Wednesday, 19 June 2013

ကျမရဲ့ အဖေ..ဦးမြင့်ဆွေ

ကျမရဲ့ အဖေ..ဦးမြင့်ဆွေ

လောကမှာသိတတ်တဲ့ အရွယ်ကစပြီး မှတ်မိခဲ့တာ
သူပြောပြတဲ့ ရီစရာ ဟာသပုံပြင်တွေ..ကျေးလက်ပုံပြင်တွေ
သူငယ်ငယ်ကျောင်းသားဘဝ ကအကြောင်းနဲ့
ဘိုးဘိုးမြကလောင်ရေးထားခဲ့တဲ့ သီချင်းတွေအကြောင်း
ဗုဒ္ဓဝင် အကြောင်း ရာဇဝင်တွေ ကို ဒီနေ့အထိမရိုးရအောင် အမျိုးမျိုး ပြောပြနေသေးသူ
ထိုင်းနိုင်ငံကို ရောက်ခါစ ထိုင်းစကားမပြောတတ် ပြောတတ်နဲ့ ပေါက်ကရဖြစ်လို့ တဝါးဝါးတဟားဟားရီစရာတွေကို ဖြစ်စေသူ
သူ့ကလေးတွေ ပညာမတတ်မှာစိုးလို့ ဈေးကြီးလဲမတတ်နိုင်တော့
ဟိုကျောင်းရှာ ဒီကျောင်းမေးနဲ့ သတင်းစာတစောင်နဲ့အလုပ်ရှူပ်တတ်သူ
အိမ်မှာ ကွန်ပျုတာကို အရင်ဆုံးကိုင်စေနိုင်ခဲ့သူ ……
မှတ်မိသေးတယ်.. (ရတနာ.. ငါကနင့်ကို စားပွဲနဲ့ခုံနဲ့ သေချာအလုပ်လုပ်တဲ့ အရာရှိ မတယောက်ဖြစ်စေချင်တာတဲ့) (ဒီ ဆန္ဒတခုကိုတော့သမီး ဖြည့်နိုင်ခဲ့ပါတယ်
ဒယ်ဒီရေးတဲ့ဝထ္တုတွေရဲ့ မင်းသမီးအဖြစ်တော့ မလုပ်ပါရစေနဲ့)

အခုထက်ထိလဲ သားသမီး အပူ သူ့အပူလို့ယူဆပြီး အရာရာကို ပူပင်နေတတ်သူ….

သူ့ကြောင့် ကျမဟာ ဘယ်ပြသနာကိုမဆို ကို ရီမောပြီး ရင်ဆိုင်နိုင်ခဲ့ပါတယ်.
ဘယ်သူဘာပြောပြော စိတ်လဲမဆိုးတတ်တဲ့သူ ပွင့်ပွင့် လင်းလင်းနေတဲ့သူ ဖြစ်ခဲ့တယ်
တခါတခါမှာတော့လဲ အလိုက်မသိတဲ့သူ ဖြစ်သွားတယ် အဟီး…..
တိုရှည် နံပြား ဆိတ်သား ပဲဟင်း စတဲ့ ကုလားစာကိုလဲ နှစ်သက်ခုံမင်တဲ့သူ ဖြစ်ခဲ့တယ်..
လောကကြီးမှာ ဒေါင်ကျကျပြားကျကျ ပျော်ရွှင်အောင်နေတတ်နိုင်ဖို့ သူကျင့်ပေးခဲ့တယ်.
အဲလို ပြောမကုန်တဲ့ ပျော်စရာ ရီစရာတွေကို ဘဝရဲ့ မှတ်တမ်းတွေအဖြစ်ပေးခဲ့တဲ့ ဒယ်ဒီ ကို ဒီနေ့ အဖေများနေ့မှာ ဂုဏ်ပြုပါတယ်.. သမီးတို့ရဲ့ comedy ဖေကြီး ကျန်းမာပါစေ..ရောဂါကင်းဝေးပြီးသားသမီးမြေးတွေနဲ့ အကြာကြီးနေနိုင်ပါစေနော်…..
p.s ပင်လယ်ကိုလဲခေါ်သွားမှာပါ.. ခုတော့မိုးတွေရွာနေလို့ အဟီး
— with Myint Swe and Myint Swe.
Like · ·
  • 3 people like this.

No comments:

Post a Comment