Monday 12 October 2015

"မစုံသူ ပန်းရှာကြအောင်ပ ချီ တေးထပ်"


တီး = အလင်္ကာကျော်စွာ ဦးဘမောင်
ဆို = ခင်ခင်ညွန့်
https://drive.google.com/…/0B3-q20AEW-9rN3lFWV85SmgwY…/view…
‪#‎မစုံသူပန်းရှာကြအောင်ပ‬
ချမ်းတာလှ ရွှေဥာဏ် ။
ချမ်းပါသဘုရာ့း ဟေမာန်ငယ်
လေပြန်လှုံ့ဆော်ဆဲ ။
ရွှေတင်တင့် ပွေအင်ကြုံသည်
ရွှေရင်အုံ အေးလှချည့်ပဲ ။
တစ်ရေးမှ မှေးစက်ပျော်နိုင်
နွေးဘက်တော်ပြုဆဲ ။
ထွေးဖက်တော်မူလှည့်ပါ့
သူဇာနွဲ့ နန်းငုံ ။
နှစ်သွယ်ပြိုင် ခိုင်မူကျော့
ထိုင်သူက ဝေးတဲ့ခါကြုံ ။
လိုဏ်ဂူကြွ ဂန္ဓာရုံမှာ
ပန်းကြာငုံ ပွေစိတ်နဲ့
ရွှေမိတ်ညွန့် နန်းသုံးကမ္ဗလာ
လွှမ်းခြုံမှသာ ။
လုံနိုင်ဘူ့းဘုရာ့း ကေမှူးညာရယ်
ရွှေဖူးစာကံနည်းလို့လေး . . . . . ။ ။
( NOTE = မူရင်းအဆိုရှင်မှာ လေဘာတီမခင်ညွန့် ဖြစ်ပါတယ် ။ စာသားအကျအပျောက်ရှိခဲ့ပါက သည်းခံကြစေလို . . . )

No comments:

Post a Comment