Tuesday, 3 December 2013

အမေ့ရင်ခွင် -အမေ့ရင်ခွင်

ဒီနေ့ မဟာသင်္ကြန်အကြတ်နေ့ အမေ့ကိုကန်တော့မယ်
အမေ့ရင်ခွင် -အမေ့ရင်ခွင်
အမေသားတို့ကိုခွဲသွားခဲ့တာ ၂၅ နှစ်တောင်ရှိပြီအမေ
အမေဟာအဖေခွဲခွါသွားပြီးတဲ့နောက်
သားသမီး(၇)ယောက်ကိုရင်အုပ်မကွာပြုစုစောင့်ရှောက်
ကြွေးမွေးလာခဲ့တာ-ဂုဏ်ယူစရာမိခင်တစ်ယောက်ပါအမေ
တရပ်ကွက်လုံးကအမေ့ကိုချီးကျူကြတယ်-ဂုဏ်ယူကြတယ်
အကိုကြီး-အကိုလတ်တို့ကပညာကိုဆုံးခမ်းတိုင်မသင်ရဘဲ
အဖေ့ကိုယ်စားပုခုံးပြောင်းတာဝန်ယူခဲ့ကြလို့
အငယ်ဆုံးသား(ကျွန်တော်က)ပညာကိုဆုံးခမ်းတိုင်အောင်
သင်ယူနိုင်ခဲ့တယ်-အမေ့ကျေးဇူး-အကိုတွေရဲ့ကျေးဇူးကို
ပြန်ဆပ်တဲ့အနေနဲ့- အမေ့ရင်ခွင်ကမခွဲခဲ့ဘူး-ခွဲဘို့လဲမကျိုးစားခဲ့ဘူး
ကုန်ကုန်ပြောရရင်-ချစ်သူနောက်ကိုလိုက်သွားရင်-အမေနဲ့ခွဲ
နေရမှာစိုးလို့ချစ်သူကိုစွန့်ပြီးအမေ့ရင်ခွင်ထဲမှာနေခဲ့တာလေ-
အမေမှတ်မိမှာပေါ့
အမေ့ရင်ခွင်ကိုသားခေါင်းနဲ့အတင်းတိုးဝှေ့ပြီးငိုတဲ့နေ့
ဟဲ့သား - ဘာဖြစ်လဲ ဘာဖြစ်လို့လဲ အမေ့ကိုပြောလေတဲ့
သားဘာမပြောဘဲ အမေ့ရင်ခွင်ထဲမှာ- တ၀ကြီးငိုနေခဲ့တာလေ
မတူဘူးအမေ-အဝေးကနေ-အမေ့ကို ၆ ပြားတစ်ပဲထောက်ပြီး
နေရတာမျိုးသားမနေနိုင်ဘူး-
အခုတော့အမေနဲ့အတူနေခဲ့ရလို့အမေ့ကိုတရားနဲ့ကျေးဇူးဆပ်ခွင်ရခဲ့တယ်
မိုးကုတ်ဝိပဿနာတရားတွေကိုအမေ့ကိုဟောပြပြီးကျေးဇူးဆပ်နိုင်ခဲ့တယ်
တရားစခမ်း(၉)ကြိမ်တိတိဝင်နိုင်အောင်ကျေးဇူးဆပ်နိုင်ခဲ့တယ်။
သားယုံပါတယ်အမေ-အမေဟာဘ၀ကူးကောင်းသွားပါတယ်-
ကောင်းမြတ်တဲ့ဘုံဘ၀တစ်ခုကိုရောက်သွားပါတယ်
ဒါပေမဲ့အမေရယ် -အခုသားအမေ့ရင်ခွင်ထဲတိုးပြီး-တိုးပြီး
အမေ့ကိုဖတ်ပြီးငိုချင်နေတယ်
အမေ့ရင်ခွင် - အမေ့ရင်ခွင်
မောင်သုည
မနက်ဖြန် အတက်နေ့မှာအဖေ့ကိုကန်တော့မယ်နော် - နော်အဖေ
43Like · ·

No comments:

Post a Comment