အဘိုးပြောတဲ့
ရာဇ၀င်ပုံပြင် ( ၆ )
မြိုင်ယံဘွား
နှင့်သုဝဏ္ဏဒေ၀ီ
” အဘိုး
အဘိုး သမီးတို့ ရောက်နေပြီ - ပုံနားထောင်ဘို့ရောက်နေပြီလေ -
” အော် အော်
သမီးတို့ သားတို့တောင်ရောက်နေကြပြီကိုး လာ ထိုင်ကြ ထိုင်ကြ ”
” အဘိုး သမီးတို့ကို ဒီတပတ်ဘာပုံပြောမှာလဲ
ဟိုတပတ်က ရှင်မွေးလွန်း မင်းနန္ဒာ
ပုံပြောမယ် ဆို ဒီညတော့
ရှင်မွေးလွန်းမင်းနန္ဒာအကြောင်းပြောရမယ်နော်အဘိုး ”
”
အေးပါ ပြောမှာပါကွယ့်  သားတို့ သမီးတို့က
တယ်လောတာကိုးကွဲ့ ”
”
အဘိုးက မယ်လမု နဲ့ သိကြားမင်းကြီးအကြောင်းပြောတော့ မယ်လမုကမွေးတဲ့ ဥက္ကလာပ
အကြောင်းပြောရင်း
တဖုဿ နဲ့ ဘလ္လိက ညီနောင်အကြောင်းကနေ ရွှေတိဂုံစေတီ တည်တဲ့
ဆီရောက်သွားတာပေါ့
”
”
ဥက္ကလာပမြို့ဆိုတာကဥက္ကလာပမင်းကိုအစွဲပြုပြိးခေါ်တာအဲဒီမြို ကို့ ရသေ့ကြီးနဲ့သိကြားမင်း
ကြီးတို့ကတည်ပေးလိုက်တာ သိကြားမင်းက သူ့သားကို
ကြိမ်စကြ်ာတလုံးပေးခဲ့တယ်
အဲဒီကြိမ်စကြ်ာက
ရေကိုရိုက်ရင်ရေထဲကအကြီးဆုံသတ္တ၀ါ လာခစားရတယ်၊ကုန်းပေါ်မှာရိုက်
ရင်ကုန်းပေါ်ကအကြီးဆုံးသတ္တ၀ါ
လာခစားရတယ် ”
“ဟယ်
ဟုတ်လားအဘိုး ဆန်းလိုက်တာ ”
”
ဥက္ကလာပ ကိုရသေ့ကြီးက မြိုတည်ပေးပြိးဘုရင်အဖြစ်မြှောက်စားထားတယ်၊
အဲဒီအချိန်ကစပြီးဥက္ကလာပမင်းဆက်က
စခဲ့တာပေါ့ ဥက္ကလာပ မင်းဆက်က ၃၂ ဆက်ရှိ
တယ်၊
သာသနာသက္ကရဇ်၁၀၃ ခုနှစ် လောက်ကစပြီး တည်ခဲ့တာ၊ ၁၇၅၂ ခုနစ်မှာကုန်းဘောင်
မင်းဆက်ကိုစပြီးထူးထောင်ခဲ့တဲ့လောင်းဘုရားလက်ထက်အထိကြာတယ်
၊
အလောင်းဘုရားအောက်မြန်မာပြည်ကိုလာတိုက်တော့မှ
ဥက္ကလာပဆိုတဲ့ ဒဂုံမြို့ဟာ
အလောင်ဘုရားလက်အောက်ကိုရောက်သွားပြိး
အလောင်းဘုရားက တောင်ဘက်ပိုင်းက
မွန်တွေရဲ
့ရန်ကို နှိမ်နင်းလို့ ဒီမြို့ မှာနောက်ဆုံးရန်တွေကုန်သွားပြီဆိုပြိး
ရန်ကုန်လို့သမုခ်ခဲ့တာ ဘဲကွဲ့  ”
ဥက္ကလာပဆိုတဲ့
ဒဂုံမြို့က လဲ ၅ မည်ရပြည်ရွှေတိဂုံလို့ဆိုရလောင်ပြောစရာတွေအများကြိးဘဲ
အဲဒီအကြောင်းကိုတော့
အဘိုးနောက်မှ သပ်သပ်ပြောပြမယ်နော်
” ဟုတ်ကဲ့ အဘိုး ”
”
ကဲအဲဒါတွေထားလိုက်ပါတော့ မင်းနန္ဒာအကြောင်းပြောမယ်ဆိုရင်-သူတို့ဇာတ်လမ်းထဲ
မှာအဓိကဇာတ်ကောင်အဖြစ်ပါနေတဲ့
ငမိုးရိပ်မိချောင်းအကြာင်းကိုအရင်စပြောမှဖြစ်မယ်”
” ဘာဖြစ်လို့လဲအဘိုးရဲ့  ”
” ဒီလိုလေ သိကြားမင်းကြိးက
နတ်ရေစင်ကို မာတလိကျေးငှက်လေးနဲ့ 
ပေးလိုက်
တော့
နောက်က နတ်သမီးလေးပါးက သိမ်းငှက်ယောင်ဆောင်ပြိး လိုက်ထိုးလို့ ချောင်းထဲတစ်
စက်ကျပြိး
မိချောင်မကြိးကသောက်မိသွားတယ် လို့ ငမိုးရိမ်မိချောင်းဖြစ်လာတယ်လို့အဘိုး
ပြောထားတယ်
မဟုတ်လားအေးဒီတော့ ငမိုးရိပ်ကလဲ ဥက္ကလာပမင်း နဲ့ အတူတူလောက်မှာ
မွေးတာဆိုတော့
သူကိုအရင်ပြောမှဖြစ်မှာပေါ့ကွဲ့ ”
” အင်း အင်း ဒါဆိုလဲ ငမိုးရိပ်အကြောင်းဘဲပြော ပေါ့အဘိုးရဲ့ 
ကဲ
နားထောင်
” ဟိုးရှေးရှေးတုန်းက လှိုင်မြစ်ကမ်းက
ထန်းတပင်ရွာအနီးမှာ ဖိုးထော်လပန်း နဲ့ မယ်ဇက်ဆိုတဲ့တံငါသည်
လင်မယားနှစ်ယောက်ရှိတယ်၊
အဲဒီလင်မယားနှစ်ယောက်ကမြစ်ထဲမှာငါးဖမ်းနေတုန်းကောင်းကင်မှာမိုးရိပ်တွေအုံ
့လာတယ်၊
” ရှင်မရေ
မိုးတွေအုံ့ လာတယ်ကွဲပိုက်တွေသိမ်းပြီးပြန်ကြစို့တော်တော်ကြာ
လေကြီးမိုးကြီးကျရင်ဒို့ ဒုက္ခတွေ့ နေမယ်ကွဲ့  ”
”
ဟုတ်ကဲ့မောင်ကြိးရေ ကျုပ်ပိုက်တွေကို သိမ်းလိုက်တော့မယ် ”
လင်မယားနှစ်ယောက် ပိုက်တွေဆွဲလိုက်တော့ ပိုက်ထဲမှာ
ဥကြီးတလုံးပါလာတယ်
” မောင်ကြီး ဒီမှာကြည့်စမ်း ပိုက်ထဲမှာ ဥကြီးတလုံး
ပါလာတယ် ဘာဥကြီးလဲမသိဘူး
” အေးအေး ဟုတ်တယ် ဟ ဥကြီးကတယ်ကြီးပါလား
”
”အထဲမှာ ဘာကောင်ရှိမလဲမသိဘူး ”
” ကျုပ်တော့ နောက်ဖေးက ရေအင်ဒုံထဲ
ထဲ့ထားပြီး မွေးထားကြည့်ချင်တယ်”
” အထဲကဘာကောင်လေး ထွက်လာမလဲလို့ ”
” အေး ကွာ မင်းသဘော ဘဲ လုပ်လုပ် ”
အဲဒါ
နဲ့  မိန်းမ လုပ်သူက ရေအင်ဒုံထဲ ထဲ့ပြိး ထားလိုက်တာ နောက်တပတ်လောက်ကြာတော့
ဥထဲက
မိချောင်းကလေးပေါက်လာတယ်
” ဟယ်
မောင်ကြီးရေ ဒီမှာလာကြည့်ပါအုံး ဥထဲက မိချောင်းကလေးပေါက်နေတယ်
တော့ မောင်ကြိး ကျုပ်မွေးထားမယ်နော် -
ကျုပ်မှာခလေးမရှိတာနဲ့ အတော်ဘဲ
ဒီကောင် လေးကိုကျုပ်သားအဖြစ်နဲ့ မွေးထားမယ်နော် ”
” အေး အေး
လုပ် လုပ်မင်းသဘော မင်းသဘော ”
ဆိုပြိး
လင်မယားနှစ်ယောက် မိချောင်းလေးကိုမွေးထားတယ် -
မိုးတွေအုံတက်လာတဲ့နေ့မှာရလို့
ငမိုးရိပ် လို့ နာမယ်ပေးထားတယ်၊
ယောက်ကျားလုပ်တဲ့သူက နေ့တိုင်း ငမိုးရိပ်ကို မြစ်ထဲက
ငါးတွေဖမ်းလာပြိးကြွေးတယ်၊
ငမိုးရိပ်ကလေးကတဖြေးဖြေးနဲ့ကြီးတာတော့
တခြားထွက်မသွားအောင်ဆိုပြိး ၀ါး ခြံခပ်ထားတယ်၊
ငမိုးရိပ်အတွက်
ခြံခပ်ပေးတာအားလုံးဝါးအလုံးရေတစ်ရာတိတိကုန်တယ်တဲ့၊အဲဒီနေရာကိုနောက်
တော့
ဝါးတရာဆိပ်ကမ်းလို့ခေါ်လာကြတယ် ၊
” အဘိုး အဲဒီနေရာက လှိုင်မြစ်ထဲမှာ ကြည့်မြင်တိုင်တဘက်ကမ်း က
ထန်းတပင်တို့ဝါးတရာ
တို့ဆိုတာလား အဘိုး ”
” အေး ဟုတ်တယ် ”
” ဒါပေမဲ့ ငမိုးရိပ်ချောင်းက ဒီ -- ပုဇွန်တောင် နဲ့ သာကေတဘက်မှာလေ ဘယ်လိုဖြစ်တာလဲ”
” အေးပါ - ပြောပြမှာပေါ့ ဖြေးဖြေးလေ ”
ဒီလို လေ တနေ့တော့ ဖိုးထော်လပန်း
ကငါးသွားဖမ်းတာငါးမရလို့နဲနဲနောက်ကျနေတယ်၊
အဲဒီအချိန်မှာငမိုးရိပ်ကလဲဆာလို့ဒေါထနေတယ်၊
” သားရေအဖေလာပြိကွဲ
့ဒီနေ့ ငါးရှာတာခက်လို့နဲနဲနောက်ကျသွားတယ်ကွဲ့ ”
ဖိုးထော်လပန်းက
ပြောပြောဆိုနဲ့ဝါးခြံတံခါးဖွင့်ပြိးဝင်လာတယ်ဆိုရင်ဘဲ-ဆာလွန်းလို့ဒေါကန်
နေတဲ့ငမိုးရိပ်ကအမြီးနဲ
့ရိုက်ပြိးဖိုးထော်လပန်းကိုကိုက်တော့တာဘဲ”
” ဟယ်
တော်တော်ဆိုးတဲ့ငမိုးရိပ်ပဲ ”
” ဖိုးထော်လပန်းလဲရုံးပေမဲ့မရဘူး နောက်ဆုံး
ငမိုးရိပ်ကပါးစပ်ထဲ ထဲ့ပြီးမြိုတော့မယ်လုပ်တော့
ဖိုးထော်လပန်းက
ဒီလောက်တောင်ကျေးဇူးရှင်ကို မထောက်ညှာတဲ့အကောင် မင်းကိုနောက်ဘ၀မှာ
ငါနိုင်တဲ့သူဖြစ်ပါရစေလို့ဆုတောင်းပြိး
ငမိုးရိပ် မြိုတာခံလိုက်ရတယ် ”
” ဟယ် သနားစရာဘဲနော် အဘိုး ”
” အေး အဲဒီနောက် ငမိုးရိပ်ကို အစာကြွေးမဲ့သူလဲမရှိတော့
ဝါးတစ်ရာခြံကြီးကိုဖေါက်ပြိးထွက်
သွားတယ် - နောက်တော့
အခုပုဇွန်တောင်ချောင်းဘက်ကိုရောက်လာတယ် - အဲဒီနေရာမှာလဲ
မိချောင်းမ ၃
ကောင်ကျက်စားနေတဲ့နေရာပေါ့ - ငမိုးရိပ်ရောက်လာတော့လက်မခံဘူး၊ဒီတော့ငမိုးရိပ်
နဲ
့နေရာလုတိုက်ပွဲလုပ်ကျတာပေါ့-အဲဒီတိုက်ပွဲမှာ ငမိုးရိပ်က နိုင်သွားတယ်
မိချောင်းမရဲ့ လက်ကိုကိုက်
လိုက်တာ
မိချောင်းမလက်ပြတ်သွားတယ် - အဲဒါကြောင့်နောက်တော့ အဲဒီမိချောင်းမ ကို မလက်တို
လို နံမယ်တွင်သွားတယ်၊
ငမိုးရိပ်နဲ့  မလက်တို တို့ဟာ အဲဒီမှာတင်
ရန်ညှိးတွေဖြစ်သွားတယ် ၊ မလက်တိုက ငမိုးရိပ်ကို
ကလဲ့စားခြေဘို့အမြဲတမ်းအကွက်စောင့်နေတာပေါ့
၊
” အင်းကောင်းတယ် ကျေးဇူးကန်းတဲ့ ငမိုးရိပ် သူကိုမွေးတဲ့သူ
့သခင်ကို ကိုက်သတ်လို့ နောက်
ဘ၀ မှာ သူ့ကို
နိုင်တဲ့သူဖြစ်ပါရစေလို့ဆုတောင်း ထားတယ် - အခု မလက်တိုကလဲ သူလက်ကိုဖြတ်
အောင်ကိုက်လို့
ရန်ညှိးထားခံရတယ် - ငမိုးရိပ်တော့ ဘယ်နေ၀တ်လည်မလဲမသိဘူး နော်အဘိုး
” အေး ဒါကတော့ တိရိစ္ဆာန်ဆိုတာ မမွေးကောင်းဘူး -
တနေ့သူ့စရိုတ်ပေါ်လာရင်သူ့သခင်
တွေဘာတွေနားလည်တာမဟုတ်ဘူး
ကွဲ့ အန္တရယ်ရှိတယ် ”
” အင်း ဟုတ်တယ် ဟို ကြောင်တို့ ခွေးတို့ကျတော့ကော အဘိုး ”
” ဒါကတော့ သူ့အကြိုက်နဲ့သူပေါ့ကွယ် - ”
” ကဲ ကဲ ဒါတွေထားလိုက်ပါ အဘိုး ပုံဆက်ပြော နောက်ဘာဆက်ဖြစ်လဲ
ဟင် ”
အဲဒီအချိန်ကစပြီး ငမိုးရိပ်က ဒီချောင်းထဲမှာ
ဗိုလ်ကျပြိးကျက်စားနေတာပေါ့ နောက်တော့
အဲဒါကြောင့်နောက်တော့ဒီချောင်းကို
ငမိုးရိပ်ချောင်းလို့ ခေါ်လာတော့ကြတာပေါ့ ၊
အဲ
ငမိုးရိပ်ရဲ့  မလက်တိုတို့ က အကောင်ကြီးတယ် ဦးခေါင်း ၃ တောင်ရှိလာတော့လူယောင်
ဖန်ဆင်းလို့ရမယ် -
ငမိုးရိပ်က လူယောင်ဖန်းဆင်းပြိးနေတဲ့အခါနေတယ် တောရွာတရွာမှာမိန်းခလေး
တစ်ယောက်နဲ့အိမ်ထာင်ကျလို့တောင်နေတယ်၊
” အမယ်ငမိုးရိပ်က တယ်ဟုတ်ပါလား မလက်တိုက ကော အဘိုး ”
” အေး အလက်တိုတို့ ညီအမ ၃ ယောက်ကတော့ ငမိုးရိပ်ကို
ဘယ်လိုလက်စားခြေရမလဲလို့
အခွင့်ကောင်းကိုစောင့်နေကြတာပေါ့
”
အဲ
မင်းနန္ဒာကလေး ကို ဥက္ကာပမင်းနဲ့ အမတ်ကြီးသမီး ကမွေးတာဆိုတာသိပြီဆိုတော့ ၊
ရှင်မွေးလွမ်း ကလေးကကော
ဘယ်သူကမွေးတာလဲဆိုတာ ပြောရမှာပေါ့
”ဟုတ်တယ်လေ
အဲဒါသမီးလဲသိချင်နေတာ ”
မြိုင်ယံဘွား
နှင့်သုဝဏ္ဏဒေ၀ီ ဇာတ်လမ်းက အခုမှ
လာပြီ
ဒီလိုကွဲ့ 
အချိန်ကတော့ ဥက္ကာပ
ခောတ်နဲ့တခေတ်ထဲ့ပေါ့ကွယ်
သုဝဏ္ဏဘုံမိလို့ခေါ်တဲ့ သထုံမှာ
သင်္ခရာဇာဆိုတဲ့မင်းအုပ်ချုပ်နေတယ်၊အဲဒီမင်းမှာထီးနန်း
ဆက်ခံမဲ့သားယောက်ျားမရှိဘူး-
သမီးတော်သုဝဏ္ဏဒေ၀ီဆိုတဲ့သမီးတော်တပါးထဲသာရှိတဲ့အတွက်
ချောမောလှပတယ်၊နှလုံးရည်နဲ့လဲပြည့်စုံတယ်၊သူကိုမိဘုရားမြှောက်ဘို့တခြားပြည်ကဘုရင်တွေက
လာကမ်းလှမ်းပေမဲ့လက်မခံဘူး-ဘုရင်မကိုလက်ထပ်မဲ့သူဟာဘုရင်မရဲ
့ခင်ပွန်းဘဲဖြစ်ရမယ်၊ဘုရင်
အဖြစ်ရဘူးတဲ့ သူက
” ဟာ ဒါဆို
သုဝဏ္ဏဒေ၀ီကလဲ ပန်ထွာမင်းသမီးလိုဘဲ ဘုရင်မကြီးပေါ့ ဟုတ်လား အဘိုး ”
” အေး ဟုတ်တယ် သူ က
သထုံရဲ့ ဘုရင်မဘဲ ”
အဲဒီ သုဝဏ္ဏဒေ၀ီက
ရုပ်ရည်ချောမောတယ်၊တောင့်တင်းတယ်ခန့်ညားတယ်၊
တောကစားထွက်တာဝါသနာပါတယ်
- တခါရံမြင်းစီး ပြီးတောကစားထွက်လေ့ရှိတယ်၊
”ဟယ် ဒီတောထဲမှာ နွယ်ပင်တွေ စီးပြီး ဟိုပင်ကူးလိုက်
ဒီပင်ကူးလိုက်နဲ့ ဘာများပါလိမ့် ”
တနေ့တာ့
သုဝဏ္ဏဒေ၀ီမင်းသမီးကလေးတောစကားထွက်ရင်း
တောတွင်းသားအရိုင်းတယောက်
ကိုတွေ့တယ်၊
ကြည့်နေရင်း ကြည့်ရင်း နွယ်ကြိုးပေါ်က လူရိုင်းလေး
မင်းသမီးရှိတဲ့နေရာကို နီးနီးလာ
ပြီးပြုတ်ကျလာတယ်
” ဟဲ့ အမလေး လန့် လိုက်တာ ”
” မလန့် ပါနဲ့  အမ
ရယ် ကျွန်တော်ပါ ” ကျွန်တော်က အမတို့လို လူတွေနဲ့ သိပ်တွေ့လို့ ရတာ
မဟုတ်ဘူးအမ ရဲ့ 
ဒါကြောင့်မို့ ဒီတောထဲ လာနေတာ ”
” နေစမ်းပါအုံး
မင်းကဘယ်သူလဲ ”
သုဝဏ္ဏမင်းသမီးကလေးကတအံ့တသြနဲ့  အကဲခပ်လိုက်တယ်၊လူရိုင်းကလေးကခန္ဓ္ဓာ
ကိုယ်တောင့်တောင့်တင်းတင်းနဲ
့အားကောင်းမောင်းသန်ယောက်ျားပီသတဲ့လူမျိုးလေး
ဟုတ်မှာပေါ့ သူက
နွယ်ကြိုးတွေပေါ်မှာနေတာကိုး ၊
”
ကျွန်တော့နာမယ် မောင်ဒီပါ မြိုင်ယံဘွားမောင်ဒီလေ ”
”
ကျွန်တော် လူတွေကို မတွေ့ချင်ပေမဲ့ အမကိုတွေ့ တော့ အခု တွေ့ ချင်သွားပြိ ”
” အမယ် ဘာဖြစ်လို့လဲ ”
” အမ က လှုလို့ ”
” ဟဲ့ ဘာပြောတယ် ”
” ဟုတ်တယ် ကျွန်တော် အမကိုလာစောင့်နေတာ နေတိုင်းဘဲ ”
” အမ က တခါ တခါ ပျောက်နေလိုက်တာ အကြာကြီးဘဲ ကျွန်တော့မှာမျှော်နေရတာမောနေ
တာဘဲ
”
“ ဟဲ့ ကောင်လေး အရိုင်းလေး ဘာတွေပြောမှန်းလဲ မသိဘူး သွား --
သွား ”
သုဝဏ္ဏဒေ၀ီကလေးက
မောင်ဒီကို တွန်းထုတ်လိုက်ပြီး
မြင်းကိုဒုံးစိုင်းနှင်ပြီးနန်းတော်ကိုပြန်လာခဲ့တယ်
အဲဒီနေ့ကစပြိး သုဝဏ္ဏဒေ၀ီလေးရဲ
့စိတ်ထဲမှာမောင်ဒီကိုဘဲစဉ်းစားနေမိတယ်၊
”
အင်း သူ့ကို ငါ နန်းတော်ထဲရောက်အောင်ဘယ်လိုကြံရမလဲ --- ငါက ဘုရင်မ - သူကတော
တွင်း
သားအရိုင်း - အင် မဖြစ်ပါဘူး ”
သုဝဏ္ဏဒေ၀ီကလေးက မောင်ဒီကလေးကိုစွဲလန်းနေပြိး
မကြာမကြာတောထဲမှာသွားတွေ့လေ
ရှိတယ်
” ဟော မမ ရောက်လာပြိ ကျွန်တော်ကတော့မျှော်လိုက်ရတာဗျာ ”
” မင်း နဲ့ ငါဒီနေ့ ပြောစရာတွေအများကြီးရှိတယ် ”
” ဘာများလဲအမ ”
” မင်းငါ့နန်းတော်ကို လိုက်နေမလား ”
” ဟာ မဖြစ်ဘူး အမ ကျွန်တော်လူတွေကို အတွေ့ ခံလို့မရဘူး ”
” ဒီလို ဆို မင်းတောထဲမှာဘဲ နေမလား ”
” မနေဘူး
အမကိုကျွန်တော် တောထဲခေါ်ထားမှာ ”
” အို မဟုတ်တာ မဖြစ်နိုင်တာတွေ လာမပြောနေနဲ့  ”
” ဖြစ်နိုင်ပါတယ် အမရယ် နေပါနော် နေပါ ကျွန်တော်နဲ
့အတူနေချင်လို့ပါ - နော် ”
” အို-တော် စမ်း မောင်ဒီ ---- မင်း - မင်း
မကဲနဲ့နော် ”
သုဝဏ္ဏဒေ၀ီ
လေးတောကစားထွက်သွားတာညနေတော်တော်စောင်းတဲ့အထိပြန်မလာတော့နန်းတော်
မှီငြမ်းကိုးကားသောကျမ်းများနှင့်စာမူများ
1
- ဘုံပျံဆရာတော် ဦးပညာသာမိ ရေးသားသော ဗိုလ်တထောင် ဆံတော်ဦး
စေတီတော် သမိုင်းအကျဉ်း