လမြတ်ဝါဆို
ဝါဆိုလ
ပုန်းညက်ညိုပွင့်ဖူး -- ၀ါဆိုဦးမမို့ ထူးလှသည် --
ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်များအတွက် ထူးမြတ်သောလ တလဖြစ်သည် ။ ဂေါတမမြတ်စွာဘုရားသည် ။
၁ ၊ မယ်တော်မာယာဒေ၀ီမိဖုရားဝမ်းတွင် ပဋိသန္ဓေယူသောနေ့  ၊
၂ ၊ တရားကျင့်ရန်အတွက် တောထွက်တော်မူသောနေ့  ၊
၃ ၊ ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြ်ာတရားဦးဟောတော်မူသောနေ့  ၊
၎၊ ဓမ္မစကြ်ာတရားဟော်ပြီး နောက် ၅ ရက်မြောက်သောနေ့ တွင် အနတ္တလဏ္ခသုတ်ကိုဟော
တော်မူသောနေ့  (ရဟန္တာနေ့  )
၅ ၊ တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားစတင်ဟောတော်မူသောနေ့ 
များမှာ ၀ါဆိုလတွင်ဖြစ်ပေါ်ခဲ့ပါသည် ၊
ဝါဆိုလ တွင် ဘုရားရတနာ ၊ တရား၇တနာ သံင်္ဃာရတနာ သုံးပါးစလုံး စတင်ပြည်စုံသောလဖြစ်သည် ၊
ဝါဆိုလသည် ပူအိုက်သော နွေရာသီကုန်ဆုံး၍ မိုးဥတုသို့ လုံးဝကူးပြောင်းသည် ။ ရှေးက ၀ါဆိုလကို မြယ်တာလ ၊ နွယ်တာလ ၊ နွေတာလ ခေါ်ဆိုခဲ့ကြသည် ။ ၀ါဆိုလတွင် ကောင်းကင်တွင် ငွေစန္ဒာလမင်းနှင့်အတူ ပြုဗ္ဗာသဠ်နက္ခ ထွန်းလင်းသည် ။ ရာသီပန်း မှာ ပုန်းညက်ပန်း ဖြစ်သည် ၊
တခုသောဝါဆိုလမှစ၍ ဘု၇ားရှင်သည် ရဟန်းများခရီးသွားလာမှုကြောင့် လူတို့ စိုက်ပျိုးထားသော လယ်ယာတို့ မပျက်စီးခြင်းအလို့ ငှါရည်ရွယ် ၍ ၀ါတွင်း ၃ လ ပတ်လုံး ခရီးသွားလာခြင်းမပြုကြ၇န် ပညတ်တော်မူခဲ့သည် ၊ ထိုအချိန်မှစ၍ ရဟန်းများ ၀ါတွင်းကာလတွင် တနေရာထဲတွင် သီတင်းသုံးနေထိုင်တော်မူကြ၇သည် ။ ဤ သည်ကို ၀ါဆိုသည်ဟုခေါ်သည် ။
ထိုလတွင် ကျေးငှက်များပင် အသိုက်မပြောင်းကြဟုသိ၇သည် ။ လူတို့ သည်လဲ အိမ်တောင်သားမွေးရန်အတွက် ထိမ်းမြားလက်ထက်ခြင်းမပြုကြကုန်ပေ ၊
ထိုကာလ တွင် ရဟန်းများအားဝါဆိုသင်္ဃန်းကပ်လှူခြင်းကိုပြုကြသည် ။ ၀ါဆိုသင်္ဃန်းကပ်လှူခြင်းသည် မြတ်သောအလှူဖြစ်သည် ၊
ထို့ ကြောင့် ဗုဒ္ဓဘာသာဝင်များ သည် ၀ါဆိုလတွင် ရဟန်းတော်များကို ၀ါဆိုသင်္ဃန်းကပ်လှူခြင်း ၊ ဥပုသ်သီတင်းစောင့်တည်ခြင်း ၊ ဓမ္မစကြာတ၇ားနာယူခြင်း ။ စသည်တို့ကိုပြုလုပ်ကြသည်
ထို့ ကြောင့် ကန်တော်ရိပ်သို့ လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို
ဓမ္မစကြ်ာတ၇ား ၊
အနတ္တလက္ခဏ သုတ်တော်တို့ ဖြင့် ကြည်ညိုသဒ္ဒါပွါးများနိုင်၇န် စီစဉ်တင်ဆက်လိုက်ပါသည် ၊
မောင်သုံည
ဓမ္မစကြ်ာတရားတော် ( ယခင်မြန်မာ့အသံကထုတ်လွင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ် )
နာကြားတော်မူကြပါ
ဝါဆိုလပြည့်ကျော် ၅ ရက်
ဒီနေ့ ဟာထူးခြားတဲ့နေ့ ထူးနေ့ မြတ်တနေ့ ဖြစ်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ဗုဒ္ဓမြတ်
စွာဘုရားသည်ဝါဆိုလပြည့်နေ့ မှာ ပဉ္စ၀ဂ်ဂီ ၅ ဦးကို ပထမဦးဆုံး ဓမ္မစကြ်ာတရားဥိးဟောကြားပြီး
တဲ့နောက် ပဉ္စ၀ဂ်ဂီ ၅ ဦးဟာတနေ့ တပါးစီသောတပန်တည်ခဲ့ကြပါတယ် ၊ အဲဒီနောက် ၅ ရက်
မြောက်တဲ့နေ့ မှာ အနတ္တလက္ခ္စ္စဏသုတ်ကိုဟောကြားလိုက်တဲ့အတွက် ပဉ္စ၀ဂ်ဂီ ၅ ပါးစလုံး
ရဟန္တာအဖြစ်ရောက်ရှိကုန်ကြလို့ ဖြစ်ပါတယ် ၊
` ဒါကြောင့်ဒီနေ့ ကို ဘုရားသာသနာမှာ ပထမဦးဆုံး ရဟန္တာပေါ်ထွန်းတဲ့ နေ့ ( တနည်း )
သံဃာရတနာပေါ်ထွန်းတဲ့နေ့ ဖြစ်လို့ ရဟန္တာနေ့ုလို့ ခေါ်ဆိုနိုင်ပါတယ် ၊
ကဆုန်လပြည့်နေ့ ဟာ ဘုရားအဖြစ်ကိုစတင်ရရှိတဲ့အတွက် ဘုရားရနာစတင်ပေါ်ထွန်းခဲ့ပါ
တယ် ၊
ဝါဆိုလပြည့်နေ့ ဟာ ပထမဦးဆုံး ဓမ္မစကြ်ာတ၇ားကို စဟောတဲ့အတွက် တရားရတနာ
စတင်ပေါ်ထွန်းခဲ့ပါတယ် ၊
ဝါဆိုလပြည့် ကျော် ၅ ရက်နေ့ ဟာ ဘုရားသာသနာမှာ ပထမဆုံး ရဟန္တာ ( သံဃာများ )
စတင်ပေါ်ထွန်းတဲ့အတွက် ဘုရားရတနာ တရားရတနာ သံဃာရတနာ သုံးပါးစလုံးစုံလင်စွာပေါ်
ထွန်းလာတဲ့နေ့ ဖြစ်လို့ အလွန်ထူးခြားတဲ့နေ့ ထုးနေ့ မြတ်တနေ့ လို့ ခေါ်ဆိုနိုင်ပါတယ် ၊
ပဉ္စ၀ဂ်ဂီ ၅ ပါးစလုံး ရဟန္တာဖြစ်သွားသွားအောင် ဗုဒ္ဓဟောကြားလိုက်တဲ့တရားတော် ဟာ
အနတ္တလက္ခဏသုတ်ဖြစ်ပါတယ် ၊
အနတ္တလက္ခဏသုတ် ရဲ့ အဓိပါယ်အကျဉ်းကတော့
မိမိတို့ ယခုရရှိထားတဲ့ ခန္ဓာကိုယ်ကြီးဟာ ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်ဘူး ၊ ကိုယ့်အလို
ကိုယ့်အကြိုက်မလိုက်ဘူး ၊ ဘယ်လို့ မှအမိန့် ပေးစေခိုင်းလို့ မရဘူး ။ သူ့ သဘောအတိုင်း
ဖြစ်နေတာဖြစ်တယ် လို့ ဟောကြားထးပါတယ် ၊
အနတ္တလက္ခသုတ်အကျယ်တရားတော်ကို အောက်က အသံဖိုင်မှာ နားဆင်တော်မူရင်းဖြင့်
မြတ်ဗုဒ္ဓဒေသနာကို ကြည်ညိုသဒ္ဒါပွါးများနိုင်ကြပါစေ ၊
ယခင်က မြန်မာ့အသံကထုတ်လွင့်ခဲ့တဲ့အစီအစဉ်ကလေးဖြစ်ပါတယ်
နာကြားတော်မူကြပါ ၊
တရား ၂ ပုဒ်ကို Download ပြီး ထပ်ဆင့် ဓမ္မဒါနပြုလုပ်နိုင်ပါသည် ၊
မောင်သုည
ဦးသုခ ရဲ့  ဘ၀သံသရာသီချင်း
ဒီသီချင်း ကလဲ ဓမ္မတေးတပုဒ်ပါဘဲ
No comments:
Post a Comment