Monday 30 April 2012

ဆုံသင်းပါရ် - တမ်းတနေ့စွဲ


အိမ်မက်နှင့်ကျွန်တော့အတွေးအခေါ်

အိမ်မက်နှင့်ကျွန်တော့အတွေးအခေါ် (ကိုယ်ပိုင် Philiosophy )
အိပ်မက်ဟာအနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုတကယ်ဘဲကြိုတင်ပြောနေသလား ?
ဒါဟာ လူတိုင်းသိချင်နေတဲ့မေးခွန်းတခုဘဲ
လူတော်တော်များများ အိပ်မက် မက်ဖူးကြပါတယ်။ နောက်ပြီး အိမ်မက်ကိုစိတ်ဝင်စားကြတယ်၊
အိပ်မက်ဟာအနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုကြိုတင်ပြောတဲ့ဟောကိန်းတခုလို့ယူကြတယ်၊
ဒါကြောင့်အိမ်မက် မက်ရင် ဘာများဖြစ်မလဲဆိုပြီး ဟိုမေးဒီမေးလုပ်ကြတယ်
တကယ်တော့ အိမ်မက်ဟာ အတိတ်နမိတ်ကိုဖေါ်ပြတာမျိုးလဲရှိသလို
အတိတ်အနာဂတ် ဘာကိုမျှ နိမိတ်မပြတဲ့ အခါမျိုးလဲရှိတက်ပါတယ်
ကောသလမင်းကြီးမက်တဲ့အိပ်မက်ကတော့ တော်တော်ထူးခြားပါတယ်။ ယနေ့ ခေတ်မှာ ဖြစ်ပျက်နေတာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နိမိတ်သဘောမြင်မက်ခဲ့တာပါ...။
အိမ်မက်နဲ့ပတ်သက်လို့ စိတ်ပညာရှင်များ နဲ့ သိပ္ပံပညာများ အဓိပ္ပါယ်ဖွင့်ဆိုထားတာ
တွေ စာအုပ်တွေအများကြီးရှိပါတယ် ၊ မြန်မာပညာရှင်များက လဲ အိမ်မက် နိမိတ်ဖတ်ကျမ်းဆို
တာတွေပြုစုထားတာရှိပါတယ် ၊
အခုတော့အိမ်မက်နဲ့ပတ်သက်ပြီးကိုယ်တိုင်လေ့လာတွေးခေါ်ထားချက်ကလေးကိုဆွေး
နွေးတင်ပြလိုက်ပါတယ် ( ကိုယ်ပိုင်တွေးခေါ် / ကိုယ်ပိုင် Philisophy )ဆိုပါတော့
          ပထမ အိမ်မက်အကြောင်းမပြောခင်ခန္ဓာ ၅ ပါးရဲ့ အလုပ်လုပ် ပုံကလေးကိုအရင်လေ့
လာကြည့်ရအောင်
၁ - စက္ကုအာရုံ
လူတယောက်ဟာမျက်လုံးနဲ့အရာဝတ္တုတခုခု အဆင်းတခုခုကိုမြင်တယ်ဆိုရင်၊ဦးဏှောက်
ထဲမှာရှိတဲ့ မှတ်ဥာဏ်သိမ်းဆည်းတဲ့နေရာမှာသိမ်းထားလိုက်ပါတယ် ၊ဒီနေရာမှာအခု အိုင်တီခောတ်
မှာသုံးဆွဲနေတဲ့ Memory Card ထဲမှာသိမ်းထားတာမျိုးလို့တော့မဟုတ်ပါ၊
Memory Card  ထဲမှာသိမ်းထားတယ်ဆိုရင် ငယ်ငယ်ကထဲက အခုအထိ မြင်ထားတွေ့ထားတာ
တွေသိမ်းထားရင် ဦးဏှောက်မှာဆန့်မှာမဟုတ်ဘူးနော် )
လူ့ခန္ဓာထဲကသညာက္ခခန္ဓာဆိုတာလဲ ဖြစ်ပြီးပျက်သွားတာပါ မြဲနေတာမဟုတ်ပါဘူး
မှတ်သားစရာရှိသည်ကိုမှတ်သားပြီးပျောက်သွားပါတယ် နောက်အကြောင်းတိုင်ဆိုင်လို့အဆင်းတခု
ကိုမြင်လျှင်ယခင်မြင်ခဲ့ဘူးသောအရာနှင့်တိုက်ဆိုင်စစ်ဆေးပြီးဘယ်အရာဖြစ်တယ်လို့ပြောပါတယ်
နောက်ပြီး
ကိုယ်မြင်ဘူးတွေ့ဘူးတဲ့အရာဝတ္တုကိုဖြစ်စေသက်ရှိလူတယောက်ကိုဖြစ်စေပြန်စဉ်းစား
ပြီး မြင်ကြည့်မယ်ဆိုရင်ရတယ်နော် ဥပမာ ကိုယ့်ချစ်သူရဲ့ မျက်နှာလေးကိုပြန်ပြီးမြင်ကြည့်စမ်းပါ ၊
ပြန်ပြီးမြင်ယောင်လာပါတယ် အဲဒါဘာကြောင့်လဲဆိုတော့  မျက်လုံးကအမြင်အာရုံတခုကိုမြင်လိုက်
တာနဲ့ မှတ်ဥာဏ်ထဲမှာ အဲဒီပုံရိပ်ကိုသိမ်းထားလိုက်လို့ဖြစ်ပါတယ် ၊

02
သောတအာရုံ
          နောက်တခု လူတယောက်ဟာနားနဲ့ အသံတခုခုကိုကြားတယ်ဆိုရင်ဒီအသံကိုမှတ်
ဥာဏ်ထဲမှာသိမ်းထားလိုက်ပါတယ်၊ နောက်တခါဒီအသံမျိုးပြန်ကြားခဲ့ရင် ဒါဟာ ဘာအသံဘဲဆိုတာ
ကိုမှတ်ဥာဏ်ထဲမှာသိမ်းထားတာနဲ့စစ်ဆေးပြိးဒါဟာဘာအသံဘဲ ။ ဘယ်သူ့အသံဘဲလို့ပြောနိုင်
ပါတယ်၊နောက်တခါ အသံတခုတိုက်ဆိုင်ပေါ်ပေါက်လာခြင်းမရှိဘဲနဲ့ ကိုယ့်ဟာကိုပြန်ပြီး ကိုယ်မှတ်
ထားတဲ့အသံကို ပြန်လည်စဉ်းစားပြီးဖေါ်ထုတ်ကြားယောင်မယ်ဆိုရင်လဲရပါတယ် ၊
ငါသူ့ အသံကလေးအခုထိနားထဲကမထွက်ဘူးဆိုတာလေ ၊ ပြန်လည်ထုတ်ယူခံစားနားဆင်ကြည့်
လို့ရပါတယ်

၂ - ဂန္ဓာအာရုံ
နှာခေါင်းက အနံ့ တခုခံစားပြီးရင် အာရုံထဲမှာ မှတ်ဥာဏ်ထဲမှာသိမ်းထားပါတယ်
နောက် တခါ  နှာခေါင်းနဲ့ အနံ့ရဘူးတဲ့ အနံ့တခုကို ပြန်ပြီး စဉ်းစားပြိး ခံစားကြည့် ရှုကြည့်စမ်းပါချစ်သူရဲ့ ကိုယ်နံ့ ကလေး ဒါမှမဟုတ် ရေမွှေးနံ့ တခုတခု  ရမလား 
(  ခက်တယ် မရဘူးထင်တယ် အနံ့တခုကို စတင်ခံစားရလိုက်တာနဲ့ အာရုံကမှတ်ဥာဏ်ကမှတ်ထား
လိုက်တာမှန်တယ် ဒါပေမဲ့ သူက နောက်တခါအဲဒီအနံ့အပြင်မှာဒီအနံ့ မရှိဘဲစဉ်းစားပြီးရှုကြည့်
လို့ အနံ့ ကို ခံစားလို့မရဘူး အဲဒါပေမဲ့ ရေမွေးအနံ့ တခုကိုစမ်းပြိးမွှေးကြည့်မယ်ဆိုရင်တော့ 
သူက ဘာရေမွှေးအမျိုးအစားလဲဆိုတာကို သူ့ မှတ်ဥာဏ်ထဲမှာ သိမ်းထားတဲ့အနံ့ နဲ့တိုက်ဆိုင်စစ်
 ဆေးပြိး ဒါဘာရေမွေးအမျိုးအစားလဲဆိုတာကိုပြောနိုင်တယ်- သိမ်းထားတဲ့ အာရုံထဲမှာ မရှိရင်
သူမသိဘူး ဒီအနံ့  မသိဘူးလို့ပြောမယ် )
 ( ဘာကိုဆိုလိုတာလဲဆိုတော့ ဂန္ဓာအာရုံကိုသိမ်းဆည်းတာနဲ့ပြန်လည်ထုတ်ယူတဲ့နေရာမှာတခြား
အာရုံတွေ့ နဲ့ မတူတာကိုတွေ့ရတယ် )

၃ - ရသာအာရုံ
          စားဖူး သောက်ဖူးတဲ့ အစားအစာတခုရဲ့ အရသာကို တခါစားပြိးရင် အရသာကို မှတ်ဥာဏ်
ကသိမ်းထားပါတယ် ၊
အဲဒီ  သင်စား ဖူးသောက်ဖူးတဲ့ အာဟာရတခုတခုရဲ့ အရသာအာရုံကိုပြန်ပြီးစဉ်းစားပြီးခံစား
ကြည့်လိုရမလား ဥပမာ ဒန်ပေါက် ထမင်းအရသာကို ပြန်ပြိး ခံစား ပြီးစားလို့ရမလား၊ မုန့်ဟင်းခါး
ဖါလူဒါ ရေခဲမုံ့  စတဲ့အစားအစာတွေရရဲ့ အရသာကို ပြန်ပြီး စဉ်းစားပြီးခံစားလို့ရမလား ၊
မရဘူးထင်တယ်နော် ဒါပေမဲ့ သင်ရဲ့ ဦးဏှောက်ထဲက Memory Card ထဲမှာတော့ဒန်ပေါက်အရသာ
ကဘယ်လိုလဲဆိုတာကို သိမ်းထားတယ် ၊ အိုးလူးထားတဲ့ထမင်းကိုဒါန်ပေါက်လို့ ညာပြီးကြွေးရင်
တော့ ဒါ ဒန်ပေါက်မဟုတ်ဘူးလို့ပြောမယ် ။ စားနေကျ မုန့်ဟင်းခါးဆိုင်က လက်ရာပြောင်းသွားရင်လဲ
ဒါ အရင်လက်ရာနဲ့မတူဘူးဘယ်သူချက်တာလဲလို့မေးမယ် - မှတ်ဥာဏ်ထဲမှာ မှတ်ထားတာနဲ့ တိုက်
03
ဆိုင်စစ်ဆေးပြိးတော့ မှ ဒီအရသာ ဟုတ်/ မဟုတ်ကိုတော့ပြောနိုင်တယ် - ဘာမှ မရှိဘဲနဲ့တော့ စဉ်း
စားပြီး အရသာကို မခံစားနိုင်ဘူး
၎ - ဖောဋ္ဌဗ္ဗာအာရုံ ( အတွေ့အထိ )
          နောက်တခု သင်တွေ့ထိခံစားဘူးတဲ့ အတွေ့အထိအာရုံတခုကို စဉ်းစားပြီးပြန်လည်ခံစား
ကြည့်စမ်းပါ ရမလားလို့ ( သိပ်ပြိး ပြန်လည်ခံစားချင်ကြတယ် - ) မရဘူး - ဒါပေမဲ့ ဒီနေရာမှာ
တခုပြောချင်တာက ဖောဋ္ဌဗ္ဗာအာရုံ ဆိုတဲ့ ( အတွေ့အထိ ) ကို Memory Card  ထဲမှာ ဘယ်လို
မှတ်ထားသလဲ မသိဘူး  ခဏခဏ တိုက်ဆိုင်ပြိး စစ်ဆေး ခံစားချင်နေတယ် ( သောက်လေ
သောက်လေ ငတ်မပြေ ) ဆိုသလိုဘဲ ဒီ Memory က ပြန်ပြန် မှတ်ခိုင်းနေတယ် သူမှတ်တာ မပြည့်
စုံဘူတဲ့ ) ဟဲဟဲ ( ဒီအကြောင်းနဲ့ပတ်သက်ပြိးပြောစရာများစွာရှိပေမဲ့လိုရင်းမရောက်မှာဆိုးလို့ချန်ထား
ခဲ့ပါတယ် )
၅ - ဓမ္မာရုံ ( စိတ်ခံစားမှု ) အာရုံ
          နောက်တခု စိတ်ခံစားမှု အာရုံဆိုတာကိုကောဘယ်လိုနားလည်သလဲ 
ဝမ်းသာတဲ့စိတ်ခံစားမှုမျိုး / ၀မ်းသာတဲ့ခံစားမှုမျိုး / စိတ်ဆိုးဒေါသဖြစ်တဲ့ခံစားမှုမျိုး /
ချစ်သူထံက ချစ်တယ်လို့ အဖြေရတဲ့အခါ ၀မ်းသာတဲ့ခံမှုမျိုး - ချစ်သူ နဲ့ ကွဲသွားလို့ ၀မ်းနည်း
တဲ့ခံစားမှု မျိုး  - စားမေးပွဲအောင်လို့ဝမ်းသားတဲ့ ခံစားမှုမျိုး - စာမေးပွဲကျလို့ ၀မ်းနည်းတဲ့ခံစားမှုမျိုး
ကိုယ့်ဆွေမျိုးသားချင်းထဲကတယောက်ယောက် ဆုံးပါးသွားလို့ခံစားရတဲ့ ခံစားမှုမျိုးတွကိုကော
ပြန်လည်စဉ်းစားပြီးခံစားလိုရမလား  - ဒါဒီအကြောင်းတွေးရင် အခုဒေါသတွေဖြစ်လာတယ် -
တွေးတွေးပြီး ၀မ်းနည်းလာတယ် ဆိုတာမျိုးပေါ့  ရပါတယ် သူက ပြန်ပြီး Realize လုပ်ကြည့်လိုက်ရင်
တော့ ပြန်လည်ခံစားလို့ရပါတယ်၊
          တခါတလေ အလိုလိုဝမ်းနည်းနေတယ် - အလိုလိုဝမ်းသာနေတယ် ဆိုတာမျိုးလဲရှိတယ်
အဲဒါတွေကတော့ ကိုယ့်ရဲ့ ခန္ဓာ မှာရှိတဲ့ မျက်စိ - နား -နာခေါင်း- လျှာ - ခန္ဓာကိုယ်အရေပြား ဆိုတဲ့
အာရုံခံလို့ ရတဲ့နေရာတွေနဲ့ အာရုံကို သိမ်းဆည်းပုံ ပြန်လည်ထုတ်ယူပုံတို့ ကို တနေရာနဲ့ တနေရာ
မတူတာကို ပြောပြတာပါ
          ကဲဒါနဲ့ဆက်စပ်ပြီး  ရုပ်ရှင်ရိုက်တဲ့ ကင်မရာ အကြောင်း ပြောရအောင် (ကြားဖြတ်ပြောတာပါ)
လူ့ခန္ဓာကိုယ် ထဲ့  ဦးခေါင်းနဲ့ မှတ်ဥာဏ်တို့အလုပ် လုပ်ပုံကို အတုယူပြီးအမြင်တွေ/အကြားတွေ
အသံတွေ ကိုတွေကို သိမ်းထားလို့ရအောင် ကင်မရာ တို့တိတ်ရီကော်ဒါဆိုတာနဲ့ ရုပ်ရှင်ရိုက်ကင်မရာ
( Movie Camara ) ဆိုတာတွေကိုသိပ္ပံပညာရှင်တွေက တည်ထွင်လာကြပါတယ် ၊
သူတို့ တီထွင်နိုင်တာ က အမြင် နဲ့ အကြား ( အရုပ် နဲ့ အသံ ) ကိုဘဲ သိမ်းထားလို့ရအောင်တီထွင်
နိုင်ကြတယ် ၊ ကျန်တဲ့ အနံ့ အရသာနဲ့ ထိတွေ့မှု တွေကို သိမ်းထားနိုင်တဲ့ ကိရိယာမတီထွင်နိုင်ဘူး
အနံ့ ရီကော်ဒါ အရသာရီကော်ဒါ ၊ ထိတွေ့ခံစားမှု ရီကော်ဒါ မတီထွင်နိုင်ဘူး


04
ဒါကြောင့်ရုပ်ရှင်ကြည့်ရင် ရုပ် နဲ့ အသံဘဲ မြင်ရကြားရတာပေါ့ ( အခုဂျပန်မှာ ဇာတ်ကားတကားကို
ကြည့်ရင် အနံ့ ကိုပါ ခံစားရမယ်လို့ဆိုပြိး တီထွင်နေတာတလောကကြားလိုက်ရတယ် )ထားလိုက်
ပါတော့ ဘယ်လိုထွင်မလဲမသိဘူး
ကဲဆက်ရအောင်
ခန္ဓာကိုယ်က လဲ ဒီလိုဘဲ အနံ့ အရသာ နဲ့ ထိတွေ့မှုအရသာတွေကို သိမ်းထားနိင်
တယ် ဒါပေမဲ့ ထုတ်ပြိးခံစားကြည့်လို့မရဘူး ဒီအချက် ဒီပြဿနာကိုဘဲ သိပ္ပံပညာရှင်တွေ
ဦးဏှောက်ခြောက်နေတာပေါ့ သူတို့လဲထွင်လို့မရဘူး ဒီအချက်ကတူနေတယ်နော်

နိဂုံးချုပ်ရအောင်
          အဲဒီတော့ကျွန်တော်ဘာကိုပြောချင်သလဲဆိုတော့  အိမ်မက်ဆိုတာ ဦးဏှောက် ကကိုယ်
ရိုက်ထားတဲ့ မှတ်တမ်းကို ကိုယ်ပြန်ကြည့်တဲ့အလုပ်ဘဲ ၊ ဒီတော့ အိမ်မက်ထဲမှာ ကိုယ်မှတ်ထားတဲ့
ရုပ်ဝတ္တုပစ္စည်းတွေပါမယ် အသံတွေ ပါမယ်ကိုယ် မှတ်မထားတာတွေမပါဘူး / ဆိုလိုတာက ကိုယ်
မြင်ဘူး တွေ့ဘူး ကြားဘူး တာတွေကလွဲလို့ ကိုယ်မြင်ဘူး မကြားဘူး ခဲ့တာတွေကို အိမ်မက်ထဲမှာ
ထဲပြီးမက်လို့မရဘူး
သင်အအိပ်မက်ထဲမှာမြင်တဲ့ ကြားတဲ့ စိတ်ခံစားချက်တွေအားလုံးဟာသင့်မှာရှိတဲ့
Memory ထဲက လွဲလို့တခြားသင်မမြင်ဘူး မတွေ့ဘူ;မကြားဘူးတာတွေကိုသင့်အိမ်မက်ထဲမှာပေါ်
လာလို့မရပါ ဖလင်ရိုက်ကူးမထားတဲ့အခမ်းကိုရုပ်ရှင်ပြလို့မရသလိုပေါ့
( ဤနေရာတွင် တုံ့ပြန်ဆွေးနွေးရန်အတွက် ကျွန်တော် ဘိတ်ခေါ်ပါသည် )
 ( အဲဒါကျွန်တော့အတွေးအခေါ်ပါ ) 
တခြားအာရုံတွေဖြစ်တဲ့ အနံ့ တို့ အရသာတို့ က ပါဝင်မှအားနည်းနေမယ် ၊
အိမ်မက်ထဲမှာ အနံ့ မပါဘူး အရသာ မပါဘူး ဖောဋ္ဌဗ္ဗာအာရုံ ( အတွေ့အထိ ) ခံစားမှု ပါမယ်
ဒါတွေက အိမ်မက်ထဲမှာပါမဲ့ ၀တ္တုပစ္စည်းတွေ ( Material ) တွေ လေ
နောက် Story ဇာတ်လမ်းဇတ်ကွက်ပါမယ် ဒါအရေးဆုံးဘဲ
ဇာတ်လမ်းဆိုတာကတော့ ကိုယ့်မှာဖြစ်ပေါ်နေတဲ့စိတ်အနေအထားပေါ်မှာမူတည်တယ်
စိတ်ခံစားမှုတခုခု ဘာဖြစ်နေသလဲ ၀မ်းသာမှု ၀မ်းနည်းမှု - ဒေါသဖြစ်မှု - စိတ်မကျေနပ်မှု -
ဘ၀င်မကျမှု - လိုအင်ဆန္ဒ တခုခု ဘာဖြစ်နေသလဲ ၊ အဲဒီစိတ်အခြေအနေတွေအပေါ်မှာမူတည်ပြီး
အိပ်မက်ထဲမှာ ကိုယ်ဖြစ်ချင်တာကို အကောင်အထည်ဖေါ်တာကိုလဲဖြစ်နိုင်ပါတယ် ၊
စိတ်ပညာဆရာဝန်များက ဝေဒနာရှင်တဦးကို ကုသတဲ့အခါမှာ သူတို့မကြာခဏမက်လေ့
ရှိတဲ့ အိပ်မက်များကို မေးမြန်းလေ့ရှိပြီး ဝေဒနာရှင်ဟာ ဘယ်လိုစိတ်ဝေဒနာကို ဘာကြောင့်ခံစားရ
တယ်ဆိုတာ သုံးသပ်နိုင်တဲ့အတွက် ရောဂါရဲ့ဇစ်မြစ်ကိုရှာဖွေနိုင်တယ်လို့ဆိုပါတယ် ၊
အဲဒီတော့ နိဂုံးချုပ်လိုက်ရင် အိမ်မက်ဆိုတာ ကိုယ်စိတ်ဆန္ဒမှာ ဖြစ်ချင်တာတွေ အလိုမကျ
မှုတွေကို ကိုယ်သိမ်းဆည်းထားတဲ့ဝတ္တုပစ္စည်းတွေ (ဇာတ်ကောင်တွေနဲ့ ) ပူးပေါင်းပြီးကိုယ်တိုင်ရိုက်
ကူးကြည့်တဲ့ရုပ်ရှင်တကားဘဲဖြစ်ပါတယ် ၊
          ဒီတော့ အိမ်မက် မက်ရင် ဘာဖြစ်မလဲ လို့ တောင်တွေးမြောက်တွေးမနေဘဲနဲ့ 
ကိုယ်စိတ်ကိုယ်ပြန်စစ် ငါဘာဖြစ်ချင်နေသလဲ ၊ ငါဘာကိုအလိုမကျဖြစ်နေသလဲ အဲဒါတွေအဖြေ
ထုတ်လို့မရ ရင် ဒီအိမ်မက်က သာမန် ရိုးရိုးအိမ်မက်လို့သာ သဘောထားလိုက်ပါ
အိမ်မက်အပေါ်အလွန်အစွဲအလန်းကြီးနေသူများ အိမ်မက် ( Crazy ) ဖြစ်နေသူများအိမ်မက်ဝေဒနာ
မှပျောက်ကင်းကြပါစေ

မှတ်ချက်  - ဗုဒ္ဓကမ္ဘာမှ ဓမ္မမိတ်ဆွေများအတွက် ဤဆောင်းပါသည် အာရုံ ၆ ပါး နှင့် သညာက္ခခန္ဓာ
                အလုပ် လုပ်ပုံကို သဘောပေါက်အောင်လေ့လာလျှင် ငါ လုပ်နေတာမဟုတ် ခန္ဓာ ၅ ပါး
                သူ့အလုပ် သူလုပ်နေတာ ဟု သိမြင်လာလျှင် ငါဆိုတဲ့ သက္ကာယ ဒိဋ္ဌိ ကင်းစင်နိုင်ပါသည်
                အိမ်မက်ကို စွဲလန်းနေသော ဥပါဒ်ဒါန် လဲ ပျောက်ကင်းနိုင်ပါသည်
မောင်သုည

Thursday 26 April 2012

ခံစားနားဆင် အနှစ် ၂၀ တေး ( ၂)

ဒီသီချင်းကလေးက  လွန်ခဲ့တဲ့ အနှစ် ၂၀ တောင် ကျော်ပါပြီ
နမ်းပြီး မှ နှုတ်ဆက်သွားပါ တဲ့ ခံစားနားဆင်ကြည့်ပါနော်
Kiss Me Goodbuy   (  Petula Clark

 


We choose it  win or lose it
အကောင်းလား အဆိုးလား ဘာဘဲဖြစ်ဖြစ်တခုခုတော့ဒို့ရွေးရမှာဘဲ
Love is never quite the same
အချစ်ဟာ အမြဲတမ်း ထပ်တူတော့မဖြစ်နိုင်ဘူး
I Love you Now I  have lost you
ငါမင်းကို အခုချစ်နေပေမဲ့ အခု ငါ ဆုံးရှုံးလက်လွှတ်လိုက်ရတော့မယ်လေ
Don’t feelbad ,  you are not to blame me
သိပ်လဲ အဆိုးကြီးမခံစားပါနဲ့ - မင်း လဲ ငါ့ကိုအပြစ်မတင်ပါနဲ့
So kiss me goodbye and I'll try not to cry
ဒါကြောင့် မင်းငါ့ကို နမ်းပြီးနှုတ်ဆက်လိုက်ပါ - ငါ မငိုမိအောင်ကျိုးစားပါ့မယ်
All the tears in the world won't change your mind
ကမ္ဘာပေါ်မှာရှိတဲ့မျက်ရည်တွေအားလုံတောင် မင်းရဲ့ စိတ်ကိုပြောင်းလဲနိုင်မှာ မှ မဟုတ်တာ
There's someone new and she's waiting for you
မင်းကို အသစ်တယောက်စောင့်နေတယ် နော်
Soon your heart will be leaving me behind
မကြာခင်မင်း မင်းရဲ့အသဲနှလုံးဟာ ငါ့ကိုကျောခိုင်းသွားတော့မှာပါ
Linger awhile, then I'll go with a smile
မခွဲချင်ခွဲချင်နဲ့ နောက်ဆုံးတော့ ငါ အပြုံးနဲ့ နောက်ဆုတ်ပေးမှာပါ
Like a friend who just happened to call
နောက်ကိုတော့ သူငယ်ချင်းလိုဘဲ ဆက်ပြီး ခေါ်ရတော့မှာပေါ့
For the last time pretend you are mine
နောက်ဆုံးအနေနဲ့ မင်းစိတ်ကိုဟန်ဆောင်လိုက်စမ်းပါ
အချစ်ရယ်  မင်းငါ့ကို နမ်းပြိး နှုတ်ဆက်သွားပါနော်
My darling, kiss me goodbye   My darling, kiss me goodbye
နမ်းပြိး မှ နှုတ်ဆက်သွားပါ နော် အချစ်ရယ်
I Know  now  I must go now  - Though my  heart  wants  me to stay
ငါသိပါတယ် ငါ့ နှလုံးသားက ဘယ်လိုဘဲနေချင်ပေမဲ့ ငါ ခွဲကို ခွဲခွါသွားရမှာပါ
That girl is your tomorrow
အဲဒီ မိန်းခလေးက မင်းရဲ့မနက်ဖြန်လေ
I belong  to yesterday
ငါကတော့ မင်းရဲ့  မနေ့ကပေါ့
So kiss me goodbye and I'll try not to cry
အချစ်ရယ်  မင်းငါ့ကို နမ်းပြိး နှုတ်ဆက်သွားပါနော်
ငါမငို မိအောင်ကျိုးစားပြီးနေ ရစ်ခဲ့ပါမယ် အချစ်ရယ်
All the tears in the world won't change your mind
There's someone new and she's waiting for you
Soon your heart will be leaving me behind
Linger awhile, then I'll go with a smile
Like a friend who just happened to call
For the last time pretend you are mine
My darling, kiss me goodbye   My darling, kiss me goodbye

နောက်တပုဒ်ကတော့ မြန်မာသီချင်းကလေးပါ သူလဲ အနှစ်  ၂၀ ကျော်ပါပြီ

လားရှိုးသိန်းအောင် သီဆိုတားတဲ့  နုတ်မဆက်နဲ့ ငိုချင်တယ်  တဲ့
ခံစားနားဆင်ကြည့်ပါနော်

 

အလွမ်းသီချင်းကြိုက်တဲ့
မောင်သုည

Sunday 22 April 2012

ခံစားနားဆင် အနှစ် ၂၀ တေး



ဒီသီချင်းကလေးက ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က သီချင်းလေးပါ
ပြန်လည်ခံစားကြည့်ရအောင်နော်

ငါမင်းကိုဒီမှာစောင့်နေပါတယ်နော် တဲ့



Oceans apart day after day And I slowly go insane
I hear your voice on the line But it doesn't stop the pain
If I see you next to never How can we say forever

Wherever you go
Whatever you do
I will be right here waiting for you Whatever it takes
Or how my heart breaks
I will be right here waiting for you

I took for granted, all the times , That I thought would last somehow
I hear the laughter, I taste the tears But I can't get near you now

Oh, can't you see it baby - You've got me going crazy

Wherever you go
Whatever you do
I will be right here waiting for you

Whatever it takes - Or how my heart breaks
I will be right here waiting for you

I wonder how we can survive
This romance - But in the end if I'm with you
I'll take the chance

Wherever you go
Whatever you do
I will be right here waiting for you

Whatever it takes - Or how my heart breaks
I will be right here waiting for you
Waiting for you

နောက် တပုဒ်ကတော့ အခုနောက်ပိုင်းမှ ပေါ်လာတာပါ
သံစဉ် က ပထမ တော့ ဆင်သလို လိုဘဲ နော် ခံစားကြည့်ပါလား
 ငါအိုသွားခဲ့ရင်  တဲ့











မောင်သုည

Monday 9 April 2012

တရားထိုင်ရန်

သင်္ကြန်တွင်း မိမိနေအိမ်တွင် မိမိအစီအစဉ်ဖြင့်တရားအားထုတ်လိုသူများအတွက်

အလုပ်ပေးတရားတော်များ

( အောက်ပါတရားများကို ( Download ) ယူပြီးနောက် မိမိတို့ နှစ်သက်ရာ အချိန်
သတ်မှတ်၍ တရားနာ တရားထိုင်နိုင်ပါ ၊


မနက်ပိုင်း

၁- ပထမသီလယူပါ
၂- တဆက်ထည်း ဒိဋ္ဌိပြုတ်တရား ကိုဆက်နာပါ
၃- တနာရီ နားပြီးနောက် အထိုင်တရားကိုဖွင့်၍တရားထိုင်ပါ ၊


ညပိုင်း

၁ - ဒိဋ္ဌိပြုတ်တရားတပုဒ်နာပါ
၂ - နာရီဝက်နားပြိး အထိုင်တရားကိုဖွင့်၍ တရားထိုင်ပါ

( Download ) ယူရန်တရားများ

၁ - သီလပေး

သင်္ကြန်တွင်း မိမိနေအိမ်တွင် မိမိအစီအစဉ်ဖြင့်တရားအားထုတ်လိုသူများအတွက်

အလုပ်ပေးတရားတော်များ

( အောက်ပါတရားများကို ( Download ) ယူပြီးနောက် မိမိတို့ နှစ်သက်ရာ အချိန်
သတ်မှတ်၍ တရားနာ တရားထိုင်နိုင်ပါ ၊


မနက်ပိုင်း

၁- ပထမသီလယူပါ
၂- တဆက်ထည်း ဒိဋ္ဌိပြုတ်တရား ကိုဆက်နာပါ
၃- တနာရီ နားပြီးနောက် အထိုင်တရားကိုဖွင့်၍တရားထိုင်ပါ ၊


ညပိုင်း

၁ - ဒိဋ္ဌိပြုတ်တရားတပုဒ်နာပါ
၂ - နာရီဝက်နားပြိး အထိုင်တရားကိုဖွင့်၍ တရားထိုင်ပါ

( Download ) ယူရန်တရားများ

၁ - သီလပေး

သင်္ကြန်တွင်း မိမိနေအိမ်တွင် မိမိအစီအစဉ်ဖြင့်တရားအားထုတ်လိုသူများအတွက်

အလုပ်ပေးတရားတော်များ

( အောက်ပါတရားများကို ( Download ) ယူပြီးနောက် မိမိတို့ နှစ်သက်ရာ အချိန်
သတ်မှတ်၍ တရားနာ တရားထိုင်နိုင်ပါ ၊


မနက်ပိုင်း

၁- ပထမသီလယူပါ
၂- တဆက်ထည်း ဒိဋ္ဌိပြုတ်တရား ကိုဆက်နာပါ
၃- တနာရီ နားပြီးနောက် အထိုင်တရားကိုဖွင့်၍တရားထိုင်ပါ ၊


ညပိုင်း

၁ - ဒိဋ္ဌိပြုတ်တရားတပုဒ်နာပါ
၂ - နာရီဝက်နားပြိး အထိုင်တရားကိုဖွင့်၍ တရားထိုင်ပါ

( Download ) ယူရန်တရားများ

၁ - သီလပေး ( မိုးကုတ်ဆရာတော်ဘုရားကြီး )







၂ - တရားနာ ( ဦးကျော်စိန် ) ဒိဋ္ဌိပြုတ်တရား )






၃ - အထိုင်တရားများ ဦးကျော်စိန်






4 - တရားနာ ( ဒိဋ္ဌိပြုတ်တရား ) ဦးသုမင်္ဂလ







5 - အထိုင်တရားများ ( ဦးကျော်စိန် အလုပ်ပေး )







ာဒုတိယနေ့အတွက်ဆက်လက်ပေးပြိ့ပါမည်

မောင်သုည

Sunday 8 April 2012

ကျွန်တော်ကြိုက်သော ကိုသန်းလှိုင်သီချင်းများ

၁ - သည်နွေမိုးဆောင်းပြောင်းသော်လည်း - ကိုသန်းလှိုင်








မောင်သုည

Friday 6 April 2012

သင်္ကြန်မိုးဇာတ်ကားမှ သီချင်းများ

သင်္ကြန်မိုးဇာတ်ကားမှ သီချင်းများ







မောင်သုည

Wednesday 4 April 2012

ဟိုတုန်းကသင်္ကြန်သီချင်းများ ၃

ဟိုတုန်းကသင်္ကြန်သီချင်းများ ၃










မောင်သုည