ဝဲသြဂထဲချာချာ -လည်
( အစစ်အမှန်သဘောတရားဆိုတာ )
အစစ်အမှန်သဘောတရားဆိုတာ-အတုအယောင်အပြောမှားတွေရဲ
့ဆန့်ကျင်ဘက်ပေါ့
အဲဒါကိုထိုးဖေါက်သိမြင်ဘို့ဆိုတာ-လွယ်မယောင်နဲ့ခက်သလို-တိမ်မယောင်နဲ့နက်နေတယ်
မလှော်တက်ရင်
ဝဲသြဂထဲချာလည် -လည် နေမယ်
၁ -ရှင်းရှင်းပြောမယ် -
ငါဟာ- ငါမဟုတ်ဘူးတဲ့
အဲဒါအတုအယောင်အပြောမှားတဲ
့-
ငါရဲ
့အစစ်အမှန်သဘောတရားကဘာလဲ
ခန္ဓာတဲ့ -
အဲဒါတောင်အစစ်အမှန်မဟုတ်သေးဘူး
ခန္ဓာဆိုလို့ -
ငုတ်တုတ်ထိုင်နေတဲ့မင်းကိုယ်ကြီးကိုပြေတာလို့ထင်နေအုံးမယ်
မဟုတ်သေးဘူး-ခန္ဓာဆိုတာ -
ကိုင်လို့တွယ်လို့ရတာမဟုတ်ဘူးတဲ့
ပုံသဏ္ဍာန်အလေးချိန်မရှိဘူးတဲ့အဲဒါကြောင့်ထိုးဖေါက်သိမြင်ဘို့ဆိုတာ-
လွယ်မယောင်နဲ့ခက်သလို-တိမ်မယောင်နဲ့နက်နေတယ်လို့ပြေတာပေါ့
မလှော်တက်ရင်
ဝဲသြဂထဲချာချာလည် - နေမယ်
၂ - နောက်တစ်ခုပြောမယ်
- ( ဒုက္ခ -ဆင်းရဲ - အပူ- သောက
)
ငွေမရှိလို့းဒုက္ခရောက်နေတလာလား
-ငွေမရှိလို့ဆင်းရဲတာလား
အပူဆိုတာမီးလား -
ဆီမီးခွက်လား-ကောက်ရိုးမီးလား-ထင်းမီးလား -
နေလဲပူတယ်နော်-ဒါဆိုအပူဆိုတာဘာလဲ
အပူဆိုတာ
သောက-သံယောဇဉ်-တဏှာရာဂ -
ကိုင်လို့တွယ်လို့ရတာမဟုတ်ဘူးတဲ့
- ပုံသဏ္ဍာန်အလေးချိန်မရှိဘူးတဲ့
အဲဒါကြောင့်ထိုးဖေါက်သိမြင်ဘို့ဆိုတာ-လွယ်မယောင်နဲ့ခက်သလို-
တိမ်မယောင်နဲ့နက်နေတယ်လို့ပြေတာပေါ့
မလှော်တက်ရင်
ဝဲသြဂထဲချာချာ -လည် နေမယ်
၃ -
နောက်တစ်ခုပြောအုံးမယ်- သုခ (ချမ်းသာ ) အေးတဲ့သဘော
ငွေရှိလို့ချမ်းသာတယ်ပြောတာလား-စည်းစိမ်ရှိလို့ချမ်းသာတယ်ပြေတာလား
အေးချမ်းတယ်ဆိုတာ ရေခဲတုံးကြီးကိုပြေတာလား
-
လေပြေလေညှင်းကလေးကိုပြောတာလား
ပန်ကာလေကိုပြောတာလား -
အဲကွန်းထဲမှာထိုင်နေရင်လဲအေးတာဘဲ
ပီတီ သုခ ဆိုတဲ့ ချမ်းသာတဲ့သဘောက
ကိုင်လို့တွယ်လို့ရတာမဟုတ်ဘူးတဲ့-ပုံသဏ္ဍာန်အလေးချိန်မရှိဘူးတဲ့
အဲဒါကြောင့်ထိုးဖေါက်သိမြင်ဘို့ဆိုတာ-လွယ်မယောင်နဲ့ခက်သလို-တိမ်မယောင်နဲ့နက်နေတယ်လို့ပြေတာပေါ့
မလှော်တက်ရင်
ဝဲသြဂထဲချာချာလည် - နေမယ်
တကယ်တော့အမည်နာမ-သတ်မှတ်မှည့်ခေါ်ထားတဲ့ရုပ်ဝတ္တုတွေအပေါ်မှာသောင်တင်နေရင်
တော့အစစ်အမှန်သဘောတရားဆိုတာကိုသိမှာမဟုတ်ဘူး
ဒါပေမဲ့ ခန္ဓာဆိုတဲ့
မင်းရဲ့ ခန္ဓကိုယ်ကြီးကလဲအရေးကြီးတယ်သူမပါဘဲလဲလိုရာပန်းတိုင်ကိုသွား
လို့မရဘူး - သူကလှေနဲ့တူတယ်-အဲဒီလှေကို
( အစစ်အမှန်သဘောတရား ) ကိုသိနိုင်တဲ့
ဥာဏ်ပညာဆိုတဲ့
လှော်တက်နဲ့ လှော်ပြီး လိုရာတဘက်ကမ်းကမ်းကိုသွားရမှာ
ဗုဒ္ဓဟောကြားထားတဲ့တရားများသည်ပရမတ္တ(အစစ်အမှန်သဘောတရား
)များအပေါ်မှာသာ
အခြေခံပြီးဟောကြားထားတာဖြစ်လေတော့သင်ဒီအသိတရားမရသေးရင်တော့-
ခန္ဓာလှေကို တက်မှားကြီးနဲ့လှော်နေရင်တော့လိုရာခရီးရောက်မှာ
မဟုတ်ဘူး
ဝဲသြဂထဲချာချာ လည်
--နေတော့မှာဘဲ
မောင်သုည
No comments:
Post a Comment