Thursday, 1 July 2010

ဗေဒင်



ကျွန်တော်တို့ အကျိုးဆောင်များ ရုံးချိန်းပြိးလို့ အနားယူတဲ့အခါ ကိုယ်လေ့ လာထားတဲ့ဗေဒင်အကြောင်းများပြော
ပြီး ပညာဖလှယ်တက်ကြပါတယ် ၊ မိတ်ဆွေကြီးဦးဝင်းမောင်ကတော့ မဟာဗုဒ်နဲ့ လူလုပ်တယ်ဆိုပြီး မဟာဗုဒ်ကို
အသေကိုင်ပြီးဟောလေ့ရှိပါတယ် ၊ ကိုမောင်မောင်ကတော့ ၁၂ ရာသီခွင်ချပြီးဟောလေ့ရှိပါတယ် ၊ ကျွန်တော်
ကတော့ ဂြိုဘ်ခွင်နက္ခကိုတွက်ပြီးဟောလေ့ရှိပါတယ် ၊ နောက်ဆုံးတော့ အားလုံးကစုပေါင်းပြီး ကောင်းတာကိုယူ
ဟောကြပါတယ် ၊ နိုင်ငံခြားထွက်လာတော့ ဗေဒင်စာအုပ်များလဲပါလာတော့ လူတော်တော်များများကိုစမ်းပြီး
ဟောကြည့်တာ တော်တော်မှန်တယ်လို့ ပြောကြပါတယ် ၊ ဖစ်စနုလို့ က မြန်မာစာသင်တဲ့တက္ကသိုလ်တခုရဲ့ နှစ်
ပတ်လည်ပွဲတော်မှာ မြန်မာ့ရိုးရာတခုခုတောလောက်တင်ပါဆိုတော့ မြန်မာ့ဗေဒင်ပညာကို ကျွန်တော်ကဟော
ပြပါတယ် ၊ ထိုင်းတွေက မြန်မာ့ရိုးရာဗေဒင်ကိုတော်တော်စိတ်ဝင်းစားကြတာတွေရပါတယ် ၊
လူတော်တော်များများလာမေးကြပါတယ် ၊


ဗေဒင် မေးခြင်းနှင့်ပတ်သက်၍


ဗေဒင် ကို တချို့ ယုံတယ် တချို့ ကမယုံဘူး ဒါနဲ့ ပတ်သက်လို့ တော့ ဘာမှမဝေဖန်လို ပါ ၊ ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် အလွန်အကျွံ မဖြစ်ဘို့ တော့ လိုမယ်ထင်ပါတယ် ၊ ချို့ က ဘာဘဲ လုပ်လုပ် ဗေဒင်မေးပြီးမှလုပ်တယ် ၊ တခုခုဖြစ်ပြီဆို ရင် ဗေဒင်ကဟောထားတယ်မဟုတ်လား စသဖြင့်ပေါ့ လေ ၊ သိပ်ယုံတယ် သိပ်အားကိုးတယ် ၊
ပြောချင်တာက ကံကိုယုံပြီး စူးပုံမနင်း နဲ့ တဲ့

လူတွေဟာ ကံ နဲ့ ကံရဲ့အကျိုးပေးအတိုင်းဖြစ်ရတယ်လို့ ဆိုပါတယ် ၊ မှန်ပါတယ် အတိတ်ကကိုယ်ပြုခဲ့တဲ့ ကောင်းမှု ၊ မကောင်းမှု ကံတွေရဲ့ အကျိုးဆက်အတိုင်းဖြစ်နေ၇တာပါ ၊ အတိတ်ဆိုတာ မနေ့ ကိုယ်ပြုတခဲ့တာကိုလဲ အတိတ်လို့ ဘဲခေါ်ပါတယ် ၊ ဟိုးယခင် ဘ၀များစွာကပြုလုပ်ခဲ့တဲ့ ကောင်းမှုမကောင်းမှုကံများ၇ဲ့ အကြောင်းအကျိုး ၊ အကောင်းအဆိုးတွေ ကလဲ လိုက်င်္ပြီးအကျိုးပေးနေတာဖြစ်ပါတယ် ၊

( အဲဒီ အကျိုးပေးမဲ့ကံ တွေကို အဟောသိကံဖြစ်သွားအောင် လုပ်နိုင်တာက ၀ိပဿနာတရားအားထုတ်ခြင်းနဲ့ လုပ်နိုင်ပါတယ် ၊ မကေင်းမှု အကျိုးပေးတာ အရှိန်အဟုန် လျော့နဲ့ သွားအောင် လဲ ကောင်းတာလေးတွေအစားထိုးလုပ်ပေးခြင်းအားဖြင့် ပပျောက်သွားအောင် ၊ လျော့နဲသွားအောင်လုပ်နိုင်ပါတယ် ။ ဒီလို ဓမ္မသဘောတရားအခြေခံလေးတွေ သိရှိနားလည်ထားမယ်ဆို၇င်တော့ ဗေဒင်မေးလို့ ရပါတယ် ၊ ဗေဒင်ကို ကိုယ့် ရဲ၏ ဘ၀ ရှေးရေးအတွက် ဘယ်လိုလုပ်၇မယ် ၊ ဘာလုပ်သင့်တယ် ၊ မလုပ်သင့်ဘူး ၊ ဘာကိုရှောင်၇မယ်ဆိုတာကို ရွေးချယ်နိုင်ပါတယ် ၊
ဗေဒင်ပညာရှိခဲ့ကြောင်းသက်သေ သာဓက
ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါန ဘုရင်ကြီး က မြတ်စွာဘုရားဖွာတော်မူလာတော့ ပုဏ္ဏားတွေကို ခေါ်ပြီးဗေဒင်မေးကြည့်ပါတယ် ၊ ဗေဒင်ဆ၇ာကြီးက ပဉ္စ၀ဂ္ဂီ ၅ ဦးမှာ တဦးအပါအ၀င်ဖြစ်တဲ့ ရှင်ကွန်းတင်ည ဖြစ်ပါတယ် ( ဗေဒင်ဆရာကြိးက ဘုရားစင်စစ်ဧကန်ဖြစ်မည် ၊
ဟုဟောခဲ့ပါတယ် ၊ ( ဗေဒင်ပညာမှာ ဘုရားရှင်လက်ထက်ကပင်ရှိခဲ့ပါတယ် )
ဗေဒင်ဟောတိုင်းလဲ မဖြစ်ကြောင်း သက်သေ သာဓက
တခါက ဆရာကြိးထံမှာပညာသင်ကြားနေသော တပည့်များထဲမှ တဦးကို ဗေဒင်တွက်ကြည့်ရာ မကြာခင် သေမှာကိုတွေ့ သဖြင့် မိဘများထံသွား တွေ့ ဆိုပြီး မသေခင် မိဘများနှင့်တွေ့ ခွင့်ရသွားရန်ဆရာကြီးက အိမ်ပြန်လွှတ်လိုက်ပါတာ် ။ အဲဒီတပည့်ဟာ သူအိမ်ပြန်သွားတဲ့လမ်းတလျောက်မှာ လူသွားလမ်းနဲ့ မလွတ်သောသစ်ပင်သစ်ကိုင်းများတွေ့ လျှင်ဖယ်ရှားပေးခြင်း။ ခေါင်းနှင့်မလွတ်သောသစ်ကိုင်းများကို ဒေါက်နှင့်ထောက်ပေးခြင်း ။ လမ်းသွာရင်း ဒုက္ခရောက်နေသူမျာတွေ့ လျင် အကူအညီပေးခြင်း ၊ သောက်ေ၇အိုးများတွေ့ လျှင်ရေဖြည့်ပေးခြင်း စသည်များကိုပြုလုပ်သွားတယ် ၊
မိဘများထံချောမောစွာရောက်ရှိသွားပြိး မိဘများကိုလဲ ၀ပ်ကြီးဝပ်ငယ်ပြုစုခဲ့ပါတယ် ၊ လအတန်ကြာတော့ ဆရာကြီးထံပြန်သွားတဲ့အခါ ဆ၇ာကြီးက အံ့သြနေပါတယ် ။ ငါမင်းသေပြီလို့ ထင်နေတာ မင်းကိုဗေဒင်တွက်ကြည့်တော့ နောက်မကြာခင် မင်းသေမှာတွေ့ လို မိဘတွေကို တွေ့ သွား၇အောင်ဆိုပြီးပြန်လွတ်လိုက်တာ မင်းအခုမသေပါလား ။ သူဗေဒင်ကိုပြန်စစ်တော့လဲ မမှားဘူး ၊ ဒါနဲ့ သူတပည့် ကိုမေးတယ် မင်းအမေ့ အိမ်ပြန်သွားတော့ လမ်းမှာဘာများလုပ်သွားသလဲလို့ မေးတော့ ၊ သူတပည့်က သူလုပ်ခဲ့တွေကောပြောပြတော့ မှ အော် ဒါကြောင့်ကိုး လို ဆိုပြိး ဆရားကြီးသဘောပေါက်သွားတယ်တဲ့ ၊

ဆိုလိုတာက ဗေဒင်ဟောတိုင်းလဲ ကိုယ်က ကောင်းတာလုပ်နေရင် ဟောတဲ့အတိုင်းလဲဖြစ်ချင်မှဖြစ်တာလို့ ဆိုလိုပါတယ် ၊
ကျွန်တော် ဗေဒင် ဟောပါတယ် ၊ ကျွန်တော့်ဗေဒင်ကတော့ မြန်မာ့ရိုးရာ ဗေဒင်ပညာများကို လေ့လာရင်း ပြုစုထားတဲ့ ပညာ၇ပ်ဖြစ်ပါတယ် ၊ နိုင်ငံခြားရောက်တော့ လူတော်တော်များများကို တွက်ချက်ကြည်ရာ မှန်တယ်လို့ ပြောကြပါတယ် ၊ ကျွန်တော်ဒီပညာကို တန်ဘိုးထားပါတယ် ၊ ကိုယ်တိုင်းလဲ နှစ်စဉ် ဇာတာကိုပြန်စစ်ပြီး လုပ်သင့်လုပ်ထိုက်တာ ဆောင်သင့်ဆောင်ထိုက်တာ ရှောင်သင့်ရှောင်ထိုက်တာကို ရှောင်ပါတယ် ၊
သတိထားမိတာကတော့ ၀ိပဿနာတရားအားထုတ်နေလျှင် မကောင်းသော ဘေးအန္တရယ်များမှ ကင်းဝေးနေသည်ကို လက်တွေ့ ကြုံတွေ့ ၇ပါတယ် ၊
မိတ်ဆွေများ အထက်ကတင်ပြခဲ့တဲ့ အချက်အလက်များကို သဘောပေါက်သည်ဆိုပါက ကျွန်တော့်ထံတွင်ဗေဒင်
မေးလို ကမေးနိုင်ပါတယ် ၊ဗေဒင်မေးမြန်းမည့်သူသည် ဗေဒင်ပညာကို တန်ဘိုးထားသည့်အနေနှင့် အများကောင်းကျိုးတခုတခုကို ပြုလုပ်ပေးရမှာဖြစ်ပါတယ် ၊

ဗေဒင်နှင့်ပတ်သက်တဲ့ တရား နှစ်ပုဒ် တင်ထားပါမယ် ။



မောင်သုံည


ဗေဒင်မေးလို့ ပါက မွေးနေ့  ရက် လ ခုနှစ် ကိုပေးရပါမယ်။
သိလိုသော အချက် ၃ ချက် မေးနိုင်ပါတယ် ၊
e-mail မှ တဆင့် ပြန်ကြားပေးမှာဖြစ်တယ်ပါ ၊
e-mail Adress ဖေါ်ပြပေး၇ပါမယ်

1 comment:

  1. ကျွန်တော်နာမ်မည်က စိုင်းအောင်နိုင်ထွန်းပါ မွေးနေ.ကတော. တနင်္ဂနွေသား မွေးသက္ကရာဇ်က 1356 ခုနှစ် ကဆုတ်လဆုတ်12ရက်ပါ အင်္ဂလို.ကတော 4ရက်5လ1994ပါ မေးချင်တာကတော (1)ကျွန်တော်ဖူးစာရှင်က ဘယ်လိုလူမျိုးလဲ (2)ကျွန်တော်ရှေ.လျောက်ရမဲ.ဘ၀ခရီးက ဘယ်လိုရှိမလဲ(3)ဘ၀မှာဘာအလုပ်နဲအကျိုးပေးမလဲ ကျွန်တော် e.maillလိပ်စာက thayaelay.lay@gmail.com ပါ

    ReplyDelete