Thursday 2 September 2010

တော်သလင်းလ

" တော်သလင်းလဖွဲ့"

ရေယာဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊
မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့်၊
လှေပြိုင်ပွဲကျင်းတဲ့ လ ကိုလေး။
ကန်ရာသီငယ်၊ ခါမီသင့်စွာ၊
ဘွေအာကာမှာ၊ ပြုဗ္ဗာဘဒြပိုဒ်၊
ကြက်ညီနောင် တောင်တ၀ိုက်က၊
ရေလိုက်ကယ်သဘင်၊
စံစပယ်ရွှင်ညော့ခါ၊ မြိုင်ခွင့်လုံး ကန္တာမှာ၊
ရွှေယင်းမာ ပန်းတော်မင်းက၊
သင်းလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)
တော်သလင်းလ
တော်သလင်းလသည် မြန်မာတို့ရာသီတွင် ခြောက်လမြောက်ဖြစ်ကာ
သြဂုတ်လ၊ စက်တင်ဘာလများတွင် ကျရောက်သည်။
"တော်သလင်းနေ၊ ပုစွန်သေ" ဟူသော စကားအတိုင်း ငါးငယ်၊
ပုဇွန်ငယ်လေးများပင် သေလောက်အောင် နေမင်းသည် ပြင်းပြစွာ
ထွန်းလင်းတောက်ပသည်။
မိုးကုန်တော့မည်ဖြစ်သဖြင့်ကောင်းကင်းတွင်မိုးသားတိမ်လိတ်တို့ကင်းစင်
စပြုနေပြီဖြစ်သောကြောင့်နေရောင်ခြည်သည်အကာအကွယ်မရှိတိုက်ရိုက်
ကျရောက်သည်၊ထို့ကြောင့်ရေထဲမှပုဇွန်တောင်သေနိုင်သည်အထိပူပြင်းသည်၊
ထိုလတွင် "တော်သလင်း၊မြစ်တွင်းသင်ဖြူးခင်း "အဆိုနှင့်အညီ ရေပြင်သည်
ကြည်လင်သော ကောင်းကင်နှင့် လိုက်ဖက်စွာ လှိုင်းလေကင်းစင်သဖြင့် သင်ဖြူးဖြန့်ခင်းထားဘိသကဲ့သို့ပြန့်ပြူးငြိမ်သက်လျက်ရှိသည်။
တော်သလင်းလ၏ထူးခြားချက်သည်မြစ်ရေဖြစ်သည်၊ှလှိုင်းလေငြိမ်ပြီး
ရေခင်းသဖြင့် လှေပြုင်ပွဲသဘင်ကို ရေပွဲသဘင်၊ မြစ်ယံပွဲ စသည်ဖြင့် ရှေးမြန်မာင်းများလက်ထက်တွင်ကျင်းပခဲ့ကြသည်

လှေပြိုင်ပွဲများကျင်းပပုံနှင့်ပတ်သက်၍ကွမ်းရည်တော်ကိုင်ဦးယာ၏
တော်သလင်းလဘွဲ့လူးတားတွင်
“ တော်သလင်းဟု၊မြစ်တွင်းသဘင်၊
လှေပွဲဆင်၍၊လက်သင်လှော်ကား၊
ရွှေလှေများသို့၊ကစားလူးလာ၊
စုန်ကာဆန်တက်၊၀ိုင်း၍သက်က၊
ရွှေတက်ပြိုးပြောင်၊ပုံတောင်စည်မောင်း၊
ရေကြောင်းမြစ်လယ်၊ပျော်ဘွယ်အံ့ချီး၊
မှုတ်တီးကြော်ငြာ၊သည်ပွဲသာ၊ “ ဟုဖွဲ့ဆိုထားသည်ကိုတွေ့ရှိ၇သည်၊

တော်သလင်းလကိုကန်ရာသီဟုခေါ်ကြသည်၊ကန်ရာသီမှာ
ပါဠိဘာသာအားဖြင့် ကညာ သက္ကဘာသာအားဖြင့် ကနျာ မြန်မာ
လိုအနက်ပြန်သော် မိန်းခလေးဖြစ်သည်၊ထို့ကြောင့်ကန်ရာသီ ကို
မိန်းခလေးပုံသဏ္ဍာန်တံဆိပ်ခတ်နှိပ်အပ်သောရာသီဖြစ်သည်၊
ဇောတိသတ္တကျမ်းတွင် လက်တဘက်တွင်ကောက်ဆုပ်၊လက်တ
ဘက်တွင်ဆီမီးတိုင်ကိုင်လျက်လှေစီးနေသောမိန်းမပျိုသဏ္ဍာန်ရှိ
ကြောင်းပြဆိုထားသည်၊
တော်သလင်းလတွင်ကောင်းကင်တွင်လပြည့်ဝန်းသည်
ပြုဗ္ဗဘဒြပိုဒ်နက္ခနှင့်ယှဉ်၍ထွန်းလင်းသည်၊ထိုလ၏ရာသီပန်းကား
အင်ကြင်းပန်းနှင့်ယင်းမာပန်းတို့ဖြစ်သည်
မြန်မာလတလတွင်မြတ်ဗုဒ္ဒနှင့်ပတ်သက်သည့်ထူးခြားသော
အဖြစ်အပျက်တခှုရှိမြဲဖြစ်သည်၊
မြတ်စွာဘုရားခင်သည်တခုသောတော်သလင်းလပြည့်နေ့
တွင်ကုရုတိုင်းက္ကုန္ဒပတ္တနဂိုရ်ပြည်တွင်သီလစောင့်တည်ခြင်းနှင့်ပတ်
သောတရားကိုဟောတော်မူသည်၊အတိတ်ကိုပြန်ပြောင်းသော်မြတ်စွာ
ဘုရာအလောင်းတော်သည်၊ကုရုတိုင်းက္ကုန္ဒပတ္တုနဂိုရ်ပြည်ရှင်ဓန
နဉ္စရကောရဗျမင်းကြီး၏မိဖုရားဝမ်းတွင်သန္ဓေတည်ခဲ့သည်၊အရွယ်
ရောက်သောအခါတက္ကသိလိုလ်ပြည်တွင်ပညာသင်ပြီးပြန်ရောက်လာ
သောအခါအိမ်ရှေ့မင်းသားဖြစ်လာသည်၊ဖခမည်းတော်နတ်ရွာ
စံ၍မင်းအဖြစ်သို့ရောက်သောအခါတိုင်းပြည်ကိုမင်းကျင့်တရားနှင့်
အညီအုပ်ချုပ်သည်။ငါးပါသီလကိုမြဲအောင်စောင့်ထိန်းသည်၊တိုင်း
သူပြည်သားများအားလည်းကုရုဓမ္မခေါ်ငါးပါးသီလကိုစောင့်ထိန်းစေ
သည်၊နေ့စဉ်အလှူမဏ္ဍပ်ကြီးထိုးကာဆင်းရဲချမ်းသာမေ၇ွးအလှူ
ပေးသည်။ သူခိုး၊ဓါးပြမရှိသူတပါးအားညှင်းဆဲသတ်ဖြတ်သူမရှိ
တိုင်းပြည်သည်အစာရေစာပြည်စုံလုံလောက်ပြီး၊အေးချမ်းသာယာ
သည်၊ ဤသို့အတိတ်ကိုဆောင်ပြိး ဤနေရာ၌ပင် ကုရုဓမ္မကိုဟော
သည်၊
“ သူ့အသက်မသတ်ခြင်း
သူ့ဥစ္စာမခိုးခြင်း
သူ့အိမ်ယာကိုမပြစ်မှားခြင်း
မဟုတ်မမှန်သောစကားကိုမဆိုခြင်း
သေရည်သေရက်ကို မသောက်ခြင်း
တည်းဟူသောငါးပါးသီလသည်လူသားများစောင့်ထိန်းအပ်သောတရား
များပင်ဖြစ်သည်၊ကုရုဓမ္မဆိုသည်ကား ငါးပါးသီလကိုစောင့်ထိန်း
ရန်ဟော်ကြားတော်တရားပင်ဖြစ်သည်၊
ထို့ကြောင့်တော်သလင်းလပြည်နေ့တွင်ကိုကုရုဓမ္မနေ့ဟူ၍
သတ်မှတ်ပြီးဥပုဿ်သတင်းများစောင့်တည်ကြခြင်းဖြစ်သည်၊
မိဿ၊ပြိဿ၊မေထုန်၊စသောဆယ့်နှစ်လရာသီလတွင်တချို့
သောလများသည်ကုန်းမြေတို့တွင်စိမ်းရွက်ပန်းမာလ်၊တောကျေး
ငှက်သာရကာတို့ဖြင့်သာယာ၏၊အချို့ရာသီတွင်ကား၊အာကာတခွင်
တိမ်လွှာတိမ်ပန်းပြတ်သန်းယှက်နွယ်အလှကြွယ်ကာသာယာခြင်းရှိ
၏၊အချို့သောရာသီတွင်သီတာတောင်ခွေပတ်ဝန်းကျင်၍ရေခင်းသာ
ယာအလှဓါတ်ဖြာဝေတက်သည်၊ဤသို့သုံးမျိုးသုံးဖုံပြည့်စုံရန်ခဲရင်းလှသည့်
အနက်၊တော်သလင်းလမှာကားအခြားလများနှင့်မတူ၊ကုန်း
ရေ၊လေ၊လောကဓါတ်တခွင်လုံးသာယာခြင်းဖြင့်ပြည့်စုံကြောင်းရှေး
စာဆိုတော်များတေးလင်္ကာသီကုံးရေးဖွဲ့ထားခဲ့ကြသည်၊
“ သောင်းထိုက်ကယ်သဖြေ
ပတ်ကုံးသာထွေလှတယ်
စုံမြေမြင့်ကန္တာဝယ်
ရွှေယင်းမာကြိုင်သင်းလို့
ငှက်ကြေးသဘင် နွဲအောင်
ကျူးဖွဲ့သံကြော် -----

ထန်းညှာငယ်ကြွေမြဲ၊နတ်စက်စံတွင်၊
နန်းပွဲစိုစို၊ပန်းတိမ်ငိုနှင့်၊
ခိုင်ညှိငယ်ခက်ဖြာ၊ရွှေယင်းမာလဲ၊
ဒွါဒရာမှန်း၊ ဆယ့်နှစ်ခန်းတွင်၊
လဲလန်ညွန့်တုံ၊သည်ခောတ်သာကြုံတော့၊
နတ်ဘုံမြင့်ဝတံလို၊
သည်ချိန်ကိုရွှေဝကျွန်းမှာ၊
လွမ်းထိုက်ပေသင့် -----
ဟုစာဆိုတော်လူမင်းစပ်ဆိုထားပါသည်၊

မောင်သုည
ကိုးကားသောဆောင်းပါးများ၊
၁၊ရွှေယင်မာကြိုင်သင်းလို့ - တက္ကသိုလ်မြမဉ္စူ
၂၊၁၂ လရာသီ --မောင်ထင်
၃၊ဒေါ်ခင်မျိုးချစ် - မြန်မာ့၁၂လရာသီ
၎၊ တော်သတင်းလဆောင်းပါး ဧ၇ာဝတီစာကြည့်တိုက်

ဟေမာနေ၀င်း ရဲ့  သွေးကစကားပြောသည် ဆိုတဲ့သီချင်းကလေးပါ
ဒီသီချင်းကလေးက ကန်တော်ရေပြင်မှာ လှေပြိုင်ပွဲကျင်းပစဉ်က
သီဆိုခဲ့တဲ့သီချင်းကလေးပါ