Saturday, 6 August 2011

သင်သေမဲ့ရက်ကို ကြိုသိရင်


သင်သေမဲ့ရက်ကို ကြိုသိရင်

သင်ဘယ်နေ့သေမလဲဆိုတာ တွက်ကြည့်လိုက်ရအောင် ဆို တဲ့ Post တခု ကို

  • အညာသား က ရေးသားတင်ပြထားပါတယ် ( ဇွန် 23, 2011 )
အောက်ကလင့်လေးကနေသွားလိုက်.....ပါတဲ့
http://www.deathclock.com/index.cfm
အဲဒီ လင့်ကလေးကို သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ ကိုယ့် အတွက် ဘ၀လက်ကျန်အချိန်ကလေးကို
တော့ သိထားသင့်ပါတယ် အဲတာကြောင့်
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) က
လူ့ ဘ၀သက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲ ထားလိုက်ပါတော့လို ဆိုပြီး
ဘ၀ရဲ့လက်ကျန်ဇယားကို ဒီလိုတွက်ပေးထားပါတယ်

သင့်အသက်
သင်သုံးခဲ့ပြီးသောအချိန်
ဘ၀၏လက်ကျန်အချိန်
၁၅ နှစ်
၅၄၇၅ ရက်
၂၁၉၀၀ ရက်
၂၀ နှစ်
၇၃၀၀ ရက်
၂၀၀၇၅ ရက်
၂၅ နှစ်
၉၁၂၅ ရက်
၁၈၂၅၀ ရက်
၃၀ နှစ်
၁၀၉၅၀ ရက်
၁၆၄၂၅ ရက်
၃၅ နှစ်
၁၂၇၇၅ ရက်
၁၄၆၀၀ ရက်
၄၀ နှစ်
၁၄၆၀၀ ရက်
၁၂၇၇၅ ရက်
၄၅ နှစ်
၁၆၄၂၅ ရက်
၁၀၉၅၀ ရက်
၅၀ နှစ်
၁၈၂၅၀ ရက်
၉၁၂၅ ရက်
၅၅ နှစ်
၂၀၀၇၅ ရက်
၇၃၀၀ ရက်
၆၀ နှစ်
၂၁၉၀၀ ရက်
၅၄၇၅ ရက်
၆၅ နှစ်
၂၃၇၂၅ ရက်
၃၆၅၀ ရက်
၇၀ နှစ်
၂၅၅၅၀ ရက်
၁၈၂၅ ရက်
၇၅ နှစ်
၂၇၃၇၅ ရက်
ကုန်နေပြိနော်တဲ့










လက်ကျန်အချိန်ကနည်းနေပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။


ဘာဘဲ ဖြစ်ဖြစ် သင့်အနေနဲ့  ကိုယ်သေမဲ့ နေကိုကြိုတင်သိ နေခဲ့ရင် ဘယ်လို လုပ်မလဲ
နောက် ၁၀ နှစ် မှာသေမယ် ။ နောက် ၅ နှစ်မှာသေမယ် နောက် ၁ နှစ် မှာသေမယ်
နောက် အချိန်ပိုင်းအတွင်းမှာသေမယ် ဆိုတာ ကြိုတင်သိနေရင် သင်ဘယ်လို လုပ်မလဲ
သင့်စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ်မလဲ ဆိုတာ
သိချင်လို့  နည်းစပ်ရာ မိတ်ဆွေတချို့မေးကြည့်တော့ သူတို့ က ဒီလိုဖြေကြပါတယ်
မေး = ကိုယ်သေမဲ့ နေ့ကို ကြိုသိခဲ့ရင် သင်ဘယ်လို လုပ်မလဲ ဖြေပေးနိုင်မလား
ပြည့်ဖြိုသူ
ဘဝအတွက် အကောင်းဆုံး အလုပ်သင့်ဆုံးထင်တဲ့ အလုပ်တွေပဲ ရွေးလုပ်တော့မှာပေါ့.. မလုပ်သင့်ဘူးထင်တဲ့အလုပ်တွေ မလုပ်တော့ဘူး
knwaing: လုပ်ပေးနိုင်သလောက်ကို အားလုံးအတွက် ဆက်ပြီးဖြည့် ဆည်းပေးသွားမယ် ။ ပြီးရင် ပျော်ပျော်ကြီး သေမယ်
dr.green199: မသေခင်အထိပျော်ပျော်လေးနေမယ်
မေး = ကိုယ် သေမဲ့ ရက်ကို ကြိုသိရင် သင်ဘယ်လို လုပ်မလဲ ဆိုတာလေးဖြေပေးပါလား
Hnin: ဟုတ်ကဲ့
ကာကွယ်လို့ရရင် ကာကွယ်ကြမယ့်သူချည်းပဲလေကာကွယ်လို့မရခဲ့ရင်တော့
စိတ်ညစ်နေကြမှာပဲလူ ၁၀၀ မှာ၃၀ လောက်ကပဲတရားသဘောနဲ့ဆင်ချင်မှာ
သေဖို့ပြင်ဆင်ကြမှာလေလူဆိုတာသေမှာကြောက်ကြတယ် သေမယ့်ရက်ကို
အတတ်တနိုင်ဆုံး လူတိုင်းက သေရမှာကြောက်ကြတယ်ဆွဲဆန့်ထားမှာပဲလေ
မေး = သင် သေမဲ့ရက်ကို ကြို သိရင် သင်ဘာလုပ်မလဲ
polen ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်မှာပေါ့
ဒါဘဲ လား
polen ပျော်ပျော်နေမယ် ရတဲ့အချိန်လေးမှာ
nectar သေမယ့်၇က်သာကြိုသိ၇င်မယ်ဆိုရင်
ခရီးတွေအကုန်လျှောက်သွားမယ်
2 me: နောက် ကော
ခ၇ီးဘဲသွားမှာလေ အင်း
ဟုတ်တယ် လျှောက်စားမှာ လျှောက်သွားမှာ ကမ်းးဖြေလိုနေ၇ာတွေကို
htethtetaung သေမယ့်အချိန်သိခဲ့ရင် မလုပ်ဖူးတာတွေလုပ်မယ်
ပြီးရင် ကောင်းမှုကုသိုလ် လုပ်မယ် နောက်ဘ၀အတွက်ပါအောင်လို့
ဖြေထားကတာတွေ ကို ခြုံကြည့်လိုက်ရင်တော့ ဘ၀မှာ ကောင်းတာတွေ လုပ်ချင်တာတွေကိုလုပ်ပြီး ပျော်ပျော်ကလေးနေပြီး ပျော်ပျော်ကလေး သေချင်ကြတယ်ဆိုတာ တွေ့ရပါတယ်
အခု ကိုယ်ရထားတဲ့ ဘ၀ ကလေးဟာအလွန်တန်ဘိုးရှိပါတယ် အဲဒီလို အင်မတန် တန်ဘိုးရှိတဲ့ဘဝ
ကလေးကို တန်ဘိုးရှိအောင် အသုံးမချတက်ရင် အလွန်နစ်နာမှာစိုးပါတယ် ရတဲ့ ဘ၀လေးရဲ့အချိန်ကလဲ အင်
မတန်တိုတောင်းပါတယ် ၊ ဘ၀သံသရာကြီးက ရှည်လျားလွန်းလို့ အခု ဆက်ဆံကြုံတွေ့နေရတဲ့သူတွေဟာ
ဆွေမျိုးညီအကိုမောင်နှမ မတော်ဘူးသူမရှိဘူးလို့ဆိုထားပါတယ်
ဒါကြောင့် မိဘဆွေမျိုး ညီအကိုမောင်နှမ မတော်စပ်ခဲ့ဘူးသူတွေကို ကျေူဇူးဆပ်တဲ့အနေနဲ့ တင်ပြလိုက်ပါတယ်
သတ္တ၀ါတွေဟာ ဘ၀သံသရာကြီးထဲမှာ လူ ဖြစ်လိုက် နတ်ဖြစ်လိုက် ဗြဟ္မာဖြစ်လိုက် တရိစ္ဆာန်ဖြစ်လိုက် နဲ့ မဆုံးနိုင်အောင် လည်ပတ်နေကြတယ်ဆိုတာယုံကြည် လက်ခံထားကြရဲ့လား
( ကိုယ်သေတဲ့အရိုးတွေကို တောင်လိုပုံထားမယ်ဆိုရင်( ၇ ) ရက်တက် ( ၇ ) ဆင်းရတဲ့တောင်လောက်မြင့်
တယ်တဲ့ - ဒါတောင် အရိုးမရှိတဲ့ သတ္တ၀ါအဖြစ်နဲ့သေတဲ့ ဘ၀ တွေမပါသေးဘူးနော်)
အခု လူ့ဘ၀ ရပြီး နောက် သေရင် ဘယ်ဘ၀ရောက်မယ်ထင်သလဲ
တနေ့မှာ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ချစ်သားအာနန္ဒာ ငါ၏လက်သဲပေါ်ရှိမြေမှုံအရေအတွက်နဲ့
ဟောဒီမဟာပထ၀ီမြေကြီးပေါ်မှာ ရှိတဲ့ မြေမှုံအရေ အတွက်ဘယ် ကများသလဲ လို့ မေးလိုက်တဲ့အခါမှာ
အရှင်အာနန္ဒာ က အရှင်ဘုရားလက်သဲပေါ်မှာရှိတဲံ မြေမှုံ အရေအတွက် ကဘာမှ မပြောပလောက်ပါ
မဟာပထီမြေကြီးပေါ်ရှိမြေမှုံအရေးအတွက် က အဆမတန်များပါ တယ်ဘုရားလို့ ပြန်လျှောက်တယ်
ဒီအခါ မှာ မြတ်စွာဘုရား က ဟုတ်တယ် လူတယောက်သေပြီး ကောင်းရာသုဂတိ ရောက်တဲ့ အရေအတွက်
ဟာ ငါရဲ့  လက်သဲပေါ်မှာရှိတဲံ့မြေမှုံလောက်သာရှိတယ်ကျန်တဲ့ ဟောဒီမဟာပထ၀ီမြေကြီးပေါ်မှာ ရှိတဲ့မြေမှုံ
အရေအတွက်ကတော့ မကောင်းတဲ့ အပါယ်ဘုံကိုရောက်ကြတာဘဲလို့ မိန့်တော် မူသတဲံ့
သင်ကော ဘယ်အထဲမှာ ပါချင်သလဲ လက်သဲပေါ်ကမြေမှုံထဲမှာ လား
မဟာ ပထ၀ီမြေကြီးအထု ရှိတဲ့မြေမှုံထဲမှာ လား
အခု ဒီဘ၀ မှာ လူအဖြစ်နဲ့လာတွေ့ဆုံနေကြရတယ် နောက် နှုတ်ဆက်ပြီး ခွဲခွါသွားတဲ့အခါမှာ ငါတော့ ဒီထက်ကောင်းတဲ့နေရာကို သွားပြိဟေ့လို့ ဆိုပြီး နှုတ်ဆက်သွားရင် တာ့တာ့ လုပ်တဲ့လူက က လဲ ၀မ်းသာ
ရွှင်မြူစွာနဲ့ တာ့တာ့ လုပ်ရမှာပေါ့ ၊
ဒါပေမဲ့ ဒါတော့ ဒီထက် ပိုဆိုးတဲ့နေရာကို သွားရတော့မယ် ဟေ့ဆို ရင်တော့ နှုတ်ဆက် တဲ့သူ က ဘယ်စိတ်
ကောင်းပါ့မလဲ နော်
ဒါကြောင့် မိုးကုတ်ဆရာတော် ဘုရား ကြီး က
အသေ မဦိးခင် ဥာဏ် ဦးအောင်လုပ် ပါလို့  ဆုံးမထားပါတယ်
ဥာဏ် က မဦးဘဲ အသေက ဦးသွားမှာ စိုးလို့ ဖြစ်ပါတယ်
ဥာဏ် ဦးတယ်ဆိုတာ ဘာလဲ
သေရင် အပါယ် မကျအောင် လုပ်ထား တာကို ဆိုလိုပါတယ်
သေရင် အပါယ် မကျအောင် ဘယ်လို လုပ်ရမလဲ
ဒိဋ္ဌိပြုတ်ရင် အပါယ် မကျ နိုင်ဘူး
ဒိဋ္ဌိဆိုတာဘာလဲ
၁ - အခု ရထားတဲံ့ ခန္ဓာကြီး ကို ငါဘဲ ယေက်ျားဘဲ မိန်းမ ဘဲ ပုဂ္ဂိုလ်ဘဲ သတ္တ၀ါဘဲလို့ ထင်နေတာ
မှတ်နေတာ ၊ စွဲ နေတာ ၊
၂ - သေပြိးရင် နောက် ဘ၀ တခုဖြစ်သေးတယ်လို့ ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
ဝိညာဉ် ဟာခိုင်တယ်မြဲတယ် ဘယ်တော့မှ မသေဘူး နောက်ဘ၀မှာ နောက်ခန္ဓာတခုမှာ
ပြန်ဖြစ်တယ်လို့ ယူတဲ့အယူ
( လောက်လန်းသဘွယ်ဝိညာဉ်တွယ်ဆိုသလို လူတယောက်သေသွားရင်နောက်ဘ၀မှာတခုတခု
သွားဖြစ်တယ် ၀ိညာဉ်ကလေးကတော့ မသေဘူး ဒီခန္ဓာကို စွန့်ပြီးနောက်ခန္ဓာမှာ ၀င်တယ်လို့ယူ
တဲ့အယူ ( အသက် ထွက်သွားတယ် ဆိုတဲ့အယူ )
၃ - သေပြီးရင် နောက် ဘာမှ မဖြစ်တော့ ဘူးလို့  ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
တချို့ တော့ သေပြိး ရင် ပြိးတာဘဲ နောက် ဘာမှ မဖြစ်တော့ ဘူးလို့  ယူတဲ့အယူ
သင် ဘယ် အယူကိုယူထားသလဲ အဲဒီအယူ တမျိုးမျိုး ယူထားရင်တော့ သေရင် အပါယ်ကျမှာဘဲ
ဒါကြောင့် ရင်ဝလှံစူး - ဦးခေါင်းမီးလောင် ဒိဋ္ဌိအမြန်ရှောင်ပါတဲ့
ကိုယ့်ရင်ဝကို လှံစူးမယ် ဆိုလျင် အလျှင်ဆွဲနှုတ်မယ် မဟုတ်လား
ကိုယ် ဦးခေါင်းက ဆံပင်ကို မီးလောင်ရင် အလျှင်ငြိမ်းသတ်မယ် မဟုတ်လား
အဲ ဒါ ထက် အလျင်ဦးအောင် ကိုယ့်မှာ စွဲနေတဲ့ ဒိဋ္ဌိ အယူကို အမြန် ပျြတ်အောင်ဖြုတ်ပါတဲ့
ဒိဋ္ဌိအယူအမပြုတ်ဘဲ သေရင် သံသရာ ထဲမှာ လည်နေအုံးမှာ ဘဲ အရိုးတွေတောင်လိုပုံနေအုံးမှာဘဲ
ဒိဋ္ဌိပြုတ်ပြိးသေမယ်ဆိုရင်တော့ အနဲဆုံး ခုနှစ် ဘ၀ ဘဲ သေစရာရှိတော့ တယ် နောက်ဆုံးဘ၀ မှာ
မအိုရာ မနာရာ မသေရာ ( နိဗ္ဗာန် ) ကို မျက်မှောက်ပြု နှိင်မှာဖြစ်ပါတယ်
ကဲ ဒိဋ္ဌြိ့ဖုတ်ကြရအောင်
ဒိဋ္ဌိဖြုတ်တာ အဆင့် ၂ ဆင့် ရှိ ပါတယ်
ပထမ အဆင့်က အသိ နဲ့ အလျင် ဖြုတ်တဲ့ နည်းပါ
ဒုတိယ အဆင့် က အပွါးဥာဏ် အပါယ် ဥာဏ်နဲံ ပြုတ်တဲ့ နည်းပါ
ပထမအဆင့် အသိ နဲံ့ ပြုတ်ရင်တောင် တစ်ဘ၀ နှစ်ဘ၀ တော့ အပါယ် မကျနိုင်ဘူး
ဒုတိယ တတိယ ဘ၀ မှာ အပွါးဥဏ် နဲ့ပြုတ်ပြီး မအိုရာ မနာရာ မသေရာ ( နိဗ္ဗာန် ) ကို မျက်မှောက်ပြု နှိင်ပါတယ်
ကဲ ဒိဋ္ဌိကို အသိ နဲ့အလျင်ဖြုတ် ကြရအောင်
အမှတ် ၁
၁ - အခု ရထားတဲံ့ ခန္ဓာကြီး ကို ငါဘဲ ယေက်ျားဘဲ မိန်းမ ဘဲ ပုဂ္ဂိုလ်ဘဲ သတ္တ၀ါဘဲလို့ ထင်နေတာ
မှတ်နေတာ ၊ စွဲ နေတာ ၊ ကို အမှန်ဘယ်လို မြင်ရမလဲ
အခု ကိုယ်ရထားတဲ့ ခန္ဓာ ဆိုတာ ဘာလဲ
ခန္ဓာ ဆို တာ အခု မျက်လုံးနဲံ့မြင်နေရတဲ့ အလုံး အရပ် ပုံသဏ္ဌာန် အလေးချိန် ရှိတဲ့ ယောက်ျား ၊ မိန်းမ
တိရိစ္ဆာန် စတဲ့ အကောင်အထည် ခန္ဓာကို ဆိုလိုတာ မဟုတ်ပါ ( ရုပ် + နမ် ) ဘယ်ခန္ဓာဘဲ ဖြစ်ဖြစ် ရုပ် နဲ့
နမ် ဘဲရှိပါတယ် ၊
ရုပ်ဆိုတဲ့ ခန္ဓာ မှာ ( ရေဓါတ် မြေဓါတ် လေဓါတ် မီးဓါတ် တို့ပါ ၀င်ပါတယ် )
နမ် ဆိုတဲံ ခန္ဓာမှာ ( သိတတ်တဲံ့သဘော ။ ခံစားတက်တဲ့သဘော ၊ မှတ်သားတက်တဲ့သဘော ၊ ပြုပြင်စေ့စော်
တက်တဲ့သဘော ) ပါဝင်နေပါတယ် ၊
ရုပ် က တပါး + နမ်ခန္ဓာ က ၄ ပါး ( ဒါကို ခန္ဓာ ၅ ပါး လို့ ဆိုပါတယ် )
အဲဒီ ခန္ဓာတွေပေါ်တဲ့ နေရာ က ၆ နေရာ မှာ ပေါ်ပါတယ်
၁ - နားမှာ ပေါ်တယ် ၂ - မျက်လုံးမှာ ပေါ်တယ် ၊ ၃- နှာခေါင်းမှာပေါ်တယ် ။ ၄ လျှာ မှာပေါ်တယ်
၅ - ကိုယ် ဆိုတဲ့ အရေးပြား မှာပေါ်တယ် ၆ -နှလုံး အိမ် လို့ခေါ် တဲ့ မနော မှာပေါ်တယ် ၊
ဥပမာ တခုပြောပါမယ်
၁ - နား ကအသံတခုကိုကြား ရင် ခန္ဓာ တခုပေါ်ပါတယ်
ရုပ် = နား နဲ့ အသံဟာ ရုပ် ဖြစ်ပါတယ် ၊
နမ် = နားက ကြား တဲ့ အသံကို ကြားမှန်းသိတယ် ၊ စကားပြောသံ ကားသံ လို့ သိတယ်
အဲဒီလို သိတာ က နမ် ပါ
နားမှာ အသံတခု ကြားတာနဲ့  ခန္ဓာတခုပေါ်တာပါ
အသံက ရုပ် + သိတာက နမ် = အဲဒါ ရုပ်နဲ့ နမ်ပါ ( ခန္ဓာ တခုပေါ်တာပါ )
အဲ ခန္ဒာ ဟာ ငါလား ယေက်ျးလား မိန်းမ လား မဟုတ် ပါ ခန္ဓာ တခုသာဖြစ်ပါတယ် ၊
အခုပြောတာလေးကို နားလည်တယ် သဘောပေါက်တယ် ဆိုရင် ငါဆို တဲ့ ဒိဋ္ဌိ ပြုတ်နေပါပြီ
( အဲဒါကို ပါဠိလို သက္ကာယ ဒီဋ္ဌိပြုတ်တယ် လို့ ခေါ်ပါတယ် )
` နံပါတ် ( ၁ ) ဒိဋ္ဌိပြုတ်ပါတယ် ၊ အသိနဲံ့ ပြုတ်တယ် လို့ ခေါ်နိုင်ပါ တယ် ၊
မျက်လုံး မှာ လဲ ဒီအတိုင်းဘဲ အဆင်းတခုခု နဲ့တွေ့ ရင် မြင်စိတ်ပေါ်တယ်
မြင်တဲ့ ရုပ် နဲ့ မြင်တဲ့စိတ် ပေါ်တဲ့ တွက် ရုပ် နဲ့ နမ် စုံပါတယ် ( ခန္ဓာတခုပေါ်တာပါ )
အဲဒီ ခန္ဓာ ဟာ ယောက်ျား မဟုတ်ပါ မိန်းမ မဟုတ် ပါ ပုံသဏ္ဌာန်အဆင်း လဲ မရှိပါ
ကိုင်လို့ တွယ်လို့ ရတဲ့ ခန္ဓာ လဲ မဟုတ်ပါ အဲဒါကို ငါလို့  မှတ်လို့ ရော ရပါ့မလား ငါလဲ မဟုတ်ပါ
နှာခေါင်းမှာ လျှာ မှာ ကိုယ်ပေါ်မှာ မနော မှာ အကြောင်းတိုက်ဆိုင်ရင် ခန္ဓာတွေပေါ်ပါတယ်
သဘောပေါက် အောင် စဉ်းစားကြည့်ပါ
အခုပြောတာလေးကို နားလည်တယ် သဘောပေါက်တယ် ဆိုရင် ငါဆို တဲ့ ဒိဋ္ဌိ ပြုတ်နေပါပြီ
` နံပါတ် ( ၁ ) ဒိဋ္ဌိပြုတ်ပါတယ် ၊ အသိနဲံ့ ပြုတ်တယ် လို့ ခေါ်နိုင်ပါ တယ် ၊
နံပါတ် ၂ နဲ့  ၃
၂ - သေပြိးရင် နောက် ဘ၀ တခုဖြစ်သေးတယ်လို့ ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
၃ - သေပြီးရင် နောက် ဘာမှ မဖြစ်တော့ ဘူးလို့  ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
နံပါတ် ( ၁ ) ခန္ဓာ စစ်ပေါ်တာ ကို သိရင် ၂ နဲ့  ၃ က လွယ်ပါတယ်
ခုန နားမှာ ပေါ်တဲ့ ကြားတယ်ဆိုတဲ့ ခန္ဓာလေးဟာ နားမှာပေါ်ပြီးတာနဲ့ မနောကိုပို့လိုက်တာပါ
မနော က လူသံဘဲ ကားသံဘဲ ဆူညံသံဘဲ သီချင်းသံဘဲလို့  ခံစားပေးရတာပါ မနောက သိလဲသိတယ်
ခံစားတဲ့အလုပ်လဲ လုပ်ပေးပါတယ် ပြီးရင် အဲဒီ ခန္ဓာလေးဟာ ကြာကြာနေလို့ မရပါဘူး
နောက်ထပ်ကြားတဲ့အသံတခု ပေါ်လာတနဲံသူ ကဖယ်ပေးလိုက်ရပါတယ် ( မနောဆိုတဲ့ ဒွါရမှာလဲ
စိတ်နှစ်ခု ကတပြိုင်နက် ပေါ်လို့ မရတော့ နောက်တခု ပေါ်လာရင်ရှေ့က ခန္ဓာတခု က ချုပ်ပေးရပါ
တယ် ( အဲဒါကို တစ်ခန္ဓာသေတယ်လို့ ခေါ်ပါတယ် ) နောက် ခန္ဓာတခုပေါ်လို့ အတွက် ရှေ့  ကခန္ဓာ
ချုပ်ပေးရတာပါ အဲဒီတော့ တည်နေတယ် မြဲနေတယ် ဆိုတဲ့အယူဟာ ဒီနေရာမှာ သဘောပေါက်ရင်
ယူလို့ မရတော့ပါဘူး
ဒါပေမဲ့ ချုပ်သွား ပျောက်သွားတဲ ခန္ဓာနဲ့နောက်ခန္ဒာ ဟာ အကြောင်းအကျိုးတော့ မကင်းဘူး
ချုပ်ပျောက်သွားတဲ့ခန္ဓာ ဟာ နောက်ပေါ်မဲ့ခန္ဓာပေါ်ဘို့အတွက် ဖယ်ပေးလိုက်ရသလို သူဖယ်ပေးလိုက်
လို့လဲ နောက် ခန္ဓာပေါ်ခွင့်ရတာ ဒီလို တခန္ဓာ နဲ့တခန္ဓာ ချုပ်ပျောက်သွားရတာ ပေါ်လာရတာတွေဟာ
အကြောင်းအကျိုးမကင်းဘူးဆိုတာသိရင် နံပါတ် ၂ နဲ့  ၃ အယူ ဟာ လိုလို ကင်းစင်နိုင်ပါတယ်
အခုပြောပြတာလေးလောက်ကိုနားလည်တယ် သဘောက်တယ်ဆိုတရင် ဒိဋ္ဌိကို အသိနဲပြုတ်တယ်
လို့ ခေါ်ပါတယ် ၊
အခု ပြောပြတာတွေဟာ ကိုယ့်ညာဏ်နဲ့ပြောပြေတယ်လို့ မထင်ပါနဲ့  ဆရာတော်သံဃာတော်များ
ရဲ့ ဆုံးမတားတဲ့တရား များကို နာကြားပြိး တဆင့်မျှဝေပေးလိုက်ခြင်းသာဖြစ်ပါတယ်
အောက် က ဒီတရားလေး ကိုနား ကြည့်ကြပါလို့ မျှဝေရင်း ကျေးဇုးဆပ်လိုက်ပါတယ်


မောင်သုည

No comments:

Post a Comment