Friday 10 April 2015

ထီးကလေး - မာမာအေး

တေးပြုစာဆို မြို့မငြိမ်း
ထီးကလေး - မာမာအေး
soundcloud.com/khinthidakhin/hteegalay-mar-mar-aye
(ဟိုယခင်တုန်းကတွေ့ဖူးကြတဲ့အစ်ကို
ဟောသည်လို မိုးမျိုးနဲ့ ကြုံဘူးခဲ့ရပြန်သကို
မောင်လာမယ်ဆဲဆဲ သည်းသည်းမဲမဲ ရွှေမိုးညို
အချက်ပေးတဲ့ လေချွန်သံကို နားထောင်ရင်း လည်ပင်း ကိုးတောင်ကျော်မလိုလို
မျှော်ရင်းပျို လူကြီးအိပ်ချိန်ဆင်းလို့ သစ်ပင်ရင်းအောက်မှာခို
မမေ့နိုင်စရာတွေသာပို ထီးကလေး တစ်စင်းအောက် နှစ်ယောက်ယှဉ်ခို)၂

*(စွေစွေ မိုးကလေးက ခပ်ညိုညို ထီးကလေးတစ်စင်းအောက်ခို
စိုစို မလုံ့တလုံနဲ့ နှစ်ယောက်ခိုခို ကိုယ်ကျုံ့ကျုံ့လေးနဲ့ဆို
ခင်ရယ် အနားတိုးကွယ့် တဲ့သူဆို
ကျားကိုက်တတ်သလားပျို တော်တယ် ပြောရှာတတ်သားပေကို အာဂလူပဲဆို
ရေစိုရင် ဖျားမှာ စိုးများစိုးသတဲ့ကို ဘလေဇာ ယူဝတ်တဲ့ မြို့မကဆို
စွေစွေ မိုးကလေးက ခပ်ညိုညို ထီးကလေးတစ်စင်းအောက်ခို
စိုစို မလုံ့တလုံနဲ့ နှစ်ယောက်ခိုခို ချစ်တင်းနှီးနှောတဲ့ အစ်ကို)*
(သစ်ရွက်မိုးက ဖြိုးဖြိုး ဖျောက်ဖျောက် ထီးကလေးအောက်မှာဝင်လို့ခို
ပျို့စိတ်ထဲက မရဲတရဲကြီးမို့ နီးနီးမကပ်ဝံ့သကို တော်ရှာတဲ့ မောင်ရယ်
ကြားကလေသွေး အေးမှာကို စိုးရွံ့ကာတွေးကြောက်ပါသကို
ကိုရွှေမိုးရယ် ယိုးမယ်ဖွဲ့ချက်တွေကို မမေ့နိုင်အောင်ဆို
ယနေ့တိုင်အောင် မြင်သေးသကို)၂
*(စွေစွေ မိုးကလေးကခပ်ညိုညို ............ ချစ်တင်းနှီးနှောတဲ့ အစ်ကို)*

No comments:

Post a Comment