Showing posts with label ကျန်းမာေ၇း. Show all posts
Showing posts with label ကျန်းမာေ၇း. Show all posts

Friday, 11 December 2015

ကျန်းမာရေးအတွက်ဆေးတစ်ခွက်

▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
ကြွက်နို့ အတွက်သဘာဝနည်းလမ်း ကောင်းများ
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။
ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။
လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။
ကြက်သွန်ဖြူ
အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။
နာနတ်သီး
ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။
ကြက်ဆူဆီ
ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။
ငှက်ပျောသီး
ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။
လ္ဘက်ဆီ
လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။
သံပုရာရည်
သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။
ရင်နှင်းငယ်
﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏

Tuesday, 3 November 2015

ကျန်းမာရေး

ကျန်းမာရေးအတွက် အသုံးဝင်ဓါတ်စာများ
Lay Lwint Ywet Kway
[ဒူးနာအတွက် ဆေးကောင်းတစ်လက်]
မိမိအိမ်မှာ ဒူးနာနေသူများရှိရင် ဒီဆေးနည်းနဲ့ကုသ
ကြည့်ပါ။ ရှားစောင်းလက်ပက် လတ်လတ်ဆတ်ဆတ်
ကို အပေါ်ယံအခွံခွာပြီး အနှစ်ကိုဇွန်းနှင့် ခြစ်ယူပါ။
နွားနို့ကျိုပြီးသား အအေးနှင့်သောက်ပါ။ ၃ရက်ဆက်
တိုက်သောက်ရုံဖြင့် ပျောက်ကင်းစေပါသည်။
>ဒို့မြန်မာ<
Comments
Myint Swe Mg Thonnya
Write a comment...

ကျောက်ကပ် ရောဂါ မဖြစ်ပွားအောင် ကာကွယ်နည်း...
((မိတ်ဆွေရဲ့ Share တချက်က တပါးသူအတွက်
အကျိုးဖြစ်ထွန်းစေပြိး ကိုယ်တိုင်အတွက်လည်း ကုသိုလ်ရရာ ကိစ္စပါ))
မကြာခဏ မောပန်းတတ်တာနဲ့ လေပွတတ်တာဟာ ကျောက်ကပ် ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူထဲက ၄၁ သန်းဟာ ကျောက်ကပ်ပြဿနာနဲ့ ကြုံတွေ့နေကြရပြီး မောပန်းတာ၊ မှတ်ဉာဏ် ကျဆင်းတာနဲ့ ခြေထောက် ဖောရောင်တာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ အောက်ပါတို့ဟာ ကျောက်ကပ်ပြဿနာ ဖြစ်နိုင်ခြေကို ၇၅ ရာခိုင်နှုန်း အထိ လျှော့ချနိုင်တာကြောင့် ပြုလုပ်သင့်တဲ့ အကြောင်းအရာတွေပါ။
(၁) ကျောက်ကပ် ကျောက်တည်ခြင်း မဖြစ်အောင် အချဉ်အရသာရှိတဲ့ သစ်သီး စားပါ
ကျောက်ကပ်မှာ ကျောက်တည်တဲ့ ပြဿနာရှိရင် သေးငယ်တဲ့ အရွယ်ပမာဏ ကျောက်လေးတွေတောင် အညစ်အကြေး သန့်စင်နိုင်တဲ့ ပြွန်လမ်းကြောင်းလေးတွေကို ပိတ်ဆို့နိုင်တဲ့အတွက် ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ကျောက်ကပ်က သန့်စင်နိုင်စွမ်း လျော့နည်း သွားနိုင်ပါတယ်။ ဗီတာမင်စီများစွာ ပါဝင်တဲ့ အချဉ်အရသာရှိတဲ့ သစ်သီး ဒါမှမဟုတ် ဘယ်ရီသီး တစ်ခွက်စာကို နေ့စဉ်စားသုံးရင် ကျောက်ကပ် ကျောက်တည်နိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ ဆွီဒင်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။အစားအစာမှ ရရှိတဲ့ ဗီတာမင်စီဟာ ကျောက်တည်စေနိုင်တဲ့ ပုံဆောင်ခဲ သေးသေးလေးတွေကို ပျော်ဝင်နိုင်တာကြောင့်ပါလို့ ဆိုပါတယ်။
(၂) သွေးဖိအား ကျဆင်းအောင် နို့နဲ့ နို့ထွက်ပစ္စည်း စားပါ
သွေးတိုးရောဂါ ရှိတာဟာ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ သွေးတိုးရောဂါရှိတာဟာ ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အချက်ပါ။ သွေးဖိအား ကျဆင်းပြီး ကျောက်ကပ် ကျန်းမာရေး ကောင်းအောင် နေ့စဉ် အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်တစ်ခွက်နဲ့ နွားနို့ တစ်ခွက်ကို သောက်ပေးပါ။ ၉၀၀ မီလီဂရမ် ပမာဏရှိတဲ့ ကယ်လ်စီယမ်ကို ရရှိစေတာကြောင့် သွေးကြောတွေ relax ရရှိပြီး သွေးဖိအား မြင့်တက်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ကာ သွေးတိုးရှိသူတွေကို သွေးဖိအားအမှတ် ငါးမှတ် ကျဆင်းနိုင်တယ်လို့ တီနီးဆီးလ် တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
(၃) ကျောက်ကပ် ပျက်စီးမှုမရှိအောင် စပျစ်သီးအစေ့ စားပါ
နှလုံးသွေးကြောတွေကို ပိတ်ဆို့နိုင်တဲ့ အဆီတွေဟာ ကျောက်ကပ်အတွင်း သွေးကြောတွေကိုလည်း ပိတ်ဆို့နိုင်ပြီး ကျောက်ကပ် ပျက်စီးနိုင်ပါတယ်။ နေ့စဉ် Grape Seed Extract 300 mg မှီဝဲပါက ခြောက်ပတ်အတွင်း အဆီစုဆောင်းမှုကို ဖယ်ရှားနိုင်ပြီး ကျောက်ကပ်စွမ်းအင် ပြန်လည် ပြည့်ဝနိုင်တယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ Grape Seed Extract ဟာ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် သင်ဟာ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တတ်သူ ဖြစ်ရင်လည်း ရောဂါ ပြန်လည်ဖြစ်နှုန်း လျော့သွားနိုင်တယ်လို့ အာဟာရဆိုင်ရာ ပညာရှင်က ပြောပါတယ်။
(၄) ကျောက်ကပ် ဒုက္ခမရောက်အောင် အသိဉာဏ်နဲ့ ဆေးသောက်ပါ
မကြာခဏ ကိုက်ခဲတတ်လို့ အက်စပရင် ဒါမှမဟုတ် ပါရာစီတမော ဆေးဝါးလိုမျိုး အကိုက်အခဲ ပျောက်ဆေးတွေ သောက်သုံးနေရရင် တတ်နိုင်သမျှ ပမာဏနည်းနည်းသာ သောက်သင့်ပါတယ်။ ပမာဏ နည်းတာကြောင့် ကျောက်ကပ်မှာ ဒဏ်ပိနိုင်ခြေ လျော့နည်းသွားတယ်လို့ UCLA မှ သုတေသီတွေက ဆိုပါတယ်။ သင်ဟာ အကိုက်အခဲ ပျောက်ဆေးကို ပမာဏများစွာ သောက်သုံးဖို့ လိုအပ်ရင် ဒါမှမဟုတ် အကိုက်အခဲ ပျောက်ဆေးကို လေးရက်ထက် ပိုကြာပြီး သုံးနေရရင် ဒါမှမဟုတ် ဆေးဝါးမျိုးစုံ သုံးနေရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်တယ်လို့ နယူးယောက် အမျိုးသားကျောက်ကပ်အဖွဲ့မှ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ အထူးကုဆရာဝန်တွေက ပြောပါတယ်။
(၅) ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ စားပါ
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းတွေဟာ ကျောက်ကပ်အတွင်း အဆိပ်အတောက်တွေကို ပြေစေပြီး အညစ်အကြေးတွေကို ဖြိုခွဲပစ်နိုင်တယ်လို့ သိရပါတယ်။ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ တစ်သျှူးတွေ အနာကျက်စေနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေလည်း အများအပြား ပါဝင်တာကြောင့် သူတို့ကို နေ့စဉ် စားသုံးရင် ကျောက်ကပ် ပျက်စီးနိုင်ခြေ နည်းသွားတယ်လို့ ဆိုပါတယ်။ ကညွတ်ဟာလည်း ကျောက်ကပ်စွမ်းအင် ပြန်ပြည့်နိုင်တဲ့ အစွမ်းထက်ပစ္စည်း ဖြစ်တာမို့ တစ်ပတ်ကို နှစ်ကြိမ် စားသုံးပေးရင် ကျောက်ကပ်အတွင်းမှ အဆိပ်အတောက်တွေ ပျက်ပြယ်စေနိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး
Trapper Love likes this.

Monday, 31 December 2012

စိတ်ဖိစီးမှုဝေနာကိုဘယ်လိုကုစားမလဲ

မောင်သုံည

လူတခု ပူမှု ဆယ်ကုဋေ ဆိုသလို လိုလူတိုင်းမှာ အပူတခုစီတော့ ရှိကြစမြဲ မဟုတ်ပါလား ဘာတွေ ပူပင်သောကရောက်နေကြပါလဲ ၊ ပြောရင်တော့ ဆုံးမှာ မဟုတ်ပါဘူး ၊ တယောက်နဲ့ ယောက် တူကြမှာလဲ မဟုတ်ပါဘူး ၊ တချို့က အလုပ်ကိစ္စ ၊ တချို့က ငွေရေးကြေးရေး ၊ တချို့က အချစ်ရေး အိမ်ထောင်ရေး ၊ တချို့ကတော့ သားရေးသမီးရေး ၊ တချို့က တော့ ရှေ့ရေး ၊ နောင်ရေး စသဖြင့် အမျိုး မျိုး တွေးတောပူပန်နေကြမှာဘဲဖြစ်ပါတယ် ။
ဒါတွေကို အခုခောတ်မှာ တော့ Stress ခေါ်ဝေါ်သုံးစွဲလာကြပြီး ၊ ရောဂါတခု အနေနဲ့ ကုသနည်း
တွေရှာကြံလာနေကြပါတယ် ။ stress လို့ဘဲ ခေါ်ခေါ် စိတ်ဖိစီးမှုဝေနာလို့ဘဲခေါ် ခေါ် အားလုံးဟာ စိတ်ပူ
ပင်သောကရောက်ရခြင်း လို့ဘဲ ဆိုမှာ ဖြစ်ပါတယ် ။
အနောက်တိုင်းသိပ္ပံပညာရှင်များကတော့ Stress ဆိုစိတ်ရောဂါတမျိုးလို့သတ်မှတ်ပြိး ဥဏှောက်ကို
ုဓါတ်မှန်ရိုက်ကြည့်ပြီး ကုသခြင်းနည်းများဖြင့်သုသေသနပြုလုပ်ပြီး ကုသနေကြပါတယ် ။
အားဆေးများစားခြင်း ၊ ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်စေခြင်း ၊ ဆိုတာတွေကတော့သာမန် စိတ်ဖိစီးမှုဝေဒနာ မခံစားရသူများလဲ လုပ်သင့်ပါတယ် ။
ဒီနေရာမှာ အနောက်တိုင်းအတွေးခေါ်ပညာရှင်များနဲ့ ဗုဒ္ဓရဲ့အတွေးခေါ် (ဗုဒ္ဓဓမ္မ ) တို့ခြားနား
ပုံကိုတင်ပြဆွေးနွေးချင်ဖြစ်ပါတယ် ။ အနောက်တိုင်းအတွေးခေါ်ပညာရှင်တွေဟာရုပ်ဝတ္တုအပေါ်မှာသာအခြေ ခံပြီး စဉ်းစားတွေးခေါ် လုပ်ကိုင်ကြတဲ့အတွက် ၊ ခန္ဓာစစ်ကိုမသိမြင်နိုင်ကြဘူးလို့ ဆိုလိုချင်ပါတယ် ၊
ဒါကို သီတဂူ သပိတ်အိုင်တောရဆရာတော် ရှင်ညဏ်ဏိသရ ရဲ့ ဘဝတန်ဘိုးဆိုတဲ့တရားတပုဒ်မှာ
ဟောကြားထားတာနာဘူးသူများသိပါလိမ့်မယ် ။

တကယ်တော့ စိတ်ဖိစီးမှူဝေဒနာဆိုတဲ့ အတွက် ဒါဟာ စိတ်နဲ့သာဆိုင်တဲ့အတွက်
စိတ်ကို ကုစားရမှာသာဖြစ်ပါတယ် ။ စိတ်ဖိစီးမှုဝေဒနာဟာ စိတ်ရောဂါလို့ ဆို၇တဲ့အဆင့်အထိ
မရောက်သေးတဲ့အတွက် စိတ်ရောဂါ လို့ မဆိုနိုင်ပါဘူး ၊ သာမန်စိတ်ကိုဖြူစင်အောင်လုပ်တဲ့နည်း
များနဲ့ ကုသခြင်း ဟာအကောင်းဆုံးပါဘဲ ၊

စိတ်ရဲ့သဘောသဘာဝ ကိုကောင်းကောင်း နားလည်သဘောအောင်လေ့လာပြီး ၊ စိတ်ကိုနိုင် အောင်
ထိန်းနိုင်တဲ့အလေ့အကျင့်ကိုလုပ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု ဆိုတာ အလိုလိုပျောက်ကင်းသွားနိုင်ပါ တယ် ၊
ဗုဒ္ဓရဲ့ တရာတ်ာများအရ စိတ် နဲ့ ရုပ် ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကြီးမှာ စိတ်ဟာ အရေးအကြိးဆုံးဆိုတာကိုတွေ့မှာဖြစ်ပါတယ် ။
စိတ်ပူတယ် ၊ စိတ်ဆိုးတယ် ၊ ဒေါသဖြစ်တယ်ဆိုတာတွေဟာ ၊ စိတ်ရဲ့ ဖန်တီးမှုတွေဖြစ်တယ် ။
ဉပမာ တခုတင်ပြပါမယ် ၊
တခါက သူငယ်ချင်းတယောက်ကို သူအိမ်က အမေအသဲအသန်ဖြစ်နေတယ် အမြန်လာပါ
ဆိုတဲ့ သံကြိုးစာနဲ့ ခေါ်လိုက်တဲ့အတွက် သူအလုပ်လုပ်နေတဲ့ ဝေးကွာတဲ့မြို့ကနေ အမြန်ပြန်လာခဲ့ရပါတယ် ။
လမ်းတလျောက်လုံး အမေ့အတွက် စိတ်သောကရောက်လျက်နေခဲ့ရပါတယ် ။
ရန်ကုန်ရောက်တော့ အမေ့ကို ဘာမှမဖြစ်ဘဲ နေထိုင်အကောင်းသားနဲ့တွေ့မြင်ရတော့ တလမ်း
လုံး စိတ်သောကရောက် ခဲ့ရတာတွေ လွင့်ပျောက်ခဲ့ရပါတယ် ။ အကြောင်းဆုံကိုမေးကြည့်တော့ ၊ သူကို
အလုပ်ထဲမှာကောင်မလေးတယောက်နဲ့ဘာလိုလိုဖြစ်နေတယ်ဆိုတာသတင်းကြားလို့လှမ်းခေါ်လိုက်တာလို့သိရ
ပါတယ် ။ ဒီနေရာမှာ စဉ်းစားကြည့်စရာ အချက် ၂ ချက် ရှိလာပါတယ် ။
ပထမ တချက်က စိတ်ပူတယ် ဆိုတဲ့အကြောင်းအရာ နဲ့ တကယ်ဖြစ်နေတဲ့အကြောင်းအရာ
ဟာ တလွဲစီဖြစ်နေတာတာရယ် တကယ်မဖြစ်တဲ့အကြောင်းအရာပေါ်မှာတကယ်ထင်ပြီးစိတ်ပူနေရ
တာရယ် ဒုတိယအချက်က အဖြစ်မှတ်ကို တကယ်သိတော့စိတ်ပူတယ်ဆိုတာတွေဟာတယ်ရောက်ကုန်မှန်းမသိဘဲ ၊ ကြက်ပျောက်ငှက်ပျောက် ပျောက်သွား တာရယ် ၊ ဒီနှစ်ချက်ကို လေ့လာသင့်ပါတယ်

ဒါကြောင့်စိတ်ပူတယ် ၊ စိတ်သောကရောက်ရတယ် ဆိုတာ တွေဟာ မသေချာမရေရာတဲ့
အကြောင်းအရာတွေပေါ်မှာလဲ အခြေခံနိုင်တယ်ဆိုတာကိုသိထားသင့်ပါတယ် ။
တချိုက စိတ်ပူတာ ကိုဝါသနာပါတယ် အိပ်ရာထဲရောက်ရင် ဟိုအကြောင်းတွေး ဒီအကြောင်း
တွေးနဲ့ စိတ်ကူးနေတက်တယ် ၊ ရှေ့ရေးနောက်ရေးတွေ တွေးပြီး စိတ်ပူနေတက်တယ် ။
ကိုယ်အတွက်သာမက သူများအတွက်ပါ တွေးပြီး စိတ်ပူနေတတ်ပါတယ် ။
အဲဒါမျိုးကို မိုးကုတ်ဆရာတော်ဘုရားကြီးက ကိုယ့်ကိုယ် ကိုမီးရှိ့ နေတာလို့ ပြောပါတယ်

စိတ်ဖိစီးမှု ဝေဒနာကို ဘယ်လိုကုစားမလဲဆိုတာကို ပြောကြပါစို့
စိတ်ရဲ့သဘောသဘာဝ ကိုကောင်းကောင်း နားလည်သဘောအောင်လေ့လာပြီး ၊ စိတ်ကိုနိုင်
အောင် ထိန်းနိုင်တဲ့အလေ့အကျင့်ကိုလုပ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု ဆိုတာ အလိုလိုပျောက်ကင်းသွားနိုင်ပါ တယ် ၊
စောစောကပြောခဲ့တဲ့အတွက် ၊ စိတ်ဆိုတာကို လေ့လာကြအောင်ပါ
စိတ် ဟာ လူ မှာ တစိတ်ထဲရှိတယ် ၊ နှစ်စိတ် တပြိုင်ထဲ ပေါ်လေ့မရှိဘူး ၊ တစိတ်ပြီးမှ
နောက်တစိတ်ဖြစ်ရတယ်လို့ မြတ်စွာဘုရားဟော်တော်မူထားပါတယ် ။ ဟုတ်မဟုတ် ကိုယ်တိုင်လဲကြည့်နိုင် ပါတယ် ၊ အပ်ဇျားကလေးတခုပေါ်မှာ သဲမှုံကလေးတမှုံ့ ထဲသာတင်ထားနိုင်
ပါတယ် ။ သဲ နှစ်စေ့ တင်ထားလို့ မရပါ ၊ နောက်ထပ်သဲတစေ့ ထပ်တင်မယ်ဆို၇င် ပထမ အစေ့ က အောက်ကျပေးရပါတယ် ။ ဒီလိုပါဘဲ ၊ စိတ်ဟာ နှစ် စိတ် တပြိုင်နက် မပေါ်ကောင်းတဲ့တွက် တစိတ်ဖြစ်ပြိး ရင် နေက်တစိတ်ပေါ်ဘို့အတွက် ပျက်ပေးရပါတယ် ။
ဒါကြောင့် စိတ်ကို အထူးစောင့်ကြည့်တဲ့အလုပ်ကို လုပ်ကြည့်ပါ ၊ တရားထိုင်ခိုင်းတာမဟုတ်ပါဘူး ၊ တရားထိုင်ခိုင်းတယ်ဆိုရင် လူငယ်တွေက ဒါအသက်ကြီးမှ လုပ်ရမှာ ဘုန်းကြီးတွေလုပ်ရမှာဆိုပြိး မလုပ်ချင်ကြပါဘူး ၊ သင့်မှာ စိတ်ဖိစီးမှုဆိုတဲ့ ဝေဒနာရှိနေရင် ဒီနည်းကလေးကိုစမ်းကြည့်စမ်းပါ ၊ လို့ အကြံပေးချင်ပါတယ် ၊

စိတ်ကို ဘာအကြောင်းအရာမှ မတွေးတဲ့ အခြေအနေတခုကို ဖန်တီးထားပါ ၊ အာရုံတခုထဲကိုဘဲ အာရုံပြုထားပါ ၊ ဉပမာ နှာခေါင်းက လေရှု နေတယ် ၊ လေကိုပြန်သွင်းတယ် ဒါကို ဘဲ အာရုံ တခုထဲထားပြိး သတိနဲ့နေပါ ၊ ကြာကြာ နေလို့မရ ပါဘူး တခြား အာရုံတခုခု က ဝင်လာပါလိမ့်မယ် ၊ တွေးစရာ ပူပင် စရာ စိတ်ကိုဖိစီး နေတဲ့အကြောင်းအရာ တခုတခုပေါ့ သင်သတိ မထားလိုက်ရင်တော့ အဲဒီအာရုံနောက်ကိုစိတ်ကမြောပါသွားပါ လိမ့်မယ် ။ သင် သတိရလို့  လေရှူနေတာကို သိလိုက်ရင် စောစော က၀င်လာတဲ့ အတွေးတွေပျောက်သွားပါ
သင် သတိရလို့ လေရှုနေတာကို ပြန်သတိရ လိုက်ဆိုရင် တော့ စောစောကဝင်လာတဲ့ အတွေးတွေပျောက် သွားပါလိမ့် မယ် ၊ စိတ်ဆိုတာ နှစ်စိတ် တပြိုင်ထဲဖြစ်လို့ မှ မရဘဲ ကိုး

အခု ကမ္ဘာ့ဘောလုံးပွဲနဲ့တိုက်ဆိုင်နေလို့ ဘော်လုံး ဉပမာနဲ့ပြောရရင်
သင့်ကိုယ် သင် ဂိုး သမားလို့ မှတ်ထားပါ ၊ ဘော်လုံးမဝင်အောင်ဂရုစိုက်ပြီး ၊ စောင့်ကြည့် နေရတယ် မဟုတ်ပါလား ၊ ၀င်လာရင် ပြန်ပုတ်ထုတ်ပစ်ရတယ် မဟုတ်ပါလား

ဒီလို ဘဲ စိတ်ကို ဝင်လေ ထွက်လေ ရှူတဲ့နေရာမှာ တည်နေအောင်ထားပါ ၊ အပြင်က စိတ် တွေ ၊ တွေးစ၇ာ
တွေ ၊ တွေးစရာတွေ ဝင်လာရင် သတိရှိရှိနဲ့ပြန်ုမောင်းထုတ်ပစ်လိုက်ပါ ၊
ပထမ တော့ အတွေး တွေ ဝင်ပါမယ် ၊ တခါတလေမြောပါသွားပါမယ် ၊ ကိစ္စမရှိ ပါ ။ ၅ မိနစ် ၁၀ မိနစ် တဖြေး
ဖြေး အလေ့အကျင့်လုပ်ယူပါ ၊ ကြာရင် စိတ်ကို ကိုယ်ကနိုင်ပြီးလာ ပါလိမ့် မယ် ၊
ဘာကိုမှမတွေးဘဲ နေရတဲ့အရသာကိုတွေ့မြင်လာပါလိမ့်မယ် ။
စိတ်ဖိစီးမှုဝေဒနာ နဲ့ မကြုံတွေ့ရလေအောင် ကိုယ်ကလဲ တက်နိုင်သမျှ ပြဿနာများနဲ့ မကြုံတွေ့ ရအောင်
ရှောင်ပါ ၊ ရှုတ်ထွေးစေတဲ့အလုပ် ၊ ပြဿနာတက်မဲ့အလုပ်များကိုရှောင်ရှားပါ ။
မိမိမှာ လောလောဆယ်စိတ်ရှုတ်ထွေးစေတဲ့အကြောင်းအရာများကို စာရွက်ပေါ်မှာနံပါတ်စဉ်
ထိုးပြီးရေးချလိုက်ပါ ၊ ပြီးရင် ပြဿနာ တခုခြင်းကို ဘယ်နေ့ဘယ်အချိန်မှာအပြီးဖြေရှင်းမယ် ။ ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုတာကို စဉ်းစားပြိး ရေးချထားပါ ၊ အရင်ဖြေရှင်းရမှာကို အရင် နောက်မှဖြေရှင်းရမှာကို နောက်မှ စသည်ဖြင့် အချိန်ကာလ ကို ခွဲခြားထားပါ ၊
စောစောစီးနဲ့လွယ်လွယ်ကူကူဖြေရှင်းရမှာကို အရင်ဖြေလိုက်ပါ ၊ ကြာကြာစွဲမထားပါနဲ့
ဖြေရှင်းရမဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ရေးထားပြီးရင် ခေါင်းထဲက ထုတ်ပစ်
လိုက်ပါ ။ အဓိပါယ်ကင်းမဲ့တဲ့ အတွေးမျိုးနဲ့စိတ်သောကရောက်နေတာမျိုးကိုလုံးဝဖယ်ရှားပြစ်
ပါ ၊ မျောက် ဟာ မြေပြိဲုမှာစိုးလို့ သစ်ပင်ပေါ်ကနေ တညကို ၃ ခါ ဆင်းဆင်းပြိး မြေကြိးကိုစမ်းကြည့်
သတဲ့ ၊ တစ်တီးတူးငှက်က မိုးပြိုမှာစိုးလို့ ခြေထောက်ကိုမိုးပေါ်ထောင်အိပ် တယ် တဲ့
ငလျင်လှုတ်ရင် ဘယ်လိုလုပ်မလဲ ၊ ရေကြီးရင်ဘယ်လိုလုပ်မလဲ ၊ ကမ္ဘာကြိးကို တခြားဂြိုလ်
တခုနဲ့တိုက်မိရင်ဘယ်လိုလုပ်မလဲ ၂၀၁၂ ခုနှစ် မှာ ကမ္ဘာကြီးပျက်မယ်တဲ့  စတဲ့ မရေရာတဲ့မသေချာတဲ့ အကြောင်းအရာတွေပေါ်မှာ တွေးပြီးစိတ်သောကရောက်မနေပါစေနဲ့ ၊

လူဟာ အာရုံနဲလေ စိတ်ချမ်းသာလေ ၊ မို့ အာရုံကို များများ မရှာပါနဲ့
တတ်နိုင်သမျှ အာရုံနဲ နိုင်သမျှ နဲအောင် နေထိုင်သွားမယ်ဆိုရင် စိတ်ဖိစီးမှုဝေးနာ နဲ့လဲ ကင်းဝေးမှာဖြစ်ပါ ကြောင်းတင်ပြလိုက်ရပါတယ်
မဟာမြိုင်တောရ ဆရာတော် ဉီဇောတိကရဲ့ စိတ်ဖိစီးမှု ဝေဒနာနဲ့ ပတ်သက်တဲ့ တရားကိုဆက်လက်နားကြားနိုင်ပါတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ

မောင်သုံည

Tuesday, 23 November 2010

ကွန်ပြူတာ အကြည့်လွန်ရောဂါ

ကွန်ပြူတာ အကြည့်လွန်ရောဂါ

VOA အသံလွင့်ဌာန မှထုတ်လွင့်ခဲ့တဲ့ ကျန်းမာရေးဆောင်းပါးကလေးပါ

ကွန်ဗြူတာအကြည့်များတဲ့မိတ်ဆွေများအတွက် ထပ်ဆင့်ဝေမျှပေးလိုက်တာပါ

computer Vision Syndrome ခေါ်တဲ့ ကွန်ပြူတာအကြည့်လွန်ရာကဖြစ်လာတဲ့ ရောဂါလက္ခဏာဟာ အခုနောက်ပိုင်း လူသားတွေ ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေ၊ ကွန်ပြူတာတွေ၊ Smart Phone နောက်ဆုံးပေါ် ဖုန်းတွေ၊ ဗီဒီယိုကစားတဲ့ လက်ကိုင်လျှပ်စစ်ပစ္စည်းလေးတွေ၊ e-book လို့ ခေါ်တဲ့ ကွန်ပြူတာကတဆင့် စာအုပ်ဖတ်တာတွေ အသုံးများတာကြောင့် ဖြစ်လာတဲ့ မျက်စိရောဂါပါ။

အသံကိုနားဆင်နိုင်ပါတယ် ၊

Saturday, 6 November 2010

ရာသီပေါ် မျက်စိနာ ရောဂါ ကာကွယ် ကုသ နည်းများ

ရာသီပေါ် မျက်စိနာ ရောဂါ ကာကွယ် ကုသ နည်းများ

ခုအချိန်မှာ လူအတော် များများ မျက်စိနာ နေကြတာ တွေ့ရပါတယ်။ ပူနွေးစိုစွတ်တဲ့ အခုလို လာနီညာ ရာသီဥတုဟာ ဘက်တီးရီးယား ပေါက်ပွား နှုန်းကို အရမ်းမြန် စေလို့ ဒီနှစ်မှာ မျက်စိနာ သူတွေ ပိုများနိုင်ပါတယ်။ မျက်စိနာတယ် လို့သာဆိုကြပေမယ့် တကယ်တမ်း ကတော့ မျက်လုံးရဲ့အဖြူရောင် အသား (Sclera)ကို ကာကွယ် ပေးထားတဲ့အမြှေးပါး အကြည်လေး (Conjunctiva) ရောင်တဲ့ ရောဂါမို့ ဆေးပညာ အခေါ်အရ Conjunctivitis လို့ခေါ်ကာ အင်္ဂလိပ်လို Pink Eye လို့ ခေါ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းအရင်း တွေထဲ အများဆုံး အကြောင်းအရင်းတွေက ဗိုင်းရပ်စ်ပိုး တချို့ကြောင့် ဖြစ်ရတာဖြစ် ပြီး ဘက်တီးရီးယား ကြောင့် ဖြစ်ရတာလည်း ရှိပါတယ်။ မျက်လုံးထဲကို မသန့်တဲ့ အရာတစ်ခုခု၊ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခု ဝင်ခြင်း (ဥပမာမီးခိုး၊ ဓာတ်ငွေ့၊ ဝတ်မှုန် စသည်)၊ မျက်သား ခြောက်သွေ့ လွန်းခြင်း စတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပွားနေကြတဲ့ တစ်ဦးနဲ့ တစ်ဦး အရမ်း ကူးလွယ်တဲ့ မျက်စိနာ ရောဂါဟာ ဗိုင်းရပ်စ်ပိုး တွေကြောင့်ဖြစ် ရတာဖြစ်ပြီး သုံးရက်ကနေ ငါးရက်ထက် ပိုမကြာပါဘူး။ ဒါကြောင့် မျက်စိနာခြင်း ခံစားနေရတာ ငါးရက် ကျော်သွားရင် ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ပိုစိုးရိမ်စရာ အကြောင်းအရင်း တစ်ခုခု ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသင့်ပါတယ်။
မျက်စိနာ ရောဂါရဲ့လက္ခဏာတွေက အားလုံး သိရှိ ခံစားဖူး ကြတဲ့အတိုင်း မျက်လုံး နီရဲ ရောင်ရမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက်ပို ကျခြင်း၊ မျက်လုံးထဲမှာ ပြင်ပက ပစ္စည်းတစ်ခုခု ဝင်နေသလို ခိုးလိုး ခုလု ခံစားရတတ်ခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဒီဝေဒနာတွေဟာ အတော်ဆိုးကာ ဘာအလုပ်မှ လုပ်ချင်စိတ် မရှိအောင် အနှောင့်အယှက် ဖြစ်စေလို့ မျက်စိနာ ရောဂါ မဖြစ်အောင် ကာကွယ်နည်း များကို The Voice Weekly ပရိသတ်များ အတွက် ဖော်ပြပေး လိုက်ပါတယ်။
(၁) မျက်စိနာရောဂါ ဖြစ်စေတဲ့ ပိုးတွေဟာ မသန့်ရှင်းတဲ့ လက်ကနေ အများဆုံး ကူးစက်တာမို့ မျက်စိနာရောဂါ ကာကွယ်ခြင်း အတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု ကတော့ ပြင်ပအရာဝတ္ထု တစ်ခုကို ထိကိုင်ပြီးတိုင်း မျက်လုံး၊ မျက်ခမ်းကို ထိကိုင်ခြင်း မလုပ်တာပါပဲ။ လက်ကို သေချာ စင်ကြယ်အောင် ဆေးကြောပြီးမှ မျက်နှာရဲ့အစိတ်အပိုင်းတွေကို ထိကိုင်ပါ။
(၂) မျက်နှာသုတ်ပဝါကို ဂရုစိုက်ပါ။ မျက်နှာသုတ် ပဝါဟာ သန့်ရှင်းနေဖို့ မရှိမဖြစ် လိုအပ်သလို လူတစ်ဦးကို
မျက်နှာသုတ် ပဝါတစ်ထည် သီးသန့်သုံးတာ အကောင်းဆုံးပါ။ မျက်စိနာရောဂါ ဖြစ်နေတဲ့သူ အတွက် ဆိုရင်တော့ မျက်နှာသုတ် ပဝါတစ်ထည် သီးသန့် ထားပေးရပါမယ်။ မဟုတ်ရင် တစ်အိမ်သားလုံး ကူးကုန် ပါလိမ့်မယ်။ ဒါ့အပြင် မျက်စိနာတဲ့သူရဲ့ မျက်နှာသုတ်ပဝါကို နေ့စဉ် လျှော်ဖွပ် ပေးသင့်ပါတယ်။ အစွန်းချွတ် ဆေးတစ်မျိုးကို သုံးပြီးဖြစ်စေ၊ ရေနွေးပွက်ပွက်ဆူမှာ ကြာကြာပြုတ်ပြီး ဖြစ်စေ လျှော်ဖွပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမလုပ် ပေးရင် လူနာရဲ့မျက်စိက ပိုးတွေက မျက်နှာသုတ်ပဝါနဲ့ မျက်လုံးကြား သံသရာ လည်နေမှာမို့ မျက်စိနာရောဂါ ကြာတတ် ပါတယ်။
(၃) မျှတပြီး လတ်ဆတ်တဲ့ အသီးအရွက်တွေ ပါဝင်တဲ့ အစားအသောက် ပုံစံ မစားဘဲ အသားပဲ စားတဲ့သူတွေ၊
အိပ်ရေးပျက် အစားပျက်လို့ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန် ဝတ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ် နီးနီးကပ်ကပ် အလုပ်လုပ်ရသူ တွေဟာ တခြားသူတွေထက် မျက်စိနာဖို့ ပိုနီးစပ်တာမို့ အခုလို မျက်စိနာတွေ ပေါနေတဲ့ ရာသီမှာ လက်နဲ့ မျက်စိသန့် ရှင်းရေးကို ပိုမို သတိထားသင့် ပါတယ်။ ထူးခြားတဲ့ အနေနဲ့ အမြင်အာရုံ တစ်ဖက်တည်းသာ ရှိသူများဟာ မျက်စိနာဖို့ ပိုနီးစပ်တယ်လို့ တွေ့ရှိထားရတာ မို့ ဒီလို လူတွေလည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
(၄) ကြိုတင် ကာကွယ်တဲ့ အနေနဲ့ နေပူဖုန်ထူတဲ့ အပြင်က ပြန်လာတိုင်း မျက်စဉ်းတစ်ခုခု ခတ်ပေးပါ။ အခုလို မျက်စိနာ ရောဂါတွေ အဖြစ်များနေတဲ့ မျက်စိမနာသေး ပေမယ့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်း တစ်ခုခု ခတ်ပေးတာလည်း ကာကွယ်ရာ ရောက်စေပါတယ်။ မျက်စိနာရင် မြန်မြန် ပျောက်စေဖို့ လိုက်နာရမယ့် အချက်တွေကတော့-
(၁) မျက်စိ နာနေတဲ့အချိန်မှာ အရက်သေစာ သောက်စားခြင်း၊ ဆေးရွက်ကြီး ပါသော ဆေးလိပ်၊ ကွမ်းယာ စားသုံးခြင်း၊ မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ ခေါင်းလျှော်ခြင်း၊ စာကြာကြာ ဖတ်ခြင်း၊ တီဗီ၊ ကွန်ပျူတာကြည့်ခြင်း စတာတွေကို လုံးဝ ရှောင်ကြဉ်သင့် ပါတယ်။
(၂) မျက်စဉ်းခတ်ကို ခတ်ရပါမယ်။ မျက်စဉ်းတွေထဲမှာ Neomycin, Norfloxacin, Ofloxacin စတဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပါဝင်လို့ ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ မျက်စိနာရောဂါကို သိသာစွာ သက်သာ ပျောက်ကင်း စေပါတယ်။ နောက်ပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိနာ ရောဂါဟာ မျက်စဉ်းခတ်ဖို့ မလိုအပ်ပေမယ့် လက်နဲ့ ခဏခဏ ပွတ်မိရင် ဘက်တီးရီးယားက ဒုတိယမြောက် ဆင့်ပွား ကူးစက်ခြင်း (Secondary Infection) အနေနဲ့ ဝင်လာတတ် တာမို့
မျက်စဉ်း ခတ်ခြင်းကို မဖြစ်မနေ လုပ်ရပါမယ်။ ဒါ့အပြင် မျက်စဉ်းတွေထဲမှာ Dexamethasone ဆိုတဲ့ ရောင်ရမ်း ယားယံခြင်းကို သက်သာစေတဲ့ စတီးရွိုက်တစ်မျိုး ပါဝင်တာမို့ မျက်စဉ်းခတ် ပေးရင် ယားယံ ရောင်ရမ်းခြင်း တွေ သိသာစွာ သက်သာစေပြီး မြန်မြန် ပြန်ကောင်းစေ ပါတယ်။ မျက်စဉ်းမခတ်သူ တွေကတော့ ဒီအကျိုးမျိုးတွေ မရနိုင် တော့ဘူးပေါ့။
(၃) မျက်နှာသုတ်ပဝါ၊ နေကာ မျက်မှန် စတာတွေကို တစ်ယောက်တစ်ခု သီးသန့်သုံးပါ။ နေ့စဉ် လျှော်ဖွပ်ပါ။ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်ကိုလည်း သန့်ရှင်းအောင် အထူး ဂရုစိုက်ပေးပါ။
(၄) မြန်မြန် ပျောက်ချင်ရင် မျက်လုံး ကို ခဏခဏ ပွတ်ခြင်း လုံးဝရှောင်ကြဉ် ရပါမယ်။
(၅) မည်သည့် အရွက်ကိုမှ သတ္တုရည်ညှစ်၍ မျက်စဉ်းခတ်ခြင်း မလုပ်ပါနဲ့။ မြန်မာ့ တိုင်းရင်းဆေးလာ ဆေးနည်း တွေကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ ဥပမာ-ကွမ်းရွက်ဆိုပါတော့။ ရေနဲ့ ဘယ်လောက်ဆေး ပါတယ် ပြောပြော မျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ မပြောင်တာ အသေအချာပါပဲ။
နောက်ပြီး ယနေ့ခေတ်မှာ အရွက်ပေါ်မှာ ဖျန်းထားမယ့် ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေကိုပါ ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အရွက်ကို ဆားနဲ့နယ်ကာ အရည်ညှစ်တဲ့ ကိစ္စကလည်း တကယ်ကို မလုပ်သင့်ပါဘူး။ ဆားက မသန့်ရင် အခန့်မသင့် မျက်လုံးကန်း သွားနိုင်ပါတယ်။ အချိန်တန်ရင် ပျောက်မယ့် မျက်စိနာ ရောဂါဟာ ဒါတွေကြောင့် ပိုကြာနေတတ်လို့ ရှောင်ကြဉ်သင့် ပါတယ်။
(၆) တတ်နိုင်သမျှ မျက်လုံးကို အနားပေးပါ။ အပြင်သွားရင် နေကာမျက်မှန် တပ်ပေးပါ။
(၇) မျက်စဉ်းကို မဖြစ်မနေ ခတ်သင့်တယ်လို့ ပြောခဲ့တဲ့အထဲမှာ အဆင်ပြေရာ ဘယ်မျက်စဉ်းမဆို ခတ်လို့ရပါ တယ်။ မျက်စဉ်းတွေရဲ့အပေါ်မှာ တစ်ရက်ကို သုံးကြိမ်လောက်ပဲ ခတ်ရမယ်လို့ ပြောထားပေမယ့် ဝေဒနာ ပြင်းထန်ရင် ပြင်းထန် သလောက် ၂ နာရီခြား တစ်ခါလောက် အထိ ခတ်နိုင်ပါတယ်။ ဘာအန္တရာယ်မှ ထွေထွေထူးထူး မရှိပါဘူး။ သန့်စင်တဲ့ မိခင်နို့ရည် ခတ်ခြင်းဟာ တကယ် ဘေးကင်း ထိရောက်တဲ့ ဆေးနည်းဖြစ်ပါတယ်။ ညှစ်ယူမယ့် နို့သီးခေါင်းရဲ့ ပြင်ပ သန့်ရှင်းရေးနဲ့ ခံယူမယ့်ခွက်တို့၊ ဇွန်းတို့ကတော့ အထူးသန့်နေဖို့ လိုပါတယ်။
(၈) နာကျင် ရောင်ရမ်း ယားယံခြင်း အရမ်းဆိုးရင် သက်သာအောင် အနွေးကပ်ခြင်း (Warm Compress) နဲ့ အအေးကပ်ခြင်း (Cold Compress) တို့ လုပ်ပေးနိုင် ပါတယ်။ သန့်စင်တဲ့ အဝတ်စ၊ ပတ်တီးစတစ်ခုကို ရေနွေးနွေး လေးမှာ စိမ်ပြီး မျက်လုံးအပေါ်ကနေ ကပ်ပေးတဲ့နည်းကို အနွေးကပ်ခြင်းလို့ခေါ်ပါတယ်။ ရေအေးအေးလေး မှာစိမ်ပြီး ကပ်တဲ့နည်းကတော့ အအေးကပ်ခြင်းပေါ့။ မျက်လုံး တစ်ဖက်ကို ငါးကြိမ်ကနေ ၁၀ ကြိမ် လောက် လုပ်ပေးရင် သိသာစွာ သက်သာစေပါတယ်။
(၉) ရောင်ရမ်း ယားယံခြင်းတွေ သက်သာအောင် Cetrizine, Fenofexadine စတဲ့ဆေးတွေ တစ်နေ့ နှစ်လုံးလောက် သောက်နိုင် ပါတယ်။ Cetrizine ထက် Fenofexadine က ပိုကောင်းတဲ့ အချက်ကတော့ အိပ်မငိုက်တာပါပဲ။
ဆက်ပိုင်လင်းခန့်(ဆေး၂ )
October 2010 The Voice Journal

မှကူးယူဖေါ်ပြထားပါသည်

ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်း

ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်း
Thursday, 14 October 2010 00:00 7Day News Journal

ကိုယ်ခန္ဓာ တစ်ခုလုံး၏ လှုပ်ရှားမှု များကို ထိန်းချုပ် ထားသော ဦး နှောက်သည် ဆန်းကြယ် ရှုပ် ထွေးသော အစိတ် အပိုင်းများဖြင့် တည်ဆောက်ထားပြီးအသိဉာဏ် မှတ်ဉာဏ် အပြုအမူများအား ထိန်းချုပ်သည့် နေရာ၊ လက်လှုပ်၊ ခြေလှုပ်စသည့် လှုပ်ရှားမှုများအား ထိန်းချုပ်သည့်နေရာ၊ စကားပြော အမြင်အာရုံအား ထိန်းချုပ်သည့် နေရာလည်း ဖြစ်သည်။
ထိုကဲ့သို့ လှုပ်ရှားမှုများအား ထိန်းချုပ်ထားသည့် ဦးနှောက်တွင် ပြဿနာ တစ်ခုခု ဖြစ်ပါက ထိုလှုပ်ရှားမှု စနစ်များ ပျက်ယွင်း သွားလေ့ရှိသည်။
ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနသို့ ရောက်လာသည့် လူနာများ၏ ၆၀ ရာခိုင်နှုန်းမှာ ပုံမှန်အားဖြင့် ဦးနှောက်တွင် မတော်တဆ ထိခိုက်မှု တစ်ခုခုကြောင့် ရောက်လာသည့် လူနာများဖြစ်ပြီး ဒုတိယ အများဆုံးမှာ ဦးနှောက်တွင် အကျိတ်ဖြစ်သည့် လူနာများ ဖြစ်ကြောင်း ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနမှ ခွဲစိတ်အထူးကု ဆရာဝန် ပါမောက္ခ ဦးဝင်းမြိုင်က ပြောသည်။
“ဒီဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာန နှစ်ထပ်လုံးမှာ ဦးနှောက် အကျိတ်ရောဂါရှင် တစ်လကို အယောက် ၂၀ ကနေ ၃၀ ကြား ခွဲစိတ်နေရတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
ဦးနှောက်တွင် အကျိတ် ဖြစ်ခြင်းသည် ကလေးလူကြီး မရွေး ဖြစ်ပွားနိုင်ပြီး နေထိုင်မှုပုံစံ၊ အစားအသောက် မျိုးရိုးများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။
“ဦးနှောက် အကျိတ် ဖြစ်တာက အဲဒါတွေနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာတော့ အခုချိန်ထိ မသိနိုင်သေးပါဘူး” ဟု ပါမောက္ခ ဦးဝင်းမြိုင်က ပြောသည်။ ဦးနှောက်တွင် အကျိတ် ဖြစ်သည့်အခါ ကလေးများတွင် များသောအားဖြင့် ကင်ဆာ အမျိုးအစားထဲတွင် ပါဝင်လေ့ရှိသည်။ လူကြီးများတွင် ရိုးရိုးအကျိတ်နှင့် ကင်ဆာ အကျိတ်များ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ကလေးများ၏ ဦးနှောက်တွင် အကျိတ် ဖြစ်ပေါ်သည့်အခါ စကားမပြောနိုင်သည့် အရွယ်တွင် ကလေးမှာ ငိုနေခြင်း၊ ဂျီကျခြင်း၊ မှိန်းခြင်း၊ အန်ခြင်း၊ လမ်းလျှောက် တတ်သည့် အရွယ်တွင် လမ်းမလျှောက်နိုင်၍ လဲကျခြင်းတို့မှာ ဦးနှောက်အကျိတ် ဖြစ်ခြင်း၏ လက္ခဏာ များဖြစ်သည်။
လူကြီးများ တွင်လည်း ခေါင်းကိုက်ခြင်း၊ အရှိန်ဖြင့်အန်ခြင်း၊ မျက်စိများ ဝေ၀ါးခြင်း၊ ပုံရိပ်များ ထပ်ခြင်း၊ လေဖြတ်သကဲ့သို့ ခန္ဓာကိုယ် တစ်ခြမ်း လေးလံခြင်း၊ တက်ခြင်းတို့မှာ ဦးနှောက် အကျိတ် ရောင်ခြင်း၏ ရောဂါလက္ခဏာ များဖြစ်ကြောင်း ဒေါက်တာဦးဝင်းမြိုင် ကပြောသည်။
“လူကြီးတွေမှာ အကျိတ်ကြောင့် ခေါင်းကိုက်တဲ့ ပုံစံက သိသာတယ်။ မနက်အိပ်ရာထတဲ့ အချိန်တိုင်း နေ့တိုင်းဖြစ်ပြီး ကျန်တဲ့ အချိန်မှာတော့ ခေါင်းကိုက်တာမျိုး မရှိဘူး။ ပြီးတော့ အကျိတ် ဖြစ်ပေါ်တဲ့ နေရာပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေ ပြသတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
အချိန်မီ ဆေးကုသမှု မရှိသည့်အခါ လူနာသည် တဖြည်းဖြည်း မှိန်းလာပြီး နောက်ဆုံးအဆင့်တွင် အသက်ဆုံးရှုံးသည် အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
“အရင်ကတည်းက ဒီရောဂါ ဖြစ်ပွားနေတာ။ ဒါပေမဲ့ အရင်တုန်းက မသိကြတဲ့အတွက် နယ်မှာ ဆိုရင်လည်း ကိုယ်တစ်ခြမ်း လေးလာရင် လေဖြတ်တယ် ဆိုပြီး မြန်မာ ဆေးဆရာတွေ၊ အနှိပ်သည်တွေနဲ့ ပြသရင်း နောက်ဆုံး အသက်သေသွား ကြတာတွေရှိတယ်” ဟု ဒေါက်တာဦးဝင်းမြိုင်က ပြောသည်။
ဦးနှောက်တွင် အကျိတ်ဖြစ်ပါက ဦးနှောက် ဓာတ်မှန်ရိုက်၍ သိနိုင်ပြီး၊ ဦးနှောက် အကျိတ်တွင် အစိုင်အခဲ အကျိတ်နှင့် အရည်အိတ် အကျိတ်နှစ်မျိုး ရှိကြောင်း သိရသည်။
အကျိတ်အတိုင်း ခွဲစိတ်ကုသမှသာ သက်သာ နိုင်သော်လည်း ၂ စင်တီမီတာထက် သေးငယ်သော အကျိတ်များအား ဆေးနှင့်ပင် ကုသ၍ အရည်အိတ်၊ အကျိတ်မျိုးမှာ ခေါင်းတွင် အပေါက် ဖောက်၍ စုပ်ယူပြီးမှသာ ကင်ဆာ ဟုတ်မဟုတ် စစ်ဆေးမှုများ ပြုလုပ်၍ ကုသရပြီး၊ အစိုင်အခဲ အကျိတ်မှာ ဦးခေါင်းဖွင့်၍ အကြီးစား ခွဲစိတ်မှုများ ဆောင်ရွက်ရကြောင်း သိရသည်။
“ကင်ဆာကြောင့် ဖြစ်တာဆိုလည်း ခွဲစိတ်ပြီး နောက်ပိုင်း ဆေးနဲ့ကုသ တာတွေ၊ ဓာတ်ကင်တဲ့ နည်းတွေနဲ့လည်း ဆက်လက် ကုသရပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
ယခုနောက်ပိုင်း ဦးနှောက် ရောဂါရှာဖွေသည့် စက်များ ကောင်းမွန်ခြင်း၊ လူအများတွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ များပြားလာခြင်း၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာနများ တိုးချဲ့ ဖွင့်လှစ်လာခြင်း တို့ကြောင့် ဦးနှောက်အတွင်း အကျိတ်ဖြစ်သည့် လူနာများ ပိုမိုတွေ့ရှိ လာရကြောင်း သိရသည်။
“ကျွန်တော့် ညီမလေး ဦးနှောက်မှာ အကျိတ်ဖြစ်လို့ ဆေးရုံမှာ တက်နေရတဲ့ အချိန်မှာ ဘေးနားမှာလည်း အဲဒီလို လူနာတွေ အများကြီး တွေ့ရတယ်။ တချို့ကတော့ တစ်ကြိမ်ခွဲစိတ်ပြီး သက်သာတာ ရှိသလို တချို့ကျတော့လည်း ထပ်ခွဲစိတ်ရတာ တွေရှိတယ်” ဟု မန္တလေးမြို့နေ အသက် ၅၀ခန့် အမျိုးသားတစ်ဦး ကပြောသည်။
ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်းသည် စတင် ဖြစ်ပွားသည့်အချိန်၌ ရောဂါလက္ခဏာ မပြသည့်အတွက် ဆေးရုံရောက်သည့် အချိန်တွင် အကျိတ်ကြီးပြီး နောက်ကျမှ ရောက်လာမှု များလေ့ရှိကာ အကျိတ်ကြောင့် မျက်စိဝေ၀ါး လာသည့်အခါ မျက်စိမှုန်၍ မျက်စိဆရာဝန်နှင့် သွားရောက် ပြသသည့်အခါမှ မျက်စိဆရာဝန်မှ တစ်ဆင့် ရောက်လာသူ များကြောင်း သိရသည်။
ဦးနှောက်အကျိတ် ခွဲစိတ်မှုအား ထိုင်းနိုင်ငံတွင် သွားရောက် ခွဲစိတ်ကုသ ပါက ကျပ်သိန်း ၂၅၀ခန့် ကုန်ကျနိုင်ပြီး ပြည်တွင်းတွင် ခွဲစိတ်ပါက ကျပ် ၅ သိန်းခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

October 2010 00:00 7Day News Journal

မှကူးယူဖေါ်ပြထားပါသည်

လူငယ်နှင့် စိတ်ကြွဆေး

တရုတ်စာသားများ ရေးထိုးထားတဲ့ အနီရောင်နဲ့ အဖြူရောင်စပ် ဆေးတောင့်လေးများရဲ့ဈေးက ရာဂဏန်းကနေ သောင်းဂဏန်းနီးပါး အထိရှိပါတယ်။
ဒီဆေးတွေကတော့ လူငယ်တချို့အကြား သုံးစွဲမှု မြင့်မားနေတယ်လို့ဆိုတဲ့ လိင်စိတ် ကြွဆေးတွေပါ။ ဒီဆေးတွေနဲ့ ပတ်သက်ပြီး အမျိုးသား သုံးဆေးတွေရှိသလို၊ အမျိုးသမီးတွေ လိင်စိတ်ကြွလာစေဖို့ ကော်ဖီ၊ အဖျော်ယမကာထဲ ထည့်တိုက်ရတဲ့ ဟော်မုန်းဆေးတွေလည်း ရှိတယ်လို့ ဆေးရောင်းချသူ တစ်ဦးထံက သိရပါတယ်။ ဒါကြောင့် ဒီဆေးသုံးစွဲသူတွေ၊ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ဈေးကွက်ထဲမှာ ရောင်းချနေသူတွေကို တွေ့ဆုံဖော်ပြလိုက်ပါတယ်။
တကယ်တမ်းက
“အမျိုးသားတွေမှာ ပန်းသေ ပန်းညှိုးနဲ့ ကိုယ်တွင်းရောဂါ အခြေအနေ တစ်ခုခုကြောင့်ဖြစ်စေ၊ ကျောရိုး ထိခိုက်ဒဏ်ရာ ရလို့ဖြစ်စေ အမျိုးသားဟိုမုန်း ထုတ်လုပ်မှု ကျဆင်းလာပြီး လုံးဝ မထုတ်လုပ်တော့တဲ့ အခြေအနေမှာမှ ဒီလိုဆေးမျိုးသုံးရတာပဲ” လို့ အထွေထွေရောဂါကု ဆရာဝန် ဒောက်တာညွန့်လွင်က ရှင်းပြပါတယ်။ ဒါပေမဲ့ ဘာရောဂါ ဝေဒနာမှမရှိဘဲနဲ့ ဒီလိင်စွမ်းဆောင်ရည် မြှင့်ပေးတယ်လို့ဆိုတဲ့ ပန်းသေပန်းညှိုးသမားတွေ အသုံးပြုရမယ့်ဆေးကို ပုံမှန်လူငယ်တွေ သုံးစွဲမယ်ဆိုရင် ဆေးဝါးတွေကနေ ကောင်းကျိုးထက် ဘေးထွက်ဆိုးကျိုးက ပိုများနေမှာဖြစ်တယ်လို့ ဒေါက်တာညွန့်လွင်က ထပ်မံသတိပေး ပြောပြပါတယ်။
“မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေ တချို့ ဒီလိင်စိတ် ကြွဆေးတွေ သုံးစွဲတာတွေ့ရတယ်။ သူတို့ တိုက်တွန်းလို့ အဲဒီဆေးတွေ သုံးစွဲဖူးတယ်။ ဒီဆေးတွေရဲ့ ဆိုးကျိုးတွေကို အဲလိုတိုက်တွန်းတဲ့ သူတွေကိုယ်တိုင် သေချာမသိကြသလို သူကိုယ်တိုင်လည်း သေချာမသိဘူး” လို့ ပြောပြတဲ့သူက အသက် ၂၀ အရွယ် ကိုအောင်မြင့်ပာ။
ကိုအောင်မြင့်လို ဒီဆေးတွေအကြောင်း ကောင်းကောင်းနားမလည်ဘဲ သုံးစွဲနေသူတွေ ရှိကြတယ်လို့ လူငယ်တချို့ကို တွေ့ဆုံမေးမြန်းမှုအရ သိရပါတယ်။
“ကျွန်တော် ဒီဆေးတွေကို ဒီကိစ္စရှိတဲ့အခါ သုံးလေ့ရှိဖူးတယ်။ သာမန်ထက် ပိုပြီး အဆင်ပြေ စွမ်းတယ်လို့ ထင်တယ်” လို့ ဒီဆေးကို တစ်ခါတစ်ရံ သုံးစွဲဖူးတဲ့ အသက် ၂၃ နှစ်အရွယ် မောင်ထွန်းက ပြောပြပါတယ်။ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဒီဆေးတွေနဲ့ ပတ်သက်ပြီးတော့လည်း “တံဆိပ် နှစ်မျိုးလောက်က တော်တော် ရောင်းရတယ်။ အိန္ဒိယက ဝင်တာရှိတယ်၊ တရုတ်က ဝင်တာရှိတယ်။ လာဝယ်သူကတော့ အရွယ်စုံပါပဲ။ တချို့ ဆေးတွေကတော့ ဒီမှာ မှတ်ပုံတင်ထားတာ မရှိသေးဘူး” လို့ ဆေးရောင်းချသူ တစ်ဦးကဆိုပါတယ်။
ဆေးရဲ့ အာနိသင်ကဘာလဲ
ဒီဆေးဝါးတွေရဲ့ ခန္ဓာကိုယ်တွင်း လုပ်ဆောင်ပေးချက်တွေကတော့ သွေးကြောတွေကို ပွစေပြီး သွေးပမာဏများများ စီးလာစေဖို့ အထောက်အကူ ပြုတာ ဖြစ်ပါတယ်။ လိင်ဆက်ဆံဖို့ အဆင်သင့် ဖြစ်တဲ့အနေအထားကို ဖန်တီးပေးတယ်လို့ ဆရာဝန်တစ်ဦးက ရှင်းပြပါတယ်။ “မိန်းကလေး သုံးဆေးကတော့ ဟိုမုန်းပါပဲ။ သူတို့လည်း ဟိုမုန်းလိုတယ်လေ။ ဖျော်ရည်တစ်ခုခုထဲ ထည့်တိုက်လိုက်ရတာပေါ့” လို့ ဆေးရောင်းချသူက ရှင်းပြပါတယ်။ အမျိုးသမီးလိင်စိတ် ကြွဆေးတွေဟာ တရုတ်နိုင်ငံဘက်ကနေ ဝင်လာကာ မျက်စဉ်းပုလင်း အရွယ်ဘူးကလေးတွေနဲ့လာတာဖြစ်ပြီး တစ်ဘူးကို ကျပ်နှစ်ထောင့်ငါးရာကနေ ကျပ်ငါးထောင်ခန့် အထိရှိတယ်လို့ ဆေး ဈေးကွက် အတွင်းက စုံစမ်းသိရပါတယ်။
“အရင်တုန်းက ကျွန်မရဲ့ E-mail ထဲကို စာတစ်စောင်ရောက်ဖူးတယ်။ မိန်းကလေးတွေ တခြားကိုယ်မသိတဲ့ လူဆီကဖြစ်ဖြစ်၊ သူငယ်ချင်း ယောကျာ်းလေးတွေဆီက ပီကေလိုဟာမျိုး၊ ဖျော်ရည်လိုဟာမျိုး ကျွေးတာတွေကို အရမ်းကြီးယုံမှတ်ပြီး မစားဖို့၊ အဲဒါတွေထဲမှာ စိတ်ကိုပြောင်းလဲ စေတဲ့ လိင်စိတ် နိုးကြားဆေးတွေ ပါတယ်လို့ ဆိုထားတဲ့စာပေါ့။ ဆေးနာမည်နဲ့ ပုံတောင်ပါသေးတယ်။ အဲဒီစာကို ဖတ်ပြီးကတည်းက ဒီလိုဆေးတွေလည်း ရှိပါလား ဆိုတာသိရတယ်။ အစားအသောက် စားတဲ့နေရာမှာလည်း သတိထားလာမိတယ်။ အခုခေတ်က ဘာတွေမှန်းမသိတော့ ရမ်းမယုံရဲဘူး” လို့ အသက် ၂၅ နှစ် အရွယ် မဖြူပြာက သူသိသမျှကို ပြန်ပြောပြပါတယ်။ မိန်းကလေးတွေ အတွက်က အရာရာကို သတိထားရတယ်လို့ ၎င်းက ဆိုပါတယ်။ ဒီဆေးတွေနဲ့ပတ်သက်ပြီး အမှုအခင်းတွေ ဖြစ်ပွားနေတာနဲ့ သတင်းတွေကိုလည်း သတင်း ဂျာနယ်တွေမှာ ပါလာတာ တွေ့နေရတယ်လို့ လူငယ်တချို့က ပြောပါတယ်။
ဘယ်လိုလူတွေ မသုံးသင့်ဘူးလဲ
“နှလုံးရောဂါ ရှိနေရင်တော့ ဒီဆေးတွေလုံးဝ မသုံးသင့်ပါဘူး” လို့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။ ဒီလိင်စိတ်ကြွဆေး တွေဟာ လိင်အင်္ဂါမှာရှိတဲ့ သွေးကြောတွေကို ကျယ်စေရုံသာမက တခြားကိုယ်တွင်းအင်္ဂါတွေက သွေးကြောတွေကိုလည်း ကျယ်စေလို့ ခေါင်းကိုက်တာ၊ ခေါင်းအုံတာ၊ မျက်နှာတွေ နီရဲပြီး တစ်ကိုယ်လုံး ဖိန်းဖိန်းရှိန်းရှိန်း ဖြစ်လာတာတွေ ဖြစ်တတ်ကြောင်း ဒောက်တာညွန့်လွင် ပြောပြပါတယ်။ ထပ်မံပြီးတော့လည်း “ဒီဆေးက သွေးပေါင်ကိုလည်း ကျစေတဲ့အတွက် နဂိုက သွေးပေါင်ကျဆေး သောက်ထားရတဲ့သူတွေဆို သွေးပေါင်က ကျသင့်တာထက် ပိုကျသွားတာ၊ မူးလဲတာတို့၊ ရှော့ဖြစ်တာတို့ ဖြစ်နိုင်တာမို့ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဆေးသောက်နေရသူတွေ မသုံးစွဲသင့်ဘူး” လို့ ဒေါက်တာညွန့်လွင်က သတိပေးပါတယ်။
မှားယွင်းတဲ့အပြုအမူ
“မတော်တဆ သွေးကြောပိတ်သွားရင် အနာပေါက်လာပြီး ပြည်တည်ရင် ဖြတ်ရတဲ့အထိဖြစ် လာနိုင်တယ်” လို့ လိင် စိတ်ကြွဆေး ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ သုံးစွဲမှုနဲ့ပတ်သက်ပြီး ဆရာဝန်တစ်ဦးက ဆေးဘက်ဆိုင်ရာ ရှုထောင့်ကနေ ပြောပါတယ်။ ဘယ်ဆေးကိုမဆို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲခြင်းသည်သာ အန္တရာယ်ကင်းကြောင်း၊ ကိုယ့်သဘောနဲ့သုံးစွဲပြီး မှားယွင်းရင်လည်း နောက်ဆက် တွဲဆိုးကျိုးတွေရနိုင်လို့ လူငယ်တွေအနေနဲ့ ဒီဆေးဝါးတွေ မလိုအပ်ဘဲ မှားယွင်းသုံးစွဲပြီး ကျန်းမာရေး ချို့ယွင်းမှုတွေ မဖြစ်ပွားဖို့ သတိပြုသင့်ကြောင်း ဆရာဝန်တွေက ပြောဆိုကြပါတယ်။ ဒီဆေးတွေနဲ့ပတ်သက်ပြီးတော့ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်နေပြီလို့လည်း NGO တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အသက် ၂၄ နှစ်အရွယ် ကိုထွန်းဇော်က ဆိုပါတယ်။
(အထက်ပါဆောင်းပါးမှ လူငယ်တို့၏ အမည်များကို ကာယကံရှင်တို့၏ ဆန္ဒအရအမည်များ လွှဲပြောင်းထားပာသည်။)
သန့်ဇင်စိုး၊ ကြည်ကြည်လွင်
October 2010The Voice Journal
မှကူးယူဖေါ်ပြထားပါသည်

Thursday, 17 June 2010

စိတ်ဖိစီးမှုကို ဘယ်လိုကုစားမလဲ

မောင်သုံည

လူတခု ပူမှု ဆယ်ကုဋေ ဆိုသလို လိုလူတိုင်းမှာ အပူတခုစီတော့ ရှိကြစမြဲ မဟုတ်ပါလား ဘာတွေ ပူပင်သောကရောက်နေကြပါလဲ ၊ ပြောရင်တော့ ဆုံးမှာ မဟုတ်ပါဘူး ၊ တယောက်နဲ့ ယောက် တူကြမှာလဲ မဟုတ်ပါဘူး ၊ တချို့က အလုပ်ကိစ္စ ၊ တချို့က ငွေရေးကြေးရေး ၊ တချို့က အချစ်ရေး အိမ်ထောင်ရေး ၊ တချို့ကတော့ သားရေးသမီးရေး ၊ တချို့က တော့ ရှေ့ရေး ၊ နောင်ရေး စသဖြင့် အမျိုး မျိုး တွေးတောပူပန်နေကြမှာဘဲဖြစ်ပါတယ် ။
ဒါတွေကို အခုခောတ်မှာ တော့ Stress ခေါ်ဝေါ်သုံးစွဲလာကြပြီး ၊ ရောဂါတခု အနေနဲ့ ကုသနည်း
တွေရှာကြံလာနေကြပါတယ် ။ stress လို့ဘဲ ခေါ်ခေါ် စိတ်ဖိစီးမှုဝေနာလို့ဘဲခေါ် ခေါ် အားလုံးဟာ စိတ်ပူ
ပင်သောကရောက်ရခြင်း လို့ဘဲ ဆိုမှာ ဖြစ်ပါတယ် ။
အနောက်တိုင်းသိပ္ပံပညာရှင်များကတော့ Stress ဆိုစိတ်ရောဂါတမျိုးလို့သတ်မှတ်ပြိး ဥဏှောက်ကို
ုဓါတ်မှန်ရိုက်ကြည့်ပြီး ကုသခြင်းနည်းများဖြင့်သုသေသနပြုလုပ်ပြီး ကုသနေကြပါတယ် ။
အားဆေးများစားခြင်း ၊ ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်စေခြင်း ၊ ဆိုတာတွေကတော့သာမန် စိတ်ဖိစီးမှုဝေဒနာ မခံစားရသူများလဲ လုပ်သင့်ပါတယ် ။
ဒီနေရာမှာ အနောက်တိုင်းအတွေးခေါ်ပညာရှင်များနဲ့ ဗုဒ္ဓရဲ့အတွေးခေါ် (ဗုဒ္ဓဓမ္မ ) တို့ခြားနား
ပုံကိုတင်ပြဆွေးနွေးချင်ဖြစ်ပါတယ် ။ အနောက်တိုင်းအတွေးခေါ်ပညာရှင်တွေဟာရုပ်ဝတ္တုအပေါ်မှာသာအခြေ ခံပြီး စဉ်းစားတွေးခေါ် လုပ်ကိုင်ကြတဲ့အတွက် ၊ ခန္ဓာစစ်ကိုမသိမြင်နိုင်ကြဘူးလို့ ဆိုလိုချင်ပါတယ် ၊
ဒါကို သီတဂူ သပိတ်အိုင်တောရဆရာတော် ရှင်ညဏ်ဏိသရ ရဲ့ ဘဝတန်ဘိုးဆိုတဲ့တရားတပုဒ်မှာ
ဟောကြားထားတာနာဘူးသူများသိပါလိမ့်မယ် ။

တကယ်တော့ စိတ်ဖိစီးမှူဝေဒနာဆိုတဲ့ အတွက် ဒါဟာ စိတ်နဲ့သာဆိုင်တဲ့အတွက်
စိတ်ကို ကုစားရမှာသာဖြစ်ပါတယ် ။ စိတ်ဖိစီးမှုဝေဒနာဟာ စိတ်ရောဂါလို့ ဆို၇တဲ့အဆင့်အထိ
မရောက်သေးတဲ့အတွက် စိတ်ရောဂါ လို့ မဆိုနိုင်ပါဘူး ၊ သာမန်စိတ်ကိုဖြူစင်အောင်လုပ်တဲ့နည်း
များနဲ့ ကုသခြင်း ဟာအကောင်းဆုံးပါဘဲ ၊

စိတ်ရဲ့သဘောသဘာဝ ကိုကောင်းကောင်း နားလည်သဘောအောင်လေ့လာပြီး ၊ စိတ်ကိုနိုင် အောင်
ထိန်းနိုင်တဲ့အလေ့အကျင့်ကိုလုပ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု ဆိုတာ အလိုလိုပျောက်ကင်းသွားနိုင်ပါ တယ် ၊
ဗုဒ္ဓရဲ့ တရာတ်ာများအရ စိတ် နဲ့ ရုပ် ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကြီးမှာ စိတ်ဟာ အရေးအကြိးဆုံးဆိုတာကိုတွေ့မှာဖြစ်ပါတယ် ။
စိတ်ပူတယ် ၊ စိတ်ဆိုးတယ် ၊ ဒေါသဖြစ်တယ်ဆိုတာတွေဟာ ၊ စိတ်ရဲ့ ဖန်တီးမှုတွေဖြစ်တယ် ။
ဉပမာ တခုတင်ပြပါမယ် ၊
တခါက သူငယ်ချင်းတယောက်ကို သူအိမ်က အမေအသဲအသန်ဖြစ်နေတယ် အမြန်လာပါ
ဆိုတဲ့ သံကြိုးစာနဲ့ ခေါ်လိုက်တဲ့အတွက် သူအလုပ်လုပ်နေတဲ့ ဝေးကွာတဲ့မြို့ကနေ အမြန်ပြန်လာခဲ့ရပါတယ် ။
လမ်းတလျောက်လုံး အမေ့အတွက် စိတ်သောကရောက်လျက်နေခဲ့ရပါတယ် ။
ရန်ကုန်ရောက်တော့ အမေ့ကို ဘာမှမဖြစ်ဘဲ နေထိုင်အကောင်းသားနဲ့တွေ့မြင်ရတော့ တလမ်း
လုံး စိတ်သောကရောက် ခဲ့ရတာတွေ လွင့်ပျောက်ခဲ့ရပါတယ် ။ အကြောင်းဆုံကိုမေးကြည့်တော့ ၊ သူကို
အလုပ်ထဲမှာကောင်မလေးတယောက်နဲ့ဘာလိုလိုဖြစ်နေတယ်ဆိုတာသတင်းကြားလို့လှမ်းခေါ်လိုက်တာလို့သိရ
ပါတယ် ။ ဒီနေရာမှာ စဉ်းစားကြည့်စရာ အချက် ၂ ချက် ရှိလာပါတယ် ။
ပထမ တချက်က စိတ်ပူတယ် ဆိုတဲ့အကြောင်းအရာ နဲ့ တကယ်ဖြစ်နေတဲ့အကြောင်းအရာ
ဟာ တလွဲစီဖြစ်နေတာတာရယ် တကယ်မဖြစ်တဲ့အကြောင်းအရာပေါ်မှာတကယ်ထင်ပြီးစိတ်ပူနေရ
တာရယ် ဒုတိယအချက်က အဖြစ်မှတ်ကို တကယ်သိတော့စိတ်ပူတယ်ဆိုတာတွေဟာတယ်ရောက်ကုန်မှန်းမသိဘဲ ၊ ကြက်ပျောက်ငှက်ပျောက် ပျောက်သွား တာရယ် ၊ ဒီနှစ်ချက်ကို လေ့လာသင့်ပါတယ်

ဒါကြောင့်စိတ်ပူတယ် ၊ စိတ်သောကရောက်ရတယ် ဆိုတာ တွေဟာ မသေချာမရေရာတဲ့
အကြောင်းအရာတွေပေါ်မှာလဲ အခြေခံနိုင်တယ်ဆိုတာကိုသိထားသင့်ပါတယ် ။
တချိုက စိတ်ပူတာ ကိုဝါသနာပါတယ် အိပ်ရာထဲရောက်ရင် ဟိုအကြောင်းတွေး ဒီအကြောင်း
တွေးနဲ့ စိတ်ကူးနေတက်တယ် ၊ ရှေ့ရေးနောက်ရေးတွေ တွေးပြီး စိတ်ပူနေတက်တယ် ။
ကိုယ်အတွက်သာမက သူများအတွက်ပါ တွေးပြီး စိတ်ပူနေတတ်ပါတယ် ။
အဲဒါမျိုးကို မိုးကုတ်ဆရာတော်ဘုရားကြီးက ကိုယ့်ကိုယ် ကိုမီးရှိ့ နေတာလို့ ပြောပါတယ်

စိတ်ဖိစီးမှု ဝေဒနာကို ဘယ်လိုကုစားမလဲဆိုတာကို ပြောကြပါစို့
စိတ်ရဲ့သဘောသဘာဝ ကိုကောင်းကောင်း နားလည်သဘောအောင်လေ့လာပြီး ၊ စိတ်ကိုနိုင်
အောင် ထိန်းနိုင်တဲ့အလေ့အကျင့်ကိုလုပ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု ဆိုတာ အလိုလိုပျောက်ကင်းသွားနိုင်ပါ တယ် ၊
စောစောကပြောခဲ့တဲ့အတွက် ၊ စိတ်ဆိုတာကို လေ့လာကြအောင်ပါ
စိတ် ဟာ လူ မှာ တစိတ်ထဲရှိတယ် ၊ နှစ်စိတ် တပြိုင်ထဲ ပေါ်လေ့မရှိဘူး ၊ တစိတ်ပြီးမှ
နောက်တစိတ်ဖြစ်ရတယ်လို့ မြတ်စွာဘုရားဟော်တော်မူထားပါတယ် ။ ဟုတ်မဟုတ် ကိုယ်တိုင်လဲကြည့်နိုင် ပါတယ် ၊ အပ်ဇျားကလေးတခုပေါ်မှာ သဲမှုံကလေးတမှုံ့ ထဲသာတင်ထားနိုင်
ပါတယ် ။ သဲ နှစ်စေ့ တင်ထားလို့ မရပါ ၊ နောက်ထပ်သဲတစေ့ ထပ်တင်မယ်ဆို၇င် ပထမ အစေ့ က အောက်ကျပေးရပါတယ် ။ ဒီလိုပါဘဲ ၊ စိတ်ဟာ နှစ် စိတ် တပြိုင်နက် မပေါ်ကောင်းတဲ့တွက် တစိတ်ဖြစ်ပြိး ရင် နေက်တစိတ်ပေါ်ဘို့အတွက် ပျက်ပေးရပါတယ် ။
ဒါကြောင့် စိတ်ကို အထူးစောင့်ကြည့်တဲ့အလုပ်ကို လုပ်ကြည့်ပါ ၊ တရားထိုင်ခိုင်းတာမဟုတ်ပါဘူး ၊ တရားထိုင်ခိုင်းတယ်ဆိုရင် လူငယ်တွေက ဒါအသက်ကြီးမှ လုပ်ရမှာ ဘုန်းကြီးတွေလုပ်ရမှာဆိုပြိး မလုပ်ချင်ကြပါဘူး ၊ သင့်မှာ စိတ်ဖိစီးမှုဆိုတဲ့ ဝေဒနာရှိနေရင် ဒီနည်းကလေးကိုစမ်းကြည့်စမ်းပါ ၊ လို့ အကြံပေးချင်ပါတယ် ၊

စိတ်ကို ဘာအကြောင်းအရာမှ မတွေးတဲ့ အခြေအနေတခုကို ဖန်တီးထားပါ ၊ အာရုံတခုထဲကိုဘဲ အာရုံပြုထားပါ ၊ ဉပမာ နှာခေါင်းက လေရှု နေတယ် ၊ လေကိုပြန်သွင်းတယ် ဒါကို ဘဲ အာရုံ တခုထဲထားပြိး သတိနဲ့နေပါ ၊ ကြာကြာ နေလို့မရ ပါဘူး တခြား အာရုံတခုခု က ဝင်လာပါလိမ့်မယ် ၊ တွေးစရာ ပူပင် စရာ စိတ်ကိုဖိစီး နေတဲ့အကြောင်းအရာ တခုတခုပေါ့ သင်သတိ မထားလိုက်ရင်တော့ အဲဒီအာရုံနောက်ကိုစိတ်ကမြောပါသွားပါ လိမ့်မယ် ။ သင် သတိရလို့  လေရှူနေတာကို သိလိုက်ရင် စောစော က၀င်လာတဲ့ အတွေးတွေပျောက်သွားပါ
သင် သတိရလို့ လေရှုနေတာကို ပြန်သတိရ လိုက်ဆိုရင် တော့ စောစောကဝင်လာတဲ့ အတွေးတွေပျောက် သွားပါလိမ့် မယ် ၊ စိတ်ဆိုတာ နှစ်စိတ် တပြိုင်ထဲဖြစ်လို့ မှ မရဘဲ ကိုး

အခု ကမ္ဘာ့ဘောလုံးပွဲနဲ့တိုက်ဆိုင်နေလို့ ဘော်လုံး ဉပမာနဲ့ပြောရရင်
သင့်ကိုယ် သင် ဂိုး သမားလို့ မှတ်ထားပါ ၊ ဘော်လုံးမဝင်အောင်ဂရုစိုက်ပြီး ၊ စောင့်ကြည့် နေရတယ် မဟုတ်ပါလား ၊ ၀င်လာရင် ပြန်ပုတ်ထုတ်ပစ်ရတယ် မဟုတ်ပါလား

ဒီလို ဘဲ စိတ်ကို ဝင်လေ ထွက်လေ ရှူတဲ့နေရာမှာ တည်နေအောင်ထားပါ ၊ အပြင်က စိတ် တွေ ၊ တွေးစ၇ာ
တွေ ၊ တွေးစရာတွေ ဝင်လာရင် သတိရှိရှိနဲ့ပြန်ုမောင်းထုတ်ပစ်လိုက်ပါ ၊
ပထမ တော့ အတွေး တွေ ဝင်ပါမယ် ၊ တခါတလေမြောပါသွားပါမယ် ၊ ကိစ္စမရှိ ပါ ။ ၅ မိနစ် ၁၀ မိနစ် တဖြေး
ဖြေး အလေ့အကျင့်လုပ်ယူပါ ၊ ကြာရင် စိတ်ကို ကိုယ်ကနိုင်ပြီးလာ ပါလိမ့် မယ် ၊
ဘာကိုမှမတွေးဘဲ နေရတဲ့အရသာကိုတွေ့မြင်လာပါလိမ့်မယ် ။
စိတ်ဖိစီးမှုဝေဒနာ နဲ့ မကြုံတွေ့ရလေအောင် ကိုယ်ကလဲ တက်နိုင်သမျှ ပြဿနာများနဲ့ မကြုံတွေ့ ရအောင်
ရှောင်ပါ ၊ ရှုတ်ထွေးစေတဲ့အလုပ် ၊ ပြဿနာတက်မဲ့အလုပ်များကိုရှောင်ရှားပါ ။
မိမိမှာ လောလောဆယ်စိတ်ရှုတ်ထွေးစေတဲ့အကြောင်းအရာများကို စာရွက်ပေါ်မှာနံပါတ်စဉ်
ထိုးပြီးရေးချလိုက်ပါ ၊ ပြီးရင် ပြဿနာ တခုခြင်းကို ဘယ်နေ့ဘယ်အချိန်မှာအပြီးဖြေရှင်းမယ် ။ ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုတာကို စဉ်းစားပြိး ရေးချထားပါ ၊ အရင်ဖြေရှင်းရမှာကို အရင် နောက်မှဖြေရှင်းရမှာကို နောက်မှ စသည်ဖြင့် အချိန်ကာလ ကို ခွဲခြားထားပါ ၊
စောစောစီးနဲ့လွယ်လွယ်ကူကူဖြေရှင်းရမှာကို အရင်ဖြေလိုက်ပါ ၊ ကြာကြာစွဲမထားပါနဲ့
ဖြေရှင်းရမဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ရေးထားပြီးရင် ခေါင်းထဲက ထုတ်ပစ်
လိုက်ပါ ။ အဓိပါယ်ကင်းမဲ့တဲ့ အတွေးမျိုးနဲ့စိတ်သောကရောက်နေတာမျိုးကိုလုံးဝဖယ်ရှားပြစ်
ပါ ၊ မျောက် ဟာ မြေပြိဲုမှာစိုးလို့ သစ်ပင်ပေါ်ကနေ တညကို ၃ ခါ ဆင်းဆင်းပြိး မြေကြိးကိုစမ်းကြည့်
သတဲ့ ၊ တစ်တီးတူးငှက်က မိုးပြိုမှာစိုးလို့ ခြေထောက်ကိုမိုးပေါ်ထောင်အိပ် တယ် တဲ့
ငလျင်လှုတ်ရင် ဘယ်လိုလုပ်မလဲ ၊ ရေကြီးရင်ဘယ်လိုလုပ်မလဲ ၊ ကမ္ဘာကြိးကို တခြားဂြိုလ်
တခုနဲ့တိုက်မိရင်ဘယ်လိုလုပ်မလဲ ၂၀၁၂ ခုနှစ် မှာ ကမ္ဘာကြီးပျက်မယ်တဲ့  စတဲ့ မရေရာတဲ့မသေချာတဲ့ အကြောင်းအရာတွေပေါ်မှာ တွေးပြီးစိတ်သောကရောက်မနေပါစေနဲ့ ၊

လူဟာ အာရုံနဲလေ စိတ်ချမ်းသာလေ ၊ မို့ အာရုံကို များများ မရှာပါနဲ့
တတ်နိုင်သမျှ အာရုံနဲ နိုင်သမျှ နဲအောင် နေထိုင်သွားမယ်ဆိုရင် စိတ်ဖိစီးမှုဝေးနာ နဲ့လဲ ကင်းဝေးမှာဖြစ်ပါ ကြောင်းတင်ပြလိုက်ရပါတယ်
မဟာမြိုင်တောရ ဆရာတော် ဉီဇောတိကရဲ့ စိတ်ဖိစီးမှု ဝေဒနာနဲ့ ပတ်သက်တဲ့ တရားကိုဆက်လက်နားကြားနိုင်ပါတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ

VOA အသံလွင့်ဌာနမှ တင်ဆက်ထားတဲ့ ဒေါက်တာခင်ဝင်းနွယ် ရဲ့  စိတ်ဖိစိးမှုအကြောင်း နဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ကလေး
ကိုလဲ နားထောင်ကြည့်ပါအုံး

ဒေါက်တာခင်ဝင်းနွယ်ပြောသွားတဲ့အထဲမှာ ကိုယ်ရဲ့ ခံစားချက်တွေကိုရင်ဖွင့်ပေး၇ပါတယ် ဆိုတာ ဟုတ်ပါတယ် ၊ လူတယောက်ဟာ သူခံစားနေရတဲ့ ဝေဒနာ ( ပြဿနာကို ) တစုံတယောက်ကိုရင်ဖွင့်လိုက်ရရင်ရောဂါဟာ တ၀က်လော့လျော့ကျသွားတယ်လို့ ဆိုပါတယ် ၊ ကျွန်တော်ကတော့ သူငယ်ချင်းတွေ၇ဲ့ ဟိုတုန်းကပေါ့လေ သူတို့ ရဲ့ အချစ်ဝေဒနာနဲ့ပတ်လို့ ကြုံတွေ့ လာ၇င် ၊ သူတို့ ၇ဲ့ ၇င်ဖွင့်သံကို ကောင်းကောင်းလေး နားထောင်ပေးတက်တဲ့သူတယောက်ပါ ၊ မိတ်ဆွေတို့ လဲ ရင်ဖွင့်ချင်တယ်ဆိရင် ကန်တော်ရိပ်သာမှာရင်ဖွင့်လို့ ၇ပါတယ် ၊ အဘိုးအမပေး၇ဘဲ နဲ့ ရင်ဖွင့်လို့ ရပါတယ်

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့  သိီအားရင်သီးခြားဆောင်းပါတပုဒ်ရေးဘို့ စီစဉ်ထားပါတယ် ၊

မိတ်ဆွေများစိတ်ဖိစီးမှုကင်းဝေးကြပါစေ

မောင်သုံည

Tuesday, 15 June 2010

ဆေးမြီးတိုကဏ္ဍ

ဒီကနေ့တင်ပြမဲ့ဆေးမီးတိုကလေးတခုကတော့
ကိုယ်လက်မလှုတ်ချင် ၊ မရှားချင် လေးလံထိုင်းမှိုင်းပြီး မအီမလယ်ဖြစ်နေသူများအတွက် ကွမ်းရွက်ပြုတ်ရေ နဲ့ရေချိုးပေးပါတဲ့ ၊ ကွမ်းရွက် လက်တဆုတ် သို့မဟုတ်
နှစ်ဆုတ်ဆာလောက်ကို ရေနဲ့ထဲ့ပြုတ်ပြိး ရေနွေးနွေးဖြစ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်အနှံ့ထိအောင် ရေချိုးပေးပါတဲ့ ၊ ရေချိုးနေရင်း အခိုးတွေပွင့်ထွက်ပြီးပေါ့ပါးလာပါလိမ့်မယ်တဲ့ခင်ဗျာ ။
တကိုယ်လုံးယားယံပြိး ၊ အဖုအပိန့်များထွက်လာရင် ဘာလုပ်ရမလဲ
သံပုရာမြစ်ကိုဆားနဲ့သွေးလိမ်းပါတဲ့ ၊ မိနစ်အနည်းငယ်အတွင်းပျောက်ကင်းသွား
ပါလိမ့်မယ်တဲ့ခင်ဗျာ
နောက် ထပ်ပြိး မှိုကြိုက်တက်သူများ မှိုချက်စားရင်မှိုက အဆိတ်အတောက် ရှိတာမို့ မှိုမတောက်အောင် မှို ချက်ရင် မှိုနဲ့ကဇွန်းရွက် ငရုပ်သီးစိမ်းရောပြီးချက်စားပါက မှိုစားပြီးအိပ်ချင်တာတို့ ၊ အဆိပ်အတောက်ဖြစ်တာတို့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ် ၊
မှိုအမျိုးအစား အမျိုးမျိုးရှိတာမို့ အကောင်းဆုံးကတော့ ကိုယ်စားနေကြစားကောင်းတဲ့မှို ၊ ကောက်ရိုးမှို
ဝါးဘိုးမှို လိုဟာမျိုးကိုသာစာသင့်ပါတယ် ။
မှိုကရတဲ့ဗီတာမင်ကလဲ သိပ်တော့မဟုတ်လပါဘူးနော်
အထက်ပါဆေးနည်းများကို တော့ဘန်ကောက်သံသားနားချင်စရာ သောတရှင် မသဲဖြူဝင်း က
ပေးပို့ထားတာဖြစ်ပါတယ် ခင်ဗျာ
မူးဝေခြင်း ၊ မောပန်းခြင်း ၊ ညောင်းညာကိုက်ခဲခြင်း နဲ့ လေရောဂါအမျိုးမျိုးတွက်
အကောင်းဆုံးဆေးနည်းကတော့ ဆီးဖြူသီး ကို မကျက်တကျက်ပြုတ် ၊ ပြိးရင်
အစေ့များထုတ်ပြီးထောင်းပါ ၊ နောက် သကြားနဲ့ရောမွှေပါ၊ နောက်သံပုရာသီးညှစ်ထဲ့ ၊
ပြီးရင် ၊ ဆားထဲ့ပြီး ၊ ဖန်ပုလင်းသန့်သန့်ထဲ သိပ်ထားပါ ၊ ၁၅ ရက်ကျော်လာတော့မှ
တနေ့သုံးဇွန်း မနက် ၊ တဇွန်း ၊ နေ့လည် တဇွန်း ၊ ည တဇွန်း စားပေးပါတဲ့
ရောဂါကင်းပြိး ၊ သက်ရှည်ကျန်းမာ ပါလိမ့်မယ် တဲ့ခင်ဗျာ ။
ဒီဆေးနည်းကိုတော့ ရှင်ပဏ္ဍိတ ( မိလောက် ) ကပေးပို့ထားတာ
ဖြစ်ပါတယ် ခင်ဗျာ
တကယ်တော့ ခောတ်မှီတိုးတက်လာတဲ့ခောတ်ကြီးမှာရောဂါအနာတရများဖြစ်လာ
ခဲ့ရင် သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ဆရာဝန် များကိုပြသပြီးကုသနိုင်ရင်တော့အကောင်းဆုံးပါဘဲ
ဒါပေမဲ့ တချို့ကျေးလက်တောရွှာများဟာ ဆေးရုံဆေးပေးခမ်းများနဲ့အလှမ်းဝေးနေတာကြောင့်
ရောဂါအနာတရများဖြစ်တဲ့အခါ မြန်မာ့ဆေးမြီတိုများနဲ့ကုသခဲ့ကြရပါတယ် ။
တချို့မြန်မာ့ရိုးရာဆေးမြီးတိုများဟာ တကယ်ထိရောက်ပြီး အသုံးဝင်တာတွေ့ရပါ
တယ်၊ ဒါကြောင့် မြန်မာ့ရိုးရာဆေးမြီးတို ကဏ္ဍကို ဖွင့်လှစ်ပြီး အပတ်စဉ်ဖေါ်ပြပေးဘို့စီစဉ်ထား
ပါတယ် သောတရှင်များအနေနဲ့လဲ ကိုယ်တွေ့သုံးစွဲလို့ပျောက်ကင်းနိုင်တဲ့ ရိုးရာဆေးမြီးတိုများကို
ကန်တော်ရိပ်သာကို ကိုစာရေးသားပေးပိုမယ်လိုရင် အထူးကျေးဇူး
တင်စွာဖြင့် အများအကျိုးအတွက်ဖေါ်ပြပေးသွားမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ် ခင်ဗျာ ။
ကျန်းမာရွှင်လန်းကြပါစေ

မောင်သုံည