Monday 28 July 2014
လောဓမ္မဂျာနယ် (၃)
လောကဓမ္မဂျာနယ်
စာစောင်အမှတ် ( ၃ )                           ဓမ္မဒါန
နမော တဿ ဘဂ၀တော အရဟတော  သမ္မာသမ္ဗုဒ္ဓဿ
ဆောင်းပါးအမှတ် ( ၁)
မနောကံကိုမလွန်ကျူအောင်စောင့်ထိန်းနိုင်တာ ၀ိပဿနာ
ဗုဒ္ဓသည် စိတ်ကိုအထူးစောင့်ကြည့်ခြင်းဟူသော ၀ိပဿနာအလုပ် လုပ်ကြရန် ၁၇၉၂ ကြိမ်မှာကြား
တော်မူခဲ့ပါသည်၊
၁ - ၀ိပဿနာဥာဏ်ဆိုတာ-ဘယ်ဟာရှု၍ဖြစ်သနည်း
၂ - စွဲလမ်းနိုင်ရာ-ငါ့ခန္ဓာ-မှန်စွာရှု၍ဖြစ်သတည်း။
၃ - ဘယ်အကျိုးငှါထိုခန္ဓာ-ဘယ်ခါရှုရပါသနည်း
၎ - မစွဲဘို့ရာဖြစ်ဆဲမှာ-မှန်စွာရှုရပါသတည်း။
၅ - ဖြစ်ခိုက်မရှုရုပ်နမ်စု-စွဲမှုဝင်ရောက်သည်
၆ - မြဲတယ်-ကောင်းတယ်- ငါကောင်းနှယ်-တကယ်ထင်တတ်သည်
၇ - ဖြစ်တိုင်းမှတ်စုရုပ်နမ်စု-စွဲမှုကင်းပျောက်သည်
၈ - မမြဲဆင်းရဲသဘောဘဲ - ဥာဏ်ထဲရှင်းတော့သည်
၉ - စွဲမှုကင်းပျောက်-မဂ်လမ်းပေါက်-ဆိုက်ရောက်နိဗ္ဗာန်ပြည်
၁၀ - ၀ိပဿနာရှုနည်းမူသေနည်း-သိမ်းဆည်းထားရမည်။
(ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး )
၁ - ကိုယ်အမူအရာပြုတိုင်းမှာ- မှန်စွာသိရမည်။  ( ကာယာနုပဿနာ )
၂ - စိတ်အမူအရာဖြစ်တိုင်းမှာမှန်စွာသိရမည် ( စိတ္တာနုပဿနာ)
၃ - ကောင်း ဆိုး လတ်ပါ - ဝေဒနာ - မှန်စွာသိရမည်  ( ဝေဒနာနုပဿနာ )
၎ - သဘောတရားထင်ပေါ်ငြားပိုင်းခြားသိရမည် ( ဓမ္မာနုပဿနာ )
(ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး )
ဆောင်းပါးအမှတ် ( ၂ )
ဝိပဿနာတရားအားထုတ်ရန်ကြိုတင်သိထားသင့်သောအချက်အလက်များ
၁ - သမုတိသစ္စာ နှင့် ပရမတ္ထသစ္စာတရား
၂ - ရုပ် နှင့် နမ်  ( ၀ါ )  ခန္ဓာ  ၅ ပါး
၃ - ဒိဋ္ဌိအယူ  - မှားယွင်းသောအယူ
၎ - အကြောင်းနှင့်အကျိုးဆက်စပ်မှုသဘောတရားများ ( ပဋိစ္စသမုပ္ပါဒ်တရား)
၅ - အဖြစ်နှင့်အပျက်တရား ( ဖြစ်ပျက်သဘော ) တရား
အထက်ပါသဘောတရားများကိုဥာဏ်ထဲတွင်ဦးစွာသိရှိရှင်းလင်းထားဘို့လိုအပ်ပါသည်
ဘုရားဟောကြးထားသောတရားများသည်ပရမတ္ထတရားများအပေါ်တွင်အခြေံ၍ဟော
ကြားထားသောတရားများဖြစ်သဖြင့်၊ပရမတ္ထသစ္စာကိုဥာဏ်ထဲရှင်းလင်းစွာသဘောမပေါက်
လျှင်၊၀ိပဿနာတရားအားထုတ်ရာတွင်ခရီးရောက်မည်မဟုတ်ပါ၊
သမုတိသစ္စာ ( ပညတ် - အမည် )
အမည်နာမတပ်၍ခေါ်ဝေါ်သမုတ်ထားသောအရာများ
လူ - နတ် - ဗြဟ္မာ - ပုဂ္ဂိုလ် - သတ္တ၀ါ - ငါ - သူ -
ယောက်ျား - မိန်းမ - စသည်များ
ပုံသဏ္ဍာန်-ရှိသည်၊အလေးချိန်ရှီသည်၊သာမန်မျက်စေ့
ဖြင့်မြင်နိုင်သည်၊ကိုင်တွယ်၍ရသည်။
မျက်လုံးမြင်ခန္ဓာဟုခေါ်သည်၊
လောကီအတွက်အမှတ်တရားဖြစ်သည်
ဒါန-သီလ-သမထ - အတွက်အမှန်တရား
သီလမပျက်ရုံမှန်သည့်အမှန်တရား သာဖြစ်သည်
ပရမတ္ထသစ္စာ ( အမှန်တကယ်အရှိတရား )
သာမန်မျက်စိနှင့်မမြင်နိုင် ( ဥာဏ်မျက်စိသဖြင့်တွေး
ကြည့်မှမြင်နိုင်သည်)
ခန္ဓာ ( ၅ ) ပါး
ရုပ်       ( ၁ ပါး  )
နမ်ခန္ဓာ  ( ၄ ) ပါး ( ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဏ်)
ဥာဏ်မြင်ခန္ဓာဟုခေါ်သည်။
လောကုတ္တရာကျင့်စဉ်အတွက်အမှန်တရား
ဝိပဿနာကျင့်စဉ်အတွက်အမှန်တရား
နိဗ္ဗာန်ရောက်သည့်တိုင်အမှန်တရားဖြစ်သည်
ထိုသစ္စာတရား ( ၂ ) ပါးသည်သုနေရာနှင့်မှန်သောတရားများဖြစ်သည်။ဘယ်အရာကိုမှမပါယ်
ကောင်းပါ၊သူနေရာနှင့်သူအချိုးကျအောင်ကျင့်ကြရမည့်တရားများဖြစ်ပါသည်။
လူအချင်းချင်းဆက်ဆံသည့်အချိန်တွင်သမုတိသစ္စာနှင့်အချိုးကျအောင်ဆက်ဆံပြောဆိုရမည်၊
ရဟန်းကိုရဟန်းလိုဆက်ဆံပြိး၊လူကိုလိုဆက်ဆံပြောရမည်၊အားလုံးကိုခန္ဓာပါးဟုဆိုပြိးတစ်ပုံစံတိုင်း
ပြောဆိုဆက်ဆံ၍မဖြစ်ပါ၊
ဆောင်းပါးအမှတ် ( ၃  )        
မိစ္ဆာဒိဋ္ဌိ =  မှားယွင်းသောအယူ
အယူ ( ၃ ) မျိုးရှိသည်
၁ - သက္ကာယဒိဋ္ဌိ = ခန္ဓာ ၅ ပါးကို ငါ၊သူတပါး ၊ ယောက်ျား၊မိန်းမ ၊ပုဂ္ဂိုလ်သတ္တ၀ါယူ ထင်မှတ်မှား
                           သောအယူ
၂ - သဿတဒိဋ္ဌိ = သေလွန်ပြိးနောက်-နောက်ဘ၀တဖြန်ပြန်ဖြစ်သေးသည်ဟုယူသောအယူ၊
                          ဘ၀ကူးတယ်၊ဘ၀ပြောင်းတယ်၊၊အသက်ထွက်တယ်၊ဟုယူထားသောအယူ
၃ - ဥစ္ဆေဒဒိဋ္ဌိ =  သေပြီးသည့်နောက်ဘာမှမဖြစ်တော့ဘူး(သေပြိးရင်ပြတ်တယ်) ဟုယူထားသောအယူ
အဆိုပါဒိဋ္ဌိ ( ၃ ) မျိုး တစ်မျိးမျိုးမိမိမှာရှိနေရင်၊၀ိပဿနာတရားအားထုတ်သော်လည်း၊ကုသိုလ်သာရ၍
တရားမရနိုင်ပါ။( ဒါကြောင့်မိုးကုတ်ဆရာတော်ဘုရားကြီးက၊၀ိပဿနာနောက်ထားဒိဋ္ဌိအရင်ခွါပါလို့ဟော
ကြားထားပါတယ် )
ဒိဋ္ဌိဘယ်လိုခွါမလဲ  ( သက္ကယဒိဋ္ဌိခွါရအောင် )
       ပညတ်နဲ့ပရမတ်ကိုသေချာစွာဥာဏ်ထဲရှင်းရင်၊သက္ကာယဒိဋ္ဌိအလိုလိုဥာဏ်ထဲရှင်းနိုင်ပါတယ်။
ပရမတ်ခန္ဓာမှာ(ငါ-သူတပါးယောက်ျား +မိန်းမ-ပုဂ္ဂိုလ်သတ္တ၀ါမရှိပါ ) ခန္ဓာ ၅ ပါးသာရှိပါတယ်၊
ပရမတ်ခန္ဓာပေါ်ရာနေရာ ( ၆ ) နေရာရှိပါတယ် ၊
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ်(မနော)တို့ဖြစ်ပါတယ်။
၁ - မျက်လုံးမှာ =  မျက်စိနဲ့ အဆင်းနဲ့ တိုက်ရင် မြင်စိတ်ပေါ်ပါတယ်
                    မျက်စိက ရုပ်၊ အဆင်းက=ရုပ် - တိုက်လို့ပေါ်တဲ့မြင်စိတ်က= နမ် ( ရုပ်နဲ့ နမ်ပေါ်တာပါ)
ငါ-သူတပါးယောက်ျား +မိန်းမ-ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါ-မျက်စိနဲ့မမြင်နိုင်ပါဥာဏ်နဲ့သာမြင်နိုင်ပါတယ်၊
ဒါကြောင့်ဥာဏ်မြင်ခန္ဓာလို့ခေါ်တာပါ။)အဲဒါပရမတ်ခန္ဓာပါ )
မျက်လုံးမှာပေါ်တဲ့ခန္ဓာကမျက်လုံးမှာဘဲချုပ်ပါတယ်၊ခဏဘဲပေါ်ပြိးခဏဘဲချုပ်ပါတယ်၊တစ်ခြားဒွါရကိုမ
ပြောင်းပါ၊
၂ - နားမှာ =  နားနဲ့ အသံနဲ့ တိုက်ရင် ကြားစိတ်ပေါ်ပါတယ်
                    နား ရုပ်၊ အသံက=ရုပ် - တိုက်လို့ပေါ်တဲ့ကြားစိတ်က= နမ် ( ရုပ်နဲ့ နမ်ပေါ်တာပါ)
ငါ-သူတပါးယောက်ျား +မိန်းမ-ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါ-မျက်စိနဲ့မမြင်နိုင်ပါဥာဏ်နဲ့သာမြင်နိုင်ပါတယ်၊
ဒါကြောင့်ဥာဏ်မြင်ခန္ဓာလို့ခေါ်တာပါ။)အဲဒါပရမတ်ခန္ဓာပါ )
နားမှာပေါ်တဲ့ခန္ဓာကနားလုံးမှာဘဲချုပ်ပါတယ်၊ခဏဘဲပေါ်ပြိးခဏဘဲချုပ်ပါတယ်၊တစ်ခြားဒွါရကိုမ
ပြောင်းပါ၊
၃ - နှာခေါင်း =  နှာခေါင်းနဲ့ အနံ့ နဲ့ တိုက်ရင် နံစိတ် ၊ မွှေး စိတ်ပေါ်ပါတယ်
                    နား ရုပ်၊ အသံက=ရုပ် - တိုက်လို့ပေါ်တဲ့ကြားစိတ်က= နမ် ( ရုပ်နဲ့ နမ်ပေါ်တာပါ)
ငါ-သူတပါးယောက်ျား +မိန်းမ-ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါ-မျက်စိနဲ့မမြင်နိုင်ပါဥာဏ်နဲ့သာမြင်နိုင်ပါတယ်၊
ဒါကြောင့်ဥာဏ်မြင်ခန္ဓာလို့ခေါ်တာပါ။)အဲဒါပရမတ်ခန္ဓာပါ )
နှာခေါင်းမှာပေါ်တဲ့ခန္ဓာကနှာခေါင်းမှာဘဲချုပ်ပါတယ်၊ခဏဘဲပေါ်ပြိးခဏဘဲချုပ်ပါတယ်၊တစ်ခြားဒွါရကိုမ
ပြောင်းပါ၊
၎ - လျှာမှာ = လျှာ နဲ့ အစာနဲ့ တိုက်ရင် စားစိတ်ပေါ်ပါတယ်
                    လျှာကရုပ်၊ အစာက=ရုပ် - တိုက်လို့ပေါ်တဲ့စားစိတ်က= နမ် ( ရုပ်နဲ့ နမ်ပေါ်တာပါ)
ငါ-သူတပါးယောက်ျား +မိန်းမ-ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါ-မျက်စိနဲ့မမြင်နိုင်ပါဥာဏ်နဲ့သာမြင်နိုင်ပါတယ်၊
ဒါကြောင့်ဥာဏ်မြင်ခန္ဓာလို့ခေါ်တာပါ။)အဲဒါပရမတ်ခန္ဓာပါ )
လျှာမှာပေါ်တဲ့ခန္ဓာကလျှာမှာဘဲချုပ်ပါတယ်၊ခဏဘဲပေါ်ပြိးခဏဘဲချုပ်ပါတယ်၊တစ်ခြားဒွါရကိုမ
ပြောင်းပါ၊
၅ - ကိုယ်မှာ =  ကိုယ်အရေပြားနဲ့ တွေ့ထိစရာနဲ့ တိုက်ရင် ယား၊ နာ၊ ကောင်း၊စိတ်ပေါ်ပါတယ်
          ကိုယ်က ရုပ်၊ တွေ့ထိတာက=ရုပ် - တိုက်လို့ပေါ်တဲ့ကြားစိတ်က= နမ် ( ရုပ်နဲ့ နမ်ပေါ်တာပါ)
ငါ-သူတပါးယောက်ျား +မိန်းမ-ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါ-မျက်စိနဲ့မမြင်နိုင်ပါဥာဏ်နဲ့သာမြင်နိုင်ပါတယ်၊
ဒါကြောင့်ဥာဏ်မြင်ခန္ဓာလို့ခေါ်တာပါ။)အဲဒါပရမတ်ခန္ဓာပါ )
ကိုယ်ပေါ်မှာပေါ်တဲ့ခန္ဓာကကိုယ်ပေါ်မှာဘဲချုပ်ပါတယ်၊ခဏဘဲပေါ်ပြိးခဏဘဲချုပ်ပါတယ်၊တစ်ခြားဒွါရကိုမ
ပြောင်းပါ၊
၆ - မနောမှာ =  မနောနဲ့ တွေးစရာအာရုံ နဲ့ တိုက်ရင် တွေးတောကြံစည်စိတ်ပေါ်ပါတယ်
          မနော ရုပ်၊ တွေးစရာအာရုံက=ရုပ် - တိုက်လို့ပေါ်တဲ့တွေးစရာအာရုံဓမ္မာရုံ စိတ်က= နမ် ( ရုပ်နဲ့ နမ်ပေါ်တာပါ)
ငါ-သူတပါးယောက်ျား +မိန်းမ-ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါ-မျက်စိနဲ့မမြင်နိုင်ပါဥာဏ်နဲ့သာမြင်နိုင်ပါတယ်၊
ဒါကြောင့်ဥာဏ်မြင်ခန္ဓာလို့ခေါ်တာပါ။)အဲဒါပရမတ်ခန္ဓာပါ )
မနောဒွါရမှာပေါ်တဲ့ခန္ဓာကမနောမှာဘဲချုပ်ပါတယ်၊ခဏဘဲပေါ်ပြိးခဏဘဲချုပ်ပါတယ်၊တစ်ခြားဒွါရကိုမ
ပြောင်းပါ၊
     ဒီသဘောကိုဥာဏ်ထဲရှင်းလင်းသဘောပေါက်ရင်ရုပ်နဲ့နမ်ကိုပိုင်းခြားသိတက်တဲ့ဥာဏ်ရပါတယ်
နာမရူပပရိစ္ဆေဒဥာဏ်ရတယ်လိုခေါ်ပါတယ်၊(ခန္ဓာ(၅)ပါးကို-ငါ-သူတပါး၊ယောက်ျား၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တ၀ါ
လိုထင်မှတ်မှားတဲ့ သက္ကာယဒိဋ္ဌိ ကင်းစင်ပါတယ်။
သဿတဒိဋ္ဌိ နဲ့  - ဥစ္ဆေဒဒိဋ္ဌိ  ဘယ်လိုခွါမလဲ
အထက်ကပြောခဲ့တဲ့ သက္ကာယဒိဋ္ဌိဥာဏ်ထဲတော့ရှင်းပြီဆိုပါတော့(ခန္ဓာ ၅ ပါးရှိတာမှန်တယ် ) ငါ /သူ
ယောက်ျာ။ မိန်းမ ၊ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ဘူးလို့သိရုံနဲ့မပြိးသေးဘူး-အဲဒီခန္ဓာ ကြီးကိုမြဲတယ်လိုယူထား
ပြန်ရင်လဲသဿတဒိဋ္ဌိမလွတ်သေးဘူး၊
ရှုကွက်ထဲဝိပဿနာတင်ဥာဏ်နဲ့ခန္ဓာကိုရှုလိုက်တဲ့အခါမှာ၊ရုပ်နဲ့နမ် နှစ်ပါးတို့သည်၊ပေါ်လာတာ
ကိုလဲတွေ့မည်၊ပျက်သွားတာကိုလဲတွေ့မည်(မျက်လုံးပေါက်တွင်ဖြစ်သောခန္ဓာသည်မျက်လုံးပေါက်တွင်
ဖြစ်၍မျက်လုံးပေါက်တွင်ပျက်သည်။နားပေါက်တွင်ပေါ်သောခန္ဓာသည်နားပေါက်တွက်ပေါ်၍နားပေါက်
တွက်ပျက်သည်၊ဒွါရပေါက်ပြောင်း၍မပေါ်နိုင်ပါ။
    မျက်လုံးပေါက်မှာပေါ်လာသောခန္ဓာသည်ပေါ်ပြီးပျောက်သွားတာပျက်သွားတာကိုတွေ့တော့ခိုင်
တယ်မြဲတယ်၊တည်တယ်တန့်တယ်ဆိုတဲ့သဿတဒိဋ္ဌိကင်းစင်ပါတယ်၊   
      အဲဒီပျက်သွားသောခန္ဓာရဲ့နေရမှာနောက်ထပ်မြင်စိတ်ခန္ဓာတစ်ခုအကြောင်းအကျိုးဆက်စပ်ပြိး
ပေါ်လာတာကိုသိလိုက်တဲ့အခါမှာပျက်သွားသောခန္ဓာသည်နောက်တဖန်ပြန်မဖြစ်တော့ဘူးလို့ထင်ထားသည့်ဥစ္ဆေဒဒဋ္ဌိကင်းစင်သွားပြန်ပါတယ် ၊
  • “ ရုပ်နမ်နှစ်ပါးတို့၏ဖြစ်ခြင်းကိုမသိမြင်ဘဲလျက်၊နှစ်ပေါင်းတစ်ရာကြာအောင်အသက်ရှင်၍နေရ
ခြင်းထက်-ရုပ်+နမ်နှစ်ပါတို့၏ဖြစ်ခြင်းပျက်ခြင်းကိုသိမြင်သောပုဂ္ဂိုလ်၏တစ်နေ့တစ်ရက်တစ်နံနက်မျှ
အသက်ရှင်၍နေရခြင်းသည်သာ၍မြတ်၏ “
  • “ ယောစ၀ဿသတံ ဇီဝေ ၊ အပဿံ ဥဒယဗ္ဗယံ
 ဧကံယံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ “
( ခုဒ္ဒကနိကယ် ဓမ္မပဒပါဋ္ဌိတော် ဂါထာ ၁၀၃ )
ဖစ် ပျက် မမေ့ကြနှင့်
ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပဒေထ
( မဟာပရိနှိဗ္ဗာာနသုတ် )
ဘိက္ခဝေချစ်သား၊ချစ်သမိးတို့ပရိနိဗ္ဗာန်ဝင်ခါနီးအခုလိုချိန်ခါကြီး၌
“ ချစ်သားချစ်သမီးတို့အားနောက်ဆုံးအနေနှင့်မှာကြားခဲပါပေ၏၊
သင်္ခါ အမြဲမပြတ်ပြုပြင်နေရသော ရုပ်နမ်ဓမ္မသင်္ခါရတရားတို့သည်
ဝယဓမ္မာ ဖြစ်ပြီးလျှင်ပျက်စီးတက်ကုန်သောသဘောတရားရှိကြကုန်၏
အပ္ပမာဒေနမမေ့မလျော့သောသတိတရားဖြင့်
သမ္ပာဒေထ ကိုယ်စီကိုယ်ငှ နေရစ်ကြကုန်လော့ “
မောင်သုည
ဗုဒ္ဓသာသနံ  စိရံ  တိဋ္ဌတု
လောကဓမ္မဂျာနယ် ၂
လောကဓမ္မဂျာနယ်
စာစောင်အမှတ် (၂ )                           ဓမ္မဒါန
နမော တဿ ဘဂ၀တော အရဟတော  သမ္မာသမ္ဗုဒ္ဓဿ
ဆောင်းပါးအမှတ် ( ၁ )
ဗုဒ္ဓတရား၏အနှစ်ချုပ်
သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပမ္ပဒါ
သစိတ္တပရိယောဒပနံ
ဧတံ ဗုဒ္ဓါနသာသနံ
ဓမ္မပဒ ( ၁၈၃ )
မကောင်းမှုမှန်သမျှကိုရှောင်
ကောင်းမှုမှန်သမျှကိုဆောင်
စင်အောင်စိတ်ကိုထား
ဗုဒ္ဓတိုင်းသာ မိန့်ခဲ့တာသုံးဖြာဤစကား
          ဗုဒ္ဓဘုရားရှင် ၄၅ ၀ါကာလပတ်လုံးဟောကြားခဲ့သောတရားများကိုအနှစ်ချုပ်လိုက်
ရင်အထက်ကအတိုင်းဘဲရပါတယ်၊
အထက်ကတရားများကိုဘယ်လိုသဘောပေါက်နားလည်ရမလဲ ၊
၁ - မကောင်းမှုဆိုတာဘာလဲ - မကောင်းမှုပြုလုပ်ခြင်းရဲ့ အပြစ်တွေကဘာတွေလဲ
၂ - ကောင်းမှုဆိုတာဘာလဲ - ကောင်းမှုပြုလုပ်ခြင်းရဲ့ အကျိုးတရားတွေကဘာလဲ
၃ - စိတ်ကိုဘယ်လိုဖြူအောင်ထားရမလဲ
     စိတ် ( မနော ) ဖြင့်ြ့ပုနိုင်သော မကောင်းမှုများကဘာတွေလဲ -
     စိတ် ( မနော ) ဖြင့် ကောင်းမှုပြုလုပ်ခြင်းရဲ့ အကျိုးတရားတွေကဘာတွေလဲ
     ဒါတွေကိုသိရန်လိုပါလိမ့်မယ်
၁ - မကောင်းမှုဆိုတာဘာလဲ - မကောင်းမှုပြုလုပ်ခြင်းရဲ့ အပြစ်တွေကဘာတွေလဲ
ကိုယ်ဖြင့်ကျူးလွန်နိုင်သောမကောင်းမှုဒုစရိုက်များ
၁ ၊ ပါဏာတိပါတာ                သူတပါးအသက်ကိုညှင်းဆဲခြင်း၊သတ်ဖြတ်ခြင်း
၂ ၊ အဒိန္ဒာဒါနာ                    သူတပါးမပေးသောပစ္စည်းကိုယူခြင်း
၃ ၊ ကာမေသုမိစ္ဆာစာရာ         ကာမဂုဏ်၌မှားယွင်းစွာပြုခြင်း
၎ ၊ သူရာမေရယ                  မူးယစ်ထုံးထိုင်စေသောအရာများသောက်စားမှီဝဲခြင်း
နှုတ်ဖြင့်ကျူးလွန်နိုင်သောမကောင်းမှုဒုစရိုက်များ
၁ ၊ မုသာဝါဒါ                       မဟုတ်မမှန်လိမ်ညာကြွားဝါပြောဆိုခြင်း
၂ ၊ ပိသုဏာဝါစာ                  ဂုန်းချောခြင်း ( တဘက်သားချစ်ခင်မှုပျက်ပြားအောင်ပြောခြင်း
၃ ၊ ဖရုသ၀ါစာ                      ရုံ့ ရင်းကြမ်းတမ်းသောစကားကိုပြောဆိုခြင်း
၎ ၊ သမ္ဖပ္ပလာပ                    သိမ်ဖျင်းသောစကားကိုပြောဆိုခြင်း
ကိုယ်နှင့်နှုတ်ကိုမလွန်ကျူးအောင်စောင့်ထိန်းနိုင်တာသီလဖြစ်ပါတယ်၊သီလစောင့်ထိန်းခြင်းအား
ဖြင့်ကာယကံဝစီကံ ကျူးလွန်မှုများကိုမလွန်ကျူအောင်ဆောင့်ထိန်းနိုင်ခြင်းသာဖြစ်ပါတယ်
* ဥစ္စာနှင့်အသက်ယှဉ်လာလျှင် အသက်ကိုသာရွေး၍ ဥစ္စာကိုစွန့်ရာ၏
* သီလနှင့်အသက်ယှဉ်လာလျှင် အသက်ကိုစွန့်၍ သီလကိုသာမပျက်အောင်စောင့်ထိန်းရာသည်၊
သီလ လုံခြုံအောင်စောင့်ထိန်းခြင်းသည် ၀ိပဿနာတရားအားထုတ်မှုအတွက် မရှိမဖြစ်တဲ့အခြေခံ
လိုအပ်ချက်တခုဖြစ်ပါတယ် ၊ ( သို့သော် )
ဒါန   လောက်သာ  ပြည့်စုံကာဖြင့်  လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အားရ၍လည်းမနေနဲ့
သီလ   လောက်သာ  ပြည့်စုံကာဖြင့်  လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အားရ၍လည်းမနေနဲ့  လို့ဆိုထားပါတယ်
ဒါန သီလ အလုပ်များသည် ဘုရားမပွင့်ခင်တည်းက ရှိနေသော အကျင့်တရားများဖြစ်သည်
အပါယ်သံသရာမှလွတ်သောအကျင့်ကို ဘုရားပွင့်မှာ သိခွင့်ရပေသည်၊
ဘုရားသည်ဘယ်အကျိုးငှါပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါသလဲ၊သတ္တ၀ါများအပါယ် ၄ ပါး သံသရာတွင်
ကျင်လည်နေကြရသည်သိရှိနားလည်ပြီး၊ အပါယ် ၄ ပါး သံသရာမှ လွတ်သောအကျင့်ကိုဟောပြော
ညွှန်ပြဆုံးမလို၍ပွင့်ထွန်းလာခဲ့ခြင်းဖြစ်ပေသည်၊
သီလဖြင့်ကာယကံ-၀စီကံကိုထိန်း
သမာဓိပညာဖြင့် မနောကံကိုထိန်း  အားလုံးငြိမ်း၏
ကိုယ်နှင့်နုတ်ကိုမလွန်ကျူးအောင်စောင့်ထိန်းတာသီလ၊သီလစောင့်ထိန်းခြင်းအားဖြင့်ကာယကံ
ဝစီကံမလွန်ကျူးအောင်စောင့်ထိန်းနိုင်သည်။
ကိုယ်နှင့်နှုတ်ကို မစောင့်ထိန်းရင်ရရှိမဲ့အပြစ်များနဲ့ စောင့်ထိန်းရင်ရရှိမဲ့အကျိုးတရားများကတော့
ကိုကျင့်တရား ၅ ပါး  ( ငါးပါးသီလ )
ကိုယ်ဖြင့်ကျူလွန်နိုင်သောမကောင်း
မှုဒုစရိုက်များ
ကျူးလွန်လျှင်ခံစားရရှိမည့်အပြစ်
များ
စောင့်ထိန်းလျှင်ခံစားရမည့်
အကျိုးများ
၁- ပါဏာတိပါတာ
      (အသက်သက်ခြင်း)
အသက်တိုခြင်း -အနာရောဂါများခြင်း
ခြေလက်အင်္ဂါချို့တဲ့ခြင်း
အပါယ်ငရဲသို့ကျရောက်ခြင်း
အသက်ရှည်ခြင်း -အသက်ရှည်ခြင်း
အနာရောဂါကင်းခြင်း
အပါယ်ငရဲသို့မကျရောက်ခြင်း
၂ -အဒိန္ဒာဒါနာ ( ခိုးယူခြင်း )
ဥစ္စာပစ္စည်းမပြည့်စုံခြင်း
မိမိပစ္စည်းဥစ္စာများရန်သူမျိုးငါးပါး
ဖျက်ဆီးခံရခြင်း
အပါယ်ငရဲသို့ကျရောက်ခြင်း
ချမ်းသာကြွယ်ဝခြင်း
ပစ္စည်းဥစ္စာတည်တန့်ခိုင်မြံခြင်း
အပါယ်ငရဲသို့မကျရောက်ခြင်း
၃ - ကာမေသုမိစ္ဆာစာရာ
     မမှန်ကန်သောမေထုံမှီဝဲခြင်း
အိမ်ထောင်ရေးမသာမယာဖြစ်ခြင်း
ယုတ်ညံသောဘ၀၌ဖြစ်ရခြင်း
အိမ်ထောင်ရေးသာယာချမ်းမြေခြင်း
မြင့်မြတ်သောဘ၀၌ဖြစ်ရခြင်း
၎ - သုရာမေရယ
      မူးယစ်ထုံထိုင်းစေသောအရာ
      များမှီဝဲခြင်း
ဥာဏ်ပညာချို့ တဲ့ခြင်း
အရူးဘ၀၌ဖြစ်ရခြင်း
အရှက်ရခြင်း
ကောင်းမှုမကောင်းမှုကိုဝေခွဲမရခြင်း
ဥာဏ်ပညာထက်မျက်ခြင်း
လူရာဝင်ဆန့်၍ပွဲလည်တင့်ခြင်း
ကောင်းမှုမကောင်းမှုကိုဝေခွဲနိုင်
ခြင်း
၅ - မှုသာဝါတာ
     မဟုတ်မမှတ်ပြောဆိုခြင်း
သြဇာမတည်ခြင်း
အယုံအကြည့်ကင်းမဲ့ခံရခြင်း
ဆိုဆုံးမ၍မရခြင်း
သြဇာတည်ခြင်း
ပြောဆိုတိုင်းအောင်မြင်ခြင်း
သစ္စာတည်ခြင်း
* ဥစ္စာနှင့်အသက်ယှဉ်လာလျှင် အသက်ကိုသာရွေး၍ ဥစ္စာကိုစွန့်ရာ၏
* သီလနှင့်အသက်ယှဉ်လာလျှင် အသက်ကိုစွန့်၍ သီလကိုသာမပျက်အောင်စောင့်ထိန်းရာသည်၊
စိတ် (မနော ) ဖြင့်ကျးလွန်နိုင်သောမကောင်းမှုများ
၁ ၊ လောဘစိတ်        ကာမဂုဏ်ကိုတပ်မက်ခြင်း အရာရာကိုလိုချင်၍ကြံစည်နေခြင်း
၂ ၊ ဒေါသစိတ်           စိတ်ဆိုးခြင်း အလိုမကျခြင်း  သောကရောက်ခြင်း ၊ စိုးရိမ်ကြောင့်ကျရေက်ခြင်း
၃ ၊ မောဟ                တွေဝေခြင်း အမှန်တရားကိုမသိနိုင်ခြင် မှားသောအယူ ကိုယူခြင်း
                              တို့ဖြစ်ပါတယ်
၁ - လောဘစိတ်နှင့်သေလျှင်   ပြိတ္တာဘ၀၌ဖြစ်ရသည်၊
၂ - ဒေါသစိတ်နှင့်သေလျှင်     အပါယ်ငရဲကျရောက်တက်သည်
၃ - မောဟစိတ်နှင့်သေလျှင်    တိရိစ္ဆာန်ဘ၀၌ဖြစ်ရသည်
အပါယ်ငရဲ တိရိစ္ဆာ ပြိတ္တာ အသူရကယ် စသောဘ၀များသို့မကျရောက်နိုင်ရန်အတွက်
ဝိပဿနာစိတ် ဟူသော ( မနောကံ )ကိုစောင့်ထိန်းစောင့်ထိန်းရပေမည်၊
ရုပ် နမ်ဓမ္မ သင်္ခါရတို့
ကိုယ်က ဤလိုဖြစ်လိုတုံလည်း
တစ်ဖုံဆင်လွဲ သူကနွဲဖြင့်
ဖေါက်လွဲတက်စွာ - ဓမ္မတာကို
ပညာစက္ကုမျှော်ထောက်ရှု၍
ယခုပင်လျှင်-မအိုခင်ကကြိုတင်ကောင်းမှုပြုကြလော့
ယခုပင်လျှင်-မနာခင်ကကြိုတင်ကောင်းမှုပြုကြလော့
ယခုပင်လျှင်-မသေခင်ကကြိုတင်ကောင်းမှုပြုကြလော့
ရတုချိန်ရောက် - ဤခါရောက်မှ
ချုပ်ပျောက်ခန္ဓာ - သေအံ့ငှါဟု
သတ္တ၀ါခပင်း - ရှင်သေမင်းနှင့်
မိတ်သင်းဖွဲလျက်-ချိန်းအချက်လျှင်
တစ်စက်ကယ်မျှ-မရှိကြဘူး
အပ္ပမာဒေန - ဘိက္ခဝေ - သမ္ပာဒေထ
ဘုရားစကား-လိုက်နာပွါးသည်
တရားလက်မလွတ်ကြစေနှင့်
(မင်းကွန်းတိပိဋကဆရာတော်ကြီး) 
မောင်သုည
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု