Friday 11 November 2011

တန်ဆောင်မုန်းလ နှင့် ကြတ္တိကာနက္ခပွဲတော်

တန်ဆောင်မုန်းလ နှင့် ကြတ္တိကာနက္ခပွဲတော်

အချိန်ကား ပုဂံခောတ်တွင် ဖြစ်သည်

မြန်မာနိုင်ငံတောင်ပိုင်း ဥဿာပဲခူး ဟုခေါ်သော မွန်တို့ဌာနေတွင် ဂျွမ်းသူပုန်များ မကြာ

ခဏ ၀င်ရောက်တိုကခိုက်ခံနေရသဖြင့် ၊ တိုင်းသူပြည်သားများ ဆင်းရဲပင်းပန်းနေကြသဖြင့်

ဥဿာပဲခူးဘုရင်က ပုဂံအနော်ရထာမင်းထံစစ်ကူတောင်းခဲ့သည် ၊

အနော်ရထာမင်းက ကျန်စစ်သားဦးဆောင်သော ပုဂံသူရဲကောင်းများကို နှိပ်နင်းရန်စေ

လွှတ်ပေးခဲ့သည် ၊၊ ကျန်စစ်သားတို့၏ စစ်ရေးကျွမ်းကျင်စွားတိုက်ခိုက် နှိမ်နင်းနိုင်သောကြောင့်

ဂျွမ်း သပုန်တို့ ဆုတ်ခွါထွက်ပြေး ကုန်ကြသည် ၊

ဂျွမ်းစစ်သည်တို့၏ရန်ကင်းရှင်း၍ဥဿာပဲခူးသည်ငြိမ်းချမ်းခြင်းကိုရရှိသွာလေပြီ ၊ တိုင်း

တပါးသားစစ်ဝါဒီတို့၏နှိပ်စက်ကလူပြုခြင်းမှကင်းလွတ်ရသည့်အတွက်တိုင်းသူပြည်သားတို့

မည်မျှဝမ်းမြောက်ဝမ်းသာဖြစ်ကြပေမည်နည်း၊ဤအန္တရယ်ကိုတွန်းလှန်နှင်ထုတ်ပေးသောကျန်

စစ်သားနှင့်သူရဲကောင်းတို့အား ဥသာပဲခူးမင်းကဂုဏ်ချီးကျူး ပြုပွဲကျင်းပရန်နှင့် ဆုတော်လဘ်

တော်များပေးရန်အအခမ်းအနားကြီးတခုကိုကျင်းပရန်ကျန်စစ်သားတို့အားဖိတ်ခေါ်ထားသည်

ဥဿာပဲခူးမြို့သူမြို့သားတို့သားတို့သည်သူတို့ကျေးဇူးရှင်ပုဂံသူရဲကောင်းတို့အားလူကိုယ်

တိုင်တွေ့လိုမြင်လိုကြ၍သွားလေရာလာလေရာဝိုင်းဝန်းတိုးဝှေ့ကြည့်ရှုကြသည်

မွန်အမျိုးသားတို့က တွေ့လေရာတွင်သောင်းသောင်းဖျဖျကောင်းကြီးသြဘာပေး၍နှုတ်

ဆက်ကြသည်၊ မွန်အမျိုးသမီးများက ကိုယ်ဟန်နှိပ့်ချ၍အရိုအသေပြုကြသည် ၊

မွန်လူမျိုးတို့က ကျန်စစ်သားအားသဘောကျသည်မှာကျန်စစ်သားသည်အထူးသဖြင့်မွန်

စကားကိုရေရေလည်လည်ပြောတက်သောကြောင့်ဖြစ်သည်၊

အဖွားအိုကြီးများဆိုလျှင်ကျန်စစ်သားရှေ့တွင်ပဆစ်တုတ်ထိုင်ကာခြေအစုံကိုဖတ်၍

” မောင်မင်းကြီးသားကျေးဇူးရှင်တို့ကြီးရယ် ” ဟု

ဝမ်းသာအားရ မျက်ရည်သွယ်သွယ်ကျ၍ပွေ့ဖက်နမ်းရှုတ်ကြလေသည် ၊

ထိုအခါအမျိုးတွင်ကျန်စစ်သားသည် အဖွားအိုကို တယုတယမူထူ၍ ပါးရည်တွန့်နေသော

အဖွားအို၏မျက်နှာမှမျက်ရည်များကိုသုပ်ပေးရင်း

” မြင့်မိုရ်တောင်ဦးမကျူးတဲ့ ကျေးဇူးရှင်မိခင်ကြိးတို့ရယ် - ကျွန်တော်ကျေးဇူးဆပ်ခွင့်ရခဲ့

တဲ့အခွင့်အရေးလေးက တီကောင်ရဲ့ တီကျစ်စာလောက်သာရှိပါတယ် အမေရယ်လို့ ” ပြောရင်း

အဖွားအိုကို နှစ်သိပ်ရှာသည် ။ ကိုယ်တိုင်ကလည်း ရင်ထဲလှိုက်လှိုက်လှဲရှိ၍မျက်ရည်များစို့လာ

တက်သည် ၊ စိတ်ထဲတွင်ကြည်နူးမိသည် တိုင်းပြည်အတွက် မျက်ရည်သာမက နှလုံးသွေးပါလှူ

ထားသည်မဟုတ်ပါလား ။

ကျန်စစ်သားသည်ပုဂံသို့လာရောက်ကြသော မွန်ကုန်သည်၊ဇာတ်သဘင်သည်တို့နှင့်ရင်း

ရင်းနှီးနှီးဆက်ဆံကာမွန်တို့၏ဓလေ့ထုံးစံကိုလေ့လာဆည်းပူးလေရှိသည်၊ထို့အပြင်မွန်တို့၏အနု

ပညာနှင်အဆိုအကကိုစိတ်ဝင်စားခဲ့သည်ွမွန်ဇာတ်ပွဲသဘင်များကိုကြည့်ရှုလေ့ရှိသဖြင့်မွန်အက

ကိုကောင်းကောင်းကတက်သည် ၊ မွန်သီချင်းကိုကောင်းကောင်းသီဆိုနိုင်သည် ။

ကျန်စစ်သား၏ပင်ကိုယ်စရိုက်မှာ ရဲရင့်သည် ၊ ပျော်ရွှင်စွာနေတက်သည်၊ စကားတခွန်းကို

လွယ်လွယ်နှင့်မပြောတက်သလို ၊ လွယ်လွယ်နှင့် မမေ့တတ်သူဖြစ်သည် ။

ကျန်စစ်သားနှင့်မဏိစန္ဒာ

တန်ဆောင်မုန်းလပြည့်နေ့ည ကြတ္ထိကာပွဲ ဆင်နွှဲရန် နှင့် ဘုရင့်ဂုဏ်ပြုပွဲတို့ တက်ရောက်

ရန်အတွက်ကျန်စစ်သားနှင့်အဖွဲ့တမြင်းစီး၍ချီတက်လာကြသည်၊

ကျန်စစ်သားသည် စစ်သူကြီးတို့၏၀တ်စုံပြောင်လက်သောကကြိုးတန်ဆာများကိုဝတ်ဆင်လျက်ေ ရှေ့ဆုံးမှဦးဆောင်ချီတတ်လာသည်၊ သူ့နောက်က မြင်းစီးတပ်၏ဦးစီးချုပ် တပြည်သားဗျတ်ဝိ နှင့်

ဗျတ္တ၊ ညီနောင်နှစ်ပါး ၊ သူတို့နောက် မှ ဘယ်ညာ ညီညီ တန်းစီ ၍လာနေသော ညောင်ဦးဖီး ၊

ငွေထွေရူး ၊ ငလုံးလက်ဖယ် ၊တို့က မြင်းပေါ်မှနေ၍ လှံဖျားမှ ပန်းပွါးများကို မြင်းခွါချက်နှင့်အညီ

စွင့်ကာ မြင့်ကာ ချီတက်လာ နေသည် မှာ ပွင့်သစ်စနေရောင်အောက်မှာ နံနက်ခင်းလေညှင်းနှင့်

ကြည်နူးဘွယ်ဖြစ်နေသည် ၊

နန်းတော်ရှေ့အရောက်တွင်တီိးမှုတ်အသံတို့သည် တခဲနက်ညံလာသည်၊ပန်းပေါက်ပေါက်

တို့မိုးသီးမိုးပေါက်ကဲ့သို့ကျလာသည် ၊ဘုရင်နှင့်တကွနန်းတွင်သူနန်းတွင်းသားတို့မှာနန်းတော်

လသာဆောင်မှ ရှုစားနေကြသည်၊ကျန်စစ်သားတို့အဖွဲ့ က ဘုရင့်နန်းတော်ရှေ့ရောက်သောအခါ

ဘုရင်အား အရိုအသေပြုသောအားဖြင့်မြင်းများကိုဖြေးညှင်းစွာလျောက်စေသည်၊ လသာဆောင်

ရှေ့တည့်တည့်ရောက်သည့်အခါ ကျန်စစ်သားသည်အပေါ်သို့မော့ကြည့်လိုက်သည်၊ များလှစွာ

သောမျက်လုံးအစုံတို့က သူ့အားစိုက်ကြည့်နေကြသည်၊ထိုအခိုက်ရုတ်တရက်လေပြေမြူး၍လေ

ရူးတချက်ဝှေ့လိုက်သောကြောင့်စိမ်းဖန့်ဖန့်အရာဝတ္တုလေးတခုကျန်စစ်သားထံလွင့်လာသည်၊

ရုတ်တရက်မို့ ကြက်တူရွေးကလေးတကောင် လမ်းမှားပြီးလူတောထဲ ပျံဝင်လာသလားဟုထင်

ရသည်၊စင်စစ်ကား မဟုတ်မြစိမ်းရောင်ပိုးပုဝါလေးတထည်လွင့်လာခြင်းဖြစ်ပြီး ၊ ထိုပုဝါကလေး

မှာကျန်စစ်သား၏လည်ကိုလာရောက်ပတ်ချီလိုက်လေသည် ၊ ကျန်စစ်သားက ပုဝါကလေးကို

ဖြတ်ယူလိုက်ရာနူးညံ့သောအတွေ့နှင့်သင်းပျံ့သောရနံ့ကိုခံမိလိုက်စဉ်တွင် -

” အို အို လုပ်ကြပါအုံး ခင်ဦး ပုဝါလေး လွင့်သွားပြီ ခင်ဦးပုဝါလေးလွင့်သွားပြီ ”

ဆိုတဲ့ မိန်းခလေးတယောက်ရဲ့အော်သံကိုကြားလိုက်၍ ကျန်စစ်ကား က လှည့်အကြည့်

မှာတော့ လသာဆောင်လက်ရမ်းတွင် လက်ကမ်းနေသော ယမင်းပျိုမလေး တယောက်ကို တွေ့

မြင်လိုက်သည်၊ လှပကြော့ရှင်းသည့်ယမင်းပျိုကို သေသေခြာခြာစူးစမ်းကြည့်လိုသော်လည်း

သူတို၏ မြင်းတန်းကြီးက တရွေ့ရွေ့သယ်ဆောင်သွားသောကြောင့်ပုဝါလေးကိုသာနမ်းရှူ

ကြည့်ရင်း ဘ၀င်အသဲနှလုံးတို့သည် ယမင်းပျိုထံသို့သာ ပျံလွင့်နေလေတော့သည် ၊

ထိုနေ့စစ်ရေးပြပွဲပြီးသောအခါကျန်စစ်သားသည်လေနတ်သားဖူးစာရှင်ဆောင်ကြဉ်းပေး

လိုက်သောရွှေချည်မြပုဝါလေးနှင့်ရွှင်မြူးစိတ်ကူးယဉ်နေလေသည်၊မြပုဝါရှင်မိုးနတ်သူဇာလှကလျာ

သည်မည်သူဖြစ်ချိမ်မည်နည်း၊ ” အို အို လုပ်ကြပါအုံး ခင်ဦးမြပုဝါလေး - ပါသွားပြီ ” သည်အသံ

လေး နားထဲကြားယောင်နေသည်၊ ” သူနာမည် ကခင်ဦးတဲ့ လား ”

ကျန်စစ်သားသည် ဥဿာပဲခူးမင်းတွင် တဦးတည်သော သမီးကညာ မဏိစန္ဒာရှိကြောင်း

ကြားသိရပြီးဖြစ်သည်၊သို့သော် ထိုမင်းသမီးကလေး၏ငယ်မည် ခင်ဦးဖြစ်ကြောင်းကိုတော့ မသိ

ရှာသေးပါ ၊

အချစ်သည် အကြောင်းတိုက်ဆိုင်လာလျင် အချိန်အခါမရွေး - ကြီးငယ်မဟူ - အဆင့်အ

တန်းမခြား တသားတည်းပေါင်းစပ်တတ်သည်မဟုတ်ပါလော ၊ အချစ်၏ခံစားမှု နှလုံးသားရေးရာ

ပြဿနာသည် စစ်သူကြီး ပင်ဖြစ်လင့်ကစား ရင်ခုံရတက်စမြဲပင် ၊ တင်္ဂကမြင်လိုက်ရရုံနှင့် စွဲလန်း

နေသောကျန်စစ်သားမှာ မြပုဝါလေးကို တယုတယ ဖြစ်နေသဖြင့် တပည့်တွေကပင် သူကို ပြုံးကြ

သည်၊တီးတီးပြောကြသည်၊

” ဒို့ဆရာတော့ ဥဿမြေမှာ ဈာန်လျော ပဟေ့ ”

” နဖူးစာ ရွာလည်ဆို သကိုးကွဲ့  ”

” စစ်ပွဲပြီး လို့ အချစ်ပွဲနွဲရမှာပေါ့ ကွာ ”

” အောင်မာ စစ်ရေးမှာ သူရဲကောင်းရှိပေမဲ့ အချစ်ရေးမှာ သူရဲကောင်းမရှိဘူး ကွ - ဒိန်း

ဒလိန်းနတ်ဖမ်းစားရင် ခံတာချည်းဘဲ ကွ ”

” အေး ဒါဟာ အချစ်ရဲ့သဘောတရားဘဲ လေ ”

ထိုနေ့ည တန်ဆောင်းမုန်းလပြည့်နေည ဥဿာပဲခူးမြို့တော်ကြီးမှာ ကြတ္တိကာနက္ခပွဲသဘင်

ကြီး ဆင်နွဲကြမှာဖြစ်သည်၊နက္ခပွဲသဘင်၌လူတွေအရူးအမူးပျော်ကြမည်၊လူမျိုးမရွေး ဘာသာမရွေး

မဆင့်အတန်းမခွဲခြားဘဲ မည်သူမဆို ပါဝင်ဆင်နွဲပျော်မြူးနိုင်သည်၊ အ၀တ်တန်ဆာ ထူးထူးဆန်း

ဆန်းတွေဝတ်၍ မျက်နှာဖုံးများစွပ်ကာ ရုပ်ဖျက်၍ ကခုန်ကြမည်ဖြစ်သည် ၊

ထိုပွဲကို ပါဝင်ကျန်စစ်သားတို့အဖွဲ့ကိုလည်းဖိတ်ကြားထားသဖြင့် အကအခုန်ဝါသနာပါသော

ကျန်စစ်သားက ကြုံတုန်းကြုံခိုက် ပါဝင်ဆင်နွဲလိုက်မည်ဟု ကြံရွယ်လိုက်သည် ၊

အချိန်တန်၍ကပွဲသို့ ဆင်နွဲရန် အတွက် သာမန် မင်းသားတို့၏ အ၀တ်တန်ဆာကိုဝတ်စား

ဆင်ရင်ပြီး မိမိရလာခဲ့သည် မြပုဝါကလေးကို လည်တွင် ဆွဲ၍ လာခဲ့သည် ၊

မြပုဝါရှင်

နက္ခပွဲသဘင် ဆင်နွဲ တော့မည့်အချိန် တွင် ခင်ဦး မင်းသမီးကလေးသည် အဆောင်

ထည်းတွင် အထိန်းတော်ကြီး နှင့်အချီအချပြောဆို၍စိတ်ကောက်နေသည်၊

” ခင်ဦးရယ် -- ရှက်ဖို့များကောင်းပါဘိတော့တယ် -ဒီပုဝါလေးတထည်လောက်နဲ့ ဒီလောက်

တောင်ဖြစ်နေရလား - ညည်းမှာ ဒါမျိုးပုဝါတွေရာနဲ့ချီရှိနေတယ် မဟုတ်လား အေ့ - ”

” တစ်ရာ မက လို့ တစ်သိန်းဘဲ ရှိရှိ ခင်ဦး ဟာခင်ဦးပြန်လိုချင်ဒါဘဲ - အထိန်းတော်ကြီးက

ဘာမှ သိတာမဟုတ်ဘူး - ဒါ ခင်ဦး ၁၆ နှစ်ပြည့်မွေးနေ့တုန်းက ခင်မည်းတော်ဘုရားကမွေးနေ့

အထိန်းအမှတ်နဲ့ပေးထားတာ ”

” အေး လေ - အခု ၁၇ နှစ် ပြည့်တော့ လဲ ထပ်ရအုံးမှာဘဲ မဟုတ်လား - ”

” ရတော့ ကော အရင်ဟာ နဲ့ တူမတဲ့လား တူရင်ကော အရင်ဟာ ဟုတ်ပါအုံး မလား အထိန်း တော်ကြီး ရဲ့ပြောပါအုံး ”

အဲ ဒီလို ဆို ညည်း က ဘယ်လို လုပ် မှာလဲ ပြောပါအုံး ”

” အသိ ဘူး ခင်ဦး ဟာ ခင်ဦးပြန်လိုချင် တယ် - အထိန်းတော်ကြီး ရအောင် ယူပေး

ရအောင် ယူပေး

” ဟဲ့  ငါ က ဘယ် လို ယူပေးရမှာလဲ ဟဲ့

” မသိ ဘူး ရအောင် ယူပေး ယူပေး ဟင့် ဟင့် ”

စက်တော်ရာသဉ္စာပေါ်တွင် ခြေခွင်ထိုး၍ ပေါင်ပေါ်က ခေါင်းအုံး ကို လက်သီးဆုတ်ဖြင့်

ထုခါ ထုခါ အော် နေ ၏

” အထိန်းတော်ကြီး က ခင်ဦးကို နဲနဲမှ မသနားဘူး - အခု နေ ခင်ဦး ဘုန်းဘုန်းလဲပြီးသေ

သွားတာတောင် ၀မ်းသာမှာ ခင်ဦး သိပါတယ် သိပါတယ်

ဟဲ့  ဘာတွေပြောနေတာ လဲ မပြောကောင်းတာ ”

” ပြောကောင်းတယ် ပြောကောင်းတယ် - ပြောမယ် ပြောမယ် ခင်ဦး သေမယ် အခု

သေမယ် ” ဟုဆိုကာ ခေါင်းအုံးကို မျက်နှာ အပ်၍ ငိုနေသည် ၊

အထိန်းတော်ကြီး က ချော့သည် မျက်ရည်တွေ သုတ်ပေးနေသော်လည်း ခင်ဦး နှုတ်မှ

တတွက်တွက် ပြောနေတော့သည်

” သူ သူ အခု ည နက္ခပွဲမှ ကနေမှာဘဲ - ကောင်မတွေ ၀ိုင်းဝိုင်းလည်နေမှာဘဲ သူ - သူ ”

”ဟဲ့ ဟဲ့  ဘယ်သူလဲ ဟဲ့ ”

” တော့် လင်ကြီး ရှင့် တော့် လင်ကြီး ”

” ငါလင် မဖြစ်နိုင်ပါဘူးအေ ငါက အသက်ကြီးပြီ -ငယ်ငယ်ရွယ်ရွယ်တွေသာ ”

” ဟင်းနော် ခင်ဦးကို စောင်းမပြောနဲ့နော် ထိန်းတော်ကြီး ”

” အလို တော် စောင်း မပြောရပါလား တော် အိုးမလုံ အုံပွင့် ရဲ့  ”

” ပွင့် တယ် ပွင့် တယ် ” ဟုပြောပြိး အထိန်းတော်ကြီး ကျောကို ဗျောတင်ထုနေရင်း

အထိန်းတော်ကြီး နားနားသို့ကပ်ပြီးတိုးတိုးလေးပြောပြိးထွက်သွားတော့သည်

” အမလေး မလုပ်လိုက်ပါနဲ့ မယ်မင်းကြီး မရယ် ခမည်းတော်ဘုရားသိသွားမှဖြင့် မနက်

ဖြန်ငါ မျက်နှာသစ်စရာ ခေါင်းမရှိဘဲနေပါ့မယ် ”

” ခင်ဦး အလို မလိုက်ဘဲ ခင်ဦးကို စိတ်ညစ်အောင်လုပ်နေရင်တော့ အထိန်းတော်ကြီး

လဲ ခေါင်း မရှိတော့ ဘူးပေါ့ ကဲ တူမလားမတူဘူးလားပြော ”

တဦး တည်းသောသမီးတော်မို့  အစစအရာရာ အလိုလိုက်ထားရသောခင်ဦးအကြောင်း

ကိုသိထားပြိးဖြစ်သော အထိန်းတော်ကြီးမှာ တော်တော်ကလေးအသက်ရှုကြပ်နေတော့သည် ၊

” ဒင်းကလေး လုပ်ချင်တာ လုပ်ရမှ မလုပ်ရရင်တော့ ငါကို ဒုက္ခပေးတော့မှာဘဲ -”

ဟု ဆိုကာ ခင်ဦး အလို ကို လိုက် ရတော့ သည် ။

” ကဲ သဘောတော်အတိုင်း သာ လုပ်ပါတော့ ခင်ဦးရယ်

ခင်ဦး သည် သဉ္စာပေါ်မှ ခုန်ဆင်းပြီး ကြေးမုံပြင် ရှေ့မှာ သူကိုယ်သူကြည့်ကာ ပြုံး စိစိ

လုပ်နေသည် တနေ့လုံး စူထားသောနှုတ်ခမ်းနီတျာတျာ မှာ နှင်းဆီဖူးကလေးလို လှပစွာပွင့်

ဖူးလာတော့သည် ၊

နဂါးမလေး ခင်ဦး

မိုးသားတိမ်လိတ်ကင်းစင်သော ထက်ကောင်းကင်ဝယ် - တန်ဆောင်မုန်းလပြည့်ဝန်း

သည် ထိန်ထိန်သာနေတော့သည် ၊ ရွှန်းရွှန်းသာနေသည့် လရောင်အောက်မှာ ဥဿာပဲခူး

တမြို့လုံးမှာ ဆီမီးရောင်စုံဖြင့်ထိန်ထိန်လင်းနေလေ၏

တီးသံ မှုတ် သံတို့သည် ဘ၀ဂ်သို့ လျံနေ လေသည် ၊

ဂျွမ်းစစ်သည်တို့ရန်မှ ငြိမ်းချမ်းခါစမို့ မြို့သူမြို့သားတို့သည် ဤ ကြတ္တိကာ နက္ခပွဲသဘင်

ကိုအတိုးချပျော်ကြပေသည် ၊ ကျန်စစ်သားကိုအထူးဂုဏ်ပြုဘိတ်ကြားထားသောဤပွဲမှာ အမျိုး

လေးပါးရောနှောကာ မျက်နှာဖုံးစွပ်၍လာရောက်ကကြသည် ၊ ကျန်စစ်သားအား အဝေးမှသာ

အရိုအသေပြုခဲ့ရသော အမျိုးသမီးတို့သည် ယခုအခါ အနီးကပ်ကြည့်ရှုခွင့်ရသဖြင့် အပျို

တွေဝိုင်းဝိုင်းလည်အောင်ကနေကြသည် ၊

မဏိစန္ဒာမင်းသမီး ခင်ဦးသည် နဂါးမလေးအသွင်ဝတ်ဆင်ကာ စည်းချက်အတိုင်းက၍လူ

အုတ်ထဲသို့ထိုးဖေါက်ဝင်ရောက်လာကာ -ကျန်စစ်သားအနီးသို့တဖြေးဖြေးချဉ်းနိုင်ရန်ကျိုးစားနေ

တော့သည် ၊ အမျိုးသမီး အုတ်စုကများလှသဖြင့် ---

” ဒီနေရာမှာ ငါတကယ်ဘဲ နဂါးမလေးဖြစ်လိုက်ချင်တယ် - ဒါမှ ငါမျက်စောင်းထိုးလိုက်လို့

ဒီဟာမတွေအားလုံး- ပြာကျကုန်မယ် - ” ဟုစိတ်ထဲမှ ရေရွတ်မိနေသည် ၊

နောက်ဆုံးတွင် မဏိစန္ဒာမင်းသမီးလေး ကျန်စစ်သားအနီးသို့ ချဉ်းကပ်မိသွားတော့သည်၊

အမျိုးသမီးများက သူအား နောက်မှရောက်လာသူတဦးအနေဖြင့် အခွင့်အရေးပေး၍ဖယ်ပေးကြ

သည်၊ ပြောင်ပြောင်းလဲ့လဲ့ နဂါးအကြေးများနှင့်တူအောင်ချုပ်ထားသောသူအ၀တ်တန်ဆာမှာ-

ချပ်ချပ်ရပ်ရပ်ရှိ၍ သူမ၏ခါးသေးရင်ချီပဒုမ္မဏီကိုယ်လုံးလေးမှာပေါ်လွင်နေသည် ၊

သူမျက်နှာမှာ မျက်နှာဖုံးစွပ်ထားသည် ၊ ဦးခေါင်းမှ နားဂါးခေါင်းစွပ်၍နားဂါးမောက် ရှိသည်

အကြံသမားနဂါးမကလေးသည်ကျန်စစ်သားရင်ခွင်ရှေ့တွင်ကျောခိုင်းကာဒူးညွှတ်ကရင်း ကျန်စစ်

သားရင်ခွင်မှာခေါက်တွန့်ချည်ထားသော မြပုဝါခေါက်တွန့်ဂွင်းထဲသို့ သူ့နဂါးမေါက်ကိုထိုးသွင်းချိတ်

ဆွဲလိုက်သည် ၊ တဖြေးဖြေးပြေသွားသောအခါ ကိုယ် ကို တပတ်လှည့်၍ နဂါးမောက်နှင့်မြပုဝါကို ရစ်ပတ်ယူလိုက်သည်၊ထိုအခါ သူတို့နှစ်ဦးမှာ ပုဝါတန်းလန်းနှင့်ဖြစ်နေကြ၍ ဘေးမှကြည့်နေသော

ပရိတ်သတ်များက

” ဟေ့  ဒို့ မင်းသားနဂါးပတ်ကျော့ကွင်းမိနေပြီဟေ့ ” ဟု အားပေးကြ၏

သူတို့ နှစ်ယောက်သည် ပုဝါတကမ်း လက်တလှမ်း တမင်ထွင်၍ကနေသည်ထင်၍ တီးဝိုင်း

ကလည်း လိုက်ဖက်အောင် အလိုက်သင့်တီးပေးလေသည် ၊သို့သော်ခင်ဦးက သူတို့စုံတွဲ လူအုပ်

ထဲမှ ထွက်လာရအောင်ကကြိုးကကွက်နှင့် အပြင်သို့ လှဲ့ခေါ်ခဲ့သည် ၊

အပြင်သို့ရောက်သောအခါ ကျွတ်လာသော မြပုဝါကလေးကိုလက်နှင့် ဆွဲယူ၍ နဂါးမလေး

ထွက်ပြေးသွားတော့သည် ၊

စစ်သားကြီး နှင့် မင်းသမီး ဘယ်လွတ်လိမ့်မည်နည်း - အုန်းတောတနေရာမှာ ခင်ဦးလက်

မောင်းကို ဆုတ်ကိုင် ဖမ်းမိလေသည် ၊

” အမလေး လက်မောင်းအိုးကွဲရချည့်ရဲ့ လွှတ်ပါတော့ ”

” ကျုပ် ပုဝါလေး ပြန်ပေးမှ လွှတ်မယ် ဗျ ”

” ဒီ ပုဝါ ကို ရှင့် ကို ဘာဖြစ်လို့ ပြန်ပေးရမှာလဲရှင့် ”

” ဒီ ပုဝါကလေးက ကျုပ် အသက်ပါ ဒီပုဝါကလေးမှာ ကျုပ်အသက်ရှိပါတယ် ”

” ရှင်တို့ ပုဂံ သူရဲကောင်းတွေရဲ့ အသက်က ပုဝါနဲ့ထုပ်ထားသကိုး ”

” ဒီ အဓိပ္ပါယ် မဟုတ်ပါဘူး - ကျုပ်အချစ်ရဲ့ အမှတ်လက္ခဏာပါ - ဒါ ကျုပ်ချစ်သူရဲ့

ကိုယ်သုံးပစ္စည်းပါ ”

” အော် ပုဂံပြည်ကပေါ့နော် ”

ဟုတ်ပါဘူး ဒီ ဥဿာပဲခုးက ပါဘဲ ”

” ဟင် - ရှင် ဒီမြို့ကို ရောက်တာဖြင့် မကြာသေးဘူး ”

” ဟုတ် တယ် ကျုပ် သူ့ကိုတွေ့လိုက်ရတာ တော့ တဒင်္ဂက ဘဲ ”

” ဒါဖြင့် ရှင့်အချစ်က မရေရာသေးပါဘူး - ခဏလေး ရှိသေးတာဘဲ ”

” အချစ်ကို ဒီလို အချိန်နဲ့တိုင်းလို့ မရဘူး ဗျ - အချစ်က ဆေးမှင်ရည်ထိုးတာနဲ့ တူတယ်

စုတ်တချက်ထိုးပြီးတာနဲ့ - ဒီဆေးချက်ဟာ တသက်လုံးမပျောက်တော့ဘူး ဗျ ”

” အလဲ့ ပုဂံ စစ်သားက အချစ်စကားလဲကျွမ်းလှပါလား ရှင့် ”

ဟု ဆို၍ ကျန်စစ်သားအား မျက်နှားဖုံးထဲမှ ရွှန်းလဲသော မျက်လုံးအစုံဖြင့် ရွန်းရွှန်းစားစား

ကြည့်နေ၏ ၊

ရွှန်းလဲ့သော တန်ဆောင်မုန်းလပြည့်ဝန်း၏လင်းရောင်ခြည်အောက်မှ ခင်ဦး၏ မျက်ဝန်းလဲ့

ပြာပြာမှာ ကျန်စစ်သား၏ အသဲနှလုံးကို ဖမ်းစားလျက်နေလေသည် ၊ ခင်ဦး ၏ အညှိ့ဓါတ်ကို အခံ

နိုင်တော့သည့် စစ်သားကြီးမှာ -

” အို မျက်နှာ ဖုံးရှင် ကျုပ်ကို ဒီလို မကြည့်ပါနဲ့ ဗျာ ” ကျုပ်စကားတွေ ဘယ်ရောက်လို့ ဘယ် ရောက်မှန်းမသိတော့ဘူး ဗျာ ကျုပ်ပုဝါကလေး သာ ပြန်ပေးပါ ”

ထိုအခါ ခင်ဦး မျက်နှာ တွင်ပြုံးရိတ်ဝင်လာကာ

” အော် ကျမ မျက်လုံးက ဒီလောက်တောင် ဆိုရင် လဲ ရှင့်  မြပုဝါရှင်ကို မေ့မပစ် နိုင်ဘူး

လား ”

ထို အခိုက် ကျန်းစစ်သားပျောက် သွားသဖြင့် လိုက်ရှာနေသော သူ့အဖွဲ့များက အုန်းပင်

အောက်မှာ နှစ်ယောက်သားကို တွေ့သွားသည် ၊

” ဟော ဟိုမှာ ဗျို့ ကျုပ်တို့ သူရဲကောင်းကြီးကို နဂါးမလေးဖမ်းသွားတာ - လာလာ ပြန်

ပေး ဘယ့်နယ် တယောက်ထဲ အပိုင် စီးထားလို့ ဖြစ်မလဲ ”

ထို လူစုရောက်လာသည် မှာ ကျန်စစ်သားအတွက် အခါတော် သင့် အခွင့်တော်သာ သွား

လေသည် ကျန်စစ်သားက ခုန ခင်ဦးမေးလိုက်သောမေးခွန်းကို အဖြေခက်နေစဉ်အခိုက်အတန့်

တွင်ဖြစ်သည် ၊ ထိုအချိန်မျိုးတွင် မိန်းခလေးက ယောက်ျားထက်ဖြတ်ထိုးဥာဏ်ထက်လေသည်

ခင်ဦး က ကျန်စစ်သားကို တွန်းထုတ်လိုက်ပြီး တီးတိုး သံလေးဖြင့် ပြောလိုက်ပုံက --

” သွား သွား တွေ့ကြသေးတာပေါ့ - မနက်ဖြန် ရှင်လာမယ့် နေရာမှာ ကျမ ရှိနေမယ် ”

ဟုပြောပြီး ပုဝါကလေးကိုဝှေ့ရမ်းကာ အုန်းပင်များအကြားတွင့် လွင့်ပါးပျောက်ကွယ်သွားလေ

တော့သည်

ကျန်စစ်သားမှာ တော့ ---

” မနက်ဖြန် ရှင်လာမဲ့နေရာ မှာ ကျမရှိနေမယ်တဲ့ - ငါ မနက်ဖြန် ပဲခူးမင်းထံအခစားဝင်

စရာရှိတယ် - ဒါကို သူသိနေသလား ညီလာခံမှာ သူဘယ်လိုရှိနိုင်မလဲ - သူက ဘယ်သူမို့လဲ ”

ဟူသော အတွေးများဖြင့် လာခေါ်သူ အဖေါ်များနောက်သို့လိုက်သွားလေတော့သည် ၊

တန်ဆောင်မုန်းလ နှင့် တိုက်ဆိုင်နေသဖြင့် တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိသော

ကြတ္တိကာ ပွဲ အကြောင်း တင်ပြလိုက်ခြင်းဖြစ်ပါသည် ယခု အခါတွင်တော့ သည်လိုပွဲမျိုး

ကျင်းပလေ့ မရှိတော့ပါ

မောင်သုံည

Tuesday 1 November 2011

တချိန်က နှစ်သက်ခံစားခဲ့သောတေးသီချင်းများ( ၃ )

တချိန်က နှစ်သက်စွဲလန်းခဲ့သောတေးသီချင်းများ( ၃ )

ချစ်မိသူတယောက်အကြောင်း

မူရင်းအဆိုတော် - ကိုသန်းလှိုင်

ပြန်လည်ခံစားသီဆိုသူ - ရာဇာဝင်းတင့်


ချစ်မိသူ သူတယောက်အကြောင်းသိသူရယ် -- မိုးနဲ့မြေသာထိစေတော့မုန်းရန်

မရွယ် -- မေတ္တာမွှန်ကိုယ်စားနှင့်ပင် --လှဝတ်ရည်ပန်းကလေးလိုကွယ် - ချစ်အာရုံတန်

ဘိုးထားလို့ - အသဲဘ၀င်ထဲမှာ - အချစ်စစ်နဲ့လန်းဆန်းစေချင်တယ် --

ခင်မင်မေတ္တာများရယ် - - သစ္စာဘက်တော်သားနှယ် -- လှရာရာကိုယ်တိုင်ရွေး

ချယ်-နှစ်ယောက်အသဲချင်းဖလှယ်ချစ်ခဲ့ကြလေပြီးမို့ကွယ် - ( မပြေလည်စရာအကြောင်း

ကိုမရှိတယ် - ) ၂ -- ကိုယ့်ချစ်တဲ့သူသက်ဆုံးတိုင်အောင်ကြင်နာမယ် --ယောက်ထဲခွဲ

ထွက်ရမဲ့ဘ၀လမ်းခရီးကိုမောင်မရွေးချယ် -- ယုံကြည်တွေအကြွင်းမဲ့ မေတ္တာ သစ္စာများ

ထားခဲ့ပြီလားမောင့်ဘ၀အဖေါ်မွန်ရယ် --

( ချစ်မိလေသူ သူ တယောက်ဝယ် -- အသဲလဲပေးထားပြီကောကွယ် -- ပန်းပမာ

လန်းကာမနွမ်းစေကြောင်းရယ် -- ဆုတောင်းရသူ စိတ်ထဲဝယ် -- အစဉ်မပြေကြတုန်းမုန်း

တော့ အသင်္ချေဘ၀ဆုံးလဲ မရည်ရွယ် -- ) ၂

`“ မောင်တယောက်ထဲခွဲထွက်ရမယ် ဘ၀ လမ်းခရီးကို မောင်မရွေးချယ်ခဲ့ပါဘူးကွယ်

အေးအတူပူအမျှဘ၀ကို ရဲ ရဲ ၀ံ့ဝံ့ရင်ဆိုင်လက်တွဲကြပါစို့လား နော် အချစ်ရယ် `“

မေတ္တာရှင်မလေး

မူရင်းအဆိုတော် - ကိုခင်လတ်

ပြန်လည်ခံစားသီဆိုသူ - ရာဇာဝင်းတင့်

( ချစ်ရာက မုန်းရမှာ - အသဲဘ၀င်နှုလုံးဝယ်တွေးရင်မချိတယ် -- ကမ္ဘာသင်္ချေပျက်

ပြုန်းဆုံးစေကွယ် -- အဏ္ဏ၀ါရေခန်းခြောက်ပျောက်စေ-ဖေါက်မသွေနိုင်တယ် - ချစ်တာ

တခုကိုဘဲ - မေတ္တာထုနိုင်ယုံစေချင်တယ် --

( အော်-- မေ့ပျောက်လို့ကွယ် -- ရှောင်သွေမှာမောင်စိုးတယ် -- မျှော်-- ဘ၀ရဲ့အရိပ်ဝယ် --

မေသာလျင်မောင့်အသဲဝယ် -- အော်- မှေးမှိတ်မရတယ် --

တကိုယ်ရေသာ ဘ၀သံသရာထဲဝယ် )

( သံသရာ ဘ၀အဆက်ဆက်ဖြစ်တဲ့ကမ္ဘာဝယ် - တူနှစ်ကိုယ် ဆုံရပါစေသားလို့

သစ္စာတွေတိုင်တည်ရသေးတယ် -- ချစ်သူရယ် - အမှန်မှာအသဲထဲချစ်ခဲ့လို့လဲ --

မသိရက်တာတကယ် -ခင်တွယ်တာလဲ - - တမိုးအောက်တယောက်ထဲ ကွယ် -

မခွဲအတူ ကြင်မယ် - မရေရာတဲ့မောင့်ဘ၀တခွင်ဝယ် - ဖွေရှာခဲ့မောင့်အလှဒါလင်ရယ်

သစ္စာသွေလွဲ နှင့်ကွယ် - မေတ္တာရှင်သခင်မလေးရယ် --

အော်-- မေ့ပျောက်လို့ကွယ် -- ရှောင်သွေမှာမောင်စိုးတယ် --

မျှော်-- ဘ၀ရဲ့အရိပ်ဝယ် -- မေသာလျင်မောင့်အသဲဝယ် --

အော်- မှေးမှိတ်မရတယ် -- တကိုယ်ရေသာ ဘ၀သံသရာထဲဝယ် )

`“ ချစ်ရာက မုန်းရမှာ - အသဲဘ၀င်နှုလုံးဝယ်တွေးရင်မချိတယ် ချစ်သူရယ်

ချစ်ခြင်းတရားရဲ့ အဆုံးမှာ အမုန်းဆိုတာ သို့မဟုတ် ခွဲခွါခြင်း နဲ့ အဆုံး

မသတ်ချင်းဘူး နော် `“

မောင်သုည