ဘူးလို့
ဟော်တော်မူခဲ့ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့်ဘ၀သံသရာဟာဘယ်လောက်ရှည်ခဲ့သလဲဆိုတာမှန်းဆနိုင်ပါ ၊
ဒါဟာ မွေးလာလိုက်၊ အိုမင်းလာလိုက်၊နာမကျန်းဖြစ်လိုက်၊ သေလိုက်၊နောက်တဖန်
ပြန်မွေးလာလိုက်၊အိုမင်းလာလိုက်၊နာမကျန်းဖြစ်လိုက်၊သေလိုက်၊နောက်ပြန်မွေးလာလိုက်နဲ့
သံသရာလည်နေတာဘဲမဟုတ်ပါလား ၊
မွေးလိုက်သေလိုက်၊သေလိုက်မွေးလိုက် ဒီလို သံသရာလည်နေတာဖြစ်ပါတယ်၊ပုဂ္ဂိုလ်
သတ္တ၀ါအနေနဲ့ ကြည့်ရင်တော့ဒီလိုဘဲမဆုံးနိုင်တဲ့သံသရာကိုတွေ့ရမှာဖြစ်ပါတယ် ၊
လူ၊နတ်၊ဗြဟ္မာ၊ ပုဂ္ဂိုလ်၊သတ္တ၀ါဆိုတာတွေဟာ
အမည်နာမအားဖြင့်ပညတ်ပြီးခေါ်ဝေါ်သမုတ်ထားတဲ့အမည်များသာဖြစ်ပါတယ် ၊
သီတဂူဆရာတော်ဘုရားရဲ့ဘ၀တန်ဘိုးတရားထဲမှာ
( အနောက်တိုင်းအတွေးအခေါ်ပညာရှင်များရဲ့  တွေးခေါ်ယူဆချက်များဟာ ပရမထ
တရားများမပါဘဲ နဲ့  ပညတ်ပေါ်မှာတင်ပြီးစဉ်းစားရာမှ ထွက်ပေါ်လာတဲ့တရားများကို
ဒဿနလို့ ခေါ်ပြီးပညာရပ်တခုအနေနဲ့ လေ့လာသင်ယူဆည်းပူးနေကြတာဖြစ်တယ်လို့ 
ဆိုထားပါတယ် )

မြတ်ဗုဒ္ဒရဲ့တရားများဟာအမှန်တကယ်ရှိတဲ့ပရမတ်တရားများအပေါ်မှာအခြေခံပြီးဟောထားတာ
ဖြစ်တဲ့အတွက်ဗုဒ္ဒအဆုံးအမကိုနားလည်နိုင်ရန်အတွက်အမှန်ရှိတကယ်ရှိတဲ့ပရမတ်တရားများ
အပေါ်မှာဥာဏ်ရောက်ဘို့လိုပါတယ် ၊
ဒါကြောင့်မြတ်စွာဘုရားက တကယ်မရှိတဲု့ဂ္ဂိုလ်သတ္တ၀ါရဲ့ အစကိုတော့ရှာလို့ မရနိုင်ဘူး

အမှန်တကယ်ရှိတဲ့ခန္ဓာရဲ့အစကိုတော့ငါပြောနိုင်တယ်။ အဲဒါမသိမှုဆိုတဲသဘောတရားနဲ့စွဲလန်းတတ်မက်၍ပြုလုပ်ခြင်းဆိုတဲ့သဘောတရားများကစဖြစ်လာတာ လိ့ဟောကြားတော်မူခဲ့ပါတယ်
အ၀ိဇ္ဇာဆိုတဲ့မသိမှုကြောင့်တဏှာဆိုတဲ့ဆိုလန်းမှုမှ ပြုလုပ်ရင်းလုံးလည်လိုက်နေ
ကြတာဖြစ်ပါတယ် ၊
ဒါကို ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက

အ၀ိဇ္ဖာနှင့် တဏှာအရင်းခံ ၊ ဥပါဒါန်၊ ကံကြောင့်ရုပ်နမ်ပေါ်၊ အပင်မှမျိုး၊ မျိုးမှအပင်၊အမြှင်မပြတ်ဆက်စပ်သည့်ဟန်၊ကံကြောင့်နမ်ရုပ်၊နမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာ-သိကြား၊ စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာသတ္တ၀ါတို့ဖြစ်လာရမှု၊မဟုတ်ဟုဥာဏ်ဖြင့်ရှူ၍မျှော်
ဟူ၍ လင်္ကကာဖြင့်ညွှန်ပြထားတော်မူခဲ့ပါတယ်၊

မောင်သုည

ကြောင်းကျိုးဆက်စပ်မှုသဘောတရားများ

Thursday 12 August 2010

သာသနာပြု



သာသနာပြု ”
read more







နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၏ အဓမ္မ၀ါဒစာရင်းထုတ်ပြန်

read more



Monday 9 August 2010

ဝါခေါင်လ

ထက်အာကာဘုံစွန်းက
တောက်ထွန်းလို့ ထိန်ဝါ
သရက်ဝဏ်ေ၇ွှကြယ်မင်း
လင်းတဲ့ချိန်ခါ
လေညှင်းငယ်လာ ၊ သိဟ်ရာသီမို့ 
ရှုတိုင်းငယ် ဘယ်ညာက
ပန်းခတ္တာ ၀တ်မှုံကျင်းတယ်
သင်းပျံ့ လှိုင်လို့ 
( ဖိုးသူတော်ဦးမင်း )

ဝါခေါင်လဘွဲ့ ကို ရှေးစာဆိုတော်ကြီး ဖိုးသူတော်ဦးမင်းက အထက်ပါအတိုင်းတို
ရှင်းလိုရင်းစပ်ဆိုထားသဖြင့် ၊ ၀ါခေါင်လကိုမြန်မာမူအရသိဟ်ရာသီခေါ်၍စန်းပြည့်နက္ခ
မှာသရ၀ဏ်နက္ခ့ဖြစ်ကြောင်းသိရှိရသည် ။ ယှဉ်သောတာရာမှာ ဗျိုင်းတာရာဖြစ်ပြီးရာ
သီရုပ်မှာခြင်္သေ့ရုပ်ဖြစ်သည် ၊ ရာသီပန်းမှာခတ္တာပန်းဖြစ်သည် ။
ဝါခေါင်လသည် မြန်မာပြက္ခဒိန်တွင် ပဉ္စမမြောက်လဖြစ်ပြီး ရက်မစုံလဖြစ်သည် ၊
မိုးဥတုသို့ ကောင်းစွာကျရောက်ပြီဖြစ်သဖြင့် ၊ မိုးဖြိုင်ဖြိုင်ရွာသွန်းသောလဖြစ်သည် ၊
မြစ်များ ချောင်းများ ကန်များတွင်ရေများပြည့်လျံသောလဖြစ်သည် ၊
ဆရာမင်းသုဝဏ်က
ဝါဆိုဝါခေါင်ရေတွေကြီးလို့ ၊ သပြေသီးမှည့်ကောက်စို့ ကွယ်
ခရာဆူးခြုံဟိုအထဲက ၊ မျှော့နက်မဲကြီးတွယ်တက်တယ်
မျှော့နက်ဆိုတာ ဂျိုနဲ့ လားကွဲ့  ၊ မြွေနဂါးတောင်မကြောက်ဘူးကွယ်
တို့ လဲကြောက်ပေါင်အတူသွားစို့  ၊ အုန်းလက်နွားလေးထားခဲ့မယ်
သွားကွယ် ၊ သွားမယ် ၊

ပျော်စရာလေးပါ နားထောင်လိုက်ပါအုံး


MusicPlaylist
Music Playlist at MixPod.com


ဟုစပ်ဆိုထားသော ကလေးကဗျာလေးမှာ ၀ါခေါင်လတွင်ခလေးများရေကြီးလို့ 
ပျော်ရွှင်ကြပုံကိုပေါ်လွင်စေပါသည် ၊
မြန်မာလများသည် ဗုဒ္ဓနှင့်ဆက်သွယ်မှုတခုတခုတော့ရှိစမြဲဖြစ်သည် ၊ ၀ါခေါင်လ
တွင် ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားသော အဖြစ်အပျက် နှစ်ခုရှိပါသည် ။ တခုမှာ
မြတ်ဗုဒ္ဓသည် မေတ္တာသုတ်ကို စတင်ဟောကြားသောလဖြစ်ပြီး ၊ နောက်အဖြစ်အပျက်
တခုမှာ စာရေးတံမဲအလှူပွဲဖြစ်သည် ၊
မေတ္တာအခါသမယ ၀ါခေါင်လ
ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ၊ ရဟန်း ၅၀၀ တို့ သည်ဘုရား
ထံမှ ကမ္မဋ္ဌာန်းတရားယူပြီးနောက် တောအုပ်တခု အတွင်းသို့ ဝင်ရောက်၍ ၀ါဆိုဝါကပ်
ပြုတော်မူကြသည် ၊ ရဟန်းများ သစ်ပင်ဝါးပင်များအောက်တွင် ၀င်ရောက်သီတင်းသုံး
ကြသောအခါ ၊ သစ်ပင်စောင့်နတ်များ နှင့် ရုက္ခစိုးနတ်တို့ မှာရဟန်းများ၏သီလတန်းခိုး
ကြောင့် မိမိတို့ နေရာသစ်ပင်များတွင် မနေနိုင်ဖြစ်ကြခါ၊ရဟန်းတို့ ကို အသံအမျိုးမျိုးတို့ 
ဖြင့်မနေနိုင်အောင်ခြောက်လှန့် ကြကုန်၏ ၊ ရဟန်များလဲရုက္ခစိုးနတ်များ၏ခြောက်လှန့် 
့မှုများကြောင့် တရားကိုကောင်းစွာအားမထုတ်နိုင်သောကြောင့် ၀ါတွင်းမှာပင်မြတ်စွာ
ဘုရားသီတင်းသုံးနေရာဖြစ်သောသာဝတ္တပြည်ဇေတ၀န်ကျောင်းသို့ ပြန်ကြွသွားကြသည်
မြတ်စွာဘုရားကမေတ္တာလက်နက်ကိုယူဆောင်ပြီးတောအုပ်သို့ ပြန်သွးကြရန်တိုက်
တွန်းပြီး ၊ မေတ္တာသုတ်ဒေသနာတော်ကို ဟောကြားတော်မူလိုက်သည် ၊
ရဟန်းများတောအုပ်သို့ ပြန်ရောက်ပြီး မေတ္တာသုတ်ကိုရွတ်ဆိုသောအခါ ၊ ရဟန်း
များ၏မေတ္တာဓါတ်ကြောင့် နတ်များကချစ်ခင်နှစ်သက်လာကြသဖြင့် တရားကိုကောင်း
စွာအားထုတ်နိုင်ခဲ့ကြသည် ၊ ရဟန်း ၅၀၀ တို့ သည် ထိုတောအုပ်အတွင်းမှာပင် ဒုတိယ
ဝါကပ်တော်မူကြပြီး ၊ မေတ္တာာဘာဝနာကို ပွါးများ၍ ၀ိပဿနာတရားကိုအားထုတ်သော
အခါ ၀ါမကျွတ်မှီ ရဟန်း ၅၀၀ စလုံး ရဟန္တာများဖြစ်တော်မူကြပါသည် ၊
ท ရဟန်း ၅၀၀ ကိုအကြောင်ြး့ပု၍ ၀ါတွင်းကာလတွင်မေတ္တာသုတ်ကိုဟော တော်မူခြင်း
ท ရဟန်း ၅၀၀ တို့ တောအုပ်သို့ ပြန်၍ ၀ါခေါင်လတွင်းတွင် ပစ္ဆိမ၀ါကပ်တော်
မူခြင်း စသောအကြောင်းများကြောင့် ၀ါခေါင်လတွင် မေတ္တာအခါတော်နေ့ 
အထိမ်းအမှတ်ပွဲများကျင်းပလေ့ရှိကြပါသည် ၊

ဝါခေါင်လ နှင့် စာရေးတံမဲ
ဝါခေါင်လ သည် မိုးဖြိုင်ရွာသွန်းသောလဖြစ်သဖြင့် လယ်သမားများ အလွန်အလုပ်
များသောလဖြစ်သည် ၊ လယ်ထွန် ၊ ပျိးကြဲပြီး ၊ ပျိုးနှုတ်ကောက်စိုက်သောအချိန်ဖြစ်သည်
ထိုအချိန်တွင် ၀မ်းစာစပါးများကုန်ုလုစဲဖြစ်နေပြီး ၊ အသစ်ထွက်စပါးများကလဲ မပေါ်သေး
သဖြင့် တခါတရံ အစာရေစာမလုံလောက်မှုနှင့်ကြုံတွေရတတ်လေသည် ၊
ဘုရားရှင်လက်တော်တွင် ဝေရဉ္စာမြို့ သည်အစာရေစာရှားပါ၍အသက်မွေးမြူရန်ခက်
ခဲသောအဖြစ်နှင့်ကြံတွေနေစဉ်ဖြစ်သည် ၊ ဤသို့ အခက်အခဲနှင့်ကြုံတွေနေချိန်တွင်ရဟန်း
တော်များလဲဆွမ်းခံရန်ခက်ခဲသည် လူတို့ စားနပ်ရိက္ခာမလုံလောက်သောကြောင့် ရဟန်းများ ဆွမ်းကို စာရေးတံမဲချ၍ သုံးဆောင်ခဲ့၇သည် ၊ စာရေးတံမဲဆိုသည်မှာ ရာရှင်
စံနစ်ဖြင့် အစားအစာကိုမျှတ၍သုံးဆောင်ရသောစံနစ်ဖြစ်သည် ၊
ဤသည်ကို သကာလဘတ္တခေါ် စာရေးတံမဲ စရေးတံ ဆွမ်းဟု ခေါ်သည် ၊
စာရေးတံဆိုသည်မှာ စာအမှတ်အသားပါသော ၀ါးခြမ်းပြားတခုသာဖြစ်သည် ၊
မျက်မမြင် စာမတက်သူတယေက်ကနှိုက်၍ပေါက်သောဝါးခြမ်းတွင်ပါသောသံဃာ
ကိုသာပင့်ဆောင်ရသည် ၊ ဤအလှူ မျိုးကား သံဃာတော်ကို ဒကာဒကာမတို့ ကဆွမ်း
ပင့်သောအခါ မည်သည့် ဒကာ မည်သည့်ဒကာမ သည် မည်သည့်သံဃာကိုရည်ရွယ်၍
ပင့်ဖိတ်၍မရစကောင်း မိမိစာရေးတံပေါက်သော သံဃာကိုသာပင့်၍ဆွမ်းကပ်ရသည် ။

ဝါခေါင်လနှင့် မဟာဒုတ် အလှူ
မဟာဒုတ်မှာ သူဆင်းရဲလယ်သမားဖြစ်သည် ၊ ဆင်းရဲလွန်းသောကြောင့် ၀မ်းရေးကို
အနိုင်နိုင် အသက်မွေးနေရသောလင်မယားနှစ်ယောက်ဖြစ်သည် ၊ တခုသော ၀ါခေါင်လ
တလတွင် မဟာဒုတ်တို့ ရွာမှ ဘုရားရှင်နှင့်သံဃာတော်များကို ဆွမ်းလှူရန်အလှဲ့ကျသည်
တအိမ်တပါးစီတာဝန်ယူရမည်ဟုသတ်မှတ်သောကြောင့် ၊ မဟာဒုတ်တို့ လင်မယား
လည်း သံဃာတပါးကိုတာဝန်ယူ၇မည်ဖြစ်သည် ၊ မဟာဒုတ်လင်မယားသည်ဆင်းရဲသော်
လည်း သံဃာတပါးကိုတော့ဆွမ်းတနပ်ရအောင်လှုမည်ဟုစိတ်ဆုံးဖြတ်လိုက်ပြီး ၊ အလုပ်
ကိုကျိုးစားလုပ်ကိုင်ကြ၏ ၊ ယောက်ျားလုပ်သူကလဲ လယ်လုပ်ရာတွင်သီချင်းတအေးအေး
နှင့် ဆွမ်းကပ်ရတော့မည်ကိုပျော်နေ၏ မယားလုပ်သူလဲ ဆန်ထောင်းရာတွင်သီချင်းလေး
တအေးအေးနှင့် ပျော်နေ၏ ၊ သံဃာတော်တို့ အားဆွမ်းပင့်ရမည့် နေ့ တွင် ရွာသူရွာသား
အသီးသီး သံဃာတပါးစီ သူ့ ထက်ငါဦးအောင်ပင့်ဆောင်သွားကြသောကြောင့် မဟာဒုတ်
တို့လင်မယားတွက် သံဃာကုန်နေပြီဖြစ်သည် ။ ကံအားလျော်စွာ ဘုရားရှင်တပါးထဲသာ
ကျန်တော့သည် ၊ မဟာဒုတ်လဲ အရဲစွန့် ပြီး အရှင်ဘုရား၏သပိတ်တော်ကိုတပည့်တော်
အားချီးမြှောက်ပါရန်လျောက်ထားသောအခါမြတ်စွာဘုရားက မဟာဒုတ်လက်သို့ သပိတ်
ကိုပေး အပ်လိုက်လေသည် ၊ မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏သပိတ်
ကိုရသွားသည်ကို သူဌေးသူကြွယ်များကမြင်သောအခါ အို မဟာဒုတ် သင့်အားရွှေငွေ
ဥစ္စာအမြောက်အများပေးပါမည် သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေးပါဟုပြောကြသော်
လည်း မဟာဒုတ်က မိမိ၏သဒ္ဒါကို အသပြာနှင့်မလဲနိုင်ဟုဆိုကာ မြတ်စွာဘုရားအား
အိမ်သို့ ပင့်သွား၏ ၊ မြတ်စွာဘုရားဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရားဟော
သောအခါတွင် မဟာဒုတ်တို့ ဇနီးမောင်နှံနှစ်ဦးသောတပန်တည်ကြလေသည် ၊
ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဒါထက်သန်စွာကျိုးစားအားထုတ်နေသည်ကို
စောင့်ကြည့်နေသော သိကြားမင်းက မဟာဒုတ်တို့နေအိမ်ပေါ်သို့ ရတနာမိုးကြီးရွာသွန်း
ချလိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည် နေ့ ချင်းညချင်းချမ်းသာသွား
ကြလေသည် ၊
မဟာဒုတ်ကိုအကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့်အလှူပွဲမျိုးကို
လည်းပြုလုပ်လာကြလေသည် ၊

မောင်သုည
ဝါခေါင်လ အတွက် ဖျော်ဖြေဘို့ေ၇ွးထားတဲ့သီချင်းကလေးကတော့

ခိုင်ထူး ရဲ့  ခတ္တာ သီချင်း ကလေးပါ နားဆင်ကြည့်ပါအုံး


MusicPlaylist
Music Playlist at MixPod.com


အကိုးအကားပြုသောစာအုပ်များ နှင့်ဆောင်းပါးများ
၁၊ မောင်ထင် မြန်မာ့၁၂ လအကြောင်း
၂၊ ဒေါ်ခင်မျိုးချစ် - ဆယ့်နှစ်လရာသီပန်းများနှင့်ပွဲတော်များ
၃၊ ၁၁-၈-၂၀၀၆ နေ့ ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဆောင်းပါရှင်
ရွှေဘိုသီရိမာရေး- ၀ါခေါင်နှင့်စာရေးတံ ဆောင်းပါး
၎၊ ၈-၈-၂၀၀၅ နေ့ ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဆောင်းပါးရှင်
ဦးကျော်စိန် ( မန္တလေး ) ရေး မေတ္တာအခါသမယ ၀ါခေါင်လ ဆောင်းပါး

ဝါခေါင်လနဲ့ပတ်သက်ပြီးဒေါ်မာမာအေး ဘီဘီစီကနေပြောထားတာလေးလဲရှိပါတယ်
ပိုပြည့်စုံသွားအောင်တင်ထားပါတယ် ၊ နားဆင်ကြည့်ကြပါ။












Thursday 5 August 2010

ကျွန်တော့အတွေး ကျွန်တော့အရေး

အမြည်း

တနင်္ဂနွေနေ့ဆိုရင်သူငယ်ချင်းတွေစုပြီးကန်တော်ကြီးဘက်လမ်းလျှောက်ထွက်လေ့ရှိပါတယ်၊
ဂျပန်သံရုံးနားရောက်ရင် လမ်းဘေးက မုန့်ဟင်းခါးဆိုင်မှာ ၀င်စားလေ့
ရှိပါတယ်၊ အဲဒီဆိုင်က
အကြော်စုံပြီး လ္ဘက်ရည်ကလဲတော်တော်ကောင်းပါတယ်၊ ဒီနေ့
တော့ ဦးကျော်ဝင်းခေါ်လာလို့
မိတ်ဆွေသစ်တယောက်တိုးလာပါတယ်၊ သူကမနေ့ကမှ
မန္တလေးကရောက်လာတဲ့ မန္တလေးသားပါ၊ ကျွန်တော်တို့က ထုံးစံအတိုင်းမုန်ဟင်းခါးစားရင် ဟင်းရေလေးနဲနဲ လောက်ဆိုပြိးတောင်းသောက်
တက်ကြတယ်မဟုတ်ပါလား
ကျွန်တော်က ”ကိုကို ကြိးဟင်းရေမသောက်ဘူးလား” လို့ ဆိုတော့
”ဒါဘာလုပ်တာလဲ ”တဲ့
”ဒါ ဟင်း ရေ တောင်း သောက်တာပေါ့ ”လို့ ဆိုတော့
သူ က ”ဘာအဓိပါယ် လဲ ”တဲ့
အော် ခက်ပြီ ၊ ”အမြည်းပေါ့ ဗျ အမြည်း လေ အစစ်ပေါ့ဗျာ” လို့ ကျွန်တော်ကပြောတော့
”ကျွန်တော်တို့ မန္တလေးမှ ဒီလို မဟုတ်ဘူး အမြည်း ဆိုတာ အရင် စားရတယ် ၊ မြည်းကြည့် ပြီးလို့ ကောင်းမှ ဝယ်စားရမှာ အခု တော့ ခင်ဗျားတို့က အရင်ဝယ်စားပြီး နေပြီ ၊ ပြီးတော့မှ အမြည်းတောင်း စားတယ်ဆိုတော့ သဘာဝမကျဘူး ”တဲ့ ကျွန်တော်တို့ မန္တလေးမှာထိုးမုန့် ရောင်း တဲ့ ဆိုင်တွေရှေ့ကို ရောက်တာနဲ့ လာပါရှင့် အမြီးကလေး စားသွားပါအုံးနဲ့ ဈေးခေါ်ကြတယ် ၊ ၀ယ်သူကမြည်းစားကြည့်ပြီး ကောင်းတယ်ဆိုမှ ထိုင်စားကြတယ်” တဲ့

အင်း သူပြော တာ ကတော့ သဘာဝကျတာဘဲ ၊ ဒါပေမဲ့ ရန်ကုန်မှာတော့ ဗျောင်းပြန် ဖြစ်နေတာကြာပါပြီလေ ၊
ကိုကိုကြီးတို့ နဲ့ လမ်းခွဲပြိး အပြန်မှာတော့ ကျွန်တော့အတွေး ထဲမှာ အတိုဆုံးဝတ္တုလေး တပုဒ်ရေးဘို့ စိတ်ကူးမိပါတယ်
ဝတ္တုခေါင်းစီးကလေးက အမြည်း တဲ့ 

မုန့် ဟင်းခါးဆိုင်တဆိုင်
ဈေးသယ်မိန်းခလေး ” မုန့်ဟင်းခါးလေး သုံးဆောင်ပါအုံးလားရှင့်”
ဈေးဝယ်ယောက်ျားလေး ”ဟင်းရည်ကလေး မြည်းလို့ ရမလား
ဈေးသယ်မိန်းခလေး ”ရပါတယ် ရှင့်”
ဘယ် နဲ့လဲ ကောင်း ရဲ့လား ရှင့်
ဈေးဝယ် ယောကျားလေး ”အင်း ကောင်းသလို လိုဘဲ ဗျ” နောက် ထပ် အမြည်း ကလေးပေးပါအုံး”
ဈေးသယ်မိန်းခလေး ”ရပါတယ် ရှင့်”ဘယ် နဲ့လဲ ကောင်း ရဲ့လား ရှင့်”
ဈေးဝယ်ယောက်ျားလေး ”အင်း ကောင်းသလို လိုဘဲ ဗျ”နောက် ထပ် အမြည်းကလေးပေးပါအုံး”
ဈေးသယ်မိန်းခလေး ”ဟို မလွန်ဘူး လားရှင့် ခဏ ခဏ အမြည်းတောင်းပြီး ဝယ်လဲ မစားဘူး ၊ ကျမတို့ကရောင်းသူပါရှင့် အမြည်း စားပြီး ဝယ်မစားရင် ရောင်းကုန် ဈေးလျော့တယ်ရှင့် သိရဲ့လား”

ဈေးသယ်မိန်းခလေး အတွေး
အင်း အကိုနဲ့ ဒီနေချိန်းထားတယ် ဘယ်လျောက်ခေါ်သွား
အုံးမလဲမသိဘူး အခုထိလဲ အမေ့ကိုဖွင့်မပြောသေးဘူး
အင်း အမေတို့ခောတ်တုန်းကတော့ ၃ နှစ် သုံးမိုးဆိုလား ဘဲ

မောင်သုည

Wednesday 4 August 2010

ကျွှန်တော့အတွေးကျွှန်တော့အရေး

အစိမ်း
အလုပ်ကိစ္စတွေပြီးလို့ မျက်စီကို အနားပေးတဲ့အနေတဲ့အခမ်းရဲ့ အပြင်ဘက် ဝါးရံတာထွက်ပြီးအပြင်ကရှုခင်း တွေကို ရှုမျှော်ကြည့်လိုက်မိပါတယ် ။ ကွန်ဗြူတာအမြဲရိုက်နေရတယ်ဆိုတော့မျက်စိကိုမကြာခဏအနားပေးရ တယ် မဟုတ်ပါလား၊ အထူးသဖြင့် စိမ်းစိမ်းစိုစိုရှုခင်းတွေကိုများများကြည့်ပေးရမယ်လို့ဆိုတာကြောင့် ၊ သစ်ပင် စိမ်းစိမ်းတွေကိုလိုက်ရှာပြီး ကြည့်မိပါတယ်၊ကျနော်ရဲ့ရုံးခမ်းက ၄ ထက်တိုက်ဆိုတေ့သစ်ပင်တွေကိုအပေါ်စီးက နေစီးပြီးမြင်နေရတယ်၊ ကုက္ကိုပင်၊ ဘန်ဒါပင်၊ကုလားမကျီးသီးပင်၊ငှက်ပြောပင်၊ ညောင်ပင်မျက်ခင်းပြင်ကျယ် ကျယ်ပြန့်ပြန့်ကြီး နဲ့ ရေပြင် စိမ်းစိမ်းကြိးတွေကိုပါတွေ့နေရပါတယ်။
ကျနော်သတိထားမိတာကတော့အစိမ်းဆိုပေမဲ့အစိမ်းခြင်းမတူကြပါလား၊ ကုက္ကိုပင် စိမ်းတာက တမျိုး ၊ ဘန်ဒါပင်စိမ်းတာကတဖုံ၊ ကုလားမကျည်းသီးပင်ရဲ့အစိမ်းကျတော့ စိမ်းဝါလိုလိုငှက်ပြောပင်စိမ်းတာကျတော့လဲ ၊ စိမ်းနုနု၊ ညောင်ပင်စိမ်းတာကလဲစိမ်းညှို့ညို့လို့ဆိုရမလားဘဲ၊အစိမ်းကလဲအနက်ဘက်ကိုများသွားတော့စိမ်းပုပ်ပုပ် အဝါဘက်ယိုင်သွားရင်စိမ်းဝါရောင်အပြာဘက်ကိုများသွားရင်စိမ်းပြာပြာ၊ မြစိမ်းပေါ့၊ အဲအနက်ဘက်ကိုရောသွားပြန်တော့အစိမ်းရင့်ရင့်စိမ်းစိမ်းကားကားပေါ့၊
အစိမ်းရောင်တွေ အမျိုးမျိုးမတူပုံကိုကြည့် နေရင်း ကျနော့ စိတ်ထဲမှာဟိုတလောတုန်းကတီဗွီမှာပြသွားတဲ့ ဇတ်ကားထဲကရုပ်ရှင်မင်းသမီးပြောတဲ့စကားကိုသတိရမိတယ်
မင်းသား ဟာ ဗျာ မမ လဲ ကျနော့ကို ဒီလို စိမ်းစိမ်းကားကားကြီး မပြောပါနဲ့ဗျာ
မင်းသမီး မမ မင်းကိုပြောတဲ့ စိမ်းစိမ်း ကားကား ဆိုတာ က မင်းပြောသလို စိမ်းစိမ်းကားကား စိမ်းတာအဟုတ်ပါဘူး ၊ အစိမ်းမှာသနားဂရုနာရောပွမ်းနေတဲ့စိမ်းနုနု ကလေး စိမ်းတာပါ
မင်းသား ဘာ လဲ မမ ၊ စိမ်းနု နု ဟုတ်လား မမ ဘာကိုဆိုလို တာလဲ ကျနော် နားမလည်ဘူး
မင်းသမီး အော် မင်း မမ နဲ့ ကြိုက် လို့ မမနဲ့ အတူ လူတော ထဲ မင်းနဲ့ မမ တွဲလျောက်သွားတဲ့အခါ မင်းကိုလူတွေက ပြည့်တန်ဆာမနဲ့ တွဲပြိးလျှောက်လာ တယ်ဆိုပြိး၊ လက်ညိုးထိုးသရော်ကြ ရင်မင်းခံစားရမှာစိုးလို့  မမကိုမချစ်ပါနဲ့ လို့ မမပြောတာပါ ။
အကြွေပန်း ကလေး မို့ မပန်ချင်ပါနဲ့ မောင်လေးရယ်
ဒီ ရုပ်ရှင်ကို ကြည့်ဘူးရင်လဲ ကြည့်ဘူးကြမှာ ပေါ့ ၊ မင်းသမီးကထိုင်းမှာနံမယ်ကျော်ရုပ်ရှင်မင်းသမီးကင်မွန်ချနုပ် လို့ ခေါ်တဲ့အများကခေါ်နေတာကတော့ (အန်စူမာလင်ပေါ့ ) သူက အဆိုတော် မင်းသား တုန်းချိုင်း ( Bird ) နဲ့ တွဲပြီ ဆုံကရန်ဆိုတဲ့စစ်ကားမှာနံမယ်ရလာ တာလေအဲဒီကားမှာသူ့နာမယ်ကအန်စူမာလင်
အခုကားမှာတော့ သူ က ပြည့်တန်ဆာမအခမ်းကသရုပ်ဆောင်ရတယ် ။
မင်းသားကတော့ ဘာလကျန် ဇာတ်ကားက မင်းသား နဲ့ တွဲရိုက်တ်ာပါ ၊ဘာလကျန် ဆိုတာ မြန်မာ နဲ့ ယိုးဒယား စစ်တိုက်တဲ့ကားပါ ။
အတွေးတွေက ဟိုတွေး ဒီတွေးနဲ့ အစိမ်းရောင် ကိုကြည့်ရင်းကနေ ၊ စိမ်းစိမ်းကားကာပြောရက်တယ်ဆိုတဲ့စကားဘက်ရောက်သွား ပါလား ၊
အင်း မြင်တာ ကို မြင်တယ် မြင်တယ်လို့ သတိထား မရှုမိတဲ့မတွက် ၊ မြင်ရာကနေအတွေးတွေပင်လယ်ဝေသွားပါလား

တကယ်တော့ မျက်စိနဲ့အဆင်းနဲ့တွေ့ရင်မြင်စိတ်ပေါ်တာကို သတိမထားမိတော့ အတွေးတွေးနောက်လိုက်သွား
တာပေါ့ ၊
ပဋိစ္စသမုတ်ပါတ် စက်ဝန်းထဲ လည်သွားပါလားလို သတိရလိုက်တော့အတွေးများ ရပ်သွားပါတော့ တယ် ၊
အစမ်းရောင်တွေကို ကြည့်လိုက်ရလို့ မျက်စိ လဲ တော်တော်ကလေး အနားရသွားတာမို့
အခမ်းထဲ ပြန်ဝင်ပြိး အလုပ် ကိုဆက်လုပ်နေလိုက်ပါတယ် ။

မစိမ်းပင် ဆိုတဲ့သီချင်းသံကြား တော့ ကြားစိတ်ပေါ်တာကိုသတိမထားမိရင် အတွေးတွေနောက်လိုက်အုံးမှာဘဲ

သင်ကောဘယ်လိုလဲ

ဟောလာပြီး မစိမ်းပင်တဲ့






အပ္ပမာဒေန သမ္မာဒေထ
ကိုယ့်စိတ်ကိုအမြဲသတိနဲ့စောင့်ကြည့်ပြီး မမေ့မလျော့တဲ့သတိနဲ့ နေပါတဲ့



မောင်သုည

Monday 2 August 2010

ရေဒီယို ဘန်ကောက်

ထိုင်း နိုင်ငံ ဘန်ကောက်မြို့ မှ မြန်မာရွေ့ ပြောင်းအလုပ်သမားများအတွက် ပညာပေး နှင့် ဖျော်ဖြေရေးေ၇ဒီယိုအစီအစဉ် တခုထုတ်လွင့်ခဲ့ပါသည် ၊

ထုတ်လွင့်ပြီးသော အစီအစဉ်များထဲမှ ကောင်းနိုးရာရာ များကို ပြန်လည်ထုတ်လွင့်ပေးလိုက်ပါသည်






06-12-2009 Sunday




12-12-2009 Saturday





2009 အတွင်းမှ အစီအစဉ်များဖြစ်ပါသည်

ဆက်သွယ်ရန် Phone No များဖြင့်ဆက်သွယ်၍ ရနိုင် ၊
မည်မဟုတ်ပါ












ယခု အဆိုပါ အစီအစဉ်ကို ခေတ္တရပ်နားထားပါသည်