Friday 30 November 2012
The Absent Minded Professor
နိုင်ငံခြားရုပ်ရှင်
The Absent Minded Professor
Sunday 18 November 2012
မြိုင်ယံဘွား နှင့်သုဝဏ္ဏဒေ၀ီ
အဘိုးပြောတဲ့ ရာဇ၀င်ပုံပြင် ( ၆ )
မြိုင်ယံဘွား နှင့်သုဝဏ္ဏဒေ၀ီ
” အဘိုး  အဘိုး  သမီးတို့ ရောက်နေပြီ  - ပုံနားထောင်ဘို့ရောက်နေပြီလေ - 
” အော် အော်  သမီးတို့ သားတို့တောင်ရောက်နေကြပြီကိုး လာ ထိုင်ကြ ထိုင်ကြ ”
” အဘိုး သမီးတို့ကို ဒီတပတ်ဘာပုံပြောမှာလဲ ဟိုတပတ်က ရှင်မွေးလွန်း မင်းနန္ဒာ
ပုံပြောမယ် ဆို  ဒီညတော့ ရှင်မွေးလွန်းမင်းနန္ဒာအကြောင်းပြောရမယ်နော်အဘိုး ”
” အေးပါ  ပြောမှာပါကွယ့်  သားတို့ သမီးတို့က တယ်လောတာကိုးကွဲ့ ”
” အဘိုးက မယ်လမု နဲ့ သိကြားမင်းကြီးအကြောင်းပြောတော့  မယ်လမုကမွေးတဲ့ ဥက္ကလာပ
အကြောင်းပြောရင်း တဖုဿ နဲ့ ဘလ္လိက ညီနောင်အကြောင်းကနေ ရွှေတိဂုံစေတီ တည်တဲ့
ဆီရောက်သွားတာပေါ့ ”
” ဥက္ကလာပမြို့ဆိုတာကဥက္ကလာပမင်းကိုအစွဲပြုပြိးခေါ်တာအဲဒီမြို  ကို့ ရသေ့ကြီးနဲ့သိကြားမင်း
ကြီးတို့ကတည်ပေးလိုက်တာ သိကြားမင်းက သူ့သားကို ကြိမ်စကြ်ာတလုံးပေးခဲ့တယ်
အဲဒီကြိမ်စကြ်ာက ရေကိုရိုက်ရင်ရေထဲကအကြီးဆုံသတ္တ၀ါ လာခစားရတယ်၊ကုန်းပေါ်မှာရိုက်
ရင်ကုန်းပေါ်ကအကြီးဆုံးသတ္တ၀ါ လာခစားရတယ် ”
“ဟယ် ဟုတ်လားအဘိုး ဆန်းလိုက်တာ ”
” ဥက္ကလာပ ကိုရသေ့ကြီးက မြိုတည်ပေးပြိးဘုရင်အဖြစ်မြှောက်စားထားတယ်၊
အဲဒီအချိန်ကစပြီးဥက္ကလာပမင်းဆက်က စခဲ့တာပေါ့ ဥက္ကလာပ မင်းဆက်က ၃၂ ဆက်ရှိ
တယ်၊ သာသနာသက္ကရဇ်၁၀၃ ခုနှစ် လောက်ကစပြီး တည်ခဲ့တာ၊ ၁၇၅၂ ခုနစ်မှာကုန်းဘောင်
မင်းဆက်ကိုစပြီးထူးထောင်ခဲ့တဲ့လောင်းဘုရားလက်ထက်အထိကြာတယ် ၊
 အလောင်းဘုရားအောက်မြန်မာပြည်ကိုလာတိုက်တော့မှ ဥက္ကလာပဆိုတဲ့ ဒဂုံမြို့ဟာ
အလောင်ဘုရားလက်အောက်ကိုရောက်သွားပြိး အလောင်းဘုရားက တောင်ဘက်ပိုင်းက
မွန်တွေရဲ့ ရန်ကို နှိမ်နင်းလို့ ဒီမြို့ မှာနောက်ဆုံးရန်တွေကုန်သွားပြီဆိုပြိး ရန်ကုန်လို့သမုခ်ခဲ့တာ ဘဲကွဲ့  ”
ဥက္ကလာပဆိုတဲ့ ဒဂုံမြို့က လဲ ၅ မည်ရပြည်ရွှေတိဂုံလို့ဆိုရလောင်ပြောစရာတွေအများကြိးဘဲ
အဲဒီအကြောင်းကိုတော့ အဘိုးနောက်မှ သပ်သပ်ပြောပြမယ်နော်
          ” ဟုတ်ကဲ့ အဘိုး          
” ကဲအဲဒါတွေထားလိုက်ပါတော့ မင်းနန္ဒာအကြောင်းပြောမယ်ဆိုရင်-သူတို့ဇာတ်လမ်းထဲ
မှာအဓိကဇာတ်ကောင်အဖြစ်ပါနေတဲ့ ငမိုးရိပ်မိချောင်းအကြာင်းကိုအရင်စပြောမှဖြစ်မယ်”
          ” ဘာဖြစ်လို့လဲအဘိုးရဲ့  ”
          ” ဒီလိုလေ သိကြားမင်းကြိးက နတ်ရေစင်ကို  မာတလိကျေးငှက်လေးနဲ့  ပေးလိုက်
တော့ နောက်က နတ်သမီးလေးပါးက သိမ်းငှက်ယောင်ဆောင်ပြိး လိုက်ထိုးလို့ ချောင်းထဲတစ်
စက်ကျပြိး မိချောင်မကြိးကသောက်မိသွားတယ် လို့ ငမိုးရိမ်မိချောင်းဖြစ်လာတယ်လို့အဘိုး
ပြောထားတယ် မဟုတ်လားအေးဒီတော့ ငမိုးရိပ်ကလဲ ဥက္ကလာပမင်း နဲ့ အတူတူလောက်မှာ
မွေးတာဆိုတော့ သူကိုအရင်ပြောမှဖြစ်မှာပေါ့ကွဲ့ ”
” အင်း အင်း ဒါဆိုလဲ ငမိုးရိပ်အကြောင်းဘဲပြော ပေါ့အဘိုးရဲ 
ကဲ နားထောင်
” ဟိုးရှေးရှေးတုန်းက လှိုင်မြစ်ကမ်းက ထန်းတပင်ရွာအနီးမှာ ဖိုးထော်လပန်း နဲ့ မယ်ဇက်ဆိုတဲ့တံငါသည် လင်မယားနှစ်ယောက်ရှိတယ်၊
အဲဒီလင်မယားနှစ်ယောက်ကမြစ်ထဲမှာငါးဖမ်းနေတုန်းကောင်းကင်မှာမိုးရိပ်တွေအုံ့ လာတယ်၊
                    ” ရှင်မရေ မိုးတွေအုံ့ လာတယ်ကွဲပိုက်တွေသိမ်းပြီးပြန်ကြစို့တော်တော်ကြာ
လေကြီးမိုးကြီးကျရင်ဒို့ ဒုက္ခတွေ့ နေမယ်ကွဲ့  ”
                    ” ဟုတ်ကဲ့မောင်ကြိးရေ ကျုပ်ပိုက်တွေကို သိမ်းလိုက်တော့မယ် ”
          လင်မယားနှစ်ယောက် ပိုက်တွေဆွဲလိုက်တော့ ပိုက်ထဲမှာ ဥကြီးတလုံးပါလာတယ်
” မောင်ကြီး ဒီမှာကြည့်စမ်း ပိုက်ထဲမှာ ဥကြီးတလုံး ပါလာတယ် ဘာဥကြီးလဲမသိဘူး
          ” အေးအေး ဟုတ်တယ် ဟ ဥကြီးကတယ်ကြီးပါလား ”
”အထဲမှာ ဘာကောင်ရှိမလဲမသိဘူး ”
          ” ကျုပ်တော့ နောက်ဖေးက ရေအင်ဒုံထဲ ထဲ့ထားပြီး မွေးထားကြည့်ချင်တယ်”
          ” အထဲကဘာကောင်လေး ထွက်လာမလဲလို့ ”
          ” အေး ကွာ မင်းသဘော ဘဲ လုပ်လုပ် ”
အဲဒါ နဲ့  မိန်းမ လုပ်သူက ရေအင်ဒုံထဲ ထဲ့ပြိး ထားလိုက်တာ နောက်တပတ်လောက်ကြာတော့
ဥထဲက မိချောင်းကလေးပေါက်လာတယ်
                    ” ဟယ် မောင်ကြီးရေ ဒီမှာလာကြည့်ပါအုံး ဥထဲက မိချောင်းကလေးပေါက်နေတယ်
တော့ မောင်ကြိး ကျုပ်မွေးထားမယ်နော် - ကျုပ်မှာခလေးမရှိတာနဲ့ အတော်ဘဲ
ဒီကောင် လေးကိုကျုပ်သားအဖြစ်နဲ့ မွေးထားမယ်နော် ”
                    ” အေး အေး လုပ် လုပ်မင်းသဘော မင်းသဘော ”
ဆိုပြိး လင်မယားနှစ်ယောက် မိချောင်းလေးကိုမွေးထားတယ် -
မိုးတွေအုံတက်လာတဲ့နေ့မှာရလို့ ငမိုးရိပ် လို့ နာမယ်ပေးထားတယ်၊
          ယောက်ကျားလုပ်တဲ့သူက နေ့တိုင်း ငမိုးရိပ်ကို မြစ်ထဲက ငါးတွေဖမ်းလာပြိးကြွေးတယ်၊
ငမိုးရိပ်ကလေးကတဖြေးဖြေးနဲ့ကြီးတာတော့ တခြားထွက်မသွားအောင်ဆိုပြိး ၀ါး ခြံခပ်ထားတယ်၊
ငမိုးရိပ်အတွက် ခြံခပ်ပေးတာအားလုံးဝါးအလုံးရေတစ်ရာတိတိကုန်တယ်တဲ့၊အဲဒီနေရာကိုနောက်
တော့ ၀ါးတရာဆိပ်ကမ်းလို့ခေါ်လာကြတယ် ၊
          ” အဘိုး အဲဒီနေရာက လှိုင်မြစ်ထဲမှာ ကြည့်မြင်တိုင်တဘက်ကမ်း က ထန်းတပင်တို့ဝါးတရာ
တို့ဆိုတာလား အဘိုး ”
          ” အေး ဟုတ်တယ် ”
          ” ဒါပေမဲ့ ငမိုးရိပ်ချောင်းက ဒီ -- ပုဇွန်တောင်  နဲ့ သာကေတဘက်မှာလေ ဘယ်လိုဖြစ်တာလဲ”
          ” အေးပါ - ပြောပြမှာပေါ့ ဖြေးဖြေးလေ ”
          ဒီလို လေ တနေ့တော့ ဖိုးထော်လပန်း ကငါးသွားဖမ်းတာငါးမရလို့နဲနဲနောက်ကျနေတယ်၊
အဲဒီအချိန်မှာငမိုးရိပ်ကလဲဆာလို့ဒေါထနေတယ်၊
          ဖိုးထော်လပန်းက ပြောပြောဆိုနဲ့ဝါးခြံတံခါးဖွင့်ပြိးဝင်လာတယ်ဆိုရင်ဘဲ-ဆာလွန်းလို့ဒေါကန်
နေတဲ့ငမိုးရိပ်ကအမြီးနဲ့ ရိုက်ပြိးဖိုးထော်လပန်းကိုကိုက်တော့တာဘဲ”
          ” ဟယ်  တော်တော်ဆိုးတဲ့ငမိုးရိပ်ပဲ ”
          ” ဖိုးထော်လပန်းလဲရုံးပေမဲ့မရဘူး နောက်ဆုံး ငမိုးရိပ်ကပါးစပ်ထဲ ထဲ့ပြီးမြိုတော့မယ်လုပ်တော့
ဖိုးထော်လပန်းက ဒီလောက်တောင်ကျေးဇူးရှင်ကို မထောက်ညှာတဲ့အကောင် မင်းကိုနောက်ဘ၀မှာ
ငါနိုင်တဲ့သူဖြစ်ပါရစေလို့ဆုတောင်းပြိး ငမိုးရိပ် မြိုတာခံလိုက်ရတယ် ”
          ” ဟယ် သနားစရာဘဲနော် အဘိုး ”
          ” အေး အဲဒီနောက် ငမိုးရိပ်ကို အစာကြွေးမဲ့သူလဲမရှိတော့ ၀ါးတစ်ရာခြံကြီးကိုဖေါက်ပြိးထွက်
သွားတယ် - နောက်တော့ အခုပုဇွန်တောင်ချောင်းဘက်ကိုရောက်လာတယ် - အဲဒီနေရာမှာလဲ
မိချောင်းမ ၃ ကောင်ကျက်စားနေတဲ့နေရာပေါ့ - ငမိုးရိပ်ရောက်လာတော့လက်မခံဘူး၊ဒီတော့ငမိုးရိပ်
နဲ့ နေရာလုတိုက်ပွဲလုပ်ကျတာပေါ့-အဲဒီတိုက်ပွဲမှာ ငမိုးရိပ်က နိုင်သွားတယ် မိချောင်းမရဲ့ လက်ကိုကိုက်
လိုက်တာ မိချောင်းမလက်ပြတ်သွားတယ် - အဲဒါကြောင့်နောက်တော့ အဲဒီမိချောင်းမ ကို မလက်တို
လို နံမယ်တွင်သွားတယ်၊
          ငမိုးရိပ်နဲ့  မလက်တို တို့ဟာ အဲဒီမှာတင် ရန်ညှိးတွေဖြစ်သွားတယ် ၊ မလက်တိုက ငမိုးရိပ်ကို
ကလဲ့စားခြေဘို့အမြဲတမ်းအကွက်စောင့်နေတာပေါ့ ၊
          ” အင်းကောင်းတယ် ကျေးဇူးကန်းတဲ့ ငမိုးရိပ် သူကိုမွေးတဲ့သူ့ သခင်ကို ကိုက်သတ်လို့ နောက်
ဘ၀ မှာ သူ့ကို နိုင်တဲ့သူဖြစ်ပါရစေလို့ဆုတောင်း ထားတယ် - အခု မလက်တိုကလဲ သူလက်ကိုဖြတ်
အောင်ကိုက်လို့ ရန်ညှိးထားခံရတယ် - ငမိုးရိပ်တော့ ဘယ်နေ၀တ်လည်မလဲမသိဘူး နော်အဘိုး
          ” အေး ဒါကတော့ တိရိစ္ဆာန်ဆိုတာ မမွေးကောင်းဘူး - တနေ့သူ့စရိုတ်ပေါ်လာရင်သူ့သခင်
တွေဘာတွေနားလည်တာမဟုတ်ဘူး ကွဲ့ အန္တရယ်ရှိတယ် ”
          ” အင်း ဟုတ်တယ် ဟို ကြောင်တို့ ခွေးတို့ကျတော့ကော အဘိုး 
          ” ဒါကတော့ သူ့အကြိုက်နဲ့သူပေါ့ကွယ် - ”
          ” ကဲ ကဲ ဒါတွေထားလိုက်ပါ အဘိုး ပုံဆက်ပြော နောက်ဘာဆက်ဖြစ်လဲ ဟင် ”
          အဲဒီအချိန်ကစပြီး ငမိုးရိပ်က ဒီချောင်းထဲမှာ ဗိုလ်ကျပြိးကျက်စားနေတာပေါ့ နောက်တော့
အဲဒါကြောင့်နောက်တော့ဒီချောင်းကို ငမိုးရိပ်ချောင်းလို့ ခေါ်လာတော့ကြတာပေါ့ ၊
အဲ ငမိုးရိပ်ရဲ့  မလက်တိုတို့ က အကောင်ကြီးတယ် ဦးခေါင်း ၃ တောင်ရှိလာတော့လူယောင်
ဖန်ဆင်းလို့ရမယ် - ငမိုးရိပ်က လူယောင်ဖန်းဆင်းပြိးနေတဲ့အခါနေတယ် တောရွာတရွာမှာမိန်းခလေး
တစ်ယောက်နဲ့အိမ်ထာင်ကျလို့တောင်နေတယ်၊
          ” အမယ်ငမိုးရိပ်က တယ်ဟုတ်ပါလား မလက်တိုက ကော အဘိုး 
          ” အေး အလက်တိုတို့ ညီအမ ၃ ယောက်ကတော့ ငမိုးရိပ်ကို ဘယ်လိုလက်စားခြေရမလဲလို့
အခွင့်ကောင်းကိုစောင့်နေကြတာပေါ့ ”
အဲ မင်းနန္ဒာကလေး ကို ဥက္ကာပမင်းနဲ့ အမတ်ကြီးသမီး ကမွေးတာဆိုတာသိပြီဆိုတော့ ၊
ရှင်မွေးလွမ်း ကလေးကကော ဘယ်သူကမွေးတာလဲဆိုတာ ပြောရမှာပေါ့
”ဟုတ်တယ်လေ အဲဒါသမီးလဲသိချင်နေတာ ”
မြိုင်ယံဘွား နှင့်သုဝဏ္ဏဒေ၀ီ ဇာတ်လမ်းက အခုမှ လာပြီ
ဒီလိုကွဲ့ 
အချိန်ကတော့ ဥက္ကာပ ခောတ်နဲ့တခေတ်ထဲ့ပေါ့ကွယ်
          သုဝဏ္ဏဘုံမိလို့ခေါ်တဲ့ သထုံမှာ သင်္ခရာဇာဆိုတဲ့မင်းအုပ်ချုပ်နေတယ်၊အဲဒီမင်းမှာထီးနန်း
ဆက်ခံမဲ့သားယောက်ျားမရှိဘူး- သမီးတော်သုဝဏ္ဏဒေ၀ီဆိုတဲ့သမီးတော်တပါးထဲသာရှိတဲ့အတွက်
ဘုရင်ကြီးနတ်ရွာစံတဲ့အခါမှာသထုံထီးနန်းကိုဆက်လက်အုပ်ချုပ်တယ်-သုဝဏ္ဏဒေ၀ီဟာရုပ်ရည်
ချောမောလှပတယ်၊နှလုံးရည်နဲ့လဲပြည့်စုံတယ်၊သူကိုမိဘုရားမြှောက်ဘို့တခြားပြည်ကဘုရင်တွေက
လာကမ်းလှမ်းပေမဲ့လက်မခံဘူး-ဘုရင်မကိုလက်ထပ်မဲ့သူဟာဘုရင်မရဲ့ ခင်ပွန်းဘဲဖြစ်ရမယ်၊ဘုရင်
အဖြစ်ရဘူးတဲ့ သူက
          ” ဟာ ဒါဆို  သုဝဏ္ဏဒေ၀ီကလဲ ပန်ထွာမင်းသမီးလိုဘဲ ဘုရင်မကြီးပေါ့ ဟုတ်လား အဘိုး ”
          ” အေး ဟုတ်တယ်  သူ က သထုံရဲ့ ဘုရင်မဘဲ ”
           အဲဒီ သုဝဏ္ဏဒေ၀ီက ရုပ်ရည်ချောမောတယ်၊တောင့်တင်းတယ်ခန့်ညားတယ်၊
တောကစားထွက်တာဝါသနာပါတယ် - တခါရံမြင်းစီး ပြီးတောကစားထွက်လေ့ရှိတယ်၊
          ”ဟယ် ဒီတောထဲမှာ နွယ်ပင်တွေ စီးပြီး ဟိုပင်ကူးလိုက် ဒီပင်ကူးလိုက်နဲ့ ဘာများပါလိမ့် ”
တနေ့တာ့
သုဝဏ္ဏဒေ၀ီမင်းသမီးကလေးတောစကားထွက်ရင်း တောတွင်းသားအရိုင်းတယောက်
ကိုတွေ့တယ်၊
          ကြည့်နေရင်း ကြည့်ရင်း နွယ်ကြိုးပေါ်က လူရိုင်းလေး မင်းသမီးရှိတဲ့နေရာကို နီးနီးလာ
ပြီးပြုတ်ကျလာတယ်
          ” ဟဲ့ အမလေး လန့် လိုက်တာ ”
          ” မလန့် ပါနဲ့ အမ ရယ် ကျွန်တော်ပါ ” ကျွန်တော်က အမတို့လို လူတွေနဲ့ သိပ်တွေ့လို့ ရတာ
မဟုတ်ဘူးအမ ရဲ့  ဒါကြောင့်မို့ ဒီတောထဲ လာနေတာ ”
          ” နေစမ်းပါအုံး   မင်းကဘယ်သူလဲ ”
          သုဝဏ္ဏမင်းသမီးကလေးကတအံ့တသြနဲ့ အကဲခပ်လိုက်တယ်၊လူရိုင်းကလေးကခန္ဓ္ဓာ
ကိုယ်တောင့်တောင့်တင်းတင်းနဲ့ အားကောင်းမောင်းသန်ယောက်ျားပီသတဲ့လူမျိုးလေး
ဟုတ်မှာပေါ့ သူက နွယ်ကြိုးတွေပေါ်မှာနေတာကိုး ၊      
” ကျွန်တော့နာမယ် မောင်ဒီပါ မြိုင်ယံဘွားမောင်ဒီလေ ”
” ကျွန်တော် လူတွေကို မတွေ့ချင်ပေမဲ့ အမကိုတွေ့ တော့ အခု တွေ့ ချင်သွားပြိ ”
          ” အမယ် ဘာဖြစ်လို့လဲ ”
          ” အမ က လှုလို့ ”
          ” ဟဲ့ ဘာပြောတယ် ”
          ” ဟုတ်တယ် ကျွန်တော် အမကိုလာစောင့်နေတာ နေတိုင်းဘဲ ”
          ” အမ က တခါ တခါ ပျောက်နေလိုက်တာ အကြာကြီးဘဲ ကျွန်တော့မှာမျှော်နေရတာမောနေ
တာဘဲ ”
          “ ဟဲ့ ကောင်လေး အရိုင်းလေး ဘာတွေပြောမှန်းလဲ မသိဘူး သွား  --  သွား 
သုဝဏ္ဏဒေ၀ီကလေးက မောင်ဒီကို တွန်းထုတ်လိုက်ပြီး မြင်းကိုဒုံးစိုင်းနှင်ပြီးနန်းတော်ကိုပြန်လာခဲ့တယ်
          အဲဒီနေ့ကစပြိး သုဝဏ္ဏဒေ၀ီလေးရဲ့ စိတ်ထဲမှာမောင်ဒီကိုဘဲစဉ်းစားနေမိတယ်၊
” အင်း သူ့ကို ငါ နန်းတော်ထဲရောက်အောင်ဘယ်လိုကြံရမလဲ --- ငါက ဘုရင်မ - သူကတော
တွင်း သားအရိုင်း  -  အင် မဖြစ်ပါဘူး ”
          သုဝဏ္ဏဒေ၀ီကလေးက မောင်ဒီကလေးကိုစွဲလန်းနေပြိး မကြာမကြာတောထဲမှာသွားတွေ့လေ
ရှိတယ်
          ” ဟော မမ ရောက်လာပြိ ကျွန်တော်ကတော့မျှော်လိုက်ရတာဗျာ ”
          ” မင်း နဲ့ ငါဒီနေ့ ပြောစရာတွေအများကြီးရှိတယ် ”
          ” ဘာများလဲအမ ”
          ” မင်းငါ့နန်းတော်ကို လိုက်နေမလား ”
          ” ဟာ မဖြစ်ဘူး အမ ကျွန်တော်လူတွေကို အတွေ့ ခံလို့မရဘူး ”
          ” ဒီလို ဆို မင်းတောထဲမှာဘဲ နေမလား ”
          ” မနေဘူး  အမကိုကျွန်တော် တောထဲခေါ်ထားမှာ ”
          ” အို မဟုတ်တာ မဖြစ်နိုင်တာတွေ လာမပြောနေနဲ့  ”
          ” ဖြစ်နိုင်ပါတယ် အမရယ် နေပါနော် နေပါ ကျွန်တော်နဲ့ အတူနေချင်လို့ပါ - နော် ”
          ” အို-တော် စမ်း မောင်ဒီ ----  မင်း  - မင်း မကဲနဲ့နော် 
သုဝဏ္ဏဒေ၀ီ လေးတောကစားထွက်သွားတာညနေတော်တော်စောင်းတဲ့အထိပြန်မလာတော့နန်းတော်
ဗိုလ်မှူနဲံ့ စစ်သားတွေက တောထဲကိုလိုက်လာပြီးရှာကြတယ်၊
          ”ဟေ့ ဟိုမှာ ဒို့မင်းသမီးကလေး တွေ့ ပြီ 
          ”ဟာ အနားမှာ ဘယ်က တောရိုင်းကောင်လဲမသိဘူး မင်းသမီးကလေးကိုဘာလုပ်မလို့လဲ
မသိဘူး လိုက်ကြစမ်း ”
          ” ဟော နန်းတော်က လိုက်တာပြိး မောင်ဒီ သွားတော့ သွားတော့ ”
              မင်းသမီးကလေး က မောင်ဒီကိုမောင်းထုတ်ပြိး သူ့ စစ်သားတွေဘက်ပြန်လာနေတုန်း
စစ်တပ်ကမောင်ဒီကိုလိုက်ဖမ်းကြတယ်၊မောင်ဒီက နွယ်ကြိုးပေါ်တက်ပြီးပြေးတယ်၊
       ဒါပေမဲ့ နန်းတော်က လက်ဖြောင့်လေးသမားက မျှားနဲ့ ပစ်လိုက်တာ မောင်ဒီကိုထိပြီး ၊
အောက်ကိုကျသွားတယ် ။
       “ အမလေး ” 
     ” အမလေး လုပ်ပါအုံး ”
မောင်ဒီ နဲ့  သုဝဏ္ဏဒေ၀ီ တို့ နှစ်ယောက်စလုံး တပြိုင်ထဲအော်လိုက်တဲ့အသံဟာ တောကြီးတစ်ခု
လုံးဟိန်းပြိး ပဲ့တင်ရိုက်ခပ်သွားတယ်၊
       မောင်ဒီကလေး နွယ်ကြိုးပေါ်ကြ့ပုတ်ကျသွားတာကို မျက်စိထဲမှာအမြဲလို မြင်နေတော့တယ်
       သုဝဏ္ဏမင်းသမီးကလေးကမောင်ဒီကိုစွဲလန်းပြီးပူဆွေးသောကရောက်နေရရှာတယ်၊
အဲဒီအချိန်မှာ
အဲဒီခောတ်နဲ့ တခောတ်ထဲလို့ပြောရမဲ့နေရာကတော့
အခု သံလျင်ကျွန်းဆိုတဲ့နေရာ ကိုအရင်က သီဟဒီပကျွန်းလို့ခေါ်တယ် ဥက္ကလာပမြိုတည်တဲ့
အချိန်ထက်နဲနဲတောင်စောမယ်၊ အဲဒီကျွန်မှာပါဒကြီးဆိုတဲ့မြို့တော်တစ်ခုရှိတယ်၊အဲဒီမြို့တော်ကိုဘုရင်
ဇေယျသေနမင်းကြီးကအုပ်ချုပ်တယ်၊အဲဒီမြို့တော်ရဲ့ အထဲမှာပါဒကြီးဆိုတဲ့ရွာတရွာရှိတယ်၊အဲဒီရွာမှာ
ခွန်အားဗလအလွန်ကောင်းပြိးအင်အားတောင့်တင်းတဲ့လူစွမ်းကောင်းတစ်ယောက်ရှိတယ်၊
တစ်နေ့တော့ ငသံလျင်ကအင်အားစုပြီး၊ဇေယျသေနမင်းကိုပုန်ကန်တိုက်ခိုက်တဲ့အခါမှာ၊ဘုရင်
ဇေယျသေနမင်း ရှုံးနိမ့်တဲ့အတွက်ငသံလျင်က ပါဒကြီးမြို့ကို သံလျင်မြို့ လို့အမည်ပြောင်းပြိးမင်း
အဖြစ်နဲ့ ဆက်လက်အုပ်ချုပ်နေတယ်၊
          ငသံလျင်မင်းနတ်ရွာစံတော့၊ဘောဂသေနမင်းသားကထီးနန်းကိုဆက်လက်အုပ်ချုပ်တယ်၊
ဘောဂသေနမင်းသားလေးဘုရင်ဖြစ်လာတော့၊တောင်ညာစံဒေ၀ီမိဘုရားမရှိလို့မူးကြီးမတ်ကြီးတွေ
တိုင်ပင်ပြိးတောင်ညာစံဒေ၀ီမိဖုရားမြှောက်ဘို့လိုက်ရှာနေကြတယ်၊
          အဲဒီအခါမှာ သထုံမြို့ က သုဝဏ္ဏဒေ၀ီကလေးသတင်းက တော်တော်လေးသတင်းကတော်
ကလေးမွေးနေတယ်ရုပ်ရည်ချောမောတယ် ၊ ဥာဏ်ပညာအလွန်ထက်တယ်၊ မာနကြီးတယ်ဒါပေမဲ့ ၊
 ခင်ပွန်းမရှိဘူး၊သံလျင်ကဘောဂသေနမင်းသားလေးကြားတော့၊
” အဝေးကပင်သတင်းကြား၍မေတ္တာသက်ဝင်ချစ်ခင်နေပါသဖြင့်ဘိတ်သိပ်ခံ၍တောင်ညာစံ
ဒေ၀ီမိဘုရားမြှောက်လိုပါတယ် ” လို့သ၀ဏ်လွှာနဲ့ အတူလက်ဆောင်ပဏ္ဏာများဆက်သပြီးခွင့်တောင်း
လာတယ်
          သုဝဏ္ဏမင်းသမီးကေလးကလဲ မောင်ဒီကိုစွဲလန်းပြိးပူဆွေးနေတုန်းဒီလိုစကားမျိုးကြားရတော့
တော့စိတ်ဆိုးဆိုးနဲ့ရက်ရက်စက်စက်ခါးခါးသီးသီးပြန်ပြောလွှတ်လိုက်တယ်၊
          ဘောဂသေနမင်းကခါးခါးသီးသီးငြင်းလိုက်တဲ့စကားကိုကြားရတော့၊မေတ္တာစိတ်မွှန်ပြိးအတင်း
အဓမ္မသိမ်းယူဘို့စစ်ချီလာတယ်၊
          ” တိုင်းပြည်ကိုအသာတကြည်အပ်နှင်းမလား-စစ်ရေးနဲ့ ခုခံမလား ”
ရာဇသံပေးလာတယ်၊သုဝဏ္ဏမင်းသမီးကလေးလဲ စစ်ရေးနဲ့ ခုခံမယ်ဆိုပြီး ပြန်တိုက်ပေမဲ့၊
အင်အားခြင်းမမျှလို့အညံခံလိုက်ရတယ်-ဘောဂသေနမင်းဘက်ကစစ်သူကြီးတွေကသုဝဏ္ဏမင်းသမီး
ကလေးကိုဖမ်းဆီးပြိးခေါ်သွားကြတယ်၊
သထုံကထွက်လို့ရွှေဆံတော်ဘုရားရောက်တော့စစ်သူကြီးတွေကိုသူခဏရွှေဆံတော်ဘုရားဝင်ဖူးချင်
တယ်ဆိုပြိး ရွှေဆံတော်ဘုရားမှာဝင်ပြီးသစ္စာဆိုတယ်၊
          ” တပည့်တော်မသည်ရန်သူ၏ပြုမူနှိပ်စက်အနိုင်ယူပြီးမိဖုရားပြုထားပါသော်လည်းဝမ်းတွင်းရှိ
သောသန္ဓေတော်မဖွားခင်မရဏပြည်သို့ဝင်ရပါစေအရှင်ဘုရား ”
          လို့ သစ္စာဆိုလိုက်တယ်
” အော်  မောင်ဒီနဲ့ ကိုယ်ဝန်ရသွားတာလားအဘိုး ”
          ” အေး ဟုတ်တယ် ”
          နောက် စစ်သူကြီးအမတ်ကြီးတွေကိုပြောတယ် ငါဒီဘုရားမှာ ၉ လ အဓိဋ္ဌာန်ဝင်ခဲ့တယ်၊
သင်တို့ဘုရင်လျှေက်တင်လိုက်၊မိဖုရားအရာမြှောက်တင်လိုက်ပေမဲ့ဥပုသ်ဆောင်မှာဘဲနေမယ်လို့
လျောက်တင်ကြ ”
          ဘောဂသေနမင်းကြီးကလဲသူချစ်မြတ်နိုးတဲ့သုဝဏ္ဏဒေ၀ီမင်းသမီးကိုရလာတဲ့အတွက်အလွန်
ဝမ်းမြောက်ဝမ်းသာဖြစ်ပြိး၊သူ့စိတ်တိုင်းကျအလိုလိုက်အကြိုက်ပေးပြိးချီးမြှောက်ထားတယ်၊
          သုဝဏ္ဏမင်းသမီးခမြှာမှာတော့မောင်ဒီကိုစွဲလန်းတဲ့စိတ်နဲ့ စားမ၀င်အိပ်မပျော်ဖြစ်နေတယ်၊
ဒီလိုတဲ့အချိန်ကြာလာပြီး ကိုးလကျော်လာတော့ရောဂါဝေဒနာအပြင်းအထန်းခံစားလာရတယ်၊
မင်းကြီးကလဲအကျော်အမော်သမားတော်တွေနဲ့ ကုသတယ်ဒါပေမဲ့နောက်ဆုံးမှာလက်လျော့လိုက်ရ
တယ်၊သုဝဏ္ဏမင်းသမီးလေးသူဆုတောင်းအတိုင်းကံတော်ကုန်သွားရှာတယ်၊
          ဘောဂသေနမင်းကြီးဟာသူအလွန်ချစ်မြတ်နိုးတဲ့မိဘုရားဆုံးရှုံးသွာတော့အလွန်ပူဆွေးတော်
မူပြီးသူ့ မိဖုရားကိုခမ်းနားကြီ့းကျယ်တဲ့ဈာပနအခမ်းအနားနဲ့မီးသဂြိုလ်ဘို့စီစဉ်တယ်၊
          မီးသဂြိုလ်ရာမှာမင်းတို့ရဲ့ ထုံးစံအတိုင်းအလာင်းကိုမီးမရှို့ ခင်မှာဗိုက်ကိုခွဲရတယ်၊
          ဗိုက်ကိုခွဲလိုက်တဲ့အခါမှာ အသက်ရှင်လျက်ရှိနေတဲ့မိန်းခလေးတယောက်ထွက်လာတယ်၊
          ဘုရင်ကြီးက ချစ်လှစွာသောမိဖုရားရဲ့ ကိုယ်စားသမီးတော်ကလေးရလာတဲ့အတွက်အလွန်
ဝမ်းသာပြီးနန်းတော်တွင်းကိုခေါ်ယူသွားမယ်လုပ်တော့၊မူမတ်များကသဂြိုင်းမှာမွေးတဲ့အတွက်နန်း
တွင်းသို့ယူဆောင်ဘို့မသင့်ဘူးလို့လျောက်ထားတဲ့အခါမှာ၊သမီးတော်လေးအတွက်၊တပင်တိုင်မြနန်း
တစ်ဆောင်ဆောက်ပြီးအထိန်းတော်တွေနဲ့ တူပျော်အောင်စောင့်ရှောက်ထားဘို့စီစဉ်စေလိုက်တယ်
          သမီးတော်ကလေးကို နာမယ်ပေးမဲ့နေ့ ရောက်တဲ့အခါမှာ မွေးမဲ့မွေးတော့ထူးထူးဆန်းဆန်း
မယ်တော်သေပြိးမှဝမ်းထဲမှာအသက်ရှင်ပြိးမွေးလာတဲ့အတွက်၊ မွေးမှမွေးလွန်း ရှင်မွေးလွန်း လို့အမည်
ပေးလိုက်တယ်၊
          အဲ အချိန်ကစပြီး ရှင်မွေးလွန်းမင်းသမီးကလေးဟာတပင်တိုင်ပြနန်းမှာ၊အပျိုတော်အစောင့်
အရှောက်တွေနဲ့ နေရတာပေါ့ကွယ် -
ဒီညတော့ ဒီလောက်ဘဲ ပြန်ကြတော့ ငါမြေးတို့ ”
         ” ဟင်း အဘိုးကလဲ ကောင်းခန်းကျမှ ”
မောင်သုည
မှီငြမ်းကိုးကားသောကျမ်းများနှင့်စာမူများ
1 - ဘုံပျံဆရာတော် ဦးပညာသာမိ ရေးသားသော ဗိုလ်တထောင် ဆံတော်ဦး
     စေတီတော် သမိုင်းအကျဉ်း
2 - ရှင်မွေးလွန်း မင်းနန္ဒာ ဇာတ်ညွှန်း - ရွှေနှင်းဆီ
Thursday 15 November 2012
Friday 9 November 2012
ခောတ်ဟောင်းဂန္ဓ၀င်တေးများ
မျှော်သဇင် - ခင်ညွန့်ရည် ( မူရင်းအဆိုတော် ကတော့ သဇင်ကြူ ပါ ) သဇင်ကြု က မျှော်သဇင် နဲ့ နှောင်းသဇင် နှစ်ပုဒ်ဆိုထားပါတယ် မောင်သုည
ယောက်ခမကြီးတဲ့ဖူးဇာ
ကောလိပ်ဂျင်နေ၀င်း - တင်တင်နွဲ့  မောင်သုည