တက္ကသိုလ်မောင်သုည
စာရေးသူ၏ နိဒါန်း
စာရေးသူသည်၂၀၁၈ခုနှစ်ဦးပိုင်းကရန်ကုန်မြို့ရှိအပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်တွင်“ယနေ့ ကမ္ဘာ နဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ“ဟူသောခေါင်းစဉ်ဖြင့်
စာပေဟောပြောခဲ့ပါတယ်၊ဟောပြောပွဲဘိတ်ကြားသူများကဆရာတို့ကနို်င်ငံခြားမှာနေ
တာဆိုတော့တစ်ခြားနိုင်ငံတွေရဲ့ထေရ၀ါဒဗုဒ္ဓဘာသာအခြေအနေများလဲသိချင်ပါတယ်
ဆိုတဲ့အတွက်လက်လှမ်းမှီသမျှရှာဖွေပြုစုပြီးဟောပြောခဲ့တာဖြစ်ပါတယ် ။
ဟောပြောတဲ့အချက်အလက်တွေထဲမှာကမ္ဘာပေါ်ရှိဘာသာကြီး၎မျိုးနဲ့ကိုးကွယ်သူ
ဦးရေစာရင်းများ၊ထေရ၀ါဒ ( ၅ )နိုင်ငံရှိလူဦးရေနဲ့ကိုးကွယ်သူစာရင်းများကိုနှိင်းယှဉ်
တင်ပြတဲ့ အခါမှာ (Power Point ) မရှိတဲ့အတွက်လိုက်ပြီးရေးမှတ်ဘို့အဆင်မပြေတာတွေ့ရပါတယ်။ယခုအခါမြန်မာနိုင်ငံတွင်တစ်ခြားဘာသာဝင်များကဗုဒ္ဓဘာသာဝင်များ
ကိုနည်းမျိုးစုံဖြင့်မက်လုံးများပေးပြီးသိမ်းသွင်းစည်းရုံးမှုများပိုမိုများပြားလာနေတာတွေ့
နေရပါတယ်၊ ဗုဒ္ဓဘာသာဝင်များအနေနှင့် ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ အနှစ်သာရကိုခြေခြေ
မြစ်မြစ်လေ့လာသိရှိလိုက်နာကျင့်သုံးမှုမရှိသူများအနေနှင့် တစ်ခြားဘာသာများရဲ့ စည်းရုံးမှုများကိုဟုတ်သလိုလိုနှင့်နားရောင်ပြီးဘာသာကူးပြောင်းသွားသူများလဲတွေ့နေရတဲ့အတွက် ။
“ထေရ၀ါဒဗုဒ္ဓဘာသာနှင့်စိမ်ခေါ်မှုများ”အမည်နှင့် စာတမ်းအဖြစ်ရေးသားပြုစု
တင်ပြလိုက်ပါတယ်။ယခုစာတမ်းတွင် ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာဘာလဲ၊
ဗုဒ္ဓသည် ကယ်တင်ရှင် ၊ ဖန်ဆင်းရှင်မဟုတ် ၊ မိမိပြုလုပ်သောမကောင်းမှုများကိုဘုရား
က၀င်ခံပေးမှာမဟုတ် ၊ မိမိသာခံရမယ်၊ ကောင်းတာလုပ်ရင် ကောင်းတာခံရမယ်၊မကောင်းတာလုပ် ရင် မကောင်းတာခံရမယ်။ဘုရားကိုဘာလို့ရှစ်ခိုးတာလဲစတဲ့ အကြောင်းများကိုရှင်းလင်းတင်ပြထားတာဖြစ်ပါတယ် ။