Sunday 11 October 2015

"ချစ်သူသြဇာ"

"ချစ်သူသြဇာ"
.......................
ရေး-မြို့မငြိမ်း
အချစ်က မရေလည် အတွေးရခက်တယ် အပြောတော့လွယ်လွယ်
ရုပ်လုံးပေါ် ချစ်ဖို့လိုတယ် ချုပ်ချုပ်ချယ်ချယ် အခုပဲရှင် အမိန့်ထုတ်ခါရယ်
ဗိုလ်ကျရင် ချစ်သူ့အပေါ်ဝယ် မောင်ချစ်သောခင့်ကို လူပုံအလယ် ဆို,က,သော မလုပ်နဲ့
မကြည့်ရက်လို့ပင် ခင်စွန့်ပယ် ချိုမြိုန်သော စကားမို့နားဝင်သာပါတယ်ရှင် ချစ်သူသြဇာကို
ညောင်းကာ မကျမြေ၀ယ် အဟုတ်လိုက်လျောလိုတယ် ချစ်သောသူစိတ်ထဲဝယ်
မိဘများကိုပင် လုပ်ကျွေးသူပါရှင် ဒီအရေးမလွယ်

သဘင်သည် မောင့်စိတ်ကအငြိမ့်သမဂုဏ်ငယ်မယ် ခွဲခြားသလားအတန်းအစား
အချစ်နှယ် ရာဇ၀င်နိပတ်တော်များဍ် အသွယ်သွယ် ရှင်ဘုရားမင်းများတောင်
နိမ့်မြင့်မရွေးပါတယ် အချစ်စစ်နဲ့သုံးသပ်ပြီး ဝေဖန်ချစ်သောမောင့်အမြင်မှန်စောင့်တယ်
ပြိုင်ယှဉ် ချစ်ဇွဲကြီးတယ် ဘယ်သူသာတယ် ထင်ရှား စေမယ်
နိုင်လွန် မ၀တ်နဲ့ကွယ် ဆိုချင်ဆိုချင် ခင်နားထောင်တယ်
နှတ်ခမ်းမဆိုး ပါးမဆိုး ကြိုက်တာပြောရှင့် ဆိုးမှ ချစ်မှာဆိုရင် နီးပါစပယ်
ကွေးကွေးကောက်ကောက် အမောက်နဲ့မှ ခင့်ကိုချစ်ချစ် ကုတ်လို့ပစ်ပစ်
ဆိုးစေရင်ကွယ် မောင်ရယ်လိုက်လျောလို့ပင် ခင်မင် တွယ်တာ ချစ်ခြင်းပြိုင်မယ်။
"ချစ်သူသြဇာ-ဌေးဌေးမြင့်"
https://my.pcloud.com/publink/show…
"ချစ်သူသြဇာ-မြို့မတင်တင်မာ"
https://my.pcloud.com/publink/show…
"ချစ်သူသြဇာ-မာမာအေး"
https://my.pcloud.com/publink/show…
"ချစ်သူသြဇာ-ယဉ်ဝေယံထွန်း"
https://my.pcloud.com/publink/show…
CREDIT;..မြန်မာသံအဖွဲ့များ
https://my.pcloud.com/publink/show…

No comments:

Post a Comment