သင်္ကြန်မှာလာတဲ့ ဧည့်သည် ( အပိုင်း ၈ )
အခန်း ( 29 )
မောင်းမကန်ကမ်းခြေ၏နံနက်ခင်း
ကိုစိုးနိုင်တို့အထုပ်အပိုးတွေကားပေါ်တင်ပြီးထွက်ခဲ့ကြသည်၊
ကားပေါ်တွင်တယောက်မှစကားမပြောကြ၊ကိုယ့်အတွေးနှင့်ကိုယ်လမ်းဘေးရှုခင်းများ
ကိုသာကြည့်လာကြသည၊်ထားဝယ်လေဆိပ်မှလေပျံကြီးပျံတက်သွားသည်
ကိုမိုးဝေတယောက်မောင်းမကန်အလှကိုလေယဉ်ပေါ်မှငေးမောကြည့်ရှုးရင်း
ရန်ကုန်လေဆိပ်သို့ရောက်မှန်းမသိရောက်လာခဲ့သည် ၊
ရန်ကုန်လေဆိပ်ကထွက်တော့မသင်္ကြန်ကစကားစလာသည်
မသင်္ကြန် ” ကျမအဆောင်ကိုအရင်ပို့ပေးပါနော်
”
မမြသက် ” ရတယ်လေမမမြလိုက်ပို့ပေးမှာပေါ့ ”
လေဆိပ်မှအပြန်လမ်းတလျှောက်လုံးဘယ်သူမှစကားမပြောကြ
လမ်းဘေးမှရှူခင်းများကိုကြည့်ရင်းကိုယ့်အတွေးနှင့်ကိုယ်စိတ်ကူးယဉ်ပြီး
လိုက်ပါလာကြသည်
၊
***** ***** ****
အခန်း( 30 )
ကားကလေးသည်ဝတ်မှုံလှိုင်နေသောအဆောင်ရှေ့တွင်ထိုးရပ်လိုက်သည်
ဝတ်မှုံလှိုင်ကားပေါ်မှာဆင်းလိုက်သည်၊မမြသက်နောက်မှဆက်ဆင်းလာသည်
ကိုမိုးဝေးကနောက်မှလို်က်ဆင်းလာပြီးဝတ်မှုံနေသည့်အဆောင်ကိုစူးစမ်းသလိုနှင့်စိုက်
ကြည့်နေသည်
ကိုစိုးနိုင်ကကားပေါ်မှဝတ်မှုံ၏ပစ္စည်းများကိုကူချပေးရင်း၊၀တ်မှုံနောက်သို့လိုက်
ရန်ဟန်ပြင်နေသဖြင့်
ဝတ်မှုံလှိုင် ” ရတယ် ကိစ္စမရှိဘူးလှိုင်သယ်နိုင်ပါတယ်”
မမြသက် ” နေအုံးလေ၀တ်မှုံ မမမြလဲလိုက်မယ်လေ”
ဝတ်မှုံလှိုင် ” ရတယ်မမမြရတယ် နောက်မှတွေ့မယ်နော်
ဟုပြောပြိးကိုမိုးဝေးကိုတချက်စောင်းကြည့်ကာအပေါ်ထက်သို့တက်သွားသည်၊
သုံးယောက်သားဝတ်မှုံကိုနားမလည်နိုင်သောမျက်နှာများဖြင့်တဦးကိုတဦးကြည့်
ပြိးကားပေါ်တက်ခဲ့ကြသည် ၊
***** *****
****** *****
အခန်း ( 31 )
ကားပေါ်တွင် မမြသက်က စကားစပြောသည်၊
မမြသက် ” ဟဲ့စိုးနိုင်နင်ဘယ်လိုသဘောရလဲ-ငါတော့ဝတ်မှု သူသတိပြန်ရလာ
တယ်ထင်တာဘဲ”
ကိုစိုးနိုင် ” ဟုတ်တယ်ကျွန်တော်လဲ ဒီလိုဘဲထင်တယ် ”
မမြသက် ” အေး နင့်အကြံအောင်မြင်သွားပြီးပေါ့နော်
အဲဒါ-ငါတို့ကိုကျေးဇူးဆပ်ရမယ်-ကိုမိုးဝေကိုလဲပါတယ်နော်
ကိုမိုးဝေ ” ရပါတယ်ဗျာကျွန်တော်ကကိစ္စမရှိပါဘူး မသင်္ကြန်အဲဝတ်မှုံလှိုင်
တယောက်သူဘ၀အမှန်သူပြန်သတိရသွားတာကိုဘဲကျွန်တော်ဝမ်း
သာပါတယ်”
မမြသက် ” ကိုမိုးဝေကမသင်္ကြန်ကိုလဲဆွဲနေတယ်ထင်တယ်”
ကိုမိုးဝေ ” မဟုတ်ပါဘူးဗျာဒီနံမယ်ကကိုယ်ပေးထားတဲ့နာမယ်ဆိုတော့ပါးစပ်
ထဲစွဲသွားလို့ပါ ”
ကိုစိုးနိုင် ” ကဲပါဗျာကိုမိုးဝေကျွန်တော့်အခမ်းလိုက်ခဲ့ပါလားရောက်ဖူးအောင်
ပေါ့ဖြစ်တယ်မဟုတ်လားကိုမိုးဝေ ”
ကိုမိုးဝေ ” ရပါတယ်-
ဖြစ်ပါတယ်”
မမြသက် ” ကဲဒါဖြင့်ငါ့ကိုအရင်လိုက်ပို့ပြီးမှနင်တို့သွားချင်တာဆက်သွားကြ”
ကိုစိုးနိုင် ” ကဲ ကားဆရာရေ မြကန်သာကိုသာအရင်မောင်းပို့လိုက်ဗျာ ”
ကားတစီးမြကန်သာစားသောက်ဆိုင်ရှေ့တွင်ရပ်လိုက်သည်၊မမြသက်ကား
ပေါ်မှဆင်းပြိးလက်ပြနုတ်ဆက်ထွက်သွားသည၊
***** ***** ***** ***** *****
အခန်း ( 32
)
မသင်္က်ြခေါ်(၀တ်မှုံလှိုင်)အခန်းတခါးဖွင့်ပြီးဝင်သွားသည်၊
နရံတွင်ချိတ်ထားသောမိမိ၏ပုံပန်းချီကားတစ်ချပ်ကိုသေသေချာချာစိုက်ကြည့်
နေမိသည၊်
” ၀တ်မှုံမှတ်မိလားဟင်ကိုဒီပုံကိုပန်းချီဆွဲပြီးပြိုင်ပွဲဝင်ခဲ့တာဆုရခဲ့တယ်လေ
ဝတ်မှုံ
အခန်းမှာချိတ်ထားတယ်မယုံရင်အခန်းကိုသွားကြည့်လေ ”
ကိုစိုးနိုင်၏စကားသံကိုပြန်ကြားနေမိသည်၊စိတ်ထဲမွန်းကြပ်သလိုလိုဖြစ်လာသဖြင့်ဆက်တီတွင်
ထိုင်ရင်းခေတ္တအနားယူနေလိုက်သည်
Page 32
ကိုမိုးဝေး ၏
စန္ဒယားသံကလေး နားထဲဝင်လာပြန်သည် ၊
ချစ်သူဝေး
ဝေး သွားပါနဲ့လားကွယ် --ချစ်သူဝေး ဝေး
သွားပါနဲ့လားကွယ်
ကလင်------ ကလင်------ ကလင်-----
တယ်လီဖုန်း-မည်သံပေါ်ထွက်လာနေသည်
စန္ဒယားသံကိုအာရုံရောက်နေ၍ဖုံးသံကိုအကြားဖြစ်နေသည်၊
နောက်မှသတိရလာသည်
၊
ကလင်------ ကလင်------ ကလင်-----
ဝတ်မှုံ
မကိုင်ချင်ကိုင်ချင်နှင့်-ကိုင်လိုက်သည်
ဝတ်မှုံလှိုင် ”ဟ-လို ”
အဘက်မှအသံ ” အော် ရှင်-ပြန်ရောက်နေပြီ ကိုး ”
ဝတ်မှုံလှိုင် ” ဘယ်သူလဲ အခုပြောနေတာဘယ်သူလဲ
တဘက်ကအသံ ” ရှင်ကအတိတ်မေ့တယ်ဆိုတော့ဘယ်မှတ်မိပါ့မလဲ
”
ဝတ်မှုံလှိုင် ” ရှင်ဘယ်သူလဲမကျမ-မသိဘူး ဘယ်ကဆက်နေတာလဲ ”
တဘက်ကအသံ ” ဘယ်ကဆက်ရမှာလဲကိုနိုင်ဇနီးကကိုနိုင်အိမ်ကပေါ့
”
ဝတ်မှုံလှိုင် ” ရှင်ဘယ်သူလဲ ပြောပါ ”
တဘက်မှအသံ ” မေလွင်လေမမှတ်မိတော့ဘူးလားမေလွင်ပါ ”
ဝတ်မှုံလှိုင်အသံကိုကောင်းကောင်းမှတ်မိသွားသည်
စိတ်ဆိုးဆိုးနှင့်ဖုံးကိုချလိုက်သည်
ဝတ်မှုံလှီုင်၏ဦးနှောက်ထဲတွင်အတိတ်တွေကိုပြန်လည်သတိရလာသည်
***** ***** ***** *****
အခန်း ( 33 )
အတိတ်၏မြင်ကွင်း
တခုသောစားသောက်ဆိုင်
စားပွဲတခုတွင်ကိုစိုးနိုင်နှင့်အမျိုးသမီးယောက်ထိုင်စားနေကြသည်
ရုတ်တ်တရက်ဝတ်မှုံနှင့်မမြသက်ဆိုင်ထဲဝင်လာသည်
ဝတ်မှုံလှိုင်ကဆိုင်ထဲဝင်မယ်လုပ်ပြီးမှဆိုင်ထဲကပြန်ထွက်သွားသည်
ဝတ်မှုံကို-ကိုစိုးနိုင်ကလှမ်းမြင်လိုက်သဖြင့်ဝတ်မှုံနောက်သို့လိုက်သွားသည်
ထိုင်နေသောအမျိုးသမီးက-ကိုစိုးနိုင်နောက်ကိုလှမ်းဆွဲထားသည်
ကိုစိုးနိင်ကပြန်လည်ရန်း၍၀တ်မှုံနောက်ကိုလိုက်မည်လုပ်သော်လည်း
အမှီလိုက်တော့
ဝတ်မှုံလှိုင် ” လာမမမြသက်ပြန်ကြမယ် ”
ဟုဆိုပြီးကားပေါ်တက်ပြီးထွက်သွားကြသည်
******** ********** ********
Page 33
အတိတ်၏မြင်ကွင်း
သင်္ကြန်အကြိုနေ့
ကိုစိုးနိုင်
မြကန်သာစာသောက်ဆိုင်တွင်ဝတ်မှုံကိုလာကြိုသည်
ကားပေါ်ရာက်တော့
ဝတ်မှုံက မေးသည်
ဝတ်မှုံလှိုင် ” ဟိုတနေ့ကဆိုင်ထဲမှာတေ့တာဘယ်သူလဲ”
ကိုစိုးနိုင်
”အော်
ဘယ်သူမှမဟုတ်ပါဘူးကျောင်းတုန်းကအသိပါ ”
ဝတ်မှုံလှီုင် ”ဘယ်ကမိတ်ဆွေလဲသူကဘာဖြစ်လို့ထပြီးကိုနိုင့်ကိုလိုက်ဆွဲ
ထားရတာလဲ”
ကိုစိုးနိုင်
”
အော်ဘာကြောင့်မှမဟုတ်ပါဘူးဟိ-ုဟို
”
ဝတ်မှုံလှိုင် ” ဒီမှာအခုမှဟို တွေဘာတွေလာအလုပ်နေနဲ့
အခုကား၇ပ်ပေး
ဆင်းမယ်မရပ်ရင်ခုံချလိုက်မယ်နော် ”
နောက်ဘယ်တော့မှာလာအကြိုနဲ့တော့ဒါဘဲ ”
ကားမီးပွိုင့်တွင်မီးနီးနေသောအခါတွင်ဝတ်မှုံလှိုင်ကားပေါ်မှဆင်းလိုက်သည်
ရုတ်တရက်မီးစိမ်းလာသဖြင့်ကိုစိုးနိုင်ဆင်းလိုက်ရန်မဖြစ်နိုင်ဘဲဖြစ်နေသည်
နောက်လမ်းရှင်းသောတနေရာတွင်ကားရပ်ပြီးဝတ်မှုံကိုရှာသည်မတွေ့တော့
အခန်း ( 34 )
ဝတ်မှုံလှိုင်၏အာရုံတွင်အတိတ်၏အရိပ်များအခုမှပြန်လည်ပီပြင်လာသည်
ဒေါသစိတ်များကားတားဆီးမရအောင်ပေါက်ကွဲနေသည်
ဘာလုပ်ရကောင်းမလဲစဉ်းစား၇င်း၊ရုတ်တရက်ထ၍အိတ်ဆွဲပြီးအပြင်ထွက်ခဲ့သည်
ဘယ်ကိုအ၇င်သွားရရင်ကောင်းမလဲစဉ်းစားလိုက်သည်
မြကန်သာသို့အရင်သွားပြီးမမမြကိုခေါ်မည်ဟုအကြံရလာသည်
မြကန်သာသို့ထွက်ခဲ့သည်
အခန်း ( 35 )
ကိုစိုးနိုင်နှင့်
ကိုမိုးဝေတို့ နှစ်ယောက် ကားပေါ်မှဆင်းလိုက်ကြသည်၊
ကိုစိုးနိုင် ”
လာကိုမိုးဝေ-ကျွန်တော့အခန်းဘဲအထဲဝင်”
ကိုစိုးနိုင်၏အခန်းတွင်ဝတ်မှုံ၏ဓါတ်ပုံများနှင့်ဝတ်မှုံပုံကိုပုံတူပန်းချီဆွဲထား
သောပုံများချိတ်ထားသည်၊
သောပုံများချိတ်ထားသည်၊
Page 34
ကိုမိုးဝေကစိတ်ထဲတွင်မကျေနပ်သောဝမ်းနည်းသောအကြည့်ဖြင့်ငေး
ကြည့်နေသည်၊
ကိုစိုးနိုင် ” ကိုမိုးဝေ ဘာသောက်မလဲ ကျွန်တော် မှာလိုက်မယ်လေ ”
ကိုမိုးဝေ ”
နေပါစေရပါတယ်ကိုစိုးနိုင်ကျွန်တော်ဘာမှမသောက်ချင်ပါဘူး
”
ခဏနေပြန်တော့မှာပါအိမ်မှာကိစ္စလေးရှိနေသေးလို့ပါ ”
ကိုမိုးဝေကသိပ်ကြာကြာမနေချင်တော့၍ ငြင်းလိုက်သည်၊
ကိုစိုးနိုင် ” ဟာ-ကိုမိုးဝေကလဲဗျာကျွန်တော်ကကိုမိုးဝေကိုကျေးဇူးတင်စကား
တောင်မပြောရသေးဘူးကျေးဇူးတင်တဲ့အနေနဲ့တခုခုကျွေးချင်လို့ပါ ”
ကိုမိုးဝေ ” ရပါတယ်ကိုစိုးနိုင်နောက်လဲကြုံမှာပါ ”
ဟုပြောပြီးအပြင်ထွက်ရန်အတွက်တံခါးဝသို့အရောက်တွင် ----
ဒေါက်**ဒေါက်**ဒေါက်
အပြင်မှတံခါးခေါက်သံကြားရသည်၊ကိုစိုးနိုင်တံခါးဖွင့်ပေးလိုက်သည်
၊
မမေလွင်အခန်းထဲဝင်လာသည်
ကိုစိုးနိုင် ” မင်းဘာလာလုပ်တာလဲ ”
မေမေလွင် ” မလာရတော့ဘူးလားကိုနိုင်မေလွင့်ကိုမေ့သွားပြီပေါ့ဟုတ်လား
”
ကိုစိုနိုင် ” မင်းငါ့ကိုမနှောက်ရှက်ပါနဲ့မင်းနဲ့ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူး
”
မေမေလွင် ” ကိုနိုင်ဒီလိုရက်ရက်စက်စက်မပြောပါနဲ့ကိုနိုင်ရယ်
”
” မေကလေကိုနိုင်ကိုတစ်နေ့မှမေ့မရဘူးသိလား ”
ဟုပြောပြီးကိုစိုးနိုင်ကိုပြေးဖတ်လိုက်သည်
ထိုစဉ်တယ်လီဖုန်း-မည်သံပေါ်လာသည်
ကလင်------ ကလင်------- ကလင်-------
မေလွင်နှင့်နီးနေသဖြင့်မေလွင်တယ်လီဖုန်းကိုကောက်ကိုင်လိုက်သည်
မေလွင် ”
ဟ-လိုဘယ်သူနဲ့ပြောချင်လို့ပါလဲ
”
ဖုံးဆက်လာသူမှာ
ဝတ်မှုံလှိုင်ဖြစ်သည်၊အသံကိုကြားလိုက်သည်နင့်မေလွင့်အသံ
မှန်းသိလိုက်သည်
၊
ဝတ်မှုလှိုင်ဖုံးကိုကိုင်ပြီးဘာမှဆက်မပြောငြိမ်နေသည် ၊
မေမေလွင် ”
ဟ-လို
ဘယ်သူလဲ ”
ကိုစိုးနိုင်တယ်လီဖုန်းကိုမေလွင့်လက်ထဲမှလုယူလိုက်သည်
ကိုစိုးနိုင် ”
ဟလို-ဟလိုကျနော်စိုးနိုင်ပါ
”
တဘက်မှ ဘာသံမှမကြား၇တော့ဖုံးချသွားသည်
ကိုစိုးနိုင် ”ဘယ်သူလဲဘယ်သူဆက်တာလ`ဲ
မေလွင် ”
ဘယ်သူ ဖြစ်ရမလဲရှင့်အသစ်ကလေးဝတ်မှုံဆိုတာဖြစ်မှာပေါ့”
ကိုစိုးနိုင် ” ပြဿနာဘဲမင်းဟာတော်တော် ပြဿနာလုပ်တဲ့မိန်းမဘဲ ”
ထိုစဉ်
ကိုမိုးဝေကအားနာလာသဖြင့်
Page 35
ကိုမိုးဝေ ”
ကိုစိုးနိုင်ကျွန်တော်ပြန်လိုက်အုံးမယ်နော် ”
ဟုပြောပြီးအခန်းအပြင်ဘက်ထွက်လာခဲ့သည် ၊
ကိုမိုးဝေ
စိတ်မကောင်းစွာဖြင့်လှေခါးထစ်များကိုတထစ်ခြင်းအဆင်းနေသည်
အောက်ဆုံးထက်ရောက်တော့
ဝတ်မှုံလှိုင်နှင့်မမြသက်တို့နှစ်ယောက်ရောက်
လာကြသည်၊ဘာလုပ်ရမှန်းမသိဖြစ်နေသည်၊ကိုစိုးနိုင်ပြဿနာထပ်တက်မည်စိုး၍
စကားမရှိစကားရှာပြီးအချိန်ဆွဲနေသည်
ကိုမိုးဝေ ”
ဟာ-၀တ်မှုံနဲ့မမမြတို့ကိုးကျွန်တော်လဲကိုစိုးနိုင်နဲ့စကားကောင်းနေ
တာနဲနဲကြသွားတယ် ”
မမြသက် ”
ကိုမိုးဝေအခုကိုစိုးနိုင်ရှိလား-ဘယ်သူရှိသေးလဲ ”
ကိုမိုးဝေ ”
ရှိပါတယ်ဟိုဟို-ဟိုဟို ”
ကိုမိုးဝေကကြောင်စီစီလုပ်နေသဖြင့်ဝတ်မှုံကစိတ်မရှည်နိုင်ဘဲ
ဝတ်မှုံလှိုင် ”
လာမမမြတက်သွားရအောင်
”
ဟုပြောပြီးအပေါ်ထက်သို့တက်သွားသည် ၊
***** ***** ***** *****
အခန်း ( 36 )
ကိုစိုးနိုင်အခန်းတွင်မေလွင်နှင့်ကိုစိုးနိုင်ဆက်လက်စကားများနေဆဲ
ကိုစိုးနိုင် ”
မင်းကို-ကိုယ်ရှင်းရှင်းဘဲပြောမယ်
”
” ကိုဝတ်မှုံလှိုင်နဲ့လပ်ထပ်ဘို့စေ့စပ်ထာပြီးပြီ ”
မေမေလွင် ” ရပါတယ်ကိစ္စမရှိပါဘူးလွင်ကကိုနိင့်ကိုချစ်တာကတော့
ချစ်နေမှာဘဲလေ
ဘာဖြစ်လဲ လျော့ မသွားပါဘူး ကိုနိုင်ကို ချစ်ရရင်ပြီးတာဘဲ ”
ကိုစိုးနိုင် ”
မင်းတော်-တော်ခက်တာဘဲ
”
ထိုစဉ်တံခါးခေါက်သံပေါ်လာသည်
ဒေါက် ---- ဒေါက်---- ဒေါက်
ကိုစိုးနိုင်
အပေါက်ကချောင်းကြည့်လိုက်သည်၊အပြင်တွင်ဝတ်မှုံနှင့်မမမြတို့ရောက်
နေသည်ကိုမြင်လိုက်ရသည်၊မေလွင်ကိုဆွဲခေါ်ပြီးအိမ်သာထဲသွင်းထားလိုက်သည်၊
ပြီးတော့တခါးဖွင့်ပေးလိုက်သည်
ဝတ်မှုံလှိုင် ”
အထဲမှာ ဘယ်သူရှိလဲ”
ကိုစိုးနိုင် ”
ဘယ်- ဘယ်
သူမှမရှိပါဘူး ”
ကိုစိုးနိင်ကမလုံမလဲနှင့်
ထစ်ထစ်ငေါ့ငေါ့ဖြစ်နေသည်
ဝတ်မှုံလှိုင် ”
မလိမ်နဲ့ခုနတယ်လီဖုန်းကိုင်တာဘယ်သူလဲ ”
ကိုစိုးနိုင် ”
ဘယ်ဘယ်သူမှမဟုတ်ပါဘူးကိုမိုးဝေပါ ”
ကိုမိုးဝေနဲ့ကိုနဲ့စကားပြောနေတာပါ ”
မသင်္ကြန်ကကိုမိုးဝေကိုရှာရန်အပြင်ခဏထွက်ရန်အလုပ်တွင်အိမ်သာထဲမှအသံတခု
ုPage 36
ကြားရဖြင့်၊
ခေတ္တခြေလှမ်းတုန့်သွားပြီးအခန်းထဲပြန်ဝင်လိုက်သည်
အိမ်သာတခါးကိုဆွဲဖွင့်လိုက်သည်မေမေလွင်ကိုပက်ပင်းတွေ့သွားသည်
ဝတ်မှုံလှိုင်ဘာမှမပြောအပြင်သို့ပြေးထွက်သွားသည်ကိုးစိုးနိုင်လိုက်ဆွဲသည်
ဝတ်မှုံလှိုင် ”
သွား-သွားရှင်ကျမဘဝထဲကထွက်သွား
”
ကိုစိုးနိုင် ”
လှိုင်-လှိုင်ကိုယ်ရှင်းပြပါစေလှီုင်
ဝတ်မှုံလှိုင် ”
မရှင်းနဲ့မရှင်းနဲ့ဘာမှမကြားချင်ဘူး
” ရှင်ကျမဘဝထဲကထွက်သွားပါကျမတောင်းပန်းပါတယ်”
ဝတ်မှုံကအော်ငိုချလိုက်သည်မမြသက်က၀တ်မှုံကိုကိုဖက်ထားလိုက်သည်
မမြသက် ”
စိုးနိုင်နင်နောက်ကိုငါကိုဘာမှအပူလာမကပ်နဲ့တော့နော်
ငါဘာမှဆက်မကူညီနိုင်တော့ဘူးနော်ဒါဘဲ ”
ဟုပြောပြေီး-၀တ်မှုံကိုခေါ်၍
ပြန်လာခဲ့ကြသည် ၊
ကိုစိုးနိုင်ကတော့အခန်းတွင်ဒေါသနှင့်ဝမ်းနဲမှုရောပြွမ်း၍ကျန်ခဲ့သည်
မေမေလွင်ကတော့ဘာမှမပြောကြောင်စီစီလုပ်နေသည်
ကိုစိုးနိုင် ”
ကဲကျနော့ဘဝလဲပျက်စီးသွားပြီခင်ဗျားသဘောရှိနေခဲ့တော့ ”
ဟုပြောပြီးတစ်ယောက်ထဲအောက်ဆင်းပြီးကားကိုအရှိန်ဖြင့်မောင်းထွက်ခဲ့သည်
၊
***** ***** ***** *****
အာရုံဏ်ဦးစားသောက်ဆိုင်
ကိုမိုးဝေတယောက်စန္ဒယားတီးနေသည်
တချိန်ကကျော်ကြားခဲ့သော ကိုသန်းလှိုင်၏ တေးတပုဒ်း
မေတ္တာဘုံကပုံပြင်သက်ထား
သီချင်းတပုဒ်ကိုဆိုတီးလုပ်နေသည်
တချို့ကအာရုံဏ်ဦးစားသေက်ဆိုင်ကိုခောတ်ဟောင်းသီချင်းသံများပြန်လည်
ကြားရဖြင့်လာရောက်အားပေးကြသည်၊အထူးသဖြင့်လူကြီးပိုင်းနှင့်
လူလတ်ပိုင်းတို့
လာထိုင်တာများသည်
စားပွဲတခုတွင်ထိုင်နေသော လူနှစ်ယောက်က စကားပြောနေကြသည်
လူတစ်ယောက် ”
ကျွန်တော်ကတော့ ဂန္ဓ၀င်တေးတွေကိုပြန်နားထောင်ရတာဘယ်လိုအရသာ
ရှိမှန်းမသိဘူးဗျာ”
နောက်တယောက်”ဒါပေါ့ဗျ
တချိန်က ကျော်ကြားခဲ့တဲ့ ဂန္ဓ၀င်တေးတွေကိုပြန်ခံစား
ချင်ရင်တော့
ဒီအာရုံဥိးကိုဘဲကြွခဲ့ပေတော့ကျုပ်ကတော့အရင်ကအကြောင်းတွေပြန်
စားမြုပ်ပြန်ရင်းလ္ဘက်ရည်သောက်ရတာတယ်အရသာရှိတယ်ဗျာ”
Page 37
နောက်တယောက်” ကျွုပ်လဲ ဒီလိုဘဲဗျို့ ဟားဟား`
ထိုစဉ်စားပွဲထိုးရောက်လာ၍
တယောက်သောသူ ”
ဟေ့စန္ဒယားဆရာက်ပြောလိုက်စမ်းပါ နောက်ထပ်
ကိုမင်းနောင်သီချင်းတပုဒ်လောက်လုပ်ပါအုံးလို့ ”
စာပွဲထိုး ” ဟုတ်ကဲ့ ဆရာ”
သီချင်းသံဆုံးသွားတော့
လက်ခုတ်သံများ ပေါ်ထွက်လာသည်
ကိုမိုးဝေစန္ဒယားခုံမှထပြီးစာပွဲတလုံးသို့ခေတ္တအနားယူရန်လျှောက်လာသည်စားပွဲတလုံးတွင်
မသင်္ကြန်ထိုင်နေတာတွေ့ရသဖြင့်အံ့သြသွားသည်
ကိုမိုးဝေ ”
ဟာဝတ်မှုံလှိုင်ဘယ်တုန်းကေ&ာက်နေလဲ ”
ဝတ်မှုံလှိုင် ”
မသင်္ကြန်ပါကိုမိုးဝေရဲ့ ကိုမိုးဝေမသင်္ကြန်ကိုမေ့သွားပြီလား ”
ကိုမိုးဝေ ” အော်မမေ့ပါဘူးမသင်္ကြန်ကနဂိုဘ၀ကိုပြန်သတိရသွားပြီ
ဆိုတော့-၀တ်မှုံလှိုင်လို့ခေါ်မှသိမယ်ထင်လို့ပါ”
ဝတ်မှုံလှိုင် ”
ကျမတကယ်သတိပြန်မရရင်ကောင်းသား ”
အင်းလေဘ၀သစ်ဆိုပြန်တော့လဲဧည့်သည်လိုလက်ခံထား
တော့ကိုယ့်အိမ်ကိုယ်ပြန်ရမှာပေါ့
”
ဝတ်မှုံလှိုင် ” ကိုမိုးဝေမှတ်မိလားဟင်တခါကကျမမေးခဲ့တာလေ
ကိုမိုးဝေ ”ဘာများလဲဝတ်မှုံအဲမသက်ြန် ”
ဝတ်မှုံက
မျက်စောင်းတချက်ထိုးပြိး
ဝတ်မှုံလှိုင် ”တော်တော်ခေါ်ချင်တယ်ပေါ့လေဒီနာမယ်ကို”
ကိုမိုးဝေ ” အော် မဟုတ်ပါဘူးမေ့သွားလို့ပါကဲပါဆိုစမ်းပါအုံးဘာမေးခဲ့တာလဲ”
ဝတ်မှုံလှိုင် ”
တကယ်လို့ များ ကျမကိုဘယ်သူမှ လာမခေါ်ဘူးဆိုရင်ကျမကို ကိုမိုးဝေ
တသက်လုံးလက်ခံထားနိုင်ပါမလား ဆိုတာလေ ”
ကိုမိုးဝေ ” အော်
မှတ်မိပြီ အဲဒီတုန်းက တကယ်လို့ လာခေါ်မဲ့သူပေါ်လာရင်
ကော
မသင်္ကြန်ကပြန်လိုက်သွားမှာလား လို့မေးခဲ့တယ်လေ
”
မသင်္ကြန် ” အင်း
ဟုတ်တယ်ဒါပေမဲ့ အခု ဖြေရမှာ က မသက်ြန်မဟုတ်ဘူး
ကိုမိုးဝေလေ ”
ကိုမိုးဝေ ” အော်ဘယ့်နှယ့်ပြောပါလိမ့်မသင်္ကြန်ရယ်”
ကိုမိုးဝေ စကားမဆုံးခင်လူနောက်ကြီးကိုထွန်းဦးရောက်လာသည်
ကိုထွန်းဦး ”
ဟာမသက်ြန်ရောက်နေပါလားဘယ်တုန်းကရောက်နေလဲ”
ဝတ်မှုံလှီုင် ”
သိပ်မကြာသေးပါဘူးကိုမိုးဝေစန္ဒယားတီးနေတုန်းကပါ”
ကိုထွန်းဦး ” ဘာစားမကြလဲ
မှာပြီး ပြီ လား
အော်-အော်ငါသိတယ်ဆောရီးမင်းတို့နှစ်ယောက်စလုံး
ကြက်သားနဲ့
ထမင်းကြော်ဟဲ-ဟဲ ”
Page 38
ကိုထွန်းဦးကအလွန်နောက်တက်ပြောင်တက်သဖြင့်ကိုမိုးဝေနှင့်မသင်္ကြန်တို့
စားနေကြ
ကြက်သားနှင့်ခေါက်ဆွဲကို စားပွဲထိုးအား မှာလိုက်သည် ၊
စားပွဲထိုး ”
ဒီမှာ ဆရာ မသက်ြန်ရောက်ကထဲက ကျွန်တော်တို့က
အမနဲ့
ကိုမိုးဝေ တို့ ဘာမှာ မယ်ဆိုတာ သိပြိးသားမို့ကြော်ထားပြီးသားပါ ”
ကိုထွန်းဦး ” တွေ့လား ဆိုင်က လူတွေအားလုံးသိပါတယ်ကွာ ဟားဟား”
မသင်္ကြန် ”
လာလေ ကိုထွန်းဦး ပါတခါထဲဝင်စားလိုက်ပါလား ”
ကိုမိုးဝေ
ကအရှက်ပြေ လေးခေါ်လိုက်သည်
ကိုထွန်းဦး ”
စား စား မင်းတို့စားကြ ကျွန်တော်အလုပ်တွေရှိသေးတယ် ”
ဟုပြောပြိးရှောင်ထွက်သွားသည်
မသင်္ကြန် ”
ကိုမိုးဝေ ”
ကိုမိုးဝေ ”
ဘာလဲ မသက်ြင်္န် ”
မသင်္ကြန် ” နောက်တပတ် တနင်္ဂနွေနေ့ကိုမိုးဝေ မြကန်သာကိုလာခဲ့ပါလားဟင်”
ကိုမိုးဝေ ”
ဘာ ကိစ္စများ အထူးရှိလို့လဲမသက်ြန် ”
မသင်္ကြန် ”
ကိုမိုးဝေကျမကို ကူညီခဲ့တာတွေလဲ တခါမှလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းမပြောခဲ့ရသေးဘူး ”
ကိုမိုးဝေ ”
အမလေး ဒါများ ရပါတယ် မသင်္ကြန်ရယ် ကျေးဇူးတင်လို့ပြော
စရာမလိုပါဘူး
”
မသင်္ကြန် ”
မဟုတ်ဘူး ကိုမိုးဝေ လာမဲ့တနင်္ဂနွေက မသင်္ကြန်ရဲ့မွေးနေ့လေ
အဲဒါ
ကိုမိုးဝေကို မိုးရဲ့လက်ရာချက်ကြွေချင်လို့ဖိတ်တာ
လာမယ်
မဟုတ်လားကိုမိုးဝေ ”
ကိုမိုးဝေ ”
ဟာ ဒါဆိုလာရမှာပေါ့ ”
မသင်္ကြန် ”
ကိုထွန်းဦး ကြီးကို ပါခေါ်ခဲ့နော် ကဲ မိုးပြန်မယ်
ကိုမိုးဝေ ” နေအုံးကိုမိုးဝေလိုက်ပို့မှာပေါ့
နှစ်ယောက်သားကားကလေးမောင်းပြီး
ထွက်လာခဲ့ကြသည်
***** ***** ***** *****
အခန်း ( 37 )
မြကန်သာစားသောက်ဆိုင်
စာပွဲလုံးတွင် ကိုမိုးဝေ နှင့်မသင်္ကြန်တို့ စားသောက်နေကြသည်
ကိုထွန်းဦးက ဆိုင်ရှင်-မမြသက်တို့နှင့်အဖွဲ့ကျနေသည်
မသင်္ကြန်ကစားစရာများ ကိုမိုးဝေပန်းကန်ထဲထဲ့ပေးသည်
မသကြန်` ”
ကိုမိုးဝေစားလို့ကောင်းရဲ့လား
ဒါတွေအားလုံး ကျမလက်ရာလေ ”
ကိုမိုးဝေ ”ဟုတ်လား
မိုးကသိပ်တော်တာဘဲနော် ” ဟော ဒီမှာ မသင်္ကြန်အတွက်မွေးနေ့လက်ဆောင် ”
မသင်္ကြန် ” အို-ကိုမိုးဝေကလဲ မိုးကမွေးနေ့လက်ဆောင်လိုချင်လို့မွေးနေ့
Page 39
ဖိတ်တာမဟုတ်ဘူး
ကိုမိုးဝေကိုကျေဇူးဆပ်တဲ့အနေနဲ့ကျမရဲ့
လက်ရာကို တမင်ချက်ကြွေးချင်လို့ဖိတ်တာပါ ”
ကိုမိုးဝေ ”ဟုတ်ပါတယ်မသင်္ကြန်ရဲ့လက်ရာကိုလဲ စားပါတယ်
ကိုမိုးဝေရဲ့
မွေးနေ့လက်ဆောင် ကိုတော့လက်ခံပါနော် ”
ဒါ ကိုမိုးဝေ ရဲ့
ကိုယ်စားလက်ဆောင်ဆိုလို့လဲပြောလို့ရပါတယ် ၊”
ကိုမိုးဝေကို
သေတ္တာ အနီကလေး တလုံး မသင်္ကြန်လက်ထဲ သို့ထဲ့လိုက်သည်၊
မသင်္ကြန် ”
ဟင် ကိုယ်စား လက်ဆောင်
ဘာများလဲဟင် စိတ်ဝင်စားတယ် ”
ဖွင့်ကြည့်မယ်နော်
”
ကိုမိုးဝေ ”
ဖွင့်ကြည့်လိုက်လေ မသင်္ကြန် ”
အထုပ်ကလေးကိုဖွင့်လိုက်တော့ စန္ဒယားလေး တလုံးထွက်လာသည်
ကိုမိုးဝေ ”
ဒါ မသက်ြန်ကိုကျွန်တော်ဝယ်ပေးထားတာလေ အဲဒါကျန်နေလို့
ပေးတာ”
”နောက်တော့စန္ဒယားပုံလည်ဆွဲလေးတကုံးမွေးနေလက်ဆောင်ပါ ”
မသင်္ကြန် ” ဟယ်
လှလိုက်တာမသင်္ကြန်ဆွဲကြည့်မယ်နော်”
မသက်ြန်ကလည်ဆွဲကလေးကိုရင်မှာကပ်ပြီးကြည့်လိုက်သည်
မသင်္ကြန် ”
ကျေးဖူးတင်ပါတယ်မိုးဝေ ”
ရော့ ကိုမိုဝေ ကိုယ်တိုင်ဆွဲပေးလေ ”
ကိုမိုးဝေ
ဆွဲကြိုးလေးကို ကိုင်ပြီး မသင်္ကြန်လည်တွင်ဆွဲရန် ပြင်ဆင်နေသည်
ထိုစဉ်
ကိုစိုးနိုင် ” အော်ခင်ဗျားတို့ က ဒီလိုအခြေအနေတောင်ရောက်နေပြီပေါ့လေ ”
ရုတ်တရက် ကိုစိုးနိုင် အသံထွက်ပေါ်လာသည် ၊
ကိုစိုးနိုင်လက်ဆောင်ပစ္စည်းကလေးတခုကိုင်ပြီးမသက်ြန်နှင့်ကိုမိုးဝေတို့အနားသို့
ကပ်လာသည်၊
ကိုစိုးနိုင် ”
ကိုမိုးဝေခင်ဗျားကပွဲလန့်ုတုန်းဖျာခင်းလိုက်တာပေါ့ဟုတ်လား ”
ဟုဆိုပြီး
ကိုမိုးဝေ ၏ လည်ကိုဆွဲ၍ လက်သီးနှင့်ထိုးလိုက်သည်
ကိုမိုးဝေနောက်သို့လန်သွားသည် -
ကိုမိုးဝေ က
ပြန်ထလာပြီးတစ်ပြန်ထိုးလိုက်သည်၊သူတပြန်ကိုယ်တပြန်ထိုးနေကြ
သည်၊
မသင်္ကြန် ”
အမလေးလုပ်ပါအုံး လုပ်ပါအုံးလာကြပါ ”
ဟုအော်သည်
Page 40
ထိုစဉ်
မမြသက်ရောက်လာပြီး
မမြသက် ”
ဟဲ့ စိုးနိုင်နင်ဘယ်လိုလုပ်တာလဲနေတော်တော်ရိုင်းပါလား ”
ကိုစိုးနိုင် ”
ကျွန်တော် ၀တ်မှုံမွေးနေ့ လက်ဆောင်လာပေးတာလေ ”
ဒီမှာသူတို့
အကြည်စိုက်နေတာတွေလို့ မခံနိုင်လို့ထိုးလိုက်တာလေ
မသင်္ကြန် ”
ဒီနေ့မွေးနေ့မှာ ဘယ်သူမှဘိတ်တာမဟုတ်ဘူး ”
ရှင့်ကိုကျမဘ၀ထဲကထွက်သွားပါလို့ပြောထားပြိးပြိလေ
ဘာလို့
လာတာလဲ- ထွက်သွား-ထွက်သွား ”
ကိုမိုးဝေ ” အော်-အခု
မှတော့ မင်းကအသစ်တွေ့လို့ဒီလိုစကားမျိုးပြော
နိုင်မှာပေါ့လေရတယ်ကောင်းတယ်ကောင်းကြပါတယ်
”
ဟုအော်ပြိး
ကိုစိုးနိုင်လက်ဆောင်ပစ္စည်းကလေးကိုပေါက်ခွဲလိုက်ပြီးထွက်သွား
ကိုစိုးနိုင်ထွက်သွားပြီးနောက်မသင်္ကြန်ကကိုမိုးဝေကိုသွားပြီးပြုစုသည်
မသင်္ကြန် ”
ဘယ်ထိသွားလဲ ကိုမိုးဝေ”
ကိုမိုးဝေ ”
ရပါတယ်မသက်ြန်ကိစ္စမရှိပါဘူး ရပါတယ် ”
ကိုစိုးနိင်ကိုကျွန်တော်
နားလည်ပေးနိုင်ပါတယ်-သူက
ဝတ်မှုံလှိုင်
ကိုစွဲစွဲလန်းလန်းချစ်နေတဲ့သူလေ
ကျွန်တော်ကတော့မသင်္ကြန်ကို
ဝတ်မှုံလှိုင် ဘ၀ရောက်အောင်အစအစအရာရာ
ကူညီပေးခဲ့သူဆိုတာကျွန်တော့ကိုယ်ကျွန်တော်နားလည်ရမှာပါ
”
” ကျွန်တော်ပြန်ရင်ကောင်းမယ်ထင်တယ်နော် ၀တ်မှုံလှိုင် ”
ဟုပြောပြီး ကိုမိုးဝေ ကပြန်မည်ပြင်လိုက်သည်
မသင်္ကြန် ”
ကိုမိုးဝေဘာတွေပြောနေတာလဲ ”
နေအုံးလေ ”
ကိုမိုးဝေ ”နောက်တော့အဆင်သင့်ရင်တွေကြတွေ့တာပေါ့ နော်”
ကိုမိုးဝေကငြင်သာစွာပြောဆိုပြိးမသင်္ကြန်အနားမှခွါလိုက်ပြီးလေးတွဲ့သောခြေလမ်းများနှင့်ဆိုင်ထဲမှ
ထွက်သွားသည်၊
မသင်္ကြန်တယောက်မှာတော့စားပွဲပေါ်တွင်မျက်နှာအပ်ပြိးချုံးပွဲချငိုပြီး
ကျန်ရစ်ခဲ့သည်
****** ****** ****** ******
ဆက်ရန်
No comments:
Post a Comment