အဘိုးပြောတဲ့ရာဇ၀င်ပုံပြင် ( ၇ )
ရှင်မွေးလွန်း + မင်းနန္ဒာ
”ဟော သားတို့သမီးတို့ရောက်လာကြပြီ ကိုး---လာ
ထိုင်ကြ -ထိုင်ကြ ”
” ဒီနေ့ ရှင်မွေးလွန်း နဲ
့မင်နန္ဒာအကြောင်းဆက်ပြောရမယ်နော် အဘိုး
အဘိုး
ဟိုတနေ့က ကောင်ခန်းကျမှ ရပ်သွားတာ ”
” အေးအေး ဟုတ်ပါပြီ အရင်တပတ်က ဘယ်ရောက်သွားလဲ ”
” သမီးတော်ကလေးကို
နာမယ်ပေးမဲ့နေ့ ရောက်တဲ့အခါမှာ မွေးမဲ့မွေးတော့ထူးထူးဆန်းဆန်း
မယ်တော်သေပြိးမှဝမ်းထဲမှာအသက်ရှင်ပြိးမွေးလာတဲ့အတွက်၊
မွေးမှမွေးလွန်း ရှင်မွေးလွန်း လို့နံမယ်
ပေးလိုက်တယ်၊နောက်ပြီးသီးခြားဆောက်ထားတဲ့တစ်ပင်တိုင်မြနန်းမှာအထိန်းတော်တွေနဲ
့အတူ
ထားလိုက်တယ်လေ အဘိုး ”
အေး ဟုတ်တယ် ၊
”
ရှင်မွေးလွန်းလေးကိုစာသင်တဲ့အရွယ်ရောက်ရင်စာသင်ပေးတယ်၊မိန်းခလေးတွေတက်သင့်
တဲ့ပညာတွေကိုသင်ပေးဘို
့အကသင်ပေးတယ်၊စောင်းတီးသင်ပေးတယ်၊စာပေကျမ်းဂန်တွေကိုစုံလင်
အောင်ဆရာတွေကိုခေါ်ပြိးသင်ပေးထားတယ်၊အဲဒီလိုနဲ့ရှင်မွေးလွန်းကလေးပျိုမြစ်နုနယ်ချစ်စဘွယ်
အရွယ်ကလေးရောက်လာတယ်၊သူကလေးကလဲသူ
့ရဲ့ မိခင်သုဝဏ္ဏဒေ၀ီလိုဘဲလှပကြော့ရှင်းခြောက်
ပြစ်ကင်းကလေးဖြစ်လာဘဲ၊
ညနေခင်းဆိုရင်
ဥယျာဉ်ပန်းခြံထဲဆင်းပြီးပန်းခင်းတွေထဲမှာသီချင်းဆိုရင်းကစားနေလေ့ရှိတယ်
ညဘက်ဆိုရင်
ကိုယ်တိုင်စောင်းတီးပြိးသီချင်းဆိုနေတက်တယ်။
”ပန်းသတင်းလေညှင်းဆောင်
လူသတင်းလူချင်းဆောင်ဆိုသလို၊ရှင်မွေးလွန်းကလေးရဲ့ ချောမောလှပ
တဲ့သီတင်းကဥက္ကပတိုင်းနိုင်ငံအထိသင်းပျန့်လာတယ်၊
ဥက္ကလပနေပြည်တော်မှာလဲမင်းနန္ဒာကလေးအရွယ်ရောက်လာလို့ လူပျိုကလေးဖြစ်လာတယ်၊
မင်းနန္ဒာကလေးမွေးစဉ်ကဘုရင်ကြီးကပုဏ္ဏဖြူ+ပုဏ္ဏညီုတွေကိုခေါ်ပြီးကံဇာတာစစ်ခိုင်းတော့မင်းသား
လေးဟာရေလမ်းခရီးသွားမှာအသက်အန္တရယ်ရှိတယ်လို့ဟောထားတယ်၊
ဥက္ကလာပမင်းကြီးကသာတော်လေးဟာမွေ
နန်းမွေဆက်ခံရမဲ့သားတော်လေးဖြစ်လို့၊အသက်အန္တရယ်
မဖြစ်အောင်အထိန်းတော်အစောင့်အရှောက်တွေနဲ့သေသေချာချာပြုစုစောင့်ရှောက်ထားစေတယ်၊
သားတော်ကလေးအန္တရယ်ကြုံရင်ကာကွယ်ဘို့သိကြားမင်းပေးထားတဲ့ကြိမ်စကြ်ာကိုပေးထားတယ်၊
(အဲဒီကြိမ်စကြ်ာကရေကိုရိုက်လိုက်ရင်ရေထဲကအကြီးဆုံးသတ္တ၀ါကလာခစားရတယ်၊လေထဲမှာရိုက်
လိုက်ရင်လေထဲကအကြီးဆုံးသတ္တ၀ါကလာခစားရတယ်၊)
အဲဒီအချိန်မှာငမိုးရိပ်ကိုက်သတ်လို့သေသွားရှာတဲ့ဖိုးထောလပန်းကလဲသူ့ဆုတောင်းအတိုင်း
လူ့ဘ၀ရောက်လာပြီးမောင်ပေါက်ကျိုင်းဆိုတဲ့အမည်နဲ့ဥက္ကလာပမင်းကြီးထံမှာမင်းမှုထမ်းလာဖြစ်တယ်
” အဘိုး မောင်ပေါက်ကျိုင်းဆိုတာ
ဟိုနဂါးကိုနိုင်တဲ့မောင်ပေါက်ကျိုင်းဆိုတာလား ”
” မဟုတ်ဘူး ကွဲ့  -
အဲဒီမောင်ပေါက်ကျိုင်းဆိုတာက ” သတိုးနဂါးနိုင်မင်း ” သူကဒုတိယ
တကောင်းမင်းဆက်( ၁၇ ) ဆက်မှာ သတ္တမမြောက်မင်းကွဲ့ 
( အင်းအဘိုးက
ငါ့မြေးတို့ကိုမြန်မာမင်းတွေရဲ့ ရာဇ၀ပင်ပုံပြင်တွေကိုသက္ကရဇ် အစဉ်လိုက်ပြောပြချင်
တာကွဲ့  ဒါပေမဲ့
ပထမတကောင်းမင်ဆက်ရဲ့( ၃၃ ) ဆင်နောက်ဆုံးမင်းသတိုးမဟာရာဇာ ကနေ
သရေခေတ္တရာမင်းဆက်ကိုရောက်သွားတော့(မဟာသမ္ဘဝ
တို့ စူဠသမ္ဘ၀ တို့အကြောင်းပြောရတော့
တာပေါ့ )
ဒုတိယတကောင်းမင်းဆက်မှာလဲ ပြူစောထီးတို့ မောင်ပေါက်ကျိုင်းတို့ဆိုတာလဲစိတ်ဝင်
စားဘို့ကောင်တယ်ကွဲ့ )
နောက်တော့ အချိန်ရ ရင်ပြောပြမယ်နော်
”ဟုတ်
- ပြောပြနော် အဘိုး သမီးတို့က ကြားတာကြားဘူးတာ သေသေချာချာမသိဘူး”
” အခု
မောင်ပေါက်ကျိုင်းဆိုတာက ငမိုးရိပ်ကို ဂလဲ့စားချေဘို့လူဝင်စားဖြစ်လာတာ ၊သူက
ဥက္ကလာပမင်းကြီးထံမှာမင်းမှုထမ်းဖြစ်လာတဲ့အခါမှာ၊မင်းနန္ဒာကလေးကိုအနီးကပ်စောင့်ရှောက်ရတဲ့
အမတ်ဖြစ်လာတယ်၊သူကကျေးငှက်တိရစ္ဆာန်ကလေးတွေကိုယဉ်ကျေးအောင်စကားသင်ပေးတက်
တယ်၊ နန္ဒာမင်းသားကလေးအရွယ်ရောက်လာတဲ့အချိန်မှာသံလျင်ကျွန်းကရှင်မွေးလွန်းကလေးရဲ
့
အလှသတင်းကလေးကလဲမွေးလာတော့
မင်းနန္ဒာကလေးကစိတ်ဝင်စားလာတယ်၊
လသာတဲ့ညတွေမှာမင်းနန္ဒာကလေးတယောက်ထဲသလွန်ပေါ်ကနေ-လမင်းကြီးကိုမျှော်
ကြည့်နေတုန်း-သံလျင်ကျွန်းဘက်ကနေစောင်းသံကလေးနဲ
့အတူသီချင်းသံကလေးကလေတစ်
ချက်ဝှေ့ လိုက်ရင်သွဲ
့သွဲ့ ပြောင်းပြောင်း ငြိမ့်ငြိမ့်ညောင်းညောင်းပျံ့ လွင့် ပြန့် လိုလာတယ်---
သီချင်းတပုဒ်
စိန်ချူးကြာညောင် - ခေတ္တရာခင်မာချို -
မင်းနန္ဒာကလေးက-စောင်းသံနဲ
့အသံရှင်ကလေးကိုစိတ်ကူးနဲ့ ကြည်နူးပြိးစွဲလန်းနေတယ်
တခါတလေ စောင်းသံမကြားရတဲ့နေ့ ဆိုရင် ---
” သူ ဒီနေ
့ဘာများဖြစ်နေလို့ လဲ နေထိုင်မကောင်းလို့ လား ---- အတွေးတွေ ဝေပြီး
အိပ်မပျော်နိုင်
ဖြစ်နေတယ်၊
အဲဒီမအကြောင်းကို
မင်းသားလေးကအထိန်းတော်အမတ်ကြီးပေါက်ကျိုင်းကိုဖွင့်ပြီးပြောပြ
တယ် -
” အမတ်ကြီး ကျွန်တော် တော့
ဒီအသံရှင်မင်းသမီးကလေးကိုစွဲလန်းနေပြီ အမတ်ကြီးမကူ
ညီနိုင်ဘူးလား ” လို
့ပြောတယ်
အမတ်ကြီးပေါက်ကျိုင်းကမပူပါနဲအရှင်မင်းနန္ဒာကျွန်တော်မျိုးနီးစပ်အောင်ရွက်ပေးပါ့မယ်၊
အသင်မင်းသားချစ်ခင်စွဲလန်းနေတဲ့မင်းသမီးကလေးအတွက်ချစ်သ၀ဏ်လွှာတစ်ဆောင်ရေးပေးပါ
ကျွန်တော်မျိုးရောက်အောင်ပို့ပေးပါမယ်လို့ပြောလိုက်တယ်၊
မင်းသားကလေးက အမတ်ကြီးစကားကိုကြားတော့
အားရ၀မ်းသာဖြစ်သွားပြိး --
ရှင်မွေးလွန်းအတွက်ချစ်သ၀ဏ်လွှာတစ်ဆောင်ရေးပေးလိုက်တယ်၊
အမတ်ကြီးကကျေးငှက်ကလေးတကောင်ကိုမွေးပြီးစကားသင်ပေးတယ်
အချိန်တော်တော်ကြာလာပြီးကျေးငှက်ခလေးကလူစကားနားလည်လာပြီဆိုတော့
” အမောင်ကျေးသားလေးဒီမြို
့မှတောင်ဘက်မြစ်ကြီးကိုဖြတ်သန်းပြီးသွားရင်သံလျင်ကျွန်းကို
ရောက်လိမ့်မယ်၊အဲဒီကျွန်းမှာကြီးကျယ်ခမ်းနားတဲ့နန်းတော်ကြီးတခုတွေ
့လိုက်မယ်၊အဲဒီနန်းတော်
ကြီးရဲ
့အပြင်ဘက်မှာတပင်တိုင်မြနန်းပြသာဒ်တစ်ဆောင်ရှိတယ်၊
အဲဒီပြသာဒ်ထဲမှာမင်းသွားနားပေတော့၊အဲဒီနန်းပြသာဒ်ထဲကသခင်မလေးကိုဒီစာဆက်ရမယ်
သခင်မလေးကတခုခုပြန်ပေးလိုက်ရင်မင်းပြန်ယူခဲ့၊မင်းပြန်ရောက်တဲ့အခါဆုကောင်းကောင်းချမယ်”
ကဲသွားပေတော့ ”
ဆိုပြီးလွှတ်လိုက်တယ်
ကျေးငှက်ခလေးက
” ဟုတ်ကဲ့ ခင်ဗျ ”
ဆိုပြီး ပျံသွားတယ်
အဲဒီအချိန်မှာ
ရှင်မွေးလွန်းကလေးက ဥယျာဉ်ထဲဆင်းပြီးပခက်စီးလို့ သီချင်းဆိုနေတယ်
”
သောင်ခြေဦးမှာလ - ပျော်မြူးကြငှက်ဇင်ယော်-လည်ယှက်ခါမောင်မယ်တွဲလို့ရယ်-
နွဲကြပျော်ပျော်
-ဒီမယ့်မှာနော်-ပျော်နိုင်ပေဘူး-ရည်သံစောရုံမျှ-မကြည်ရန်-သည်ကံဝေးလှတယ်
ဆွေးစိတ်နဲ
့ရူး ”
”
ပန်းသဇင် မနွမ်းခင်-ဘယ်သူဆွတ်ပါ့ -ပျိုညွှတ်မယ်လေး - တွေးလို့သာ -လေးပျိုမှာ-
နေ့စဉ်မောရတယ်-ပြောပါ့ရွှေကျေး ”
ကျေးငှက်ကလေးလဲ
အမတ်ကြီးသင်ပေးလိုက်တဲ့အတိုင်းဒဂုံမြစ်ကြီးကိုဖြတ်ပြီးပျံသွား
လိုက်တာသံလျင်မြို့တော်ကိုရောက်တယ်၊ဒါပေမဲ
့တပင်တိုင်မြနန်းဆိုတာရှာမတွ့ဘဲဖြစ်နေလို့
ဥယျဉ်တခုထဲမှာခေတ္တနားနေဘို့ဝဲခါဝဲခါပျံဝဲပြီးရှာနေတုန်း
သီချင်းဆိုနေတဲ့အသံကြားတစ်သံကိုကြားလိုက်တယ်-ငှက်ကလေးက
ဒီသီချင်းရှင်ဟာသူချစ်သူ
ကိုမျှော်နေပုံရတယ်-အမတ်ကြီးပြောတဲ့မင်းသမီးကလေးဘဲဖြစ်မယ်ဆိုပြီး
မင်းသမီးကလေးသီချင်းဆိုနေတဲ့
ပခက်မှာသွားနားတယ်၊
” ဟယ် ကျေးငှက်ခလေးပါလား ချစ်စရာလေး ”
” ဟယ် လည်မှာ လဲ ကြုတ်ကလေးတခုဆွဲထားပါလား
- ဘာများပါလိမ့်”
မင်းသမီးကလေးက
ငှက်ကလေးကိုအစာကလေးပြပြီအသာကလေးချော့ပြီးခေါ်တယ်
ငှက်ကလေးကလဲ
မင်းသမီးကလေးလက်ထဲကိုတက်လိုက်တယ်”
” ဟယ် လိမ်မာလိုက်တာ - လာလိုက်ခဲ့
သခင်မအဆောင်ကိုလိုက်ခဲ့နော် ”
” ဟုတ်ကဲ့ သခင်မလေး”
” အမယ် စကားတက်တယ်နော် ”
လို့ ဆိုပြိး
ငှက်ကလေးကို သူနေတဲ့ မြနန်းဆောင်ထဲခေါ်သွားတယ်
အဆောင်ကိုရောက်တော့
လည်မှာဆွဲထားတဲ့ကြုတ်ကလေးကိုဖြုတ်ယူပြီးဖြည်ကြည့်
လိုက်တော့ အထဲမှာ
စာလွှာကလေးထွက်လာတယ်
ချစ်ခွင့်ပန်လွှာ -
သို့ -
ချစ်နှမ ခင်လွန်း
နန်းပင်တိုင်ဗွေအမြင့်ရယ်က-လေအသင့်လွင့်ရာ
ငွေသဇင့်ပွင့်လွှာငယ်
-၀င့်ကာသာကြူမွေး
ခူးချင်ရက်ဖြင့်မကူးသာတယ်-လူးကာသာတွေးလို့မောင်ငေး
မြူးအလွင့်ဖူးပွင့်မေကို-ထူးတင့်မလေအိုအတွေးတွေနှင့်
ကျူးရင့်ကာရေးဆို
ပေးသကွဲသည်စာ
့-သဉ်ဇာညောင်မှာမြင်ယောင်လှတာမို့
ရွှင်အောင်ပပေးပို့ပြန်လွှာ-နန်းနွယ်ဖွားသဇင်ညှာကို-အသွင်သာတက်လှမ်း၍
ဖက်ရမ်းကာပွေ့ဆွတ်ချင်လှပေါ့-ညွှတ်ပါတော့ခင်လွန်းကညာရယ်
အပင်မြင့်ဇင်ပွင့်ရှင်ကို-ရင်ခွင်တွင်တင်စမ်းချင်လို့လေး
မင်းနန္ဒာ -
ဒဂုံမြိုတော်
”မင်းနန္ဒာ -
ဒဂုံမြို့ တော် ဆိုပါလား ”
”ဖက်ရမ်းကာပွေ့ဆွတ်ချင်လှပေါ့-ညွှတ်ပါတော့ခင်လွန်းကညာရယ် တဲ့ - ကဲ လိုက်တာ
သူ့ ကို ဘယ်သူကချစ်တယ်ပြောလို့လဲ ”
”
သခင်မလေး ချစ်တယ်ဆိုတဲ့ သ၀ဏ်လွှာ ပြန်ရေးပေးလိုက်နော် ”
” ဟဲ့ ရွှေကျေး
ဘာတွေလာပြောနေတာလဲ ”
” ဟုတ်တယ် လေ သခင်မလေး
ပန်းခြံထဲမှာ သီချင်းဆိုတုန်းကတော့
”ပန်းသဇင်
မနွမ်းခင်-ဘယ်သူဆွတ်ပါ့ -ပျိုညွှတ်မယ်လေး - တွေးလို့သာ -လေးပျိုမှာ-
နေ့စဉ်မောရတယ်-ပြောပါ့ရွှေကျေး - လို့ ဆိုတယ်လေ
” အမယ် ရွှေကျေး ငါလုပ်လိုက်ရ ”
”နေ အုံးငါ
အထိန်းတော်ကြီးနဲ့ တိုင်ပင်ရအုံးမယ် ”
” အချစ်
သ၀ဏ်လွှာရေးလိုက်ပါ သခင်မလေးရယ် ကိုယ်တော်လေးက သခင်မလေးစိတ်နဲ့ 
စားမ၀င် အိပ်မရဖြစ်နေတာ
”
” အောင် မယ် အောင်မယ်
ကြက်တူရွေးကတော်တော် မယ်တော်က ကဲ လို့သာငါကြားဖူးတာ
အခု တော့ မောင်တော်က တော်တော် ကြက်တူရွေးကကဲ
နေပါလားဟဲ့  ”
” တကယ်ပြောတာ ပါ
သခင်မလေး ”
” နေ အုံး
အထိန်းတော်ကြီးနဲ့ တိုင်ပင်ရအုံးမယ်
”ကဲ ကဲ ခဏစောင့်
သခင်လေး စာပြန်ရေးပေးလိုက်မယ် ”
ရှင်မွေးလွန်းကလေးက
အထိန်းတော်ကြီးကိုအကျိုးအကြောင်းပြောပြလိုက်တော့
5
”အမယ်လေး ဒဂုံမြို
့တော်ဆိုတာ အင်မတန်ခမ်းနားတယ်-ဘုရင်ဥက္ကလာပမင်းကြီးကတန်ခိုးအလွန်
ကြီးတယ်၊သားတော်လေးမင်းနန္ဒာဆိုတာလိမ်မာယဉ်ကျေုးပြီးအလွန်ချောမတာတဲ့သခင်မလေးရဲ
့”
အထိန်းတော်ကြီးကအဲဒီလိုပြောလိုက်တယ်ဆိုရင်ဘဲ၊ရှင်မွေးလွန်းကလေးကနဂိုကထည်းက
ညွှတ်ချင်နေတာနဲ့ 
” ကဲ ဒါဆို
သခင်မလေးစာပြန်ရေးလိုက်မယ်နော် - အထိန်းတော်ကြီးနော် ”
” ရေးလိုက်ပါ သခင်မလေး ရေးလိုက်ပါ -
ဒီကလဲချစ်နေပါတယ်လို့ ”
” အို အထိန်းတော်ကြီးကလဲ ”
ရှင်လွန်းကလေးက
စာတစောင်အမြန်ရေးလိုက်တယ်
” ရော့ ဒီစာကို
သေသေချာချာ မောင်တော်ထံ ဆက်သလိုက်နော် ”
”
ရော့နင့်အတွက်ဆုတော် ”
အစာတွေကောင်းကောင်းချကြေွးတယ်
”
သွားတော့နော် ရွှေကျေးလေး ဘေးကင်းစွာနဲ့မောင်တော်ထံရောက်ပါစေကွယ် ”
” ကျေးဇူးပါ သခင်မလေး ”
ကျေးငှက်ကလေး လဲ
စာကိုယူပြီးမင်းနန္ဒာထံပြန်ရောက်လာခဲ့တယ်၊
” ဟောအမတ်ကြီး ကျေးငှက်လေးပြန်ရောက်လာပြီ-လည်မှာလဲကြုတ်ကလေးပြန်ပါတယ်
ဘာများလဲ
ဖွင့်ကြည့်ပါအုံး အမတ်ကြီးရဲ့  ”
အမတ်ကြီးက
ကြုတ်ကလေးဖွင်လိုက်တော့ ခင်လွန်းလက်ရေးနဲ့ စာကလေးတစ်စောင်
ထွက်လာတယ်၊
သို့ 
ချစ်သ၀ဏ်လွှာပါးလိုက်ပါသည်မောင်တော်
မင်းနန္ဒာ
ခတ်ဖြာပင်အမြင့်-သဇင်ပွင့်ငုံအာ-ဆင်အသင့်မှုံမာလာမှာ-ထုံကာသာကြူမွှေး-ပန်းအပွင့်ဆန်းတင့်ဝေမယ်-လှမ်းချင့်စေလို့ယဉ်ကျေး-လန်းနိုင်တဲ့ဂွမ်းစိုင်လို-
-ပန်းတခိုင်ဖြူဖွေး-နန်းပင်တိုင်သူလေးမို့-မြူသွေးလို့မောင်ဆွယ်-သ၀ဏ်လွှာမွန်စွာဖွဲ
့
့ -ညွှန်းကာကွဲ့လွှတ်လိုက်သူရယ်-ပျိုတမွတ်ငိုညွတ်ချင်တယ်-အိုဆွတ်လျှင်ကွယ်ကြွေမကျစေဘို့
မေအလှလှမ်းရပ်စရာပင်-ပန်းကလာပ်သာပြင်-နောင်မမုန်းနဲ
့မောင်ဘုန်းသခင်ရယ်-
ရှောင်ပုန်းမှာပျိုစိုးမိသေး
-
တညင်ကျွန်းက
ခင်ခင်လွန်း
မင်းနန္ဒာက ခင်လွန်းရဲ
့စာကိုအခေါက်ခေါက်အခါခါပြန်ဖတ်ပြီး-ပျော်နေတယ်
တညင်ကျွန်းက
ခင်ခင်လွန်း ဆိုပါလားအမတ်ကြီးရဲ့
” အမတ်ကြီး ကျွန်တော်မျိုးခင်လွန်းကို
သွားတွေ့ ချင်တယ် သွားလို့ ဖြစ်နိုင်မလားအမတ်
ကြီးကူညီစမ်းပါအုံး ”
” အမလေး မြစ်ကိုကူးသွားရမှာ
မင်းသားလေးရဲ့ ခမည်းတော် သိရင်ခွင့်ပြုမှာမဟုတ်ဘူး
အသက်အန္တရယ်များတယ် ”
” ဒါဖြင့်ဘယ်လို လုပ်မလဲ အမတ်ကြိး
ကျွန်တော်မျိုးတော့ခင်လွန်းကိုမတွေ့ရရင်သေမှာဘဲ
အမတ်ကြီး ကျုပ် ပွဲတော်
အတည်တော့ဘူး ”
မင်းသားလေးက အစာမစားဘဲ နေတော့
အမတ်ကြီးကလဲ စိတ်မကောင်းဖြစ်နေပြီးအကြံ
ဥာဏ်တွေထုတ်ရတော့တာပေါ့
ကဲ မင်းသားလေး ပွဲတော်မတည်ဘဲတော့မနေပါနဲ
့အကျွန်ုပ် စီစဉ်ပေးပါမယ်-အသင်မင်း
သားကို
ဖခမည်းတော်ပေးထားတဲ့ ကြိမ်စကြ်ာရှိတယ်မဟုတ်လား - အဲဒီကြိမ်စကြ်ာနဲ့ ရေထဲကိုတစ်
ခါရိုက်လိုက်ရင် ရေထဲက
အကြီးဆုံးသတ္တ၀ါလာခစားရတယ်- ဒီချောင်းထဲမှာ ငမိုးရိပ်ဆိုတဲ့မိချောင်း
တစ်ကောင်ရှိတယ်
ဒီသတ္တ၀ါကိုခေါ်ပြိး သံလျင်ကျွန်းက ခင်လွန်းဆီ ပို့ခိုင်းရင် ရပါတယ်မင်းသားလေး
” ဒါဆို အခု ဘဲ ခေါ်ပေတော့ အမတ်ကြီး
ဟောဒီမှာ ကြိမ်စကြ်ာ ရော့ ”
အမတ်ကြီး လဲ ကြိမ်စကြ်ာတခါဆွဲပြီး
ရေထဲကိုရိုက်လိုက်တဲ့အခါ -------
”အမလေး အမလေး လုပ်ပါ အုံး ဗျ -
လုပ်ပါအုံးဗျ ”
ငမိုးရိပ်က လူယောင်ဖမ်းဆင်းပြီး
အိမ်ထောင်ကျနေတော့ သူဇနီးနဲ့ ထမင်းစားနေတဲ့အချိန်
ဖြစ်နေတယ် ရုတ်တရက် သူ့ကျောပြင်ကို ကြိမ်စကြ်ာနဲ့ အရိုက်ခံလိုက်ရတော့-
အမလေးဆိုပြိး ထအော်တော့ပေါ့ ”
”မဖြစ် ဘူး မဖြစ်ဘူး ရှင်မရေ
ကျုပ်သွားရတော့မယ် ရှင်မရေ ကျုပ်သွားတော့မယ်ဗျ”
လို့ အော်ပြိး
မြစ်ချောင်းထဲအတင်းပြေးဆင်းသွားရတော့တာပေါ့ ၊
” အမလေး ကို မိုး - ကိုမိုး
ဘယ်လိုဖြစ်တာလဲ ကျုပ်ကိုထားခဲ့တော့မလား တော့ ”
ဆိုပြိး သူ့ မိန်းမ
ကနောက်က လိုက်ပေမဲ့ ငမိုးရိပ်လဲ မြစ်ထဲဆင်းပြီး မင်းနန္ဒာ နဲ့ အမတ်ကြီးရှိတဲ့
မြစ်ဆိပ်ကိုအရောက်အခစားဝင်လိုက်ရတယ်
၊
” ဟဲ့ ငမိုးရိပ် - ရောက်ပြိလား ”
” ရောက်ပါပြီ ခင်ဗျာ့  ”
” အေး ဟော့ဒီက နန္ဒာမင်းသားလေးကို ကျော်ပေါ်တင်ပြိး
- ဟိုတဘက်သံလျင်ကျွန်းက
မင်းသမီးလေးခင်လွန်းရှိတဲ့ဆီအရောက်ပို့ပေးရမယ်
ကြားလား”
တံငါသည် ထော်လပန်းဘ၀ ကနေ
ဆုတောင်းပြည့်လာတဲ့ အမတ်ကြီးပေါက်ကျိုင်းက အခု
တော့ သူ့ အလှဲ
့ရောက်ပြိဆိုတော့ ကျေးဇူးကန်းတဲ့ ငမိုးရိပ်ကို ကြိမ်စကြ်ာနဲ
့ရိုက်ပြိးကောင်းကောင်း
ခိုင်းတော့တာပေါ့ ၊
ငမိုးရိပ် မိချောင်း က
အမတ်ကြီးခိုင်းတဲ့အတိုင်း မင်းနန္ဒာကိုကိုကျောပေါ်တင်ပြိး ခင်မွေးလွန်း
ရှိတဲ့သံလျင်ကျွန်းကိုအရောက်ပို့ရတော့တယ်
၊
” သခင် မင်းသားလေး
ကောင်းကောင်းကိုင်ထားပါ ဘုရား ဒီနေရာက ရန်သူတွေပေါတယ်”
” ဘာမှ မကြောက် နဲ
့ငါကိုယ်တော်မြတ်မှာ သံလျက်နဲ့ ကြိမ်စကြ်ာပါတယ် ”
ငမိုးရိပ်မိချောင်းမင်းသားလေးကိုကျောပေါ်တင်ပြိးသံလျင်ကျွန်းဘက်ကူးနေတာကို
မလက်တို
တို့ အဖွဲ့ တွေ့ တယ်
လိုက်ပြိးတိုက်ခိုက်ဘို့ ကြံပေမဲ့ မင်းနန္ဒာရဲ့ ဘုန်းလက်ရုန်းနဲ့ လက်ထဲကကြိမ်စကြ်
အစွမ်းထက်တော့
အနားမကပ်နိုင်ဘဲဖြစ်နေတယ် ၊
ငမိုးရိပ်လဲ မင်းနန္ဒာကို
ချောချောမောမောဘဲ သံလျင်ကျွန်းကို အရောက်ပို့ပေးနိုင်ခဲ့တယ်၊
မင်းသမီးကလေးရှင်မွေးလွန်းကတော့အချစ်သ၀ဏ်လွှာကိုကျေးငှက်ကလေးနဲ့ပေးလိုက်ပြီး
တဲ့နောက် ၊မင်းနန္ဒာဆီက
နောက်ထပ် ကျေးစေတမန်များရောက်လာအုံးမလားလို့မျှော်ရင်းပန်းခြံထဲ
ဆင်းပြီး သီချင်းဆိုနေတယ်၊
နန္ဒာမင်းသားကလေးကလဲ
သံလျင်ကမ်းခြေကိုရောက်တာနဲ့ စိတ်ထဲမှာအလွန်ပျော်သွားပြီး၊
နန်းတော်ပြသာဒ်နဲ
့တစ်ပင်တိုင်မြနန်းကိုစူးစမ်းသလိုအကြည့်နဲ့ ကုန်းပေါ်တက်လာတယ်၊
တဖြေးဖြေးနဲ
့တပင်တိုင်မြနန်းအနီးက ဥယျာဉ်ထဲရောက်လာတော့ သီးချင်းသံကလေး သဲ့သဲ့ကြား
လာတယ်၊
နန္ဒာမင်းသားကလေးက သီချင်းသံကြားတဲ့ဆီကို
မှန်းပြိးလျောက်လာရင်း --နဲ့ ရှင်မွေးလွန်း
မင်းသမီးကလေး
ပုခတ်ဆီးပြိး သီချင်းဆိုနေတာ တွေ့သွားတယ်၊
” အော် ဒီကရှင်လွန်းဆိုတာလား
ဒီမှာမောင်တော် နန္ဒာလေ ”
”
နှမတော်ခင်လွန်းကလှလိုက်တာ နတ်ဒေ၀ီလေးတမျှပါလား ”
” ဟယ် မောင်တော် - မောင်တော်
နန္ဒာရောက်လာတယ် ”
”၀မ်းသာလိုက်တာမောင်တော်ရယ် - ခင်လွန်းက
မောင်တော့်ဆီက ကျေးစေတမာငှက်
ကလေးမလာလို့
မျှော်နေတာမောင်တော်ရဲ့  အခုတော့ လူကိုယ်တိုင်ရောက်လာတယ် -ပျော်လိုက်
တာ မောင်တော်ရယ်
ခင်လွန်းသိပ်ပျော်တာဘဲ ”
” လာလေ မြနန်းပေါ်သွားအောင် ”
ရှင်လွန်းက မင်းနန္ဒကို လက်ဆွဲပြီး
ခေါ်သွားတယ် ၊
နှစ်ယောက်သားတွေ
့ကြတော့ အချစ်တွေပြိုင်ကြတယ်
သစ္စာတွေတိုင်ကြတယ်-အလွမ်းတွေမြိုင်ကြတယ်လေ
သီချင်းရှင်မွေးလွန်း+မင်းနန္ဒာ -
မေဆွိ -သုမောင်
မင်းနန္ဒာ က တနေ
့တခေါက်အရောက်လာပါမယ်လို့ ဂတိပေးတယ်၊
ရှင်မွေးလွန်းက နေ
့စဉ်ရက်ဆက်အမြံမျှော်နေပါမယ်လို့ ဂတိတွေအပြန်အလှန်ပေးကြတယ်၊
မင်းနန္ဒာကလေး
နေ့တိုင်းလိုလိုရောက်လာတက်တော့ မြစ်ထဲက မလက်တို မိချောင်းမက စုံစမ်းရေး
ဆင်းလိုက်တာ
ရှင်မွေးလွန်းနဲ့ မင်းနန္ဒာတို့ချစ်ကြိုက်နေကြတယ်ဆိုတာသိသွားတယ်၊
ငမိုးရိပ်က
မင်းနန္ဒာကိုကျောပေါ်တင်ပြိးလာပို့ ရတာဆိုတော့-ငမိုးရိပ်ကိုသူတိုက်ခိုက်ဘို့အတွက်စဉ်း
8
စားလိုက်တဲ့အခါမှာ
မင်းနန္ဒာကိုယ်တော်လေးရဲ့ ဘုန်းတန်ခိုးနဲ့ ကြိမ်စကြ်ာရှိနေတာရယ်၊
ရှိနေတော့ငမိုးရိပ်ကိုတိုက်လို့မရဘူးဖြစ်နေတယ်၊
မလက်တို အကြံတခုရလာတယ် -” ယောက်ျာတို့ဘုန်ညာလက်ရုံးတဲ့ ”
အင်း
မင်းနန္ဒာကိုဘုန်းနိမ့်အောင်င့ါလုပ်ရမယ်-ယောက်ျာညာလက်ရုံးကိုမိန်းမကခေါင်းအုံး
အိမ်လိုက်ရင်
ဘုန်းတန်ခိုးတွေပျောက်ကုန်သတဲ့ --- ဟဲ ဟဲ
ငါကြံမယ် --ဆိုပြီး မလက်တိုက
လူယောင်ဖန်ဆင်းပြိး-ရှင်မွေးလွန်းမင်းသမီးကလေးထံမှာအခစားဝင်ဘို့ရောက်လာတယ်။
” သခင်မလေးဖုရား ကျွန်တော်မျိုးမဟာ
သခင်မလေးရဲ့ သုဝဏ္ဏြပည်ကဖြစ်ပါတယ်၊
သမီးတော်ရဲ့ဘခမည်းတော်ကသခင်မလေးကိုစောင့်ရှောက်ဘို
့လွှတ်လိုက်တာပါသခင်မလေး ”
အဲဒီလို့ပြောတော့
မင်းသမီးကလေးက ဘခမည်းတော်ကလွှတ်လိုက်တာဆိုပြီးလက်ခံထားရ
တာပေါ့-မလက်တိုကလဲရှင်မွေးလွန်းကလေးယုံကြည်အောင်ပြုစုပေးပြီး၊ရင်းရင်းနှီးနှီးဖြစ်လာ
အောင်ကျိုးစားတယ်၊တဖြည်းဖြည်းနဲ
့ရင်းနှီးပြီးတိုင်ပင်ဖေါ်တိုင်ပင်ဖက်အထိဖြစ်လာခဲ့တယ်၊
နန္ဒမင်းသားကလေးကလဲ
အခွင့်သာရင်သာသလိုရှင်မွေးလွန်းကလေးဆီကိုရောက်နေ
လေ့ရှိတယ်-တစ်နေ့ တော့
ဥက္ကလာပနေပြည်တော်မှာညစာစားပွဲတော်တည်ခင်းကျင်းပတဲ့အချိန်မှာနန္ဒာမင်းသားလေး
ပြန်ရောက်မလာလို့နေရာမှာလွတ်နေတဲ့အတွက်ဘုရင်ကြီးကအထိန်းတော်အမတ်ကြီးကိုမေးတယ်၊
” အထိန်းတော်အမတ်ကြီး
သားတော်နန္ဒာမင်းသားလေးစားတော်ပွဲမတက်၊ဘယ်များသွား
နေလဲ ”
အမတ်ကြီးလဲ မကွယ်ဝန့် တော့ဘဲ
”သံလျင်ကျွန်းကခင်လွန်းထံသွားနေကြောင်းပါဘုရား
”
” အလို အမတ်ကြီး
ဒီရေလမ်းခရီးကိုဘယ်လိုသွားနိုင်သလဲအမတ်ကြိး”
” ကြိမ်စကြ်ာနဲ့
့ငမိုးရိပ်မိချောင်းကိုခေါ်ပြိးသွားပါတယ်
ဘုရား ”
လို့အမှန်တိုင်းထုတ်ဖေါ်လျှောက်တင်လိုက်ရတယ်
”
ဒီချိန်မှာ
နန္ဒာမင်းသားလေပြန်ရောက်လာတယ်၊
ဘုရင်ကြီးက မင်းသားလေးကိုခေါ်ပြိး
” သားတော် သံလျင်ကျွန်းက ခင်လွန်းထံနေ
့တိုင်းသွားနေတယ်ဆိုတာဟုတ်ပါသလား”
” မှန်လှပါ - ဟုတ်ပါတယ် ဘခမည်းတော်ဘုရား
”
” သားတော် ဟာ ရေလမ်းခရီးမှာ
အသက်အန္တရယ်ရှိတယ်လို့ ပုဏ္ဏဖြူ+ပုဏ္ဏညိုများက
ဟောထားတယ်
သားတော်ရေလမ်းခရီးသွားလို့မဖြစ်ဘူး ”
” အမတ်ကြီးလျှောက်တင်တာက
သားတော်ဟာကြိမ်စကြ်ာနဲ့ ငမိုးရိပ်ကိုလိုက်ခေါ်ပြီးပို့
ခိုင်းတယ်ဆိုတာမှန်ပါသလား”
” မှန်ပါတယ် ဘုရား ”
”ဒါဆို ကြိမ်စကြ်ာကို
ဖခမည်းတော်ပြန်သိမ်းလိုက်မယ် - သားတော်လေးအသက်အန္တရယ်
ကိုစိုးရိမ်လို့ဖြစ်တယ်၊နောက်ပြိးသားတော်ဟာဖခမည်းတော်ရဲ
့ထီးနန်းကိုဆက်ခံရမဲ့သားတော်ဖြစ်
တယ်ကွဲ့  ”
” မှန်လှပါ -
အမိန့်တော်မြတ်အတိုင်းနာခံပါမယ်-ခမည်းတော်ဘုရား ”
အဲဒီလို ဘုရင်ကြီးက
ကြိမ်စကြ်ာကိုပြန်သိမ်းလိုက်တော့မင်းနန္ဒာလေးခမြာ၊ရှင်မွေးလွန်းထံ
မသွားနိုင်ဘဲဖြစ်နေတာပေါ့၊
အချိန်ကတစ်ရက် နှစ်ရက်ကနေ
ရက်တွေများစွာကြာလာတော့၊မင်းနန္ဒာကလေးက၊ရှင်မွေး
လွန်းကလေးကိုမတွေ့ရလို့မစားနိုင်မသောက်နိုင်နဲ
့အလွမ်းဝေဒနာကျနေရှာတယ်၊
အဲဒီအချိန်မှာရှင်မွေးလွန်းကလေးကလဲနန္ဒာမင်းသားလေးလိုဘဲ၊ပူဆွေးသောကရောက်နေ
ရတာပေါ့၊
” မောင်တော်
ဘာဖြစ်လို့များရောက်မလာပါလိမ့်နော်-ရွှေနန်းတော်မှာတိုင်းရေးပြည်ရေးများ
ရှုတ်ထွေးလို့အလုပ်ရှုတ်နေလို့လား-ဒါမှမဟုတ်ငါ့ကိုမေ့ပြိးနောက်ထပ်ချစ်ရမဲ့သူအသစ်တစ်ယောက်
များတွေ့ နေလို့ လား ----- ” သို့လော သို့လော နဲ့ အတွေးတွေချာချာလည်နေတာပေါ့
သီချင်း
မယ်ခုမျှော်- မာမာအေး
ရှင်မွေးလွန်းလေးလွမ်းနေတာတွေ့ တော့
မလက်တိုကလဲ သူဆင်တဲ့အကွက်ထဲဝင်အောင်ဆို
ပြီးမင်းသမီးကလေးကိုဝင်လျှောက်တယ်၊
” သခင်မလေး မောင်တော်ကို
တော်တော်လွမ်းနေလား ”
” ဟဲ့ မလက်တိုရဲ့ 
လွမ်းတာပေါ့ဟဲ့  နင်ဘယ်လိုမေးလိုက်တာလဲ ငါ့မှာဖြင့်သေတော့မယ်”
” သခင်မလေးမောင်တော် လာမှာပါ ဒါပေမဲ့
ဒီတခါလာရင် နောက်တခါဒီလိုအကြာကြီး
ခွဲမထားရဘူး -
သခင်မလေးကိုတယ်ချစ်ရင်-နှမလေး - မောင်တော်ရဲ့ ညာလက်ရုံး
ပေါ်မှာခေါင်းအုံးပြိးအိပ်ချင်တယ်လို
့ပူစာရမယ် - သိလားသခင်မလေး ”
” ဟဲ့  မလက်တို ရဲ့ နင့်စကားကလဲ
အဆန်းပါလား ဘယ်လိုလဲဟဲ့  ”
” အို သခင်မလေးကလဲ ယောက်ျာတွေကလေ
သူတို့ညာလက်ရုံးကိုမိန်းမကခေါင်းအုံးမယ်
ဆိုရင်သိပ်ကြောက်တာသခင်မလေရဲ
့-ခွင့်မြ့ပုချင်ကြဘူး - အဲဒါသခင်မလေးက မောင်တော်ဟာ
နှမလေးကို
တကယ်ချစ်မချစ်ဘူးဆိုတာသိရအောင် ဒီနည်းနဲ့ စမ်းပေတော့သခင်မလေး ”
”
နှမလေးကိုတကယ်ချစ်တယ်ဆိုရင် မောင်တော့်ညာလက်ရုံးမှာခေါင်းအုံးအိမ့်ခွင့်ပြုပါလား
ဒါမှမောင်တော်အချစ်ကို
-နှမလေးယုံမှာ လို့ နွဲ့ ဆိုး ဆိုးလိုက်ပေါ့သခင်မလေး ရယ်”
”နောက်ပြီး သခင်မလေး နဲ့ မင်းသားလေး
အိပ်ရမှာလေ ”
” ဟဲ့  ဟဲ့  လက်တို တော်တော့
နင်ဘာတွေလျောက်ပြောနေတာလဲသွားသွား ”
မင်းသမီးကလေးက မလက်တိုကို ငေါက်သာ
လွှတ်လိုက်တယ်
”ဒီတခါမောင်တော်လာရင် တော့
စမ်းကြည့်ရမယ်လို့ တွေးနေလေရဲ့  ”
ငမိုးရိပ်မိချောင်းလဲသူ့မိန်းမထံမပြန်ရဘဲဖြစ်နေတာရက်တွေကြာလာတယ်၊
ရက်သတ္တတစ်ပတ်လောက်သူကိုမခေါ်ဘဲခွင့်လွှတ်ထားဘို
့တောင်းပန်ရရင်ကောင်းမလား
ဆိုပြီးခွင့်တောင်းဘို့ကမ်းစပ်ကိုရောက်လာတယ်၊
နန္ဒာမင်းသားလေးကလဲခင်လွန်းကိုသတိရလွန်းလို့ကမ်းစပ်မှာလာပြီးသံလျင်ကျွန်းဘက်ကို
မျှော်ငေးနေတယ်၊
မမျှော်လင့်ဘဲငမိုးရိပ်မိချောင်းကိုတွေ
့သွားတော့ ---
” ဟဲ့  ငမိုးရိပ် လာစမ်း လာစမ်း ငါ့ကို
ရှင်လွန်းထံပိုပေးစမ်း - လာလာမြန်မြန် ဘယ်သူမှ
မမြင်ခင် မြန်မြန်လာ ”
ဆိုပြိး ငမိုးရိပ်ကိုလှမ်းခေါ်တာနဲ
့ငမိုးရိပ်လဲ ခွင့်တောင်းစရာရှိတာမတောင်းနိုင်တော့ဘဲ
ကုန်းပေါ်ထိုးတက်ပေးလိုက်တယ်
မင်းသားကလေးက ၀မ်းသာလွန်းလို့ အလောတကြီးနဲ့ 
လှမ်းတက်လိုက်တာ လက်ထဲက
သံလျက် ရေထဲကျသွားတယ် ၊
(
အခု သံလျက်စွန်းလို့ ခေါ်တဲ့နေရာပေါ့ )
( ဟုတ်တယ်အဘိုး တချို့
က Monkey Point လို့ ခေါ်ကြတယ်-
အဲဒါအင်္ဂလိပ်လက်ထက်
ကျတော့ အဲဒီနေရာကို
Monkey Point လို့ခေါ်တာ သံလျက်စွန်းဆိုတာ မင်းနန္ဒာ သံလျက်လွတ်ကျ
သွားတဲ့နေရာပေါ့ )
အဲဒီနေရာ ဟာ ဥက္ကလာပ(ဒဂုံမြို့ ရဲ့ ဆိပ်ကမ်းတနေရာဘွဲ့  )
အဲဒါနဲ့ ငမိုးရိပ်က မင်းသားလေးကို
သံလျင်ကျွန်းဘက်အရောက်ပို့ပေးလိုက်တာပေါ့
လကလေးကလဲသာသာ ညဦးကလေးမှာ
ရောက်သွာတယ်၊ခင်လွန်းကလဲမမျှော်လင့်ဘဲနန္ဒာ
မင်းသားလေးရောက်လာတော့အားရ၀မ်းသားဆီးကြိုတာပေါ့
၊
နှစ်ယောက်သားရက်တွေအကြာကြီးခွဲနေရတော့
အလွမ်းတွေသယ်နေကြတာပေါ့ ၊
” မောင်မောင်တော်
ဘာလို့နှမလေးကိုအကြာကြီးခွဲထားရတာလဲ ဟင် ”
” မဟုတ်ပါဘူး နှမလေးရယ်-
ခမည်းတော်ဘုရားမောင်တော်ကို ရေလမ်းသွားရင်အန္တရယ်
ရှိတယ်မသွားရဆိုပြီအမိန်
့ထုတ်ထားလို့ပါကွယ် ”
”ဟင့် အင်း ဟင့်အင်း မယုံပါဘူး
မောင်တော်- မောင်တော်ညာပြောနေတာ ”
”မောင်တော် နောက်ထပ် အသစ်တစ်ယောက်နဲ့ တွေ့ နေတယ်မဟုတ်လား ”
” မဟုတ်ပါဘူးကွယ်
တကယ်ပါကွယ် မောင်တော်အမှန်ပြောတာပါ ”
” ဒါဆို ဒီလိုလုပ် မောင်တော် နှမလေးကို
တကယ်ချစ်ရင် ဒီည နှမလေးနဲ့ အတူစက်တော်
ခေါ်ရမယ် - နောက်ပြီး
နှမလေးကလေ မောင်တော့ညာလက်ရုံးပေါ်မှာခေါင်းအုံးပြိးအိပ်ရမှကျေနပ်
မယ်သိလား ”
ရှင်မွေးလွန်းကလေးကလဲ
မလက်တိုသင်ထားတဲ့အတိုင်းပြောတော့တာပေါ့
” နှမလေး ဘာတွေလာပြီးခွင့်ပန်နေတာလဲ
ထူးထူးဆန်းဆန်း ”
” အို မရဘူး -မရဘူး - အိပ်မလား
မအိပ်ဘူးလားပြော - ပေးမအိပ်ရင် နှမလေးကိုမချစ်လို့
နော် ဒါဘဲ ”
” ကဲပါဗျာ -
ပေးအိပ်ပါမယ် -ဗျာ ပေးအိပ်ပါမယ် - ”
သီချင်း
- အုံးစက်ပါ့ဘုန်းလက်ညာ
ရှင်မွေးလွန်းနဲ့ 
နန္ဒာမင်းသာလေးတို့ အိပ်စက်သွားကြတဲ့အချိန်မှာ မလက်တိုက ရေထဲဆင်း မိချောင်း
ဘ၀ပြန်ဖြစ်အောင်လုပ်ပြီးသူ
့အဖေါ်များရှိရာသို့ပြန်သွားတယ်၊
ငမိုးရိပ်အပြန်ကိုစောင့်ပြီးတိုက်ခိုက်ဘို
့စီစဉ်ကြတယ်၊
ရှင်မွေးလွန်းမင်းသမီးကလေးက မောင်တော်ရဲ
့ညာလက်ရုံးကိုခေါင်းအုံးပြီးနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေစဉ်မှာ ---
” အမလေး မလုပ်ကြပါနဲ့  မလုပ်ကြပါနဲ့  ”
နန္ဒာမင်းသားကလေးကိုသရဲသဘက်ကြီးများက
အတင်းဆွဲခေါ်ပြီး မြနန်းဆောင်ထဲကဆွဲထုတ်
သွားလို့ မင်းသမီးကလေး
က မလုပ်ကြပါနဲ့  မလုပ်ကြပါနဲ့  လို့နောက်က လိုက်ဆွဲပေမဲ့မရဘဲ -
မင်းသားကလေးခမြာရုန်းကန်ရင်းပါသွားတယ် လို့ အိပ်မက် ဆိုးကြီး မက်တယ်
နောက်တော့ လန်
့နိုးလာတယ်
” အမလေး မလုပ်ကြပါနဲ့  မလုပ်ကြပါနဲ့  ”
” နှမလေး ဘာတွေ အော်နေတာလဲ - ဘာတွေအော်နေတာလဲ ”
မင်းသမီးကလေးက သူအိပ်မက် ဆိုး မက်တာကို
မောင်တော် စိတ်မကောင်းမှာစိုးလို့မပြော
ဘဲ ဘာမှ
မဟုတ်ပါဘူးမောင်တော် - ဂယောင် ဂတမ်းတွေ အိပ်မက်နေတာပါ ”
လို့  ပြောလိုက်တယ်
” မောင်တော် အပြန်ကျရင် သတိ
ထားပြန်ပါနော် နှမတော် မျက်ခုံးတွေလုပ် နေတယ် ”
ဆိုပြီးငိုပြောတယ်၊ ”
” စိတ်ချပါ နှမတော်ရယ် မောင်တော် သတိ
ဝီရိယနဲ့ပြန်မှာပါကွယ် ကဲကဲ မိုးလဲလင်း
တော့မယ် ဘခမည်းတော်တို့
မနိုးခင်ပြန်ရမယ် မောင်ကြီးပြန်မယ်နော် နှမတော် ”
ရှင်မွေးလွန်းကလေးက
နန္ဒာမင်းသားလေးကိုမြစ်ဆိပ်အထိလိုက်ပို့ ပြိး စိတ်လက်လေးလေး
နဲ
့အဆောင်ကိုပြန်လာခဲ့တယ် ၊
မင်းနန္ဒာလဲ ငမိုးရိပ်ကို စီးပြီးပြန်လာခဲ့တယ်
”ဟေး
ဝိုင်း တိုက်ကြဟေ့ ”
မြစ်ခလယ်ရောက်တော့ ကြိုတင်စောင့်နေတဲ့
မလက်တိုတို့အဖွဲ့ က ငမိုးရိပ်ကိုမြင်တာနဲ့ ဝိုင်းတိုက်ကြတယ်၊
မိချောင်အုပ်စုကြီးတစုဝိုင်းပြီး
ငမိုးရိပ်ကို ၀ိုင်းကိုက်တော့ မင်းနန္ဒာ သံလျက်ကိုစမ်းလိုက်တယ် ၊
သံလျက်ကမပါလာဘူး၊ကြိမ်စကြ်ာလဲမရှိတော့ ဘာမှလုပ်လို့ရဘူးဖြစ်နေတယ်၊
ရုတ်တရက် မလက်တိုက ငမိုးရိပ်ကို
ကိုက်လိုက်တော့ ငမိုးရိပ် လိမ့်သွားတယ် ၊ မင်းသားလေး
ရေထဲထိုးကျသွားတယ်၊ငမိုးရိပ်လဲ
အလူးအလဲခံလိုက်ရတော့ မဖြစ်ဘူးဆိုပြီး-မင်းသားလေးကိုပါးစပ်ထဲ
ငုံပြိး-ဒဂုံဆိပ်ကမ်းအရောက်ပြေးလာခဲ့တယ်၊
ဒဂုံဆိပ်ကမ်းရောက်တော့
လင်းအာရုံတက်နေပြိး-ငမိုးရိပ်လဲ မင်းသားလေးကိုပါးစပ်ထဲငုံထား
ခဲ့ရတာဆပ်ကမ်းရောက်တော့-အန်ထုတ်လိုက်တာ
မင်းသားကလေးမြာအသက်မြော့မြော့လေးဘဲကျန်
တော့တယ်၊
မိုးလင်းတော့ မင်းချင်းတစ်ယောက်က
ကမ်းနားဆင်းလာရင်းမင်းသားလေးကုန်းပေါ်မှာမေ့
မြောနေတာတွေ့ တယ်
” ဟယ် ကမ်းစပ်မှာ
မင်းသားလေး တင်နေတယ် လာကြပါအုံး အမတ်ကြီးတို့ ”
” အို ကိုယ်တော်လေး မသွားပါနဲ့ လို
့တားထားတာမရဘူး ဘယ်တုန်းက ထွက်သွားတာလဲ
အမတ်ကြီး ” အမတ်ကြီးကို
အပြစ်ပေးရမယ် ”
” ကျွန်တော်မျိုး လဲ
မမြင်လိုက်ရပါဘုရား အမိန့်တော်မြတ်အတိုင်းနာခံပါမယ်ဘုရား ”
” ဟော ဟော သားတော်လေး လှုတ်လာတယ် -
စကားပြောလိုက်မယ် ”
” မှန်လှပါ ဘုရား သားတော် ရှင်မွေးလွန်း
ကို မတွေ့ ရင်မနေနိုင်လွန်းလို့ တိတ်တဆိတ်သွားမိပါတယ် အမတ်ကြီးမှာ အပြစ်မရှိပါ
ဘုရား ”
”အမတ်ကြီး မွေးလွန်းကို
စာလွှာပါးလိုက်ပါ မောင်တော် နှမလေးကိုအသက်တမျှချစ်လှပါတယ် -
အထက်မိုးတိမ်လွှာမှာမောင်တော်ရှိနေတယ် လာခဲ့ပါလို့ ”
ပြောပြီး ငြိမ်သက်သွားတယ် -တခါထဲ ဇီဝိန်ချုပ်သွားရှာတယ် ”
” အမလေး ကိုယ်ကျိုး ဖြင့်နဲပါပေါ့
သားတော်လေးရဲ့  ”
ဘုရင်ကြီး နဲ့ မယ်တော်ကြီးတို့ က
ချူံးပွဲချပြိးငိုရှာတယ်
အမတ်ကြီးလဲချက်ခြင်းဆိုသလိုစာတစောင်ရေးပြိး
ရှင်မွေးလွန်းထံကျေးငှက်ကလေးနဲ့ ပို့လိုက်တယ်
” ဟယ် စောစောစီးစီး ကျေးငှက်ကလေး
ရောက်နေပါလား လည်မှာလဲ စာကြုတ်ကလေးနဲ့ 
မောင်တော် ဘာများဖြစ်လို့ပါလိမ့်
အမလေး ရင်တွေတုန်လိုက်တာ ”
ကျေးငှက်ကလေး လည်က
ကြုတ်ကလေးကိုဖြုတ်ပြိး စာကိုထုတ်ဖတ်လိုက်တယ်
ရှင်လွန်း
မောင်တော်
နန္ဒာမင်းသားလေ အပြန်မှာအန္တရယ်ဆိုးနဲ့ တွေ့ လို့ ကံတော်ကုန်သွား
ပြီ - နှမလေးကို
အသက်တမျှချစ်လှပါတယ် အထက်မိုးတိမ်လွှာမှာမောင်တော်ရှိမယ်လို့---ပြောရင်း
ဇီဝိန်ချုပ်သွားပါတယ် ”
အထိန်းတော်အမတ်ကြီးပေါက်ကျိုင်း
” အမလေး မောင်တော် ရဲ့  ”
ရှင်မွေးလွန်း ကလေးလဲ စာကိုဖတ်ပြီး
လဲကျသွာတယ်
” နှမတော်လေး
ကိုပြစ်မထားခဲ့ပါနဲ့  နှမတော် လဲ မနေတော့ဘူး မောင်တော်ရှိရာလိုက်ခဲ့မယ် ”
စာဘတ်ပြီးတော့ ရှင်မွေးလွန်းကလေးက
ရင်စို့ ပြီး ဇီဝိန်ချုပ်သွားတယ်
”ဟယ် ဒီမှာ
ရှင်မွေးလွန်း သခင်မလေး လဲကျသွားတယ် လာကြပါအုံး လာကြပါအုံး ”
” ဟဲ့  ဟဲ့ လုပ်ကြပါအုံး ထူလိုက်ပါ ထူးလိုက်ပါ ဟဲံ့ ”
” ဒီမှာ အသက်မရှိတော့ဘူး အထိန်းတော်ကြီးရဲ့  ”
ဒါဖြင့်ခမည်းတော်ကိုသံတော်ဦိးတင်လိုက်
မြန်မြန် လုပ်ကြ
ဒဂုံဘက် ဥက္ကပမင်းနဲ့
သံလျင်ဘက်က ရှင်မွေးလွန်းရဲ့ ခမည်းတော်တို့ဟာ မင်းသားကလေးနဲ့
မင်းသမီးကလေးကိုသဂြိုလ်ဘို့
အစီအစဉ်တွေလုပ်ကြတယ်
မင်းနန္ဒာ ရဲ့ ရုပ်အလောင်းကို
မီးသဂြိုလ်တဲ့ အချိန်မှာ ရှင်မွေးလွန်းကလေးကိုလဲ သံလျင်ဘက်
က
တချိန်ထဲမီးသဂြိုလ်ကြတယ် ၊
မီးခိုးလုံးတွေဟာ
ကောင်းကင်ကိုတက်သွားတယ် -
သံလျင်ဘက်က ရှင်မွေးလွန်းကလေး ရဲ့
မီးခိုးလုံးတွေ နဲ့  ဒဂုံဘက်က မင်းနန္ဒာရဲ့
မီးခိုးလုံးတွေဟာ
ဒဂုံမြစ်ကောင်းကင်ထက်မှာ အချစ်သင်္ကေတအမှတ်အသားနဲ့ ပေါင်းဆုံသွားကြတယ၊်
ဘ၀ချင်း မဆုံရပေမဲ့ ကောင်းကင်မှာ
မီးခိုးချင်းတော့ ဆုံဖြစ်လိုက်ကြပါတယ် ကွယ်
သီချင်း -တင်တင်မြ -
ရှင်းမွေးလွန်း+ မင်းနန္ဒာ
” ဟဲ့  သမီးတို့
ပုံပြောပြိး ပြီလေ ပြန်ကြတော့လေ ”
” နေပါအုံး အဘိုးရဲ့  ဒီမှာမျက်ရည်တွေ
နဲ့  လမ်းမှာကာလသားတွေတွေ့ ရင်နောက်မှာစိုးလို့”
” အဟင့် အဟင့် ”
မောင်သုည
မှီငြမ်းကိုးကားသောစာအုပ်များ
၁ - ရှင်မွေးလွန်း+မင်းနန္ဒာဇာတ်ညွှန်း - ရွှေနှင်းဆီ
အင်းးး..
ReplyDeleteငယ်ငယ်ကဖွားဖွားကြီးပြောပြနေကျပုံပြင်လေးး
ပြန်နားထောင်လိုက်ရသလိုပါပဲ..
ကျေးဇူးပါ...ရာဇ၀င်စာလေးတွေအတွက်