Friday 27 July 2012
ကြည့်တက်ရင်မြင်ပါတယ်
ကြည့်တက်ရင်မြင်ပါတယ်
ဆီမီးခွက်ကလေး လင်းလာတယ် ဆီမီးခွက် တခွက် ထွန်းညှိလိုက်တယ်ဆိုပါတော့ ဘာဖြစ်သွားလဲ ? မီးလင်းလာတယ် -- လို့ပြောမှာပေါ့ ဆီမီးခွက်ကလေးထွန်းလိုက်လို့ မီးလင်းလာတာဘဲ လို့သိတာဟာသာမန်အသိ လူဗိန်းအသိ လို့ဆိုရပါမယ် ၊ တရားအသိ အမြင်မှန်အသိကမဟုတ်သေးပါ ကြည့်တက်ရင်မြင်ပါတယ် အမြင်မှန်အသိတရားအသိက ဒီလိုပါ ဆီမီးခွက်ကလေးမီးထွန်းလိုက်တော့ နောက် ဘာတွေဖြစ်လာသလဲ တွေးကြည့်လိုက်ပါ ၁ - မီးမထွန်းခင်တုန်းက ဘာဖြစ်နေလဲ မှောင်နေတယ် ဒါဖြင့် အမှောက်ပျောက်ပြိး အလင်းရောက်အောင်လုပ်လိုက်တယ် ၂ - နောက် လောင်ဆာ ကြိုးကလေး တဖြေးဖြေး တိုတို သွားတယ် ၃ - နောက် ခွက်ထဲက ဆီလဲ တဖြည်းဖြည်းခမ်း ခမ်း - လာတယ် ၄ - နောက်ကော ဘာဖြစ်သေးသလဲ ဒီအချက်က တွေးမှ သိတဲ့ အသိ ပါ အခုလင်းနေတဲ့အလင်းက စောစောက ( လွန်ခဲ့တဲ့ မိနစ်ပိုင်း လောက်က ) လင်းနေတဲ့ အလင်းလား နောက် အလင်းလား ) မဟုတ်ဘူး နောက်အစားထိုးတဲ့အလင်း - လွန်ခဲ့တဲ့ မိနစ်ပိုင်းကအလင်းဆိုကထဲကလွန် သွားပြီ မရှိတော့ဘူး ဒါနောက် အစားထိုးတဲ့အလင်း ) အလင်းဆက်နေတယ်လို့ထင်နေတာ အမှန်တော့ ပထမ အလင်းပျက်ပြီး မှနောက်အလင်း အစားထိုးပြီးလင်းနေတာ ဒီတော့ တွေးကြည့်လိုက်ပါ ဆီးမီးခွက်ကလေး လင်းလာတာဟာ ၁ -အမှောက်ပျောက်ပြိးအလင်းပေးတာလဲ ဒီဆီမီးဘဲ ၂ -မီးဆာတိုသွားအောင်လုပ်တာလဲ ဒီမီးဘဲ ၃ - ဆီကိုခမ်းစေတာလဲ ဒီမီးဘဲ ၄ - ရှေ့အလင်းပျောက်ပြီး နောက်အလင်းအစားထိုးနေတာလဲ ဒီ ဆီမီးဘဲ သစ္စာ ၄ ချက် ဆိုတာလဲ ဒီတိုင်းဘဲ ၀ိပဿနာတရားအားထုတ်သူသည် ခန္ဒာကိုဥာဏ်ဖြင့်စောင့်ကြည့်နေသောခဏ၌ ဆီမီးခွက်လင်းနေသောဥပမာနှင့်တူသည် ။ (အခု ငါသည် လွန်ခဲ့ မိနစ်ပိုင်းက ငါလား လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ငါလား မဟုတ်ဘူး အဲဒါတွေက လွန်သွားပြီး ပျက်သွားပြီး နောက်ထက်အစားထိုးပြီး ဖြစ်လာနေတဲ့ ငါဘဲ ဆက်နေတယ်လို့ထင်ရတာတခုပျက်ပြီး တခုအစားထိုးနေတာဘဲ ) အလင်းဆက်နေတာ ခန္ဒာစစ်ကိုမြင်လိုက်ပြီးနောက် ထိုပေါ်လာသော ခန္ဒာ ပျက်သွားသည်ကိုမြင်လိုက်သည်ဆိုပါစို့၊ ထိုခဏကလေးသည် သစ္စာ ၄ ပါး တပြိုင်နက် ဆိုက်လိုက်ခြင်းဖြစ်သည်၊ ၁ - ဖြစ်ပျက်မြင်တာသည် ဒုက္ခသစ္စာကိုမြင်တာဖြစ်သည်၊ ခန္ဒာကိုဥာဏ်ဖြင့်ရှုနေသောအချိန်တွင် ထိုပေါ်နေသောစိတ်ပေါ်နေသောအတွေး ကို ရှုဥာဏ်ကကြည့်နေသဖြင့် နောက် က လာရန်စောင့်နေသော အတွေးကိုခံစားမယ် ဆိုတဲ့ တဏှာ ( သမုဒယ ) မလာနိုင်ဘဲ ဖြစ်နေသည် ၊ ( မှတ်ချက် ရှုဥာဏ်ဆိုတဲ့ ခန္ဒာပေါ်နေခိုက် နောက်ထပ် ခန္ဒာတခုလာလို့မရပါ ) ၂ - နောက်ခန္ဒာမလာတာ သမုဒယသစ္စာ ပါယ်နေတာ ထိုသို့ ခန္ဒာအဖြစ်အပျက်ကိုမြင်နေုခိုက်တွင် နောက်ထပ်လာရန်ရှိသောခန္ဒာတခုမလာနိုင်ဖြစ်နေပါတယ် သမုဒယသစ္စာ မ၀င်နိုင်ဖြစ်နေလို့ သမုဒယသစ္စာပါယ်ပြီးဖြစ်နေတာပါ ၃ - ထိုသို့ ခန္ဒာစစ်ကိုမြင်အောင်အားထုတ်နေခြင်းသည်၊အားစိုက်ကြည့်နေလို့ဖြစ်တယ် မဂ်အကျင့် - ကျင့်နေသောကြောင့်ဖြစ်၏ ( မဂ္ဂသစ္စာဆိုက်နေတာဖြစ်ပါတယ် ) ၄ - နောက် ခန္ဒာ မလာဘဲ ဒီအတိုင်းသာဆက်ဖြစ်နေတယ်ဆိုရင် ခန္ဒာ ပျောက်နေသည် ခန္ဒာ မရှိဖြစ်နေသည် - ခန္ဒာ မရှိတာ နိဗ္ဗာန် (ခဏနိဗ္ဗာန်) ဆိုက် နေတော့သည် သစ္စာ ၄ ချက် တပြိုင်တည်းဆိုက်နေလေတော့သည် မိမိခန္ဓိာကိုယ်ကို လဲ ဒီလိုဘဲကြည့်ပါ ကြည့်သောသူသည်မြင်သည် သစ်ပင်အောက်မှာထိုင်နေရင်း သစ်ရွက်ကလေးတွေကြွေကျလာတာကိုကြည့်ပြိး ရဟန္တာဖြစ် သွားတာကိုကြားဖူးကြမှာပါ သာမန်လူတယောက်အနေနဲ့ကတော့ သစ်ရွက်ဘဲ လေတိုက်ရင်ကြွေမှာပေါ့ လို့ဆိုမှာပါ ခန္ဓာကိုယ် ရဲ့ ဒုက္ခသဘော အနိစ္စသဘော အနတ္တသဘောကို အမြဲရှုနေတဲ့လူတယောက် အနေနဲ့တော့ သစ်ပင် သစ်ရွက် ပန်းပွင့်ကလေးတွေဟာ အပင်ပေါ်မှာတော့ စိမ်းစိမ်းလန်းလန်းနဲ့ လှပတင့် တယ်ပေတယ် - ဒါပေမဲ့ အဖြေးဖြေး စိမ်းရာမှ ၀ါ - ၀ါရာမှာ ညို - ညိုရာမှာ ရော် ပြီး လေက တချက်အဝှေ့မှာ သူလဲ မြေသို့ ကြွေကျ ပျက်ဆီး သွားရပါတကား ငါ့ခန္ဒာ ကိုယ်သည်လဲ ဟိုအရင် နုပျို စဉ်ကလို လှပကြော့ရှင်တင့်တယ်နေရာက - တဖြေးဖြေး အသားအရည်တွေ တွန့်လာတယ် - အိုလာတယ် - နာလာတယ် - မအိုပါ နဲ့လို့ တားထားလို့မရ ( ငါဖြစ်စေချင်တဲ့အတိုင်းမဖြစ် - )သူ့သဘောအတိုင်းဖြစ်နေတာ ပါလား - တနေ့ ကျရင် သစ်ရွက်ကလေးတွေလိုဘဲ မြေခ- ကြွေကျရမှာပါလား ဆိုပြီး ခန္ဒာကိုယ်ကို ၀ိပဿနာဥာဏ်နဲ့ ရှု လိုက်လို့ တရားအမြင် ရှိသွားတာဖြစ်ပါတယ် ရှုတက်ရင်မြင်ပါတယ် ယခင်ဆောင်းပါးဖြစ်တဲ့ သစ္စာ ၄ ပါး အပေါ် တွင် ပညာ သိ နှင့် သညာ သိ ၇ဲ့ အဆက်ဖြစ်ပါတယ် မောင်သုည
Wednesday 18 July 2012
အာဇာနည် သတိရှိဘို့လိုမယ်
လူ့အဖွဲ့အစည်းတခုမှာဖြစ်ဖြစ်၊ နိင်ငံတနိုင်ငံမှာဖြစ်ဖြစ် ။အရည်အချင်းရှိပြီး ဦးဆောင်နိုင်တဲ့သူတယောက်ပေါ်လာရင်၊အဲဒီလူကိုနေရာမပေးချင်ဘူး၊သူ့ပညာ သူ့ရဲ့အရည်အချင်းတွေဖေါ်ထုတ်ခွင့်မရနိုင်အောင်ပိတ်ပင်ထားချင်ကြတယ်၊ တနည်းနည်းနဲ့ဖယ်ရှားပြစ်ချင်တယ်၊နောက်ဆုံးတော့လုပ်ကြံသတ်ဖြတ်ပြီး-ဖျောက် ဖျက်လိုက်ချင်ကြတယ်၊ ဒီလိုအဖြစ်မျိုးကိုကျွန်တော်တို့မြန်မာနိုင်ငံမှာ၊မြန်မာလူမျိုးတွေအကြားမှာ သမိုင်းအဆက်ဆက်မှာတွေ့ကြုံခဲ့ရတာတွေအများကြီးရှိတယ်- သူတည်းတယောက်ကောင်းဘို့ရောက်မူ - သူတယောက်မှာ-ပျက်လင့်ကာတာ ဓမ္မတာတည်း လို့ ဆိုခဲ့တဲ့အနန္တသူရိယ အမတ်ကြီးတို့လက်ထက်ကစပြီး - ကနောင်မင်းသာတို့လက်ထက်အထိဘဲ အခု ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ - အရည်အချင်းရှိတဲ့သူတွေ-တိုင်းပြည်ကို ဦးဆောင်ပေးနိုင်တဲ့သူတွေကို-သတ်ဖြတ်ဖျောက်ဖြတ်ပစ်လိုက်တာဟာနောက်ဆုံး သာဓကတခုဘဲ - ဘယ်သူ့ကိုအပြစ်ဘို့မလဲ - တရားခံကိုဘယ်လိုရှာမလဲ လူကိုမကြည့်ဘဲ - လူကိုအာဂါတ မထားဘဲ မူကိုကြည့်ပြီးပြောမယ်ဆိုရင် ကျွှန်တော်တို့နိုင်ငံဟာနယ်ချဲ့စံနစ်-ကိုလိုနီစံနစ်-ဖက်စစ်စံနစ်တွေရဲ့အောက်မှာ နှစ် ပေါင်းရာနဲ့ချီပြီးကျရောက်ခဲ့တယ်-အဲဒီစံနစ်တွေရဲ့ဆိုးကျိုးတွေကြောင့်ဘဲလိုဆိုရမယ် မယ် -အဲဒီ စံနစ်ရဲ့ဆိုးကျိုးအမွေတွေကိုဒို့ဆက်လက်ပြီးယူထားကြသလား ဆိုတာကို ပြန်လည်သုံးသပ်ကြည့်ဘို့လိုမယ် - ကဲအခုဘာလုပ်ကြမလဲ - ဘာကိုသင်ခန်းစာယူကြမလဲ - ကိုယ့်တိုင်းပြည်မှာ - ကိုယ်လူ့အဖွဲ့အစည်းတခုအတွင်းမှာ အရည်အချင်းရှီတဲ့သူ တွေပေါ်လာပြီဆိုရင် -- အရည်အချင်းတွေဖေါ်ထုတ်ခွင့်မရအောင်-ပိတ်ဆို့ထားချင်ကြ သလား နေရာမရအောင်လုပ်ချင်ကြပြီလားတနည်းနည်းနဲ့ဖျောက်ဖျက်အောင်ကျိုးစား နေချင်ကြသလား - ပြန်ပြီးသုံးသပ်ကြပါ သတိရှိရမယ် သတိထားနေရမယ်- ပေါ့ပေါ့ဆဆတော့နေလို့တော့ မဖြစ်ဘူး -အာဇာနည် သတိရှိဘို့လိုမယ်လို့ပြောချင်ပါတယ် ဗိုလ်ချုပ်ကိုလဲ - သတိပေးခဲ့တယ်လို့ဆိုတယ် ကျုပ်ကိုအခုချိန်မှာလုပ်ကြံမဲ့သူ ဘယ်သူမှရှီိမှာမဟုတ်ဘူးလို့ပေါ့ပေါ့ဘဲတွေးခဲ့တယ် ဆိုတယ် ဘာဘဲဖြစ်ဖြစ် အာဇာနည်သတိ ရှိဘို့တော့လိုမယ် မောင်သုည
Friday 6 July 2012
ရှေးခောာတ်ဟောင်းအောင့်မေ့ဘွယ်
မြန်မာ့ဇာတ်သဘင်ပြန်လည်ဖေါ်ထုတ်မှုအစီအစဉ်
ရွှေမန်းသဘ င် -ခောတ်လေးခောတ် အက - ၀င်းဗိုလ် 
သစ္စာလေးပါးအပေါ်၌ သညာသိ နှင့် ပညာသိ
        အကြင်သူသည်တိုင်တလုံးမှ မပါဘဲ အိမ်ဆောက်ခဲ့သည်ဟုဆိုလျှင်ယုံနိုင်စရာမရှိ၊
ငါ မင်းမောနေလို့ ဇီးဖြူရွက်နှင့်ရေထုပ်လာခဲ့သည်ဟုဆိုလျှင်ယုံနိုင်စရာမရှိသကဲံ့သို့ 
သစ္စာ လေးပါ မသိဘဲနှင့် နိဗ္ဓာန်ကိုမျက်မှောက်ပြုခဲ့သည် ဆိုလျှင်မဖ်ြစနိင်၊ယုံနိုင်စရာ မရှိဟုဆိုပါသည် ၊
သစ္စာလေးပါဆိုတာဘာလဲ
၁ - ဒုက္ခသစ္စာ - ဆင်းရဲခြင်းအမှန်တရား ပဋိသန္ဓေနေခြင်းဆင်းရဲ- အိုခြင်းဆင်းရဲ-နာခြင်းဆင်းရဲ- သေခြင်းဆင်းရဲ- မချစ် မနှစ်သက်သူနှင့်အတူယှဉ်တွဲနေရခြင်းသည်ဆင်းရဲ ချစ်ခင်နှစ်သက်သူနှင့်ကွေကွင်းရခြင်းသည်ဆင်းရဲ တောင့်တတိုင်းမရခြင်းဆင်းရဲ
၂- သမုဒယသစ္စာ - ဆင်းရဲဖြစ်ကြောင်းအမှန်တရား ထိုထိုအာရုံကာမဂုဏ်တို့ ၌ကျက်စားတက်သောတဏှာ အဆင်း၊အသံအနံ့ ၊အရသာ၊အတွေ့ စသည့်ကာမဂုဏ်တို့ကိုတပ်မက်သည့် ကာမတဏှာ ဘ၀သည်မြဲသည်ဟုသဿတဒိဋ္ဌိနှင့်ယှဉ်၍သာယာသော ဘ၀တဏှာ ဘ၀သည်ဖြတ်သည်ဟု ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်၍သာယာသော ၀ိဘ၀တဏှာ ထိုတဏှာတို့သည် ဘ၀သစ်ကိုအဖန်ဖြစ်စေတက်သော သမုဒယသစ္စာမည်၏
၃ - မဂ္ဂသစ္စာ - ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန်မြတ်နိဗ္ဗာန်သို့ဆိုက်ရောက်ရာအကျင့်ကောင်း အကျင့်မှန်တရား ထိုအကျင့်တရားသည် မဂ္ဂင်ရှစ်ပါးဖြစ်၏ (၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်) (၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ) (၃) သမ္မာဝါစာ (မှန်သောစကား) (၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ) (၅) သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း) (၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း) (၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း) (၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း) ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့်လမ်း(မဂ္ဂ) ဖြစ်သည်။
 ၄ - နိရောဓသစ္စာ - တဏှာတို့၏ချုပ်ရာ ( ငြိမ်းအေးရာအမှန်တရား ) လောကတဏှာကိလေသာကိုပါယ်ဖျောက်ခြင်းစွန့် လွှတ်ခြင်း ကျွတ်ကျွတ်လွတ်လွတ်-လွတ်မြောက်ခြင်းသည် နှိဗ္ဗာန်ချမ်းသာဖြစ်၏ ဟော အခု သစ္စာ ၄ ပါးဆိုတာ ကိုတွေ့ပါပြီ ၊ စာထဲမှာပါ အလွတ်ကျက်လိုက်ရင်လဲရနိုင်ပါသည်၊ ပြောပြပါဆိုလျှင် ပြန်ရွက်လိုက်နိုင်ပါပြီ ၊ ထိုသူသည် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပြီလား ၊ စာထဲကအသိက နိဗ္ဗာန်မျက်မှောက်မပြူနိုင်ပါ ၊ မှတ်တမ်းကိုပြန်ဖတ်ပြတာဘဲဖြစ်နိုင်ပါသည် သညာသိ ကျက်မှတ်လို့သိတဲ့အသိ ပညာသိဟုဆိုနိုင်ပါသည်၊ထိုအသိသည် အကျိုးမများနိုင်ပါ၊ ထိုထွင်းအသိ ၊ ပညာသိမှ အကျိုးများနိုင်ပါသည် ၊နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါမည်၊ ဘယ်လိုထိုးထွင်းသိရမလဲ၊ သစ္စာ ၄ ပါးဆိုတာ ဂဏန်းနဲ့ အမှတ်စဉ်ထိုးပြိး ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ဟုဆိုပြနေရသည် အမှန်တော့ ခန္ဒာစစ်ကိုဥာဏ်နှင့် မြင်နိုင်လျှင် ထိုခန္နာ၏ဖြစ်ခြင်းနှင့်ပျက်ခြင်းကိုဥာဏ်ဖြင့်မြင်အောင်ကြည့်နိုင်လျှင် သစ္စာ ၄ ပါး သည် တပြိုင်ထဲ ပေါ် လာတော့သည် ၊ ခန္ဒာကို ဥာဏ်ဖြင့်ထိုးထွင်းကြည့်တက်ဘို့သာလို ပါသည်၊ ၀ိပဿနာတရားအားထုတ်သူသည် ခန္ဒာကိုဥာဏ်ဖြင့်စောင့်ကြည့်နေစဉ်တွင်ခန္ဒာစစ်ကိုမြင် လိုက်ပြီးနောက် ထိုပေါ်လာသော ခန္ဒာ ပျက်သွားသည်ကိုမြင်လိုက်သည်ဆိုပါစို့၊ ထိုခဏကလေးသည် သစ္စာ ၄ ပါး တပြိုင်နက် ဆိုက်လိုက်ခြင်းဖြစ်သည်၊
 ၁ - ဖြစ်ပျက်မြင်တာသည် ဒုက္ခသစ္စာကိုမြင်တာဖြစ်သည်၊
 ၂ - နောက်ခန္ဒာမလာတာ သမုဒယသစ္စာ ထိုသို့ ခန္ဒာအဖြစ်အပျက်ကိုမြင်နေုခိုက်တွင် နောက်ထပ်လာရန်ရှိသောခန္ဒတခုမလာနိုင် ဖြစ်နေ၏ သမုဒယသစ္စာ မ၀င်နိုင်ဖြစ်နေ၍ သမုဒယသစ္စာပါယ်ပြီးဖြစ်နေ၏
 ၃ - ထိုသို့ ခန္ဒာစစ်ကိုမြင်အောင်အားထုတ်နေခြင်းသည်၊( မဂ္ဂသစ္စာဖြစ်၏ ) ဖြစ်ပျက်မြင်အောင်အားထုတ်နေခြင်းသည်၊ (၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်) (၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ) (၃) သမ္မာဝါစာ (မှန်သောစကား) (၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ) (၅) သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း) (၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း) (၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း) (၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း)
ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့် မဂ္ဂသစ္စာ အကျင့် ကိုကျင့်နေခြင်းကြောင့် ဖြစ်သည်၊
၎ - နောက်ခန္ဒာ တခုမလာဘဲဖြစ်နေသောအခိုက်မတန့်သည်၊ ခန္ဒာမရြှိဖစ်နေသော ကြောင့် နိရောဓသစ္စာ ဆိုက်ရောက်နေခြင်းဖြစ်သည် ( ခန္ဒာမရှိတာ နိဗ္ဓာန် ) ဖြစ်ပျက်က သစ္စာ - ဒုက္ခသစ္စာ သေတာက သမုဒယသစ္စာ သိတဲ့ဥာဏ်က - မဂ္ဂသစ္စာ နောင်ခန္ဒာမလာတာက နိရောဓသစ္စာ ထို့ကြောင့် ၀ိပဿနာရှု၍ခန္ဒာစစ်၏ဖြစ်မှုကိုမြင်လျှင် သစ္စာ ၄ ချက်တပြိုင်ထဲဆိုက်ပါသည်၊ ထိုအသိမှသာလျှင် ပညာသိ၊ ထိုးထွင်းသိဖြစ်ပါသည်၊
 မောင်သုည