Saturday, 11 January 2014

မပန်ပါနဲ့ကြွေချင်တယ်

မပန်ပါနဲ့ကြွေချင်တယ်
 
 
 
 
 

( ပြန်လာပါမောင်ရယ် နေမကောင်းတဲအခါမို့ မောင့်ကိုတွေ့ချင်တယ် -----
မောင့်ကိုပန်းလိုပန်ထားချင်သူကလေး )

မင်းရဲ့ ကြော်ငြာစာလုံးတွေကဖြင့်ယဉ်ပါတယ်၊နွဲ့ပါတယ်၊မင်းလုပ်လိုက်မှဖြင့်အဆန်းတ
ပြားနဲ့ကလေးကလားချည့်ဘဲလို့တွေးမိတယ်
ဒီသတင်းစာဟာတလကျော်လောက်ဟောင်းနေပေမဲ့၊မောင်တော့အခုမှဖတ်ရတယ်၊
မင်းအမည်တပ်မထားပေမဲ့၊ ‘ မောင့်ကိုပန်းလိုပန်းထားချင်သူလေး ‘ ဆိုတဲ့စကားကလေးက
တော့ တို့နှစ်ဦးထဲသာသိတဲ့စကားဖြစ်တယ်၊မင်းကမောင်ဆီကိုစာရေးတိုင်း၊မင်းဒိုင်ယာယီရေး
တိုင်းတနေ့တခါမောင့်ကိုချစ်လို့ဆိုပြီး ‘ မောင့်ကိုပန်းလိုပန်းထားခင်သူလေးဆိုပြိး ‘ အောက်မှာ
လက်မှတ်ထိုးတဲ့အကျင့်ရှိတယ်၊မင်းသုံးလေ့ရှိတဲ့စကားမို့ မင်းမှန်းတပ်အပ်သိလိုက်ပါတယ်၊
‘ပန်းလိုပန်ထားချင်တယ်‘ ဆိုတဲ့လက်သုံးစကားလေးကိုမင်းသုံးတုန်းဘဲဆိုတာတွေ့ရ
တော့ မချိပြုံး ၊ လွမ်းပြုံး ၊ ကြေကွဲပြုံး နဲ့ ပြုံးမိတယ် ---
( မောင် )
သိန်းသန်းထွန်း ရဲ့ မပန်ပါနဲ့ကြွေချင်တယ် ၀တ္တုထဲက စာသားလေးတွေပါ
သိန်းသန်းထွန်း ရဲ့ မပန်ပါနဲ့ကြွေချင်တယ်-ငွေစပါယ်ရဲ့လမင်းငယ်ဘ၀-အချစ်ရူးလေးရဲ့ အချစ်ဥိး
ဒီဝတ္တု ၃ အုပ်ဟာ တချိန်က အင်မတန်နှစ်သက်ခဲ့တဲ့ဝတ္တုတွေပေါ့ ၀တ္တုက ၃ အုပ်ခွဲရေးထားပေမဲ့
ဇာတ်လမ်းကတခုထဲမပန်ပါနဲ့ကြွေချင်တယ်
နဲ့အချစ်ဦးလေးရဲ့အချစ်ဦးကအမျိုးသားကလေးကရေးတဲ့စာ၊ငွေစပါယ်ရဲ့ လမင်းငယ်ဘဝ
က မိန်းကလေး ကရေးတဲ့ စာ အဖြစ်အပျက် တခုထဲကို ယောက်ျာေးလးဘက်နဲ့မိန်းခလေး
ဘက်နှစ်အမြင်နဲ့ရေးထားတာ။တချိန်ကတက္ကသိုလ်နောက်ခံအချစ်ဝတ္တုကလေးတပုဒ်ဖြစ်တယ်၊
စာအရေးအသားကနူးနူးညံ့ညံ့လေး ၊တက္ကသိုလ်ဘုန်းနိုင် ရဲ့ သူငယ်ချင်းလိုဘဲဆက်၍ခေါ်မယ်ခိုင်
နဲ့ နဲနဲနောက်ကျ မယ်ထင်တယ် ၊
တချိန်က နှစ်သက်ခဲ့တဲ့ ၀တ္တုကလေးမို့ပြန်ဖတ်ချင်တာနဲ့ ရန်ကုန်ရောက်တုန်း ကိုမွှေနေကျ စာအုပ်အဟောင်းဆိုင်တွေမှာ သွားရှာတယ် ၊ မပန်ပါနဲ့ ကြွေချင်တယ်နဲ့အချစ်ဦးလေးရဲ့အချစ်ဦး 
နှစ်အုပ်တော့ ရခဲ့ပါတယ် ၊ ကျန်တဲ့ တစ်အုပ်တော့ မှာထားခဲ့တယ် ၊
အင်း -- တက္ကသိုလ်နောက်ခံအချစ်ဝတ္တုကလေး
ဖတ်ရင်းဖတ်ရင်းနဲ့ ဂျပ်ဆင်ပေါ်တက်ပြီးလှိုင်မြစ်ဘက်ငေးမိမိနေသလိုလို--
ချစ်နေရတာထက် လွမ်းနေရတာကိုမှပိုနှစ်သက်တဲ့
မောင်သုည

http://vocaroo.com/i/s1DN88cpSUKo

No comments:

Post a Comment