Thursday 30 August 2012
အဘိုးပြောတဲ့ ရာဇ၀င်ပုံပြင် ( အပိုင်း ၁ )
အဘိုးပြောတဲ့ ရာဇ၀င်ပုံပြင် ( အပိုင်း ၁ )
သီရိခေတ္တရာပြည့်ရှင်မလေး ဘေဒါရီ
” အဘိုး ဒီသီချင်းက ဘာတွေလဲဟင် သမင်မကလေးက ခလေး  မွေးလာတာလား
သူ့နံမယ်က ဘေဒါရီ တဲ့လား ”
” အေး ဟုတ်တယ်   အေး  အေး အဲဒါ မြန်မာ့ရာဇ၀င်အစပေါ့ကွဲ့ ”
” ထူးဆန်းတယ်နော် ”
” အဲဒါပုံပြင်လားတကယ်လား ဟင် အဲဒီ သမင်မ ကမွေးတဲ့ ခလေးမလေးက ချောမှာပေါ့နော်
နောက်ဘာတွေဆက်ဖြစ်လဲ အဘိုးသိရင်ပြောပြပါလားနော် ”
” အေး  အေး အဲဒါ မြန်မာ့ရာဇ၀င်အစပေါ့ကွဲ့ မြန်မာ အစတကောင်း ကဆိုတာပေါ့ ”
” ဟင်-ဟုတ်လား အမလေးထူးဆန်းလိုက်တာ သမီးတို့ကိုပြောပါလားအဘိုးရဲ့  သမီးစိတ်ဝင်လားလို့ ”
” အေးအေးနားထောင် အဘိုးပြောပြမယ် ”
” ဟဲ့ မောင်လေး ဒီနေ့ ဒို့အပြင်ထွက်မဆော့တော့ဘူးမိုးလဲရွာနေတယ် လလဲမသာဘူး
အဘိုးပြောတဲ့ပုံဘဲနားထောင်တော့မယ်- ကဲအဘိုးပြော ”
” အေးအေး အဘိုးပြောပြမယ်သေသေချာနားထောင်နော်
ဟိုးရှေးရှေးတုန်းက   ” ဂေါတမမြတ်စွာဘုရားမပွင့်တော်မူခင်နှစ်ပေါင်းတစ်ထာင်လောက်က၊အခုအိန္ဒယပြည်
မြောက်ပိုင်းနိပေါနိုင်ငံရဲ့ တောင်ပိုင်းလောက်မှာတိုင်းကြီး (၁၆ ) တိုင်း နဲ့ ပြည်ကြီး( ၂၀ ) ရှိခဲ့တယ်။
အဲဒီတိုင်းကြီး ၁၆ တိုင်းထဲက ပဉ္ဖာလရဇ်တိုင်းကိုအစိုးရတဲ့မင်းက-ကောသလတိုင်းကိုအစိုးရတဲ့မင်း
ဆီကိုအမျိုးချင်းဆက်လိုတဲ့အတွက်သမီးကညာတောင်းလာတယ်။
ကောလိယ၊ဒေ၀ဒဟ နဲ့ ကပိလ၀တ်တိုင်းတွေမှာသာကီဝင်အမျိုးအနွယ်တွေနေတယ်၊ပဉ္ဖာလရဇ်မှာ
တော့များသောအားဖြင့်အမျိုးနိမ့်တဲ့သူတွေနေတယ်၊ဒါကြောင့်ကောလိယမင်းကသမီးကညာမဆက်သ
ဘဲမချေမခံပြန်ပြောလိုက်တယ်၊အဲဒါကြောင့်နှစ်နိုင်ငံစစ်ဖြစ်ကြတယ်၊
” အင်း - ဟိုတုန်းကလဲ အမျိုးမတူရင် မပေးစားနိုင်ဘူးဆိုတာရှိခဲ့တာဘဲနော် ”
 ” ဧကန္တတော့ နင် အောက်တန်းစားတယောက်နဲ့ကြိက်နေပြီထင်တယ် ”
” ဟာ     နင်ကလဲ ငါက ဘယ်ကဟာနဲ့ သွားကြိုက်ရမှာလဲ နင်အသာနေစမ်းပါ
အဘိုး အဲဒီလို စစ်ဖြစ်တော့ ဘယ်သူနိုင်လဲဟင် ”်
ပဉ္ဖာလရဇ်တိုင်း  ကနိုင်တယ်  -  ကောသလတိုင်း က ဘုရင်စစ်ရှုံးတယ် 
” ဟယ် ”
`          အဲဒီထဲက ကပိလ၀တ်ပြည်က မင်းတပါးဖြစ်တဲ့အဘိရာဇာဟာ စစ်သည်ဗိုလ်ပါအလုံးအရင်းနဲ့အတူ
    အေ  အရှေ့ဘက်ကိုထွက်လာခဲ့ရာမှာ ဒို့အခုမြန်မာနိုင်ငံဘက်ရောက်လာတယ် အခုမန္တလေးမြို့ ရဲ့ အထက်
ဘက်မိုင် ၁၆၀ လောက်အကွာ ဧရာဝတီဖြစ်ရဲ့ လက်ဝဲဘက်အရပ်မှာတကောင်းပြည်ကိုတည်ထောင်
ပြီးနေထိုင်တယ်၊တကောင်းမင်းဆက်ပေါင်း ၃၃ ဆက်ရှိပြီးနှစ်ပေါင်း (၁၀၀၀ ) လောက်နန်းစံသွားတယ်
အဘိရာဇာမင်းနတ်ရွာစံတော့ သားတော်ကံရာဇာကြိးနဲ့ ကံရာဇာငယ် ညီအကိုနှစ်ယာက်ကထီးနန်းလု
ကြတယ်၊စစ်တိုက်မယ်လုပ်တော့ မူးကြီးမတ်ကြီးတွေက စစ်မတိုက်ကြပါနဲ့ဥာဏ်ပညာစွမ်းရည်ပြိုင်ကြ
ပါ ။ မဏ္ဌပ်တဆောင်ကိုညတွင်းချင်းအပြီးဆောက်နိုင်တဲ့သူက ထီးနန်းကိုယူပါလို့ပြောတော့၊မင်းနှစ်ပါး
နှစ်ပါစလုံး သဘောတူပြီး မဏ္ဌဆောက်ကြတယ်။
ညီငယ်ဖြစ်သူ ကံရာဇာငယ်ကသစ်ငယ်ဝါးငယ်တွေနဲ့ ဆောက်တော့ညတွင်းခြင်းပြီးသွားတယ်
အကိုကြီးဖြစ်တဲ့ကံရာဇာကြီးက သစ်ကြီးဝါးကြီးတွေနဲ့ ဆောက်တော့ ညတွင်းခြင်းမပြီးလို့ရှုံးသွားတယ်
တွင်းမြစ်ဆုံရာအရပ်မှာကလေးဝကိုရောက်တယ် ၊ကလေးတောင်ညိုကို( ရာဇဂြိုလ် ) သမုခ်ပြီး ၆လ စိုး
 စိုးစံနေတယ်၊ နောက်အနီးအနားက ပျူ  ကမ်းယံ ၊ သက်တို့က မင်းလျာတောင်းခံလာလို့သားတော်
မုဒုစိတ္တကို အုပ်ချုပ်ခိုင်းထားခဲ့တယ်။
ကံရာဇာကြီးကတော့အောက်ဘက်ကိုဆက်လက်ဆုန်ဆင်းပြိးဓည၀တီအရပ်မှာထီးနန်းဆိုက်
နေလိုက်တယ် ၊
”ဟယ်အကြာကြီးဘဲနော်  ဒါကြောင့်မြန်မာအစတကောင်းကလို့ပြောတာကိုး
ဒါနဲ့ ပြီးရောလားအဘိုး  ဟို သမင် မ နဲ့ရသေ့ကြီးတို့က ဘာဆိုင်လို့လဲ အဘိုးရဲ့ 
ဟဲ့ နင်က လဲ ပြောမှာပေါ့ဟဲ့  နားထောင်ပါလား
အေး ပါ အဘိုးဆက်ပြောပါ့မယ်ကွဲ့ ”
အဲဒါက က ပထမ တကောင်းမင်းဆက်  ဒုတိယတကောင်းမင်းဆက်မှာ မှ အဲဒီ သမင်မလေး
နဲ့ ရသေ့ဇာတ်လမ်းကလာမှာ
ဆက်ပါအုံး အဘိုးရဲ
အဲဒီ ပထမ တကောင်းမင်းဆက်  ၃၃ ဆက်မြောက်ဖြစ်တဲ့ဘိန္နကရာဇာလက်ထက်မှာ နန်ချိုနယ်က
ရှမ်းတွေလာရောက်ဖျက်ဆီးလို့ ပထမတကောင်းပြည်ကြီး ပျက်သွားတယ်
ဟောတော့ ပျက်သွားရောလား
အဲဒီ ပထမတကောင်းမင်းဆက်က သာကီဝင်မင်းဆက်တွေဟာ အုပ်စု ၃ စုကွဲသွားကြတယ်
ပထမ အုပ်စုကတော့ မြန်မာနိုင်ငံ အရှေ့ဘက်ကိုထွက်သွားကြပြီး ရှမ်း( ၁၁ ) ခရိုင်ကိုတည်ထောင်ပြိးနေကြတယ်
ဒုတိယအုပ်စုကတော့ ကံရာဇာကြီး သွားရာဒေဖြစ်တဲ့ ပျု ကမ်းယံ  သက် တို့အရပ်မှာ သွားပေါင်းပြီးနေထိုင်ကြတယ်။
တတိယအုပ်စုကတော့ ဘိန္နကရာဇာ မိဘုရားကြီးနဲ့ အတူ ပျက်သွားတဲ့တကောင်းမှာဘဲဆက် ပြီနေထိုင်ကြတယ်။
ဒုတိယ တကောင်းမင်းဆက်မှာ အာလုံးမင်းဆက် ၁၇ ဆက်ရှိတယ်
အဲဒီအချိန်မှာ အိန္ဒယပြည် မဉ္ဖိမဒေသ မှာ ဘုရားပွင်တော်မူနေပြီ ၊သက္ကရဇ် ၁၀၃ ခုကျော်ပြီပေါ့
သာဝတ္ထိပြည်ရှင် ပေဿနဒီ​ကောသလ မင်း​က ကပိလဝတ်ပြည့်​ရှင် မဟာနာမင်း​ထံ တမန်​စေလွှတ်ပြီး သမီး​​တော်ကို ​တောင်း​တယ်။
လာပြန်ပြီတခါသမီးတောင်းတာ
အေး ဟုတ်တယ် သမီးတောင်းတာက ဒို့ ရာဇ၀င်မှာပြဿနာစတာများတယ်ကွဲ့ 
ကပိလဝတ်ပြည်ရှင်ကသမီး​စစ်ကို မ​ပေး​ဘဲ ကျွန်မက ​မွေး​​သော သတို့​သမီး​ကို ​ပေး​လိုက်တယ် အဲဒီအခါမှာ ​ကောသလ မင်း​က ကျွန်မကို သမီးအစစ်လို့ထင်ပြီး မိဖုရား​မြှောက် လိုက်တယ် နောက် တော့ ဝိဋဋူုပ မင်း​သား​ကိုမွေးတယ် ၊ ဝိဋဋူုပ မင်း​သား​လေးအရွယ်ရောက် လာတော့တနေ့မှာ ၊ သူ့ ရဲ့ ဘိုး​​တော် ဘွား​​တော်ရှိတဲ့  ကပိလဝတ် ပြည်ရှင်မင်း​နှင့်​ မိဖုရား​ထံ သွား​​ရောက်ကန်တော့တယ်  ဝိဋဋူုပ ပြန်တော့ သူ၏​နေရာကို ကျွန်မသား​ရဲ့  ​နေရာဟုဆိုပြီး နို့​ရည်နဲ့  အထပ်ထပ်​ဆေးတယ်  ဝိဋဋူုပ မင်း​သားကဒီ အ​ကြောင်း​အလုံး​စုံကို သိသွားတဲ့အခါမှာ သာကီဝင်မင်း​တို့​ကိုကောင်းကောင်း ရန်ငြိုး​ဖွဲ့ ထား
တော့တာပေါ့ ။နောက်သူဘုရင်ဖြစ်တာတော့  စစ်ကြီး​ချီ​ပြီး သာကီဝင် မင်း​မျိုး​တို့​ကို နို့​စို့ အရွယ်တောင် မကျန်အောင်အကုန်လိုက်သတ်တယ် မဟာနာမမင်း​ နဲ့  သာကီဝင် မင်း​သား​များ​နဲ့ တခြားသာကီဝင်
မင်း​မျိုး​နဲနဲ​လောက်ဘဲ လွတ်တယ်​သာကီဝင် မင်း​မျိုး​တို့​ပျက်စီး​​သွားတော့  ဓဇရာဇာဆိုတဲ့သာကီဝင် မင်း​ဟာနောက်လိုက်ဗိုလ်ပါဆင်မြင်း​အလုံး​အရင်း​နှင့်​အတူမြန်မာပြည်ကိုတိမ်း​​ရှောင်လာခဲ့တယ်။ အရင်ကတကောင်းအရပ်မှာ နာဂဆိန်မိဖုရား​ကိုတွေ့ တယ်။
ဓဇရာဇာ နဲ့ နာဂဆိန် မိဖုရား​တို့ စုံဘက်​ပြီး​​ဒုတိယတကောင်းပြည်ကိုတည်​ထောင်လိုက်တယ်​ဒုတိယတကောင်းမင်းဆက်မှာ ဓဇရာဇာမင်းက စပြီး နောက်ဆုံးသတိုးမဟာရာဇာမင်းအထိ မင်းဆက် အထိမင်း ၁၇ ဆက်စိုးစံတယ်၊သတိုးမဟာရာဇာမင်းနန်းတက်တဲ့အချိန်ဟာမြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး
တော်မူပြီး အနှစ် ၂၀ လောက်မှာဖြစ်တယ်၊
သတိုးမဟာရာဇာမင်းနဲ့ မိဖုရားနာဂဆိန်မှ အမွှာညီအကိုသားတော်နှစ်ပါးမွေးဖွားတယ်၊အကို ဖြစ်သူကမဟာ သမ္ဘ၀ ညီဖြစ်သူက စူဠသမ္ဘ၀ အဲဒီသားတော် နှစ်ပါးစလုံးမွေးကတည်းကမျက်စိမမြင် ကြဘူး။သတိုးရာဇာဘုရင်ကြီးက ရှက်ပြီး ငယ်ငယ်ကထည်းကသတ်ပြစ်ဘို့မိဘုရားကြီးကိုစေခိုင်းထား
တယ်။မိဘုရားကြီးက သနားလို့ မသတ်ဘဲနဲ့တိတ်တဆိတ်မွေးမြူထားထားတယ်၊
နောက်ကြီးလာတော့ဘုရင်ကြိးသိသွားတဲ့အခါမှာအစားအစာအပြည့်အစုံထဲ့ပြီးဖေါင်ထဲထည့်ပြီးမျော
လိုက်တယ်၊အဲဒီအခါမှာ သတိုးမဟာရာဇာမင်းမှာ နန်းမွေဆက်ခံမဲ့သူမရှိလို့ သူ့မိဖုရားရဲ့ မောင်တော်
ဖြစ်တဲ့ ခေပဒုတ ကို အိမ်ရှေ့ မင်းသားအရာခန့် ထားတယ် ၊ တနေ့တော့ တိုင်ပြည်တနေရာမှာတော
ဝက်ကြီးတကောင်ကျေးရွာတွေကိုဖျက်ဆီးပြီးလူတွေကိုဒုက္ခပေးနေတာကြောင့်အိမ်ရှေ့မင်းသားခေတဒုတကို နှိမ်နင်းဘို့စေခိုင်းလိုက်တယ်၊
          ခေပဒုတဟာနောက်လိုက်ဗိုလ်ပါစစ်သည်တွေနက်လက်နက်( ၅ )မျိုးကိုယူပြီးထွက်ခဲ့တယ်၊
ကုန်းသလင်းလို့ခေါ်တဲ့ (အခုပြည်မြို့ ) ရှိတဲ့နေရာလောက်မှာတောဝက်ကြီးကိုတွေ့တယ်၊တောဝက်ကြီး ကိုနှိမ်နင်းပြီးတော့နန်းတော်ကိုမပြန်ဘဲ၊အဲဒီအရပ်မှာဘဲရသေ့ရဟန်းဝတ်ပြီးနေလိုက်တယ်၊
အဲဒီနေရာကနောက်သရေခတ္တရာဖြစ်မဲ့အရပ်ဘဲကွဲ့ 
          တနေ့တော့ သူနေတဲ့ကျောင်းသင်ခန်းအနီးမှာခလေးငိုသံကြားလို့လိုက်ရှာတော့မွေးခါစမိန်းခ
လေးတယောက်တွေ့တယ်၊ခလေးအနားမှာ သမင်းမတကောင်ကရစ်သီရစ်သီလုပ်နေတော့ဒီခလေးကို
ဒီသမင်းမကမွေးတာလိုယူဆလိုက်တယ်-ခလေးက မိန်းခလေး -ဒါကြောင့်ဒီခလေးကိုဘေဒါရီလို့
နာမယ်ပေးလိုက်တယ်- သမင်မကမွေးလို့ပေါ့၊
          ခလေးမလေးကြီးလာတော့ရသေ့ရဟန်းကျောင်းမှာတနေကုန်နေတာမသင့်တော်တဲ့အတွက်
တောထဲမှာတနေကုန်သွားနေအောင်ဆိုပြိး မြစ်ဆိပ်မှာရေခပ်ခိုင်းထားတယ်-ရေကိုလဲမြန်မြန်မပြည့်
အောင်ဆိုပြီးဖူးသီးတွေကိုနားမထွင်းဘဲ၊အခြောက်ထားပြီးဖူးတောင်းလုပ်ထားတယ၊်ဆိုလိုတာကအ
အပေါက်ကလေးတွေသေးသေးဖေါက်ပြီးပေးလိုက်တယ်။
ဖူးသီခြောက်မှာအပေါက်ခလေးတွေသေးသေးလေးဖေါက်ထားတော့၊ရေကတော်တော်နဲ့မပြည့်ဘူး
တော့ဘူးပေါ့၊ဘေဒါရီကလေးကတနေ့ တနေ့ ဧရာဝတီမြစ်ဆိပ်မှာရေသွားခပ်ရတာနေ၀င်မှဘဲကျောင်း
ကိုပြန်ရောက်တော့တယ်၊
          ဒါပေမဲ့ ဘေဒါရီကလေးကပျော်ပါတယ်-သူ့မှာကစားဖေါ်သမင်ကလေးတွေရှိတယ်-သူတို့နဲ့အ
တူဆော့ရင်းကစားရင်းပျော်နေတာပေါ့ကွယ်
ဒီလိုနဲ့
           မဟာသမ္ဘ၀ ညီဖြစ်သူက စူဠမ္ဘ၀ တို့နှစ်ယောက်မြောလာတဲ့ ဖေါင်ဟာ ဧရာဝတီဖြစ်ကမ်းမှာရှိ
တဲ့ စစ်ပင်ကြီးကိုင်းနေတဲ့အရပ်မှာ လာတိုက်ပြီးရပ်နေတယ်၊ (အဲဒီနေရာကိုအခုစစ်ကိုင်းမြို့လို့ခေါ်တဲ့နေရာပေါ့ )
မင်းသားညီအကိုနှစ်ယောက်လဲထမင်းဆာတာနဲ့ထမင်းထုပ်ဖြေပြီးစားကြတယ်၊အဲဒီအခါမှာ
ဒီနေရာတ၀ိုက်မှာကျက်စားနေတဲ့စန္ဒာမုက္ခိဘီလူးမကဖေါင်ပေါ်တက်လာပြီး-မင်းသားနှစ်ပါး
ရဲ့ထမင်းတွေကိုဝင်စားတယ်၊တနေ့မှာအကိုဖြစ်သူမဟာသမ္ဘ၀ကဘီလူးမလက်ကိုဖမ်းမိသွားတယ်
သူ့ညီကိုမေးတယ်၊  ” ဒါညီတော့်လက်လား ”
ညီတော်က -         ” မဟုတ်ဘူးနော်တော်ညီတော့လက်မဟုတ်ဘူး 
မဟာသမ္ဘ၀ က  -   ” ဒီမှာဒို့ထမင်းကိုလာခိုးစားနေတဲ့လက်ကိုမိထားပြီ ဟေ့နင်ဘယ်သူလဲပြော
                            မပြောရက်သံလျက်နဲ့ ပိုင်းလိုက်မယ် ”
ဒီတော့ မှထမင်းဝင်စားနေတဲ့ ဘီဘူးမက
” မသတ်ပါနဲ့ ဒီနယ်မှာလည့်လည်ကျက်စားနေတဲ့ စန္ဒမုက္ခိဘီလူးမပါ ”  အစာဆာလွန်းလို ၀င်စားမိတာပါ ခွင့်လွှတ်ပါ  မသတ်ပါနဲ့လို့တောင်းပါတယ် ”
         ” ကျွန်တော်မ အသက်ကိုချမ်းသာပေးပါ အသင်တို့ နှစ်ယောက်အလိုရှိတာကိုပြောပါရအောင်
လုပ်ပေးပါမယ် ”
လိုပြောတယ်၊ဒီတော့ မင်းသားနှစ်ပါက
” ဒို့နှစ်ယောက်ရဲ့ စက္ကုနှစ်ကွင်းအလင်းရအောင်ကုစားပေးနိုင်ရင်အသက်ကိုချမ်းသားပေးမယ်
  လို့ဆိုတော့ ”
ဘီလူးမက စက္ကုနှစ်ကွင်းအလင်းရအောင်ကုပေးပါမယ်လို့ဂတိခံလိုက်တယ် ၊
ဒီအခါမှာ ညီနောင်နှစ်ယောက်က ကောင်းပြိး စက္ကုနှစ်ကွင်းအလင်းရအောင်ကုပေးရင်အသက်ချမ်းသာ
ပေးမယ်ဆိုပြိးလွှတ်ပေးလိုက်တယ်၊
ဘီဘူးမလဲ သူ့ဂတိအတိုင်း မင်းသားညီနောင်နှစ်ပါးရဲ့မျက်စိကို ကုပေးတယ်။
ဘီလူးမလဲဖေါက်ပေါ်မှာလိုက်တာပြီး၊မင်းသားနှစ်ပါးရဲ့ မျက်စီကိုကုပေးတယ်၊ဘီလူးမမျက်စိ စပြိးကုပေးတဲ့နေရာ ကို  စကု လို့ ခေါ်တယ်၊ ( အခု ဧရာဝတီမြစ်ဘေးကစကုမြို့ နေရာပေါ့ကွဲ့  )
အဲနောက်ပြီး မျက်စိ နှစ်ကွင်းစလင်းသွားတဲ့နေရာကိုတော့ စလင်း လို့ခေါ်တယ် ၊ အခုဧရာဝတီ
ဖြစ်ကမ်းဘေးမှာရှိတဲ့ စလင်းမြို့  ပေါ့ကွဲ့ 
ဒါဆို ဒီအဖြစ်အပျက်တွေက တကယ့်အဖြစ်အပျက်တွေပေါ့နော် အဘိုး
အေးပေါ့ ကွဲ့ 
မင်း​သား​တို့ ရဲ့  ​ဖေါင်ဟာ​ အစဉ်အတိုင်း​မျောလာလိုက်တာ ယခုအခါ ပြည်မြို့​အနီး​ ကုန်း​တလင်း​ ခေါ်တဲ့ အရပ်မှာ ဆိုက်တယ် ၊မင်းသားတို့ဖေါင်ကမ်းကိုဆိုက်တော့ရေစပ်မှာဘူးတောင်းအခြောက်က လေးတွေကိုရေထဲနှစ်ပြီးရေခပ်နေတဲ့ မိန်းမပျိုလေးတယောက်ကိုတွေ့တယ်၊
သူ့ဘေးမှာလဲသမင်ကလေးတွေအများကြီးဝိုင်းပြီးကူပေးနေသလိုဘဲ၊မိန်းမပျိုလေးဟာဘူးသီးခြောက်
ဘူးတောင်းလေးတွေကိုရေထဲနှစ်ထားခဲ့ပြိး ၊သမင်ကလေးတွေနဲ့ဆော့ကစားနေတယ်၊
သူ့ ခေါင်းမှာလဲကိုယ်တိုင်သီထားတဲ့သစ်ခက်ပန်းကလေးတွေစည်းထားတယ်၊ခါးမှာတော့စည်းထားတဲ့
ပုဝါကမလုံတ၀က်-လုံ၀၀က်သမင်ကလေးတွေလိုခုန်ပျံပြေးလိုက်တဲ့အခါမှာ၊အတားအဆီးမရှိတဲ့ရွှေရင်
အစုံကရွှေရင်သိမ်းသစ်မသိမ်းနှင့်ပျိုမြစ်နုနွယ်ချစ်စဘွယ်ကလေးပေါ့၊
ဖေါင်ပေါ်ကနေ မဟာသမ္ဘ၀ငေးပြီးကြည့်နေတယ်၊မျက်စိနှစ်ကွင်းအလင်းရပြီး တဲ့နောက် ဒီအဆင်းနဲ့ ဒီမြင်ကွင်းဟာသူ့ရဲ့အသဲနှလုံးကိုကထမဆုံးဖမ်းစားလိုက်တဲ့မြင်ကွင်းဘဲ၊
မဟာသမ္ဘ၀မင်းသားကရင်သပ်ရှုမောနဲ့အံ့သြစွာနဲ့မုတုန်မလှုတ်ကျောက်ရုပ်လိုဖြစ်နေတယ်။
          သမင်မက မွေးတဲ့ သမီးကလေးလို့မပြောဘဲနဲ့တောင်သိနိုင်တယ်၊
မျက်ဝန်းအစုံကကြည်လင်တောက်ပပြီးရွှန်းရွှန်းမြမြတောက်ပနေတယ၊်အပြေးကလဲမြန်အခုန်ကလဲသန်
အပြေးအလွှားအဆော့အလွန်းကောင်းလွန်းတော့ သမင်ငယ်ကလေးတကောင်ကိုတိုက်မိပြီး ၊မှောက်
လျက်လဲပါလေရော-ကျားရှေ့မှခြေချော်လဲဆိုသလို -ကျောက်ရုပ်လိုငေးကြည့်နေတဲ့-မဟာသမ္ဘ၀ရှေ့ကို
မှမှောက်လျက်လဲ ဟပ်ထိုးကျသွားပါလေရော၊
          ” ဟောတော့ ”
” အို - နှမငယ် ”
          ” ဘိုတို - လုပ်ပါအုံး - အမလေး ”
          မင်းသားလေးက အထိပ်တလန့်ဖြစ်ပြိး ရုတ်တရက်ဖက်ထားလိုက်မိတယ်
          ဘေဒါရီ ကလဲ လန့်ပြီးအော်လိုက်တယ်
         ဘေဒါရီနဲ့ မင်းသားလေးတို့ရဲ့ အသံကြောင့်သမင်ကလေးတွေလန့်ပြီးထွက်ပြေးကုန်တယ်
         ” လွှတ်ပါ ရှင်ဘယ်သူလဲ ”
          ” အကျွန်ုပ် ဘာ လုပ်လို့လဲ ”
          ” ရှင် ကျမကို ဖက်ထားတယ်လေ ” လွှတ်  - လွတ်ပါ ”
          ” အော် ဟုတ်သားဘဲ -- နှ မ ကဘယ်သူလဲ  ဟင်  လူလား  နတ်သမီးလား ဘီလူးလား ”   
          ” ဟင့် အင်း မသိဘူး 
          ” အို မသိဘူး - လူလား နတ်လား ဘီလူးလား မသိဘူး 
          ” ဟုတ်တယ်  မသိဘူး ”
          “ ဟို မြစ်ထဲမှာ ဘာတွေ နှစ်ထားတာလဲ နှမ ”
          ” ရေခပ်နေတာလေ - အဖခပ်ခိုင်းထားတာ ”
          ” အော် ခမည်းတော်ရှိတယ်ပေါ့ ဟုတ်လား ”
          ” ဘာ- ခမည်းတော်လဲ မသိဘူး အဖလေ အဖ ရသေ့လေ ”
          ” မောင်တော်  သွားတွေ့လို့ရမလား - ”
          ” ဘာလဲ မောင်တော် ဆိုတာ ” မသိဘူး
သမင်မမျက်လုံးလို ရွှန်းရွှန်းစားစားနဲ့ ဖမ်းစားသလိုအကြည့်နဲ့ ကြည့်နေတဲ့ ဘေဒါရီ ရဲ့ အကြည့်က
မဟာသမ္ဘ၀ကို မေ့မြောသွားမလားအောင့်မေ့ရတယ် ”
” တွေ့ ပြိး ဘာလုပ် မလို့လဲ - ”
          ” တွေ့ ပြီး  နှမလေး အကြောင်းမေးချင်လို့  ”
          ” အခု သွားလို့ မရသေးဘူး ရေမပြည့်သေးဘူး ရေပြည့်မှ ”
          ” လာ မောင်တော် သွားကြည့်မယ် ဘယ်မှာလဲရေဖြည့်ထားတာ ”
          ” လာလေ  ဟိုမြစ်ဆိပ်မှာပေါ့ ”
ဘေဒါရီ က မဟာသမ္ဘ၀ ကိုလက်ဆွဲပြီး မြစ်ဆိပ်ကိုခေါ်သွားတယ် - မြစ်ထဲနှစ်ထားတဲ့ဘူးတောင်း
ကလေးတွေကိုဆယ်ကြည့်တယ် ၊
          ” ဒီမှာတွေ့လား မပြည့်သေးဘူး စောင့်ရအုံးမယ် ”
ဘူးသီးခြောက် မှာ အပေါက်ကလေး သေးသေးလေးတွေကိုဖေါက်ထားတာတွေ့တော့မဟာသမ္ဘဝ
ကရီတယ် ၊
7       
” ဟား ဟား ဟား   ဖူးတောင်းတွေက နားမထွင်းရသေးဘဲကိုး ”
            ရေကဘယ်ပြည့်ပါ့မလဲ - ကဲမောင်ကြီး လုပ်ပေးမယ် ”
            ဟယ်  ဟယ် မလုပ်နဲ့ အမလေး - ”
          ” အို နှမ ကလဲ ဒီမှာ ကြည့် ”
            ဆိုပြီ ရေထဲနှစ်လိုက်တယ် ရေတွေခဏလေးပြည့်သွားတယ်
          ”ဟောတော့ “ မောင်ကြီးဘယ်လိုလုပ်လိုက်တာလဲ ရေတွေပြည့်သွားပြိ ”
          ” ကဲလာ သွားလို့ရပြီ အဖ ရသေ့ဆီသွားလို့ရပြီ ”
ဘေဒါရီ ကလေးက ရေဖူးတွေကို သမင်းလေးတွေရဲ့ ကျောဖေါ်မှာ တဘက်တချက်တွဲလောင်းကလေး
တွေတင်လိုက်တယ် -
          ” လာ သွားမယ် ”
ဆိုပြိးမဟာသမ္ဘ၀ကိုလက်ဆွဲပြိးရသေ့ကြီးရှိတဲ့ကျောင်းသင်ခန်းဆီကိုခေါ်သွားတယ်။
” ဟာ -နေအုံး အဘိုး ဟို သူ့ညီ  စူဠသမ္ဘကော မခေါ်ဘူး လား ”
အေး နေအုံးပြောမယ် သူက ဖေါင်ပေါ်မှာ စန္ဒမုက္ခိဘီလူးမနဲ့ ကျန်ခဲ့တယ်၊ နောက်တော့လိုက်လာမှာ
ပေါ့ ၊
” အော်  သိပြီ သူတို့ က တဇာတ်လမ်းလား 
” အေး ဟုတ်တယ် နောက်တော့မှ ပြောပြမယ် ”
” အင်း မြန်မာ့သမိုင်းထဲမှာ လဲ လူနဲ့  ဘီလူးနဲ့  လူနဲ့ သမင်ကမမွေးတဲ့ မိန်းခလေး နဲ့ စုံနေတာဘဲနော် ”
” အေး ဟုတ်တယ် ”
” အဲ ဒါနဲ့ သူတို့ နှစ်ယောက် ရသေ့ကြီးကျောင်းရောက်တော့ ဘာဆက်ဖြစ်သလဲ အဘိုး ”
” ဟဲ့  ဟဲ့  ဘေဒါ နဲ့ ဖူး ဘယ်သူချဲ့ လိုက်သလဲ ” ဆိုတာ ကြားဘူးတယ် မဟုတ်လား ”
” အင်း အင်း  လူပျက်တွေပြောတာကြားဘူးတယ် ”
          အေး ရသေ့ကြီးက  ဘေဒါရီ ရေဖူးတွေရေပြည့်ပြီး ပြန်လာတာ စောနေတော့ လန့် ပြီးအော်
ပြောလိုက်တာပေါ့ ၊ နောက်မှာ လဲ မင်းသားတပါး ပါလာတယ်လေ ၊
အဲဒါနဲ့ မင်းသားကိုအကျိုးအကြောင်းမေးကြည့်တော့ ၊ မင်းသာက သူတို့ ဟာတကောင်းပြည်ကဘုရင်
ကြီးသတိုးမဟာရာဇာမင်းနဲ့ မယ်တော်နာဂဆိန်မှ သားတော်တွေဖြစ်တယ်၊မဟာသမ္ဘ၀ နဲ့ စူဠသမ္ဘ၀ဖြစ်
တယ်၊ငယ်စဉ်ကမျက်စိမမြင်လို့ဖေါင်နဲ့ မျှောလိုက်တာကိုပြောပြတော့ ၊
          ရသေ့ကြီး က
          ” အော် မင်းသားနှစ်ပါးဟာ ငါ့ရဲ့  အမတော် နာရဆိန်က မွေးတဲ့ ငါတူတော်တွေဘဲ ”
လို့ပြောတယ် ၊
          အဲဒီအချိန်မှာ ရသေ့ကြီးကို အနီးကပ်ပူဆော် နေတဲ့ သကျအင်းအရပ်က ပျူမင်းသမီးနန်းခန်း
ဆိုတာလဲ ရှိတယ် ၊ ပျူတွေမင်းပြုနေတဲ့အရပ်ပေါ့ ( အခုပြည်မြို အရှေ့ ဘက်မှာရှိတယ် ) လိုဆိုတယ်
ရသေံကြီးက နိုင်ငံတခုထူထောင်ဘို့ပြည့်စုံနေတဲ့အတွက် သရေခေတ္တရာပြည်ကြီးကို တည်ထောင်ပေး
လိုက်တယ် ၊
          မဟာသမ္ဘ၀သရေခေတ္တရာထီးနန်းကိုစတင်စိုးစံတော့ပျူမင်းသမီးခင်နန်းနဲ့ ဘေဒါရီတို့ကိုမိဖုရား
မြောက်လိုက်တယ်၊အဲဒီအချိန်ဟာသာသနာတော် နှစ် ၆၀ ၊ မြတ်စွာဘုရားပရိနှိဗ္ဗာန်စံပြိးနှစ်ပေါင်း ၆၀
ပေါ့ ကွယ် ။
          သရေခေတ္တာမင်းဆက်ပေါင်း( ၂၇ ) ဆက် နှစ်ပါင်း ၅၂၇ နှစ်ကြာတောင်တည်တန့်ခဲ့တယ်၊
သာသာတော်နှစ် ၆၃၈ ခုနှစ် သုပညာနဂရဆိန္ဒလက်ထက်မှာ သရေခေတ္တရာပြည်ကြီးပျက်သုဉ်းခဲ့
တယ် ၊
” ပြီးပြိလား အဘိုး ”
” အေး ဒီည အဘို့ တော့ ဒီ မှာဘဲ နားလိုက်မယ် ဟော ကာလသားပြန်ချိန်ကြက်တောင်
တွန်နေပြီ - ငါမြေးတွေလဲ ပြန်အိပ်တော့ ”
” ဒါဆို အဘိုး နောက် တခါ မိုးရွာပြီး လမသာ ည သမီးတို့ ထွက်ဆော့လို့မရနဲ့ ညမျိုးကျရင်
အဘိုးဆီလာခဲ့မယ် အဘိုး စူဠသမ္ဘ၀ နဲ့   စန္ဒမုက္ခိဘီလူးမအကြောင်းဆက်ပြောရမယ် နော် ”
” အေး အေး
မဟာသမ္ဘ၀ နဲ့  ဘေဒါရီ ကမွေးတဲ့  ဒွတ္တဘောင် နဲ 
စူဠသမ္ဘ၀ နဲ့ စန္ဒမုက္ခိ ဘီလူးမ တို့ ကမွေးတဲ့ ပန်ထွာဒေ၀ီ တို့ ဇာတ်လမ်းက ပိုစိတ်ဝင်စားဘို့
ကောင်းတယ်  လာခဲ့ ကြ ၊ လာခဲ့ကြ ”
ဧရာဝတီ ရေစီးဂီတသံမြစ်ကမ်းဘေးမှာ
ဒါဟာ ... သီရိခေတ္တရာ ..
ဗေဒါရီ ရေခပ်ချိန် ဆည်းဆာရောင် အနောက်ရိုးမက အို တန့်ကြည့်တောင်တန်း ...
အို .. လွမ်းစမ်း ဂန္တ၀င်
သျှိရီခေတ္တရာ - ရေး/ ဆို  - ဖိုးခေါင်
မောင်သုည
Thursday 23 August 2012
တော်လိုက်တဲ့ဘာသာပြန်ဆရာ
How Old are You    မင်းဘယ်လိုအိုသွားတာလဲ
How long have you been in Singapore   မင်းကစင်ကပူမှာဘယ်လိုရှည်လာတာလဲ
Quite well             တော်တော်လေးကေင်းတဲ့ရေတွင်း
well Done             ရေတွင်းပြိးသွားပြီ
Quite right            တော်တော်လေးကောင်းတဲ့ညာဘက်
Turn right             အမှန်ကိုလှည့်ပါ
Turn left               အမှန်ကိုလှည့်ပြီးထားခဲ့
Hand round          လက်ကိုပတ်ပါ
By the way             လမ်းမကြီးအားဖြင့်
Next door               နောက်တံခါးတချပ်
How’s Going           ဘယ်လိုသွားမှာလဲ
Get into bed           အိပ်ယာထဲဝင်သည်
Dressing table         စားပွဲခုံအ၀တ်လဲနေသည်
Getting Out             အပြင်တွင်ရသည်
Getting in                အထဲတွင်ရသည်
All  right                  အားလုံးညာဘက်
Make up your mind       မင်းစိတ်ကိုမိတ်ကပ်လိမ်းပါ
Try on                          အပေါ်တွင်ကျိုးစားပါ
To day what is your brakefast      ဒီနေ့မင်းပထမဆုံးဘာကိုချိုးလိုက်တာလဲ
Keep an eye                 မျက်လုံးတဘက်သိမ်းထားပါ
Long gone                   အရှည်ကြီးသေသွားပြီ
Switch on                    အပေါ်တွင်ဖွင့်သည်
Watch  out                  အပြင်မှာစောင့်ကြည့်သည်
Go out with date          နေ့စွဲနှင့်အပြင်ထွက်သည်
Everything  will be all right    အားလုံးညာဘက်တွေဘဲဖြစ်သွားမှာပါ
I am not feeling well       ငါဘယ်လိုမှ ရေတွင်းကိုခံစားလို့မရဘူး
Hurry up                        အပေါ်မြန်မြန်လုပ်
Poor you                        မင်းဆင်းရဲလိုက်တာ
Back off                         နောက်ဘက်ကိုပိတ်ပါ
မျက်နှာလာမလုပ်နဲ့              Non’t  do face
ကျွဲပါးဆောင်းတီးမလုပ်နဲ့       Don’t pay gita near buffalo
မောင်သုည
Wednesday 22 August 2012
စိန်အိုးစည်
စိန်အိုးစည်
Upload Music
ရှေးခောတ်ဟောင်းအောင့်မေ့ဘွယ်
 လန်ခြား
 မီးရထားရုံးကြီး
 ဆေးရုံကြီး
မာလိုးနိမ်း
ဟိုးတုန်းက ရန်ကုန်မှာအိန္ဒယကကုလားတွေလာအလုပ်ကြတယ်၊တမြို့လုံးမှာရှိ
တဲ့အောက်ခြေသိမ်းအလုပ်တွေအကုန်ကုလားတွေဘဲလုပ်ကြတယ်၊ထင်းခွဲရေခပ်
မိလ္လာကျုံး ၊အမှိုက်လဲ၊တဲ့အလုပ်တွေအပြင်သယ်ယူပို့ဆောင်ရေးအတွက်လန်ခြား
ဆွဲတဲ့အလုပ်လဲပါတယ်၊လန်ခြားဆိုတာအခုခောတ်ကလေးတွေမြင်ဘူးကြလား
မသိဘူး၊မမြင်ဘူးရင် ပုံမှာကြည့်ပေတော့၊ဟိုတုန်းက ဟိုနားဒီနားသွားရင်၊ဆိုက်
ကားနဲ့လန်ခြားဘဲရှိတာလေ၊
        လန်ခြားဆိုတာကကုလားတွေကဆွဲတာဆိုတော့ကုလားစကားလေးနဲနဲ
ပါးပါးတော့တတ်ထားမှဖြစ်တာ ၊ ဥပမာ ဘယ်ကွေ့၊ညာကွေ့၊တဲ့တဲ့သွား၊မြန်မြန်သွား
ရပ်တော့ဆိုတာလောက်ပေါ့၊ဟိုတုန်းကဗမာတွေကလဲကုလားစကားဒီလောက်
တော့တတ်ကြပါတယ်၊တောကလူတွေကတော့သိပ်မတတ်ဘူးပေါ့၊
        ထိုင်းနိုင်ငံမှာလဲဗမာတွေတက္ကစီ-စီးရင်-
ဘယ်ကွေ့  လဲယိုးဆိုင် ၊ ညာကွေ့ လဲယိုးခွါ - တဲ့တဲ့သွား - သရုံပိုင် -ရပ်တော့ ရွတ်
ဒီလောက်တော့တတ်မှဖြစ်သလိုပေါ့
ကုလားလိုလဲ  - စီးတားဂျောင်း - ဘယ်ကွေ့ ၊ ဘာယားဂျောင်း-ညာကွေ့ -
ဒိုင်းနားဂျောင်း - တဲ့တဲ့သွား  - ခလိုး  - ရပ်  ဆိုတာလောက်တော့တတ်ရတာပေါ့
        တနေ့တော့တောကတက်လာတဲ့အဒေါ်ကြီးတယောက်လန်ခြားခေါ်စီး
တယ်၊
        ဟဲ့လန်ခြားကုလား ငါကိုကွမ်းခြံဈေးလိုက်ပို့စမ်းဘယ်လောက်ပေးရလဲ
        သူစီးတာ ကန်တော်လေးကဆိုတော့ ကုလားက
အမား  - ငါးမူးကျမယ်အမာ ( ကွမ်းခြံဈေး ဆိုတာ သိမ်ကြိးဈေးထင်တယ် )
ဒါပေမဲ့ ရန်ကုန်ဘူးတာကြီးကိုတော့ ကွမ်းခြံဘူတာလို့ခေါ်တယ် )
များတယ် ကုလား ၃ မူး ပေးမယ်
မရဘူးအမား ဝေးတယ်        
၎ မူးထား
        လာသွားမယ်ဆိုပြီး အဒေါ်ကြီးလန်ခြားတက်စီးလာတယ်
ကုလားကလဲ စိတ်မပါ တပါနဲ့ လိုက်ပို့တယ်
ဒီအဒေါ်ကြီးကရန်ကုန်ကိုအခုမှရောက်ဘူးတာဆိုတော့သိပ်မသိဘူး၊လမ်းမှာတွေ့
တာတွေဟိုမေးဒီမေးနဲ့လုပ်လာတယ် - ကုလားကလဲစိတ်တိုတိုကုလားဆိုတော့
သူတောင်းတဲ့ဈေးမရတော့ သူမေးတာကိုသိပ်မဖြေချင်ဘူး
တော်တော်လေး ဆွဲလာတော့ ရန်ကုန်ဘူတာကြီးကိုရောက်လာတယ်၊ရန်ကုန်ဘူတာ
ကြီးကိုသူကဘာထင်လဲမသိဘူး-
ဟဲ့ကုလား  -  ဒီဘုရားဇောင်းတန်းကြီးကဘာဘုရားလဲ
ကုလား  -  စိတ်တိုနေတဲ့ကုလားက   ( မာလိုးနိမ်း ) လို့ ပြန်ပြောလိုက်တယ်
               မာလိုးနိမ်းဆိုတာ မသိဘူးလို့ပြောတာ
အဒေါ်ကြီးက သာဓု - သာဓုဆိုပြိး လက်အုပ်လေးချီပြိး ဦးချလိုက်သေးတယ်
နောက်တော်တော်လေးဆွဲလာတော့ ဗိုလ်ချုပ်လမ်း နဲ့ ဆူးလေဘုရာလမ်းဒေါင့်က
မီးရထားရုံးကြိးကိုတွေ့ပါရော-မီးရထားရုံးကြီးကလဲ ဂ၀ံကျောက်အနီတွေ့နဲ့ ဆောက်
ထားတာဆိုတော့ သိပ်လှတာပေါ့ -
ဟဲ့ကုလား  - ဟိုရှေ့က တိုက်ကဘယ်သူ့ တိုက်လဲ
ကုလားကလဲ စိတ်တိုတိုနဲ့  (မာလိုးနိမ်း ) ပြန်ပြောလိုက်တယ်
အဒေါ်ကြီး က အော်အော် မာလိုးနိမ်းတို့များတယ်ချမ်းသာပါလားလို့ပြောလိုက်သေး
တယ်
ဒီလိုနဲ့လန်ခြားက ရန်ကုန်ဆေးရုံကြီးဘက်ရောက်လာတယ် -
သူ့လန်ခြားက သိမ်ကြီးဈေးဘက်သွားမှာဆိုတော့ ဆေးရုံးကြီးရဲ့နောက်ဘက်လူသေ
တွေအသုဘချတဲ့အပေါက်ဘက်ကဖြတ်သွားရတယ်
တိုက်တိုက်ဆိုင်ဆိုင်ဘဲလန်ခြားလဲအဲဒီအပေါက်နားရောက်တော့ဆေးရုံထဲကအသုဘ
တခုထွက်လာတယ်-
အဲဒီအခါမှ ထုံးစံအတိုင်း စပ်စုတဲ့အဒေါ်ကြီးက
ဟဲ့ကုလား  - အဲဒါဘယ်သူ့အသုဘလဲ
ကုလားက ဘယ်သိပါ့မလဲ ထုံးစံအတိုင်း ( မာလိုးနိမ်း ) လို့ပြန်ပြောလိုက်တယ်
အဲဒီအခါမှာ အဒေါ်ကြီးက အော် ဒီလောက်ချမ်းသာတဲ့ သူဌေးကြီး မာလိုးနိမ်း လဲ
အနိစ္စသဘောနဲ့ ကိစ္စချော့ပါရောလား
အင်း အနိစ္စ အနိစ္စ အနိစ္စ တဲ့
မောင်သုည
Thursday 16 August 2012
ရှေးခောတ်ဟောင်းအောက့်မေ့ဘွယ်
၁၉၅၇ ခုနှစ်လောက်က မြန်မာနိုင်ငံ မြင်ကွင်းများ
မြန်မာတို့ရဲ့ နေစဉ်လုပ်ငန်းတွေ
မောင်သုည
Monday 13 August 2012
တက္ကသိုလ်နန်း
၂၀၁၀ ခုနှစ် တက္ကသိုလ် နှစ် ၉၀ အထိန်းအမှတ်
တက္ကသိုလ်နန်း
တေးရေး -တက္ကသိုလ်ဘုန်းနိုင်
တေးဆို - သန်းသန်းရှိန်
တက္ကသိုလ်…..နန်း……မြကျွန်းပမာညီ ….အောင်နန်းမြို့ဆီ…ဆောင်ခန်ြး
မို့ဝေစီစီ….
ပညာတံခွန်…အောင်လံလွှင့်လို့ …ကြငှန်းမြင့်လို့ ……..နေ……..သည်….
(၀ိဇ္ဖာ လောက မူသစ်ဆောက်တည်….အ၀ိဇ္ဖာ မောဟ မြူညစ်ပျောက်မည်…..
ဗြဟ္မာစာရ လောကပါလ တရားဝေစီ….ငြိမ်းချမ်းပြည့်ဝ ခိုင်မြဲတည်….)၂
(၀ိဇ္ဖာလောက မူသစ်ဆောက်တည်….အ၀ိဇ္ဖာ မောဟ မြူညစ်ပျောက်မည်…..
ဗြဟ္မာစာရ လောကပါလ တရားဝေစီ….ငြိမ်းချမ်းပြည့်ဝ ခိုင်မြဲတည်….)၂
(နွှဲဖက်ရွှင်ကြည် ရောင်စိုရွှင်လန်းသည် ညောင်ညိုပင်စခန်းပြောင်ဝန်းရိပ် လီလီ….
တို့များ ....တွေ့ကြလို့ မေ့မရတာရှည်…. တက္ကသိုလ်သည်ကွန်း…..မြွက်ဆိုရည်
ညွန်း ဥဒါန်းတွင် ကမ္ဘာတည်…)၂
(တို့ပြည် တို့အမျိုး တို့ အကျိုး ဦးတည်….လူ့ပြည်လူများ လူသားဂုဏ်ရည်….လူသားဂုဏ်ရည်…
ဆောင်ရွယ် မူချ မောင်မယ် တူပ လွန်းကြင်..ရွှင်ခဲ့သမျှ သီရေးဖွဲ့စီ…….ပျော်ပါးဝေ့လည် လွမ်းဖွယ်တလီ…
ကြည်နူးဖွယ်ကောင်းတဲ့ တို့ကျောင်းတက္ကသိုလ်ပြည်….တို့ေ
ကျာင်းတက္ကသိုလ်…ပြည်)၂
 မောင်သုည 
ကေ ဘလောက် မှ ကူးယူဖေါ်ပြပါသည်
Tuesday 7 August 2012
ဝါဆိုလပြည်ကျော် ၅ ရက်နေ့ အနတ္တလက္ခသုတ်ဟောကြားသောနေ့
ရဟန္တာနေ့ဖြစ်ပါတယ်
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် အာရုံတတ်ချိန်မှာ ဗုဒ္ဓဂေါတမ မဟာဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပါတယ်။ ဘုရားရှင်တိုင်းဟာ ဗုဒ္ဓအဖြစ်သို့ ရောက်လျှင်ရောက်ခြင်း တရားဟောတော်မူရိုး မရှိပါ။ ဗုဒ္ဓအဖြစ်သို့ရောက်တော်မူကြပြီး ကဆုန်လပြည့်ကျော် ၁-ရက်နေ့မှစ,ကာ ၀ါဆိုလဆန်း ၆-ရက်နေ့ အထိ ၄၉-ရက်တိုင်တိုင် ၀ိမုတ္တသုခလို့ခေါ်တဲ့ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူရင်း ဟောရမည့်တရားတော်တို့ကို နှလုံးသွင်း ဆင်ခြင်တော်မူပါတယ်။
၁၀၃-ခုနှစ် ၀ါဆိုလည်ပြည့်ညဥ့်မှာ ဓမ္မစကြာတရားတော်ကို ဟောတော်မူပါတယ်။ တရားနာပုဂ္ဂိုလ်တွေက...
(၁) ကောဏ္ဍည ရသေ့ကြီး (၂)၀ပ္ပရသေ့ကြီး(၃)ဘဒ္ဒိယရသေ့ကြီး(၄)မဟာနာမရသေ့ကြီး နဲ့ 
 (၅)အဿဇိရသေ့ကြီးတို့ဖြစ်ကြပါတယ်။
ဒီရသေ့ကြီး ၅-ဦးနှင့် နတ်ဗြဟ္မာများစွာဖြစ်ပါတယ်။ ဒီရသေ့ ငါးဦးဟာ အတ္တကိလမထ အနုယောဂလမ်းစဉ်ကို ယုံကြည်တဲ့ ရသေ့ကြီးများ ဖြစ်ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓက "ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ"ဟု အစချီကာ ဟောတာဖြစ်ပါတယ်။ ဒီညမှာ ကောဏ္ဍည ရသေ့ကြီး သောတာပန်တည်ပြီး ဧဟိဘိက္ခု ရဟန်းဖြစ်ပြီး နတ်ဗြဟ္မာအပေါင်း ၁၈-ခုကုဋေလည်းကျွတ်တမ်းဝင်ပါတယ်။
ဝါဆိုလပြည့်ကျော်-၁ရက်နေ့မှာဝပ္ပရသေ့ကြီးသောတာပန်တည်၊ပါတယ်
ဝါဆိုလပြည့်ကျော်၂-ရက်နေ့မှာဘဒ္ဒိယရသေ့ကြီးသောတာပန်တည်၊ပါတယ်
ဝါဆိုလပြည့်ကျော်၃-ရက်နေ့မှာမဟာနာမရသေ့ကြီးသောတာပန်တည်၊ပါတယ်
ဝါဆိုလပြည့်ကျော်၎-ရက်နေ့မှာအဿဇိရသေ့ကြီးသောတာပန်တည်၊ပါတယ်
ထို့ကြောင့် ၀ါဆိုလပြည့်ကျော် ၄-ရက်နေ့မှာပင် ရသေ့ ၅-ဦးလုံး သောတာပန်ဖြစ်နေကြပါပြီ။ ရသေ့ကြီးငါးဦးလုံးသည် တရားနာရလို့ သောတာပန် အရိယာဖြစ်သောကြောင့် ဗုဒ္ဓက "ဧဟိဘိက္ခု - ရဟန်း, လာလို့" ခေါ်လိုက်တဲ့အခါကျမှ ရသေ့အသွင်ပျောက်ပြီး ၀ါ ၆၀-ကျော်ရ မထေရ်ကြီးများလို့ ရဟန်းအသွင် ရဟန်းပုံစံနှင့် ဖြစ်လာကြတာ ဖြစ်ပါသည်။
ဝါဆိုလပြည့်ကျော် ၅-ရက်နေ့ရောက်တဲ့အခါ ပဉ္စ၀ဂ္ဂီရဟန်း ငါးပါးကို တစုတဝေးတည်း ခေါ်တော်မူ၍ "ရူပံ ဘိက္ခဝေ အနတ္တာ- ရဟန်းတို့ ရုပ်တရားဟာ အတ္တမဟုတ်ဘူး"လို့ အစချီပြီး ဒီအနတ္တလက္ခဏသုတ်ကိုစတင်ဟောကြားတော်မူပါတယ်။
 အနတ္တလက္ခဏသုတ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရမည်ဆိုလျှင်
"အနတ္တ" ဆိုသည် စကားလုံး၊ အနတ္တဟူသော ဒေသနာဝေါဟာရသည် ဗုဒ္ဓပွင့်မှသာ ကြားခဲ့ရသည့် စကားလုံး ကြားနာခွင့်ရ သည့် စကားလုံးဖြစ်သည်။ ဤတရားတော်ကို ဗုဒ္ဓဟောတော်မူလိုက်သောအခါ သတ္တလောကကြီး တခုလုံး တုန်လှုပ်သွားသည်။ သတ္တလောကကြီးတစ်ခုလုံးမှာ သတ္တ၀ါတွေ အားလုံးသည် "အတ္တ"လို့ယူဆထားကြသည်။
အနတ္တတဲ့ အတ္တမဟုတ်ဘူး မရှိဘူးတဲ့ဟုလည်းကောင်း၊ သြော် အနတ္တပါလား၊ အတ္တဆိုတာမရှိပါလားဟုကြားရသောအခါတုန်လှုပ်သွားကြပါတယ်။
အနတ္တ =င့ါကိုယ် ငါ့ဟာ မဟုတ်တာ အစိုးမရတာ (ကိုယ်ပိုင်ကိုယ်ဆိုင်လုပ်လို့မရတာ ) ကိုယ်ဖြစ်စေချင်သလိုဖြစ်တာ ကိုဆိုလိုပါတယ်
လက္ခဏ    ဆိုတာ သဘောတရားမျှသာ လို့အဓိပ္ပါယ်ရပါတယ်               
လက္ခဏာ - ဆိုတာ သင်္ကေတ - အမှတ်အသား အထိန်းအမှတ် - ဖြစ်ပါတယ်
အနတ္တလက္ခဏသုတ်  =  ငါ့ကိုယ် ငါ့ဟာ မဟုတ် အစိုးမရခြင်း ( ကိုယ်ဖြစ်စေချင်
                                သလိုမဖြစ်ခြင်းသဘောတရား
သဘောတရား - ဘယ်လိုသဘောတရားလဲ
ရုပ် - ရုပ်ဆိုတာ  ( အလုံး အရပ် ပုံသဏ္ဍာန်အလေးချိန်ရှိတဲ့ခန္ဓာကိုယ်အစိုင်အခဲကြီး ကို မြင် ရမှာမဟုတ်ပါ -ဖေါက်ပြန်တက်တဲ့သဘော ကိုသိရမှာ ဖြစ်ပါတယ် ၊ ဒီဖေါက်ပြန်တက်တဲ့ သဘောကို  လက္ခဏ လို့ ဆိုလိုတာဖြစ်ပါတယ်
ရုပ်မှာ ပထ၀ီ - တေဇော -အာဘောဝါယော ဆိုတဲ့ ဓါတ်သဘောတွေပေါင်းစပ်ထားတာဖြစ်ပါတယ်
မာတဲ့သဘော ပြော့တဲ့သဘော ပူတဲ့သဘော အေးတဲ့သဘော - ယိုစီးတဲ့သဘော ဖွဲ့စည်းတဲ့သဘော - ထောက်ခံတဲ့သဘော လှုံတ်ရှား တဲ့သဘော တရားတွေတာ ပေါင်းစပ်ထားတာဖြစ်ပါတယ် 
          ဒီရုပ် ဆိုတဲ့သဘောကိုလဲ  - ကံ စိတ် - ဥတု  အာဟာရ ဆိုတဲ့ အကြောင်းတရား ၄ ပါး ကြောင့်တာ ရပ်တည်နိုင်တာဖြစ်ပြီးဘယ်သူတဦးတယောက်
( တန်ခိုးရှင် ) က မှ ဖန်တိးစေခိုင်းလို့ဖြစ်ပေါ်နေရတာ မဟုတ်ပါ
နမ်ဆိုတာ - သိတတ်တဲ့သဘော -
                မှတ်သားတက်တဲ့သဘော -
                ခံစားတက်တဲ့သဘော -
                ပြုပြင်စေ့ဆော်တက်တဲ့သဘောဆိုတဲ့သဘောတရားအစုအဝေးမျှသာ ဖြစ်ပါတယ် ။
 နမ်ခန္ဓာဆိုတာလဲ သူ့ ( ဒွါရ ) သူ့အပေါက် နဲ့ သူ အကြောင်းတိုက်ဆိုင်မှပေါ်နိုင်တာ
ဖြစ်ပါတယ်
           မျက်စိဆိုတဲ့ မျက်လုံးနဲ့ မြင်စရာ အဆင်း တခုတခုနဲ့တွေ့မှ စက္ကုအာရုံဆိုတဲ့
 မြင်စိတဖြစ်ပါတယ် ( နမ်ခန္ဓာ တခုဖြစ်ပါတယ် )
နား နဲ့  အသံတခုခု နဲ့ တိုက်မှ( သောတအာရုံ  )ုံ ဆိုတဲ့  ကြားစိတ်ဖြစ်ပေါ်ပါတယ်
နှာခေါင်း နဲ့ အနံ့  တခုတခု နဲ့ တိုက်မှ ( ဂန္ဓာရုံ ) ဆိုတဲ့ နံ စိတ် ဖြစ်ပေါ်ပါတယ်
လျှာပေါ်မှာ  စားစရာ တခုခု နဲ့ တွေ့ မှ  ( ရသာရုံ ) ဆိုတဲ့ အရသာ စိတ်ဖြစ်ပေါ်
ပါတယ်
ခန္ဓာကိုယ် အရေပြားမှာ  ထိတွေ့တဲ့ အရာတခုခု နဲ့ ထိတွေ့မှ  ( ဖောဋ္ဌာပါရုံ ) ထိုတဲ့ 
ထိသိစိတ် ပေါ်ပါတယ်
မနော မှာ တွေးတောစရာ တခုခု နဲ့ တွေ့မှ တွေးတောကြံစည်စိတ်ဖြစ်ပေါ်ပါတယ်
နမ်ခန္ဓာ ၄ ပါး ဟာလဲ သူ့ အပေါက် ( သူ့ဒွါရ ) နဲ့ သူ တိုက်မှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်
ကိုယ်သဘောအတိုင်း ပေါ်ပါဆိုလို့ပေါ်တာမဟုတ်ပါ - ဒါကြောင့် နမ်ခန္ဓာကို လဲ ငါ့ စိတ်
ငါ့နမ်လို့ မှတ်လို့မရပါ
လက္ခဏဉာဏ်နဲ့ပတ်သက်လို့ဆက်လက်ရှင်းပြရမယ်ဆိုရင်
တစုံတစ်ခုကို မကျေမနပ်လို့ ဒေါသဖြစ်နေတယ် ဆိုပါ စို့
တော် တော် နဲ့ မကျေနိုင်မချမ်းနိုင်ဖြစ်နေတယ်
စိတ်ကိုထိန်း မနိုင် သိမ်းမနိုင်ဖြစ်နေတယ်
တစုံတခု တုန့်ပြန်လိုက်တယ်
ကျေနပ်သွားတယ်  တဖြေးဖြေးဒေါသတွေပြေသွားတယ်
ရေ တစ်ခွက်လောက်သောက်လိုက်တော့ တော်တော်လေး ဒေါသတွေလျော့သွားတယ်
ဒါပေမဲ့ ခုဏ ဒေါသဖြစ်ခဲ့တဲ့စိတ်ကလေး က အရှိန်ကျန်နေသေးတယ်လို့ ရင်ခုံနေသေးတယ်
တွေးကြည့်လိုက်ပါ  - အော်ခုဏ ငါ့စိတ်တွေ ဒေါသအရှိန်တက်ခဲ့ပါလား
အော်ခုဏ ငါ့စိတ်တွေ ဒေါသအရှိန်တက်ခဲ့ပါလား -ဒေါသဖြစ်ခဲ့ပါလား ဆိုတဲ့ လက္ခဏာ ကိုတွေးကြည့်
လို့သိတာအဲဒါ လက္ခဏ ဉာဏ် နဲ့သိတာပါ
 ကိုယ်နေတဲ့ရပ်ကွက် မီးလောင်နေတယ် ဆိုတဲ့သတင်းကြားရတော့
ရင်ထဲ ထိတ် သွားတယ် စိတ်ထဲပူလောင်သွားတယ်
ငါ့အိမ်များ ပါသွားသလား - အိမ်က ခလေးတွေ ဘယ်လိုနေကြသလဲ
စိတ် ပူလောင်နေတယ် ဘာလုပ်ရ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်
သွားကြည့်တဲ့သူတွေ ရဲ့ သတင်းစကားကြားရတော့
ကိုယ်နေတဲ့ လမ်း မဟုတ်ဘူးလို့ပြောတယ် ဝေးတယ်တဲ့
စိတ်ထဲ့ အေးသွားတယ်  အခုမှ အလုံးကြီးကျသွားတယ်
ရင်ထဲမှာတော့ ခုံနေသေးတယ်
ပြန်တွေးကြည့်လိုက်တော့  အော် ခုဏ ငါ့ စိတ်တွေ ပူလောင်ခဲ့ပါလားဆိုတဲ့ လက္ခဏာကို 
လို့တွေးကြည့်ရင်သိပါတယ်
အဲဒါ လက္ခဏ ဉာဏ် နဲ့သိတာပါ  လက္ခဏ ဉာဏ်ဆိုတာ တွေးကြည့်မှ သိတာ
ဥပမာ -  ညက လယ်ထဲကို ဆင်ကြိးတကောင် ၀င်လာအိပ်သွားတယ်
ဆင်       ခြေရာ တွေကို တွေ့ရတယ် - ဆင်ခြေးတွေတွေ့တယ် - ဆင်တိုးဝှေ့တိုက်သွားလို့ 
သစ်        သစ်ပင်တွေလဲနေတယ်
ဆင်အိပ်သွားတဲ့နေရာ မှာ တွင်းကြီိးဖြစ်နေတယ်
အဲဒါတွေဟာ ဆင်ကောင်ကြီး မရှိတော့ ပေမဲ့ ဆင်ဝင်သွားတယ်ဆိုတဲ့ လက္ခဏာတွေကို
 မြင်လို့သိနိုင်ပါတယ်
ပြန်တွေးကြည့်လိုသိတာ  အဲဒါလက္ခဏဉာဏ် နဲ့သိတာလို့ဆိုလိုပါတယ်
မောင်သုည