Showing posts with label ပထ၀ီဝင်. Show all posts
Showing posts with label ပထ၀ီဝင်. Show all posts

Friday, 5 December 2014

ဘာမြူဒါကြိဂံနှင့်ပတ်သက်၍နောက်ဆုံးတွေ့ရှိမှုများ

ဘာမြူဒါကြိဂံနှင့်ပတ်သက်၍နောက်ဆုံးတွေ့ရှိမှုများ
နောက်ဆုံးတွေ့ရှိမှုများ မတင်ပြခင် ယခင်ဆောင်းပါးမှာ ဘာမြူဒါတြိဂံအတွင်းပျောက်ဆုံးမှူများနှင့်
ပတ်သင်ပြီးပျောက်ဆုံးသွားသောဖြစ်ရပ်များကိုကောလဟလအဖြစ်ယူဆထားခဲ့သင့်မှတ်တမ်းများ
ဖြင့်ပြန်လည်တင်ပြလိုက်ပါသည်။
မှတ်တမ်းမှတ်ရာတွေထဲက နစ်မြုပ်မှုဖြစ်စဉ်များ
Flight 19
Flight 19 ဖြစ်စဉ်ကိုတော့ အကျယ်တ၀င့် အပေါ်မှာ ဖော်ပြခဲ့ပြီးပြီဆိုတော့ ထပ်မပြောတော့ဘူးနော်။ အဲဒီဖြစ်စဉ်က ၁၉၄၅ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး လူ ၂၇ ယောက် ပျောက်ဆုံးခဲ့ပါတယ်။
USS Cyclops
ဒီဖြစ်စဉ်ကတော့ အမေရိကန်နိုင်ငံရဲ့ ရေတပ်ဆုံးရှူံးမှုမှာ အများဆုံးလူပေါင်း ၃၀၉ ယောက်လောက် တစ်ချိန်ထဲမှာ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။ ၁၉၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ Barbados ကမ်းကနေ ထွက်ခွာလာတဲ့ Lieutenant Commander G.W Worley ဦးဆောင်တဲ့ အမေရိကန် ရေတပ်ကြီး တစ်ခုလုံး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ တချို့ကတော့ သူတို့အားလုံး မုန်တိုင်းထဲမှာ သေဆုံးသွားကြတယ်ဆိုပြီး ပြောဆိုထင်မြင်ချက် ပေးကြပါတယ်။
Star Tiger and Star Ariel
ဒီဖြစ်စဉ်က British South American Airways (BSAA) ပိုင်ဆိုင်တဲ့ ခရီးသည်တင် လေယာဉ်နှစ်စီးဖြစ်တဲ့ G-AHNP Star Tiger နဲ့ G-AGRE Star Ariel ဆိုတဲ့ လေယာဉ်တွေပါ။ Star Tiger လေယာဉ်မှာတော့ ခရီးသည် ၂၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် စုစုပေါင်း ၃၁ ယောက် ပါဝင်ပြီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တာကတော့ ၁၉၄၈ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာပါ။ နောက် Star Ariel လေယာဉ်မှာတော့ ခရီးသည် ၁၃ ယောက် လေယာဉ်ဝန်ထမ်း ၇ ယောက် ဟာ ၁၉၄၉ ဇန်န၀ါရီလာ ၁၇ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘာကြောင့် ပျောက်ဆုံးသွားတယ် ဆိုတဲ့ အဖြေကိုတော့ ခုချိန်ထိ ဘယ်သူမှ မသိသေးပါဘူး။
Douglas DC-3
1948 December ၂၈ ရက်မှာ Douglas DC-3 လေယာဉ်ဟာ ခရီးသည် ၃၂ ယောက်ကို တင်ဆောင်ပြီး San Juan ကနေ Miami ကို ပျံသန်းနေတုန်းမှာ ဘယ်လိုမှ ရှာဖွေလို့မရလောက်အောင် ပျောက်ကွယ်ခဲ့ပါတယ်။ Civil Aeronautics Board က စုံစမ်းစစ်ဆေးမှုမှာတော့ လေယာဉ်မပျံသန်းခင် ကတည်းက လေယာဉ် ဘက်တရီ ဟာ အားနည်းနေခဲ့ပြီး pilot က သေချာမစစ်ဆေးပဲ ပျံသန်းခဲ့တဲ့ အတွက်ကြောင့် လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြေကတော့ သိပ်ယုံကြည်ရတဲ့ အဖြေတော့ မဟုတ်ခဲ့ပါဘူး။
ဘာမြူဒါ တြိဂံ အတွင်း ဖန်သားပိရမစ်တွေ့ရှိမှု
မြောက်အတ္တလန္တိတ်သမုဒ္ဓရာ အတွင်းမှ ဘာမြူဒါ တြိဂံဒေသသည် ယနေ့တိုင်း အံသြမှုများနှင့် ပြည့်နှက်နေသော့ နေရာတစ်ခု အဖြစ်
... တည်ရှိနေဆဲဖြစ်သည်။
သိပ္ပံပညာရှင် အများစုကလည်း ယနေ့တိုင် ၄င်း၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ် နေဆဲဖြစ်ပါသည်။ သို့သော်၎င်းသည် ပင်လယ်ရေသောက် သကဲ့သို့ပင်။ ပင်လယ်ရေဆိုသည်မှာ သောက်လေ ငတ်လေ ဖြစ်သကဲ့သို့ ဘာမြူဒါ တြိဂံ ကလည်း ရှာဖွေလေ တွေ့ရှိလေဖြစ်နေလေသည်။
ယခုလည်း အံသြဖွယ်ရာတစ်ခုကို ထပ်မံတွေ့ရှိပြန်ပါပြီ။ ဘာမြူဒါ တြိဂံ ဒေသ ပင်လယ်အောက်ကြမ်းပြင် မှာ အီဂျစ်တို့ရဲ့ ပိရမစ် သဏ္ဍာန်တူ ဖန်သား ပိရမစ် တစ်ခုကို တွေ့ရှိခဲ့ပြန်ပါပြီ။
အမေရိကန် နဲ့ ပြင်သစ် သိပ္ပံ ပညာရှင်များဦးစီး၍ ပင်လယ်ရေအောက် စူးစမ်းလေ့လာရေးများပြုလုပ်ခဲ့ရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။
၎င်းဖန်သား ပိရမစ်၏ ထုထည်နှင့်ပတ်သတ်၍ စောင်းများ၏ အလျားမှာ 200မီတာ 300မီတာ အသီးသီးရှိကြပြီး၊ အောက်ခြေမှထိပ်ဖျားအထိ အမြင့် 100မီတာ ရှိသည်ဟု သိပ္ပံ ပညာရှင်များက ခန့်မှန်းပြောကြားခဲ့ပါသည်။ ပင်လယ်အောက်ခြေမှာ ရှိသော်ငြားလည်း ၄င်း၏မျက်နှာပြင်များမှာ ချောမွေ့ညီညာမှုရှိ သည်။
၎င်း၏ ပုံပန်းသဏ္ဍာန် မှာ ရှေး အီဂျစ် ဘုရင်များလက်ထက်က ဆောက်လုပ်ခဲ့တဲ့ ပိရမစ်တွေထက် အရွယ်အစားအားဖြင့် ပို၍ကြီးမားပြီး၊ ပိရမစ် ထိပ်၌ အဝကျယ် အပေါက် နှစ်ပေါက်ပါရှိပါသည်။
၎င်းတို့အနက် ဒုတိယမြောက် အပေါက်ဝမှ ပင်လယ်ရေများ အရှိန်အဟုန်ဖြင့် ဖြတ်သန်း စီးဆင်းလျှက်ရှိပါသည်။ ၄င်း အရှိန်ဖြင့်စီးဆင်းသော ရေအားက ရေကယက်ကို ဖြစ်ပေါ်စေပါသည်။ ၄င်း ရေကယက်များသည် ပင်လယ်ရေမျက်နှာပြင် အထက်၌ ဆွဲငင်အားကြီးမားသော ဝဲကယက် ကိုဖြစ်ပေါ်စေသော အကြောင်းအရင်း ဖြစ်သည်ဟု သိပ္ပံပညာရှင်များ
ကပြောကြားခဲ့သည်။
အနောက်ဥရောပ တက္ကသိုလ်များမှ ကျောင်းသားအများစု၏ ထင်မြင်ချက်မှာမူ ၄င်းဖန်သားပိရမစ်သည် ကမ္ဘာ အပေါ်ယံ မျက်နှာပြင် တွန့်ခေါက်မှု (သို့) ငလျှင်ကြောင့် တွန့်တတ်လာသော မြေသားအစုသာဖြစ်ကြောင်း ထင်မြင်ချက်များပေးခဲ့ကြသည်။
သိပ္ပံပညာရှင်များကမူ ၄င်းသည် ရှေးနှစ်ပေါင်းများစွာက အတ္တလန္တိတ်မြိုတော်၌ နေထိုင်ခဲ့ကြသည့် ရှေးလူသားများ၏ကျောက်ဆစ် လက်ရာတစ်ခုဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်။
ရေအောက်မြုတ်သွားခဲ့သည့် အတ္တလန္တိတ် မြို့တော်၏ အပိုင်းအစ တစ်ခုဖြစ်မည်ဟု ခန့်မှန်းခဲ့ကြသည်။ ထိုအပြင် ၄င်းဖန်သားပိရမစ်သည် 2004ခုနှစ် ဝါရှင်တန်၌ ရှာဖွေတွေ့ရှိခဲ့သည့် ရေလူသား(aquatic ape) နှင့်ပတ်သတ်၍ ဆက်နွယ်မှုများရှိနိုင်သည်ဟု ခန့်မှန်းပြောကြားခဲ့ကြသည်။
၎င်း ဖန်သားပိရမစ်နှင့်ပတ်သတ်ပြီး မသင်္ကာမှုများ မေးခွန်းများ အမြောက်အများပေါ်ပေါက်ခဲ့ပါသည်။
ဘာမြူဒါတြိဂံဒေသအတွင်းဖြစ်ပေါ်နေသော ဆွဲအားများသည် ၄င်း ပိရမစ်နှင့်သက်ဆိုင်မှုရှိရမည်။
energy စက်ကွင်း (သို့)လေဟာနယ်အစုအဝေးတစ်ခုကဲ့သိုဖြစ်နေပြီးနေပြီး black hole ကဲ့သို့ အတ္တလန္တိတ် သမုဒ္ဓရာအတွင်းရှိ power plant ပုံစံလည်းဖြစ်ကောင်းဖြစ်နိုင်သည်။
သို့တည်းမဟုတ် ၄င်းသည် စကြာဝဠာ၏ ဆွဲငင်အားနှင့် သံလိုက်စက်ကွင်း
တို့ကို ဆွဲငင်စုစည်းထားပြီး teleport ကဲ့သို့ နေရာတစ်ခုဖြစ်ပေါ်နေခြင်းလည်း
ဖြစ်နိုင်သည်။
၎င်း ပုံသဏ္ဍန်နှင့်ပတ်သတ်၍လည်း လူသားတို့လက်ရာ ဟုတ်မဟုတ် အငြင်းအခုံများ ဖြစ်နေဆဲဖြစ်သည်။ အီဂျစ်တို့၏ပိရမစ် နှင့်ဆင်တူနေခြင်းက ဤမေးခွန်းပေါင်းများစွာကို ဖြစ်ပေါ်စေပါသည်။
မည်သို့သော မေးခွန်းတွေ ထွက်ပေါ်စေကာမှု သိပ္ပံပညာရှင်များက ဤမေးခွန်းပေါင်းများစွာကို အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် ကြိုးစားလျက်ရှိပါသည်။
မှီငြမ်းသောဆောင်းပါးများ
Ref: Pyramids of Glass Found in the Bermuda Triangle
Thet N@ung(Discoveries Myanmar)
Posted by 2mztaunggyiNews&mobileservices
Like · ·

ဘာမြူဒါ တြိဂံ (Bermuda Triangle)

ဘာမြူဒါ တြိဂံ (Bermuda Triangle)
ဘာမြူဒါတြိဂံနှင့်ပတ်သင်၍ဆောင်းပါးရှင်အတော်များများတင်ပြပြိးဖြစ်ပါသည်
စိတ်ဝင်စားသူများလေ့လာနိုင်ရန်အတွက်ထပ်ဆင့်ကူးယူဖေါ်လိုက်ပါသည်
မောင်သုည ( ပထ၀ီဝင် )
ဘာမြူဒါ တြိဂံ (Bermuda Triangle) သည် အတ္တလန်တစ် (Atlantic) သမုဒ္ဒရာ၏ အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာတဝိုက်ဖြစ်ပြီး ထိုနေရာမှာ သင်္ဘော၊ လေယာဉ်များ ပျောက်ဆုံးသွားသည်ဟု နာမည်ကြီးသော နေရာဖြစ်သည်။ ဘာမြူဒါ တြိဂံဟု ခေါ်ရခြင်းမှာ ထိုနေရာတည်နေပုံသည် တြိဂံပုံထွက်နေသောကြောင့်ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် မက္ကဆီကို ပင်လယ်ကွေ့၊ ဖလော်ရီဒါ ပြည်နယ်၏ အစွန်းနှင့် ကာရီဘီယံကျွန်းများ အနီးတစ်ဝိုက်ဖြစ်သည်။
ထိုနေရာကို သတိထားမိပြီး ပထမဆုံး မှတ်တမ်းတင်ခဲ့သည်မှာ ခရစ်စတိုဖာ ကိုလမ်ဘက်စ် (Christopher Columbus) ဖြစ်သည်။ ၁၄၉၂ အောက်တိုဘာ ၁၁ ရက်နေ့တွင် မိုးကုတ်စက်ဝိုင်းမှ ထူးဆန်းသည့် အလင်းရောင်များကို တွေ့ရှိခဲ့သည်။ မိုးကောင်းကင်တွင် မီးများ တောက်နေသကဲ့သို့ တွေ့ရသည်ဟု သူ၏စာအုပ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို မည်သူမျှ အသေအချာမသိသေးပါ။
အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ သုတေသီ လောရင့် ဒေးဗစ် ကူရှေး (Lawrence David Kushe) သည် သုတေသနပြုလုပ်ပြီးနောက် The Bermuda Triangle Mystery: Solved (1975) စာအုပ်ကို ရေးသားခဲ့ပြီး မှတ်ချက်ချလိုက်သည်မှာ ထိုနေရာတွင် သင်္ဘော၊ လေယာဉ်များ အရေအတွက်များစွာပျောက်ဆုံးခဲ့သည်မှာ ထိုဒေသတွင် မုန်တိုင်းတစ်ခုရှိနေခြင်းဖြစ်နိုင်သည်။ ထိုနေရာ တဝိုက်မှာ အမြဲမုန်တိုင်းရှိနေတတ်သည်။ အချို့လေယာဉ်များက ပျောက်ဆုံးသွားသည်ဟု ပြောကြသော်လည်း ကောလာဟလသာဖြစ်၍ အမှန်တကယ် ပျောက်ဆုံးခြင်းမရှိဟု ဆိုထားသည်။
သဘာဝကျကျ တွေးကြည့်မည်ဆိုလျှင် ရေမုန်တိုင်းများ ဖြစ်နိုင်သည်။ ရေနွေးစီးကြောင်းများလည်း ဖြစ်နိုင်သည်။ (ရေနွေးစီးကြောင်းများသည် ပင်လယ်ပေါ်မှာ ပေါ်နေသည့် အရာများကို သယ်ဆောင်သွားနိုင်သည်ဟု ဆိုပါသည်) ထို့အပြင် ပင်လယ်ပြင်တွင် တစ်ချက်တစ်ချက် မုန်တိုင်းကြီးများ ဖြစ်ပေါ်တတ်ပြီး သင်္ဘောများ မြုပ်သွားခြင်းလည်း ဖြစ်နိုင်သည်။ အခြားတွေးရန် အချက်မှာ ထိုနေရာရှိ ကမ္ဘာ့ဆွဲငင်အားမှာ ထူးခြားမှုတစ်စုံတစ်ရာ ရှိနေခြင်းပင်ဖြစ်သည်။ သို့သော် ထိုအချက်ကို သက်သေမပြနိုင်ပေ။
ထိုနေရာ တစ်ဝိုက်အရောက်တွင် ပျောက်သွားသော သင်္ဘောနှင့် လေယာဉ် အများအပြားပင်ရှိပါသည်။ ပထမကမ္ဘာစစ်အတွင်းက အမေရိကန် စစ်သင်္ဘောလည်း ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။
မရဏလမ်း ဆုံ
ဘာမြူဒါတြိဂံဒေသသည် ကမ္ဘာ့ရေသင်္ချိုင်း များ အနက် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ရုံ မျှမက လျို့ဝှက်ဆန်းကြယ်၍ အသိရခက်လှသော ရေပြင်ကြီးလည်း ဖြစ်သည်။ ယင်းဒေသတွင် ရေပြင်၌ သာသင်္ဘောနှင့်လူတို့ ပျောက်ကြရသည် မဟုတ်၊ ထိုရေပြင်အထက်မှ ကောင်းကင် ပြင်တွင် ဖြတ်ကျော်ပျံသန်း သွားသော လေယာဉ်များပင် ထူးဆန်းစွာ ပျောက်ခဲ့ကြရသည်။ ထို့ကြောင့် ဘာမြူဒါတြိဂံ ဒေသကို မရဏလမ်း ဆုံဟူ၍ တင်စားကြသည်။
ခေါင်းရှုပ်စရာ ပြဿနာ
ဘာမြူဒါတြိဂံဟူသောဝေါဟာရကို ပထဝီဝင်ဝေါဟာရကို ပထဝီဝင် သုသေသီတစ်ဦးဖြစ်သည့်ဗင်ဆင့် အိတ်ချဂါဒစ် ဆိုသူ က ၁၉၆၄ ခုနှစ်တွင် သူ၏ဆောင်းပါးတစ်ပုဒ်၌အမှတ် မထင် သုံးစွဲလိုက်ရာမှ ပေါ်ပေါက် လာခြင်းဖြစ်သည်။ ထိုတြိဂံဒေသသည် အမေရိကန်ပြည် ဖလော်ရစ်ဒါ ကမ်းခြေမှ ပွာတိုရီကိုသို့ မျဉ်းကြောင်းဆွဲ၍ ယင်း မှမြောက် ဘက်ရှိ ဗာမျူဒါကျွန်းသို့ဆက်လက်၍ ဆွဲသွားပြီးထိုမှတစ်ဖန် မူလ ဖလော်ရစ်ဒါ ကမ်းခြေသို့ပြန်ဆွဲ သည့် စိတ်ကူးထဲမှတြိဂံ တစ်ခုသာဖြစ်သည်။ ယင်းဖိုခနောက် သုံးပွင့်ဆိုင်အတွင်း သက် ဆင်းမိသောရေယာဉ်၊ လေယာဉ်ဟူသမျှမည်သည့် သတင်းမှ နောက်ထပ်မကြားသိရတော့ဘဲ စုပ်စမြုပ်စ ပျောက် ကွယ်ရသည် ချည်း ဖြစ်နေသည်မှာ ယခုကဲ့သို့ သိပ္ပံပညာ ထွန်းကားမှု အားကောင်းနေသော ခေတ်ကြီးတွင် ခေါင်းရှုပ် စရာပြဿ နာတစ်ရပ်ဖြစ်နေလေသည်။ ပင်လယ်တွင်း၌ သင်္ဘောပျက်သည်ဆိုလျှင် သာမန်အား ဖြင့် သင်္ဘောပေါ်မှ ဖိတ်အန်ကျလာသော ဆီ ကွက်ကြီးများ သည် ရေပြင်တစ်ကြော၌မိုင်ပေါင်းများစွာအထိ ပံျ့နှံ့နေတတ် သည်။ သင်္ဘောပေါ်ရှိအသုံးအဆောင် ပစ္စည်းတို့သည်လည်း ရေပေါ်တွင် ပေါလောမျောနေနိုင်ကြသည်။ နောက်ဆုံးတွင် လူသေလောင်း များပင်ရေစီး အတိုင်း ပါလာနိုင်ကြသည်။ ဘာမြူဒါတြိဂံဒေသ အတွင်း၌ ပျောက်သွားသော သင်္ဘောများ ကမူ သဲလွန်စဟူ၍ ဘာမျှ မတွေ့ရတော့ချေ။ အလွန့်အလွန်ကံကြီး လွန်းသူများသာလျှင် မိမိတို့၏ သဲထိတ်ရင်ဖို အတွေ့အကြုံကို ပြန်လည်ပြောနိုင်ခဲ့ကြသည်။ ထိုသူတို့၏ ပြောပြချက်များအရ ထိုဒေသတွင် ဖြတ် သန်းမိသော လေယာဉ်များသည် ကောင်းကင်၌ နိမ့်ချည် မြင့်ချည်နှင့် လှိုင်းပေါ်မှ လှေကဲ့သို့ ခံစားကြရသည်ဟု သိရ၏။ လေယာဉ်မှူးတို့သည်လည်း ရှေ့တူရူ ဆီတွင်ဘာကိုမှမမြင်ရဘဲ ပတ်ဝန်းကျင် မြင်ကွင်းအားလုံးပျောက်ကွယ်၍ နေကြသည်။ မိမိတို့လေယာဉ်မည် သည့် ဒေသရောက်နေသည်ကို မသိနိုင်ကြတော့ဟု ဆိုလေသည်။ လေယာဉ်စက်ခန်းထဲရှိ စက်ခလုတ် ခုံပေါ် တွင်ကိရိယာအားလုံး ရပ်ဆိုင်းနေသည်ကိုသာတွေ့ရ တတ်ကြသည်။ ယင်းသည် ဘာမြူဒါတြိဂံဒေသတွင်အချိန် နှင့် နေရာတို့ ပျောက်နေခြင်း သဘောပင်ဖြစ်လေသည်။ ထိုမျှမက ရေဒီယို အဆက်အသွယ်လည်း လုံးဝပျောက် ကွယ်သွားကာ အသံတိတ် ကမ္ဘာလေးတစ်ခုအဖြစ် ဖန်တီးဖြစ်ပေါ်လာတတ်လေ့ရှိသည်။ ဘာမြူဒါတြိဂံကဲ့သို့ အုတ်အော် သောင်းနင်းမဖြစ် သော်လည်း အလားတူ ကြောက်မက်ဖွယ် ကောင်း သော ရေသင်္ချိုင်းကြီး တစ်ခုလည်း ရှိပေသေးသည်။ ယင်းမှာ ပစိဖိတ်သမုဒ္ဒရာတွင်းမှ ဗိုနင်ကျွန်းစု၏ အရှေ့ ဘက်တွင်ရှိ သည်။ ဂျပန်ပြည်မှဆိုလျှင် တောင်ဘက်ကျသည်။ ထို့ကြောင့် ယင်းရေသင်္ချိုင်းထဲတွင် ဂျပန်ငါးဖမ်း သင်္ဘောများ အများဆုံး ပျောက်ဆုံးခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမေရိကန် လေတပ် အ ခြေစိုက်စခန်း ထားရှိရာ ဂူအမ်ကျွန်း နှင့် ဂျပန်ပြည်တို့အကြား ကူးလူးပျံသန်းကြသော အမေရိကန် စစ်လေ ယာဉ်တို့ပါ ထပ်မံပျောက်ဆုံးကြရပြန်သည်။
ရေသင်္ချိုင်းများ
သိပ္ပံပညာဖြင့် ဖြေရှင်း၍ မရသေးသော ကိစ္စရပ်များ လေ့လာ ရေး အသင်းကြီးကို လက်မွန်မဆွ တည်ထောင်ခဲ့ သော အိုင်ဗန်တီ ဆင်ဒါ့ဆန်ဆိုသူ သုတေသီ၏အလိုအရ ကမ္ဘာ့ သမုဒ္ဒရာခုနစ်စင်းတို့တွင် အန္တရာယ်ကြီးသော ရေသင်္ချိုင်း ကြီးပေါင်း ၁၂ ခုရှိသည်ဟု သိရသည်။ ထိုစာရင်းမှ အထက် ပါ ရေသင်္ချိုင်းကြီး နှစ်ခု ကိုနုတ်လိုက်သော် ဆယ်ခုကျန် သည်။ ယင်းတို့သည် ကမ္ဘာ့မြောက်ဘက်ခြမ်း၌ငါးခု၊ တောင် ဘက်ခြမ်း၌ငါးခု စီရှိကြသည်။ မြောက်ဘက်မှ ရေသင်္ချိုင်းကြီး များသည် လောင်ဂျီတွဒ် ရ၂ ဒီဂရီခန့်တွင် ဗဟိုပြုလျက်ရှိ သည်။
အချို့သော သိပ္ပံပညာရှင်တို့ကမူ ထိုရေသင်္ချိုင်းများရှိရာ ဒေသတစ်ဝိုက်၌ သံလိုက်ဆွဲအားများ ပြင်း ထန်စွာကျရောက် နေလိမ့်မည်ဟု ထင်မြင်ကြသည်။ အချို့က လည်း အာကာသထဲမှ ကော့စမစ်ရောင်ခြည် တို့က စုပ်ယူ လိုက်သဖြင့် အငွေ့ဖြစ် ပြီး ပျောက်ကွယ် သွားခြင်းဖြစ်သည်ဟု ယူဆကြသည်။
နူထရီနိုစက်ဝန်း
အမှန်ဆိုသော် အာကာသထဲမှ ကျလာသော ဓာတ်မှုန် တို့ကား မျိုးမည်မခွဲခြား နိုင်လောက်အောင်ပင် များပြားရှုပ်ထွေး ကြပါ ပေ၏။ ထိုဓာတ်မှုန်တို့သည် အချိန်နှင့်အမျှ လူတို့နေရာ ဤကမ္ဘာကို ထိမှန်ကျရောက် လျက်ရှိသည်။ ယင်းတို့အနက် အချို့မှာ အလွန်ထူးခြားဆန်းကြယ်သော ဂုဏ်သတ္တိရှိကြ လေသည်။
နူထရီနိုခေါ် ဓာတ်မှုန်သည် ယင်းဓာတ်မှုန်ကျရောက်ရာ နယ်ပယ်တွင် မြေဆွဲအားမရှိဘဲပျောက်နေ တတ်သည်။ လျှပ်စစ် ဓာတ် အဖိုအမတို့လည်းမရှိပေ။ ဒြဗ်ကိုလည်း အကောင်အထည် ပျောက် သွားစေနိုင်သည်။ အချုပ်အားဖြင့် ရူပဗေဒ ဂုဏ်သတ္တိ အားလုံးပင် ယင်းနူထရီနိုစက်ကွင်း နယ်ပယ်တွင် ပျောက် ကွယ်နေနိုင်ပေ သည်။ ဗာမျူဒါတြိဂံရေပြင်တစ်ဝိုက်၌ နူထရီနို စက်ဝန်းဖြစ်ပေါ် နိုင် သလောဟု အချို့သိပ္ပံပညာရှင်တို့ကယူ ဆကြသည်။
Credit
ဝေဟင်ချစ်သူ ( Myanmar Time Post )
နောက်ဆုံးတွေ့ရှိချက်ကိုဆက်လက်ဖေါ်ပြပါမည်
မောင်သုည ( ပထ၀ီဝင် )
02 – Dec - 2014
Like · ·

Sunday, 30 November 2014

အရှေ့အရပ်ကိုရှာဖွေခြင်း



တွေးမိတွေးရာရေးမိရေးရာ 58 ( ပထ၀ီအကြောင်း ) 






အရှေ့အရပ်ကိုရှာဖွေခြင်း
အရပ်လေးမျက်နှာတောင်မသိတော့ဘူးလား - လိုများဆိုမလား
အရှေ့အနောက်တောင်မြောက်ဘယ်မှာမသိဘာငြားသူဋ္ဌေးသားသည်လို့ဆိုမလား ဒါလေးများ သူငယ်တန်းခလေးကိုမေးကြည့်ရင်တောင်သိတယ်လို့ဆိုမှာပါ
ဟုတ်ပါတယ်
နေထွက်ရာဘက်သို့မျက်နှာမူ၍
လက်နှစ်ဘက်ဘေးသို့ဆန့်သောအခါ
လက်ယာဘက်သည်တောင်အရပ်
လက်ဝဲဘက်သည်မြောက်အရပ်
မျက်နှာမူသော်သည်အရှေ့အရပ်
နောက်ကျောဘက်သည် အနောက်အရပ်
မူလတန်း လောက်က အော်ဆိုခဲ့ရတဲ့ အရပ်လေးမျက်နှာ ရှာဖွေနည်းပါ။
          အထက်တန်းလောက်ရောက်လာပြိဆိုရင် ကမ္ဘာကြီး လုံးကြောင်းတို့ - လောင်ဂျီကျွတ် ၊လတ္တီတွတ်တို့သင်လာရတယ်၊နောက်တော့ ကမ္ဘာကြိးက တောင်နဲ့မြောက် ထိုးထားတဲ့ မိမိရဲ့ 
ဝန်ရိုးပေါ်မှာ ၂၃ ( ၂ ပိုင်း ၁ ပိုင်း ) ဒီဂရီတိမ်းစောင်းပြိုး ၂၄ နာရိ တစ်ပတ်ရအောင်လည်နေတယ်
ဆိုတာကို သင်လာရတော့ မှ အရပ် ၄ မျက်နှာအကြောင်း စဉ်းစား စရာပေါ်လာတယ်
သင်ဘယ်မြို့မှာနေသလဲ
ဘယ်နိင်ငံမှာနေသလဲ ။
သင်နေတဲ့မြို့ ကဘယ်လတ္တိတွတ်မျဉ်းပေါ်မှာရှိနေလဲ
အဲဒီအပေါ်မှာမူတည်ပြိးအရှေ့အရပ်ကအငြိမ်မနေဘူးပြောင်းလဲနေတယ်၊
ဥပမာ မြန်မာနိုင်ငံမှာဆိုပါတော့
ဇူလိုင်လမှာ နေမင်းကြီးမြောက်ဘက်ယွန်းယွန်းကနေထွက်တယ်-နေထွက်ရာအရပ်ကအရှေ့ဆိုတော့လေ
နိုဝင်ဘာ ၊ဒီဇင်ဘာ ဆိုရင်နေမင်းကြီးက တောင်ဘက်ယွန်းယွန်းကနေထွက်လာတယ်
မြောက်ကမ္ဘာခြမ်းဘက်(ဥပမာ ရုရှ နိုင်ငံ ဆိုက်ဘေးရီးယားနိုင်ငံဆိုရင် နေက June / July လောက်မှာ
မိုးကုတ်စက်ဝိုင်းပေါ်နဲနဲတက်လာတာ ဘယ်အရပ်ကြည့်ကြည့် နေကိုမြင်နေရတာ ၆လ လောက်ဘဲ
အဲဒီတော့ အရပ်အားလုံးအရှေ့အရပ်ဖြစ်မနေဘူးလား
တောင်ကမ္ဘာခြမ်းဘက်ကနိုင်ငံတွေဆိုရင်လဲဒီလိုဘဲ နေကို December / January လောက်မှာ
မိုးကုတ်စက်ဝိုင်းပေါ်နဲနဲတက်လာတာ ဘယ်အရပ်ကြည့်ကြည့် နေကိုမြင်နေရတာဘဲ
နေထွက်ရာ အရပ်အရှေ့အရပ်ဆို - အင်းအရှေ့အရပ်လဲ ပုံသေမဟုတ်ပါလား ၊
ဘာဖြစ်လို့လဲအပေါ်မှာပြောပြိးပြိကမ္ဘာကြိးကမိမိဝန်ရိုးပေါ်မှာ ၂၃ ( ၂ ပိုင်း တစ်ပိုင်း) တမ်းစောင်းပြိးလည်နေတယ်လေ စဉ်းစားကြည့်ပေါ့
          ဒါဆို သံလိုက်အိမ်မြှောက်သုံးပြိး ရှာကြည့်ရအောင် ။
သံလိုက်အိမ်မြှောင်ကတော့ မြှောက်အရပ်ကိုအမြဲပြနေတယ်ဆိုတော့
သံလိုက်အိမ်မြှောက်ပြတဲ့ဘက်ကို လက်ဝဲဘက်ဆန့်တန်းထားလိုက်၊လက်ယာဘက်ကတောင်အရပ်
မျက်နှာမူနေတဲ့အရပ်ကအရှေ့အရပ်၊နောက်ကျောပေးထားတာကအနောက်အရပ်ပေါ့
          သင်စမ်းသပ်ကြည့်စမ်းပါ နံနက်စောစော သံလိုက်အိမ်မြှောက်တစ်ခုကိုင်ပြိးအိမ်ရှေ့ထွက်ရပ်
ကြည့်ပါ၊သံလိုက်အိမ်မြှောင်ကပြတဲ့ အရှေ့/အနောက်/တောင်/မြောက် နဲ့
နေ ကိုကြည့်ပြိးပြတဲ့အရပ် ၄ မျက်နှာနဲ့ တထက်ထဲကျရဲ့ လား --
 မတူဘူး တစ်ထပ်ထဲမကျပါဘူး
Solar North နဲ့  Magnetic North  မတူပါ  (ပြောရရင် အရှေ့ ၂ ခုပေါ့ )
နေကိုကြည့်ပြိးပြတဲ့အရပ်ကို Solar North လိုခေါ်တယ်
သံလိုက်အိမ်မြှောက်ကပြတဲ့အရပ်ကို Magnetic North လိုခေါ်တယ်
အဲဒီအရပ်၂ ခုက တစ်ထဲမကျပါ
နောက်တစ်ခုရှိသေးတယ် GritdNorth တဲံ့
မြေပုံတွေပေါ်မှာ လောင်ဂျီတွတ် - လတ္တီတွတ် မျဉ်းတွေကနေဆွဲုကထားတဲ့ အရပ်ကိုကော
ဘယ်လိုပြောမလဲ ( အဲဒါ ကို Grit လိုင်းတွေကနေရေးဆွဲပြိးပြထားလို့  Grid North လို့ခေါ်တယ်
အဲဒီတော့ အရပ်မျက်နှာ ၃ မျိုး ရတယ်
နေကနေပြတဲ့အရပ်ကို Solar East
သံလိုက်အိမ်မြှောင်ကနေပြတဲ့အရပ်ကို Magnetic East
GritdLine တွေကနေပြတဲ့အရပ်ကို Grid East  လို့ခေါ်ပါတယ်
ဒီအရပ် ၃ မျိုး ကို လေကြောင်း၊ရေကြောင်ခရီးသွားတဲ့အခါ
သဲကန္တာရထဲခရီးသွားတဲ့အခါ  ညှိပြိးအသုံးပြုကြပါတယ်
အဲထူးဆန်းတာ တစ်ခုကတော့ ဘာမူဒါတိရဂံအရပ်ဆိုတာကြားဖူးမှာပေါ့
အဲဒီ အရပ်ကိုရောက်သွားရင်တော့ ဒီအရပ် ၃ မျိုး ဟာတထပ်ထဲကျနေသတဲ့
သွားမစမ်းကြည့်နဲ့နော် ကိုယ်ပါပျောက်သွားလိမ့်မယ်
စိတ်ဝင်စားရင်ဘာမြူဒါတိရိဂံအကြောင်းဆက်ပြောမယ်
အခုတော့ဒီလောက်ဘဲနော်

မောင်သုည ( ပထ၀ီဝင် )
01 – December -2014