Tuesday 7 June 2011

ငါ့စေတနာတွေပြန်လျော်ပေး

ငါ့စေတနာတွေပြန်လျော်ပေး

ရုံး နဲ့ အိမ်နဲ့က သိပ်မဝေးတော့ မနက်ဆို ခြေလျင်လျှောက်သွားလေ့ရှိပါတယ် ၊

အောင်ဆန်းကစားကွင်း ကနေ သမတရုပ်ရှင်ရုံ နောက် မီးရထားရုံးချုပ်ကိုဖြတ်လိုက်ရင် ရုံးရောက်သွားရော ၊ လူတော်တော်များများလဲ သွားနေကြတာဘဲ မနက်ဆို လူများတယ်လို့

ဆိုရမှာပေါ့ ၊ တနေ့တော့ လမ်းမှာ ဖရဲသီးသယ်ခလေးမလေးတယောက် ထိုင်ငိုနေတာတွေ့တယ်

ဖရဲသီးဗန်းကလဲ မှောက်လို့ ဖရဲသီးတွေလဲ လမ်းပေါ်မှာပြန့်ကျဲနေတယ် ၊

ဟဲ့  ခလေးဘာဖြစ်လို့ လဲ

ဖရဲသီး တွေမှောက်ကုန်လို့  ဦးရဲ့ 

ခလေးမလေးက ငိုပြိးပြောပါတယ်

အော် ဖြစ်မှဖြစ်ရလေ ဘယ်လိုဖြစ်တာလဲ ကွဲ့ 

လေတိုက်လိုက်တာ ဦးရဲ့ 

အိမ်ပြန်ရင်တော့ အရိုက်ခံရတော့မှာဘဲ

ပြော ရင်း ငိုပြန်တယ်

စိတ်ထဲမှာ သနားသွားတယ် - မရှိလို့လုပ်စားကာမှ ကြမ္မာဆိုးနဲ့ကြုံရတယ်လို့ 

သူ့ ဖရဲ သီးအားလုံး ရောင်းရမှ ငါးကျပ်တောင် ပြည့်မယ် မတင်ပါ ( ဟိုတုန်းက ပိုက်ဆံ )

ကဲ ကဲ ငိုမနေနဲ့ ဖရဲသီးတွေလဲပြန်ကောက်မနေနဲ့ ရော့ ရော့ ဆိုပြီး

ငွေ ၅ ကျပ်ထုတ်ပေးလိုက်ပါတယ် ၊

အော်ဖြစ်မှ ဖြစ်ရလေ သနားပါတယ်

မိဘတွေက လဲ ခလေးကိုခိုင်းရက်တယ် ခလေးတွေခမြာကျောင်းလဲမတက်ရ

စာမသင်ရနဲ့ ဒီအရွယ်ဆို ကျောင်းတက်တဲ့အရွယ်ပေါ့

လမ်းတလျောက် တွေးရင်းရုံးရောက်လာခဲ့ပါတယ်

ခလေးမလေး တော့ ဘာဘဲဖြစ်ဖြစ် သူ့ အမေ အရိုက်မခံရဘူး ဆိုတော့ ပျော်သွားမှာဘဲ

ကိုယ်ပြုမိခဲ့တာလေးကို တွေးပြီး ပီတီဖြစ်နေမိပါတယ်

နောက် တပတ်လောက် ကြာသွားပါတယ်

ဒီနေ့တော့ ထုံးစံအတိုင်း ရုံး သွားနေကျလမ်းကမသွားဘဲ ရန်ကုန်ဘူတာကြီး ဘက်ကနေ

သွားပါတယ် ၊ကန်တော်လေးကနေ မြို့ထဲကိုတော့ ဘယ်နေရာ ကသွားသွား ရပါတယ်၊

ဟော ဟို ရှေ့မှာ အကြော်သယ် မလေး အကြော် ဗန်း ကိုချပြီး ငိုနေတယ်

အကြော် တွေလဲ လမ်းမှာ ပြန့် ကျဲလို့ 

ဒုက္ခတွေ့ရင် ကူညီချင်တက်တဲ့ စိတ်နဲ့ သွားကြည့်မိပြန်ပါတယ် ၊

ဟဲ့  ခလေး ဘာဖြစ်လို့ လဲ

အကြော် ဗန်းကို လေတိုက်လို့မှောက်ကုန်ုတယ် ဦး ရဲ့ 

ခလေးမ လေး ငိုပြော လိုက်တော့ သူအသံကို ကြားမိသလို လို ရှိ လို့ 

သေ သေချာချာ စိုက်ကြည့် လိုက်တော့

ဟဲ့  ဟဲ့ နင် ဟို တနေ့ က ဖရဲသီး မှောက်ကျတဲ့ ခလေး မှုတ်လား

ဈေးသယ် လေးက မဟုတ်ပါဘူး ဦးရဲ့ 

သမီး ကဒီနေ့မှ ထွက်တာပါ

အော်ဟုတ်လား

အေး အေး ဒါဆိုလဲပြီးတာဘဲ

ဆက် ပြောဘဲ ထွက်လာခဲ့ပါတယ်

အော် လက်စသတ်တော့ သူတို့ က ဒီလို လုပ်စားနေတာကိုး

ငါ့ မှာဖြင့် သနားလိုက်ရတာ

ငါ့ စေတနာတွေပြန်လျော်ပေး

မောင်သုံည