Sunday 24 February 2013

တပို့တွဲ့လပြည့် ( သြ၀ါဒပါတိမောက်အခါတော်နေ့ )

တပို့တွဲ့လပြည့် ( သြ၀ါဒပါတိမောက်အခါတော်နေ့ )







တပို့တွဲ့လပြည့် ( သြ၀ါဒပါတိမောက်အခါတော်နေ့ )








( ဤကျောက်စာတော်သည် ရွှေတိဂုံစေတီပြတိုက်ရှေ့တွင်ရှိသည်
ဦးဘသော်ကောင်းမှုဖြစ်သည် မင်္ဂလာဗြူဟာ၏မြန်မာပြန်မူဖြစ်သည် ၊
သွားတက္ကသိုလ်မှထုတ်ဝေ၍မေတ္တာဗြူဟာအဖွဲ့မှဖြန့်ဝေသည်
စေတီတော် သိမ်တော်တို့၌ထိုကျောက်စာကိုရေးထိုးပူဇော်ကြရန်တိုက်တွန်ထားပါသည် )
မြန်မာ့ တို့၏၁၂ လ ရာသီလများတွင်ဗုဒ္ဓနှင့်ပတ်သက်သော ထူးခြားသည့်အဖြစ်အပျက်
တခုပါရှိမြဲဖြစ်သည်၊ တပို့လပြည့်နေသည်လည်း ဗုဒ္ဓသာသနာတော်တွင်တိုက်ဆိုင်မှုနှင့်အလွန်
ထူးခြားသောအချက် ၄ ချက်ရှိခဲ့သည်၊
၁။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည့်-သြ၀ါဒပါတိမောက်ကိုဟောကြားတော်မူခြင်း
၂။ အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း
၃။ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း
၎၊ ကဿပညီနော် ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာ မောဂ္ဂလာန်နှင့် တပည့် ၂၅၀
စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့သည်မည်သူမှပင့်ဘိတ်ထားခြင်းမရှိဘဲစုဝေးရောက်ရှိလာကြသည
့်အတွက်ထိုနေ့တွင်သြ၀ါဒပါတိမောက်ကို ဟောခြင်း
ဤသို့အင်္ဂါ ၄ ရပ်နှင့်ပြည်စုံသောကြောင့်တပို့တွဲလပြည်နေ့သည်နေ့ထူးနေ့မြတ်တနေ့ဖြစ်
ပါသည်၊ထိုနေ့တွင်သြ၀ါဒပါတိမောက်ဂါဌာကိုဟော်တော်မူသောကြောင့် တန်ပို့တွဲလပြည့်နေကို ”သြ၀ါဒပါတိမောက်”အခါတော်နေ့ဟုသတ်မှတ်ကြပါသည် ၊

သြ၀ါဒပါတိမောက် ပါဠိ
(၁) ခန္တီ ပရမံ တပေါတိ တိက္ခာ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော

(၂) သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

(၃) အနူပ ၀ါဒေါ အနူပ ဃာတော၊ ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသမ္မိံ၊ ပန္တဉ္စ သယနာ သနံ၊
အဓိစိတ္တေစ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။ .. ။

မြန်မာပြန်
(၁) လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။

(၂) မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
မိမိစိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

(၃) သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

အကျဉ်းချုပ် ဆောင်ပုဒ်
* မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စင်အောင် စိတ်ကိုထား။
* ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာ၍စကား။
* ခန္တီမူလ၊ မာန်ကိုချ၊ ဒေါသကိုပယ်၊ မေတ္တာလွယ်။ … ။
မြတ်စွာဘုရား၄၅ ၀ါပတ်လုံးဟောကြားသောတရားများကိုအနှစ်ချုပ်လိုက်လျှင်အထက်ပါ
ဆောင်ပုဒ်လင်္ကာလေးကိုရမည်ဖြစ်သည်၊
မကောင်းမှုရှောင် ကောင်းမှုဆောင် ဆိုသည်မှာ သီလပိုင်းကိုစောင့်ထိန်းခိုင်းခြင်းဖြစ်သည်
စိတ်ကိုဖြူအောင်ထားဆိုသည်မှာ (ဘာဝနာ) ၀ိပဿနာအားထုတ်ခြင်းကိုဆိုလိုပေသည်၊
သီလစောင့်လျှင် ကိုယ်နှင့် နှုတ်ကို မလွန်ကျူအောင် စောင့်ထိန်းနိုင်သည်
စိတ်ကို နိုင်အောင်ထိန်းရန်အတွက် စိတ်ကလေးဖြူအောင်ထားနိုင်ရန်အတွက် ဘာဝနာ
အလုပ် ဖြစ်သော ၀ိပဿနာဖြင့်သာစောင့်ထိန်း နိုင်မည်ဖြစ်သည် ၊
သြ၀ါဒ ပါတိမောက် ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ် သုံးပုံ
အနှစ်ချုပ် တရားဟု ခေါ်ပါ သည်။ သြ၀ါဒ ပါတိမောက် ဂါထာအတိုင်း လိုက်နာကျင့်ကြံ
နေထိုင်ကြပါက ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အိုနာသေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည် ၊
မောင်သုည
ဝန်ခံချက် ၁
ကျွန်၏ဘလောက်တွင် လစဉ် မြန်မာ့ ၁၂ လရာသီ လများအကြောင်းကို လစဉ်တင်ပြလျက် ရှိခဲ့ရာတန်ပို့တွဲလအကြောင်းတင်ပြရာတွင် ထမနဲအကြောင်းကိုသာအဓိကထား တင်ပြမိခဲ့ပါသည်၊
မိမိ၏စိတ်ထဲတွင်မြန်မာ့ ၁၂ လရာသီပွဲတော်များတွင်ဗုဒ္ဓနှင့်ပတ်သက်သောထူးခြားသည်အကြောင်း
အရာတခုခုတော့ဖြစ်လေ့ရှိသည်ဟုသိထားမိသည် ၊ ကျွန်တော် ဘလောက်ကိုစတင်ရေးဖြစ်သော
အကြောင်းမှာလည်း ” သြ၀ါဒပါတိမောက် ” ဆိုသည့်စာလုံးကို ( Goole ) တွင် ရိုက်နှိပ်ရှာဖွေရာမှ
မြန်မာလူငယ်များ၏ဘလောက်များကိုစတင်တွေ့ရှိပြီး အားကျလာသဖြင့် ဘလောက်စရေးဖြစ်ခဲ့
သည် ၊ သြ၀ါဒပါတိမောက်နှင့်ပတ်သင်၍ဓမ္မမိတ်ဆွေများအား မျှဝေရန် ရှာဖွေစုဆောင်းထားသော
လက်ကမ်းစာရွှက်ကလေးများကိုလည်း ဓမ္မဖြူဟာအဖွဲ့မှ မိတ်ဆွေ ဦးအောင်ဆန်းမှာ ပေးထားပြီး
ဖြစ်ပါလျက် မေ့လျော့ခြင်းများစွာဖြင့် လပြည့်ကျော်တရက်မှတင်ဖြစ်ခဲ့သည် ၊
ဗုဒ္ဓက မမေ့မလျော့သတိနှင့်နေရစ်ကြဟုမှာတော်မူခဲု့သည်
မေ့လျော့ခြင်းသည်သေမင်းနိုင်ငံသို့ရောက်ကြောင်းတည်းဟု လည်း ဆရာတော်ဦဓမ္မသာရ
ဆုံးမလေ့ရှိပါသည်
ကျွန်နုပ်ကား မေ့ချက်ကောင်းလေစွ
ဝန်ခံချက် ၂
ဆေင်းပါး ပါအချက်အလက်များကို စုဆောင်းရာတွင်
ဝိမုတ္တိသုခ ဘလောက် နှင့်
တွေးမိတွေးရာ ဘလောက် ( မေဓါဝီ ) မှ အချက်အလက်များကိုမှီငြမ်းပါသည်

Thursday 14 February 2013

February 14 Valentine Day မှာ သူအမြဲခွင့်ယူပါသတဲ့ဗျာ


February 14 Valentine Day မှာ သူအမြဲခွင့်ယူပါသတဲ့ဗျာ

          ကျွန်တော့်ဇာတ်လိုက်ကြီး မောင်မောင်ညှာ အဲအဲ မောင်မောင်တာ တစ်ယောက်တော့
အခု စွံသွားပြီခင်ဗျ - အဲသူ့ဇနီးလေးနဲ့အတူနိုင်ငံခြားထွက်ပြိးအလုပ်သွားလုပ်နေလေရဲ့ 
သူထိုင်းနိုင်ငံရောက်တော့ ပထမဆုံး Muntaz Export Co., မှာ Accountant အလုပ်ရတယ်
အလုပ်ဝင်ပြီးလို့တစ်လနှစ်လလောက်ရောက်တော့ February 14 ရက်နေ့ရောက်လာပါတယ်
ခါတိုင်းဆိုရုံးရာက်ရင် “ ဆ၀ါဒီ “ လို့နှိုတ်ဆက်နေကျ ဒီနေ့ကျတော့
“ ဟက်ပီးဝါလင်တိုင်း လို့စပြောပြိှး မှ “ ဆ၀ါဒီ” လို့နုတ်ဆက်ကြတယ်
ကိုမောင်တာထဲမှာထူဆန်းနေသလိုဘဲ၊ဒါပေမဲ့ဘယ်သူမေးရမှာလဲ၊ရောက်ခါစထိုင်းစကား
ကလဲ သိပ်မတက်သေးတော့ဘာကစလို့ဘာကိုမေးရမှာလဲမသိဖြစ်နေတာပေါ့ဒါနဲ့သူက
ဆ၀ါဒီခရပ် လို့ ဘဲ ပြန်နှတ်ဆက်လိုက်တယ်
နေ့လည် ထမင်းစားချိန် Lunch Time ရောက်တော့ ထမင်းစားခန်းမှာလူစုံကြတယ်
ဟလို Mr.mg tar  ဟက်ပီးဝါလင်ထိုင်းဆိုပြီး - လုပ်ဖေါ်ကိုင်ဖက်အမျိုးသမီးတစ်ဦးကလာနှုတ်
ဆက်တယ်-နောက်ပြီး-သူ့ကော်လံမှာအသဲပုံ(Sticker ) စတစ်ကာလေးလာကပ်ပေးတယ်
သူလဲဘာမသိညာမသိနဲ့-ဟက်ပီးဝါလင်ထိုင်း သင်းကရု လို့ပြန်ပြောလိုက်တယ်၊
သူတစ်ယောက်ထဲမဟုတ်ဘူးတစ်ခြားမိန်းခလေးတွေကော-တစ်ခြားစာရေးတွေပါ-ဒီလို
ဘဲနှုတ်ဆက်နေကြတာ သင်္ကြန်မှာရေပတ်သလားတောင်ထင်ရတယ်၊ရင်းရင်းနှီးနှီးတစ်
ယောက်ကိုတစ်ယောက်ဖက်ပြီးနှုတ်ဆက်ကြတယ်၊နှင်းဆီပန်းအနီလေးတွေပေးကြတယ်၊တစ်ချို
အမှုထမ်းတွေကိုကြည့်လိုက်တော့နက်တိုင်မှာ အသဲပုံအနီ ( Sticker ) စတစ်ကာလေးတွေ
မကြာပါဘူး-နောက်စာရေးမလေးတစ်ယောက်ကိုမောင်တာ ( Nicktile ) နက်တိုင်မှာအသဲပုံ စတစ်ကာလေးလာကပ်ပြိး ဟက်ပီးဝါလင်တိုင်းဆိုပြိးနှုတ်ဆက်သွားပြန်တယ်၊
တောသားမြို့ရောက်တယ်ဆိုတာဒါမျိုးထင်တယ် ၊ဒီနေ့တစ်နေလုံးအလုပ်လုပ်ရတာပျော်စရာ
ကြီးပေါ့၊တစ်ရုံးလုံးလဲဟက်ပိးဝါလင်ထိုင်းအသံတွေနဲ့ လှိုင်နေတာဘဲ-တစ်ယောက်နဲ့
တစ်ယောက်လဲတွေ့ရင်ဖက်ကြနမ်းကြနဲ့-အင်းဒါပေမဲ့သူတို့ဖတ်ကြနမ်းကြတာတွေကြည့်ရတာ
တဏှာမပါဘူး-မောင်ရင်းနှမတွေလိုချစ်ချစ်ခင်ခင်ဖတ်လဲတကင်းနုတ်ဆက်ကြတဲ့ပုံစံမျိုးဘဲ၊-ကြည့်ပြိုးကိုမောင်တာတစ်ယောက်ကြည်နူးဘို့ကောင်းတယ်၊အိမ်ကျရင်မိန်းမကိုပြောပြရမယ်
ဒီလိုနဲ့ ညနေရုံးဆင်းတော့ ထောက်ကြွ ထောက်ကြွ နဲ့ အိမ်ပြန်လာတယ် အိမ်ကမိန်းမကို
ကြွားရမယ်-ပေါ့ -
အိမ်ရောက်တော့ ဒီက အရှိန်နဲ့ကြွားဘို့အားခဲလာခဲ့တာသူ့ မိန်းမကမရှိဘူး အပြင်သွားနေတယ်
ဒါနဲ့  အင်္ကျီခွတ်တိုင်မှာချိတ်ပြီး ရေချိုးလိုက်ပါတယ်-စောင့်နေရင်း -ထမင်းဆာလာနဲ့ကိုယ်တိုင်
တိုင်ထမင်းခူးစားလိုက်ပါတယ်
အင်း ထမင်းစားလို့ပြိးတာတောင် မိန်းမပြန်မလာသေးဘူး ကြွားရမဲ့ဖီလင်တောင်ဘယ်
ပျောက်နေမှန်း မသိဘူး စိတ်တိုတိုနဲ့- အေးဆေးဘဲ တီဗီထိုင်ကြည့်နေလိုက်ပါတယ်-
ဟော ဟော အသံကြားတယ် မိန်းမပြန်လာပြိထင်တယ်- ဟေး မိန်းမ ဘယ်သွားနေလဲကွ
ငြါ့ဖင့်ဒီမှာထမင်းဆာလို့စားလိုက်ပြိ-
“ အော်ကျုပ် - အရေးကြီးကိစ္စရှိလို့သွားရတာတော့ - တော့ကိုစောင့်နေရင် မှီမှာမဟုတ်ဘူး -တကယ်ထဲ ရုံးကပြန်ရင် အိမ်ကိုတန်းပြန်လာတာမဟုတ်ဘူး -ဘယ် သဝေထိုးနေမှန်းမသိဘူး
“ ငါ - ငါ - ဘယ်မှ သဝေမထိုးပါဘူးကွား မင်းသိတဲ့အတိုင်း” Traffic “ဖြစ်နေတာ တစ်နာရီ
လောက် “
“ တော်ပါ ရှင်တို့ တခါလာလဲ ဒီ “ Traffic – Traffic “ နဲ့ ဒါဘဲ အကြောင်းပြနေတာ “
ပြောပြောဆိုဆိုနဲ့ မိန်းမချော အိမ်ခန်းထဲဝင်သွားပါတယ်-
ကိုမောင်တာလဲကြွားမဲ့အရေးမကြွားလိုက်ရဘဲအောင့်သက်သက်နဲ့တီဗီဆက်ကြည်နေလိုက်ပါတယ်
တစ်အောင့်လောက်ကြာတော့
“ ကိုမောင်တာ “ ကိုမောင်တာ 
အိမ်ခန်းထဲက မိန်းမ အသံပြဲကြိးနဲ့ အော်သံထွက်ပေါ်လာပါတယ်
“ ဟေ ဘာလဲ ဟ မိန်းမ ရ အလန့်သကြား “
အလန့်သကြားတွေ အလန့်ထညက်တွေဘာတွေလာလုပ်မနေနဲ့  ဒီမှာ တွေ့လားရှင်ဘယ်မှာ
ဘယ်ကောင်မတွေ့ပလူးလာခဲ့သလဲ - ဒီမှာ တွေ့လား သက်သေ ဘာငြင်းအုံးမလဲ
ရှင့်ကော်လံမှာ နုတ်ခမ်နီိတွေ( Nicktile ) မှာ လဲ ဘာတွေလဲ အသဲတွေဘာတွေနဲ့ 
ရှင်ဘယ်မှာဘယ်ဟာမနဲ့ပလူးလာခဲ့သလဲမှန်မှန်ပြော - ပြောတော့ဖြင့် Traffic – Traffic “နဲ့ ဒီမှာလက်တွေ့  တွေ့နေပြီ ဘာငြင်းအုံးမလဲ “
“ မ မ -- မဟုတ်ပါဘူးကွာ အဲ အဲ ဒါ ဒီနေ့ ရုံးမှာ ၀ါလင်ထိုင်းဆိုလား ဘာဆိုလား
အဲဒါ အဲဒါ -- “
“ အဲဒါ ဘာဖြစ်လဲ ရှင်ကို ဖတ်နမ်းလိုက်ရောလား ဒီမှာလေ နုတ်ခမ်းနီတွေ “
“ ဟ အဲ ဒါ စတစ်ကာ( Sticker ) လေးပါကွ ၀ါလိုင်ထိုင်း ---ထိုင်း “
“ အို ၀ါလင်ထိုင်း တွေ ညာလင်ထိုင်း တွေ လာမလုပ်နေနဲ့  သွား ရှင့်ဟာမတွေနောက်
လိုက်သွား --- ဒီ ည ရှင် ဘုရားခမ်းမှာ သွားအိပ် ----ရော့ “ 
 
 
 
 ဆိုပြိး ခေါင်း အုံးတွေ ဆောင်တွေ အကုန်လုံး ဘုရားခမ်းထဲ ပြေးထွက်လာကြပါတော့
တယ်တဲ့ခင်ဗျာ
 
 
 

အောင်းမလေး ကိုက် တယ်ဗျ ခြင် - အမလေး လုပ်အုံး ကိုက်လိုက်တာ အဲကွန်းကမရှိလို့ပူရတဲ့
အထဲ ကိုက်လိုက်တဲ့ခြင် ---ခြင် - ကြွားချင်အုံးဟဲ့  ၀ါလင်ထိုင်း -
အောင်မလေး ကြောက်ပါပြိ ဗျ ၀ါလင်ထိုင်း ရေ --နောက်နှင့် ၀ါလင်ထိုင်းဆိုရင်တော့ခွင့်ယူမှဖြစ်မယ် ။
ကိုမောင်တာ တစ်ယောက်  February 14 Valentine Day မှာ အမြဲခွင့်ယူပါသတဲ့ဗျာ

မောင်သုည
February 14 Valentine Day ( အမှတ်တရ )

ဗိုလ်ချုပ်အောင်ဆန်း၏ (၉၈) နှစ်မြောက် မွေးနေ



ဖေဖော်ဝါရီလ ၁၃ ရက် တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင်လွတ်လပ်ရေးဖခင်ကြီး
 
 
 
 
 
 
ဗိုလ်ချုပ်အောင်ဆန်း၏ (၉၈) နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုသောအားဖြင့်
ဖော်ဝါရ်ီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား
၁၉၄၇ - ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား

ကဗျာဆရာ - တင်မိုး





( ၆၆ )ကြိမ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်


၂၀၁၃ ဖေဖေါ်ရီလ ၁၂ ရက်နေ့မှာကျရောက်တဲ့( ၆၆ )ကြိမ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်



“ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့ အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက်၊
တူညီတဲ့အကျိုး တူညီတဲ့အလုပ် ဒါတွေကိုရအောင် အဲဒီလို တူညီတဲ့အကျိုး၊ တိုင်းသူပြည်သားတွေရအောင်တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။
ပါးစပ်က ပြောရုံနဲ့မပြီးသေးဘူး။ ပါးစပ်ကညီညွတ်ပါတယ်လို့ ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်းတူရမယ်။
ရည်ရွယ်ချက်မှာလည်း၊ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ်ထိုက်တယ်။”
ဗိုလ်ချုပ်အောင်ဆန်း (၂၃.၁.၄၆ ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးတွင် တင်သွင်းသော အဆိုအမိန့်မှ ကောက်နုတ်ချက်)

 မောင်သုည
ပြည်ထောင်စုကြီးအဒွန့်ရှည်ကြာတည်တန့်ခိုင်မြဲပါစေ 



၆၆ နှစ်မြောက်ပြည်ထောင်စုနေ့အတွက်ဆောင်းပါး


ငါမျက်နှာမှာ အိုးမဲတွေရှိသေးသလား




ဗိုလ်ချုပ်တိုင်းပြည်ကိုဘယ်လိုစည်းရုံးခဲ့ရသလဲ-ဘယ်လိုယုံကြည့်နဲ့စည်းရုံးပေးခဲ့သလဲ
စည်းလုံးမှုကိုရယူရတယ်ဆိုတာဟာဘာကြောင့်လဲ၊မစည်းလုံးလို့ပေါ့၊စည်းလုံးသွားမှာ
ကိုကြောက်နေကြတယ်၊အထူးသဖြင့်အုပ်ချုပ်တဲ့လူတန်းစားကအုပ်ခံလူတန်းစားတွေစည်းလုံး
သွားမှာကိုအလိုလားဘူး၊ဒါကြောင့်တနည်းတဟုတ်တနည်းနဲ့စည်းလုံးမှုမရနိင်အောင်သွေးခွဲ
ထားချင်လဲထားမယ်၊ဒါမှမဟုတ်တစ်ကွဲတပြားစီဖြစ်နေအောင်လဲလုပ်ချင်လုပ်ထားမယ်၊     
          ဒါဟာအုပ်ချုပ်ရေးစံနစ်မှာကျင့်သုံးလေ့ရှိတဲ့သွေးခွဲအုပ်ချုပ်မှုစံနစ်( Divide and Rule )
ပေါ်လစီဘဲ၊အဲဒီစံနစ်ကိုမြန်မာပြည်ကိုနှစ်ပေါင်း၁၀၀ ကြာအောင်အုပ်ချုပ်သွားတဲ့အင်္ဂလိပ်အစိုး
ရကကျင့်သုံးသွားတယ်၊သဘောကတော့အိမ်ကြက်ချင်းအိုးမဲသုတ်ပြိးခွပ်ခိုင်းခဲ့ဒါဘဲ၊
အဲဒါကိုဗိုလ်ချုပ်အောင်ဆန်းတို့ကသိလို့မရ - ရအောင်စည်းရုံးခဲ့တယ်။
လွန်ခဲ့တဲ့ ၆၆ နှစ်က ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပြည်ထောင်စုတိုင်းရင်းသားတွေစုပေါင်း
ရေးဆွဲခဲ့ကြတဲ့ပင်လုံစာချုပ်ကိုကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း ဟာ အင်္ဂလိပ်အစိုးရရဲ့သွေးခွဲအုပ်
ချုပ်မှုစံနစ်( Divide and Rule )ကိုတော်တော် ခက်ခက်ခဲခဲဘယ်လိုစည်းရုံးယူခဲ့ရတယ်ဆိုတာ
ကိုသိမြင်နိုင်တယ်၊

အင်္ဂလိပ်အစိုးရဟာ မြန်မာနိုင်ငံမှာ ပြည်နယ်ပြည်မ တိုင်းရင်းသားတွေအကြားမှာဘယ်
လောက်အထိသွေးခွဲထားတယ်ဆိုတာကိုနဲနဲပြန်ကြည့်ကြရအောင်

 မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာအရေးပါခဲ့တဲ့ အောင်ဆန်းအက်တလီစာချုပ်မှာ
 ဗြိတိသျှတို့ကသူတို့သွေးခွဲထားခဲ့တဲ့လုပ်ရပ်ကိုယုံကြည့်ခဲ့တဲ့အတွက်ဗိုလ်အောင်ဆန်းတို့
တနှစ်အတွင်းလွတ်လပ်ရေးပေးရမယ်ဆိုတဲ့ အောင်ဆန်း-အက်တလီစာချုပ်အပိုဒ်၃၊၈အပိုဒ်ခွဲ
 (ခ) မှာ ‘ဝှက်ဖဲ’ အဖြစ်
“တောင်တန်းဒေသပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးခေါင်းဆောင်များ ကိုယ်တိုင်က မိမိတို့သည် မြန်မာပြည်မ နှင့်အတူ လွတ်လပ်ရေးကို ရယူပြီးပြည်ထောင်စုပုံစံ ဖြင့်လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ် နေလိုပါသည်ဟု အခိုင်အမာ စာချုပ် တစ်ခုလက်မှတ်ရေးထိုးချုပ်ဆိုပေးရမည်” ဆိုပြီးထည့်သွင်းဖေါ်ပြထားတယ် ။
ဗြိတိသျှနယ်ချဲ့တို့၏ ‘ဝှက်ဖဲ’ အစီအစဉ်က သူတို့ အစွမ်းကုန်စည်းရုံးသွေးခွဲထားခဲ့တဲ့
တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များဟာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကြမှာမဟုတ်။
ဒါကြောင့် အောင်ဆန်း-အက်တလီ စာချုပ်အရ တောင်တန်းဒေသပြည်နယ်များကို မြန်မာပြည်မနှင့်
တပြိုင်နက်တည်း လွတ်လပ်ရေးရရန်လိုမည်မဟုတ်တော့။ ဒါကြောင့်အထက် ကစာပိုဒ်ကို
‘အောင်ဆန်း-အက်တလီ စာချုပ်’ တွင် ဝှတ်ဖဲ အဖြစ် တမင်ထည့်သွင်းထားခြင်း ဖြစ်သည်။
အဲဒီတုန်းက နယ်ချဲ့တို့ရဲ့   ‘ဝှက်ဖဲ’ စာပုဒ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် သခင်မြနှင့်
အခြားခေါင်ဆောင်များက ဘဝင်မကျခဲ့ကြဘူး ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက အောင်ဆန်း-အက်တလီ
စာချုပ်ပါ စာပိုဒ် ၃၊ ၈ အပိုဒ်ခွဲ (ခ)နှင့် ပတ်သက်ပြီး “ ဒါအတွက် ဘာမှမစိုးရိမ်နဲ့ 
ဒါဟာ သူတို့က ငါတို့ကို စိန်ခေါ်လိုက်တာပဲ။ ဒါကြောင့်ငါက ဒီစိန်ခေါ်ချက်ကို လက်ခံပြီးမြန်မာပြည်ပြန်ရောက်တော့ငါတို့ရဲ့စည်းရုံးရေးအင်အားကိုကောင်းကောင်းကြီးပြမယ်”
ဆိုတဲ့ ယုံကြည်မှုအပြည့်အဝဖြင့်
ဗိုလ်ချုပ်ဟာ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၃ နာရီ၊ မိနစ် ၅၀ တိတိတွင် လန်ဒန်မြို့ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်နေအိမ်မှာအောင်ဆန်းအက်တလီစာချုပ်ကိုရဲ
ရဲဝံ့ဝံ့ လက်မှတ်ထိုးခဲ့တာဘဲ။
အင်္ဂလန်မှာဗြိတိသျှ ၀န်ကြီး ဆာစတက်ဖို့ခရစ် နှင့်တွေ့ဆုံစဉ်က  တောင်တန်း ဒေသ
ပြည်နယ်များအပါအ၀င် မြန်မာပြည် တ၀ှမ်းလုံးကို လွတ်လပ်ရေးမပေးလျှင်မဖြစ်နိုင်ကြောင်း
ခပ်ဘွင်းဘွင်း ပဲ ပြောခဲ့ တယ်
ဗိုလ်ချုပ်ရဲ့ချစ်ခြင်းမေတ္တာရောင်ခြည်တွေဟာပြည်မကြီးတခုတည်းကွက်ပြီးဖြစ်တည်တာ
မဟုတ်ဘဲ မြန်မာပြည်ကြီး တခု လုံးပေါ်မှာ လွှမ်းခြုံထားပါတယ်။
ဒါကြောင့် လွတ်လပ်ရေးကိုတပြိုင်တည်းရယူလိုကြောင်း
သဘောတူလက်မှတ်ထိုးဖြစ်အောင်ပင်လုံစာချုပ်ဖြစ်မြောက်အောင် ဗိုလ်ချုပ်ဟာနေ့မအား
ညမအားကြိုးစားစည်းရုံးခဲ့ရတာပါ။
နောက်ဆုံးတော့ ဗိုလိချုပ်၇ဲ့ စစ်မှန်တဲ့မေတ္တာတန်ခိုးကြောင့်တိုင်းရင်းသား အားလုံးရဲ့ 
ဗိုလ်ချုပ်အပေါ်ယုံကြည်မှု ရဲ့  ပြယုဒ် တခုအဖြစ် ၁၉၄၇ ဖေဖော်ဝါ၇ီ လ ၁၂ ရက်နေ့မှာပင်လုံ
စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပါတယ်။
တနည်းပြောရရင်-ပြည်ထောင်စုကြီးစည်းလုံးမှုကိုအရယူနိုင်ခဲ့ပါတယ်၊
၁၉၄၈ ခုနှစ် ဇန္န၀ါရီလ ( ၄ ) ရက်နေ့မှာ မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရခဲ့ပါတယ်၊
အော်- ဒါပေမဲ့ -- ဒါပေမဲ့ သူကျိုးပမ်းခဲ့တဲ့ ရလာဒ်ဟာ ဘယ်လောက်ထိအောင်မြင်ခဲ့
တယ်ဆိုတာ သူ တွေ့သွား မြင်သွား ရမရှာလေဘူး -
သူက ၁၉၄၇ ခုနှစ် ဇူလိုင်လ ( ၁၉ ) ရက်နေ့မှာ လုပ်ကြံခံလိုက်ရရှာတယ်၊
သူ့ကိုယ်စားပြောလိုက်ချင်ပါတယ် - ငါ ကမင်းတို့မျက်နှာမှာ ပေနေတဲ့ အိုးမဲတွေကို
သုပ်ပေးခဲ့ပြိ - ဖြူစင်ဝင်းကြည်တဲ့မျက်နှာလေးတွေနဲ့ ညီညွတ်ကြပါ - စည်းလုံးကြစမ်းပါ-
ပြည်ထောင်စုစိတ်ဓါတ်ရှိကြပါ -
အရေးကြီးတာက ငါ့မျက်နှာမှာအိုးမဲတွေရှိနေသလားဆိုတာအမြဲသတိရှိနေဘို့ပါဘဲ။
မောင်သုည