Saturday, 6 November 2010

ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်း



ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်း
Thursday, 14 October 2010 00:00 7Day News Journal

ကိုယ်ခန္ဓာ တစ်ခုလုံး၏ လှုပ်ရှားမှု များကို ထိန်းချုပ် ထားသော ဦး နှောက်သည် ဆန်းကြယ် ရှုပ် ထွေးသော အစိတ် အပိုင်းများဖြင့် တည်ဆောက်ထားပြီးအသိဉာဏ် မှတ်ဉာဏ် အပြုအမူများအား ထိန်းချုပ်သည့် နေရာ၊ လက်လှုပ်၊ ခြေလှုပ်စသည့် လှုပ်ရှားမှုများအား ထိန်းချုပ်သည့်နေရာ၊ စကားပြော အမြင်အာရုံအား ထိန်းချုပ်သည့် နေရာလည်း ဖြစ်သည်။
ထိုကဲ့သို့ လှုပ်ရှားမှုများအား ထိန်းချုပ်ထားသည့် ဦးနှောက်တွင် ပြဿနာ တစ်ခုခု ဖြစ်ပါက ထိုလှုပ်ရှားမှု စနစ်များ ပျက်ယွင်း သွားလေ့ရှိသည်။
ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနသို့ ရောက်လာသည့် လူနာများ၏ ၆၀ ရာခိုင်နှုန်းမှာ ပုံမှန်အားဖြင့် ဦးနှောက်တွင် မတော်တဆ ထိခိုက်မှု တစ်ခုခုကြောင့် ရောက်လာသည့် လူနာများဖြစ်ပြီး ဒုတိယ အများဆုံးမှာ ဦးနှောက်တွင် အကျိတ်ဖြစ်သည့် လူနာများ ဖြစ်ကြောင်း ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနမှ ခွဲစိတ်အထူးကု ဆရာဝန် ပါမောက္ခ ဦးဝင်းမြိုင်က ပြောသည်။
“ဒီဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာန နှစ်ထပ်လုံးမှာ ဦးနှောက် အကျိတ်ရောဂါရှင် တစ်လကို အယောက် ၂၀ ကနေ ၃၀ ကြား ခွဲစိတ်နေရတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
ဦးနှောက်တွင် အကျိတ် ဖြစ်ခြင်းသည် ကလေးလူကြီး မရွေး ဖြစ်ပွားနိုင်ပြီး နေထိုင်မှုပုံစံ၊ အစားအသောက် မျိုးရိုးများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။
“ဦးနှောက် အကျိတ် ဖြစ်တာက အဲဒါတွေနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာတော့ အခုချိန်ထိ မသိနိုင်သေးပါဘူး” ဟု ပါမောက္ခ ဦးဝင်းမြိုင်က ပြောသည်။ ဦးနှောက်တွင် အကျိတ် ဖြစ်သည့်အခါ ကလေးများတွင် များသောအားဖြင့် ကင်ဆာ အမျိုးအစားထဲတွင် ပါဝင်လေ့ရှိသည်။ လူကြီးများတွင် ရိုးရိုးအကျိတ်နှင့် ကင်ဆာ အကျိတ်များ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ကလေးများ၏ ဦးနှောက်တွင် အကျိတ် ဖြစ်ပေါ်သည့်အခါ စကားမပြောနိုင်သည့် အရွယ်တွင် ကလေးမှာ ငိုနေခြင်း၊ ဂျီကျခြင်း၊ မှိန်းခြင်း၊ အန်ခြင်း၊ လမ်းလျှောက် တတ်သည့် အရွယ်တွင် လမ်းမလျှောက်နိုင်၍ လဲကျခြင်းတို့မှာ ဦးနှောက်အကျိတ် ဖြစ်ခြင်း၏ လက္ခဏာ များဖြစ်သည်။
လူကြီးများ တွင်လည်း ခေါင်းကိုက်ခြင်း၊ အရှိန်ဖြင့်အန်ခြင်း၊ မျက်စိများ ဝေ၀ါးခြင်း၊ ပုံရိပ်များ ထပ်ခြင်း၊ လေဖြတ်သကဲ့သို့ ခန္ဓာကိုယ် တစ်ခြမ်း လေးလံခြင်း၊ တက်ခြင်းတို့မှာ ဦးနှောက် အကျိတ် ရောင်ခြင်း၏ ရောဂါလက္ခဏာ များဖြစ်ကြောင်း ဒေါက်တာဦးဝင်းမြိုင် ကပြောသည်။
“လူကြီးတွေမှာ အကျိတ်ကြောင့် ခေါင်းကိုက်တဲ့ ပုံစံက သိသာတယ်။ မနက်အိပ်ရာထတဲ့ အချိန်တိုင်း နေ့တိုင်းဖြစ်ပြီး ကျန်တဲ့ အချိန်မှာတော့ ခေါင်းကိုက်တာမျိုး မရှိဘူး။ ပြီးတော့ အကျိတ် ဖြစ်ပေါ်တဲ့ နေရာပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေ ပြသတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
အချိန်မီ ဆေးကုသမှု မရှိသည့်အခါ လူနာသည် တဖြည်းဖြည်း မှိန်းလာပြီး နောက်ဆုံးအဆင့်တွင် အသက်ဆုံးရှုံးသည် အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
“အရင်ကတည်းက ဒီရောဂါ ဖြစ်ပွားနေတာ။ ဒါပေမဲ့ အရင်တုန်းက မသိကြတဲ့အတွက် နယ်မှာ ဆိုရင်လည်း ကိုယ်တစ်ခြမ်း လေးလာရင် လေဖြတ်တယ် ဆိုပြီး မြန်မာ ဆေးဆရာတွေ၊ အနှိပ်သည်တွေနဲ့ ပြသရင်း နောက်ဆုံး အသက်သေသွား ကြတာတွေရှိတယ်” ဟု ဒေါက်တာဦးဝင်းမြိုင်က ပြောသည်။
ဦးနှောက်တွင် အကျိတ်ဖြစ်ပါက ဦးနှောက် ဓာတ်မှန်ရိုက်၍ သိနိုင်ပြီး၊ ဦးနှောက် အကျိတ်တွင် အစိုင်အခဲ အကျိတ်နှင့် အရည်အိတ် အကျိတ်နှစ်မျိုး ရှိကြောင်း သိရသည်။
အကျိတ်အတိုင်း ခွဲစိတ်ကုသမှသာ သက်သာ နိုင်သော်လည်း ၂ စင်တီမီတာထက် သေးငယ်သော အကျိတ်များအား ဆေးနှင့်ပင် ကုသ၍ အရည်အိတ်၊ အကျိတ်မျိုးမှာ ခေါင်းတွင် အပေါက် ဖောက်၍ စုပ်ယူပြီးမှသာ ကင်ဆာ ဟုတ်မဟုတ် စစ်ဆေးမှုများ ပြုလုပ်၍ ကုသရပြီး၊ အစိုင်အခဲ အကျိတ်မှာ ဦးခေါင်းဖွင့်၍ အကြီးစား ခွဲစိတ်မှုများ ဆောင်ရွက်ရကြောင်း သိရသည်။
“ကင်ဆာကြောင့် ဖြစ်တာဆိုလည်း ခွဲစိတ်ပြီး နောက်ပိုင်း ဆေးနဲ့ကုသ တာတွေ၊ ဓာတ်ကင်တဲ့ နည်းတွေနဲ့လည်း ဆက်လက် ကုသရပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
ယခုနောက်ပိုင်း ဦးနှောက် ရောဂါရှာဖွေသည့် စက်များ ကောင်းမွန်ခြင်း၊ လူအများတွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ များပြားလာခြင်း၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာနများ တိုးချဲ့ ဖွင့်လှစ်လာခြင်း တို့ကြောင့် ဦးနှောက်အတွင်း အကျိတ်ဖြစ်သည့် လူနာများ ပိုမိုတွေ့ရှိ လာရကြောင်း သိရသည်။
“ကျွန်တော့် ညီမလေး ဦးနှောက်မှာ အကျိတ်ဖြစ်လို့ ဆေးရုံမှာ တက်နေရတဲ့ အချိန်မှာ ဘေးနားမှာလည်း အဲဒီလို လူနာတွေ အများကြီး တွေ့ရတယ်။ တချို့ကတော့ တစ်ကြိမ်ခွဲစိတ်ပြီး သက်သာတာ ရှိသလို တချို့ကျတော့လည်း ထပ်ခွဲစိတ်ရတာ တွေရှိတယ်” ဟု မန္တလေးမြို့နေ အသက် ၅၀ခန့် အမျိုးသားတစ်ဦး ကပြောသည်။
ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်းသည် စတင် ဖြစ်ပွားသည့်အချိန်၌ ရောဂါလက္ခဏာ မပြသည့်အတွက် ဆေးရုံရောက်သည့် အချိန်တွင် အကျိတ်ကြီးပြီး နောက်ကျမှ ရောက်လာမှု များလေ့ရှိကာ အကျိတ်ကြောင့် မျက်စိဝေ၀ါး လာသည့်အခါ မျက်စိမှုန်၍ မျက်စိဆရာဝန်နှင့် သွားရောက် ပြသသည့်အခါမှ မျက်စိဆရာဝန်မှ တစ်ဆင့် ရောက်လာသူ များကြောင်း သိရသည်။
ဦးနှောက်အကျိတ် ခွဲစိတ်မှုအား ထိုင်းနိုင်ငံတွင် သွားရောက် ခွဲစိတ်ကုသ ပါက ကျပ်သိန်း ၂၅၀ခန့် ကုန်ကျနိုင်ပြီး ပြည်တွင်းတွင် ခွဲစိတ်ပါက ကျပ် ၅ သိန်းခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

October 2010 00:00 7Day News Journal

မှကူးယူဖေါ်ပြထားပါသည်

လူငယ်နှင့် စိတ်ကြွဆေး




တရုတ်စာသားများ ရေးထိုးထားတဲ့ အနီရောင်နဲ့ အဖြူရောင်စပ် ဆေးတောင့်လေးများရဲ့ဈေးက ရာဂဏန်းကနေ သောင်းဂဏန်းနီးပါး အထိရှိပါတယ်။
ဒီဆေးတွေကတော့ လူငယ်တချို့အကြား သုံးစွဲမှု မြင့်မားနေတယ်လို့ဆိုတဲ့ လိင်စိတ် ကြွဆေးတွေပါ။ ဒီဆေးတွေနဲ့ ပတ်သက်ပြီး အမျိုးသား သုံးဆေးတွေရှိသလို၊ အမျိုးသမီးတွေ လိင်စိတ်ကြွလာစေဖို့ ကော်ဖီ၊ အဖျော်ယမကာထဲ ထည့်တိုက်ရတဲ့ ဟော်မုန်းဆေးတွေလည်း ရှိတယ်လို့ ဆေးရောင်းချသူ တစ်ဦးထံက သိရပါတယ်။ ဒါကြောင့် ဒီဆေးသုံးစွဲသူတွေ၊ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ဈေးကွက်ထဲမှာ ရောင်းချနေသူတွေကို တွေ့ဆုံဖော်ပြလိုက်ပါတယ်။
တကယ်တမ်းက
“အမျိုးသားတွေမှာ ပန်းသေ ပန်းညှိုးနဲ့ ကိုယ်တွင်းရောဂါ အခြေအနေ တစ်ခုခုကြောင့်ဖြစ်စေ၊ ကျောရိုး ထိခိုက်ဒဏ်ရာ ရလို့ဖြစ်စေ အမျိုးသားဟိုမုန်း ထုတ်လုပ်မှု ကျဆင်းလာပြီး လုံးဝ မထုတ်လုပ်တော့တဲ့ အခြေအနေမှာမှ ဒီလိုဆေးမျိုးသုံးရတာပဲ” လို့ အထွေထွေရောဂါကု ဆရာဝန် ဒောက်တာညွန့်လွင်က ရှင်းပြပါတယ်။ ဒါပေမဲ့ ဘာရောဂါ ဝေဒနာမှမရှိဘဲနဲ့ ဒီလိင်စွမ်းဆောင်ရည် မြှင့်ပေးတယ်လို့ဆိုတဲ့ ပန်းသေပန်းညှိုးသမားတွေ အသုံးပြုရမယ့်ဆေးကို ပုံမှန်လူငယ်တွေ သုံးစွဲမယ်ဆိုရင် ဆေးဝါးတွေကနေ ကောင်းကျိုးထက် ဘေးထွက်ဆိုးကျိုးက ပိုများနေမှာဖြစ်တယ်လို့ ဒေါက်တာညွန့်လွင်က ထပ်မံသတိပေး ပြောပြပါတယ်။
“မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေ တချို့ ဒီလိင်စိတ် ကြွဆေးတွေ သုံးစွဲတာတွေ့ရတယ်။ သူတို့ တိုက်တွန်းလို့ အဲဒီဆေးတွေ သုံးစွဲဖူးတယ်။ ဒီဆေးတွေရဲ့ ဆိုးကျိုးတွေကို အဲလိုတိုက်တွန်းတဲ့ သူတွေကိုယ်တိုင် သေချာမသိကြသလို သူကိုယ်တိုင်လည်း သေချာမသိဘူး” လို့ ပြောပြတဲ့သူက အသက် ၂၀ အရွယ် ကိုအောင်မြင့်ပာ။
ကိုအောင်မြင့်လို ဒီဆေးတွေအကြောင်း ကောင်းကောင်းနားမလည်ဘဲ သုံးစွဲနေသူတွေ ရှိကြတယ်လို့ လူငယ်တချို့ကို တွေ့ဆုံမေးမြန်းမှုအရ သိရပါတယ်။
“ကျွန်တော် ဒီဆေးတွေကို ဒီကိစ္စရှိတဲ့အခါ သုံးလေ့ရှိဖူးတယ်။ သာမန်ထက် ပိုပြီး အဆင်ပြေ စွမ်းတယ်လို့ ထင်တယ်” လို့ ဒီဆေးကို တစ်ခါတစ်ရံ သုံးစွဲဖူးတဲ့ အသက် ၂၃ နှစ်အရွယ် မောင်ထွန်းက ပြောပြပါတယ်။ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဒီဆေးတွေနဲ့ ပတ်သက်ပြီးတော့လည်း “တံဆိပ် နှစ်မျိုးလောက်က တော်တော် ရောင်းရတယ်။ အိန္ဒိယက ဝင်တာရှိတယ်၊ တရုတ်က ဝင်တာရှိတယ်။ လာဝယ်သူကတော့ အရွယ်စုံပါပဲ။ တချို့ ဆေးတွေကတော့ ဒီမှာ မှတ်ပုံတင်ထားတာ မရှိသေးဘူး” လို့ ဆေးရောင်းချသူ တစ်ဦးကဆိုပါတယ်။
ဆေးရဲ့ အာနိသင်ကဘာလဲ
ဒီဆေးဝါးတွေရဲ့ ခန္ဓာကိုယ်တွင်း လုပ်ဆောင်ပေးချက်တွေကတော့ သွေးကြောတွေကို ပွစေပြီး သွေးပမာဏများများ စီးလာစေဖို့ အထောက်အကူ ပြုတာ ဖြစ်ပါတယ်။ လိင်ဆက်ဆံဖို့ အဆင်သင့် ဖြစ်တဲ့အနေအထားကို ဖန်တီးပေးတယ်လို့ ဆရာဝန်တစ်ဦးက ရှင်းပြပါတယ်။ “မိန်းကလေး သုံးဆေးကတော့ ဟိုမုန်းပါပဲ။ သူတို့လည်း ဟိုမုန်းလိုတယ်လေ။ ဖျော်ရည်တစ်ခုခုထဲ ထည့်တိုက်လိုက်ရတာပေါ့” လို့ ဆေးရောင်းချသူက ရှင်းပြပါတယ်။ အမျိုးသမီးလိင်စိတ် ကြွဆေးတွေဟာ တရုတ်နိုင်ငံဘက်ကနေ ဝင်လာကာ မျက်စဉ်းပုလင်း အရွယ်ဘူးကလေးတွေနဲ့လာတာဖြစ်ပြီး တစ်ဘူးကို ကျပ်နှစ်ထောင့်ငါးရာကနေ ကျပ်ငါးထောင်ခန့် အထိရှိတယ်လို့ ဆေး ဈေးကွက် အတွင်းက စုံစမ်းသိရပါတယ်။
“အရင်တုန်းက ကျွန်မရဲ့ E-mail ထဲကို စာတစ်စောင်ရောက်ဖူးတယ်။ မိန်းကလေးတွေ တခြားကိုယ်မသိတဲ့ လူဆီကဖြစ်ဖြစ်၊ သူငယ်ချင်း ယောကျာ်းလေးတွေဆီက ပီကေလိုဟာမျိုး၊ ဖျော်ရည်လိုဟာမျိုး ကျွေးတာတွေကို အရမ်းကြီးယုံမှတ်ပြီး မစားဖို့၊ အဲဒါတွေထဲမှာ စိတ်ကိုပြောင်းလဲ စေတဲ့ လိင်စိတ် နိုးကြားဆေးတွေ ပါတယ်လို့ ဆိုထားတဲ့စာပေါ့။ ဆေးနာမည်နဲ့ ပုံတောင်ပါသေးတယ်။ အဲဒီစာကို ဖတ်ပြီးကတည်းက ဒီလိုဆေးတွေလည်း ရှိပါလား ဆိုတာသိရတယ်။ အစားအသောက် စားတဲ့နေရာမှာလည်း သတိထားလာမိတယ်။ အခုခေတ်က ဘာတွေမှန်းမသိတော့ ရမ်းမယုံရဲဘူး” လို့ အသက် ၂၅ နှစ် အရွယ် မဖြူပြာက သူသိသမျှကို ပြန်ပြောပြပါတယ်။ မိန်းကလေးတွေ အတွက်က အရာရာကို သတိထားရတယ်လို့ ၎င်းက ဆိုပါတယ်။ ဒီဆေးတွေနဲ့ပတ်သက်ပြီး အမှုအခင်းတွေ ဖြစ်ပွားနေတာနဲ့ သတင်းတွေကိုလည်း သတင်း ဂျာနယ်တွေမှာ ပါလာတာ တွေ့နေရတယ်လို့ လူငယ်တချို့က ပြောပါတယ်။
ဘယ်လိုလူတွေ မသုံးသင့်ဘူးလဲ
“နှလုံးရောဂါ ရှိနေရင်တော့ ဒီဆေးတွေလုံးဝ မသုံးသင့်ပါဘူး” လို့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။ ဒီလိင်စိတ်ကြွဆေး တွေဟာ လိင်အင်္ဂါမှာရှိတဲ့ သွေးကြောတွေကို ကျယ်စေရုံသာမက တခြားကိုယ်တွင်းအင်္ဂါတွေက သွေးကြောတွေကိုလည်း ကျယ်စေလို့ ခေါင်းကိုက်တာ၊ ခေါင်းအုံတာ၊ မျက်နှာတွေ နီရဲပြီး တစ်ကိုယ်လုံး ဖိန်းဖိန်းရှိန်းရှိန်း ဖြစ်လာတာတွေ ဖြစ်တတ်ကြောင်း ဒောက်တာညွန့်လွင် ပြောပြပါတယ်။ ထပ်မံပြီးတော့လည်း “ဒီဆေးက သွေးပေါင်ကိုလည်း ကျစေတဲ့အတွက် နဂိုက သွေးပေါင်ကျဆေး သောက်ထားရတဲ့သူတွေဆို သွေးပေါင်က ကျသင့်တာထက် ပိုကျသွားတာ၊ မူးလဲတာတို့၊ ရှော့ဖြစ်တာတို့ ဖြစ်နိုင်တာမို့ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဆေးသောက်နေရသူတွေ မသုံးစွဲသင့်ဘူး” လို့ ဒေါက်တာညွန့်လွင်က သတိပေးပါတယ်။
မှားယွင်းတဲ့အပြုအမူ
“မတော်တဆ သွေးကြောပိတ်သွားရင် အနာပေါက်လာပြီး ပြည်တည်ရင် ဖြတ်ရတဲ့အထိဖြစ် လာနိုင်တယ်” လို့ လိင် စိတ်ကြွဆေး ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ သုံးစွဲမှုနဲ့ပတ်သက်ပြီး ဆရာဝန်တစ်ဦးက ဆေးဘက်ဆိုင်ရာ ရှုထောင့်ကနေ ပြောပါတယ်။ ဘယ်ဆေးကိုမဆို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲခြင်းသည်သာ အန္တရာယ်ကင်းကြောင်း၊ ကိုယ့်သဘောနဲ့သုံးစွဲပြီး မှားယွင်းရင်လည်း နောက်ဆက် တွဲဆိုးကျိုးတွေရနိုင်လို့ လူငယ်တွေအနေနဲ့ ဒီဆေးဝါးတွေ မလိုအပ်ဘဲ မှားယွင်းသုံးစွဲပြီး ကျန်းမာရေး ချို့ယွင်းမှုတွေ မဖြစ်ပွားဖို့ သတိပြုသင့်ကြောင်း ဆရာဝန်တွေက ပြောဆိုကြပါတယ်။ ဒီဆေးတွေနဲ့ပတ်သက်ပြီးတော့ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်နေပြီလို့လည်း NGO တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အသက် ၂၄ နှစ်အရွယ် ကိုထွန်းဇော်က ဆိုပါတယ်။
(အထက်ပါဆောင်းပါးမှ လူငယ်တို့၏ အမည်များကို ကာယကံရှင်တို့၏ ဆန္ဒအရအမည်များ လွှဲပြောင်းထားပာသည်။)
သန့်ဇင်စိုး၊ ကြည်ကြည်လွင်
October 2010The Voice Journal
မှကူးယူဖေါ်ပြထားပါသည်

Tuesday, 2 November 2010

Friday, 29 October 2010

လောကဓမ္မဂျာနယ်


လောကဓမ္မဂျာနယ်


ဒုလ္လဘတရား (၅) ပါး

ဗုဒ္ဓပွင့်ရာ၊ ခေတ်အခါ၌
လူလာဖြစ်ရ၊ ရခဲစွရှင့်။
ဗုဒ္ဓသာသနာ၊ ယုံကြည်တာလည်း
မှန်စွာမလွဲ၊ လွန်ရခဲ၏။
ဖန်ဝါသင်္ကန်း၊ ဝတ်ဆင်မြန်းသည့်
ရဟန်းဘဝ၊ ရခဲလှပေ။
တထွေသူမြတ်၊ ဟောကြားအပ်ထ
သဒ္ဓမ္မကို၊ နာရခဲစွ
မမေ့ကြနှင့်၊ ဗုဒ္ဓဆုံးမ နေ့စဉ်တည်း။
အရှင်ဣန္ဒက

လောကမှာရခဲလှတဲ့အရာတွေရှိပါတယ်ဘုရားပြောတဲ့ရခဲခြင်း(၅)မျိုးမှာ

(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရားပွင့်သောကာလနှင့်ကြုံကြိုက်ခဲခြင်း၊
(၂) မနုဿတဘာဝ ဒုလ္လဘ = လူ့ဘ၀အဖြစ်ကိုရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊
(၄) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရား(မှန်ကန်သောသစ္စာတရား)ကို
အလွန်ကြားနာရခဲခြင်း၊ တို့ဖြစ်ကြပါတယ်။
(၅) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ = ရဟန်းအဖြစ်၊ရဟန်းဘ၀ကိုရခဲခြင်း၊
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရားပွင့်သောကာလနှင့်ကြုံကြိုက်ခဲခြင်း၊
ဘုရားသာသနာနှင့်ကြုံိုကိုက်ခဲခြင်း

ဘု၇ားတဆူ ဆူပွင့်ဘို့ရန်အတွက် ၄ သင်္ချေနှင့်ကမ္ဘာတစ်သိန်း ၈ သင်္ချေနှင့်ကမ္ဘာတစ်သိန်း ၁၆ သင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာတော့မှတဆူ ပွင့်ကြတာဖြစ်ပါတယ် ၊
ဘုရားတဆူနှင့်တဆူအကြားတွင်သတ္တ၀ါတခု တခု၏အလောင်းများအရိုးများကို
ပုံထားမယ်ဆိုလျင် တယူဇနာ ( ၁၃ ) မိုင်အမြင့်ရှိလောက်တယ်လို့ဆိုပါတယ်၊အရိုးမရှိ
သောတီကောင်ပက်ကျိလိုဘ၀မျိုးထဲ့မတွက်သေး ပါ၊ဒါကြောင့်ဘုရားတဆူနှင့်တဆူ
အကြားတွင်သေခဲ့ရသည့်အကြိမ်မည်မျှများမည်ကိုမှန်းဆကြည့်နိုင်ပါသည် ၊
ကမ္ဘာတိုင်းတွင် ဘုရားပွင့်ရိုးထုံးစံမရှိဘဲဤဘဒ္ဒကမ္ဘာမှာသာလျှင်ဘုရားပွင့်ရိုးထုံးစံရှိပါသည် ယခုဘဒ္ဒကမ္ဘာတွင် ဘု၇ား ၅ ဆူပွင့်မည်ြ့ဖစ်သည်၊ကျွန်ပ်တို့သည်အလွန်ကြုံခဲလှသော ဂေါတမမြတ်စွာဘုရားသာသနာနှင့်ကြုံကြိုက်နေသည့်အတွက်ရခဲသောကာလနှင့်ကြုံကြိုက်
နေသည်သဘောပေါက်ထားရပေမည်၊ ( သို့သော်ပွင့်တော်မူပြီးသောဘုရားများ၏အရေ
အတွက်မှာ အင်္ဂါမြစ်ထဲမှသဲပွင့်အမျှပွင့်ခဲပြီးပြီဟုဆိုသည် - ကျွနုပ်တို့သည်ထိုဘုရားအဆူဆူ
နှင့်လွဲခဲ့ပြီးဖြစ်သည်၊ယခုဂေါတမမြတ်စွာဘုရားပွင့်သည်အချိန်တွင်လူ့ဘ၀မရလိုက်သော်
လဲ သာသနာတော်နှင့်တော့ကြုံနေသေးသည် ရခဲလှလေစွတကား ရထားတွဲကြီးကိုနောက်ဆုံး
တွဲကလေးမှလိုက်နိုင်သေးသည်ဟုဆိုနိုင်ပါသည် )
(၂) မနုဿတဘာဝ ဒုလ္လဘ = လူ့ဘ၀အဖြစ်ကိုရခဲခြင်း၊
လူ့ဘ၀ ရဘို့ရန်အတွက်အလွန်ခဲရင်းသည်၊မြတ်စွာဘုရားကနတ်ပြည်ကအပ်တစင်း
ပြစ်ချလိုက်လို့ လူ့ပြည်ပအပ်တစင်း ထိချင်ထိနိုင်သည်လူတယောက်သေပြီးလူ့ဘ၀ပြန်ဖြစ်
အလွန်ခဲရင်းသည် ၊ နောက်တမျိုးဥပမာပင်လယ်တွင်းတွင်လိပ်ကန်းကြီးတကောင်ရှိသည်
လိပ်ကန်းကြီးသည် အနှစ် ၁၀၀ မှ တကြိမ်ရေပြင်ပေါ်တက်၍အသက်ရှူလေ့ရှိသည်၊ပင်လယ်
ထဲတွင်လည်း အပေါက် တစ်ပေါက်ထဲရှိသော သစ်တုံးကြီး တစ်တုံးကမြောနေသည်။ထိုသစ်
တုံးကြီး၏အပေါက်တွင်အနှစ်၁၀၀မှတခါတက်လာသောလိပ်ကန်းကြီး၏ဦးခေါင်းစွပ်မိချင်
စွပ်မိနိုင်မည်၊လူဘ၀ရဘို့ရန်ထို့ထက်ပင်ခက်ခဲသည်ဟုဆိုပါသည် ၊
မြတ်စွာဘုရားကလက်သဲခွန်ပေါ်တွင်မြေမုန့်ကိုတင်ပြီးရှင်အနန္ဒာအားမေးသည် ၊
ရှင်အနန္ဒာငါ၏လက်သဲပေါ်ရှိမြေမှုံနှင့်မဟာပထ၀ီမြေကြီးပေါ်ရှိမြေမှုံအဘယ်ကများသနည်း
ဟုမေးသောအခါရှင်အနန္ဒာက မဟာပထ၀ီမြေကြီးပေါ်ကမြေမှုံကများပါသည်၊အရှင်ဘုရား
လက်သဲပေါ်ကမြေမှုံများမှာဘာမျှပြောပလောက်စရာမရှိပါဟုပြန်လျှောက်သောအခါ ၊
ဟုတ်တယ်ငါ့ရှင်အာနန္ဒာလူသေပြီးလူ့ဘ၀ပြန်ရသောဦးရေမှာငါ၏လက်သဲခွံပေါ်
ကမြေမှုံလောက်သာရှိသည်၊များသောအားဖြင့်အပါယ်သို့သာရောက်ကြသည်ကများသည်
လို့မိန့်ကြားတော်မူပါတယ် ၊
( သတ္တ၀ါတို့၏အမြဲနေအိမ်သည်အပါယ်ငရဲသာဖြစ်သည်၊ယခုလူ့ဘ၀ရရှိခြင်းသည်
ခဏသာမျှသာဖြစ်သည်။ကောင်းကင်လျပ်စီးလက်သလောက်သာကြာသည်၊
အပါယ်ငရဲမှာသာအနေများကြသည်ဟုဆိုလိုရင်းဖြစ်ပါသည် )
ထို့ကြောင့် ယခုရနေသောလူ့ဘ၀သည်အလွန်ရတာင့်ရခဲရှိထားခြင်းဖြစ်သဖြင့် အချိန်
ကိုအလဟသမဖြုံးတည်းပစ်ဘဲနောက်ဘ၀အပါယ်ခန္ဓာလွတ်အောင်ကျိုးစားသင့်ကြပေသည်
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊
အလှူအတန်းပြုလုပ်ရာတွင်ထောင်ချီသိန်းချီ၍လှူခြင်းမျိုး၊နေ့စဉ်သံဃာတော်
အရှင်သူမြတ်များကို ဆွမ်းလောင်းမှုအလှူခံပုဂ္ဂိုလ်များထိုထိုအား လှူတန်းရုံမျှဖြင့် မိမိသဏ္ဍာန်တွင်သဒ္ဓါတရားပြည့်စုံပြီဟုမဆိုသည်မဟုတ်ပါ ၊
ဘုရားအပေါ်မှာယုံကြည်မှုသဒ္ဓါ၊တရားအပေါ်မှာယုံကြည်မှုသဒ္ဓါ၊သံဃာအပေါ်မှာ
ယုံကြည်မှုသဒ္ဓါတရားနှင့်ပြည်စုံခြင်းကိုသဒ္ဓါတရားနှင့်ပြည်စုံဟုဆိုပါသည်၊ ဤလိုသဒ္ဓါတရားဖြင့်ပြည်စုံရန်အလွန်းခဲရင်းပါသည် ၊
ဤအချက် ၃ ချက်တွင် တရားအပေါ်တွင်ယုံကြည်မှုသဒ္ဓါသည်အဓိကဖြစ်သည် ၊
မြတ်ဗုဒ္ဓဟောကြားထားသောတရားများကို နားကြားပြီ ခန္ဓာတွင်ကြည့်သောအခါဟုတ်သည် မှန်သည်ဟုဥာဏ်ဖြင့် တကယ်ဆုံးဖြတ်နိုင်သောအခါ၊ဘုရားအပေါ်တွင်ယုံကြည်မှုသဒ္ဓါဖြစ်
ဖြစ်ပေါ်လာပါသည် ၊
သဒ္ဓါမရှိသူသည်ဗုဒ္ဓသာသနာတော်နှင့်ကြုံကြိုက်နေပါသော်လည်း ကုသိုလ်ပြုခွင့်မရချေ။လက်မရှိသောသူသည်ရွှေတောင်ပေါ်ရောက်နေသော်လည်း ရွှေတုံးများကိုမကောက်ယူနိုင်သကဲ့သို့ပင်ဖြစ်သည်။ထို့ကြောင့်
ဤလောကမှာ လူ့ဥစ္စာ၊ သဒ္ဓါအမြတ်ဆုံးတည်းဟု ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါသည်။ သူတော်ကောင်းဥစ္စာ(၇)ဖြာတွင်လည်းသဒ္ဓါတရားသည်အခြေခံကျဆုံးအဖြစ်ပါဝင်သည်။ ပစ္စည်းဥစ္စာမွဲလျှင်လူဆင်းရဲမခေ၊သူတော်ကောင်း ဥစ္စာမရှိသောသူကိုသာလျှင် တရားများ ခေါင်းပါးသူကံမွဲ၊ဉာဏ်မွဲလူဆင်းရဲဟုခေါ်ဆိုပါသည်။
(၄) သဒ္ဓမ္မသ၀နအတိဒုလ္လဘ = သူတော်ကောင်းတရား(မှန်ကန်သောတရား)ကို
အလွန်ကြားနာရခဲခြင်း၊တို့ဖြစ်ကြပါတယ်။
သူတော်ကောင်းတရား( မှန်ကန်သောတရား )ကိုအလွန်နာကြား၇ခဲသည်ဆိုသော
အချက်ကိုရှင်းလင်းပါမည် ၊
ယခုခောတ်ယခုအခါတွင်ဆရာတော်သံဃာတော်များကသည်ဗုဒ္ဓဟောကြားထားတော် မူခဲ့သောတရားများတော်များကိုနေရာတိုင်းတွင်ပြန်လည်တဆင့်ဟောကြားဆုံးမလျက်ရှိနေ
သောကြောင့် သူတော်ကောင်းတရားကြားနာရန်ခက်ခဲသည်ဆိုသည့်အချက်ကိုတချိ့ကလက်ခံ
နိုင်မည်ဟုတ်ပေ ၊
ဤအချက်ကို မိုးကုတ်ဆရားတော်ဘုရားကြီးဆုံးမဟောကြားသောတရားများအရဆို
လျင်ဆရာတော်ကြီးကလူ့ဘ၀ရခိုက်၊သာသနာနှင့်လဲကြုံ၊မိမိတွင်ထောင်နိုင်တဲ့ဥာဏ်နား
ပါရှိမယ်ခန္ဓာထဲဥာဏ်လှည့်လိုက်တဲ့အခါမှာခန္ဓာအရှိနဲ့ဥာဏ်အသိကိုက်ခဲ့ရင်ဒီဘ၀တရား
ရနိုင်ပါတယ်လို့ဟောထားပါတယ် ၊
မှန်ပါသည်မိမိတွင်ထောင်နိုင်သောဥာဏ်နားပါရှိဘို့အလွန်ခဲရင်းပါသည် ၊
ဘုရားရှင်လက်ထက်ကမြတ်စွာဘုရား၏တရားအဆုံးတွင် မည်သူသည်သောတပန်
တည်သွားသည်၊ မည်သူသည်ရဟန္တာဖြစ်သွားသည်ဆိုသည်မှာမိမိတွင်ထောင်နိုင်သော
ဥာဏ်နားပါရှိသူများသာ တရား၏အနက်အဓိပါယ်ကိုသိပြီးခန္ဓာအရှိနှင့်ဥာဏ်အသိကိုက်
သွားသောကြောင့်သာဖြစ်ပါသည် ၊
ဤသည်ကိုမျှော်တွေးလို့စာဆိုကျော်ပညာရှိစလေဦးပုညက
ယခုခါမူ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှုင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။
ဟုစပ်ဆိုခဲ့သည်ကိုဓမ္မသံဝေဂယူကြပါကုန်။
.
(၅) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ = ရဟန်းအဖြစ်၊ရဟန်းဘ၀ကိုရခဲခြင်း၊

ရဟန်းဘ၀ရခဲခြင်းဆိုသည်အချက်ကိုတော့ အထူးရှင်းလင်းနေစရာလိုမည်မဟုတ်ပါ
လူဘ၀ ရရှိပြီး ဗုဒ္ဓဘာသာနွယ်ဝင်ဖြစ်သောယောက်ျားဘ၀ရရှိမှသာရဟန်းဘ၀ကိုရရိုပါမည်
ယခုခောတ်တွင်သားယောက်ျာလေးမွေးလာလျှင်အသက်၂၀မပြည့်ခင်ရှင်ပြုပေး
သည်၊အသက် ၂၀ တွင်တခါရဟန်းခံပေးသည်၊ ဤသည်တို့မှာယောက်ျားဖြစ်ပြီးရဟန်း
အ၀တ်ဘူးဆိုရင်ရခဲတဲ့ရဟန်းဘ၀မရလိုက်ရဘဲနေမယ်ဆိုပြီးစတိအားဖြင့်ရှင်ပြုရဟန်းခံ
ပြုလုပ်ပေးခြင်းသာဖြစ်ပါသည် ၊
ဘုရားသားတော်အဖြစ်နှင့်သာသနာဘောင်တွင်းသို့အပြီးဝင်ရောက်ပြီးရဟန်းတရား
အားထုတ်သူအဖြစ်ကားအရေအတွက်အနည်းငယ်မျှသာဖြစ်ပါသည် ၊
ရဟန်းဘောင်ဝင်ပြီးဝတ်နည်းနှင့်အညီနေထိုင်ကျင်ကြံတရားအားထုတ်နိုင်လျှင်တော့
အကောင်းဆုံးဖြစ်ပါသည်၊သို့သော်ယောက်ျားဖြစ်စေ မိန်းမဖြစ်စေအထက်ကပြောခဲ့သော
ဘုရားသာသနာတော် နှင့်ကြုံခိုက်မိမိတွင်ထောင်နိုင်သောဥာဏ်နားပါပြီး ခန္ဓာအရှိ
နှင့်ဥာဏ်အသိကိုက်အောင် အချိန်မပြတ်စောင့်ကြည့်နိုင်မှုကသာလျှင် အရေးအကြီးဆုံးဖြစ်
ပါသည် ၊
မြတ်စွာဘုရားသည်နေ့စဉ်ဆွမ်းခံပြန်ကြွလာပြီးကျောင်းပ်ါမတက်မှီခြေဆေးသော
အခါတိုင်းချစ်သားတို့လူ့ဘ၀သည်ရခဲ့၏သာသနာနှင့်ကြုံရခဲ့၏မမ့သောသတိဖြင့်အမြဲမပြတ်
နှလုံးသွင်းနေကြလော့( အမ္မာဒေနသမ္ပာဒေထ )ဟု နေ့စဉ်ဟောတော်မူပါတယ်
ဘုရားပြောတဲ့ ရခဲခြင်း (၅) မျိုးတွင်ကိုယ်ဘာတွေနဲ့ကြုံနေပြီလဲလို့တိုက်ဆိုင်ကြည့်ကြပါ
ကိုယ့်မှာရှိပြီးသား၊ ကြုံပြီးသားတွေဆိုရင်လဲဝမ်းသာကြပြီးမဆုံးရှုံးအောင်ဆက်လက်ထိန်း
ထားလျက်၊မရှိသေးမကြုံသေးတာရှိရင်လည်းတတ်နိုင်သလောက် ကြိုးစားပြီးကောင်းမှု ကလေးတွေ
ပြုမယ်ဆိုရင်ဖြင့်(၅)ခုလုံးမကြုံနိုင်သော်လည်းဘဲလောကသံသရာမှလွတ်မြောက် နိုင်ပါတယ်။ မိတ်ဆွေ
သူငယ်ချင်းများကျန်းမာ၊ချမ်းသာပျော်ရွှင်နိုင်ကြပါစေ။
မောင်သုည
ဓမ္မသီချင်းကိုဆက်ပြီးနားထောင်လိုက်ပါအုံး

တေဘုံမာရှင်းတမ်း - မောင်မောင်ကြီး + တင်တင်မြ + ရီရီသန့်



ချစ်ဦးညို

ဆရာမင်းသုဝဏ် နှင့် ဆရာဇော်ဂျီ

စာရေးဆရာအောင်သင်း

စာပေထဲကလူငယ့်သမိုင်း ( ၁ )