Saturday, 9 March 2013

သင်္ကြန်မှာလာတဲ့ဧည့်သည် ( အပိုင်း ၃ )

သင်္ကြန်မှာလာတဲ့ဧည့်သည် ( အပိုင်း ၃ )





အခန်း ( ၈ )
မြကန်သာစားသောက်ဆိုင်
နေ့လည်ပိုင်းမို့စားသောက်ဆိုင်တွင်လူနဲနဲကျဲနေသည် 
ကိုမိုးဝေမြကန်သာစားသောက်ဆိုင်သို့ရောက်လာသည်
ကောင်တာရှေ့ရောက်တော့ဆိုင်ရှင်မမြသက်ဆိုသူကကြိုဆိုသည် ၊
မမြသက် ” ဟောကိုမိုးဝေလာလာကိုမိုးဝေတို့များပျောက်နေလိုက်တာနော် 
စန္ဒယားပျက်မှဘဲတွေ့ရတော့တယ် ”
ကိုမိုးဝေ ” ဟဲ ဟဲ မမမြကလဲ ကျွန်တော်သင်္ကြန်သီချင်းတွေတိုက်ပေးနေရ
လို့ အလုပ်နဲနဲများနေတာပါကဲ စန္ဒယားဘာဖြစ်သလဲပြောပါအုံး”
မမြသက် ”ဘာဖြစ်မှန်းမသိပါဘူးကိုမိုးဝေရယ်အသံသိပ်မကောင်းတော့ဘူး
သင်္ကြန်တွင်းဧည့်ခံစရာတွေများလာမှစန္ဒယားကဖေါက်လာတယ်နဲနဲကြည့်ပေးပါအုံးနော်” ”
ကိုမိုးဝေ ”ဟုတ်ကဲ့ကျွန်တော်စစ်လိုက်ပါမယ်
ကိုမိုးဝေစန္ဒယားအဖုံးကိုဖွင့်ပြီးခလုတ်များကိုစမ်းတီးကြည့်နေသည်
ထိုစဉ်သားသားနားနားလူရေသန့်ယောက်ကျားတယောက်ဆိုင်ထဲဝင်လာသည်၊
ကိုစိုးနိင်ဆိုသူဖြစ်သည်သူ့ကြည့်ရတာတခုခုစိတ်လောနေပုံရသည်၊
မမြသက်ထိုင်နေသောကောင်တာသို့သွားပြီး
ကိုစိုးနိုင် ” မမမြ နွယ် ရောက်ပြီလား”
မမြသက် ဟင့်အင်း
မရောက်သေးဘူးဟဲ့
ကိုစိုးနိုင် ” အခုဘဲသုံးနာရီကျော်နေပြီဘာဖြစ်လို့မရောက်သေးတာလဲ”
မမြသက် ”ငါ ဘယ်သိမလဲစိုးနိုင်နင့်ကြည့်ရတာဂဏာမငြိမ်လိုက်တာဘာဖြစ်နေလဲ ”
ကိုစိုးနိုင်ဆိုသူကဘာမှပြန်မပြောစိတ်မရှည်သည့်သဘောနှင့်ခေါက်တုန့်ခေါက်ပြန
်လျှောက်နေသည် ၊
ကိုမိုးဝေမှာစန္ဒာယားပြင်နေသဖြင့်ထိုသူကို ဂရုမစိုက်မိ ကိုမိုးဝေစန္ဒယားကိုအသံညှိနေစဉ်မမြသက်လိမ်မော်ရည်လာချသည်၊
ထိုစဉ်
စိတ်တိုနေသောကိုစိုးနိုင်တယောက်မမြသက်ကိုပြန်ဘို့နှုတ်ဆက်လိုက်သည်
ကိုစိုးနိုင် ” မမမြ ကျနော်ပြန်အုံးမယ် ”
မမြသက် ” ဟဲ့ နေအုံးစိုးနိုင်နင်ဘာဖြစ်နေတာလဲငါကိုပြောအုံးလေ ”
ကိုစိုးနိုင် ” ကျွန်တော်သူအခန်းသွားကြည့်လိုက်အုံးမယ်မမမြ ”
မမြသက် ” အေးအကြောင်းထူးရင်ငါ့ကိုလာပြောအုံးနော် ”
ကိုစိုးနိုင် ” ဟုတ်ကဲ့ မမမြကျနော်သွားမယ်
ကိုစိုးနိင်ဆိုသူနှုတ်ဆက်ပြီးပြန်သွားသည်
ကိုမိုးဝေသည်စန္ဒယားပြင်ပြီး၍လိမ်မော်ရည်ထိုင်သောက်နေသည် ။
မမြသက် ”ဘယ်လောက်ကျလဲကိုမိုးဝေ ”
ကိုမိုးဝေ ” အော် ရပါတယ်မမမြကြိုးညှိရုံလေးတင်ရယ်မပေးပါနဲ့ရပါတယ်
အော် ကျွန်တ်ာအတွက်ကြက်သားနဲ့ထမင်းကြော်နှစ်ထုပ်သာထုပ်ပေးပါနော်”
မမြသက် ” ရပါတယ်ကိုမိုးဝေရပါတယ်နစ်ထုပ်လား”
ကိုမိုးဝေ ”ဟုတ်ကဲ့နှစ်ထုပ်အားတော့နာပါတယ်အိမ်မှာဧည့်သည်တယောက်နေလို့ပါ”
မမြသက် ” ရပါတယ် ကြော်ခိုင်းလိုက်မယ်နော် ခဏလေး
မမြသက်ထမင်းကြော် နှစ်ထုတ်ယူလာပေးသည်
မမြသက် ” ဟော့ဒီမှာရပြီ ကိုမိုးဝေ ထမင်းကြော် ”
ကိုမိုးဝေ ”ကျေးဇူးဘဲမမမြကျနော့်ကိုခွင့်ပြုပါအုံးနောက်လိုရင်ပြောနော်”
မမြသက် ”ကောင်းပါပြီရှင်ကောင်းပါပြီနောက်လဲအရေးရှိရင်ကူပါအုံးနော်”
ကိုမိုးဝေ ”အချိန်မရွေး မမမြ ဖုံဆက်လိုက်လေ ”
ကိုမိုးဝေထမင်းကျော်နှစ်ထုပ်ဆွဲပြီးဆိုင်ထဲမှထွက်လာသည်
xxxxx xxxxx xxxxx xxxxx xxxxx
အခန်း ( ၉ )
မသင်္ကြန်သည်အိမ်ပေါ်မှအောက်သို့ဆင်းလာပြီးဟိုဟိုဒီဒီလျှောက်
ကြည့်လိုက်သည်-ထို့နောက်ခမ်းလှမ်းလှမ်းသို့ဆက်လျှောက်သွားနေသည်၊
ကိုမိုးဝေထမင်းကျော်ထုပ်ဆွဲပြီးပြန်ရောက်လာသည်
အခန်းရောက်တော့ အခန်းတခါးပွင့်နေသည်၊မသင်္ကြန်ကိုမတွေ့
စိုးရိမ်စိတ်ဖြင့်ဟိုရှာာဒီရှာ ရှာရင်း အနီးအနားကိုမေးကြည့်သည်
ကိုမိုးဝေ ”ဒေါ်လေးမိန်းခလေးတယောက်အပြင်ဘက်ထွက်လာတာများ
မတွေ့မိဘူးလားဒေါ်လေး”
ဒေါ်လေး ” အေး အေး မင်းနဲ့မနက်ကအတူပါလာတဲ့ ခလေးမလေး
မဟုတ်လား ”
ကိုမိုးဝေ ” ဟုတ် ဟုတ် တယ်ဒေါ်လေးသူ ဘယ်ထွက်သွားလဲ ဟင် ”
ဒေါ်လေး ” ဟိုဘက်ထွက်သွားတာဘဲကွဲ့  သူ့ကြည့် ရတာလဲ
အူကြောင်ကြောင်နဲ့ ”
ကိုမိုးဝေ ”ကျေးဇူးဘဲဒေါ်လေး ”
ကိုမိုးဝေကဒေါ်လေးပြသောဘက်သို့အပြေးအလွှားလိုက်သွားသည်၊
ခပ်လှမ်းလှမ်းတွင်မသင်္ကြန်ကိုတွေ့သည်၊လမ်းမခလယ်ကောင်တွင်ကြောင်စီစီနှင့်
ဟိုဟိုဒီဒီကြည့်လုပ်နေသည်တဘက်မှကားတစီးမောင်းလာနေသည်ကိုသူမမြင်
ကိုမိုးဝေ ” မသင်္ကြန် မသင်္ကြန် ”
လှမ်းခေါ်ရင်းပြေးသွားသည် ၊
အနားရောက်တော့ မော်တော် ကား နှင့်နီးနီးလေးလိုတော့သည်
မသင်္ကြန်ကိုလှမ်းဆွဲရင်းနှစ်ယောက်သားလမ်းလေးသို့ထက်လျက်သား
လဲကျသွားသည်၊မသင်္ကြန်သည်ကိုမိုးဝေ၏ရင်ခွင်ထဲရောက်နေသည်
ခေတ္တမျှနှစ်ယောက်သားကြောင်ပြီးကြည့်နေကြသည် ၊
နောက်တော့ကိုမိုးဝေသတိရလာပြီးမိုးကိုလွှတ်လိုက်သည်၊
ဒေါသနှင့်အမောရောသည်
ကိုမိုးဝေ ” မသင်္ကြန်ဖြစ်လို့ထွက်လုပ်တာဘာလိုချင်လို့လဲ
လိုတာရှိရင်ကျွန်တော့်ကိုပြောပေါ့ ”
မသင်္ကြန် ” ကျမတောင်ပန်းပါတယ်ကိုမိုးဝေ ”
”ကျမလဲပျင်းတာနဲ့ အောက် ခဏဆင်းလျှောက်ရင်းကျမမြင်ဘူးတဲ့ ကားတစီးကိုတွေ့လို့လိုက်ရင်းဒီကိုရောက်လာတာပါ ”
ကိုမိုးဝေ ” ကံကောင်းလို့ကားတိုက်မလို့ သီသီကလေးလွတ်သွားတာ ”
မသင်္ကြန် ” ကိုမိုးဝေ လဲကျမအသက်ကိုကယ်တာနှစ်ခါရှိပြီနော် ”
ကိုမိုးဝေ ဟာကျမရဲ့အသက်သခင်ကျေးဇူးရှင်ဘဲ ”
ကိုမိုးဝေ ”ကဲ ကဲလာလာအိမ်ပေါ်သွားကြရအောင်ဟိုမှာလူတွေဝိုင်းကြည့်နေကြတယ်”
ကိုမိုးဝေနှင့်မသင်္ကြန်တို့အခန်းထဲဝင်လာကြသည် ၊
xxxxx xxxxx xxxxx xxxxx
အခန်း ( ၁၀ )
ကိုမိုးဝေယူလာသောထမင်းကြော်နှင့်ညစာကိုနှစ်ယောက်အတူထမင်းစားကြသည်
မသင်္ကြန် ”ကိုမိုးဝေဘာကြိုက်တက်သလဲကျမချက်ကြွေးမယ်လေ ”
ကိုမိုးဝေ ” ရပါတယ်ဗျာမချက်ပါနဲ့ ကျွန်တော်က ဖြစ်သလိုစားနေကျဘဲ
မသင်္ကြန် ” မဟုတ်ဘူးလေနေ့တိုင်းဆိုင်ထမင်းဆိုင်ထမင်းကိုဘဲစား
နေရတော့အပြောင်းအလဲဖြစ်သွားအောင်လို့ပါ ”
ကိုမိုးဝေ ” ကိစ္စမရှိဘူးမသင်္ကြန်မနက်ဖြန်အတွက်ကျွန်တော်စီစဉ်ပြီးသား
မနက်ဖြန်ကျနော်စန္ဒယားတီးပေးနေတဲ့စားသောက်ဆိုင်ကိုသွားမယ်
ဟိုမှာသင်္ကြန်အတွက်ဖျော်ဖြေပွဲလဲရှိတယ်မသင်္ကြန်လိုက်ခဲ့နော်
မသင်္ကြန် ”မသင်္ကြန်အိမ်မှာတယေက်ထဲကျန်ရစ်ရင်လဲခုနလိုအောက်ဆင်းပြီးလျှောက်
သွားနေရင်မှာကိုစိတ်မချလိုမှတ်လား”
ကိုမိုးဝေ ” ဟုတ်တယ် အဲမဟုတ်ဘူးလေ
မသင်္ကြန်စိတ်ပြေလက်ပျောက်ဖြစ်သွားအောင်လို့ပါ ”
မသင်္ကြန် ”အင်းလေဘယ်သူကမလိုက်ဘူးလို့ပြောလို့လဲ ”
ကိုမိုးဝေ မသက်ြန်ရဲ့ ကနွဲ့ကရစကားသံလေးများကိုကြည်နူးနေမိသည်
xxxxx xxxxx xxxxx xxxxx
အခန်း ( ၁၀ )
သင်္ကြန်အကျနေ့
အာရုံဏ်ဦးစားသောက်ဆိုင်ဆိုင်ရှေ့သင်္ကြန်ဖျော်ဖြေရေးမဏ္ဌုပ်တွင်
အဆိုတော်များဖြင့်သီဆိုဖျော်ဖြေနေကြသည်
ပြင်ပမှလာရောက်ကြည့်ရှူသူများရေစကားရင်းကြည့်နေကြသည်၊
ဆိုင်အတွင်းတွင်စားသောက်သူများဖြင့်စည်ကားနေသည် ၊
ကိုမိုးဝေနှင့်မသင်္ကြန်တို့ဆိုင်ထဲဝင်လာကြသည်
ကိုမိုးဝေကအပြာရောင်စပုတ်ရှပ်နှင့်မသင်္ကြန်ကအ၀ါရောင်အပေါ်အောင်
ဆင်တူဝက်ထားပြီးအ၀ါရောင်ပုဝါကလေးခေါင်းမှစည်းထားသည် ၊
ဆိုင်ရှင်ကိုထွန်းဦးကဆိုင်ထဲမှထွက်ပြီးဆီးကြိုနှုတ်ဆက်လိုက်သည် ၊
ဆိုင်ရှင်ကိုထွန်းဦး ”ဟ မိုးဝေဒီနေ့စုံတွဲခုတ်လာပါလား ”
ဆိုင်ရှင်ကိုထွန်းဦးမှာနောက်တက်ပျော်တက်သူဖြစ်သည်
ကိုမိုးဝေ ” ဟေ့လူဘာတွေပြောတာလဲအဲဒါကျွန်တော့်ဧည့်သည်ဗျ
သူ့နာမယ်မသင်္ကြန်ပါသင်္ကြန်တွင်းမှာရောက်လာတဲ့ဧည့်သည်မို့
မသင်္ကြန်လို့ကျွန်တော်ပေးထားတာ”
ကိုထွန်းဦး ”အလဲ့လဲ့တယ်ဆန်းပါလားဆိုစမ်းပါအုံးဧကန္တတော့ဧကန္တဘဲ”
ကိုမိုးဝေ ” ဟေ့လူတော်စမ်းပါဧကန္ဒတွေဘာတွေလုပ်မနေနဲ့သူရှက်သွားမယ်
ကဲ ကျွန်တော်တို့ဗိုက်ဆာလာတယ်လုပ်ဗျာ ”
ကိုထွန်းဦး ” ရတယ်လေဟိုမှာကြိုက်တာစားလေသင်္ကြန်အတွက်စပါယ်ရှယ်
မုန့်တီလုပ်ထားတယ် “
စားပြီးရင်တော့တစ်ပွဲနွဲပေးရမယ်နော်စုံတွဲ စုံတွဲ ဟဲ ဟဲ ”
ကိုမိုးဝေ ” ဟာ လုပ်ပြန်ပြီဒီလူကြီး ”
ကိုထွန်းဦး ” အော် မသင်္ကြန် ကျွန်တော်တို့ကနောက်နေကျ မို့ ဆော်ရီးနော်
မုန့်တီစားလိုက်အုံးအေးဆေးနော်”
မသင်္ကြန် ”ဟုတ်ကဲ့ရှင့်ကျေးဇူးတင်ပါတယ် ”
ကိုမိုးဝေနှင့်စားသောက်ပြီးသောအခါကိုမိုးဝေသညစင်ပေါ်တက်ပြီး
စန္ဒယားတီးပေးနေသည်သင်္ကြန်မယ်ကလေးများက
ပိတောက်ပန်းတွေဝေေ၀စီ သီချင်းနှင့်ကပြဖျော်ဖြေကြသည်

း


ဆိုင်ရှင်ကိုထွအန်းဦးကကိုမိုးဝေအနားကပ်၍သီချင်းတက်ဆိုရန်ပြောနေသည်
ကိုမိုးဝေကလက်ကားပြ၍ငြင်းသည်၊နောက်ဆုံးတွင်ကိုထွန်းဦးကစင်ပေါ်မှနေ၍
အခုဆက်လက်ဖျော်ဖြေမဲ့သူကအာရုံဦးရဲ့ပင်တိုင်စန္ဒယားဆရာကိုမိုးဝေ
သီဆိုဖျော်ဖြေပါတော့မည်ဟု ကြေညာလိုက်သောအခါ
ကိုမိုးဝေမှာမနေသာတော့ဘဲစင်ပေါ်တက်လာခဲ့ရသည် ၊
ကိုမိုးဝေက ” မြစိမ်း ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်
မြစိမ်း

 



ဝါရွှေနွဲ့သွေးကို ထာဝစဉ်ဆင်မြန်ူတက်တဲ့ ၀ါဝါသွေးချစ်သူရယ် ++ ကြည်ပြာ
ရောင်သွေးကိုထာဝစဉ်မောင်ကရွေးချယ် + အပြာရောင်မောင်ကကြိုက်ပါတယ် ++
ဝါရွှေနွဲ့  သွေး နဲ့ အပြာရောင်မောင်တို့ နှစ်ဥိးရဲ့  ++ ရောင်စုံယှဉ်တွဲတဲ့အခါမယ် ++
အဖြေဟာတကယ်ဘဲတကယ် +သေချာစွာဘဲရှိမယ် += မြစိမ်း +စိမ်းတက်တယ် +
မသင်္ကြန်က အ၀ါရောင်ဆင်တူဝတ်ထားသဖြင့် ဘေးကလူများက လှမ်းကြည့်
နေကြသည် ၊ မသင်္ကြန်က ရှက်၍ ခေါင်း ငို့ထားသည် ၊
သီချင်းသံ ဆုံးသွားတော့ လက်ခုတ်သံများ ဆူညံ သွားသည်
နေရာပြန်ရောက်တော့ကိုမိုးဝေကအဝါရောင်အပေါ်အောက်ဆင်တူဝတ်ထား
တဲ့ မသင်္ကြန်ကို အဓိပ္ပါယ် ပါပါ နှင့် ကြည့် လိုက်သည် ၊
မသင်္ကြန် က ရှက်၍ ခေါင်းကလေးငုံနေသည်
xxxxx xxxxx xxxxx xxxxx xxxxx

No comments:

Post a Comment