Thursday 26 January 2012

ပညာရေး


ပညာရေး ပညာရေး နဲ့ လူတွေအတော်တော်များများစကားပြောနေကြတယ်
ပိုက်ဆံတက်နိုင်တဲ့မိသားစုတွေကတော့နိုင်ငံတကာပညာရေးဆိုတာကိုပြောနေကြတယ်
နိုင်ငံတကာပညာရေး ၊ နိုင်ငံတကာပညာရေးအခွင့်အလန်းများ ၊ စသည် စသည်ပေါ့
စင်ကာပူပညာရေးကဘယ်လိုလဲ ၊?
UK ပညာရေးကဘယ်လို့လဲ ၊ ?
Austraila ပညာရေးကဘယ်လိုလဲ ?
ထိုင်းနိုင်ငံပညာရေးကကောဘယ်လိုလဲ ?
သူတို့ဆီမှာပညာသွားသင်ရင်အလုပ်တန်းရမလား၊ ပညာသင်နေစဉ်အလုပ်အလုပ်လုပ်ဘို့ အခွင့်အလမ်းတွေရှိသလား ?
စသဖြင့် လားပေါင်းများစွားနဲ့ မေးမြန်စုံစမ်းကြတာတွေရှိတယ် ၊
ဒီနေအိုင်တီတိုးတက်နေတဲ့ခေတ်ကြီးမှာကိုယ်လိုချင်တာကိုအင်တာနက်မှာအလွယ်တကူရတယ်
အဲဒိမှာရှာပါလို့ပြောရင် အချို့နေရာတွေမှာအင်တာနက်မသုံးနိုင်တာရယ် တချိုကျတော့ကွန်ပြူတာ
တောင်မသုံးနိုင်သေးတဲ့သူတွေအတွက် အခက်အခဲရှိမှာဖြစ်ပါတယ် ၊
ပညာရေး
ပညာရေးဆိုတဲ့အကြောင်းမပြာခင် ပညာဆိုတဲ့ဝေါဟာရကိုအရင်အဓိပါယ်ဖွင့်ဆိုကြည့်ရအောင်
ပညာရေးဆိုတာကို ပညာရှင်တွေက သူ့အမြင်နဲ့ သူ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြ
ပါတယ် ၊
အနောက်တိုင်းဒဿနပညာရှင်ကြီး ristotle(BC 384) ကတော့
ပညာရေးသည် လူသားတို့၏ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးရန် တာဝန်ရှိသည်။
လို့ဖွင့်ဆိုပါတယ် ၊
ပညာရှင် John Dewey(1859-1952) ကတော့
ပညာရေးသည် သင်ကြားခြင်းမဟုတ်။ ကလေးဘာသာသင်ယူတတ်ရန် လေ့ကျင့်ပေးခြင်းသာ ဖြစ်သည်။လို့ဆိုပါတယ် ၊

ပညာရှငBertrand Russel (1872-1970) ကတော့

ပညာရေးသည် ကမ္ဘာကို ဖွင့်လှစ်မည့် သော့တချောင်း ဖြစ်သည်။

လို့ဖွင့်ဆိုပါတယ် ၊

မြန်မာနိုင်ငံက စာပေသမားတချို့ကတော့

ပညာရေးဆိုတာအနာဂတ်လူငယ်လူရွယ်တွေအနေရဲ့ဘ၀ရပ်တည်နိုင်ရေးအတွက်

ကြိုတင်ပြင်ဆင်နိုင်ဖို့ ဘာသာရပ်အလိုက်သင်ကြားပို့ချ ပေးတဲ့ အရာအဖြစ် တယ်လို့ ဆိုပါတယ် ၊

ဒီလို အမျိုးမျိုး ရှုမြင်ကြတာတွေဟာ သူ့အမြင်သူတိုင်းအတာနဲ့တော့မှန်မယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်

ကဲအခု ပညာရေးနဲပတ်သက်လို့ ကျွန်တော်ရှာဖွေတွေ့ရှိသလောက

အဓိပါယ်ဖွင့်ဆိုကြည်ရအောင်၊

ပညာ ဆိုတာ
အသိ ၊ ဥာဏ် ( အမှားအမှန်ကို ဝေဖန်ပိုင်းခြား တက်တဲ့ ဥာဏ်
အကောင်းအဆိုး အကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားတက်တဲ့ဥာဏ် )
ကိုပညာလို့ခေါ်ပါတယ် ၊
အတက်ပညာ
အတက်ပညာဆိုတာကတော့ အမျိုးအစား အမျိုးမျိုးရှိပါတယ် ၊ ဘာသာရပ်ဆိုင်ရာပညာရပ်များ ၊ဆရာဝန်ပညာ၊အင်ဂျင်နီယာပညာ၊စာရင်းကိုင်စတဲ့ပညာရပ်
ရပ်များနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းအတက်ပညာများဖြစ်တဲ့ မော်တော်ကားပြင်
တာ၊ ကားမောင်းတာ၊စက်ချုပ်တာ ၊ လယ်ထွန်တာ၊ရက်ကန်းရက်တာ ပန်းချိပန်းပု စတဲ့လက်မှု
အတက်ပညာအမျိုးမျိုးရှိပါတယ် ၊
အသိပညာ
အသိပညာဆိုတာကတော့ ပညာရပ်တခု ၊ဘာသာရပ်တခုကို ဦးဏှောက်နဲ့အသိဥာဏ်
ကိုအသုံးပြုပြီး စဉ်းစားတွေးခေါ်ြုပီး အဖြေရှာတည်ဆောက်နိုင်တဲ့ လုပ်ငန်းမျိုး၊ စာရေးဆရာ၊
ဥပဒေပညာရှင်၊အတွေးအခ်ါပညာရှင်များ
ယျေဘုံယျအနေနဲ့ပြောရရင်တော့ ကိုယ်ကာယကိုအသုံးပြုပြိးလုပ်ကိုင်ရတဲ့ပညာရပ်မျိုး နဲ့
ဦးဏှောက်နဲ့ဥာဏ်ရည်ကိုအသုံးပြုပြီးလုပ်ကိုင်တဲ့ပညာရပ်မျိုးလို့ဆိုရမှာဖြစ်ပါတယ် ၊
ဒီလုပ်ငန်း ပညာရပ် ဘာသာရပ် ၂ ခုစလုံးမှာ အသိဥာဏ် ဆိုတဲ့ပညာဟာပါနေတယ်ဆိုတာ
ကိုတော့ သတိ ပြုရမှာဖြစ်ပါတယ် ၊
စာ
စာဆိုတာကတော့ အထက်ပြောခဲ့တဲ့ အတက်ပညာများ ၊ အသိပညာများ
ကိုတက်မြောက်အောင် သင်ယူတဲ့နေရာမှာအသုံးပြုတဲ့ ပစ္စည်းကရိယာတခုဖြစ်ပါ
တယ် ၊
ကျောင်းဆိုတာကတော့
အထက်ပြောခဲ့တဲ့ အတက်ပညာများ ၊ အသိပညာများကိုတက်မြောက်အောင်သင်ယူတဲ့နေရာ
မှာ စာဆိုတဲ့ ကိရယာကို သင်ရိုးများ ပြုစုပြီး စံနစ်တကျ အချိန်ဇယား ၊ သပ်မှတ်ပြီး သင်ကြား
ပို့ချပေးတဲ့နေရာဌာနတခုဖြစ်ပါတယ် ၊ ခောတ်မှ နည်းပညာများပေါ်ပေါက်လာတဲ့အခုလိုခောတ်
မှာ တော့ နေရာဌာနသတ်မှတ်ပြီး သင်တာထက် အဝေးသင် စံနစ် အင်တာနက် နဲ အွန်လိုင်းနဲ့
သင်ကြားခြင်း လေ့လာခြင်းများပြုလုပ်နိုင်တဲ့အတွက် ကျောင်းဆိုတာကို အဓီပါယ်ဖွင့်ဆိုမှုပြောင်း
လဲလာနိုင်ပါတယ် ၊
ဘာဖြစ်လို့ကျွန်တော် ဒီလိုပြောရသလဲဆိုတော့ အတက်ပညာတခုခုကို
သင်ယူတဲ့နေရာမှာ စာမတက်ပေမဲ့လဲသင်ယူလို့ရတယ်၊ ဥပမာ ၊ နားနဲ့နားထောင်
ရင်းနဲ့လဲ ဒီအသိတရားတခုခု ကို ရနိုင်တယ် ၊ တက်နိင်တယ် ၊ နောက် မျက်စိနဲ့
ကြည့်ရုံနဲ့လဲ့အတက်ပညာ တခုခုကို အသိပညာတခုခုကို တက်သွားနိုင်တယ် ၊သိ
သွားနိုင်တယ် ဒါကြောင့် ပညာဆိုတာ အသိဥာဏ် ထိုးထွင်းသိမြင်တဲ့ပညာ အကောင်း
အဆိုးအကြာင်းအကျိုးကိုဝေဖန်ကပိုင်းခြားတက်တဲ့ ပညာလို့ဆိုခဲ့တာဖြစ်ပါတယ် ၊
စာပေဆိုတာမပေါ်ပေါက်သေးတဲ့အချိန်တုန်းကဆိုရင်ပညာတခုကိုဘယ်လိုသင်ယူ
တက်မြောက်ကြသလဲ အမြင်နဲ့ အကြားနဲ့ သင်ယူတက်မြောက်ခဲ့ကြတာဖြစ်ပါတယ် ၊
စာပေပေါ်ပေါက်လာပြီးတဲ့နောက်မှာမှဘာသာရပ်တခုကို စံနစ်တကျသင်ယူနိုင်ဘို့အတွက်
အစီအစဉ်များ( သင်ရိုးများ) ချမှတ်ရေးဆွဲပြီး သင်ယူတဲ့အလေ့အကျင့်ကို၊ စံနစ်ကိုတီထွင်အ
သုံးပြုလာကြတာဖြစ်ပါတယ် ၊
ကျောင်းဆိုတာ အဲဒီ စာပေများ မှတ်တမ်းများ ကို ကြည့်ပြိး သင်ယူခြင်း သင်ပေးခြင်း
စံနစ် ကိုပြုလုပ်ပေးတဲ့နေရာဌာနတခုဖြစ်ပါတယ် ၊
ဒါတွေကတော့ ပညာရေး ဆိုတာနဲ့ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုတာတာတွေပါ
ကဲ ကျွန်တော်ပြောချင်တာကို ဆက်ကြပါစို့
ပညာသင်တယ် ကျောင်းထားတယ်ဆိုတာ ဘ၀ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကြောင်းတခုခု လုပ်ပြီး ထမင်းစားဘို့ဘဲ အဟုတ်လား
ဟို တုန်းက ၈ တန်း ကို Premetric လို့ခေါ်တယ် ၉ တန်းမရှိဘူး ၈ တန်းအောင်ရင် ၁၀ တန်းတက်လို့ရမယ် ၊ ၁၀ တန်းအောင်ရင်တော့ တက္ကသိုလ်ဆက်တက်ပေါ့ ၊ ကျောင်းဆက်
မတက်ချင်ဘူး မတက်နိုင်ဘူးဆိုရင် အလုပ်ဝင်လုပ်လို့ရတယ် ၈ တန်းးအောင်ရင် အောက်တန်းစာရေးလျှောက်လို့ရတယ် ၊
နောက်တော့ အစိုးရက ပညာရေးစံနစ်ပြောင်းတယ် ၉ တန်းထားမယ် ဆိုပြိး လုပ်လာ
တယ် ၊ အဲဒီတော့ ၉ တန်းအောင်မှ ၁၀ တန်း ( တက္ကသိုလ်ဝင်တန်း ဆိုပြီး ) ရောက်မယ်
၉ တန်းအောင်မှ တက္ကသိုလ်ပညာဆက်တက်ချင်တဲ့သူတွေက တက် မတက်နိုင်တဲ့သူ
က အလုပ်ဝင်လုပ်မယ်ဆိုရင် ရတယ် ဒီတော့ အောက်တန်းစရေး ၀င်လုပ်မယ်ဆိုင်တောင်
၉ တန်းအောင်ရမယ် ဖြစ်လာတယ် ၊ နိဂုံးချုပ်လိုက်တော့ အလုပ် လုပ်ချင်တဲ့သူ က ပိုပြီး တနှစ်
ကြာ သွားတယ် ဒါဘဲ ( အဲဒါကို ဦးကျော်ရင် ကဘာပြောသလဲဆိုတော့ သူက ဒီလိုပြောင်းတာကို လက်မခံဘူး အရေးကြီးတာက မြန်မြန်အလုပ်ရပြိး ထမင်းစားရဘို့ ဘဲ မဟုတ်လာတဲ့ ဘာဖြစ်လို့ အချိန် ဆွဲမှာလဲတဲ့ )
ဒါကြောင့် ပညာရေးဆိုတာကို
ကျွန်တော်က မိသားစုတိုင်းကသားသမီးတယောက်မွေးလာရင် မဖြစ်မနေပြုလုပ်ကြရတဲ့
ရေရှည်ရင်းနှီးမြုပ်နှံရတဲ့စီးပွါးရေးလုပ်ငန်းတခုဘဲလို့ဆိုချင်တယ်
တက်နိုင်သူတွေကတက်နိုင်သလို ဆ၇ာဝန်တို့အင်္ဂျင်နီယာ တို့ ပညာရပ်တွေမှာရင်းနှိီးမယ် ၊
မတက်နိုင်သူတွေကဘာဘွဲ့ဘဲရရ ၊ ဘွဲ့တခုရရင်ပြီးရော လူတောထဲဝင်ဆန့်တယ် ၊
အလုပ်ခန့်မဲ့နေရာတွေကလဲအနဲဆုံးတော့ ဘွဲ့တခုတခုရမှဆိုတော့ ဘွဲ့ရဘို့အဓိကထားပြိး
ပညာသင်ကြတယ်၊ကျောင်းတက်ကြတယ်ပေါံ့။
မတက်နိုင်တဲ့သူတွေကတော့ သေစာရှင်စာဘတ်တက်ရင်တော်ပါပြီးမူလတန်းအလယ်တန်း
လောက်ဘဲသင်ပြီး၊ရရာအလုပ်ကလေးတွေနဲ့မိသားစုစီးပွါေးရးပြဿနာကိုဖြေရှင်းနေကြရတာ
လဲရှိတယ်၊သူတို့အတွက်ကတော့မတက်နိုင်လို့ရေတိုရင်းနှီးလိုက်ရတဲ့လုပ်ငန်းပေါ့
ပညာရေးနဲ့ပတ်သက်လို သိပ္ပံမောင်ဝရေးထားတဲ့
ကျောင်းထားရေးဆိုတဲ့ဆောင်းပါး နဲ့
ရွာ့ကျက်သရေ ဆိုတဲ့ဆောင်းပါ နှစ်ပုဒ်ကို တင်ပြလိုက်ပါတယ်
မောင်သုည တို့ ၁၀ တန်းတုန်းက သင်ခဲ့ရတဲ့ သိပ္ပံမောင်ဝ ၀တ္တုဆောင်းပါးများထဲက ပါ
ဘတ်ကြည့်ပြီး ပညာရေး ဆိုတာ ဘာလဲ ကျောင်းထားတယ်ဆိုတာဘာလဲ ဟိုတုန်းက မြန်မာနိုင်ငံပညာ ရေးစံနစ်ဆိုတာတွေကို သိမြင်ရမှာဖြစ်ပါတယ်
ဘတ်ကြည့်ဘို့ တင်ပြလိုက်ပါတယ် ၊

ကျောင်းထားရေး ( သိပ္ပံမောင်ဝ )
တရံတခါသော်မောင်လူအေးနှင့်ခင်သန်းမြင့်တို့သည်ညစာစားပြိးနောက်အိမ်ရှေ့ဝရန်တာ လသာတွင်ထွက်၍ထိုင်ကြလေသည်၊သူတို့နောက်ဆက်တွဲမောင်လူမွေးလည်းသူတို့နှင့်
အတူပါလာလေ၏၊
ခင်သန်းမြင့်သည်နေ့ခင်းကရောက်လာသောမဂ္ဂဇင်းတအုပ်ကိုပက်လက်ကလားထိုင်
ပေါ်တွင်ထိုင်၍ဖတ်နေလေသည်၊မောင်လူအေးမှာလဘက်ရည်ကြမ်းကိုမြေပဲဆားလှော်နှင့်
မြည်းရင်းအလုပ်အကြောင်းစဉ်းစားခန်းထုတ်နေ၏၊မောင်လူမွှေးကားမိဘနှစ်ယောက်အနား
ကြမ်းပြင်ပေါ်တွင်အရုပ်ကလေးများနှင့်ကစားနေလေသည်၊သူတို့သုံးယောက်အဘို့ညသည်
အေးမြသာယာသောညတညဖြစ်လသည်၊
မောင်လူမွေးသည်မိမိအနားကစားနေရာမှမကြာမကြာထထသွားပြိးလျှင်ဓါတ်မိးရောင်
အောက်တွင်ပြေးလွှားနေကြသောပိုးကောင်ပလူကောင်ကလေးများကိုဖမ်းကာကစား၏၊
သူ့အားချော့ခေါ်၍မရ၊ခြောက်ခေါ်၍မရ၊ငေါက်ခေါ်၍လည်းမရ၊ခက်လေတော့၏၊မောင်လူ
အေးတလှည့်၊ခင်သန်းမြင့်တလှည့်ထိုင်ရာမှထပြီးဆွဲခေါ်ရ၏၊မောင်လူမွှေးမှာမလိုက်ချင်
လိုက်ချင်နှင့်ရုန်းကန်ရုန်းကန်နှင့်ပါလာတက်သည်၊သူအားထထခေါ်ရသဖြင့်ခင်သန်းမြင့်
မှာမဂ္ဂဇင်းကိုကောင်းကောင်းမဘတ်ရ၊မောင်လူအေးမှာလည်းစဉ်းစားခန်းကိုကောင်းကောင်း
မထုတ်ရ၊တော်တော်တေတဲ့ကောင်ကလေး၊
အတန်ကြာလျှင်ခင်သန်းမြင့်သည်မောင်လူမွှေးအားစိုက်ကြည့်ပြိးလျှင် ပီတီသံဖြင့်
” မျွေးလေးဟာ တနေ့တခြားဝလာလိုက်တာနော် - အားရစရာကြီး ” ဟုဆို၏
” မွှေးစတုန်းကဆိုရင်ငယ်ငယ်လေးရယ်” ဟုမောင်လူအေးကထောက်ခံလိုက်၏၊
” စကားပြောမယ်မကြံသေးဘူးနောက်ဘို့က အရင်ဘဲ ”
” ဘယ်နောက်ရမှာတုန်း - ဟုတ်တာကိုပြောတာ - ဟုတ်တာပြောရင် ဥစ္စာပေါဆို
ပေါမဟုတ်လား နို့ပေမဲ့ထီမပေါက်တာခက်တယ် ”
3
” ဒါတွေကိုထားပါအုံး မွေးကလေးကိုကျောင်းထားဘို့စီမံရတော့မယ် ”
” အေင်မယ်လေး ဟဲ့ အခုမှတနှစ်ခွဲရှိသေးတယ်ဘယ်ကလာကျောင်းထားဘို့စီမံရမှာလဲ”
” အခုကထည်းကစီမံမှတော်ကာကျမယ် - အင်္ဂလန်ကနာမယ်ကျော်ကျောင်းတွေထားဘို့က
မမွေးခင်ကထည်းက နာမယ်စာရင်းသွင်းထားရတယ်ဆိုမဟုတ်လား ”
” ဒါကတော့ လွန်လွန်အားကြီးပါတယ်ဗျာ- ကိုင်းသူ့ကိုဘယ်လိုစီမံချင်သလဲပြော ”
” မြင့်သဘောမြင့် ငယ်ငယ်ကလေးထဲက ဘိလပ် အီတန်တို့ ဟားရိုး တို့လိုကျောင်းတွေမှာ
သွားထားချင်နေတာဘဲ ”
” ဟာ ကိုယ်ကတော့ သဘောမတူပေါင် - သည်ကျောင်းတွေကိုဝင်ခွင့်ရဘို့ဟာလဲအင်မတန်
ခက်- ၀င်ခွင့်ရစေဦးတော့ မထားချင်ပါဘူးဗျာ ”
” ဘာဖြစ်လိုလဲ - သူဌေးဦးနုတို့ ၀န်ထောက်ဦးစားတို့သားတွေ ကိုဒီလိုငယ်ငယ်ကလေးထဲက
ဘိလပ်ကျောင်းတွေမှာသွားထားတယ်မဟုတ်လား - ဂုဏ်လဲရှိ အင်္ဂလိပ်အလေ့အထကိုလဲကျကျနန
တက်လာတယ်၊အင်္ဂလိပ်စကားဆိုလဲအင်္ဂလိပ်နဲ့မခြားပြောနိုင်တယ်-ကိုင်းမကောင်းဘူးလား”
” မကောင်းပေါင် ဦးနုသားပြန်လာတုန်းကအင်္ဂလိပ်မပါလာလို့ ဦးနုကြီးရင်ကွဲမတက်
ဖြစ်နေတာမမြင်ဘူးလား၊ဦးစားသာပြန်လာတော့အင်္ဂလိပ်စကားတော့ကောင်းကောင်းပြော
တက်ပါရဲ့မြန်မာစကားကျတော့ဟိုမကျသည်မကျနဲ့ပြောရီစရာကြီးဖြစ်နေတယ်၊မြန်မာစကား
မပြောတက်ဘူးဆိုတာရှက်စရာအကောင်းဆုံးမဟုတ်လား၊သူတို့ရှက်မရှက်တော့မပြောတက်
ဘူး၊ကိုယ်တော့ရှက်လွန်းလို့နောက်ပြီးတော့မြန်မာတွေကိုဘဲသူတို့နဲ့အဖက်မတန်သလိုမြန်မာ
ဓလေ့ကို ဘဲကဲ့ရဲ့ရပြန်ပြီ၊ကိုယ့်သားကလေးဒီကောင်တွေနဲ့တူမှာကိုကြောက်သဗျာ ”
”ဒါဖြင့်ရင်လဲ မောင်မွေး ၅ နှစ် ၆ နှစ်သားအရွယ်ရောက်ရင်စိန်ပေါမှာဖြစ်ဖြစ်၊ဒိုင်အိုမှာဖြစ်
ဖြစ်ထားရအောင် သဘောတူမလား ”
” မတူပေါင် ”
” လုပ်ပြန်ပြီ ဘာဖြစ်လို့လဲ ”
”ဘာဖြစ်ရမှာလဲ ဒီလိုအင်္ဂလိပ်ကျောင်းတွေကထွက်လာတဲ့ငနဲတွေဟာလဲအများအားဖြင့်
ဟိုမကျဒီမကျနဲ့ - လိမ္မော်သီးဖွင့်လိုက်ပါလိုဆိုလိုဆို - ၀မ်းဘဲဥမှည့်ပြီလားလို့မေးလိုမေး-ရေးချမ်း
ချမ်းလေးတခွက်ပေးပါလို့တောင်းလိုတောင်းနဲ့-ဘယ်လိုငနဲတွေလဲမပြောတက်ပါဘုးဗျာ ”
”အားလုံးလဲဒီလိုဟုတ်မယ်မထင်ပါဘူး-မြန်မာမိဘတွေကမွေးပြိးမြန်မာပြည်မှာကြီးကြတာ
ဘဲ-ဒီလောက်တောင်ဆိုးမယ်မဟုတ်ပါဘူး - ကိုယ်ကကဲတာ”
” တချို့ကျတော့ မြန်မာစကားတော့ကောင်းကောင်းပြောတက်ပေမဲ့အင်္ဂလိပ်ဆန်ဆန်လေး
ပြောလိုက်ရရင်ဂုဏ်ရှိတယ်ထင်ပြီးပြောကြတာဘဲ-ကိုယ်တို့ကောလိပ်မှာတုန်းကဒီလိုငနဲတွေနဲ

ကောင်းကောင်းတွေ့ရတယ်၊ဒီကောင်တွေကိုချဉ်လွန်းလို့မပြောပါနဲ့တော့ ”
”ကိုကိုတို့ခောတ်က ဒီလိုဖြစ်ပေမဲ့အခုတော့ မောင်မွေးတို့ခောတ်ကျတော့ဒီလိုဖြစ်မယ်
မထင်ပါဘူး ”
”ကိုယ်တော့ အရင်ကလိုဘဲဖြစ်မယ်ထင်တာဘဲဗျာ - နောက်မှပြောင်းသွားရင်တော့-
မပြောတက်ဘူး-မြန်မာဆိုရင်လဲမြန်မာပီသမှကြိုက်တယ်-အင်္ဂလိပ်ဆိုရင်လဲအင်္ဂပီပီသသမှကြိုက်
တယ်-ဟိုမကျဒီမကျဂွစာ ကိုတော့ ချဉ်လွန်းလို့ ”
” ကိုင်းဒါဖြင့်ရှိစေတော့ ရန်ကုန်မြို့မကျောင်းမှာသွားထားရင်မကောင်းဘူးလား-ဆရာကြီး
ဦးလွင်လဲရှိတယ်-ဆရာကိုအောင်မင်းတို့-ကိုအေးသွယ်တို့ကိုစံထားတို့လဲရှိတယ်-ကိုတို့မိတ်ဆွေ
တွေမဟုတ်လား-သူတို့လက်အောက်မှာဆိုတော့စိတ်လဲချရတယ်-ငယ်ပေမဲ့ကိစ္စမရှိဘူး ”
”ကောင်းတော့ကောင်းပါရဲ့ ”
”ဘာကောင်းတော့ ကောင်းပါရဲ့လဲ - ဟိုမကျဒီမကျကျောင်းမှာမထားချင်ဘူးဆို-မြို့မကျောင်း
ဟာမြန်မာပီသတဲ့ကျောင်းမဟုတ်လားဦးဖော်ဂျီတို့သခင်နုတို့ဟာမြို့မကျောင်းထွက်တွေမဟုတ်ဘူး
လား၊သူတို့ထက်မြန်မာပီသတာရှိသေးလို့လား၊”
”အင်း ကောင်းတော့ကောင်းပါရဲ့ကျောင်းကိုခဏခဏဘွိုင်းကောက်လုပ်တာခက်တယ် ”
” ဘွိုင်းကောက်လုပ်တာကတော့ ဒီကျောင်းတကျောင်းထဲမှမဟုတ်ဘဲ-တခြားကျောင်းတွေ
လဲလုပ်တာမဟုတ်ဘူးလား-တက္ကသိုလ်ကျောင်းတွေတောင်ခဏခဏဘွိုင်းကောက်လုပ်နေတာမမြင်
ဘူးလား ”
” မြင်သားပေါ့ ”
” မြင်ရင်ဘာဆင်ခြေပေးနေစရာလိုသေးလဲ - ဘွိုင်းကောက်လုပ်တာကိုကောအပြစ်ဆိုချင်
သေးလား ကဲလေ ”
” အပြစ်တော့မဆိုချင်ဘာဘူးဗျာ-နို့ပေမဲ့ဘွိုင်းကောက်လုပ်ပြိးအစာငတ်ခံကြဘာကြနဲ့-မိဘ
လုပ်သူတွေကဘယ်လောက်စိတ်ပူကြမယ်ဆိုတာစဉ်းစားကြည့်လေ-မောင်မွှေးကိုမြို့ကျောင်းထားပါ
ပြီတဲ့-မောင်မွှေးကဘွိုင်းကောက်မှာခေါင်းဆောင်လုပ်ပါပြီတဲ့-သူတို့တောင်းတာမရတော့အစာငတ်ခံ
နေပါပြီတဲ့ - ကိုင်းမြင့်ဘယ်နဲ့နေမလဲ - ဘယ်လိုလုပ်မလဲ ”
”ဒီလိုဆိုတော့ကျောင်းကိုမြန်မြန်လိုက်သွားပြီး ဘိုကေလေးကိုဆွဲခေါ်ခဲ့မှာပေါ့”
”အဲဒီလိုခေါ်လို့လိုက်ရင်ကောင်းပါရဲ့ - မေမေရယ်ပြန်မလိုက်ပါရစေနဲ့တော့-တိုင်းပြည်ကြီးအ
တွက်အသက်အသေခံတော့မယ်-ကျွန်တော့ကိုသနားရင်အိမ်ပြန်မခ်ါပါနဲ့တော့လို့သားကဆီးပြောရင်
ဘယ့်နဲ့လုပ်မလဲ ”
” အတင်းခေါ်မှာပေါ့ ”
”အတင်းခေါ်လို့မရရင်ဘယ့်နဲ့လုပ်မလဲ”
”သည်တော့လဲ အလိုက်အထိုက်ပေါ့လေ-သူတို့လဲအသေခံမှာမဟုတ်ပါဘူး-မိဘဆွေမျိုးတွေ
က၀ိုင်းဝန်းပြီးတောင်ပန်ရင်ရမှာပါ-သတင်းစာတွေကလဲလန့်ဖြန့်ပြိးဝိုင်းတောင်းပန်ကြမှာပေါ့-အာဏာ
5
ရှင်ကိုလှရွှေကိုဘဲကြည့်တော့”
”ဒါလဲဟုတ်တုတ်တုတ်ဘဲ--နို့ပေမဲ့မလိုတဲ့ဘက်က ငနဲတွေက အမျိုးမျိုးစွပ်စွဲပြိးမောင်လှရွေ
ကိုဆဲသလို ကိုယ့်သားကိုဆဲရင်တော့ ခံချင်ပါ့မလား ”
”ဒါကတော့ဘာကိစ္စရှိလဲ - မနာလိုလို့ဆဲတာ ဆဲပါစေလား - တော်တော်ကြာပျောက်သွား
မှာဘဲ ”
နို့ တချို့ကျောင်းသူကျောင်းသာတွေ ဖြစ်ပျက်ပြိး ထွက်ပြေးကြရင်တော့ဘယ့်နဲ့လုပ်မလဲ ”
”ဒါကတော့ဘယ်တက်နိုင်မလဲ - ဘယ်ကျောင်းမှာဘဲထားထား - ဘွိုင်ကောက်လုပ်ချင်လုပ်
မလုပ်ချင်လုပ်နေဖြစ်တာမျိုးဘဲ-ဒါတွေကိုတွေးပြီးပူမနေစမ်းပါနဲ့ ”
”ပူရသဗျာ -အခုကထဲက ပူထားမှအတော်ကျမယ်”
” ကိုင်းသည်လောက်တောက် အစိုးရိမ်ကြီးလှတာ ဘယ်ကျောင်းထားမယ်စိတ်ကူးသလဲ”
” ကိုယ်ကတော့ အိမ်မကွာ ကြမ်းမကွာ အိမ်ရှေ့ကမှန်သာကျောင်းမှာထားမယ်စိတ်ကူးတာ
ဘဲ”
”လုပ်ပြီသူလုပ်လိုက်မှဒီလိုချည်းဘဲ - အတည်ပြောနေရင်အတည်ပေါက်ပြောစမ်းပါ-
အနောက်တွေမညှပ်စမ်းပါနဲ့ ”
” နို့ အတည်ပြောနေတာဘဲဟာ - မှန်သာကျောင်းတိုက်မှာဆိုတော့ အိမ်နဲ့လဲနီးတယ်-ပိုက်
ဆံလဲအကုန်သက်သာတယ်-ကုသိုလ်လဲရတယ်-စာလဲတက်တယ် ”
”မဟုတ်တဲ့စကားကိုမပြောစမ်းပါနဲ့ - အခုခောတ်ကြီးထဲမှာ ဘုန်းကြီးကျောင်းထားတယ်ဆို
တာနေရာလား ”
” ကျောင်းထားတယ်ဆိုတာစာတက်တာလိုရင်းမဟုတ်ဘူးလား-အမြှော်အမြင်တိုးပွါးတာလို
ရင်းမဟုတ်ဘူးလား-လိမ္မာရေးခြားရှိတာလိုရင်းမဟုတ်ဘူးလား-အဲဒီလို လိုရင်းချက်တွေကိုရရင်
ကျောင်းထားရကျိုးနပ်ပြီမဆိုနိုင်ဘူးလား - မှန်သာကျောင်းမှာထားရင်ခုနပြောတဲ့လိုရင်းချက်တွေကို
မရဘူးလို့ပြောနိုင်မလား”
” ကိုကိုပြောလိုက်မှဖြင့်ဘောက်ချည်းဘဲ - ဘုန်းကြီးကျောင်းမှာထားလို့ကြီးလာရင်ဘာလုပ်
စားမလဲ”
” အိုဒါကတော့သူ့ကုသိုလ်နဲ့သူုဖြစ်လာမှာပေါ့ - စာတက်တာကတခြား - အလုပ်အကိုင်ကတ
ခြားပါ-စာတက်တိုင်းလဲအလုပ်အကိုင်ကောင်းကောင်းရတာမဟုတ်ပါဘူး-အလုပ်အကိုင်ကောင်း
ကောင်းရသူတိုင်းလဲစာတက်တာမဟုတ်ပါဘူး-ပွဲစားကြီးဦးချမ်းသာဟာဘယ်လောက်ပိုက်ဆံရှိသလဲ
အင်္ဂလိပ်စာ အေ ဘီ စီ ဒီတောင် တတ်လို့လား - သူဌေးကြီးကြွယ်ဝဟာဘယ်လောက်ချမ်းသာလဲ-
ဘီအေ အောင်လို့လား ”
”သည်လို ဘောက်စကားတွေမပြောနဲ့လေ-ရှေးခောတ်နဲ့မတူဘူး-အခုခောတ်မှာခောတ်စာ
တွေတက်မှအလုပ်ကောင်းကောင်းရတယ် -သိရဲ့လား ကိုဘောက်ကြီးရဲ့ ”
” ဟာ အလုပ်ကောင်းကောင်းရတာတခြား စာတက်တာမတခြားဘဲ -အလုပ်ကောင်းကောင်း
6
လိုချင်တဲ့သဘောနဲ့စာသင်ကြားကြတဲ့အတွကတိုင်းပြည်မှာဆူပူနေကြတာမဟုတ်လား-အလုပ်လက်
မဲ့ပညာရှိကြီးတွေများနေကြတယ်မဟုတ်ဘူးလား-အဲဒီစိတ်တွေကိုဖျောက်လိုက်မှနေရာကျမယ်၊
အလုပ်လက်မဲ့တွေပျောက်ကုန်မယ်-”
”ဘာတွေလျှောက်ပြောနေတယ် မသိပါဘူး ”
” အလုပ်ကောင်းကောင်းရအောင်ဆိုပြီးပညာသင်ကြရော-အလုပ်ကောင်းကောင်းမရတော့
ဘယ်အလုပ်ကိုမှမလုပ်ချင်ကြတော့ဘူး-ဟိုလပ်ရား - ဒီလပ်ရား နဲ့ဖြစ်နေပြီး-လူတေလူလေတွေဖြစ်
ကုန်ပါရော-တိုင်းပြည်လဲဆူကုန်ပါရော၊”
” ဒါတွေကိုနားမည်ဘူး ကိုကိုပြောတဲ့အတိုင်းဘဲထားပါဥိး-ဘုန်းကြိးကျောင်းမှာထားပြီး-နောင်
ဘုန်းကြီးကျောင်းကထွက်တော့ဘာလုပ်စားမတဲ့လဲ ”
” ကိုယ့်သဘောတော့ဘုန်းကြီးကျောင်းမှာစာသင်လိုစာတက်တော့-သင်္ကန်းဝတ်စေချင်တော့
တာဘဲလေ-သင်္ကန်းဝတ်ရင်းနဲ့သာသနာဝန်ထမ်းသွားရင်လဲကောင်းတာဘဲမဟုတ်လား၊သာသနာ့ဝန်
ကိုမထမ်းချင်လို-့တိုင်းရေးပြည်ရေးလိုက်စားသွားမယ်ဆိုရင်လဲ-နောင်ကိုကြီးပွါးဘို့အများကြိးမြင်
တယ်”
” အမိန့်ရှိပါအုံး ”
” မနောက်နဲ့အတည်ပြောတာ-အခုဘဲကြည့်ပါလား-ရဟန်းပျိုတွေဘယ်လောက်တန်ခိုးကြီး
ကြသလဲ-တိုင်းပြည်ခေါင်းဆောင်တွေကိုသူတို့ကြိုးကိုင်နေကြတယ်မဟုတ်လား-အမတ်ချုပ်ကြီးတွေ
နန်းရင်ဝန်ကြီးတွေတောင်သူတို့ကိုဘယ်လောက်ကြောက်ရသလဲ-အခုခောတ်မှာရဟန်းပျိုတွေဒီ
လောက်တန်ခိုးကြိးနေရင်-နောင်မောင်မွေးတို့ခောတ်ကျရင်ဘယ်လောက်တန်ခိုးကြီးမလဲဆိုတာစဉ်း
စားကြည့်ပေတော့-ရှေးတုန်းကတော့ ဘီအေ-အမ်အေ၀တ်လုံဆိုရင်အင်မတန်တန်ခိုးကြီးတယ်
မဟုတ်လား-အခုဘယ်မှာတန်ခိုးကြီးတော့လို့လဲ-နောင်မွေးတို့လက်ထက်ကျရင်အင်္ဂလိပ်စာတက်
တွေအလကားဖြစ်ကုန်မယ်ဆိုတာမှတ်ပါ-ရဟန်းပျိုတွေကအင်္ဂလိပ်စာတက်တွေထက်အဆတရာ
မကတတန်းခိုးကြီးမှာအမှန်ဘဲ-ဒီတော့မောင်မွှေကိုအင်္ဂလိပ်ကျောင်းထားပေမဲ့အကျိုးထူးမှာမဟုတ်
ဘူး-ရှေ့ရေးကိုမြင်မှနေရာကျမယ်-မောင်မွှေးတို့လက်ထက်ကျရင်-ရဟန်းပျိုတင်တဲ့ဘုန်းကြီးကျောင်း
သားမင်တိုင်ပင်အမတ်တွေ-ရဟန်းပျိုတင်တဲ့-ဘုန်းကြီးကျောင်းသားဝန်ကြီးချုပ်တွေ-ရဟန်းပျိုတင်
တဲ့ဘုန်းကြိးကျောင်းသား-နန်းရင်းဝန်တွေဖြစ်ချင်ဖြစ်နေမှာ၊မောင်မွှေးဟာ ပထမကြီးတို့ပထမကျော်
တို့အောင်ပြိး-မြန်မာပြည်မှာ ပထမဦးဆုံးရဟန်းပျိုတင်တဲ့ဘုန်းကြီးကျောင်းသားနန်းရင်းဝန်ကြီးမဖြစ်
ဘူးလို့ပြောနိုင်မလား”
” တော်ပါတော့ စကားရှည်နေတာနဲ့ ၁၁ နာရီတောင်ထိုးသွားပြိ-သည်လိုမဟုတ်ကဟုတ်က
ဘောက်စကားတွေကိုပြောနေရမယ်ဆိုရင်-မိုးလင်းတာတောင်ဆုံးမှာမဟုတ်ဘူး-သူ့ဘောက်စကား
တွေကိုနားထောင်နေတာနဲ့ဘဲ-၀တ္တုတပုဒ်တောင်ဘတ်လို့မပြီးဘူး-”
ဟုဆိုကာပေါင်ပေါ်တွင်အိပ်နေသော ကလေးကိုချီကာ အိမ်ထဲသို့ဝင်သွားလေတော့သတည်း
သိပ္ပံမောင်ဝ
ဒဂုန်မဂ္ဂဇင်း
စက်တင်ဘာလ ၁၉၃၉ .

ရွာကျက်သရေ
သိပ္ပံမောင်ဝ



ကကြီး ရရစ် ကသတ် ကြက်၊ ကကြီး ရရစ် ငသတ် ကြင်။
နှစ် တစ်လီ နှစ်၊ နှစ် နှစ်လီ လေး၊ နှစ် သုံးလီ ခြောက်။
သဝေထိုး ငရေးချ ကသတ် ငေါက်၊ သဝေထိုး ငရေးချ ငသတ် ငေါင်။
ကကြီး ရေးက၊ ကကြီး ရေးချာ ကာ၊ ကကြီးရေ လုံကြီးတင် ကိ၊ မရရစ် လုံးတင် တချောင်းငင် ကသတ် မြိုက်၊ မရရစ် လုံကြီးတင် တချောင်းငယ် ငသတ် မြိုင်။
ဧ၀ံ မေ သုတံ၊ ဧကံ သံမယံ။

ကကြီး၊ ခခွေး၊ ဂငယ်၊ ဃကြီး အစရှိသော အသံများသည် မိုးသံနှင့် လုံးထွေးပြီး သကာလ ကုက္ကိုဝ သူကြီးမင်း ဦးဖိုးထုံး၏ အိမ် မြောက်ဘက် အရပ်တွင် ထကြွ သောင်းကျန်းလျက် နေကြ လေသည်။ အချိန်ကား နံနက် (၆) နာရီခန့်သာ ရှိသေး၏။ အဆိုပါ ဆူညံ လှစွာသော အသံကိုကား ကုက္ကိုဝ ရွာအဖို့ မင်္ဂလာ ရှိသော အသံ၊ သာယာသော အသံ၊ ကျက်သရေ ရှိသော အသံများ ဖြစ်ကြ၏။ ရွာလူကြီး၏ အိမ်တွင် မိုးအေးအေးနှင့် ကွေး၍ အိပ်ပျော် နေသော မောင်လူအေး အဖို့ကား ငှက်ဆိုး၏ အသံနှင့် ခပ်ဆင်ဆင် တူလျက်နေလေ၏။
ထိုအသံများ၏ ပိုင်ရှင် ကျောင်းသား/ကျောင်းသူ ကလေးတို့ စုဝေးရာ ရွာကျောင်းကား ဒိစတြိတ် ကောင်စီ၏ အထောက် အပံ့ခံ ကျောင်းမဟုတ်၊
အစိုးရမင်းက အသိအမှတ် ပြုသော ကျောင်းလည်းမဟုတ်၊ အမျိုးသား ပညာရေး အဖွဲ့က 2
အားပေးသော ကျောင်းလည်း မဟုတ်ပေ။ ထိုကျောင်းသား/ ကျောင်းသူ ကလေးများက တယောက်လျှင် တနှစ်အတွက် စပါး သုံးတင်းမျှသော အထောက် အပံ့ကိုသာ ခံယူကာ တည်ထောင် ထားသော ကျောင်းဖြစ်သည်။
ဤသို့ ကျောင်းသား ကလေးများ၊ ကျောင်းသူ ကလေးများမှ တပါး၊ အခြား မည်သူ၏ အထောက် အပံ့ကိုမျှ ခံယူသော ကျောင်းမဟုတ် သောကြောင့် ပညာအုပ်၊ ပညာဝန်ထောက်၊ ပညာဝန်၊ ဒိစတြိတ် ကောင်စီ လူကြီးမင်းတို့၏ စစ်ဆေးခြင်းမှ လုံးလုံး ကင်း၏။ ထိုကျောင်းကို အုပ်ချုပ်မင်း လုပ်နေသော ဆရာစောပင် ပညာအုပ်၊ ပညာဝန်ထောက်၊ သူပင် ပညာဝန်၊ သူပင် ပညာမင်းကြီး၊ သူပင် ပညာရေး အမတ်ချုပ်ကြီး ဖြစ်ပေသည်။
နွေအခါ မေမြို့(ယခု - ပြင်ဦးလွင်) ၌ ရုံးစိုက်၍ မိုးအခါ ရန်ကုန်မြို့တွင် ရုံးစိုက်တော် မူသော ပညာရေး အမတ်ချုပ်ကြီး ထက်ပင် ဆရာစောမှာ လွတ်လပ်ခွင့် ရသေး၏။ ပညာရေး အမတ်ချုပ်ကြီးမှာ မင်းတိုင်ပင် အမတ်တို့၏ အမေးများကို ဖြေကြား ရသေးသည်။ ကုက္ကိုလ်ဝရွာ ဆရာစောကား မည်သူ၏ အမေးကိုမျှ ဖြေကြားရန်မလို၊ စိတ်ထင်တိုင်း သင်ကြားနိုင်သော ဂုဏ်ထူး ရှိ၏။ မိမိ သင်ကြား လိုသော စာပေတို့ကို သင်ကြားနိုင်၏။ မိမိ ကျောင်းလွှတ်ချင်သော အချိန်တွင် လွှတ်နိုင်၏။ မိမိ ကျောင်းပိတ် ချင်သော အချိန်တွင် ပိတ်ထားနိုင်၏။ သူ့အား မည်သူကမျှ လာ၍ ဒုက္ခမပေးနိုင်။ ပညာအုပ်မင်းများ လာလျှင် ဆင်းကြို ရသော ဒုက္ခ၊ သူတို့ အတွက် လှည်းတို့၊ လှေတို့ စီမံပေးရသော ဒုက္ခမျိုးမှလည်း လုံးလုံးကင်းပေ၏။
ကျောင်း၏ ပုံပန်းကို အနည်းငယ် ရေးပါရစေဦး။
ဆရာစော၏ ကျောင်းမှာ ဓနိကာ၊ ဓနိမိုး၊ ၀ါးလုံးတိုင်၊ ၀ါလုံးကြမ်းခင်း၊ ပြတင်း ပေါက်နှစ်ပေါက်၊ တံခါးပေါက် နှစ်ပေါက်မျှသာ ရှိလေသည်။ ဤမျှနှင့် ပုံပန်း ပေါ်လောက်ပြီ။
ဆရာစော၏ အကြောင်း ရေးသားရန် လိုသေး၏။ ဆရာစောကား အထက်သား ဇာတိ၊ ဘုန်းကြီး လူထွက် ဖြစ်လေသည်။ မည်သည့်မြို့၊ မည်သည့် အရပ်မှ ရောက်လာသည် ဟူ၍ကား မည်သူမျှ မပြောနိုင်။ ရဟန်း ဘ၀က မည်သည့် စာအထိ ပေါက်ခဲ့သည် ဟူ၍လည်း မည်သူမျှ မသိ။ ဆရာစော၏ အပြောအဆို အတိုင်းကား သင်ရိုးပေါက်ခဲ့သူ တစ်ယောက် ဖြစ်သည်။ ရဟန်း ဘ၀တွင် မပျော်ပိုက်၍ လူထွက် ရသည်မဟုတ်။ ၀ိနည်းအတိုင်း မကျင့်နိုင်သောကြောင့်သာ လူထွက်၍ လာရခြင်း ဖြစ်လေသည်။
ဆရာစော၏ ပုံပန်းကား အသားနက်နက်၊ မျက်လုံးကျယ်ကျယ်၊ နှုတ်ခမ်းတွဲတွဲ၊ နှာတံကောက်ကောက်။ သို့သော် ကြောက်စရာကား မကောင်းပေ။ တထွာခန့် ရှည်သော် ဆံတိုများကို သိမ်းရုံးကာ မျက်နှာသုတ်ပ၀ါဖြင့် ပေါင်း၍ ထား၏။ အကျီ င်္ ကားမရှိ။ လုံးကွင်းမှာ လက်နှီးရောင်၊ ဖာထေးရာတွေမှာ အနန္တ၊ အောက်ဘက် အစတွင် အကွဲက နှစ်ကွဲ၊ လက်ထဲတွင်ကား ကြိမ်လုံး တလုံးကို ကိုင်လျက်။ ပါးစပ်ကမူ ဆေးတံကြီးကို ခဲထားလေသည်။ ထိုဆေးတံမှာ အရိုးကျိုး နေပါပြီ။ `သစ်မရှိခင် စပ်ကြား ၀ါးပေါင်းကွပ်´ဆိုသော စကားနှင့်
အညီ ကျိုး၍ သွားသော သစ်သားရိုး၏ နေရာတွင် ၀ါးရိုးကို တပ်၍ ထား၏။
ထိုဆေးတံကြီးကို ဖွာကာ ဖွာကာ ဆယ်အိမ်ခေါင်း ဦးလူမော်နှင့် တွဲရေး ခွဲရေး အကြောင်း ဆွေးနွေး နေကြလေသည်။
ဤသို့ ဆွေးနွေး၍ ကောင်းနေ ကြခိုက်တွင် မောင်တင်နှင့် မယ်အေး တို့သည် တယောက်ကို တယောက် ဆဲရေး နေကြလေသည်။
ငထွန်းကား စာမအံ၊ ယင်ကောင်တွေ ဖမ်းမိလျှင် နောက်တိုး၏ နားထဲသို့ လွှတ်သွင်းသဖြင့် နောက်တိုးနှင့် ငထွန်းတို့ တယောက်နှင့် တယောက် စကားများ ကြပြီးနောက် တယောက် တချက်စီ ထိုးနေ ကြလေသည်။
စိန်ဖေကား ဘေသန်း နှင့်အတူ ကျောင်း နောက်ဖေး ကွင်းပြင် ထဲတွင် ပြေးလွှား ကစားကာ ဖားကလေး များကို ဖမ်းလျက် နေကြ လေသည်။ နောက်ဖေး အိမ်သာ တွင်ကား ဘထွန်း၊ သာအေး၊ ငွေလှိုင်၊ စံမြတို့ လူစု ဦးတာတေ၏ ကျွဲများကို ဖမ်း၍ စီးရန် တိုင်ပင် နေကြ လေသည်။
ထွန်းဝေနှင့် စံသိန်းတို့ကား ကျောင်းအောက်တွင် နပန်း လုံးနေကြ ကုန်၏။ သာထွန်းနှင့် ညွှန့်မောင် တို့က ဒိုင်လုပ် ကြလေသည်။
ဝေလင်းကား မိမိ၏ ကျောက် သင်ပုန်း ပေါ်တွင် ခွေးရုပ်၊ ကြောင်ရုပ်၊ ကြက်ရုပ် များကို ရေးပြီးလျှင် တင်အေးအား ပြနေလေသည်။ တင်အေးသည် ဝေလင်းအား ချီးမွမ်း၍ မဆုံးပြီ။ မိခွေးနှင့် မမယ်သိန်းတို့ ထောင့်တစ်ထောင့်တွင် ခရားစေ့ တောက်တမ်း ကစား နေကြလေသည်။ ဆရာစောကား စကားပြော၍ ကောင်းတုန်းပင်။
သို့နှင့် ယခင်က ဆူညံ၍ နေသော စာအံသံ ကြီးမှာ တစ တစ တိုး၍ တိုး၍ သွားလေ တော့၏။ နောက်ဆုံး၌ စာအံသံ ဟူ၍ မကြားရ တော့ပြီ။ ဆော့နေကြသော အသံ၊ ရန်ဖြစ်နေကြသော အသံ၊ ရယ်နေကြသော အသံတို့ကိုသာ ကြားရ လေသည်။
ထိုအခါ ကျမှ ဆရာစောလည်း မိမိ၏ ညာလက်တွင် ကိုင်ထားသော ကြိမ်လုံးဖြင့် ကြမ်းပြင်ကို ဘမ်းဘမ်း မြည်အောင် သုံးလေးချက် နှက်လေ၏။
ကျောင်းသား/ကျောင်းသူ အပေါင်း တို့လည်း ရမိ ရာရာကို နားကွဲလုအောင် ဟစ်အော်ခြင်း ပြုကြလေသည်။ အိမ်သာတွင် တိုင်ပင်နေသူတို့သည် လည်းကောင်း၊ ကျောင်းအောက်တွင် နပန်းလုံး နေသူတို့သည် လည်းကောင်း နေရာများသို့ ရောက်ကြလေပြီ။ သူတို့လည်း ထင်မိ ထင်ရာကို ကောက်ကာ အော်ဟစ် နေကြကုန်၏။
ဆရာစောကား တိုင်းရေး ပြည်ရေး အကြောင်း ဆက်လက်၍ ဆွေးနွေးလျက် နေပြန် လေသည်။
အတန်ကြာလျှင် စာအံသံကြီး တိတ်လျှက် သွားပြန်၏။ ဆရာစော၏ ကြိမ်လုံးနှင့် ကျောင်းတော်၏ ကြမ်းပြင်တို့ စကား ပြောကြရ ပြန်၏။ ဤနည်းအတိုင်း တိတ်ချည်၊
ဆူချည်နှင့် နေလေတော့သည်။
4
စာအံခြင်း သုံးကြိမ်မြောက် တိတ်၍ သွားသောအခါ အေးမောင်နှင့် လူလှတို့ ကျောက်တံ လုရာမှ ရန်ဖြစ်ကြ၏။ အေးမောင်က ကျောက်တံဖြင့် ထိုးလိုက်ရာ လူလှ လက်မှ သွေးဖျန်းဖျန်း ထွက်လေသည်။ လူလှ ပြန်၍ ကျောက်သင်ပုန်း စောင်းဖြင့် ခုတ်လိုက်ရာ အေးမောင်၏ နဖူးတွင် ကွမ်းသီးလုံးခန့် ဖူး၍ လာ၏။
အချို့က အေးမောင် လွန်သည်ဟု ဆိုကြလေသည်။ အချို့ကမူ လူလှအား သနားကြလေသည်။ တိုးတိုး စုရုံး စုရုံးနှင့် နေကြကုန်၏။ အေးမောင်နှင့် လူလှတို့ ကျိတ်ကာ ငိုနေရ ရှာသည်။ နှစ်ယောက်စလုံး လွန်သူချည်း ဖြစ်သည်။ ဆရာစော သိသွားမှဖြင့် ကြိမ်လုံး ဓာတ်စာ ကျွေးမည်ကို ကြောက်ကြလေသည်။
အောင်သိန်းကား သူတကာ အရိုက်ခံရသည်ကို မြင်လိုသူ ဖြစ်၏။ သူ၏ ပယောဂကြောင့် အေးမောင်တို့ ရန်ပွဲအကြောင်း ဆရာစော ခေါ်လေပြီ။ ရောက်ကြကုန်၏။ အကြောင်းကို မေးလေပြီ ဟုတ်မှန်သည့်အတိုင်း ဖြေကြကုန်၏။ ရောက်ကြကုန်၏။ အေးမောင် ကျောပေါ်သို့ ဆရာစော၏ ကြိမ်လုံးစကြာ ငါးချက်ခလေပြီ။ အေးမောင်မှာ တော်တော်နှင့် မထနိုင်။
လူလှ၏ လက်ဝါးပြင်ပေါ်သို့လည်း ထိုကြိမ်လုံး စကြာပင် ငါးကြိမ်တိုင်တိုင် ဆင်းသက်လေပြီ။ လူလှလည်း စာအုပ်ကိုပင် မကိုင်နိုင်။ အောင်သိန်းကား စုတ်တသပ်သပ်နှင့် ၀မ်းနည်းလျက် နေ၏။ သို့သော် သူ၏ စိတ်ထဲတွင်ကား ၀မ်းသာ၍ မဆုံးပြီ။ အလွန်ညစ်သော အောင်သိန်း ပါတကား။
ဟိုမှာ ကြည့်ကြပါဦး၊ လားလား စံအောင်တို့လူစု ကျောင်းပြေး ဖိုးအောင်အား ဖမ်းလာကြလေသည်။ ဖိုးအောင်ကား မလိုက်ချင် လိုက်ချင် လိုက်ပါလာ ရရှာ၏။ သူ့အား ကြိုးများဖြင့် တည်းထားသောကြောင့် ပါလာရခြင်း ဖြစ်လေသည်။ တကိုယ်လုံးလည်း ရွှဲရွှဲ စိုနေတော့၏။ ဖိုးအောင်ကို မိုးရေထဲတွင် ဆွဲလာကြလေသည်။
ဖိုးအောင် ကျောင်းပြေး၊ အိမ်ပြေး လုပ်နေသည်မှာ လေးရက်ပင် ကြာလေပြီ။ ဘုန်းတော်ကြီး ဦးဝိမလ၏ ကျောင်းတွင် ခိုကပ်ကာ နေလေပြီ။ စံအောင်တို့ လူစု ဖိုးအောင်ကို သွား၍ အဖမ်းတွင် ဘုန်းကြီးကျောင်းသားများနှင့် စစ်ဖြစ်ခဲ့ ကြရသေးသည်။ စံအောင် တို့က မိုက်အားကောင်းသောကြောင့် ဘုန်းကြီး ကျောင်းသားများ လက်လျှော့ကြရ လေသည်။
ဆရာစော၏ ကျောင်းတကျောင်းလုံးတွင် စံအောင်ထက် မိုက်သောသူ မရှိ။ စံအောင်အား ဗိုလ်တင်၍ ထားကြရလေသည်။ တကျောင်းလုံးတွင် ဆရာစောအပြင် သု့ကို အကြောက်ရဆုံး ဖြစ်၏။ ဆရာစောကိုယ်တိုင်ပင် စံအောင်အား ခပ်ရွံ့ရွံ့။ သူ့အား အလိုလိုက်၍ ထားလေသည်။ ကျောင်းသားများ မုန့်ဝယ်စားလျှင် စံအောင်အား တ၀က်ဝေငှ၍ စားကြရ၏။ စံအောင်တည်း ဟူသော နတ်ဆိုးကို မပသ မတင်မြှောက်ဘဲ မစားဝံ့ကြချေ။
စံအောင်တို့ လူစုလက်တွင် ရုန်းကန်ရုန်းကန်နှင့် ပါ၍လာသော ဖိုးအောင်ကား ဆရာစော၏ ရှေ့မှောက်သို့ ရောက်လာလေပြီ။ ဆရာစော ဒေါသထွက်ခိုက် ဆရာစော၏
5
ကြိမ်လုံးစကြာမှာလည်း သွေးစွန်းခိုက်၊ ဖိုးအောင်ကိုလည်း မိ၍လာခိုက်နှင့် ကြုံကြိုက် လေပြီ။ ကျောင်းသား အပေါင်းတို့ တုန်လျက် နေကြကုန်၏။ ရင်ထဲတွင် တထိတ်ထိတ်နှင့် နေကြလေသည်။ အောင်သိန်းမှာ ဖိုးအောင်ကို သနားယောင်ယောင်နေ၏။ သို့သော် စိတ်ထဲတွင်ကား ၀မ်းသာ၍ မဆုံးပြီ။ သူတကာ အရိုက်ခံရလျှင် အောင်သိန်း ၀မ်းမသာသည် မရှိ။
ဖိုးအောင် ကျောင်းပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် မမေးမမြန်းဘဲ ဆရာစောသည် မိမိ၏ ကြိမ်လုံးစကြာဖြင့် လှမ်း၍ နှက်လေ တော့၏။ အချက်ပေါင်း မရေတွက်နိုင်ပြီ။ ဖိုးအောင်လည်း ဆရာစော၏ ရင်ခွင် အတွင်းသို့ တိုး၍ တိုး၍ ၀င်သောကြောင့် အနည်းငယ် သက်သာရာ ရလေသည်။
နောက်ဆုံး၌ ဖိုးအောင်လည်း မော၊ ဆရာစောလည်း မောလေတော့သည်။ သည်တော့မှ ရိုက်ပွဲကြီး ပြီးသွားလေသတည်း။ ကျောင်းသား အပေါင်းတို့က ဖိုးအောင် ရှောင်တိမ်းပုံကို သဘောကျကြကုန်၏။ အောင်သိန်း တယောက်သာ မကျေမနပ် ဖြစ်လျက် နေလေသည်။
ဆရာစောမှာ မော၍ အထိုင်လိုက်၊ အင်းသားကြီးကတော် ဒေါ်သာအိလည်း သားကလေး ရွှေလှနှင့် ရွှေစတို့ကို လက်ဆွဲ၍ ရောက်လာခိုက်နှင့် တပြိုင်တည်း ကျလေသည်။
ဒေါ်သာအိကား သားကလေး ရွှေသွေး နှစ်ယောက်တို့အား ဆန်နှစ်ပြည်၊ ငွေနှစ်မတ် တို့နှင့် ကျောင်းအပ်ရန် လာခြင်း ဖြစ်လေ သည်။ ဆရာစောလည်း ပြုံးရွှင်စွာ စကားပြော ပြီးလျှင် ရွှေလှနှင့် ရွှေစတို့အား လက်ခံလိုက်လေသည်။ ဒေါ်သာအိမှာ သားကလေး နှစ်ယောက်တို့အား ကျောင်းတွင် ထားခဲ့ပြီးလျှင် ဆင်း၍ သွား၏။
ရွှေလှနှင့် ရွှေစတို့မှာလည်း ကျွတ်ကျွတ်ညံအောင် ငိုကြွေးကြလေသည်။ မငိုဘဲ နေကြမည်လော။ ရွှေလှမှာ ခြောက်နှစ်၊ ရွှေစမှာ လေးနှစ်မျှသာ ရှိကြသေး၏။ အိမ်တွင် ဆော့လွန်းကြ၍ တယောက်လျှင် ဆန်တစ်ပြည်၊ ငွေတစ်မတ်နှင့် ဆရာစောအား ကလေး လာ၍ အထိန်းခိုင်းခြင်း ဖြစ်လေသည်။ ရွှေလှနှင့် ရွှေစတို့ ငို၍ ကောင်းတုန်းပင် ဒေါ်သာအိ မိမိ၏ အိမ်သို့ ပြန်ရောက်၏။
ရွှေလှတို့ ငိုချင်း မဆုံးသေး။ ဆရာစော၏ ကြိမ်စကြာ ကျောင်းတော်၏ ကြမ်းပြင်သို့ ဘမ်းဘမ်းဟူသော အသံဖြင့် ကျဆင်းလေမှ ရွှေလှတို့ ငိုချင်း ဆုံးလေပြီ။
ထို့နောက် ဒေါ်သာအိ ပူဇော်၍သွားသော ဆန်နှစ်ပြည်၊ ငွေတမတ်တို့ကို အပ်ရန် ဆရာကတော်ကြီးအား ဆရာစောက ခေါ်လေသည်။ ထူးသာ၊ ထူးနိုင်သည် မလာနိုင်သေး။ အဘယ် လာနိုင်အံနည်း။ ကျောင်းသား/ကျောင်းသူတို့အား ရောင်းရန် ပဲလှော်ကို လှော်ချက်နေလေသည်။
ဆရာစော၏ ကျောင်းသား/ကျောင်းသူတို့ကား ဆရာကတော်ကြီး ရောင်းသော ပဲလှော်အပြင် မည်သည့် မုန့်ကိုမှ ၀ယ်စားခြင်း မပြုရ။ ကျောင်းသားများနှင့် သင့်လျော်အောင်
6
အထူးစီမံထားသော ပဲလှော်ဖြစ်လေသည်။ (ဤကား ဆရာကတော်ကြီး၏ အဆိုတည်း။)
ဆရာကတော်ကြီး ပဲလှော်နေခိုက် မြစိန်က ထမင်းအိုးတည်၏။ သန်းမြက ငါးလုပ်၏။ မယ်သင်က ကင်ပွန်းရွက် ခြွေ၏။ သူတို့ သုံးယောက်ကား သင်ပုန်းကြီးကိုပင် ကုန်အောင် မသင်ကြရသေး။ သို့သော် ဆရာကတော်ကြီး၏ အချစ်တော်များ ဖြစ်ကြလေသည်။ ဆရာကတော်ကြီး၏ အချစ်တော်ဆိုလျှင် ဆရာစော၏ အချစ်တော်လည်း ဖြစ်ရပေမည်။ ဆရာစောနှင့် ဆရာကတော်မှာ နှစ်ကိုယ့်တစိတ် ဖြစ်သောကြောင့် ပေတည်း။
ဆရာကတော်ကြီး အလိုအားဖြင့် မိန်းကလေးတို့မည်သည်မှာ စာတတ်ရန် မလို။ စာတတ်လျှင် ရည်းစား ထားလေ့ ရှိကြကုန်၏။ ကကြီး၊ ခခွေးနှင့် ဘုရားရှိခိုးတတ်လျှင် တော်ပြီ။ မိမိမှာ ဆရာကတော်ပင် ဖြစ်စေကာမူ စာဖတ်၍ မတတ်။
မိန်းကလေးဟူက အချက်အပြုတ် တတ်ရမည်။ အချက်အပြုတ် မတတ်ပါက ရှက်စရာ ကောင်းလေသည်။ ထို့ကြောင့် မိမိ၏ အချစ်တော် မယ်သင်၊ သန်းမြ၊ မြစိန်တို့အား ချက်ပြုတ်နည်း အမျိုးစုံအောင် သင်ကြား ပြသလျှက် နေလေသည်။
ဆရာကတော်ကြီး၏ လုံ့လကြောင့် မြစိန်တို့ သုံးယောက်မှာ ထမင်းချက်လည်း တတ်ကြလေပြီ။ ချဉ်ပေါင်ဟင်း၊ ကင်ပွန်းရွက်ဟင်း၊ ကန်စွန်းရွက်ဟင်း၊ ချက်နည်းတို့ကိုလည်း တတ်ကြလေပြီ။
ကြက်သား၊ ဘဲသား၊ ၀က်သား ဟင်းချက်နည်းတို့ကိုကား မသင်ကြားရသေးချေ။ ဆရာကတော်ကြီးမှာ မချက်တတ်သောကြောင့် မဟုတ်ပါ။ ကြက်သား၊ ဘဲသား၊ ၀က်သားတို့ကို မ၀ယ်နိုင်သောကြောင့်သာ မသင်ကြားရခြင်း ဖြစ်လေသည်။
ဟော .. ဟော ဆရာကော်ကြီး ထွက်လာပြီ။ ဆံပင်မှာ ဆီမရှိ၊ ခေါင်းပွကြီးနှင့်ဖြစ်၏ အကျီ င်္မှာ လက်နှီးရောင်၊ ထဘီမှာ ဖာထေး ရာတွေ အနန္တ၊ ညစ်ထေးတော်မူသော ဆရာကတော်ကြီး ဖြစ်လေသည်။ အင်းသားကြီးကတော် ဒေါ်သာအိ ပူဇော်ခဲ့သော ဆန်နှစ်ပြည်နှင့် ငွေနှစ်မတ်တို့ကိုလည်း သိမ်းကာ နောက်ဖေးသို့ ၀င်သွား၏။
ဆရာစောလည်း ကျောင်းလွှတ်လိုက်ပြီး ကျောင်းသား အပေါင်းတို့လည်း နှစ်ထောင်း အားရ အိမ်သို့ နြပ်ကြလေသည်။
ကျောင်းသားများကို ကြည့်ကာ `ဒီကျောင်းဆရာ သင်ပုံမျိုးနဲ့ ကျောင်းသားတွေ စာတတ်ပါ့မလား သူကြီးမင်း´ဟု မောင်လူအေးက သူကြီးမင်း ဦးဖိုးထုံအား မေး၏။
`တတ်သင့်သလောက် တတ်တာပါပဲ´ဟု ဦးဖိုးထုံက ဖြေလေသည်။
`တတ်မယ် မထင်ပါဘူးဗျာ´ မောင်လူအေးက ဆိုပြန်လေသည်။
ဤသို့ မှတ်ချက်ချသော မောင်လူအေးမှာ မိမိငယ်စဉ်က ဤကျောင်းမျိုးမှာပင် ပညာသင်ကြားပြီး
နောက် တစတစ တိုးတက်ကာ ယခုအခြေအနေသို့ ရောက်နေသည်ကို အမှတ်ရဟန် မတူ။
နောင်နှစ်ပေါင်း လေးဆယ် ငါးဆယ်ခန့်ကြာလျှင် ဤရွာကျောင်းမှပင် မြန်မာပြည် သမ္မတထွက်
ချင် ထွက်နေမည်ကိုလည်း စဉ်းစားမိပုံမပေါ်။
၁၉၃၃၊ ဇူလိုင်။
ဒဂုန်မဂ္ဂဇင်း

မောင်သုည

အောင်ကျော်မြင့် မှ ဒီလိုမြင်ပါတယ်

Aung Kyaw Myint မှ မှတ်ချက်ပေးခဲ့ပါသည်။

Saturday 14 January 2012

မင်္ဂလာ သတင်း မှ မင်္ဂလာ နိုင်ငံတော် ဆီသို့

မင်္ဂလာ သတင်း မှ မင်္ဂလာ နိုင်ငံတော် ဆီသို့
ဇန္န၀ါရီလ ၁၃ ရက်နေ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများ နိုင်ငံရေးအကျဉ်း
သား ၆၅၁ ဦး ကိုနိုင်ငံတော်အစိုးရလွတ်ပေးလိုက်သော သတင်းထွက်ပေါ်လာသည်၊ မင်္ဂလာရှိ
သောသတင်း ကောင်းမြတ်သောသတင်းတရပ်ဖြစ်ပေသည် ၊
ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ် လို့လဲသိရပါတယ်
အစိုးရကပါလီမန်ဒီမိုကရေစီစံနစ်ကိုစတင်အကောင်အထည်ဖေါ်တဲ့အနေနဲ့ ဒီလိုခွင့်ြ့ပုလိုက်တာ
လို့မြင်ပါတယ် ၊ ဒါဟာမြန်မာနိုင်ငံအတွက်ကောင်းတဲ့လက္ခဏာတရပ်ပါဘဲNLD ပါတီ နဲ့ အခြားပါတီ အမတ်တွေလဲဝင်ရွေးကြမယ်ဆိုတာသိရပါတယ
ဒါဟာကောင်းတဲ့လက္ခဏာတရပ်ပါဘဲ ဒါပေမဲ့ --- ဒါပေမဲ့
ဟိုတုန်းက အဖြစ်အပျက်ကလေးတွေကို ပြန်လည်သင်ခန်းစာယူဘို့တင်ပြချင်ပါတယ်
ပါတီတွေများလာရင်တော့မကောင်းဘူးလို့ထင်ပါတယ် ၊ ပါတီသိပ်များလာခြင်းဟာညီညွတ်ရေးပျက်ပြားစေတဲ့
အကြောင်းတရပ်ဘဲ ၊ တပါတီတခုတည်ထောင်တယ်ဆိုရင် လမ်းစဉ်နဲ့ မူဝါဒ ကိုချက်မှတ်ကြတယ် ၊တပါတီနဲ့
တပါတီလမ်းစဉ်နဲ့မူဝါဒမတူတော့ သဘောထားခြင်းမတူဘူးဆိုပြီး တပါတီကို တပါတီကအမြင်စောင်းကြတယ်
ပါတီတခုမှာအရည်အချင်းနဲ့ပြည်စုံသူတွေပါနိုင်ပါတယ် ၊ ပါတီတွေများပြီး ခွဲထောင်ကြတော့ ။
အဲဒီအရည်အချင်းရှိသူတွေဟာတကွဲတပြားဖြစ်ကုန်ကြတယ် ၊ ရွေးကောက်ပွဲမှာ သူ့ပါတီက အနိုင်မရခဲ့ရင်
သူရဲ့ အရည်အချင်းကို တိုင်းပြည်အတွက် အသုံးချခွင့်မရလိုက်ဘူး။ သူလဲ နာတယ် တိုင်းပြည်လဲနာတယ်
88 ပြီးတော့ ပါလီမန်ဒီမိုကရေစီစံနစ်နဲ့သွားမယ် အထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးမယ်ဆိုတော့ ၊ ဖွဲ့လိုက်
ကြတဲ့ပါတီတွေ နှစ်ကျော်လောက်ရှိတယ် ၊ ဒါဟာ အုပ် ၂၀၀ လောက်ကွဲသွားတဲ့သဘောဘဲ ၊
မြန်မာပြည်မှာ ဗမာ လူမျိုးတွေဟာ အကွဲအပြဲ တော်တော် ၀ါသနာပါတယ် ၊ ( ညီညွတ်ချင်တဲ့စိတ်
မရှိဘူး ) ငါဘဲတော် တယ် ငါဘဲလုပ်ချင်တယ် ဆိုတာများတယ် ၊
လွပ်လပ်ရေးရပြီးတော့ ဖဆပလ ပေါ်လာတယ် နောက်ဖဆပလ နှစ်ဖြမ်းကွဲတယ်ဦးနု ကသန့်ရှင်း
ဆိုပြီး တပါတီထောင်တယ် ဦးကျော်ငြိမ်းက တည်မြဲဆိုပြီး ပါတီထောင်တယ် ၊ သန့်ရှင်းပါတီက နိုင်တော့
ဦးကျော်ငြိမ်းက သူရဲ့ အရည်အချင်းတွေ ထုတ်ဖေါ်ဆောင်ရွက်ခွင့်မရလိုက်ဘူး၊ ဦးကျော်ငြိမ်းမှာလဲကောင်း
တဲ့အရည်အသွေးတွေရှိပါတယ် ဒါပေမဲ့သူအရည်အချင်းတွေ တိုင်းပြည်အတွက် အသုံးချလိုက်ရဘဲနဲ့ သေသွား
ရရှာတယ် သူလဲ နာတယ် တိုင်းပြည်လဲနာတယ် ။
အိမ်ပြောင်းတော့ သူဖတ်ရှုလေ့လာထားတဲ့စာအုပ်တွေလော်ရီကား နှစ်စီိး ၃ စီးလောက်နဲ့တိုက်ယူရတယ်လို့
ဆိုတယ် ၊ မဆလ ပါတီမှာ လဲ ဒီလိုဘဲ ဦးအောင်ကြီး တို့ ဦးတင်ဦးတို့ဆိုတာ အရည်အချင်းရှိတဲ့သူတွေဘဲ မဆလ တက်ခါစမှာ ဗိုလ်ချုပ် အောင်ကြီးက ပြည်တွင်းဖြစ်ကိုဦးစားပေးပါဆိုတဲ့ကျွေူကျော်ပြီးပြည်တွင်းစီးပွါး
ရေးတိုးတက်အောင်လုပ်တယ် ပြည်တွင်းကလုပ်ငန်းရှင်ကို မြေတောင်မြှောက်ပေးတယ် ၊ ဟံသာအေးနိုင်လွန်တို့ ဗန္ဓုလစောင်တို့ ၊ မြစ်ကျွန်းပေါ်ဆန်တို့လန်ဒန်ဂိုးဖရိတ် စီးကရက်ဆိုတာ တွေ ပေါ်လာတယ် ရေဒီယိုမှာ ပြည်တွင်းဖြစ်ကုန်ပစ္စည်းကြော်ငြာ ကဏ္ဍတခုဖွင့်ပေးပြီးကြော်ငြာတယ် ၊
ပြည်တွင်းစီးပွါးရေး တော်တော်လေး တိုးတက်လာတယ် ဒါပေမဲ့ ဗိုလ်ချုပ်တင်ဖေ တို့အဖွဲ့ က သူလုပ်တာမ
ကောင်းဘူး ငါလုပ်မယ်ဆိုပြီး ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း ( ပပက ) ဆိုတာကို ဖွဲ့င်္ပြီး ဗိုလ်ချုပ်အောင်ကြီး
ကို ဘေးဖယ်လိုက်တယ် ၊ နောက် မဆလ လက်ထက်မှာဘဲ ဦးတင်ဦး က ပျားဂေဟာအရောင်းဆိုင်စံနစ်
ကိုအကောင်အထည်ဖေါ်တယ် ၊ မြို့နယ်တမြို့နယ်မှာ ပျားဂေဟာအရောင်းဆိုင်တခုစီဖွင့်ပြီးအစိုးရစိုက်ပျိုးရေး နဲ့မွေးမြူ ရေးခြံက ထွက်ကုန်ပစ္စည်းတွေတင်ရောင်းတယ် ၊ ငုံးဥ ၊ ကြက်ဥ ၊ ကြက်သား ၊အသင့်ချက်ပြီးသား
ဟင်းလျာများ ကြက်သားဒန်ပေါက်က အစ ရောင်းတယ် ၊ တော်တော်လေးအောင်မြင်လာတယ် ၊ ဒါပေမဲ့ ထုံးစံအတိုင်းသူလုပ်တာမကောင်းဘူး ငါဘဲလုပ်မယ် ဆိုတဲ့ ဥာဉ် ကလေးတွေက ရှိနေတော့ သူလဲ အပါယ်
ခံလိုက်ရပြန်တယ် အုပ်စုကွဲ မူဝါဒနဲ့ ငါတို့လုပ်ရင် သူတို့မပါရဘူး ဆိုတဲ့ မူအကျင့်ကြီးကရှိနေတော့အရည် ရောက်ကုန်တယ် ၊ တိုင်းပြည်ဘယ်လောက်နစ်နာသလဲ ၊အခုလို အရည်အချင်းရှိသူတွေကို သူတို့ရဲ့အရည်
အချင်းတွေထုတ်ဖေါ်အသုံးပြုခွင့်ရလာအောင် လက်ကမ်းကြိုဆိုတာ နေရာပေးတာ ဟာကောင်းတဲ့
လုပ်ရပ်ပါလို့ပြောချင်ပါတယ်
` ၊ တိုင်းပြည်အတွက်ပဲ လုပ်လုပ် ၊ ပရဟိတ ဆိုတဲ့ အများအကျိုးဆောင်ရွက်တဲ့လုပ်ငန်းတွေဘဲလုပ်
လုပ် အတ္တဆိုတဲ့ ကိုယ့်အကျိုးကို ဦးစားမပေးဘဲ တခြားသူတဦးရဲ့လုပ်ဆောင်ချက်ကိုလဲအကောင်းမြင်ဝါဒနဲ့ မြင်ပြီးရှုမြင်တက်ဘို့လိုတယ်လို့ပြောချင်ပါတယ် ၊
ဦးဆောင်နိုင်ရင်လဲ ဦးဆောင်ပါ ဦးမဆောင်နိုင်ရင် လဲ နောက်လိုက်လုပ်ဘို့ ၀န်မလေးပါနဲ့ ကွက်လပ်
ကိုမြင်တက်ပါစေ ၊ ကွက်လပ်ကိုဖြည့်ဆည်းနိုင်ပါစေလို့ ပြောချင်ပါတယ်
နိဂုံးချုပ်အနေနဲ့ပြောရင်တော့ ဘေးထိုင်ဘုပြော လုပ်နေရမဲ့ အချိန်မဟုတ်တော့ဘူး အားလုံးကိုယ်တတ်နိုင်တဲ့
ဘက်က ၀ိုင်းလုပ်ကြရမဲ့အချိန်လို့ပြောချင်ပါတယ် ၊
မောင်သုည

Tuesday 3 January 2012

၆၄ နှစ်မြောက် မြန်မာနိုင်ငံ လွပ်လပ်ရေးနေ့


2012 ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်မဲ့ ၆၄ နှစ်မြောက် မြန်မာနိုင်ငံ လွပ်လပ်ရေးနေ့ ဂုဏ်ပြုတဲ့ အထိမ်းမှတ်နဲ့ တင်ဆက်လိုက်ပါတယ်


လွတ်လပ်ရေးနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ရဲ့ မိန်ခွန်း ကောက်နှုတ်ချက်။


"လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။

ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲ ဆိုရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။

တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော် အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။

ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး... ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက... အဲဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။

ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေ လှန်းကြတယ်။ ဒီတော့ လမ်းသွားလမ်းလာ လုပ်တဲ့သူတွေ အတော်ခွကျတယ်။ အဲဒါလွတ်လပ်ရေးမဟုတ်ဘူး"

"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးတဲ့"

"ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။

အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲ"

"စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင် အတော့်ကို ကြိုးစားနိုင်မှ လုပ်နိုင်မှ... အတော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ အနှစ် နှစ်ဆယ်လောက် ရှိတဲ့ အခါမှာ တော်ကာကျမယ်။

ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာ ဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် အခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်း ဆယ်လှမ်း လိုက်လှမ်းနိုင်မှ...

အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်သည် အားဖြင့် အဲလို ညီတူ တန်းတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့ကို အတိအလင်း နားလည်ထား စေချင်တယ်။


၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွပ်လပ်ရေး ရခဲ့ပါတယ်

မြန်မာနိုင်ငံ ရဲ့ ပထမဆုံး သမတ က သမတကြီး စပ်ရွှေသိုက်ဖြစ်ပါတယ်

၁၉၄၉ ခုနှစ် ကစပြီး လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ တပ်မတော်သားများကို သမတ ကြီး က

ရွေတိဂုံ ဘုရား အနောက်မခ် တည့်တည့်မှာ ဗိုလ်ရှုသဘင်အခမ်းအနားတည်ဆောက်ပြိးဂုဏ်ပြပါတယ်





လှပျိုဖြူးများ က သပြေပန်းနဲ့ ကြိုဆိုကြပါတယ်





အခုဆိုရင် လွတ်လပ်ရေးရတာ ၆၄ နှစ်ရှိပါပြီ ဗိုလ်ချုပ်ပြောသလို လွတ်လပ်ရေးကို တည်တန့်အောင်ဆက်
လက်ထိန်းသိမ်းကြပါ - မြန်မာ ဆိုတာ မမေ့ပါနဲ့လို့ ပြောချင်ပါတယ်




မောင်သုည