Monday 24 March 2014

Friday 21 March 2014

တွေးမိတွေးရာရေးမိရေးရာကျွန်တော့မှတ်စုများ ( ဓမ္မရေးရာ )

 တွေးမိတွေးရာရေးမိရေးရာကျွန်တော့မှတ်စုများ ( ဓမ္မရေးရာ ) 



 
မျက်စိလည်သွားပြိကွယ် ( အမှတ် ၁ )

(အပေါ်မှာသားထစ်-အောက်ရောက်တော့ပေါက်ပွင့်
ခွေးမျက်စိလည်နေတယ် )

ပေါက်ပွင့်-ပွင့်ချိန်ဆိုရင်-ပေါက်ပွင့်တွေကတစ်ပင်လုံးရဲနေအောင်ပွင့်တာ
ခွေးတွေကသားသစ်တွေထင်ပြီးအောက်ကနေမျှော်နေတယ်
ပေါက်ပွင့်ကလေတိုက်တော့အောက်ကိုကြွေကျလာတော့
ခွေးကပြေးဟပ်တယ်၊ပေါက်ပွင့်မှန်းသိတော့ပြန်လွှတ်လိုက်တယ်
ဒါပေမဲ့-ပေါက်ပင်အောင်ပြန်သွားပြိး
အပင်ပေါ်ကိုပြန်မျှော်နေပြန်တယ်၊
အပေါ်မှာကသားထစ်တွေ
အောက်ရောက်တော့ပေါက်ပွင့်
ခွေးမျက်စိလည်နေတယ်
အော်သူကခွေးကိုး-တိရိစ္ဆာန်ဆိုတော့ဘယ်သိပါ့မလဲ


တစ်တစ်ရစ်ရစ်ငွှါးငွှါးစွင့်စွင့်
ကြွားကြွားဝင့်ဝင့်-အလှမန်ဝင့်
နေတာလေးမြင်လိုက်ရပြန်တော့
ပေါက်ပင်ပေါ်က-သားသစ်ကလေးများလား-----
ထွက်လာတဲ့ချွေး-သလိတ်-ပြည်-
အပုပ်အစပ်တွေကိုတော့စက်ဆုတ်စရာကြိးရွံ့စရာကြီးတဲ့
ခွေးမျက်စိလည်နေတယ်
အော်မှားလို့ လူမျက်စိလည်နေတယ်

သင်ကောမျက်စိလည်နေသလား?


မောင်သုည
15-March-2014
(တပေါင်းလပြည့်နေ့ )

Tuesday 18 March 2014

ဝင်းဦး ၏ “ပိတောက်နှင့်သင်္ကြန်” တေးစု

ဝင်းဦး ၏ “ပိတောက်နှင့်သင်္ကြန်” တေးစု
၁။ ပြည်တော်ဝင်
၂။ အောင်သပြေ
၃။ ကြိုနှင့်ပါမေ
၎။ မူယာကြော့
၅။ နံ့သာသင်္ကြန်
၆။ ရွှေဝါမြေ
၇။ မန်းမြို့သူဇာမေ
၈။ ရက်မြတ်သင်္ကြန်
၉။ တူးပို့တူးပို့
၁၀။ ပိတောက်တွေနေ့စဉ်ပွင့်ပါစေ
၁၁။ ပိတောက်တစ်ခက်ချစ်သက်လက်ဆောင်
၁၂။ ငြိမ်းချမ်းရေးသင်္ကြန်
၁၃။ ချစ်စရာ့သင်္ကြန်
၁၄။ ပိတောက်ရိပ်ဝယ်
၁၅။ မန်းတောင်ရိပ်ခို
၁၆။ နှုတ်ဆက်ညချမ်းသင်္ကြန်

To enjoy all songs, just click High-Lighted Album Link below.
Win Oo

ချစ်သူများရဲ့မြန်မာ့သင်္ကြန်” တေးစု

“ချစ်သူများရဲ့မြန်မာ့သင်္ကြန်” တေးစု
၁။ မြူမှောင်ဝေကင်း ဟေမာနေ၀င်း
၂။ မိုးနတ်မယ် ကိုင်ဇာ
၃။ ရေနန်းသူဇာ ချစ်ကောင်း
၎။ ဘယ်လိုလူကြီးလဲ ချောစုခင်
၅။ နှစ်သစ်မင်္ဂလာ ဘိုဘို
၆။ ရွှေပိတောက်နဲ့အကြိုထောက် ကိုင်ဇာ
၇။ နံ့သာရေတစ်စက် ဟေမာနေ၀င်း
၈။ ဧပြီပုံပြင် ကိုင်ဇာ
၉။ ထဘီတိုတို ရေစိုစို ချစ်ကောင်း
၁၀။ ချစ်သက်သေ မြေမဟီ ဘိုဘို
၁၁။ ချစ်သူများရဲ့သင်္ကြန် ချောစုခင်
၁၂။ ပိတောက်လက်ဆောင် ချစ်ကောင်း

To enjoy all songs, just click High-Lighted Album Link below.

စင်ပေါ်ကမန္တလေးမြို့မ” (၂)

“စင်ပေါ်ကမန္တလေးမြို့မ” (၂)
၁။ ရွှေမန်းဆီသို့ မေရွက်ဝါ
၂။ သူကလေး ဇော်ဝမ်း
၃။ ချစ်အာရုံ မို့မို့ဇော်ဝင်း
၎။ မန်းမြို့သူဇာမေ သန်းမြတ်စိုး
၅။ တက္ကသိုလ်ကျောင်းကငွေလမင်း ချိုပြုံး
၆။ အတူးနဲ့အသက် ဖိုးသောကြာ+ပန်းအိဖြူ
၇။ လေးနာရီ မီမီဝင်းဖေ
၈။ မပြီးသေးသောပန်းချီကား ရာဇာဝင်းတင့်
၉။ လက်ရေတစ်ပြင်တည်း ထိပ်တင်ဆန်း
၁၀။ မန်းတောင်ရိပ်ခို မြို့မအဖွဲ့သူ/အဖွဲ့သားများ

Tp enjoy all songs, just click High-Lighted Album Link below.

“နှုတ်ခွန်းဆက်နွေဦးကဗျာ” သင်္ကြန်စုံတွဲတေးများ

“နှုတ်ခွန်းဆက်နွေဦးကဗျာ” သင်္ကြန်စုံတွဲတေးများ
အောင်ရင် + ဟေမာနေ၀င်း + မီမီဝင်းဖေ
၁။ တူးပို့ခေါ်နေသံ
၂။ ပန်းမျိုးတစ်ရာ
၃။ နွေမ
၎။ နွေဦးကဗျာ
၅။ မမကိုယ်တိုင်က
၆။ လန်းလို့နေချင်
၇။ ပိတောက်လက်ဆောင်
၈။ စည်တိုသံစဉ်ရေသဘင်
၉။ နုနုငယ်ယဉ်
၁၀။ မန်းမြို့သူဇာမေ
၁၁။ ပိတောက်တစ်မျက်နှာ
၁၂။ ကောင်းသောနှစ်
၁၃။ သင်္ကြန်လေညှင်းလုလင်
၁၄။ ရက်မြတ်သင်္ကြန်
၁၅။ နှုတ်ခွန်းဆက်

To enjoy all songs, just click High-Lighted Album Link below.

ဟေမာနေ၀င်း ၏ တေးစု အမှတ် (၄)

ဟေမာနေ၀င်း ၏ တေးစု အမှတ် (၄)
၁။ တကူကူးကူ
၂။ လှေကလေး
၃။ မွန်တို့ဌာနီ
၎။ မလိခ ချစ်သူ
၅။ ချစ်သောသူသာ လှများပန်း
၆။ ရာသီတော်ဦး
၇။ မြန်မာရှုခင်း မြန်မာစိတ်ရင်း
၈။ လိုက်ပါရစေ အညာမြေ
၉။ ရှေးရေစက်
၁၀။ မန္တလေးရောက်ဖို့ တို့ကြိုးစားမယ်
၁၁။ သစ္စာနဲ့မေတ္တာ လဲမယ်
၁၂။ ညှို့မျက်လုံး

To enjoy all songs, just click High-Lighted Album Link below.
ဟေမာနေ၀င်း၏တေးစု အမှတ် (၄) Haymar Nay Win Collection (4)
soundcloud.com
Album Collection -

မန်းတောင်ရိပ်ခို" စောင်းကျော်မျိုးနိုင် ( မန္တလေး )

မန်းတောင်ရိပ်ခို" စောင်းကျော်မျိုးနိုင် ( မန္တလေး )
01: : မြူမှောင်ဝေကင်း ( မြို့မလေးလေးရင် )
02: : မန်းတောင်ရိပ်ခို ( မြို့မငြိမ်း )
03: : တူးပို့ ( မြို့မငြိမ်း )
04: : သင်္ကြန်လုလင် ( မြို့မငြိမ်း )
05: : ရွှေမန်းမာလာ ( မြို့မငြိမ်း )
06: : နှစ်သစ်ချစ်ဦး ( ဂီတလုလင်မောင်ကိုကို )
07: : ချမ်းပါတယ် ( ရေနံ့သာစိုးလှိုင် )
08: : ရက်မြတ်သင်္ကြန် ( မြို့မငြိမ်း )
09: : ဖိုးညိုမြ ( မြို့မငြိမ်း )
10: : ဟောတော့ ( ရေနံ့သာစိုးလှိုင် )
11: : တူးပို့ ရွှေမန်းမာလာ ဖိုးညိုမြ ( Non Stop )
https://www.dropbox.com/sh/hbb0brzh89gbpgc/--B8uTfE1x

"တစ်ခုသောသင်္ကြန်ခါ"

ဦးအောင်ဇေယျ - ဆို-မာမာအေး

ဦးအောင်ဇေယျ - ဆို-မာမာအေး
https://www.dropbox.com/s/w5vuudcciwg8l4a/MarMarAye%20-%20UAungZayYa.mp3

Credit for picture >>> MyanmarInk ArtGallery(Artist-WaThon)

“ခေတ်ဟောင်းတေးနှင့်စောင်းသံဆန်း” သီချင်း စုံတွဲများ (၁)

“ခေတ်ဟောင်းတေးနှင့်စောင်းသံဆန်း” သီချင်း စုံတွဲများ (၁)
ငှက်မောင်နှံ ဘိလပ်ပြန်သန်း/စောင်းလှိုင်ဝင်းမောင်
ချစ်ရောင်ခြည် ဘိလပ်ပြန်သန်း/စောင်းလှိုင်ဝင်းမောင်
လှေကလေး ဘိလပ်ပြန်သန်း/စောင်းလှိုင်ဝင်းမောင်
တောဓလေ့ ဘိလပ်ပြန်သန်း/စောင်းလှိုင်ဝင်းမောင်
မြကြာယံ ဘိလပ်ပြန်သန်း/စောင်းလှိုင်ဝင်းမောင်

To enjoy all songs, just click High-Lighted Album Link below.
"BilatPyan Than & Harpist Hlaing Win Maung" ဘိလပ်ပြန်သန်း နှင့် စောင်းလှိုင်ဝင်းမောင် Album

စန္ဒရားချစ်ဆွေ တစ်ကိုယ်တော်တေးလက်ရာ

စန္ဒရားချစ်ဆွေ တစ်ကိုယ်တော်တေးလက်ရာ
ချိုပြုံး တစ်ကိုယ်တော်မျှဝေခံစားသည်
"မခံစားဘူးတော့ ရူးတယ်ပေါ့"
တေးဂီတ = ထရမ်းပက်ဝင်းဦး
အသံဖမ်း = ဦးဘသိန်း & ကိုရေအေး
01: : တစ်လောကလုံးထက်ချစ်ပါတယ်
02: : ဒုတိယမျက်ရည်
03: : မောင့်သီချင်းလေးကြားပါရစေ
04: : မခံစားဘူးတော့ရူးတယ်ပေါ့
05: : ကြေညာလိုက်ပါတယ်
06: : နှောင်းပြီပိတောက်ရေ
07: : ချစ်သူဝေးသောဘေး
08: : မောင်ဟာပစ်တိုင်းထောင်
09: : နှစ်ပွင့် နှစ်သည်း နှစ်ချစ်
10: : ကျွန်တော်ဈေးချိုသူ
https://www.dropbox.com/sh/cabzggqzu1mvsvr/wnoh9O_PYk

"ကျေးလက်ပေါ်က ငွေလမင်း" ခင်ညွန့်ရည်

"ကျေးလက်ပေါ်က ငွေလမင်း" ခင်ညွန့်ရည်
တွံတေးသိန်းတန် အမှတ်တရ
အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော စီစဉ်သည်
01: : အလွမ်းစကား
02: : ပန်းနွယ်ကစိမ်း / ရေး = တွံတေးသိန်းတန်
03: : ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ် / ရေး = တွံတေးသိန်းတန်
04: : အချစ်တစ်ပွဲစစ်ပွဲတစ်ရာ / ရေး = သောင်းတင်ဌေး
05: : ဆောင်းနှင်းမြူနှင့်ကိုယ့်ချစ်သူ / ရေး = စန္ဒရားလှထွတ်
06: : မှုန်နံ့သာခြယ်ကာသပါလို့ / ရေး = စန္ဒရားလှထွတ်
07: : ချစ်ရက်ရှည်ရှည်အင်းလျားမြေ / ရေး = ပုသိမ်မောင်စိမ်းသူ
08: : ကိုယ်ရယ် မင်းရယ် ပိတောက်ရယ် / ရေး = သောင်းတင်ဌေး
09: : မေတ္တာမီးအိမ် / ရေး = တွံတေးသိန်းတန်
10: : ဘယ်ပန်းသာလို့ယဉ် / ရေး = တွံတေးသိန်းတန်
11: : သာပါလိမ့်မယ်ရွှေကျီးညို / ရေး = ပန်တျာချစ်လှိုင်
12: : ချယ်ရီလက်ဆောင်ပေးသူရေ / ရေး = ကိုညွန့်ဝေ / ဆို = နန္ဒလွမ်း ( ခရေဇီကိုနေဝင်း )
https://www.dropbox.com/sh/pgpbdmowi1mscye/GUuCqf7IzZ
with - Kyaw TintOo

နှောင်းခေတ်တေးများရဲ့စောင်းသံဆန်း

နှောင်းခေတ်တေးများရဲ့စောင်းသံဆန်း
၁။ နှင်းပျောက်တဲ့နွေ လှိုင်ဝင်းမောင်
၂။ ဆောင်းရယ်နှင်းရယ်ကိုယ့်ချစ်သူရယ် လှိုင်ဝင်းမောင်
၃။ မိုး လှိုင်ဝင်းမောင်
၎။ မိုသက်လေနှင် လှိုင်ဝင်းမောင်
၅။ မြန်မာရှုခင်း မြန်မာစိတ်ရင်း လှိုင်ဝင်းမောင်
၆။ ပွင့်ဦး မောင်နေဝါ
၇။ စစ်ကိုင်းတောင် လှိုင်ဝင်းမောင်
၈။ ဆောင်းအမီ လှိုင်ဝင်းမောင်
၉။ ရွှေလည်တိုင် မောင်နေဝါ
၁၀။ ရွှေမန်းဆီသို့ လှိုင်ဝင်းမောင်
၁၁။ တိမ်တမန် လှိုင်ဝင်းမောင်
၁၂။ ဇေယျာကမ်းအလှပန်းချီ မောင်နေဝါ

To enjoy all songs, just click High-Lighted Album Link below.
"Myanmar Harp Melody of Myanmar Oldies" နှောင်းခေတ်တေးများရဲ့စောင်းသံဆန်း Album

Sunday 16 March 2014

ရေဒီယို သီချင်းများ (အမျိုးသားအဆိုတော်) (၂)

ရေဒီယို သီချင်းများ (အမျိုးသားအဆိုတော်) (၂)
မောင်မောင်ကြီး
ကျမျက်ရည်မကြေညာစတမ်း (သောင်းတင်ဌေး)
http://min.us/lbiT5A0FE6zDxj
ကွမ်းတောင်ကိုင်
http://minus.com/mZBl7wnG7
ခေတ်ဆန်းချိန်
http://minus.com/mbfer9tkOj
စိမ်းလဲ့ညို (ချိုတေးဆက်ကိုအောင်ကိုး)
http://minus.com/mWPsJnDKn
တန်ပါ့မဖုရား (ချိုတေးဆက်ကိုအောင်ကိုး)
http://minus.com/lG4pF0HCqaiQb
တေးလှိုင်းရေများစေစားရာ (ကိုတင်အောင်သန်း)
http://minus.com/m1z3Bo7Od
တောသားကြီး
http://minus.com/mCZirV4Pk
ဒေါင်းမလေးအိုးဝေ
http://minus.com/msHSdAmG7
မေတ္တာဇာတ်လမ်း (ဘိုကလေးမြင့်မောင်)
http://minus.com/lbv8rfChTBeT6p
ရွှေညာဆီသွားမယ် မောင်မောင်ကြီး+မာမာအေး (ကိုလေးညွန့်)
http://minus.com/mblJ14qifs
လကွယ်ညဆိုငိုမှာလား (သောင်းတင်ဌေး)
http://minus.com/lvXFJll0NNUWB
လှိုင်ကိုမေးစမ်းချင်တယ်
http://minus.com/mbdzVqDCEQ
လွမ်းအိပ်မက်ကသံသရာရှည် (တက္ကသိုလ်မောင်တင့်နွယ်)
http://minus.com/mn92zKxVm
သစ်ခြောက်ပင်အောက်ပန်းကောက်သူ (ပျဉ်းမနားမြင့်လှိုင်)
http://minus.com/mbjcb8FOwl
အကျည်းတန်ချစ်သူ (ကိုလေးညွန့်)
http://minus.com/mLByJhMyB
အချစ်ကိုဘယ်လိုပြောရမယ် (သောင်းတင်ဌေး)
http://minus.com/l4YCpcH5owl4M
အမိုက်မလေးငှက်ငယ် (ပျဉ်းမနားမြင့်လှိုင်)
http://minus.com/mllo4DnEz
မောင်မောင်ညွန့်
ကေသွယ်ကြောင့်သာ (ကိုဝင်းစိုး)
ကျောင်းတော်မှာပျော်ရပေမဲ့
ကြွေလွင့်ရှာပေါ့ရွှေပွင့်လွှာ (ဂီတနက်သန် ကိုအုန်းလွင်)
ကွန်းထောက်ဆောင် (ကိုစောညိမ်း)
ကျွန်တော်တင်တဲ့ရွှေမင်းသမီး (ကိုဝင်းစိုး)
http://minus.com/mbnk1QjEZe
http://minus.com/mbj2UY1Kn
ခေါက်ထီးလေးနဲ့ဟိုအပျို (ကိုတင့်ရွှန်း)
http://min.us/mRwVqa2HG
ချစ်တော့ချစ်ပါတယ်အမေဆူလိမ့်မယ် (ကိုဝင်းစိုး)
ချစ်နှင်းမှုန်မှုန် (ဂီတနက်သန် ကိုအုန်းလွင်)
ချစ်ပိုင်ဆက်ရာ (ဂီတနက်သန်ကိုစောညိန်း)
http://min.us/m0ibBs3pS
ချစ်ရက်ဆုံနိုးမကြုံနိုးနှင့် (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mdEHDNgur
http://minus.com/mVyVYagIE
ချစ်သောညိုနွဲ့ (ရဲသီဟကိုတင်အောင်)
http://min.us/mRuSwLePm
ငါးရာနှစ်ဆယ်ရှစ်
ငွေစံပယ်ဦး
http://min.us/mbq7bpppKT
http://min.us/mo7eEZS10
ငွေဝန်းသော်တာ (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mRSfcVElz
စပယ် (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mHVCASX1T
စစ်သည်မှတေးတစ်ချိုး (သောင်းတင်ဌေး)
http://min.us/mbhylfFdKQ
၀၁၄ စိန် မောင်မောင်ညွန့် ဂီတနက်သန်ကိုစောညိန်း
http://min.us/mA2uYFRuU
၀၁၅ စိမ်းနှမစန္ဒာ မောင်မောင်ညွန့် တက္ကသိုလ် ချိုကြီး
http://min.us/mSmwtL5Z8
စောင်းသမားနဲ့ရွှေမင်းသမီး မောင်မောင်ညွန့် ကိုဝင်းစိုး
၀၁၆ ဆောင်းနတ်မယ် မောင်မောင်ညွန့် ဂီတနက်သန်ကိုစောညိန်း
http://min.us/mYzf0ponM
၀၁၇ ဆည်းဆာ မောင်မောင်ညွန့် ဂီတနက်သန်ကိုစောညိန်း
http://min.us/mbmwwyNXn5
၀၁၈ တပေါင်းမင်းလွင်ဟန် မောင်မောင်ညွန့် တက္ကသိုလ် ချိုကြီး
http://min.us/mnbKvL16d
၀၁၉ တမန်ရွှေကျေး မောင်မောင်ညွန့် တက္ကသိုလ်ချိုကြီး
http://min.us/mboQCnSKnS
၀၂၀ တစ်ချိန်ကညိုနွဲ့ မောင်မောင်ညွန့် ရဲသီဟ ကိုတင်အောင်
http://min.us/mblLzvubab
၀၂၁ တစ်ရွာသူမောင့်သက်ထား မောင်မောင်ညွန့် ကိုဝင်းစိုး
http://min.us/mprgUP6rJ
တိမ်စွန်လေလျှင်ဖူးရောက်ချင်ပြီ (မောင်ကြေးမှုံ)
နွေနှောင်းဝသန် (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mbb5AuByoX
http://minus.com/m4nPLLnKP
၀၂၃ နွေဦး မောင်မောင်ညွန့် ဂီတနက်သန်ကိုစောညိန်း
http://min.us/mhgO7kY7e
နှင်းယွန်းနွေဂိမာန်
http://min.us/mXWnhJVGR
ပိတောက်တွေကြွေမှဖြင့်ကွယ် မောင်မောင်ညွန့်  (ရှာရန်) ရဲသီဟ ကိုတင်အောင်
ပိတောက်သစ္စာပျယ်ပြီလား (တက္ကသိုလ် ချိုကြီး)
http://min.us/mvFJX2lCQ
၀၂၆ ပေဖူးလွှာ မောင်မောင်ညွန့် ကိုအုန်းလွင်
http://min.us/mpNGPSSso
ပွင့်လွှာ မောင်မောင်ညွန့် ကိုအုန်းလွင်
၀၂၇ ပွင့်ဦး မောင်မောင်ညွန့်  ဂီတနက်သန်ကိုစောညိန်း
http://min.us/mbpdLBFHBG
ပြာသိုလိုလိုဝါဆိုလိုလို (ကိုဝင်းစိုး)
http://min.us/mbd64v5iR2
http://minus.com/meiWECalF
ပြန်လည်တွေ့ဆုံသည့်တိုင် မောင်မောင်ညွန့်
ဘ၀ခရီးစဉ် မောင်မောင်ညွန့် ကိုအုန်းလွင်
ဘ၀ဆက်တိုင်းမဆုံရသည့်တိုင် မောင်မောင်ညွန့် ရန်ကင်းကိုကိုလေး
ဘုရားစူးကျိန်လို့ မလိမ်တတ်ဘူး မောင်မောင်ညွန့် ဖျာပုံ ကိုအောင်မော်
၀၂၉ ဗိုင်းငင်တဲ့လုံမငယ် မောင်မောင်ညွန့်
http://min.us/mM5k4C4Do
၀၃၀ မကြင်ဘယ်အတွက်ရယ်ကြောင့် မောင်မောင်ညွန့်
http://min.us/mkLm335NA
မငိုနဲ့ ညိုနွဲ့ မောင်မောင်ညွန့်
မောင်ကြီးလက်ခတ်သံ မောင်မောင်ညွန့် ကိုဝင်းစိုး
၀၃၁ မောင်ကြီးလွမ်းရအခါခါ မောင်မောင်ညွန့်
http://min.us/mbo25yNnk7
၀၃၂ မောင်သိင်္ခနှင့်ပန်းပုသူဇာ မောင်မောင်ညွန့်
http://min.us/mUltwtqFw
၀၃၃ မောင့်ချစ်နှင်းမှုန် မောင်မောင်ညွန့် ကိုအုန်းလွင်
http://min.us/mGnPiGtg6
မောင့်ဘ၀နွေအလားကွယ် မောင်မောင်ညွန့် တက္ကသိုလ်ချိုကြီး
မိုးကိုဒူးနဲ့တိုက်မယ်
မိုးသို့မဟုတ်ပုလဲသွယ်
မိုးသက်လေနှင် (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mFwo6Vw9f
http://minus.com/mYHpPY6he
မင်းကုသအသည်း တက္ကသိုလ်ချိုကြီး
မှာလိုက်လေမလား ဂီတနက်သန်ကိုစောညိန်း
၀၃၅ မှိုင်းမြမြ မောင်မောင်ညွန့် ကိုအုန်းလွင်
http://min.us/mRk7axpJS
ရတုစာဆို
http://min.us/mYLJnR61f
ရတုဘုရင် (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mgre2mi18
ရွာကြီးသူစပယ်နွဲ့ (သောင်းတင်ဌေး)
၀၃၉ ရွှေပွင့်လွှာ
http://min.us/m2R6KCP4j
http://min.us/mUXKXytlr
လှလို့ကြည့်တယ် စိတ်မဆိုးနဲ့ မောင်မောင်ညွန့် သောင်းတင်ဌေး
လှိုင်းရေယာဉ်ဦး (ဂီတနက်သန်ကိုစောညိန်း)
လွမ်းတင်းပြိုင်မယ် (ဂီတနက်သန်ကိုစောညိန်း)
လွမ်းဓလေ့ (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mnNnzGgKK
ဝသန်ခါဦး (ဂီတနက်သန်ကိုစောညိန်း) (ရှာရန်)
ဝဏ္ဏပဘာ (ဂီတနက်သန်ကိုစောညိန်း)
ဝိဇယ (ဂီတနက်သန်ကိုစောညိန်း)
သခင်မဲ့ပိတောက်ပန်း (ရှာရန်)
သပြေရွက်ရေ (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mCccNVuv
သဲဦးပန်း
http://min.us/mBmZG0zqA
သစ္စာ (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mbeMEdGNnv
သစ္စာတော်ဦး (ဂီတနက်သန်ကိုစောညိန်း)
သစ္စာပန်းများလန်းမည့်နေ့ (ကိုဝင်းစိုး)
သည်ဆောင်းဟေမန် (ဂီတနက်သန်ကိုစောညိန်း)
http://min.us/mcOMNDDnl
ဟိုကောင်မလေး ညိုတိုတို (သောင်းတင်ဌေး)
အညာလှေနဲ့မေတ္တာရှင် (ကိုဝင်းစိုး)
http://min.us/mYC1roNBl
http://min.us/mSkrylSGs
အမေဆူမှာမစိုးပါနဲ့ကွယ် (မောင်မောင်ညွန့်)
အမူပိုကာမညိုမြ
မောင်မောင်မြတ်သွင်
ချိန်ခွင်လျှာအသဲလေး
http://minus.com/lbxPr5JOpDwkgC
မြကန်ထဲကလမင်းငယ်
http://minus.com/lylhNv89Ln92S
မောင်မောင်လတ်
မောင်မောင်သန်း
ရွှေမြိုင်မောင်အုံး
မောင်မျိုးတင့်
ကိုမြကြီး
နွဲ့ဆိုး (တက္ကသိုလ်စိုး)
http://minus.com/lpTtmTeIoFmqp
ဖေဖေကြီးကိုချစ်တယ် (ကိုမြလင်း)
http://minus.com/lReQbd4IU05A3
စန္ဒယားလှထွဋ်
ချစ်တဲ့သူငယ်လေ (စန္ဒယားလှထွဋ်)
http://minus.com/lWUlsxLzmkrcS
ချစ်တယ် (စန္ဒယားလှထွဋ်)
http://minus.com/lGCFP0sYZxMdu
မောင်ဝင်းတင့် (ရာဇာဝင်းတင့်)
ပန်းစေတီ
http://minus.com/lbvklAa5CVFmWn
ကေတုဝင်းထွဋ်
နွေဥသြလေး
http://minus.com/ljaGtefbLvwEY

Friday 14 March 2014

"ထာဝရ ရေဒီယိုတေးများ ( ၇ )"

"ထာဝရ ရေဒီယိုတေးများ ( ၇ )"
********************************
01: : ချစ်သူဧည့်သည် / မောင်စန်းအောင်
02: : အမှတ်မထင် သံယောဇဉ် / ဝင်းမာလေး
03: : မနက်ဖြန်မှချစ်မယ့်အချစ် / မောင်စန်းအောင်
04: : မေတို့ကမ္ဘာအပြုံးရိပ် / တင်တင်မြ
05: : မောင်သိစေချင်သည် / ခင်ထွေးမော်
06: : ငှက်ကလေးစင်ယော်လိုပင် / ဥမ္မာ
07: : ချစ်သောအညာမြေ / ကိုရဲဝင်း
08: : ပုတ်သင်ညိုလေးဖြစ်နေပြီလား / တက္ကသိုလ်လဲ့လဲ့
09: : အစ်ကို့အတွက်ဆန္ဒမွန် / ကြည်ကြည်ဝင်း
10: : ကြိုနှင့်တော့ရွှေညာသူ / ကိုရဲဝင်း
11: : တွေးလက်စစိတ်ကူးယဉ်များ / တင်တင်မြ
12: : မန်းတောင်ရိပ်ခို / မစိမ်းစိမ်း
13: : ငယ်ကချစ်ဦးမမေ့ဘူး / ကိုရဲဝင်း
14: : အဝေးမှချစ်သူသို့ / ကိုရဲဝင်း
15: : မှာချွေစကား / မစိမ်းစိမ်း
https://www.dropbox.com/sh/vj4w96xavs41f7v/aybY0W2yPS

တပေါင်းသာခေါင်လများနောင်


တပေါင်သာခေါင်လများနောင်
တပေါင်းသာခေါင်လများနောင်









တန်ပေါင်းလဘွဲ့
'ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည်။
သဇင်ကြွင်းငယ် နှင့်
အင်ကြင်းသန္တာညွန့်ငယ်တို့
ဖူးကွန့်ကိုက်စည်
ဘမ ရာရွှေပိတုန်းငယ်တို့
ချွေသုံးကြဝတ်ရည် ဆွတ်ကြည်ဘွဲ့ဖော် ကွဲ
ယင်းသည့်နေ့ဆိုင်
ရသေ့သူတော်တိုင်မှ
ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊
ရာသီတွင်ခါညီပြောပေပ ကြော၍သာ မြဲ။
( ကုန်ဘောင်ခေတ် စာဆိုတော်ဦးကြင်ဥ )
တပေါင်းလသည် မြန်မာလများ၏ တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည် ဖေဖော်ဝါရီလနှင့် မတ်လတွင် ကျရောက်လာသည်။ ထို့ကြောင့် နေ့ပူလို့ ညချမ်း၊တပေါင်းလသရမ်းဟု ဆိုထုံးပြုခဲ့ကြသည်။
တပေါင်းလဟုခေါ်တွင်ခြင်းမှာ၂၇ လုံးသောနက္ခတ်များ စုပေါင်းထွက်ပေါ်ခြင်းကြောင့် ၎င်း ထန်းရည်များပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်းဟူသော စကားမှရွေ့ရှားလာခြင်းကြောင့်၎င်း တပေါင်းလဟုခေါ် သည်ဟုဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး ၂ ကောင်ဖြစ် သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။ သရဖီကို ရာသီပန်းအဖြစ် အသိအမှတ်ပြုကြ၏။
တပေါင်းလတွင် မြတ်ဗုဒ္ဒနှင့်ပတ်သက်သောထူးခြားသည့်ဖြစ်ရပ်များမှာ

မြတ်စွာဘုရားသည်ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့်မဂဓတိုင်းသားများကိုတရားရေအေးတိုက်ကျွေးလျက်ရှိပါသည်။

ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်းဖြစ်ကုန်ကြပါသည်။

ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄-ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်းလျှောက်ထားလေသည်။

ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ)ဒေသစာရီကြွချီတော်မူပါသည်။
ကာဠုဒါယီမထေရ်ကကပိလ၀တ်နေပြည်တော်သို့ကြွရောက်တော်မူရန်လျှောက်ထား
သည်ကို အကြောင်းပြု၍တန်ပေါင်းလပြည်နေ့ကိုပြည်တော်ဝင်အခါတောနေ့အဖြစ်ကျင်း
ပသည်။

တပေါင်းလ၏ရာသီပွဲတော်သည်သဲပုံစေတီပွဲတော်ဖြစ်သည်။သဲများကိုစုပုံ၍ စေတီအသွင်တည်ကာသဗ္ဗညုမြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင်တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာသဲခုံသောင်ခုံဖြူဖြူဖွေးဖွေးများပေါ်ထွန်းလာလေ့ရှိသည်။ တောင်သူဦးကြီးတို့သည်လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။
ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှသည်ကျေးလက်တောရွာများအထိခြိမ့်ခြိမ့်သဲဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။
ရှေးယခင်က ဥက္ကလာပတိုင်းဟုခေါ်တွင်ခဲ့သော ဒဂုံမြို၏တွင် ရွှေတိဂုံစေတီစတင်တည်
ထားခဲ့သည့်အချိန်မှာ တပေါင်းလဖြစ်သဖြင့်တပေါင်းလပြည့်နေ့တွင်ရွှေတိဂုံဘုရားပွဲတော်ကျင်းပ
သောအလေ့စတင်ခဲ့သည်၊
ရွှေတိဂုံဘုရားနှင့်သမိုင်းနှင့်ပတ်သက်၍အကျဉ်းမျှကိုဖေါ်ပြရမည်ဆိုလျင်

ဒဏ္ဍာရီအဆိုအရ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထားခဲ့ပါတယ် လို့ပြောကြပါတယ်။ ဗိသုကာပညာရှင်တွေကတော့ စေတီတော် ရဲ့ Stupa လက်ရာတွေအရ ၆ ရာစု နဲ့ ၇ ရာစုကြားက မွန်တွေ တည်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ (မှတ်ချက်။ အမှန်က ယခုဖူးမြင်နေရသော ဥာဏ် တော်အမြင့် ၃၂၀ ပေကျော်မှာ မွန်မိဘုရားကြီးရှင်စောပု လက်ထက်က တည်ထားခဲ့ခြင်းဖြစ်သည်။ အပြင်ပန်း နှင့် ဓါတ်တော်သမိုင်းကို ခွဲခြားသိရန်လိုသည်။)

ရှေးပညာရှိများနှင့် ကျမ်းဂန်အထောက်အထားများအရ ဗုဒ္ဓပရိနိဗ္ဗာန်မပြုခင်ကာလ (BC 486) ကတည်းက တည်ထားခဲ့ကြောင်း သိရပါတယ်။ ဒီစေတီရဲ့ မူလအစကတော့ ရာမညတိုင်းမှ ကုန်သည်နှစ်ဦးဖြစ်တဲ့ တဖုဿ နှင့် ဘလ္လိက ညီနောင်တို့ကို မြတ်ဗုဒ္ဓက ဆံတော်ရှစ်ဆူ ပေးသနားခြင်းမှစခဲ့ပါတယ်။ ညီနောင်နှစ်ပါးဟာ ဥက္က လာပမင်းကြီးရဲ့ အကူအညီနဲ့ သိဂုတ္တရတောင်ပေါ်မှာ ဆံတော် (၄) ဆူကို ရှေးရှေးသော ဘဒ္ဒကမ္ဘာမှ ဘုရား ၃ ဆူရဲ့ ဓါတ်တော်များကိုပါ စုပေါင်းပြီး ရွှေတိဂုံစေတီတော်အတွင်း ဠာပနာသွင်း လှူဒါန်းတည်ထားခဲ့ပါတယ်။

ဓါတ်တော်ကြုတ်ကနေ ဠာပနာဖို့ ဆံတော်ကိုယူတဲ့အခါမှာ မယုံနိုင်သော ထူးခြားဆန်းကြယ်မှုတွေ ဖြစ်ခဲ့ပါ တယ်။

ဗုဒ္ဓ၏ မြင့်မြတ်တဲ့ ဆံတော်ကနေထွက်လာတဲ့ ရောင်ခြည်တော်တွေဟာဆိုရင်ဖြင့် အထက်ဘ၀ဂ်မှအောက်န ရက်၊ ငရဲပြည်အထိတိုင်အောင်ပါဘဲ။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်အစွမ်းသတ္တိတွေကြောင့် မျက်မမြင်တွေ စက္ခု အလင်းပြန်ရခဲ့ကြတယ်။ နားပင်သူတွေ ကြားနိုင်ကြသလို ဆွံ့အသူတွေလည်း ပြန်ကောင်းလာကြပါတယ်။ ကမ္ဘာမြေကြီးသိမ့်သိမ့်တုန်အောင် တုန်လှုပ်ခဲ့ပြီး လေပြင်းမုန်တိုင်းတွေ ပင်လယ်ပြင်မှာ ကျရောက်ခဲ့ပါတယ်။ မေယုတောင်ကြီးတခုလုံး တုန်လှုပ်ခဲ့ပြီး လျှပ်စီးတွေလက်ပါတယ်။ ဒူးထိနစ်အောင်မိုးတွေရွာသွန်းပြီး အချိန်ရာ သီမဟုတ်ဘဲ ဟိမ၀န္တာတောင်တန်းမှ ပန်းပေါင်းစုံ၊ သစ်သီးမျိုးစုံ ဖူးပွင့်၊ သီးလာကြပါတော့တယ်။

သမိုင်းကိုပြန်ကောက်ရရင် မွန်ဘုရင်ဘုရားဦး မတိုင်ခင် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကဆိုရင် စေတီတော်ဟာ ယိုယွင်းလာခဲ့ပါတယ်။ ယခင်ဥာဏ်တော်ဟာ (၁၈) မီတာ ( ပေ ၆၀ ) သာ ရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက်ပြု ပြင်မွမ်းမံခဲ့ရာ ယခုဖူးမြင်နေရသော ဥာဏ်တော်အမြင့် ( ၉၈ မီတာ ) ( ပေ ၃၂၀ ) ဟာ ၁၅ရာစုကမှဖြစ်ပါတယ်။ မွန်ဘုရင့် နိုင်ငံတော်ခေတ်မှာ ကြီးမားတဲ့ စေတီတော်ကြီး နှစ်ဆူဖြစ်တဲ့ ရွှေတိဂုံ နှင့် ရွှေမော်ဓော စေတီတော်ကြီးများကို ပြန်လည်မွမ်းမံတည်နိုင်ခဲ့ကြပါတယ်။

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီဟာ အစပထမက ၂၇ ပေသာ ဥာဏ်တော်အမြင့်ရှိခဲ့ရာမှ မွန်ဘုရင်ဗညားဦးက ၁၃၆၂ မှာ ဥာဏ်တော် ၆၆ ပေထိ မြှင့်တင်တည်ခဲ့ပါတယ်။ ဓမ္မစေတီမင်း ရဲ့ ဆွေတော်မျိုးတော်ကြီးဖြစ်တဲ့ ယောက္ခမတော် ကြီး မိဖုရား ရှင်စောပု ( ၁၄၅၃-၇၂) က ဥာဏ်တော်အမြင့် မီတာ ၄၀ ( ပေ ၁၂၉ ) ကို မြှင့်တင်ခဲ့ပါတော့တယ်။

၁၄၇၂ မှာ မိဖုရားကြီးရှင်စောပု က ဓမ္မစေတီမင်းကို နန်းအပ်ပြီး အငြိမ်းစားယူရန် ဒဂုံ ( ယ္ခု ရန်ကုန် ) ကို ဆင်း လာခဲ့ပါတယ်။ သူမ မသေခင်ခေါင်းချရာနေရာကနေ ရွှေရောင်တ၀င်းဝင်းနဲ့ မြင့်မြတ်တဲ့စေတီတော်ကြီးကို ဖူး မြင်လိုစိတ်ရှိခဲ့ပါတယ်။ ၁၆ ရာစုနှစ်မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံအတွင်း လူသိအများ ဆုံး ဘုရားဖူးနေရာဖြစ်လာပါတော့သည်။

မောင်သုညတို့ငယ်ငယ်က တပေါင်းလပြည့် ရွှေတိဂုံဘုရားပွဲနေ့တွင်အိမ်ဘေးမှကစား
ဖေါ်ငယ်သးငယ်ချင်းမောင်ပန်းရဲ့အဖွါးက ကန်တော်ကြီးဇောင်းယခုငါးပြတိုက်ရှိသောနေရာ
(ယခင်က မြိုင်ပြဇာတ်ရုံ ) တည်ရှိခဲ့တဲ့နေရာမှာ ဘုရားဖူးလာတဲ့လးတွေကို ရေခဲရေနဲ့ဆီးသီး
စတုဒီသာကြွေးတာကို နှစ်စဉ်ကူညီပေးခဲ့ရတာမှတ်မိသေးတယ်
တပေါင်းလသာယာပုံနဲ့ပတ်သက်လို့ငယ်ငယ်တုန်းကစာစီစာကုံးရေးခဲ့ရတာတွေကိုလဲပြန်သတိ
ရနေမိပါကြောင်းတင်ပြရင်း ဒီလောက်နဲ့ဘဲ ၁၂ လရာသီဆောင်းပါးကို နောက်ဆုံးလဆောင်းပါး
အဖြစ် မှတ်တမ်းပြုထားလိုက်ပါတယ် ၊
မောင်သုည

Thursday 13 March 2014

ဟေမာနေ၀င်း၏တေးစု အမှတ် (၂၀)

ဟေမာနေ၀င်း၏တေးစု အမှတ် (၂၀)
၁။ မေတို့ပန်းကမ္ဘာ
၂။ ပန်းပိတောက်ရွှေဝါ
၃။ အလှကမ္ဘာမြေဝယ်
၎။ ခရေပင်အောက်ကပိတောက်ချစ်သူ
၅။ ရိုင်းတဲ့စင်ရော်
၆။ ပန်းပိတောက်တွေကြွေရာမြေ
၇။ ပိတောက်ရိပ်ဝယ်
၈။ မေတ္တာနုနုစေလိုသူရှင့်
၉။ ပိတောက်စိမ်း
၁၀။ နွေမှာလာနေကျမောင်ရယ်
၁၁။ နေ့စဉ်ပိတောက်ပွင့်ပါစေ
၁၂။ မေတ္တာကမ္ဘာများဖြင့်မခြားလိုပါ

To enjoy all songs, just click High-Lighted Album Link.
Haymar Nay Win "PaDauk YateWel" ဟေမာနေ၀င်း ပိတောက်ရိပ်ဝယ် Album
 
 
ဟေမာနေ၀င်း ၏ တေးစု အမှတ် (၃)
၁။ ရွှေနှင်းဆီ
၂။ ရွှေလသာသာ
၃။ ရွှေချိုးကူသံ
၎။ ရွှေတံငါ
၅။ ရွှေလည်တိုင်
၆။ ရွှေဝါဖူး
၇။ ရွှေကံ့ကော်
၈။ ရွှေဘိုသနပ်ခါး
၉။ ရွှေချိုးဖြူ
၁၀။ ရွှေမိုးညို

To enjoy all songs, just click High-Lighted Album Link below.
 
 
 
 

"ထာဝရ ရေဒီယိုတေးများ ( ၆ )"

"ထာဝရ ရေဒီယိုတေးများ ( ၆ )"
********************************
01: : ဆယ်နှစ်လောက်ကသူငယ်ချင်း / ဝင်းမာလေး
02: : ကျိုက္ခမီရေလယ်ဘုရား / တက္ကသိုလ်လဲ့လဲ့
03: : အချစ်များစွာဖြင့်သာ / ခင်ထွေးမော်
04: : ပျော်ပျော်ရွှင်ရွှင်ပြုံးပန်းဆင် / ခင်ခင်
05: : စေတနာသန်သူ / တင်တင်မြ
06: : ချစ်သူလိုရာ / ခင်ခင်
07: : ဆောင်း / တင်တင်မြ
08: : မမေ့သည်သာ / နုနုလွင်
09: : မောင့်ထာဝရ / ဝင်းမာလေး
10: : ချယ်ရီမြိုင် / တင်တင်မြ
11: : နှင်းဆီမလေးချစ်ပုံပြင် / တက္ကသိုလ်လဲ့လဲ့
12: : လွမ်းစာလေးတော့ရေးကောင်းပါတယ် / ခင်ထွေးမော်
13: : မေတ္တာနဲ့သစ္စာလဲမယ် / ဝင်းမာလေး
14: : လိပ်ပြာလေးလိုမောင်မဆိုးနဲ့ / ဝင်းမာလေး
15: : သူမလာဘူးကွယ် / ခင်ခင်
https://www.dropbox.com/sh/7njputaivuqtxy2/5EED-7s7k6

၀၁ သန်းထွန်းလေး - သီချင်းများစုစည်းမှု

ဆယ်ကျော်သက်ရွယ် နုငယ်သည့်အသံလေးများနှင့် ပရိသတ်အများ၏အသဲနှလုံးကို ဆုပ်ကိုင်ဖမ်းစားနိုင်ခဲ့ သူများသို့ အမှတ်တရ-
Ko Myo Thaik, Ko Pauk Mandalay နှင့် မြန်မာသံလေးတွေနားထောင်ကြမယ် အဖွဲ့ဝင်များမှ စုဆောင်းမျှဝေပါသည်
Credit for picture >>> Ko Ko Oo(K.O)

၀၁ သန်းထွန်းလေး - မမေ့သောအညာ(ကိုလေးလွင်)
http://vocaroo.com/i/s0i5WOcWtDvM
၀၂ သန်းထွန်းလေး - ကျွန်တော့်မွေးဌာနီ(ကိုလေးလွင်)
http://vocaroo.com/i/s0QZYUKwTWsI
၀၃ သန်းထွန်းလေး - ညီလေးတို့ ရွာ(ကိုလေးလွင်)
http://vocaroo.com/i/s0X1zfrrfAFF
၀၄ သန်းထွန်းလေး - ဗုံကြီးသံ(ဂီတာလှအေး)
http://vocaroo.com/i/s1AmDItuQQda
၀၅ သန်းထွန်းလေး - ကိုလေးတို့ ရွာလာခဲ့ပါ
http://vocaroo.com/i/s1P7RaBcxTon
၀၆ ခင်မောင်သန်းလေး - မမမန်းကေသီ(ကိုလေးလွင်)
http://vocaroo.com/i/s0g3VkZlvhPO
၀၇ ခင်မောင်သန်းလေး - တခါကမန်းကေသီ
http://vocaroo.com/i/s1PMwgju6enY
၀၈ သန်းထွန်းလေး - ကျွန်တော့်မမပုသိမ်သူ(ကိုလေးလွင်)
http://vocaroo.com/i/s14A8sO1oKy9
၀၉ သန်းထွန်းလေး - မောင်လေးမမ ရွာအပြန်
http://vocaroo.com/i/s1sfXyGq2Ncv
၁၀ သန်းထွန်းလေး - မန်းပျိုဖြူ
http://vocaroo.com/i/s0BeiZ0VbRTz
၁၁ သန်းထွန်းလေး - ကျနော်မွေးရပ်ဆီ
http://vocaroo.com/i/s1cIHFpV9FFr

၀၁ ခင်မောင်သန်းလေး - ငါးမည်ရပြည်ရွှေဘို(ကိုလေးလွင်)
http://vocaroo.com/i/s0Ccw44XYwHw
၀၂ ခင်မောင်သန်းလေး - မမေ့သောဧရာဝတီ
http://vocaroo.com/i/s18X6d88v7WJ
၀၃ ခင်မောင်သန်းလေး - အညာတခေါက်
http://vocaroo.com/i/s15wKiebTyTx
၀၄ ခင်မောင်သန်းလေး - တစ်ခါနေဖူးအညာနွေဦး
http://vocaroo.com/i/s06CRnBWEBlX
၀၅ ခင်မောင်သန်းလေး - သူတို့လေးများနဲ့ကျွန်တော်
http://vocaroo.com/i/s0ZkzpcuHeLq
၀၆ ခင်မောင်သန်းလေး - မောတို့ ပြည်အလည်လာပါ
http://vocaroo.com/i/s0zKfq9nNO79

ညီညီလေး - ကျွန်တော့်ဌာနီပုဂံပြည်
http://vocaroo.com/i/s021RVffr24t
ညီညီလေး - မြန်မာ့ရှုခင်း(သောင်းတင်ဌေး)
http://vocaroo.com/i/s0J0a9PVtTAn
ညီညီလေး - ရွာသာယာဆည်တက်ပွဲ(သောင်းတင်ဌေး)
http://vocaroo.com/i/s02ImrqmRfQ9
ညီညီလေး - ဈေးချိုသူ
http://vocaroo.com/i/s0qQioEVWadi
ညီညီလေး - ကျွန်တော့်မမလယ်တောသူ(သောင်းတင်ဌေး)
http://vocaroo.com/i/s0nr9wWDCIAM

ခင်မောင်ချိုလေး - ကျနော်ရည်မှန်းချက်
http://vocaroo.com/i/s0IdY07pSQrV
ခင်မောင်ချိုလေး - ဒှိ့ဆရာကြီး ကျန်းမာပါစေ(ပန်တျာချစ်လှိုင်)
http://vocaroo.com/i/s17jq2yRsfun

အဘိုးပြောတဲ့ရာဇ၀င်ပုံပြင် ( ၁၂ ) ( ပုဂံ )


အဘိုးပြောတဲ့ရာဇ၀င်ပုံပြင် ( ၁၂


)



ပုဂံရာဇ၀င်( နိဒါန်း )
          အမယ် -  အမယ် င့ါမြေး မြခက်က ဒီနေ့မှာထူးထူးခြားခြားဘာများဖြစ်လာတာလဲကွဲ့
လက်ထဲမှာလဲပန်းတွေနဲ့ပါလား-အော်- မောင်ကောင်းမြတ်နဲစံတိုးတို့လဲပါ-လာသကိုး
          ဟုတ်တယ်အဘိုး - သမီးတို့ဒီနေ့ကောင်းမြတ်တို့စံတိုးတို့နဲ့စကားထာဝှက်တမ်းကစားကြ
တာသူတို့ရှုံးလို့သမီးဒီမှာပန်းတွေအများကြီိးရလာတယ်၊အဲဒါအဘိုးအိမ်မှဘုရားတင်ဘို့ယူလာတာ
ဟဲ့ကောင်းမြတ်လာလေဘုရားတင်ရအောင်နင်လဲကုသိုလ်ရတာပေါ့
          အေးအေးကောင်းပါတယ်ကွယ်လုပ်ကြ-လုပ်ကြ သာဓု-သာဓု-သာဓု
ကဲပြီးရင်မပြန်ကြနဲ့အုံး အဘိုးမင်းတို့ကိုပုံဂံရာဇ၀င်ပုံပြင်တွေဆက်ပြောပြမယ်
          အင်း- ဟုတ်တယ်
အဘိုးဟိုနေ့တုန်းကပုဂံရာဇင်ထဲကပျူစောတီးအကြောင်းပြိးသွားပြိးနော်
 ဒီနေ့ဘယ်သူအကြောင်းပြောမှာလဲအဘိုး-အဘိုးမှာပုဂံမင်းဆက်တွေစာရင်းရှိတယ်ဆို
          အေးအေး ရှိတယ်ကွဲ့ အဘိုးသေသေချာချာရှာထားရတာလေ
ပုံဂံမင်းဆက်တွေက ( ၅၈ ) ဆက်တောင်ရှိတာ-နောက်ပြိးပုဂံခောတ်ကလဲ ( )ခောတ်တောင်
ရှိတာကွဲ့
          အော်ဟုတ်လားအဘိုး ဟို-အဘိုးပြောပြိးသွားတဲ့ ပျူစောထီးကကောပုဂံမင်းဆက်တွေ
ထဲကဘဲလား
          အေး ဟုတ်တယ်လေသူကပထမပုဂံမင်းဆက်ထဲကကွဲ့
အဲဒီ ပထမပုဂံမင်းဆက်ကို စတင်တည်ထောင်တဲ့ သမုဒ္ဒရာဇ်မင်း၊သူကကျေးရွာ(၁၉)ရွာကို စုစည်းတည်ထောင်ခဲ့တာ အဲဒီ (၁၉)ရွာထဲက ညောင်ဦးရွာဆိုရင်အခုထိ ညောင်ဦးလို့ဘဲခေါ် နေ
ကြတုန်းဘဲကွဲ့  အဲဒီတုန်းကပုဂံဆိုတဲ့နေရာက ဧရာဝတီမြစ်က (၆)မိုင်အကွာတုရင်တောင်ရဲ့အရှေ့
ဘက်တစ်မိုင်အကွာ မှာရှိတဲ့ယုန်လွှတ်ကျွန်းနေရာဖြစ်တယ်လို့ဆိုသကွဲ့  ။
          ပျူစောထီးနှဲု့ ငှက်ကြိတို့တိုက်ခိုက်ကြရင်း ငှက်ကြိးကနုတ်သီးနဲ့ပေါက်လိုက်လို့ကန်ကြီးဖြစ်
သွားတဲ့နေရာကိုအစွဲပြုပြိး-ငှက်ပေါက်ကန်ကနေပေါက်ကန် နောက်တော့ပုဂံလိုခေါ်ကြတာလေ
ပုဂံပြည်လို့ဖြစ်ပေါ်လာမဲ့နေရာကိုဒိုများရဲ့ဂေါတမမြတ်စွာဘုရားကဗျာဒိတ်ပေးခဲ့တဲ့နေရာလဲဖြစ်
တယ်ကွဲ့
          ဟုတ်လားအဘိုး-ဘုရားကဘယ်လိုဗျာဒိတ်ပေးခဲ့တာလဲအဘိုး
          ဒီလိုကွဲ့ 
မြတ်စွာဘုရားသခင်သက်တော်ထင်ရှားရှိစဉ်ကမဇ္ဈိမဒေသအရပ်ကနေဒေသစာရီကြွချီတော်
မူတော့အခုပုဂံမြို့အနောက်ဘက်ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့တန့်ကြည့်တောင်ဖျားပေါ်
2
ကိုရောက်တော်မူတယ်၊ အဲ့ဒီကနေအရှေ့ဘက်ကိုလှမ်းကြည့်တော့ကမ်းပါးမြင့်အထက်မှာပေါက်ပင်
ကိုတွေ့ရတယ်။ပေါက်ပင်မှာဥဗျိုင်းဖြူနဲ့ကျီးညိုတစ်ကောင်နားနေတယ်။
 ပေါက်ပင်ခွကြားမှာလည်း ဖွတ်ပြိတ္တာဆိုတဲ့ လျှာနှစ်ခွနဲ့အကောင်တစ်ကောင် တွေ့ရတယ်။
အဲ့ဒီပေါက်ပင်ရင်းမှာတော့ဖားငယ်ဝပ်နေတာကိုလဲတွေ့ရတော့မြတ်စွာဘုရားကပြုံးတော်သတဲ့
 အဲဒီအခါမှာညီတော်အာနန္ဒာကအရှင်ဘုရားဘာကိုမြင်တွေ့လို့ ပြုံးတော်မူပါသလဲလို့
မေးမြန်းလျှောက်ထားတော့ မြတ်စွာဘုရားကချစ်သားအာနန္ဒာငါဘုရားပရိနိဗ္ဗာန်ပြုပြီးလို့
အနှစ်ခြောက်ရာ့ငါးဆယ်တစ်နှစ်ရောက်တဲ့အခါဤအရပ်မှာတိုင်းပြည်ကြီးတစ်ပြည်ဖြစ်ပေါ်လိမ့်မယ်
ဟောဟိုပေါက်ပင်မှာ ဥဗျိုင်းဖြူနဲ့ ကျီးညိုနားသည့်အလိုကား အဲဒီတိုင်းရပ်မှာ အလှူအတန်းပြုသူ သီတင်းသီလစောင့်သူတွေများသလို အကျင့်သီလပျက်သူ ဒုသီလဆိုတဲ့ သူတွေများမဲ့သဘော
ဖြစ်တယ်။ ပေါက်ပင်ခွမှာဖွတ်ပြိတ္တာလျှာနှစ်ခွနှင့်နေသည့်အလိုအရအဲဒီတိုင်းပြည်မှာနေသူတို့ဟာ လယ်ယာမလုပ်ဘဲအရောင်းအ၀ယ်ကုန်သွယ်မှုအလုပ်နဲ့အသက်မွေးခြင်းကြောင့်မမှန်သောစကား
ကိုလဲဆိုကြမယ်။ သစ္စာလည်းယိုယွင်းကြမယ်။
 အဲ့ဒီလို မြတ်စွာဘုရား ဗျာဒိတ်တော်ရှိတဲ့အတိုင်း ပေါက္ကံဆိုတဲ့ ပုဂံကို သမုဒ္ဒရာဇ်မင်းက
သာသနာ သက္ကရာဇ် ၆၅၁ ခုနှစ်မှာ စတင်တည်ထောင်တယ်ကွဲ့။
ပထမပုဂံမင်းဆက်မှာအားလုံး သမုဒ္ဒရဇ်မင်းကနေ ပိုက်သေဉ်လည်မင်းအထိမင်းဆက် (    )
ဆက်အုပ်ချုပ်သွားတယ် ၊နှစ်ပေါင်း ၂၃၇ နှစ် ကြာခဲ့တယ်ကွဲ့
 ( ဒီနေရာမှာအဘိုးစကားနဲနဲညှပ်ပြောထားအုံးမယ်အဲဒီလို မြတ်စွာဘုရားဗျာဒိတ်တော် ခြွေတုန်းမှာထူးခြားတာတစ်ခုရှိတယ်ကွဲ့ )
          ဟုတ်လား-ဘယ်လိုထူးခြားတာလဲအဘိုး
အဲဒါကတော့ မြတ်စွာဘုရားကို နေပူခမှာစိုးလို့နောက်ကနေကြာသုံးရွက်နဲ့မိုးပေးခဲ့တဲ့တောင်
စောင့်ဘီလူးရှိတယ်။အဲဒီဘီလူးကြီးကိုလဲမြတ်စွာဘုရားရှင်ကသူဟာပုဂံပြည်ကြီးပေါ်ပေါက်ပြိးတဲ့
နောက်အဲဒီပုဂံပြည်မှာလူသားဖြစ်ပြီးမင်းသုံးကြိမ်ဖြစ်လိမ့်ဦးမယ်လို့ဗျာဒိတ်တော်ထားခဲ့တယ်။
 ကဲ အဲဒီဘီလူးဟာဘယ်မင်းတွေများ ဖြစ်လိမ့်မလဲလို့ စဉ်းစားကြည့်ဖူးကြရဲ့လား။
          ဘယ်မင်းဖြစ်မလဲသမီးတို့မသိဘူးအဘိုး
          အဖြေကရှင်းရှင်းလေးဘဲ၊ ဘီလူးကလူဖြစ်တယ်ဆိုတော့ ရက်စက်ကြမ်းကြုတ်တဲ့ မင်းဆိုး
မင်းညစ်တွေပဲဖြစ်တော့မပေါ့။ ဒီတော့ ပုဂံမင်း(၅၆)ဆက်ထဲမှာ ဘယ်မင်းတွေ ဆိုးခဲ့ညစ်ခဲ့သလဲလို့
ရှာကြည့်တော့ စလေငခွေးရယ်၊ နရသူရယ်၊ နရသီဟပတေ့ဆိုတဲ့ မင်း(၃)ပါးကိုတွေ့ရတယ်။ သူတို့ဘယ်လောက်ဆိုးခဲ့ ရက်စက်ခဲ့တယ်ဆိုတာကိုတော့ သူတို့အကြောင်းရောက်မှပြောပြမယ် အခုတော့ရှေ့ပိုင်းအရင်စကြစို့

3
အဲ ဒုတိယ ပုဂံမင်ဆက်ကတော့ မင်း (   )ဆက်ရှိတယ်
(သေဉ်လည်ကြောင်)မင်းကနေ(သရမွန်ဖျား)မင်းအထိမင်း ( ) ဆက်ရှိတယ်နှစ်ပေါင်း ၁၇၂ နှစ်
ကြာအောင်အုပ်စိုးသွားခဲ့ကြတာကွဲ့
သေဉ်လည်ကြောင်မင်းကဒုတိယပုဂံအဖြစ်သီရိပစ္စယာမြို့ကိုကျောက်စကားရပ်မှာတည်ထောင်
ပြန်တာ?အဲဒီနေရာကအခုပုဂံမြို့ရဲ့တောင်ဘက်ရေအိုးစင်ချောင်းမြောက်ဘက်ကမ်းနေရာမှာ
တည်ခဲ့တာကွဲ့၊
သေဉ်လည်ကြောင်းမင်းလက်ထက်ကစပြီးနတ်ကိုးကွယ်တာတွေ၊ဒုသီလလိုခေါ်တဲ့အကျင့်ပျက်
ရဟန်းတွေပေါ်လာတယ်လိုဆိုတာဘဲကွဲ့
          ဘုရားဗျာဒိတ်ပေးခဲ့တဲ့ဒုသီတလဆိုတဲ့အရည်းကြိးရဟန်းတွေကိုပြောတာလားအဘိုး
          အေး ဟုတ်တယ် သူတို့အကြောင်းကသပ်သပ်ပြောယူရမှာကွဲ့
          အဲနောက်ပြိးသိုက်တိုင်မင်းလက်ထက် ခရစ်နှစ် 516 ခုနှစ်မှာ တတိယပုဂံကို တည်ထောင်ပြန်တယ်ကွဲ့၊တတိယပုဂံပြည်ကိုတော့၊ရွာစိုက်ဟောင်းဆိုတဲ့နေရာကိုတမ္ပ၀တီလို့
အမည်မှည့်ခေါ်ပြိးတည်လိုက်တာဖြစ်တယ်၊
သိုက်တိုင်မင်းကနေခဲလူးမင်းအထိမင်းဆက် ၃၂ ဆက်အုပ်စိုးသွားတယ်၊နှစ်ပေါင်း(၃၃၀)ကြာတယ်
အဲဒီနောက်တော့ ပုဂံမင်းဆက်ရဲ့ (၃၄)ဆက်မြောက်ဘုရင် ပျဉ်ပြားမင်းလက်ထက် ခရစ် 849နှစ်မှာ
အခုမင်းတို့သိတဲ့ပုဂံနေရာမှာစတုတ္ထမြောက်ပုဂံကိုတည်ထောင်တာကွဲ့၊ပုဂံပြည်ကိုတည်ထောင်တုန်း
ကရဟန်းပညာရှိလေးပါးနဲ့လူပညာရှိလေးဦးတို့ပါဝင်ခဲ့ကြတယ်လို့ဆိုတယ်ကွဲ့
ဗုဒ္ဓသာသနာတော်ဟာ (၄၂)ဆက်မြောက်မင်းဖြစ်တဲ့အနော်ရထာမင်းလက်ထက်ကျမှပြန်ပြီး
ထွန်းကားလာတာ-အဲ့ဒီ စတုတ္ထမြောက်ပုဂံမှာပျဉ်ပြားမင်းကနေ-စောမွန်နစ်မင်းအထိမင်းပေါင်း
( ၂၃ ) ပါးရှိတယ်  နှစ်ပေါင်း ( ၅၂၀ ) ကြာခဲ့တယ်
(
၃၄) ပျဉ်ပြားမင်း                       (846-876)          ( နန်းသက် - ၃၀  နှစ် )
(
၃၅) တန်နက်                          (876-894)          ( နန်းသက် - ၁၈  နှစ် )
(
၃၆) စလေမင်းခွေး                    (894-924)          ( နန်းသက် - ၃၀   နှစ် )
(
၃၇) သိန်းခို                             (924-946)          ( နန်းသက် - ၂၂ နှစ် )
(
၃၈) ညောင်ဦးစောရဟန်း            (946-991)         ( နန်းသက် - ၄၅ နှစ် )
(
၃၉) ကျောင်းဖြူ                        (991-1013)        ( နန်းသက် - ၂၂ နှစ် )
(
၄၀) ကျည်းစိုး                           (1013-1019)      ( နန်းသက် - နှစ် )
(
၄၁) စုက္ကတေး                          (1019-1044)      ( နန်းသက် - ၂၅ နှစ် )
(
၄၂) အနော်ရထာ                      (1044-1077)      ( နန်းသက် - ၃၃ နှစ် )
(
၄၃) စောလူးမင်း                       (1077-1084)      ( နန်းသက် - နှစ် )  
(
၄၄) ကျန်စစ်သား                      (1084-1113)      ( နန်းသက် - ၂၉ နှစ် )
(
၄၅) အလောင်းစည်သူ                (1113-1160)     ( နန်းသက် - ၄၇ နှစ် )
(
၄၆) နရသူ                               (1160-1165)     ( နန်းသက် - နှစ် )
(
၄၇) နရပတိစည်သူ                    (1165-1211)     ( နန်းသက် - ၄၈ နှစ် )
(
၄၈) နားတောင်းများ                   (1211-1231)     ( နန်းသက် - ၂၀ နှစ် )
(
၄၉) နရသိင်္ဃ ဥဇနာ                   (1231-1235)     ( နန်းသက် - နှစ် )
(
၅၀) ကျစွာ                               (1235-1249)     ( နန်းသက် - ၁၄ နှစ် )
(
၅၁) ဥဇနာ                               (1249-1256)     ( နန်းသက် - နှစ် )
(
၅၂) မင်းယဉ်                            (1256-1256)     ( နန်းသက် - 0 နှစ်
(
၅၃) နရသီဟပတေ့                    (1256-1287)     ( နန်းသက်  - ၃၁ နှစ် )
(
၅၄) ကျော်စွာ                           (1287-1298)     ( နန်းသက် - ၁၁ နှစ် )
(
၅၅) စောနစ်                            (1298-1325)      ( နန်းသက်   - ၂၇ နှစ် )
(
၅၆) စောမွန်နစ်                        (1325-1368)      ( နန်းသက်  - ၄၃ နှစ် )
စောမွန်နစ်မင်းဟာ ပုဂံမင်းဆက်များရဲ့ နောက်ဆုံးမင်းဖြစ်တယ်ကွဲ့ ။  ပုဂံပျက်သုဉ်းပြီးနောက် ပင်းယမြို့တော်များပေါ်ပေါက်လာတယ် ပင်းယမင်းဆက်များပေါ်ပေါက်လာခဲ့တယ်
နောက်တော့အင်းဝခောတ်၊တောင်ငူခောတ်၊ညောင်းရမ်းခောတ်၊ကုန်းဘောင်ခောတ်ဆိုပြီး
ဒိုမြန်မာမင်းတွေရဲ့မင်းဆက်နဲ့ခောတ်ကိုလွယ်လွယ်မှတ်ချင်ရင်။ ပု ၊ ပင်း၊ အင်း၊ တောင်၊ ညောင် ၊ ကုန်းဘောင် လို့ မြန်မာဘုရင်မင်းဆက်များအကြောင်းကို အတိုမှတ်လိုရနိုင်တာပေါ့ကွယ်၊
          အင်းဒါကြောင့်ပုဂံရာဇ၀င်ဆိုတာရှည်လွန်းလို့တုတ်ထမ်းပြိးပြောရတယ်လို့ဆိုတာကိုး
          အေး--ရှည်ရုံတင်မကသေးဘူး ရှတ်ကလဲရှုတ်သေးသကွဲ့ -
          ကဲ စတ္တုထ ပုဂံပြည်ရဲ့အစကနဦးပိုင်းမင်းတွေရဲ့ရှုတ်တော်ပုံကလေးစလိုက်ကြရအောင်
ဘုရားဗျာဒိတ်တော်ထားခဲ့တဲ့ဘီလူးကနေလူဖြစ်လာတဲ့စလေမင်းခွေးကနေဘဲစပြောပြမယ်
          ပထမဆုံးစတ္တုထပုဂံပြည်ကိုတည်ထောင်တာကတော့ပျဉ်ပြားမင်းဘဲ၊ဒီမင်းလက်ထက်မှာ
ပုဂံမြို့အ၀င်သရပါမြို့ဝင်တံခါးကိုတည်ဆောက်ခဲ့တာအခုထိရှိသေးတယ်၊
          အဲဒီနောက်သူ့ရဲ့သားတော်တန်မင်းဆက်လက်အုပ်ချုပ်တယ်၊အဲဒိအချိန်မှာဟိုး--တတိယပုဂံ
မင်ဆက်ထဲက မင်းဆက် ၂၇ ဆက်မြောက် သိန်းခဲမင်းရဲ့ညီတော်တစ်ပါးဟာနောင်တော်တွေတိုက်
ခိုက်လိုစလေအရပ်ကိုတိမ်းရှောင်နေရတယ်၊အဲဒီမင်းသားတဲ့သားငခွေးဆိုတာကိုသူဋ္ဌေးတစ်ဦးရဲ့
အိမ်မှလှေထိုးသားအဖြစ်နဲ့အလုပ်လုပ်ကိုင်ရတယ်၊တစ်နေ့တော့ပုဂံကိုလှေထိုးသွားရင်းညအိပ်တော့
သူ့အူတွေပုဂံမြို့ကိုပတ်နေတယ်လို့အိပ်မက်တယ်၊မနက်ရောက်တော့လှေထွက်ဘို့ဝါးတိုင်ကိုဆွဲလိုက်တော့ထိုးဝါးမှာရွှေလင်းပန်းတစ်ချပ်ပါတယ်၊အဲဒါကိုယူလိုက်ရင်ငါအိပ်မက်လောက်မတန်ဘူးဆိုပြိးရေ
4
          ထဲပြန်ပစ်ချလိုက်တယ်၊ပုဂံရောက်တော့ပုဏ္ဏားတစ်ယောက်ထံမှာဗေဒင်မေးကြည့်တော့ပုဂံ
မှာဘုရင်ဖြစ်မယ်လို့ဟောလိုက်တယ်၊သူကလဲသူဋ္ဌေးနှိပ်စက်တာမခံနိုင်တော့သူဋ္ဌေးအလုပ်ကထွက်
ပြိးတန်မင်းထံအခစားဝင်ပြီးအလုပ်တောင်းတယ်၊တန်မင်းကလဲရုပ်ရည်ကိုကြည့်ပြိးသဘောကျသွား
တာနဲ့မြင်းထိန်းခန့်ထားလိုက်တယ်၊
          တန်မင်းကမိဘုရားငယ်အလွန်ပေါတယ်၊ငခွေးကတန်မင်းရဲ့မိဘုရားငယ်တစ်ပါးနဲ့တိတ်တခိုး
ချစ်ကြိုက်နေတယ်၊တစ်နေ့တော့၊နှစ်ယောက်ပေါင်းပြိးတန်မင်းမြင်းတင်းကုတ်ကိုလာကြည့်တဲ့အခါမှာ
မြင်းချေးပုံထဲကိုတွန်းချပြိးလုပ်ကြံလိုက်တယ်၊ပြီးတော့အဲဒီမိဘုရားကိုမိဖုရားအရာမြှော်က်ပြီးစလေ
မင်းခွေးအဖြစ်နဲ့ထီးနန်းသိမ်းပိုက်လိုက်တာပေါ့၊
(တန်မင်းရဲ့မိဘုရားကြီးကတော့စလေငခွေးမိဘုရားမြှောက်မှာကိုမလိုလားတဲ့အတွက်၊သူ့မှာလဲတန်မင်းနဲ့ရတဲ့ကိုယ်ဝန်ရှိနေတာကြောင့်တိတ်တဆိတ်ထွက်ပြေးပြိးကျောင်းဖြူအရပ်မှာမထင်မရှား
ပုန်းအောင်းနေတယ်ကွဲ့ )
         စလေငခွေးမင်းဖြစ်တော့သူ့ကိုနှိပ်စက်ခဲ့တဲ့သူဋ္ဌေးကိုခေါ်ပြိးသတ်တယ်၊နောက်သူ့ကိုနှိပ်စက်
ခဲ့ဘူးသူတွေကိုရှာပြိးပြန်ကလဲ့စားချေတဲ့အတယ်အလွန်ရက်စက်ယုတ်မာတဲ့အတွက်၊မူးမတ်တွေက
တိုင်ပင်ပြီးစလေငခွေးရေကစားနေစဉ်မှာနေနှစ်ပြိးလုပ်ကြံလိုက်တယ်၊
          စလေငခွေးသေတော့သူ့သားတော်သိန်းခိုမင်းဆက်လက်မင်းပြုတယ်၊သိန်းခိုမင်းကလဲ
သိပ်ပြိးအရည်အချင်းမရှိဘူး၊ဘုန်းတန်ခိုးလဲသိပ်ရှိုပုံမပေါ်ဘူး-မြင်းတစ်စီးနဲ့တောကစားထွက်လေ့ရှိ
တယ်၊တစ်နေ့တော့တောကစားထွက်ရင်းသူ့မြင်းထိန်းနောက်လိုက်နဲ့ကွဲသွားပြီး၊တောင်သူကြီး
တစ်ဦးရဲ့ယာခင်းထဲကိုရောက်သွားတယ်ယာခင်းထဲကသခွါးသီးတစ်လုံးကိုရေဆာဆာနဲ့ခူးစားလိုက်တာယာတောင်သူကြီကတွေ့သွားတော့ပိုင်ရှင်ကိုခွင့်မတောင်းဘဲခူးစားရမလားဆိုပြိးခေါင်းကိုတူရွင်းနဲ့ရိုက်လိုက်တာ၊သိန်းခိုမင်းနတ်ရွာစံပါလေရော၊
          သိန်းခိုမင်းရဲ့နောက်လိုက်မြင်းထိန်းရောက်လာတော့သူဘုရင်ကိုတောင်သူကြိးသတ်လိုက်
တယ်ဆိုမြင်တော့၊မင်းဘုရင်ကိုသတ်ရင်ဘုရင်လုပ်ရမယ်၊လိုက်ခဲ့ဆိုပြီခေါ်တယ်၊
အဲဒိတော့တောင်သူကြိးက
          ခွေးမကြီးနို့ကိုခွေးကလေးတွေစို့သလိုအစီအရီသီးနေတဲ့ငါ့သခွါးခင်းကိုမခွဲနိုင်ဘူး
လို့ပြန်ပြောတယ်၊
          သင့်ယာခင်းလဲပိုင်ရမယ်-နန်တော်ကိုလဲပိုင်မယ်မိဘုရားကိုလဲပိုင်မယ်လို့ပြောတော့
တစ်ခါထဲလိုက်သွားတော့တာဘဲ၊
          တောင်သူကြိးနန်းတော်ကိုရောက်လာပြီးမြင်းထိန်းကအကျိုးအကြောင်းပြောပြတော့
မူးမတ်တွေကတိုင်းပြည်မငြိမ်မသက်ဖြစ်မှာစိုးလို့ဘုရင်နေထိုင်မကောင်းဖြစ်နေတယ်လိုပြောထား
တယ်၊တောင်သူကြီးမင်းကိုတော့ထီးနန်းဓလေ့များကိုတစ်ပတ်လောက်သင်ကြားပေးပြီးမှညီလာခံ
5
ထုတ်တယ်၊ညီလာခံမှာတောင်သူကြိးမင်းကိုတွေ့တော့နန်းတွင်သူနန်းတွင်းသားတစ်ချို့ကဟာဒါငါ
တို့ရွှေနန်းရှင်လဲမဟုတ်ပါလားလို့တီးတီုးစကားဆိုကြတော့၊နန်းမဆောင်ထဲမှာထားတဲ့ကျောက်ဘီး
လူးရုပ်ကြီးတွေကထောင်းထုကြသတဲ့လေ၊
          ဟယ်- ဟုတ်လားအဘိုး အမလေးကျောက်စရာကြီးနော်
          အေး-ဟုတ်တယ်နောက်လာအုံးမယ်-ဒီကျောက်ဘီးလူးကြိးတွေ
          တောင်သူကြီးမင်းကဘုရင်ဖြစ်တော့ညီအမ( )ယောက်ကိုမိဖုရားမြောက်လိုက်တယ်
တောင်ပြင်မိဖုရား၊မြောက်ပြင်မိဖုရား၊အလယ်မိဖုရားလို့အမည်ပေးထားတယ်၊
          ဘုရင်ဆိုပေမဲ့တောင်ယာအလုပ်ကိုမစွန့်နိုင်တော့သူ့ယာတောကိုမကြာမကြာသွားနေလေ့
ရှိတယ်၊တိုင်းရေးပြည်ရာအုပ်ချုပ်ရေးလဲသိပ်စိတ်မ၀င်စားတော့၊မူးမတ်နဲ့တိုင်းသူပြည်သားတွေက
နောက်ထပ်မင်းတစ်ယောက်ကိုမျော်နေတာပေါ့ကွယ်၊
အဲဒီအချိန်မှာ
တန်နက်မင်းရဲ့ မိဘုရား ကိုယ်ဝန်အရင့်အမာနှင့် ထွက်ပြေးတိမ်းရှောင်ပြီး ကျောင်းဖြူအရပ်မှာ ပုန်းအောင်းနေရတဲ့မိဘုရားကသားတော်ကလေးတပါးမွေးဖွားလာတယ်ကြောင်ဖြူလို့နာမယ်
ပေးထားတယ်၊သားတော်လေးကိုငယ်စဉ်ကတည်းကဘာသာရေးကိုင်းရှိုင်းလာအောင်သရဏဂုံ
၃ပါးနဲ့ငါးပါးသီလကိုလုံခြုံအောင်ဆုံးပေးထားတယ်၊ ညအိပ်ယာဝင်ပုံပြင်များအဖြစ်သူခင်ပွန်းတော်
နဲ့အကိုတော်ခမည်းတော်များရဲ့အကြောင်းကိုဇာတ်လမ်းဖွဲ့ပြီးရာဇ၀င်ပုံပြင်များပြောပြလေ့ရှိတယ်။
သားတော်ကြော်ဖြူမင်းသားလေးကမယ်တော်ရဲ့ပုံပြင်တွေကိုနားထောင်ရင်းသားဘုရင်ဖြစ်ရင်
သူများကိုမသတ်ဘဲနဲ့ဘုရင်ဖြစ်အောင်လုပ်မယ်၊သူများအသက်မသတ်ဘဲနဲ့ဘုရင်ဖြစ်အောင်လုပ်
မယ်လို့အမြဲကြိမ်းဝါးလေ့ရှိတယ်၊
မယ်မယ်ဘုရား၊ သားငယ်ငယ်က ပုဂံပြည်အကြောင်းများကို မယ်မယ်ဘုရားပုံပြောတာကြားရ တော့ သားစိတ်ထဲ မင်းသိပ်ဖြစ်ချင်လာတယ်။ဘုန်းမြတ်ကြီးဘုရားကညတိုင်းဘရားဝတ်တက်ပြိ
တိုင်းမြတ်စွာဘုရား ထီးနန်းစွန့်လွတ်ပြီး တောထွက်တဲ့အကြောင်း၊ မဇ္ဈိမဒေသရဟန်းတော်တွေ၊ မင်းတွေအကြောင်းမိန့်ဆိုတာကြားရတော့သားတော်စိတ်ထဲမှာပိုပြီးမင်းဖြစ်ချင်လာတယ် မယ်မယ်ဘုရား။ အခုရှိနေတာနဲ့ ဘာမှမဆိုင်ဘဲဟာ။ ဒီတရားအလွဲတွေ လိုက်နေလို့ကတော့ မဂ်ဖိုလ်နိဗ္ဗာန်မပြောနဲ့ လူပြန်ဖြစ်ဖို့တောင်မလွယ်ပါဘူး။ ဒီတရားစစ်တရားမှန်တွေ ပုဂံတပြည်လုံး သိကြရအောင်သားသိပ်ပြီးမင်းလုပ်ချင်တာပဲ
          အဲဒီစကားကြားတော့မယ်တော်ကသိပ်ဝမ်းသာတယ်၊ 
အဲဒီအချိန်အခါမှာကဒုသီလလိုခေါ်တဲ့ဆံကေသာလက်လေးသစ်၊မုဆိတ်မွေးဗလဗြစ်၊မဲညစ်တဲ့
စီဝရံ၊တာတေလံအကျင့်ဆိုးတဲ့ရှင်မထီးအရည်းကြီးတွေရဲ့အယူဝါဒကလွမ်းမိုးနေပြိ

6
ရှင်မထီးအရည်းကြီးတွေရဲ့ တာတေလံအကျင့်ဆိုးဆိုတဲ့ဓလေ့ကပန်းဦးဆက်သရတယ်ဆိုတာ
အရွယ်ရောက်လို့ အိမ်ထောင်ပြုတော့မယ်ဆိုရင်မင်္ဂလာလက်ထပ်ပွဲကျင်းပကြရတယ်။
ဒီလိုမင်္ဂလာပွဲလက်ထပ်ကျင်းပပြီးတဲ့အချိန်သတိုးသားကသတိုးသမီးကိုရှင်မထီးအရည်းကြီးရဟန်း
တော်ကြီးတွေကိုဆက်ကပ်လှူဒါန်းရတယ်တဲ့။
သတိုးသားနဲ့သတိုးသမီးအတူမအိပ်ခင်သတိုးသားကသတိုးသမီးကိုအရည်းကြီးရဟန်းတော်တွေကိုဦးဦးဖျားဖျားလှူဒါန်းတာကိုပန်းဦးဆက်သတယ်လို့ ခေါ်တယ်။
          အဲ့ဒီခေတ်အဲဒီအခါကဒီလိုလုပ်ရင်ကုသိုလ်ရတယ်လို့ စွဲစွဲမြဲမြဲယုံကြည်နေတဲ့အတွက်ဒီဓလေ့
တွေကိုအချိန်တန်ရင်ပျော်ပျော်ရွှင်ရွှင်ပဲ ပြုလုပ်လေ့ရှိတယ်။
မင်းနှင့် မူးမတ်တို့ကအစအဲဒီအရည်းကြီးတွေကိုကိုးကွယ်ကြတယ်။နဂါးရုပ်ကြီးတွေ၊နတ်မဟုတ် ဘုရားမဟုတ်ရုပ်တုတွေ၊ ဟိန္ဒူရုပ်တုတွေကိုအိမ်မှာထားကိုးကွယ်ကြတယ်
အဲဒီအရည်းကြီးတွေကလောကီအတက်အင်းအိုင်ခါးလှည့်လက်ဖွဲ့မန္တန်အတတ်တွေကိုမင်းတွေမူးမတ် တွေကိုယ်တိုင်ကတိုင်းပြည်ငြိမ်ဝပ်ပိပြားရေး၊ ရာထူးတိုးတက်ရေး၊ အန္တရာယ်ကင်းရေးအတွက်ဆိုပြီး အားကိုးအားထားပြုပြီးကိုးကွယ်နေကြတဲ့ခောတ်ပေါ့
          သားတော်စိတ်လိုက်မာန်ပါပြောနေတာကိုမယ်တော်ကကြိတ်ပြီးဝမ်းသာနေတယ်၊
တိုးတိုးပြောပါသားရယ်၊ မင်းဖြစ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး သားရဲ့မင်းကိုသတ်ရဲမှ မင်းဖြစ်တာသားကသတ်ရဲလို့လား
မယ်တော်ကလက်ရှိအစဉ်အလာကိုအခိုင်အအမာလုပ်၍ပြောရင်းသားအကဲကိုစမ်းလိုက်တာဘဲ၊
         
လူမပြောနဲ့ .. ပုရွက်ဆိတ်တောင် သားမသတ်ရဲပါဘူး။လူသတ်ဝံ့မှလဲမင်းဖြစ်တာမဟုတ် ပါဘူး မယ်မယ်ဘုရားရယ်။ ဘုန်းမြတ်ကြီးဘုရားကပြောတယ်
၁။ ဗြဟ္မစရိယခေါ်တဲ့အကျင့်သီလကိုနည်းနည်းကျင့်နိုင်ရင်လူမင်းဖြစ်သတဲ့။
၂။ အလယ်အလတ်ကျင့်ရင်ဗြဟ္မာမင်းဖြစ်သတဲ့။
၃။ အကောင်းဆုံးကျင့်ရင် မင်းတကာ့မင်း ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရသတဲ့။
သားတော်လဲ ငါးပါးသီလကို အမြဲစောင့်နေတာပဲဟာ။ အခု မင်းလုပ်နေတဲ့သူတွေထက်တော့ သာတာပဲ။ အဲဒီဘုန်းကြီးတွေဟာ အရက်လဲသောက်တယ်။ သူတပါးသမီးပျိုကိုလဲ ပန်းဦီးလွတ်တယ်ဆိုပြီး ကျူးလွန်ကြတယ်။သတ်နိုင်တိုင်းလဲမင်းဖြစ်တာမဟုတ်ပါဘူး
တော်ပါတော့သားရယ်။တော်ကြာ ရာဇဝတ်သင့်နေပါဦးမယ်။ သီလရှိတဲ့လူဟာ ဘာမဆို လိုချင်တာရနိုင်သတဲ့။ မောင့်ဘုန်းမြတ်ကြီးဘုရား ဟောတဲ့အတိုင်းသာ လိမ်မာအောင်နေပါ
အဲဒီလိုနဲ့သားအမိနှစ်ယောက်သား ရတနာသုံးပါးဝတ်ကို ဖြည့်လျက်နေလာခဲ့ကြတယ်။


7
ကြောင်ဖြူသားတော်လေးအရွယ်ရောက်လာတော့ ပုဂံနေပြည်တော်တက်ပြီးတောင်သူမင်းကြီး
အခစားဝင်တယ်၊၊ကြောင်ဖြူဟာမြန်မာစာအရေးအသားနှင့် အတွက်အချက်လဲကျွမ်းကျင်၊ဥပဓိ
 ရုပ်လည်းခန့်ညားရိုးသားတဲ့အမူအယာရှိလို့ နန်းတော်မှာကွမ်းဆော်ရာထူးခန့်အပ်ခံရတယ်။
ကွမ်းဆော်ဆိုတာအခွန်အကောက်နှိုးဆော်စီမံရသူကွဲ့။
ကွမ်းဆော်ရာထူးအမှုတော်ကိုထမ်းရွက်ရင်းသင်ယူခဲ့ရသမျှသရဏဂုံ ငါးပါးသီလကိုလည်း ကြိုးစားပြီးစောင့်ထိန်းတယ်။ အလုပ်ကိုလဲ ကြိုးစားလုပ်ရင်းတစ်ဘက်ရတနာသုံးပါးကိုလဲ အလုပ်လုပ်ရင်းပင် နှလုံးသွင်းနေတယ်၊ဒါကြောင့်တစ်ရွာဝင်တစ်ရွာထွက်ကွမ်းဆော်လုပ်ရာမှာ ခင်မင်သူ ကူညီသူပေါပြီးအလုပ်လည်း ပို၍အောင်မြင်နေတယ်၊
          တနေ့တော့စောင်းချမ်းပင်စောင့်နတ်သည် ကိုယ်ထင်ရှားပြကာ -
မင်းသား၊ သင်သည် တနေ့သောအခါ ဤပုဂံပြည်၌ မင်းဖြစ်လိမ့်မည်။ သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းပါ။ အနုဿတိဆယ်ပါးကို မပြတ်ပွားများပါလေ
လို့ သတိပေးပြောဆိုကာ ပျောက်ကွယ်သွားတယ်။ပျဉ်ပြားမင်းရဲ့မြေး၊တန်နက်မင်းရဲ့သားဖြစ်တဲ့ ကွမ်းဆော်လုလင်ဟာငယ်စဉ်ကထဲကဇာတိမာန်မင်းသွေးစိတ်ရှိပြိးမင်းဖြစ်ချင်နေတာ-သာသနာ အစစ်အမှန်ပြန့်ပွားစေလိုတဲ့ စိတ်ရှိသူဆိုတော့ပိုပြိးစိတ်အားတက်လာတယ်။
အဲဒီအချိန်မှာ-ပုဂံတမြို့လုံးလေးပြင်လေးရပ် ကောလဟာလများဖြစ်နေတယ်
 မင်းလောင်းပေါ်နေပြီိတဲ့။ ဘယ်နေ့ရက် ဘယ်နေရာမှာတဲ့။
အဲဒီလိုကောလဟာလတွေကလူတိုင်းပါးစပ်ဖျားမှာပြောနေကြတယ်လက်ရှိတောင်သူကြီးမင်းက
လဲဘုန်းကံမရှိ၊အရည်းကြီးတွေနန်းတော်မှာတရုံးရုံးဝင်ထွက်နေတာဆိုတော့နန်းတော်နဲမတူတော့ဘူး
ကွမ်းဆော်လုလင်လဲအဲဒီကောလာဟာလကိုအသိချင်ဆုံးဖြစ်နေတယ်။
ပုဂံတပြည်လုံးလဲ အုတ်အုတ်သဲသဲဖြစ်နေတယ်။
        တနေ့တော့ပုဂံပြည်သူပြည်သားတွေဟာအုပ်စုဖွဲ့ပြီးတူရွင်းတောင်ဘက်ကိုသွားနေကြတယ် မင်းလောင်းလာနေတယ်၊မင်းလောင်းကိုသူ့ထက်ငါအလျင်ဖူးတွေ့ဘို့သွားကြစို့ဆိုပြိးသွားနေကြတယ်
ကွမ်းဆော်လုလင်လဲရွာတရွာသို့ကွမ်းဆော်အလုပ်သွားရင်းလူတွေ စည်ကားစွာသွားလာနေကြတာ
ကို တွေ့တော့သူလဲမင်းလောင်းကိုမြင်ချင်တာနဲ့
မင်းလောင်းကြည့်ပြီးမှပင် နေပြည်တော်သို့ သွားတော့မည်
လို့စိတ်ကူးပြီးတူရွင်းတောင်ဘက်ကိုအပြေးထွက်လာခဲ့တယ်။
သူသွားနေတဲ့လမ်းခရီမှာရေးကြီးသုတ်ပြာနဲ့မြင်းစီးလာသောအဖိုးအိုတဦးကိုတွေ့ရတယ်၊ ရှောင်သွားမယ်လုပ်တော့
အမောင်၊ ငါ့မြင်းကို ပုဂံသို့ယူဆောင်သွားစမ်းပါ။ အဘိုးမှာကိစ္စတခုရှိနေသေးလို့
          အဘိုးအိုကမြင်းကိုရပ်၍ ပြောလိုက်တယ်-မင်းလောင်းကြည့်လိုဇောနဲ့အမောတကော
8
          သွားနေတုန်းအရေးထဲအရာပေါ်၍ စိတ်မရှည်တော့ဘဲ -
         
ဟာ မဖြစ်ပါဘူးဘိုးဘိုး၊ အားတော့နာပါရဲ့၊ ကျွန်တော် တူရွင်းတောင်ဘက်ကို           မင်းလောင်းသွားကြည့်ချင်သေးတယ်။ နေလဲအတော်နည်းနေပြီ
         
အမောင်ဘယ်လိုပြောလိုက်တာလဲ၊ အမောင်သွားမယ့်ခရီး မြင်းပါတော့           ပိုပြီးမြန်မြန်မရောက်ပါလား
          ကွမ်းဆော်လုလင်လဲအဲဒီတော့မှ
          ဟုတ်ပါရဲ့ဘိုးဘိုး၊ ကျွန်တော် စိတ်စောနေလို့
ပါလို့ပြောပြိးမြင်းပေါ်တက်တက်အပြေးစိုင်းနှင်တော့မယ်လုပ်တော့အဘိုးအိုက
          ခဏလေးဆိုင်းငံ့ပါဦး ငါ့မြေးရယ်၊ ဟောဒီပတ္တမြားလက်စွပ်ကလေး ဝတ်ကြည့်စမ်းပါဦး၊ ငါ့မြေးနဲ့တော်ရဲ့လား၊နောက်ပြီိးဟောဒီဥသျှောင်ကလေးရောဟောဒီပတ္တမြားကျောက်စီလှံကလေး
ရောလက်စနဲ့ ယူသွားစမ်းပါ၊ဘိုးဘိုးမြို့အဝင်ဝကစောင့်နေမယ်။ဘိုးဘိုးနောက်ကျလို့ မမီလဲ စောင့်မနေနဲ့ ၊မင်းနန်းရင်ပြင်ရောက်တော့တွေ့ကြတာပေါ့။နန်းရင်ပြင်ကိုသာမောင်းလာခဲ့ပေတော့
ကွမ်းဇေယ်ာလဲစိတ်မရှည်တော့ပဲ
           ဟုတ်ကဲ့ပါဘိုးဘိုး
ဟုဆိုပြီးဘာမျှစဉ်းစားမနေအားတော့ဘဲ မြင်းကိုသာဒုန်းစိုင်းပြီးသွားမောင်းသွားတော့တယ်၊
ဥသျှောင်ကိုလည်းအကိုင်ရခက်လို့ခေါင်းမှာပင်ဆောင်းလိုက်တယ်၊ပတ္တမြားကျောက်စီလှံကိုလည်း လက်တဖက်ဖြင့်ထောင်၍ကိုင်ပြီးတူရွင်းတောင်ခြေလူအုပ်ကြီးထဲသို့ မြင်းကိုဒုန်းစိုင်းပြီးဝင်သွားတော့ တာပေါ့
          တူရွင်းတောင်ခြေမှာစုရုံးနေကြတဲ့လူအုပ်ကြီးက
ဟော-ဟောဟိုမှာမင်းလောင်းလာနေပြီ-မင်းလောင်းမြင်းစီးပြိးလာနေပြီ
လို့အော်ဟစ်ကြပြိးပန်းသပြေညောင်ရေလောင်းကာကွမ်းဆော်လုလင်ကိုဝိုင်း၍ပူဇော်ကန်တော့ကြတယ်၊ မင်းလောင်းကြည့်ဘို့သွားတဲ့ကွမ်းဆော်ကအံ့အားသင့်သွားတယ်။ မင်းလောင်းကြည့်ချင်ဇောဖြင့် ကသောကမျောလမ်းကယူခဲ့သည့်ပစ္စည်းတွေကိုခုမှသတိထားကြည့်
မိတော့မင်းမြောက်တန်ဆာတွေဖြစ်နေပြီးမိမိကိုယ်တိုင်မင်းလောင်းဖြစ်နေတာသတိပြုမိတော့တယ်။
အဲဒီအခါမှာတစ်ချိန်ကစောင်းချမ်းပင်စောင့်နတ်ပြောစကားကိုပြန်လည်သတိရလေတော့တယ်။           လူအုပ်ကြီးကသူ့ကိုဝိုင်း၍ကန်တော့နေကြတယ်၊ပုဂံမြို့ဘက်၊ တောရွာများဘက်ကလူစု လူဝေးကြီးတွေလဲအုံးအုံးကြွတ်ကြွတ်နဲ့လာနေကြတယ်။
          ကွမ်းဆော်လုလင်မှာလဲမြင်းစီးလျက်ကမင်သက်မိကာ/ဘုမသိ/ဘမသိတွေပြီးစဉ်းစားနေ
တုန်း- နေလည်းဝင်လုပြီိဖြစ်လို့အကြံရခက်နေတယ်၊ မြင်းပေးလိုက်သော အဘိုးအိုက           နန်းရင်ပြင်ကိုသာ မောင်းလာခဲ့ပေတော့
9
          လို့ဟု မှာသည်ကို သတိရကာ မြင်းဇက်ကြိုးဆွဲလည့်ပြီး ရတနာသုံးပါးဂုဏ် အာရုံပြုလျက် ပုဂံနေပြည်တော်သို့ ထွက်ခဲ့လေတော့တယ်။
          တူရွင်းတောင်ခြေရှိ လူအုပ်ကြီးနှင့်ဟိုမှသည်မှလာနေကြတဲ့လူအုပ်ကြီးကလဲမြင်းနောက်က
လိုက်လာကြတယ်၊နန်းရင်ပြင်အထိလိုက်လာကြသူများထွက်၍ကြည့်သူများနဲ့ပုဂံနေပြည်တော်မှာ အစည်ကားဆုံးနေ့ကြီးတနေ့ဖြစ်သွားတယ်၊နန်တော်တစ်ခုလုံး အုန်းမောင်းစည်သံများခြိမ့်ခြိမ့်ညံသွား
တယ်၊တောင်သူကြီးမင်းလဲအံ့အားသင့်ပြီးနန်းဦးကထွက်ကြည့်တယ်၊
         
ငါကိုယ်တော်မြတ်ရှိနေပါလျက် အဘယ်သူက မင်းပြုလိုဘိသနည်း
လို့ ကြိမ်းဝါးအော်ဟစ်နေတယ်၊
          သူရဲ့မင်းဖြစ်ရမည့် ကုသိုလ်ကံအရှိန်အဝါကလည်း ကုန်လေပြီဖြစ်လို့နန်းတော်မှာ ထုလုပ်ကိုးကွယ်ထားတဲ့တင်းပုတ်ထမ်းထားတဲံကျောက်လူရုပ်ကသူ့ကိုရိုက်ပုတ်ပြီးတွန်းချလိုက် တောင်သူကြီးမင်းလေသာပြူတင်းကကျပြိးနတ်ရွာစံသွားပါလေရော?
တောင်သူကြီမင်းနတ်ရွာစံလေတော့မူမတ်တွေအားလုံးကကွမ်းဆော်လုလင်ကိုမင်းအဖြစ်တင်
မြှောက်လိုက်တော့တယ်-ကွမ်းဇော်မင်းဟာဘုရင်ကိုမသတ်ဘဲမင်းဖြစ်လာတဲ့မင်းတစ်ပါးဘဲဖြစ်
တယ်ကွဲ့
ကွမ်ဇော်ဘုရင်ဖြစ်လာတော့တောင်သူကြီးမင်၏ မိဘုရား ညီိအစ်မ သုံးဦးကို မိဘုရားအရာဆက်ပြီး ချီးမြောက်လိုက်တယ်။
အကြီးညီအစ်မနှစ်ဦးမှာ ကြည်းစိုနှင့် စုက္ကတေး မင်းသားနှစ်ပါးတို့ ကိုယ်ဝန်သန္ဓေများပါလာခဲ့တယ် တောင်သူကြီးမင်းရဲ့သားတွေပေါ့ကွယ်၊အငယ်ဆုံးမိဘုရားနဲ့ကျမှ  အနော်ရထာကို ဖွားတာကွဲ့။
ကွမ်းဆော်မင်းကိုကြောင်ဖြူမင်းလို့လဲခေါ်ကြတယ်နောက်ပိုင်းကတော့ကွမ်းဇော်ကြောင်ဖြူမင်းလို့ ရာဇ၉်မှာတွင်လာတာပေါကွယ်
          “ အော် - အနော်ရထာမင်းရဲ့ဖခင်ကကွမ်းဇောကြောင်ဖြူမင်းပေါ့ “
“အေး-ဟုတ်တာပေါ့ရတနာသုံးပါကိုယုံကြည်ကိုးကွယ်တဲ့အတွက်နတ်များသိကြားမင်းကတောင်ကူ
ညီစောင့်ရှောက်တယ်၊၊မင်းပြုနေတုန်းမှာလဲရဟန်းဝတ်လေ့ရှိတယ်၊
အရည်းကြီးသာသနာကိုသာသနာအစစ်အမှန်မဟုတ်မှန်းသိတ့အတွက်ထေရဝါဒသာသနာအစစ်အမှန်များပြန့်ပွားထွန်းကားအောင်ဆောင်ရွက်လိုစိတ်များလည်း မကြာခဏ ဖြစ်ပေါ်နေ၏။
နန်းစံ ၂၂- နှစ်ရှိသောအခါ ကြည်းစိုနှင့် စုက္ကတေး မင်းသားနှစ်ဦးကဘုရင်ကိုနန်းချလိုတဲ့အတွက်
အကောက်ကြံတယ်၊
          ကျောင်းတစ်ဆောင်ဆောက်လုပ်ပြီး။ကျောင်းပြီးတော့
         
ခမည်းတော်ဘုရား.. သားတော်များဆောက်လှူထားတဲ့ ကျောင်းတော်ကို လိုက်ပြီးကြည် ညိုလှဲ့ပါဦး၊ သာဓုခေါ်ပါဦီး။
လို့ပင့်ခေါ်ပြီးကျောင်းကိုခေါ်ပြတယ်၊

10
          ကျောင်းရောက်တော့
          “သားတော်တို့ကျောင်းမှာလဲကျောင်းထိုင်ဘုန်းကြီးမတွေ့ပါလား”
          လို့ဆိုတော့
          “မှန်ပါ့ဘုရား-အရှင်ဘုရားသီတင်းသုံးဘို့ပါဘုရား”
လိုဆိုပြိးအသင့်စီစဉ်ထားသောသင်္ကန်းများပေးအပ်ပြီးအတင်းအကြပ်ရဟန်းပြုခိုင်းကြတယ်
နန်းတော်ပြန်ရောက်တော့
          “ဘုရင်ကြီးသူ့အလိုအလျှောက် ရဟန်းပြုသွားပြီ
          လို့နေပြည်တော်မှာကောလဟာလလုပ်ပြီးသားအကြီးကြည်းစိုကမင်းပြုလိုက်တယ်
          “တော်တော်အကြံပတ်စက်တာဘဲနော်အဘိုး”
အေးနောက်သူလဲသိပ်မကြာဘူးစုက္ကတေးကမင်းဆက်ြ့ပုတယ်
စုက္ကတေးမင်းဆက်ပြုတဲ့အခါမှာအဒေါ်ဖြစ်သူအနော်ရထာ၏မိခင်ကိုမိဘုရားတင် မြောက်လိုက်တယ်၊
          “ဟား-ဟား-အသင်ကားငါ၏ညီသားတောင်ငယ်ဖြစ်သွားပြီ “
လို့အနော်ရထာကိုလူဘုံအလယ်မှာပျက်ရယ်ြ့ပုတဲ့အတွက်အနော်ရထာမခံနိင်တဲ့အတွက်
စုက္ကတေးနဲ့စီးချင်းထိုးဘို့ချိန်းဆိုလိုက်တယ်ကွဲ့
          “ကဲငါ့မြေးတို့ကျန်တဲ့အပိုင်းကိုပိတ်ကားပေါ်ဆက်ကြည့်ပါလို့ပြောရမယ်”
          “ဘာလဲအဘိုး-ကျန်တဲ့အပိုင်းပိတ်ကားေ့းဆက်ကြည့်ဆိုတာ”
          “အော်- နောက်တစ်ပတ်ကျရင်-ကျန်တဲ့အပိုင်းကိုတော့ငါ့မြေးတွေကို
          အဘိုးကပုံကိုခေါ်သွားပြိးကိုယ်တိုင်လိုက်ကြည့်ခိုင်းမလို့ပေါ့ကွယ်”
          “ဟာ-လိုက်မယ် -လိုက်မယ်အဘိုး”
          “အေးအေး -နောက်တစ်ပတ်ဆက်ဆက်လာခဲ့အထုတ်အပိုးတွေယူခဲ့ကြနော်”
“ဒီညတော့ပြန်ကြတော့မိုးချုပ်ပြိဟောကာလသားပြန်ချိန်ကြက်တောင်တွန်နေပြီ-ကဲပြန်ကြပြန်ကြ”

 ပုံပြောကောင်းတဲ့
အဘိုးမောင်သုည
ကျမ်းကိုး
သမိုင်းပြောသောပုဂံ-ပုဂံကပြောသောသမိုင်း-ဒေါက်တာသက်လွင်
အိုဘဲ့အနော်ရထာ-တက္ကသိုလိစိန်တင်
ဓမ္မာစရိယ ဦိးဌေးလှိုင်၏ ရတနာသုံးပါးဂုဏ်ကျေးဇူး စာအုပ်
မြန်မာပြည်သား - ရန်ကုန်ဘဆွေ
ပုဂံသူရဲကောင်းများ - သော်တာဆွေ