Saturday, 17 July 2010

လဘက်ရည်ဆိုင်ထိုင်ခြင်းအကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြမှာ
ဖြစ်ပါတယ် ၊
မောင်သုည
မြန်မာနိုင်ငံမှာ လူကြီး လူငယ် လူရွယ်မရွေး လဘက်ရည်ဆိုင်တဲ့အလေ့ဟာ ဆယ်စုနှစ်
များစွာတောင်ကြာခဲ့ပြီလို့ထင်ပါတယ် ။
လဘက်ရည်ဆိုင်ထိုင်တဲ့ ဓလေ့ ဘဲဆိုဆို လဘက်ရည်ဆိုင် ယဉ်ကျေးမှု လို့ဘဲဆိုဆို ဒီ
အလေ့အထဟာ ဟာ ဘာလဲဆိုတော့ ၊ လူအချင်းချင်း လဘက်ရည်သောက်ရင်း စကားစမြီပြောကြ
တာကိုအလွန်နှစ်ကြိုက်ကြတဲ့ ကျွန်တော်တို့ဗမာလူမျိုးတွေအတွက် အလိုအလျောက် ဖြစ်ပေါ်လာတဲ့
ဓလေ့တခုလို့ဆိုရမှာဖြစ်ပါတယ် ။
ရှေးတုန်းက ဗမာလူကြီးတွေ လဘက်ရည်ကြမ်းသောက်ရင်းစကားစမြီပြောတက်ကြတယ်
မဟုတ်ပါလား ၊ ငါးရံခြောက်မီးဖုတ်ကလေးမြီးရင်း ၊ လာကွဲ့လဘက်ရည်သောက်ရအောင်ဆိုပြီး
လဘက်ရည်ကြမ်းဝိုင်းမှာ မိသားစုအရေး ရပ်ရေးရွာရေးဆွေးနွေူခဲ့ကြတယ်မဟုတ်ပါလား
အခုခောတ်လူငယ်တွေကကော
လဘက်ရည်ဆိုင်မှာထိုင်ပြီး ဘာတွေပြောကြပါ သလဲ ၊ လာထိုင်တဲ့ လူရဲ့အမျိုးအစား
နဲ့ လူအတန်းအစားအပေါ်မူတည်မှာဖြစ်ပါတယ် ။ ကျောင်းသားဆိုရင် ကျောင်က စာအကြောင်း ပေ
အကြောင်းပြောမယ် ၊ ရီးစားအကြောင်းပြောမယ် ၊ ကားပွဲစား အိမ်ပွဲစားဆိုရင်တော့ ၊ ကားအကြောင်း
အိမ်အကြောင်းပြောမယ် ၊ ရှေ့နေတွေ အမှုသယ်တွေဆိုရင်တော့ အမှုအကြောင်းပြောမယ် ၊ စသည်
ဖြင့်ပေါ့ခင်ဗျာ ၊ အဲဒီလူတွေက ဘာဖြစ်လို့လဘက်ရည်ဆိုင်မှာ မှလာပြောကြတာလဲ ၊ အခြားမှာ
ဘာလို့သွားမပြောတြာလဲ လို့ မေးစရာရှိပါတယ် ။
ကဲ လဘက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်း အပြောခင် လဘက်ရည်ဆိုင် ပရိတ်သတ်ချို့
ရဲ့ သံကိုအရင်နားထောင် ကြည့်ကြရအောင်လားခင်ဗျာ
အခု ပထမ ဆုံး နိုင်ငံခြားဘာသာသင် တက္ကသိုလ် က ကိုသက်ဉီး ရဲ့ လဘက်ရည်ဆိုင်
ထိုင် တာနဲ့ပတ်သက်လို့ သူကဒီလိုပြောပါတယ် ။

ကဲ နောက် တယောက် ပုံနှိပ်တိုက် မန်နေဂျာ ကိုအောင်ကြီး ရဲ့ လဘက်ရည်ဆိုင်အမြင်
ကလေး ကိုနားထောင်ကြည့်ပါ အုံးခင် ဗျာ

သောတရှင်များ ခင်ဗျာ လဘက်ဆိုင် ထိုင်တယ်ဆိုတာ ယောက်ကျား တွေဘဲ ထိုင်ကြတာ
လား မိန်းခလေးတွေ ကော မထိုင်ကြဘူးလား ဟောဒီက ဧည့်ကြို တာဝန်ခံ မဝင့်နန္ဒာအောင် ပြော
တာ ကလေးကို လဲ နားထောင် ကြည့်ပါအုံးခင်ဗျာ

ကဲ သောတရှင်တို့ကြားခဲ့ရတဲ့အတိုင်း လဘက်ရည်ဆိုင် ယဉ်ကျေးမုကိုတော့ သိရပါပြီ
အခု ကနော့အနေနဲ့ ဆက်လက်တင်ပြချင်တာကတော့ ဒီလက်ဘက်ရည် ထိုင်တဲ့ သမိုင်း မြန်မာနိုင်ငံ
မှာ ဘယ်တုန်းက စပြီး ဘယ်လိုပေါ်ခဲ့သလဲ ဆိုတာ ပါဘဲ ။

လဘက်ရည်ဆိုင်ထိုင်ခြင်း ဓလေ့လို့ဆိုရမဲ့အလေ့အကျင့်ကိုမြန်မာနိုင်ငံမှာစခဲ့တာ ၁၀ စုနှစ်
အတော်ကြာပြီလို့ဆိုရမှာဖြစ်ပါတယ် ။
မြန်မာနိုင်ငံမှာ လဘက်ရည်ဆိုင်တွေကိုစဖွင့်ခဲ့တာကတော့ အိန္ဒိယလူမျိုး ကုလားများဖြစ်
ပါတယ် ၊ မြန်မာနိုင်ငံ ကို အဂ်လိပ်များ အုပ်စိုးစဉ်ကာလက အိန္ဒိယ နဲ့ မြန်မာနိုင်ငံကို အဂ်လိပ်က
ဘုရင်ခံတယေက်ထဲ ထားပြီး ပူးတွဲအုပ်ချုပ်ခဲ့တာမို့ အိန္ဒိယလူမျိုးများကို တချို့လုပ်ငန်းတွေ မှာအသုံး
ပြုဘို့ခေါ်ဆောင်လာရာမှ မြန်မာနိုင်ငံနေရာအနှံအပြားမှာ အိန္ဒိယလူမျိုးများရောက်ရှိလာတာဖြစ်ပါတယ်။
ထိုစဉ်က စီးပွါးရေးအမြင်ကျယ်တဲ့ ကုလားများက လမ်းဆုံလမ်းထိပ်များမှာ ကုန်စုံဆိုင်များ
လက်ဘက်ရည်ဆိုင်များဖွင့်ခဲံကြပါတယ် ။ ကုန်စုံဆိုင်မှာ ဆန် ဆီ ဆား ငရုပ်ကြက်သွန် က အစ
ရေနံဆီ ဖရောင်းတိုင် စသည့်တို့ကို ညလုံးပေါက်ရောင်းချလေ့ရှိပါတယ် ။
ဟိုတုန်းက လျပ်စစ်မီးကလဲ မရှိသေးတော့ ညသန်းကောင် ရေနံဆီမီးကွက်က ရေနံဆီကုန်
သွားရင် ၊ လမ်းထိပ်က ကာကာဆိုင်သွားပြီး တခါးခေါက်ပြိးဝယ်နိုင်ပါတယ် ။
လက်ဘက်ရည်ဆိုင်ဆိုတာကလဲ လမ်းထိပ်တိုင်းမှာရှိပါတယ် ။ မြန်မာတို့မနက်တိုင်း ပဲပြုပ်
နဲ့ထမင်ကျော်စားနေရာက ၊ ပဲပြုပ်နဲ့နံပြားဖြစ်လာပါတယ် ။ နံပြားဆိုတာကတော့ ကုလားလို ရိုတီကို
ခေါ်တဲ့ ကုလားအစားအစာပါ ၊ အဲဒီ ကာကာ ဆိုင်တွေမှာ နောက်တော့ ကုလားသီချင်းဖွင့်တဲ့ ဓါတ်
စက် ၊ ဓါတ်ပြားတွေ ထားလာပါတယ် ။ ကုလား ရုပ်ရှင်သီချင်းများကိုသာဖွင့်တာများပါတယ် ။
ကျနော်တို့ငယ်ငယ်တုန်းက ကုလားဆိုးပေကားက အာဝါးဒါး ရုပ်ရှင်သိချင်းဟာတော်တော် လူကြိုက်များ
ပါတယ် ။ ဗမာတွေလဲ ကုလားသီချင်းနဲ့ယဉ်ပါးလာပြီး ၊ ကုလာသီချင်းများကိုကြိုက်လာကြပါတယ် ။
အရင်တုန်းက သိန်းဇော် နဲ့ မေလွင်တို့ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကုလားသီချင်းကိုထဲ့သုံး
ထားတာတွေ့ရပါတယ် ။ အရင် ကမေလွင် သီဆိုခဲ့တဲ့ ရွေမိုးကလေးကညိုတယ် ၊ သီချင်းဟာ ကုလား
သီချင်း အလိုက်ကို ယူထားတာပါ ၊ အခု ဟေမာန်နေဝင်း ကပြန်ဆိုထားပါတယ်။
၁၉၆၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေးကောင်စီ တက်လာပြီးနောက် ၊ အိန္ဒိယအစိုး ရနဲ့
မြန်မာအစိုးတို့ညှိနှိုင်းပြိး အိန္ဒိယနိုင်ငံသားများမိမိတို့တိုင်းပြည်ပြန်ပို့ခဲ့ရာမှာ ၊ ကာကာဆိုင်တော်တော်များ
များ လျော့နဲလာခဲ့ပါတယ် ။
အဲဒီလျော့နဲသွားတဲ့ ကာကာဆိုင် များရဲ့နေရာမှာ ဗမာလက်ဘက်ရည်ဆိုင်များနဲ့တရုပ်လဘက်
ရည်ဆိုင်များက အစားထိုးဝင်ရောက်လာပါတော့ တယ် ။ အဲဒီတုန်းက ကက်စက်တို့ စတီဒီရိုတေးတို့ဆို
ိတာတွေက သိပ်ခောတ်မစားသေးတော့ ၊ မြန်မာအသံက ရေဒီယိုစီချင်းတွေကိုနားထောင်ရတဲ့ခောတ်ဖြစ်
ပါတယ် ။ အိမ်တိုင်းမှာကလဲ ရေဒီယိုမရှိသေးတော့ များသောအားဖြင့် ကာလသားတွေဟာ ရေဒီယိုက
ဘော်လုံးပွဲ လွင့်တဲ့အချိန် နဲ့ ညဘက် ၈ နာရီ ၁၅ မိနစ်မှာ လွင့်နေကျ ကာလပေါ်တူရိယာဖွဲ့ တို့ရဲ့ သီ
ချင်းများကို လက်ဘက်ရည်ဆိုင်မှာ စုဝေးပြီး နားထောင်ခဲ့ကြပါတယ် ။
ဟိုတုန်းက ကာလပေါ်တူရိယာအဖွဲ့များဖြစ်တဲ့ ဂီတနက်သန် ၊ ချိုတေးဆက် ၊ ဂီဗိမာန်
မြိုမတူရိယာအဖွဲ့ ၊ ကိုမြကြီး ၊ ကိုမင်းနောင် ၊မာမာအေး ၊ တင်တင်မြ ၊ ကိုသန်းလှိုင် ၊ မေလှမြိုင်
စန္ဒယားချစ်ဆွေ ၊ မြတ်လေး တို့ရဲ အဖွဲ့များ လာမယ့်နေ့ဆိုရင် လဘက်ရည်ဆိုင်မှာ ကာလသားတွေ စော
စော ကထဲက စုဝေးနေကြပါပြီ ၊
ဒါ ဟာ လဘက်ရည်ဆိုင် ထိုင်ဘို့အကြောင်း ရဲ့အစပါဘဲ ၊ ဒီလိုနဲ့ တစတစ လဘက်ရည်
ဆိုင်မှာ ကာလသားတွ စုဝေး ဝိုင်းထို်င်ပြီးစကားပြောတဲ့ အလေ့အကျင့်စတော့ တာပါဘဲ ၊
အဲ အခုနောက်ပိုင်း စတီရီယို တေးခောတ်ရောက်လာတော့ လဘက်ရည်ဆိုင်တွေမှာ ဆောင်း
ဘောက်အကြီး ကြီးတွေနဲ့ အပြိုင်အဆိုင် ဖွင့်လာကြတာတော့တာပါဘဲ ၊
ဒါပေမဲ့တရားဓမ္မအကြောင်း အေးအေးဆေးဆေး စကားပြောချင်တဲ့ လူကြီးပိုင်းတွေကတော့
သီချင်းမဖွင့်တဲ့ဆိုင်တွေကိုရွေထိုင်လာတက်ကြပါတယ် ။
ကဲ ဒီလို လဘက်ရည်ဆိုင်တက်တဲ့ ဓလေ့ လဘက်ရည်ဆိုင်ယဉ်ကျေးမှုဟာ ကျွန်တော်ကို့
မြန်မာပြည် တပြည်ထဲမှာမှတွေ့ရပါသလား တခြားနိုင်ငံတွေမှာကောမတွေ့ရဘူးလား
အဲဒီ နိုင်ငံကလူငယ်တွေ ဘယ်မှာ စုဝေးကြသလဲ ဘယ်ကိုသွားကြသလဲ ဆိုတာကိုတော့
နောက် ဆောင်းပါး တွေမှာ လေ့လာကြည့်ကြရအောင် လားခင်ဗျာ ၊
သောတရှင်များ ရွှင်လန်းချမ်းမြေ့ကြပါစေ


အထက်ပါဆောင်းပါးမှာ ဘန်ကောက်သံသာနားဆင်စရာေ၇ဒီယိုအစီအစဉ်တွင် ထုတ်လွင့်ခဲ့သောဆောင်းပါးဖြစ်ပါသည် ၊

အသံကိုနားဆင်နိုင်ပါတယ် ၊


MusicPlaylist
Music Playlist at MixPod.com


မောင်သုည

No comments:

Post a Comment