လန်ခြား
မီးရထားရုံးကြီး
ဆေးရုံကြီး
မာလိုးနိမ်း
ဟိုးတုန်းက
ရန်ကုန်မှာအိန္ဒယကကုလားတွေလာအလုပ်ကြတယ်၊တမြို့လုံးမှာရှိ
တဲ့အောက်ခြေသိမ်းအလုပ်တွေအကုန်ကုလားတွေဘဲလုပ်ကြတယ်၊ထင်းခွဲရေခပ်
မိလ္လာကျုံး
၊အမှိုက်လဲ၊တဲ့အလုပ်တွေအပြင်သယ်ယူပို့ဆောင်ရေးအတွက်လန်ခြား
ဆွဲတဲ့အလုပ်လဲပါတယ်၊လန်ခြားဆိုတာအခုခောတ်ကလေးတွေမြင်ဘူးကြလား
မသိဘူး၊မမြင်ဘူးရင်
ပုံမှာကြည့်ပေတော့၊ဟိုတုန်းက ဟိုနားဒီနားသွားရင်၊ဆိုက်
ကားနဲ့လန်ခြားဘဲရှိတာလေ၊
လန်ခြားဆိုတာကကုလားတွေကဆွဲတာဆိုတော့ကုလားစကားလေးနဲနဲ
ပါးပါးတော့တတ်ထားမှဖြစ်တာ
၊ ဥပမာ ဘယ်ကွေ့၊ညာကွေ့၊တဲ့တဲ့သွား၊မြန်မြန်သွား
ရပ်တော့ဆိုတာလောက်ပေါ့၊ဟိုတုန်းကဗမာတွေကလဲကုလားစကားဒီလောက်
တော့တတ်ကြပါတယ်၊တောကလူတွေကတော့သိပ်မတတ်ဘူးပေါ့၊
ထိုင်းနိုင်ငံမှာလဲဗမာတွေတက္ကစီ-စီးရင်-
ဘယ်ကွေ့ လဲယိုးဆိုင် ၊ ညာကွေ့ လဲယိုးခွါ - တဲ့တဲ့သွား
- သရုံပိုင် -ရပ်တော့ ရွတ်
ဒီလောက်တော့တတ်မှဖြစ်သလိုပေါ့
ကုလားလိုလဲ - စီးတားဂျောင်း - ဘယ်ကွေ့ ၊
ဘာယားဂျောင်း-ညာကွေ့ -
ဒိုင်းနားဂျောင်း
- တဲ့တဲ့သွား - ခလိုး - ရပ်
ဆိုတာလောက်တော့တတ်ရတာပေါ့
တနေ့တော့တောကတက်လာတဲ့အဒေါ်ကြီးတယောက်လန်ခြားခေါ်စီး
တယ်၊
ဟဲ့လန်ခြားကုလား
ငါကိုကွမ်းခြံဈေးလိုက်ပို့စမ်းဘယ်လောက်ပေးရလဲ
သူစီးတာ ကန်တော်လေးကဆိုတော့ ကုလားက
အမား -
ငါးမူးကျမယ်အမာ ( ကွမ်းခြံဈေး ဆိုတာ သိမ်ကြိးဈေးထင်တယ် )
ဒါပေမဲ့
ရန်ကုန်ဘူးတာကြီးကိုတော့ ကွမ်းခြံဘူတာလို့ခေါ်တယ် )
များတယ်
ကုလား ၃ မူး ပေးမယ်
မရဘူးအမား
ဝေးတယ်
၎
မူးထား
လာသွားမယ်ဆိုပြီး
အဒေါ်ကြီးလန်ခြားတက်စီးလာတယ်
ကုလားကလဲ
စိတ်မပါ တပါနဲ့ လိုက်ပို့တယ်
ဒီအဒေါ်ကြီးကရန်ကုန်ကိုအခုမှရောက်ဘူးတာဆိုတော့သိပ်မသိဘူး၊လမ်းမှာတွေ့
တာတွေဟိုမေးဒီမေးနဲ့လုပ်လာတယ်
- ကုလားကလဲစိတ်တိုတိုကုလားဆိုတော့
သူတောင်းတဲ့ဈေးမရတော့
သူမေးတာကိုသိပ်မဖြေချင်ဘူး
တော်တော်လေး
ဆွဲလာတော့ ရန်ကုန်ဘူတာကြီးကိုရောက်လာတယ်၊ရန်ကုန်ဘူတာ
ကြီးကိုသူကဘာထင်လဲမသိဘူး-
ဟဲ့ကုလား -
ဒီဘုရားဇောင်းတန်းကြီးကဘာဘုရားလဲ
ကုလား -
စိတ်တိုနေတဲ့ကုလားက (
မာလိုးနိမ်း ) လို့ ပြန်ပြောလိုက်တယ်
မာလိုးနိမ်းဆိုတာ မသိဘူးလို့ပြောတာ
အဒေါ်ကြီးက
သာဓု - သာဓုဆိုပြိး လက်အုပ်လေးချီပြိး ဦးချလိုက်သေးတယ်
နောက်တော်တော်လေးဆွဲလာတော့
ဗိုလ်ချုပ်လမ်း နဲ့ ဆူးလေဘုရာလမ်းဒေါင့်က
မီးရထားရုံးကြိးကိုတွေ့ပါရော-မီးရထားရုံးကြီးကလဲ
ဂ၀ံကျောက်အနီတွေ့နဲ့ ဆောက်
ထားတာဆိုတော့
သိပ်လှတာပေါ့ -
ဟဲ့ကုလား - ဟိုရှေ့က တိုက်ကဘယ်သူ့ တိုက်လဲ
ကုလားကလဲ
စိတ်တိုတိုနဲ့ (မာလိုးနိမ်း )
ပြန်ပြောလိုက်တယ်
အဒေါ်ကြီး
က အော်အော် မာလိုးနိမ်းတို့များတယ်ချမ်းသာပါလားလို့ပြောလိုက်သေး
တယ်
ဒီလိုနဲ့လန်ခြားက
ရန်ကုန်ဆေးရုံကြီးဘက်ရောက်လာတယ် -
သူ့လန်ခြားက
သိမ်ကြီးဈေးဘက်သွားမှာဆိုတော့ ဆေးရုံးကြီးရဲ့နောက်ဘက်လူသေ
တွေအသုဘချတဲ့အပေါက်ဘက်ကဖြတ်သွားရတယ်
တိုက်တိုက်ဆိုင်ဆိုင်ဘဲလန်ခြားလဲအဲဒီအပေါက်နားရောက်တော့ဆေးရုံထဲကအသုဘ
တခုထွက်လာတယ်-
အဲဒီအခါမှ ထုံးစံအတိုင်း စပ်စုတဲ့အဒေါ်ကြီးက
ဟဲ့ကုလား -
အဲဒါဘယ်သူ့အသုဘလဲ
ကုလားက ဘယ်သိပါ့မလဲ ထုံးစံအတိုင်း ( မာလိုးနိမ်း )
လို့ပြန်ပြောလိုက်တယ်
အဲဒီအခါမှာ အဒေါ်ကြီးက အော် ဒီလောက်ချမ်းသာတဲ့ သူဌေးကြီး
မာလိုးနိမ်း လဲ
အနိစ္စသဘောနဲ့ ကိစ္စချော့ပါရောလား
အင်း အနိစ္စ အနိစ္စ အနိစ္စ တဲ့
မောင်သုည
No comments:
Post a Comment