ဘိတ်သိက်ပြိုင်
ပြိုင်ပွဲထုံးစံ
ရှုံးမခံလည်း
နိုင်ပြန်အရှုံး
ဇာတ်မဆုံးဘူး
အမုန်းသံသရာ လည်ကြပြီ ...
အမှန်ကိုမြင်
အမှားပြင်မှ
ကင်းစင်မာန
အတ္တမပါ
သာယာအေးချမ်းရှိလေမည်...
ပြိုင်ပွဲတို့ထုံးစံတွင်
အနိုင်နှင့်အရှုံးရှိရစမြဲပင်
သို့သော်ထိုပြိုင်တွက်ကား ဘယ်သူမှုမရှုံး
ရှုံးသူမရှိ
နှစ်ယောက်စလုးံအနိုင်ရကြသည်
ဘာပြိုင်ပွဲများပါလိမ့်
သိချင်ကြပေမည်
ရှေးမြန်မာ့ထုံးတမ်းစဉ်လာအရ ရှင်ပြုနားသမင်္ဂလာ -
ထိမ်းမြားမင်္ဂလာအခန်းအနား
များတွင်အခန်းအနားဖွင့်လှစ်သော
အခါဘိတ်သိက်ဆရာများက မင်္ဂလာသြဘာစာများဘတ်
ကြား၍ဖွင့်လှစ်ပေးကြသည်၊ဘိတ်သိက်ဆရာတို့၏စာပေကျမ်းဂမ်ကြွယ်ဝမှု-အင်္လကာတေး
ထပ်-ရတုရကန်
တို့ကိုအသံနေအသံထားကောင်းမွန်စွာဖြင့်ရွတ်ဖတ်ပေး၍အခန်းအနားကိုဖွင့်
လှစ်ပေးကြသည်သည်၊
ထိုအလေ့ထိုဓလေ့မှာ
ယခုအခါတိမ်မြုပ်ပျောက်ကွယ်လုလုဖြစ်နေပါပြိ -
ထိုနေရာတွင်အခမ်းနားမှုး ( Master of
ceremonie ) တယောက်က တာဝန်ယူလုပ်
ဆောင်ပေးကြသည် အခုခောတ်တော့ ( Presenter )
ဟုပြောင်းလဲခေါ်ဆိုကြပြီးထိုနေရာတွင်
လုပ်ဆောင်ကြသည်၊
( Master of ceremonie ) နှင့် ( Presenter ) တို့မှာ အနည်းငယ်ကွာ
ခြားပါသည်
( Presenter ) က ကုန်ပစ္စည်းကြော်ငြာ မှုကိုလဲ အပြောကေင်းကောင်းဖြင့်ကြော်ြ့ငာ
ပေးနိင်သူဖြစ်ပါသည်၊
12 – 06 – 2012 အင်္ဂါနေညပိုင်းတွင် MRTV3 INTERNATIONAL ရုပ်သံလိုင်း မှ ဘိတ်သိက်ပြိုင်
ဟူသောဇာတ်လမ်းတခုထုတ်လွှင့်ခဲ့သည်၊(ထိုဇာတ်လမ်းကို
2010 ခုနှစ်ကတည်ကပြသခဲ့ဘူးသည်
ဟုသိရပါသည်။
စာရေးသူသည်ယခုတကြိမ်ပထမဦးဆုံးကြည့်ရှုလိုက်ရခြင်းဖြစ်သည် )
ထိုဇာတ်လမ်းမှာ
သဘင်မဂ္ဂဇင်းပါဆိုင်းဆရာစိန်တင်ဟန်ရေးသားသောကိုယ်တွေ့ဆောင်းပါး
ကိုအခြေခံရိုက်ကူးထားသောဇာတ်ကားဖြစ်သည်၊
ဘိတ်သိက်ပြိုင် တဲ့
အလွန်ထူးဆန်းနေသည် - ဘိတ်သိက်ဆရာနှစ်ဦးကဘိတ်သက်ကိုသူနိုင်ကိုယ်
နိုင်အပြိုင်၇ွက်ဖတ်ကြသည့်ပွဲဖြစ်သည်
-ပျောက်ကွယ်လုလုဖြစ်နေသောမြန်မာ့ရိုးရာအဆင်အလာကို
ပြန်လည်ဖေါ်ထုတ်ပေးသောဇာတ်ကားတကားဖြစ်သလိုအလွန်တန်ဘိုးရှိသောအသိတရားများကိုပါ
ထည့်သွင်းဖေါ်ညွန်းထားသောဇာတ်လမ်းပြကွက်တခုဖြစ်ပါသည်၊
ဆက်လက်ပြီး
အရှည် အရှည် အညွှန်းလိုတော့ပါ ဇာတ်လမ်းတွင်ပါဝင်သော စကားပြောခန်းတချို့ကို
အသံဖိုင်ဖြင့်
တင်ပြလိုက်ပါသည် ၊
စာရေးဆရာချစ်ဦးညို
နှင့် စာရေးဆရာလယ်တွင်းသားစောချစ်တို့ ဆောင်းပါးနှင့်ပတ်သက်ပြီး
ပြောဆိုကြသောစကားများ
ဇာတ်လမ်း၏နောက်ဆုံးတွင်
ဘိတ်သိက်ဆရာ နှစ်ဦး အပြန်အလှန်
ဝန်ချတောင်းပန်ကြသော
စကားများ
သူ့ဂုဏ်ကိုယ်မြှင့်ကိုယ့်ဂုဏ်မြင့်၏
သူဂုဏ်နှိမ့်ချ-
ကိုယ့်ဂုဏ်ကျ၏
မောင်သုည
ဇတ်လမ်းကို
ကြည့်ရှုခံစားလိုပါက
အောက်ကလင့်မှာ
သွားရောက်ကြည့်ရှုနိုင်ပါသည်
Myint Swe