အဘိုးပြောတဲ့ရာဇ၀င်ပုံပြင်
( ၉ ) မောင်ပေါက်ကျိုင်း
http://vocaroo.com/i/s1BVXIRw74zs
မောင်ပေါက်ကျိုင်း
“ ကဲငါ့မြေးတို့အဘိုးပြောမဲ့ပုံနားထောင်ဘိုရောက်နေကြပြိကိုး”
“ဟုတ်တယ်-အဘိုး-သားတို့သမီးတို့ကဒီနေ့စောစောရောက်လာကြတာက
အဘိုးကိုမေးစရာရှိလို့ဘိုးရဲ့ “
“ ဟေ-ဘာများလဲကွဲ့ “
“
ဟိုလေ-အဘိုးရဲ-့သမီးကြားဘူးတာတစ်ခုရှိတယ်-ဘာတဲ့
သွားပါများခရီးရောက်၊
မေးပါများစကားရ၊
မအိပ်မနေအသက်ရှည်တဲ့
အဲဒါဘာလဲ
မြန်မာစကားပုံလား-ဘာလဲအဘိုး
အဲဒါသိချင်လို့အဘိုးကိုမေးချင်နေတာကြာပြိ”
“
အော်
အေးအေးဟုတ်ပါရဲ့ငါ့မြေးအခုမေးမှသတိရတယ်-အဲဒါစကားပုံမဟုတ်ဘူးကွဲ့-အဲ့ဒါ
ရာဇ၀င်ပုံပြင်ထဲကမောင်ပေါက်ကျိုင်းကိုသူမိဘတွေကပေးလိုက်တဲ့အမှာစကားပေါ့ကွဲ့
ကိုယ့်သားသမိးတွေခရီးတစ်ခုထွက်ရင်မိမဘတွေကမှာလေ့မှာထရှိတဲ့အမှာစကားပေါ့ကွယ်
မိဘပေးတဲ့စကားကိုအမြဲသတိရပြိးမိဘစကားကိုနားထောင်စဉ်းစဉ်းစားစားနဲု့လုပ်လို့်
မောင်ပေါက်ကျိုင်းဟာနဂါးကိုနိုင်တဲ့နဂါးနိုင်မင်းဖြစ်သွားကွဲ
့”
“ဟာဒါဆို
အဘိုးမောင်ပေါက်ကျိုင်းဆိုတဲ့နဂါးနိုင်မင်းအကြောင်းပြောပြရမယ်-နော်ပြောပြပါ
အဘိုး”
“ အေးအေးပြောရမှာပေါ့ကွဲ့မပြောလို့ကိုမဖြစ်ဘူး - ငါ့မြေးမေးမှသတိရတယ်အဘိုးကရာဇ၀င်
ကိုကျော်ပြောလိုက်သလိုဖြစ်သွားတာကွဲ့ “
“ ဟဲ့-ငတိုး-
ငါမေးပါများလို့အဘိုးစကားစပေါ်သွားပြီသိလား ဟဲ-ဟဲ “
“
အေးပါ-အေးပါ-ဒီမှာတော့နင်မေးပါများတော့စကားရပေါ့-နေရာတကာမေးပါများရင်-
ပါးချခံရလိုက်မယ်၊”
“
ဟေ့-ဟေ့
ငတိုးငါ့မြေးဒီလိုမပြောရဘူးကွဲ့မေးတယ်-မြန်းတယ်ဆိုတာကောင်းပါတယ်-
သိသင့်လို့သိချင်ရင်တော့မေးမြန်းရမယ်စုံစမ်းရမယ်ကွဲ့၊အမေးမမြန်းမစုံစမ်းဘဲနဲ့ကိုထင်တာ
ကိုယ်ကိုယ်လုပ်မိရင်အမှားနဲ့ကြုံတက်တယ်ကွဲ
့”
“
ဟုတ်တယ် အဘိုး-ဒါဆိုမောင်ပေါက်ကျိုင်းကဘယ်သူလဲဘယ်လိုမိဘစကားနားထောင်ပြီး
လိုက်လုပ်လို့ဘုရင်ဖြစ်သွားရတယ်ဆိုတာကိုအဘိုးပြောပြပါနော်”
“အေးအေးဒီလိုကွဲ့
ပထမဦးဆုံးမင်းတို့ကိုမြန်မာအစတကောင်းကဆိုပြိးအဘိရာဇာမင်းကနေ
စပြီးပြောခဲ့တယ်မှတ်မိတယ်မဟုတ်လား၊”
“
အင်းနဲနဲမေ့သွားတယ်အဘိုးပြန်ပြောပါအုံး”
2
“ အေးအေးဒါဆိုလဲမင်းတို့သတိရသွားအောင်ပြန်ပြီးအစဖေါ်ပေးပါမယ်ကွယ်”
“ ဂေါတမမြတ်စွာဘုရားမပွင့်တော်မူခင်နှစ်ပေါင်းတစ်ထောင်လောက်က၊အခုအိန္ဒယပြည်
မြောက်ပိုင်းနိပေါနိုင်ငံရဲ့ တောင်ပိုင်းလောက်မှာတိုင်းကြီး (၁၆ ) တိုင်း နဲ့ ပြည်ကြီး( ၂၀ ) ရှိခဲ့တယ်။
အဲဒီတိုင်းကြီး ၁၆ တိုင်းထဲက ပဉ္ဖာလရဇ်တိုင်းကိုအစိုးရတဲ့မင်းက-ကောသလတိုင်းကိုအစိုးရတဲ့မင်း
ဆီကိုအမျိုးချင်းဆက်လိုတဲ့အတွက်သမီးကညာတောင်းလာတယ်။
ကောလိယ၊ဒေ၀ဒဟ နဲ့ ကပိလ၀တ်တိုင်းတွေမှာသာကီဝင်အမျိုးအနွယ်တွေနေတယ်၊ပဉ္ဖာလရဇ်မှာ
တော့များသောအားဖြင့်အမျိုးနိမ့်တဲ့သူတွေနေတယ်၊ဒါကြောင့်ကောလိယမင်းကသမီးကညာမဆက်
သဘဲမချေမခံပြန်ပြောလိုက်တယ်၊အဲဒါကြောင့်နှစ်နိုင်ငံစစ်ဖြစ်ကြတယ်၊”
“ အဘိုး အဲဒီလို စစ်ဖြစ်တော့ ဘယ်သူနိုင်လဲဟင် ”်
“ ပဉ္ဖာလရဇ်တိုင်းကနိုင်တယ်-ကောသလတိုင်းကဘုရင်စစ်ရှုံးတယ်
“
” ဟယ် ”
` ကပိလ၀တ်ပြည်ကမင်းတပါးဖြစ်တဲ့အဘိရာဇာဟာစစ်သည်ဗိုလ်ပါအလုံးအရင်းနဲ့အတူ
အရှေ့ဘက်ကိုထွက်လာခဲ့ရာမှာဒို့အခုမြန်မာနိုင်ငံဘက်ရောက်လာတယ်။ အခုမန္တလေးမြို့ ရဲ့ အထက်ဘက်မိုင် ၁၆၀ လောက်အကွာဧရာဝတီဖြစ်ရဲ့ လက်ဝဲဘက်အရပ်မှာ
တကောင်းပြည်ကိုတည်ထောင်ပြီးနေထိုင်တယ်၊
တကောင်းပြည်ကိုစတည်ထောင်တာအဘိရာဇာမင်းပေါ့ကွယ်
အဘိရာဇာမင်းနတ်ရွာစံတော့သားတော်ကံရာဇာကြိးနဲ့ကံရာဇာငယ်ညီအကိုနှစ်ယာက်ကထီးနန်းလု
ကြတယ်၊စစ်တိုက်မယ်လုပ်တော့မူးကြီးမတ်ကြီးတွေကစစ်မတိုက်ကြပါနဲ့ဥာဏ်ပညာစွမ်းရည်
ပြိုင်ကြပါ။မဏ္ဌပ်တဆောင်ကိုညတွင်းချင်းအပြီးဆောက်နိုင်တဲ့သူက ထီးနန်းကိုယူပါလို့ပြောတော့၊
မင်းနှစ်ပါးနှစ်ပါစလုံး သဘောတူပြီး မဏ္ဌဆောက်ကြတယ်။
“ ဟုတ်တယ်-ဟုတ်တယ်-သမီးငယ်ငယ်ကကျောင်းမှာသင်ရတာမှတ်မိတယ်။”
“ အေး-အေး”
“ ညီငယ်ဖြစ်သူကံရာဇာငယ်ကသစ်ငယ်ဝါးငယ်တွေနဲ့ ဆောက်တော့ညတွင်းခြင်းပြီးသွား
တယ်အကိုကြီးဖြစ်တဲ့ကံရာဇာကြီးကသစ်ကြီးဝါးကြီးတွေနဲ့ ဆောက်တော့ညတွင်းခြင်းမပြီးလို့ရှုံးသွား
တယ်သူလဲ သူ့ ဂတိအတိုင်း နိုင်ငံကထွက်ပြီးဧရာဝတီမြစိုစုံဆင်းသွားတယ်၊ကလေးမြို့ အထက်နားက
ကံရာဇာကြီးကတော့အောက်ဘက်ကိုဆက်လက်ဆုန်ဆင်းပြိးဓည၀တီအရပ်မှာထီးနန်းဆိုက်
နေလိုက်တယ် “
3
“ အဲဒီပထမတကောင်းမင်းဆက်ကံရာဇာငယ်ကစပြီးနောက်ဆုံး ၃၃ ဆက်မြောက်ဖြစ်တဲ့
ဘိန္နကရာဇာလက်ထက်မှာ နန်ချိုနယ်ကရှမ်းတွေလာရောက်ဖျက်ဆီးလို့ တကောင်းပြည်ကြီး ပျက်သွားတယ်တကောင်းမင်းဆက်က သာကီဝင်မင်းဆက်တွေဟာ အုပ်စု ၃ စုကွဲသွားကြတယ်”
“ ပထမအုပ်စုကတော့ မြန်မာနိုင်ငံအရှေ့ဘက်ကိုထွက်သွားကြပြီး ရှမ်း ခရိုင်ကိုတည်ထောင်
ပြိးနေကြတယ်”
“ ဒုတိယအုပ်စုကတော့ကံရာဇာကြီးသွားရာဒေဖြစ်တဲ့ (ပျု )(ကမ်းယံ) (သက်)တို့အရပ်မှာ
သွားပေါင်းပြီးနေထိုင်ကြတယ်။”
“ တတိယအုပ်စုကတော့ဘိန္နကရာဇာမိဘုရားကြီးနဲ့ အတူပျက်သွားတဲ့တကောင်းမှာဘဲဆက် ပြီဒုတိယတကောင်းမင်ဆက်ကိုဆက်ပြိးထူထောင်နေတယ်။”
“အင်းဆက်ပြောရမှာတော့နဲနဲရှယ် ငါ့မေးရေနွေးလေးနဲနဲငှဲ့ပေးပါအုံးကွဲ
့”
“ အော် ဟုတ်ကဲ့အဘိုး ရော့ရော့ပူတယ်နော်ဖြေးဖြေးသောက်အဘိုး
“
အဲဒီအချိန်မတိုင်ခင်ကထဲကမြန်မာနိုင်ငံအောက်ပိုင်းမှာဥက္ကလာပမင်းနေပြည်တော်ဆိုတာရှိနေပြီကွဲ့
ဘုရားပွင့်တော်လို့ရက်ပိုင်းကလေးမှာဥက္ကလာပမင်းနေပြည်တော်ကတော်က တဖုဿနှင့် ဘလ်္လိက
ကုန်သည်ညီနောင်နှစ်ယောက်ဘုရားကိုဖူးကြပြိဆံတော်ရှစ်ယူရခဲ့တာ၊တိုင်းပြည်ပြန်ရောက်တော့
ဆံတော်ကိုဋ္ဌာပနာင်္ပြီးရွှေတိဂုံစေတီတည်တာဟာဘုရားပွင့်ကာစဘဲရှိသေးတယ်၊”
“ကုန်သည်ညီနောင်နှစ်ယောက်ဟာပထမဦးဆုံးမြန်မာနိုင်ငံသားဘုရားထံမှာပထမဦးဆုံး
ဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့်
“ဒွေးဝါဓိက”
သရဏံဂုံ တည်ခဲ့ကြသူတွေဖြစ်တယ်
အဲဒီတုန်းက “ဘုရားရတနာ၊ တရားရတနာ” “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး
သံဃာရတနာသည် ပေါ်ပေါက်သေးဘူး၊”
“ဗုဒ္ဓဓါတ်တော်ပထမဦိးဆုံးရခဲ့ပြီးစေတီတည်ခဲ့တာကြောင့်သာသနာအစမြန်မာက၊စေတီအစမြန်မာက
ဘုရင်အစဥက္ကလာပလို့ပြောလိုရတယ်ဆိုတာလဲမင်းတို့သိအောင်ပြောပြချင်တယ်ကွဲ့၊
အဲဒီအကြောင်းတွေကိုအဘိုးအရင်ပုံပြင်တွေမှာပြောခဲ့ပြီး
ပြီနော်”
“ အမှန်ကအဲဒီကစပြောရမှာကွဲ့-ကဲကဲ
မောင်ပေါက်ကျိုင်းကိုဘဲဆက်ပြောပါမယ်”
“အဲဒီဒုတိယ တကောင်းမင်းဆက်မှာ အာလုံးမင်းဆက် ၁၇ ဆက်ရှိတယ်၊မင်းရှစ်ဆက်မြောက်ဖြစ်တဲ့
သတိုးနဂါးမင်းလို့လဲခေါ်တယ်( သတိုးမဟာရာဇာမင်း) လက်ထက်ရောက်တော့မိဘုရားကြီးကသား
ယေက်ျားလေးမဖွါးတော့အိမ်ရှေ့မင်းသားမရှိဘူး၊သမီးတော်တစ်ပါးဘဲဖွားတယ်သမီးတော်ကလေး
ကအလွန်ချောမောလှပတယ်ဘဒ္ဒန၀တီတဲ့”
4
“ ဘခင်ဘုရင်ကြီးကထီးမွေနန်းမွေခံဘို့အတွက်သမီးတော်ကိုထိုက်တန်တဲ့မင်းယောက်ျား
တစ်ယောက်ယောက်နဲ့လက်ဆက်ပြိးနန်းမွေခံကိုအိမ်ရှေ့မင်းသားရွေးစေတယ်။”
“ ဘုရင်ကြီးရဲ့မိဘုရားကြီးကသမီးရဲ့အလှကြောင့်မာနတက်ပြီိးမူးမတ်ကြီးတွေကစေ့စပ်ပေးလာတဲ့
ယောက်ျားတွေကိုငါသမီးတော်နဲ့တန်တဲ့ယောက်ျားလူပြည်မှာမရှိသေးဘူးဆိုပြီငြင်းလွှတ်တယ်
မင်းသမီးကိုလာတောင်းပြီးစေ့စပ်လာတဲ့မင်းသားတစ်ယောက်ရဲ့မိခင်ကမကျေနပ်လို့မင်းသမိးကို
ဒီလောက်တောင်သူသမီးနဲ့တန်တဲ့လူမရှိဘူးဆိုရင်တိရိစ္ဆာန်နဲ့ညားပစေဆိုပြီး၊မင်းသမီးဥယျာဉ်
ထဲမှာရှိနေတဲ့နတ်နဂါးတစ်ကောက်ကိုလူယောင်ဖန်ဆင်းပြိးမင်းသမီးကိုချစ်ကြိုက်အောင်သူ့အတက်
ပညာနဲ့ညို့ပြီးခိုင်းစေလိုက်တယ်၊”
“ မင်းသမီးလေးကလဲခါတိုင်းဥယျာဉ်ထဲမှာစကားနေကျဒီလောက်သန်မာတောင့်တင့်တဲ့
ယောက်ျားကိုတခါမှမမြင်ဘူးလိုဆိုပြိးစွဲလန်းသွာတယ်၊”
“ ရှင်ဘယ်သူလဲ-ဘယ်တုန်းကဒီဥယျာဉ်ထဲရောက်နေတာလဲ”
“ ကျုပ်ကဒီဥယျာဉ်ထဲမှာရှိနေတဲ့နတ်နဂါးမင်းသားပါနှမတော်ကိုမြင်ကထဲကစွဲလန်းလို့လူ
ယောင်ဖန်ဆင်းပြိးလာတွေ့တာပါ၊”
“ အိုဒီလောက်တောင်ဘဲကျမကလှလို့လား”
“ ဒီထက်ပိုပါတယ် -
နှမတော်-မောင်တော်နှမတော်နဲ့ပေါင်းဖက်ပါရစေ၊”
“ ဟေဒီမှာမောင်တော့လက်ဆောင်ဆံထိုးလေးနှမလေးခေါင်းမှာထိုးထားပါ”
“ အိုမဖြစ်နိုင်တာ-ရှင်၊”
“ ယူပါနှမလေးရယ်-ဒီဆံထိုးလေးဟာမောင်ကြီးရဲ့အသက်ဆိုလဲဟုတ်ပါတယ်
နှမလေးကိုမောင်ကြီးအသက်ကိုအပ်နှင်းပြီးချစ်တာပါ၊”
မင်းသမီးကလေးကနဂါးမင်းသားလေးပေးတဲ့ဆံထိုးကိုယူထားလိုက်တယ်
နောက်ပြိးခေါင်းမှာထိုးထားလိုက်တယ်
အင်း-မယ်တော်ကတော့လူသားထဲမှာငါ့သမီးနဲ့ထိုက်တန်တဲ့သူမရှိသေးဘူးဆိုတော့
“ငါ့ချစ်သူဟာသူများဖြစ်နေမလားမသိဘူး”
အဲဒီဆံထိုးလေးခေါင်းမှာထိုးလိုက်တဲ့နေ့ကစပြိးမင်းသမီကလေးဟာနဂါးမင်းသားလေး
မတွေ့ရမနေနိုင်အောင်စွဲမက်သွားတော့တာဘဲ
တကယ်တော့ဒီဆံထိုးလေးနဲ့မင်းသမီးလေးကိုပြုစားလိုက်တာဘဲကွဲ
့
အဲဒီလိုနဲ့ ဘဒ္ဒန၀တီမင်းသမီးလေးဟာနတ်နဂါးတစ်နဲ့ချစ်ကြိုက်ပြီးညဘက်ဆိုနဂါးမင်းသားက
မင်းသမီးလေးအိမ်ယာဆောင်မှာလာနေတယ်။
ဒီလိုနဲ့တစ်နေ့တော့ဘုရင်ကြီးသတိုးရွှေအသက်အရွယ်ကြိးရင့်လာလို့နတ်ရွာစံသွားတယ်။ထီးနန်း
အမွေဆက်ခံဘို့သားယောက်ျားလေးမရှိတာကြောင့်၊သမီးတော်ဘဒ္ဒနုဝတီကဘဲထီးနန်းအုပ်ချုပ်ခဲ့
5
တယ်။ဒါပေမဲ့မူးကြီးမတ်ကြီးတွေကမင်းသမီးအနေနဲ့တိုင်းပြည်အုပ်ချုပ်တာအသင့်တော်ဘူးဆိုပြီး
မင်းသားယောက်ျားတစ်ပါးပါးနဲ့လက်ထပ်ပြီးတိုင်းပြည်ကိုအုပ်ချုပ်စေလိုကြတယ၊်
ဒါပေမဲ့မင်းသမီးကလဲအလှမာန်တက်နေတာတစ်ကြောင်းနဂါးနဲချစ့်ကြိုက်နေတာလဲတစ်ကြောင်း
ဆိုတော့လက်ထပ်ထိမ်းမြားဘို့မူးမတ်တွေစီမံတာကိုလက်မခံချင်ဘူး၊မူးမတ်ကြီိးတွေကသင့်တော်
တယ်ထင်တဲ့မင်းယောက်ျာကိုရှာပြိးလက်ထပ်ထိမ်းမြားပေးလိုက်တဲ့ယောက်ျားဟာမနက်ကျရင်လည်
ပင်းမှာအပေါက်နှစ်ပေါက်ရာနဲ့မီးသွေးခဲလိုမဲပြိးသေကုန်တော့တာဘဲ၊
တစ်ယောက်နှစ်ယောက်ကနေဒီလိုဘဲဖြစ်ပါများတော့မင်းသမီးလေးကိုလက်ထပ်မဲ့သူမရှိတော့ဘူးပေါ့
ဒါနဲ့မူမတ်တွေလဲ အကြောင်းရင်းကိုမရှာနိုင်ဘဲလက်မှိုင်ချနေကြရတယ်။
ဒီအချိန်အခါမှာကျေးတောရွာလေးတခုကမိဘကိုလုပ်ကြွေးပြုစုနေတဲ့မောင်ပေါက်ကျိုင်းဆိုတဲ့ လူငယ်လေးတယောက်ဟာ “တရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့ထုံးကိုနှလုံးမူပြီးတော့တနေ့ သော အခါမှာ
မိဘနှစ်ပါးအနီး ရိုသေစွာ ချဉ်းကပ်လို့ “မိခင်ဘခင်တို့သားတော့တမြို့တရွာပြောင်းပြီး
စီးပွားရှာချင်ပါတယ်။မိဘနှစ်ပါးကိုလည်းချမ်းသာစွာခံစားစံစားစေလိုတယ်။ဒါ့ကြောင့်သားမောင်ကို ခွင့်ပြုကြပါလို့”ပန်ကြားတယ်။
ဘခင်ဖြစ်သူက “ငါ့သားဆန္ဒရှိမှဖြင့်အဖေမတားမြစ်ပါဘူးဒါပေမဲ့သားမှတ်သားနာယူဖို့ အမှာစကား ပါးလိုက်ပါရစေ ” သွားပါများခရီးရောက်။ မေးပါများစကားရ။ မအိပ်မနေ အသက်ရှည် “တဲ့။ ကိုင်းငါ့သား။ ဒီစကားမြဲမြဲနှလုံးသွင်းပြီးလမ်းခရီးမှာသတိဝီရိယနှင့်ဂရုတစိုက်သွားပေရော့” လို့ 
ဘခင်ဖြစ်သူက “ငါ့သားဆန္ဒရှိမှဖြင့်အဖေမတားမြစ်ပါဘူးဒါပေမဲ့သားမှတ်သားနာယူဖို့ အမှာစကား ပါးလိုက်ပါရစေ ” သွားပါများခရီးရောက်။ မေးပါများစကားရ။ မအိပ်မနေ အသက်ရှည် “တဲ့။ ကိုင်းငါ့သား။ ဒီစကားမြဲမြဲနှလုံးသွင်းပြီးလမ်းခရီးမှာသတိဝီရိယနှင့်ဂရုတစိုက်သွားပေရော့” လို့ 
မှာပြီးခွင့်ပေးလိုက်တယ်။
အဲဒီလိုနဲ့ မိဘဆိုတာဘုရားနှင့်တစ်ဂိုဏ်းတည်းလို့ယုံကြည်သက်ဝင်သူမောင်ပေါက်ကျိုင်းဟာ မိဘနှစ်ပါးကို ရိုသေမြတ်နိုးစွာလက်အုပ်ချီမိုးရှီခိုးကန်တော့ပြီးထန်းခေါက်ဖါကလေးထမ်းလို့ အိမ်ကထွက်လာပါရောကွယ်။
မောင်ပေါက်ကျိုင်းလဲသူ့ မိခင်ထုပ်ပေးလိုက်တဲ့ထမင်းထုပ်ကလေးဖြည်စားလိုက်လမ်းမှာတွေ့သမျှ လူတွေ သူသိလိုတာမေးလိုက်စမ်းလိုက်သူ့ မိဘမှာကြားလိုက်တဲ့အတိုင်း မနားမနေခရီးသွားလိုက်
အဲဒီလိုနဲ့ မိဘဆိုတာဘုရားနှင့်တစ်ဂိုဏ်းတည်းလို့ယုံကြည်သက်ဝင်သူမောင်ပေါက်ကျိုင်းဟာ မိဘနှစ်ပါးကို ရိုသေမြတ်နိုးစွာလက်အုပ်ချီမိုးရှီခိုးကန်တော့ပြီးထန်းခေါက်ဖါကလေးထမ်းလို့ အိမ်ကထွက်လာပါရောကွယ်။
မောင်ပေါက်ကျိုင်းလဲသူ့ မိခင်ထုပ်ပေးလိုက်တဲ့ထမင်းထုပ်ကလေးဖြည်စားလိုက်လမ်းမှာတွေ့သမျှ လူတွေ သူသိလိုတာမေးလိုက်စမ်းလိုက်သူ့ မိဘမှာကြားလိုက်တဲ့အတိုင်း မနားမနေခရီးသွားလိုက်
တာတဖြည်းဖြည်းနန်းမြို့တော်ကြီးဆီေ၇ာက်လာပါရောကွယ်။မြို့တော်နားရောက်တော့မြိုထဲက
လူတွေဈေးဝယ်ဈေးလာသူတွေထဲဝင်ပြီးစူးဝမ်းသလိုနဲ့သွားနေတယ်၊
လူတွေကမျက်နှာမသာကြဘူး။ဟိုနားစုစုဒီနားစုစုနဲ့တီးတိုး
တီးတိုးလုပ်နေကြတော့သိချင်လာတယ်။
သူ့မိဘတွေကမှာလိုက်တဲ့စကားကိုလဲသတိရတယ်-မေးပါများစကားရတဲ့မေးအုံးမှဘဲဆိုပြိးလူတွေကို
ဘာဖြစ်နေကြလဲဘာများသတင်းထူးလို့လဲဆိုပြိးဟိုလူကိုမေးဒီလူကိုမေးနဲလျှောက်မေးတယ်။
အဲဒီလိုမေးမြန်လိုက်တော့ဘုရင်ကြီးနတ်ရွာစံတဲ့အကြောင်းကစလို
့မင်းသမီးနဲ့လက်ထပ်တဲ့
မင်းသားများဟာတစ်ယောက်ပြီးတယောက်မနက်ကျရင်မီးသွေးခဲ့ဖြစ်ပြီးလည်မှာအပေါက်နှစ်ပေါက်နဲ့
သေဆုံးကုန်တဲ့အကြောင်းမောင်ပေါက်ကျိုင်းသိသွားတာပေါ့။
6
ဒီတော့မောင်ပေါက်ကျိုင်းလည်း-အင်းမိဘတွေမှာလိုက်တဲ့အတိုင်းသွားပါများခရီးရောက်ဆိုတဲ့
အတိုင်းသွားပါများလို့အခုနန်းတော်မြို့ကြီးကိုရောက်
လာတယ်၊မေးပါများစကားရဆိုတဲ့အတိုင်းလူတွေကိုမေးလိုက်တာ-သိချင်စရာစကားရလာတယ်
အဲဒါနဲ့သူကဆက်မေးတယ်၊
ဒါနဲ့နေပါအုံးဗျ- အခုဘယ်သူမှဒီမင်းသမီးလေးနဲ့လက်ထပ်ရဲတဲ့သူမရှိတော့ဘူးလားဗျ
အော်-မောင်ရင်ကဒီမင်းသမီးကိုလက်ထပ်ချင်လို့လား-မီးသွေးခဲလောင်းတော့ဖြစ်မှာ
သေချာတယ်၊သေချင်ရင်နန်းထဲဝင်လေ-ဟိုမှာမူးမတ်ကြီးတွေလဲ-မင်းသမီလေးကိုလက်ထပ်ပြိးမင်း
လောင်းလုပ်မဲ့သူရှာမရလို့အကြပ်ရိုက်တယ်ဝင်ပြိးသွားပြောပေတော့၊
“မင်းသမီးကလေးကတော်တော်ချောလားလှလားဗျ
“
“ အမလေးမသာလောင်းကလှလားမေးနေတယ်-ကဲကဲတွေ့ချင်ရင်နန်းထဲသာကြွပေတော့
ဟိုမှာအမတ်ကြီးတွေမျှော်နေလောက်ပြီ၊”
မောင်ပေါက်ကျိုင်းကနဂိုထဲကစွန့်စားချင်တဲ့စိတ်ရှိတယ်၊စူးစမ်းလေ့လာချင်တဲ့ဗီဇကလဲပါလာတော့
နန်းတော်ထဲဝင်ပြိးမူးမတ်တွေကိုသူမင်းသမီးနဲ့လက်ထပ်မယ်လို့လျှောက်ထားလိုက်တယ်။
မူးမတ်တွေကလည်းပေါက်ကျိုင်းရဲ့ နဖူးရေဒူးရေ
ကြည့်ပြီးလက်ခံပြီးမင်းသမီးနဲ့စုလျားရစ်ပတ်
လက်ထပ်လိုက်တယ်။မောင်ပေါက်ကျိုင်းကအကြံသမားဆိုတော့မင်းသမီးလေးကိုအမြဲအကဲခပ်နေ
တယ်။မင်းသမိးလေးဘာလုပ်လဲဘယ်သွားလေ့ရှိလဲဘယ်သူနဲ့စကားပြောလဲပေါ့၊
မင်းသမီးကလေးကဥယျာဉ်ထဲသွားပြိးသူချစ်သူနဂါးမင်းသားကိုသီချင်းဆိုပြိးစကားပြောတယ်
“ ဒီညမှာသူနဲ့လက်ထက်ထားတဲ့လူတစ်ယောက်သူဘေးမှာအိပ်နေမယ်။ရောက်တာနဲ့ပေါက်
သတ်လိုက်ပေတော့-မောင်တော်မှတစ်ပါးတစ်ခြားဘယ်သူကိုမှမကြည်ဖြူနိုင်ဘူး “ လို့သီချင်း
လုပ်ဆိုတယ်။မင်းသမီးလေးရဲ့ချစ်သူနဂါးမင်းသားကလဲ
“စိတ်ချပါနှမတော်-နှမတော်ကိုဘယ်ယောက်ျားနဲ့မှတွဲအိပ်တာမကြည်ဖြူနိုင်ဘူး
တွေ့တာနဲ့ပေါက်သတ်ပါမယ် “ လို့ပြန်ပြိးသီချင်းဆိုပြောတယ်။
မောင်ပေါက်ကျိင်းရဲ့မိဘတွေကတိရစ္ဆာန်တွေကိုပြောတဲ့(မာဂဓစ)ကားကိုနားလည်တယ်
မောင်ပေါက်ကျိုင်းကိုလဲသင်ပေးထားတော့မောင်ပေါက်ကျိုင်းလဲ(မာဂဓ)စကားကိုနားလည်တယ။်
အဲဒီတော့မှမောင်ပေါက်ကျိုင်းကမင်းသမီးလေးရဲ့နဂါးနဲ့ကြိုက်နေတယ်ဆိုတာကိုသိသွားတယ်၊
အင်းငါတော့မိဘတွေကမှာလိုက်တဲ့အတိုင်းသွားပါများလို့ရွှေနန်းတော်ကြီးကိုရောက်လာပြိ
မေးပါများလိုလဲ့စကားရပြိ-အင်း--မအိပ်မနေအသက်ရှည်ဆိုတာဘဲကျန်တော့တယ်၊
ဒီညတော့ငါအိပ်ရင်တော့သေမှာဘဲ-မအိပ်မနေမသက်ရှည်ဆိုတဲ့အတိုင်းမအိပ်ဘဲစောင့်
ကြည့်ရမယ်၊နဂါးကတော့ငါ့ကိုပေါက်သတ်တော့မယ်ဘယ်လိုလုပ်ရမလဲဆိုပြီးအကြံထုတ်လိုက်တယ်
ဥယျာဉ်ထဲကငှက်ပြောတုံးတစ်တုးကိုသူအရွယ်ခုတ်ပြိးသေချာထုတ်ထားလိုက်တယ်၊
7
နောက်ပြိးမင်းသားကိုကိုင်ဘို့ပေးထားတဲ့ဓါးကိုလဲကောင်းကောင်းလေးထက်နေအောင်သွေးထားတယ်၊
ညကျတော့မင်းသမီးလေးအိပ်တဲ့နဘေးမှာအိပ်ချင်ယောင်ဆောင်ပြီးခဏ၀င်အိပ်တယ်၊
မင်းသမီးလေးလဲအိပ်ပျော်သွားတော့ငှက်ပြောတုံးကိုအသာလေးအစားထိုးထားခဲ့ပြိးတခါးကြား
ကနေပုန်းပြိးစောင့်နေတယ်၊
သန်းခေါင်လဲကျော်ရောလားလားနဂါးကြီးကပေါ်လာပြီးငှက်ပျောတုံးကိုလူမှတ်လို့တရှူးရှူး နဲ့ပေါက်တော့တာပေါ့။ပေါက်လဲပေါက်ကရောအစွယ်ကြီးကငှက်ပျောတုံးမှာစိုက်ဝင်သွားတယ်၊နှုတ်လို့ မရတော့ဘူး။ဒီမှာတင်တံခါးကြားမှာပုန်းနေတဲ့မောင်ပေါက်ကျိုင်းးကပြေးထွက်လာပြီး ငှက်ကြီးတောင်ဒါးနဲ့ဆွဲခုတ်လိုက်တာနဂါးကြီးခေါင်းတခြားကိုယ်တခြားဖြစ်သွားပါရောကွယ်။
သန်းခေါင်လဲကျော်ရောလားလားနဂါးကြီးကပေါ်လာပြီးငှက်ပျောတုံးကိုလူမှတ်လို့တရှူးရှူး နဲ့ပေါက်တော့တာပေါ့။ပေါက်လဲပေါက်ကရောအစွယ်ကြီးကငှက်ပျောတုံးမှာစိုက်ဝင်သွားတယ်၊နှုတ်လို့ မရတော့ဘူး။ဒီမှာတင်တံခါးကြားမှာပုန်းနေတဲ့မောင်ပေါက်ကျိုင်းးကပြေးထွက်လာပြီး ငှက်ကြီးတောင်ဒါးနဲ့ဆွဲခုတ်လိုက်တာနဂါးကြီးခေါင်းတခြားကိုယ်တခြားဖြစ်သွားပါရောကွယ်။
မင်းသမီးလေးလဲလန့်နိုးပြိးထကြည့်လိုက်တော့သူချစ်သူနဂါးမင်းသားလေးခေါင်းပြတ်ပြိးသေနေတာ
တွေ့တော့စိတ်လဲဆိုးဝမ်းလဲနည်း၊ဘာလုပ်ရမှန်းဖြစ်နေတယ်၊
မင်းသမီလေးရဲ့နန်းဆောင်ကအသံတွေဆူညံသံကြားတော့နန်းတွင်းကလူတွေထွက်လာပြိး
လာကြည့်ကြတော့မှမူးကြီးမတ်ကြီးတွေလဲအကြောင်းရင်းကိုသိသွားကြတယ်။
မူကြီးမတ်ကြီးတွေကမောင်ပေါက်ကျိုင်းကိုကဲဒါဆိုမင်းသမီးလေးနဲလက်ဆက်ပြီးနန်းသိမ်း
ပွဲခံပါလို့ဆိုတယ်.
ဒါပေမဲ့မင်းသမီးကသူချစ်သူကိုသတ်လိုက်တယ်ဆိုတော့ဘယ်ကျေနပ်မလဲ
ဒီတော့မင်းသမီးကဒီလိုပြောတယ်၊ချက်ချင်းတော့မိဘုရားအဖြစ်လက်မခံနိုင်ဘူး
သူမေးတဲ့အဖြေကိုမြေနိုင်ရင်ဖြေပါ-မဖြေနိုင်ရင်ဦးခေါင်းဖြတ်ကြေး
ဖြေနိင်ရင်သူ့ဦးခေါင်းကိုဖြတ်ချင်လဲဖြတ်မဖြတ်ချင်လို့မိဘုရားမြှေက်ချင်လဲမြှောက်ပါ
သူကတော့မေးခွန်းကိုအသင်မဖြေနိုင်ရင်သင့်ဦးခေါင်းကိုဖြတ်ပါမယ်လို့ဆိုလာတယ်။
မောင်ပေါက်ကျိုင်းကလဲ-မငြင်းသာတော့လက်ခံလိုက်ရတယ်၊
“ကဲအသင်မင်းသမီးမေးမဲ့မေးခွန်းကိုသာပြောပါ၊”
အဲဒီတော့မှ မင်းသမီးလေးက
“ ( ၁ )-ထောင်ပေးလို့ဆုတ်-“ “ ( ၂ -)
ရာပေးလို့ချုပ် “ ( ၃ ) ချစ်တဲ့သူအရိုးဆံတိုးလုပ်”
အဲဒီမေးခွန်း ၃ ခုကိုအသင်ဖြေပေတော့ “
“ သင့်မေးခွန်းကိုဖြေဘို့အချိန်ဘယ်နှစ်ရက်ပေးမလဲ
“
“ရက်သတ္တတစ်ပတ်ပေးမယ်ဒီရသတ္တတစ်ပတ်အတွင်းတော့သူ့ကိုတစ်ခြားအဆောင်မှာနေ
ခွင့်ပေးပါ “
အဲဒီလိုပြောဆိုပြိးတောင်းပန်းထားတယ်၊
မောင်ပေါက်ကျိင်းလဲမင်းသမီးလေးမေးတဲ့မေးခွန်း(၃ ) ခွန်းကိုဘယ်လိုအဖြေပေးရမလဲ
လို့အကြံထုတ်ရင်းစိတ်ညစ်နေတာပေါ့ ။
8
အဲဒီအချိန်မှာမောင်ပေါက်ကျိုင်းရဲ
့မိခင်ဘခင်တွေကလဲမောင်ပေါက်ကျိုင်းကိုစိတ်ပူပြီး
သတိရနေကြတယ်
ဘခင်ဖြစ်သူက
“ရှင်မရယ် ငါတို့ သားကလေးသွားတာရက်လဲအတန်ကြာပြီ။ဘာသံမှလဲမကြားဘူး။ ဒုက္ခများရောက်နေသလားကွယ်ငါသတိရလိုက်တာ” တဲ့။
ဘခင်ဖြစ်သူက
“ရှင်မရယ် ငါတို့ သားကလေးသွားတာရက်လဲအတန်ကြာပြီ။ဘာသံမှလဲမကြားဘူး။ ဒုက္ခများရောက်နေသလားကွယ်ငါသတိရလိုက်တာ” တဲ့။
မိခင်ဖြစ်သူကလဲ
“ဟုတ်ပ တော်။ကျွန်မလဲစိတ်တွေ လေးလိုက်တာ။လိုက်သွားကြရအောင်လား” တဲ့။
ဒါနဲ့သူတို့နှစ်ယောက်အထုပ်ကလေးထမ်းလိုက်သွားကြတယ်။ခရီးတော်တော်ပေါက်မိလို့အရိပ် ကောင်းတဲ့ညောင်ပင်အောက်မှာရေချမ်းစင်ကလေးတလုံးတွေ့ရောထမင်းထုပ်ကလေးဖြေပြီး ထမင်းစားကြတယ်၊ပြိးတော့သူတို့စားလိုကျန်တဲ့ထမင်းတွေကိုကျေးငှက်လေးတွေစားဘို့သစ်ပင်
ဒါနဲ့သူတို့နှစ်ယောက်အထုပ်ကလေးထမ်းလိုက်သွားကြတယ်။ခရီးတော်တော်ပေါက်မိလို့အရိပ် ကောင်းတဲ့ညောင်ပင်အောက်မှာရေချမ်းစင်ကလေးတလုံးတွေ့ရောထမင်းထုပ်ကလေးဖြေပြီး ထမင်းစားကြတယ်၊ပြိးတော့သူတို့စားလိုကျန်တဲ့ထမင်းတွေကိုကျေးငှက်လေးတွေစားဘို့သစ်ပင်
ရင်းမှာသွားပုံထားလိုက်တယ်။သူတို့
စွန့်ထားတဲ့ထမင်းစားပြီးတော့ညောင်ပင်ပေါ်ကကျီးဖိုကျီးမနှစ်
ကောင်အချင်းချင်းစကားပြောသံကြားရတယ်။
မောင်ပေါက်ကျိုင်းတို့မိသားစုကကမာဂဓဘာသာကိုတတ်ကျွမ်းကြတော့ကျီးတွေပြောတဲ့စကားကို
အားလုံးနားလည်တာပေါ့။
ကျီးမက
ကျီးမက
“ကျီးဖိုရယ်ကျွန်မတို့ဖြင့်ထမင်းလုံးတွေနဲ့ဘဲအသက်ဆက်နေရတာကြာလှပေါ့ရှင်အသားငတ်
လိုက်တာ”လို့  ပြောလိုက်တယ်။
ဒီတော့ကျီးဖိုက
ဒီတော့ကျီးဖိုက
“ရှင်မရယ် မပူပါနဲ့နောက် ၃ ရက်ရောက်ရင် မင်းသမီးကလေးက မောင်ပေါက်ကျိုင်းဆိုတဲ့ တော သားလေးကို ဒါးနဲ့ ခုတ်သတ်ပြီးကျီးစာကျွေးတော့မှာကွဲ့ အဲဒီကျမှ
အ၀စားပေတော့” လို့ပြောလိုက်တယ်။
ကျီးမက စကားကခပ်ရှည်ရှည်ရယ်။
ကျီးမက စကားကခပ်ရှည်ရှည်ရယ်။
“ဘာဖြစ်လို့ သတ်မှာတုံးတော့” လို့ မေးပြန်ပါတယ်။
ကျီးဖို ကနန်းတော်မီးဖိုဆောင်မှာကျက်စားနေကျဆိုတော့ မိးဖိုဆောင်ကစားတော်ကဲတွေ ပြောစကားတဆင့်စကားကြားနေသိနေတာကိုးကွဲ့။
ကျီးဖို ကနန်းတော်မီးဖိုဆောင်မှာကျက်စားနေကျဆိုတော့ မိးဖိုဆောင်ကစားတော်ကဲတွေ ပြောစကားတဆင့်စကားကြားနေသိနေတာကိုးကွဲ့။
မောင်ပေါက်ကျိုင်းကဘုရင်ဖြစ်ပြိးမင်းသမီးလေးနဲ့ညားတော့မင်းသီးကလေးကသူချစ်သူနဂါး
နဲ့ချစ်ကြိုက်နေတာကိုညဘက်မအိပ်ဘဲချောင်းပြိးဒါးနဲ့ခုတ်သတ်လိုက်တာကြောင့်၊မင်းသမီးလေးကို
သူချစ်သူနဂါးရဲ့အရေခွံကိုအခိုင်းအစေတစ်ယောက်ကိုအသပြာတစ်ထောင်ပေးပြိးဆုတ်ခိုင်းတယ်၊
နောက်တစ်ယောက်ကိုအသပြာတစ်ရာပေးပြိးခေါင်းအုံးချုပ်ခိုင်းတယ်၊နောက်သူချစ်သူပေးတဲ့အရိုး
အရိုးတစ်ချောင်းကိုတော့ဆံထိုးလုပ်ပြိးခေါင်းမှာထိုးထားတယ်ဆိုတာကိုကျီးဖိုကအားလုံးကြားထာ
9
သိထားတာပေါ့၊
အဲဒါကိုသူ့ကျီးမကိုပြန်ပြောပြလိုက်တော့-သစ်ပင်အောက်ကနားထောင်နေတဲ့မောင်ပေါက်ကျိုင်း
ရဲ့မိဘနှစ်ပါးကကြားသွားတာပေါ့
“ ကဲ ရှင်မရေ
တို့သားမောင်ပေါက်ကျိုင်းတော့ဘုရင်ဖြစ်နပြိ-ဒါပေမဲ့မင်းသမီးမေးတဲ့
မေးခွန်း(၃)ခွန်းကိုမဖြေနိုင်ရင်တော့အသတ်ခံရတော့မယ်လာရွေနန်းတော်ကိုသွားကြစို့ဆိုပြီး
နန်းတော်ကိုအလျှင်အမြန်ပြေးကြတော့တာပေါ့။
နန်းတော်ရောက်တော့သူတို့ဟာဘုရင်မောင်ပေါက်ကျိုင်းရဲ့မိဘများဖြစ်ကြောင်း၊ဘုရင်
မောင်ပေါက်ကျိုင်းကိုတွေ့ချင်တယ်ဆိုတော့၊မူးမတ်တွေကတွေ့ခွင့်ပေးလိုက်တယ်၊
မောင်ပေါက်ကျိုင်းရဲ့မိဘတွေကအကြောင်းစုံသိပြီးဖြစ်နေတော့၊မင်းသမီးလေးမေးတဲ့
မေးခွန်း ၃ ခွန်းရဲ့အဖြေကိုပြောပြလိုက်တယ်၊မောင်ပေါက်ကျိုင်းလဲအားရ၀မ်းသာ့ဖြစ်သွားပြိး
မင်းသမီးကလေးကိုခေါ်တယ်-
“အသင်မင်းသမီးမေးထားတဲ့မေးခွန်းသုံးခွန်းကိုဖြေတော့”
မယ်လို့ပြောတယ်၊
“ ဖြေပါအသင်မင်းသားမဖြေနိုင်ရင်တော့အသင့်ဦခေါင်းကိုဖြတ်ရပါလိမ့်မယ်နော
်”
“ မဖြေနိုင်ရင်တော့ဖြတ်ပါ-ဖြေနိုင်ရင်တော့-သင့်ဦးခေါင်းကိုကျုပ်ဖြတ်ရလိမ့်မယ်၊”
“ ဖြေသာဖြေပါအသင်မင်းသား”
: ပထမပေမးတဲ့မေးခွန်းက
- ထောင်ပေးလို့ဆုတ်ဆိုတာ-သင့်ရဲ့ ချစ်သူနဂါးရဲ့အရေကို
အသပြာတစ်ထောင်ပေးပြိးအခိုင်းစေတစ်ယောက်ကိုဆုတ်ခိုင်းလိုက်တာမဟုတ်လား”
“ မှန်ပါတယ် - ကျမချစ်သူရဲ့အရေခွံကိုချစ်မြတ်နိုးလို့ယူထားချင်လို့ပါ၊
အဲနောက်ဒုတိယမေးခွန်းကိုရောဖြေပါအုံး”
“နောက်မေးခွန်းရဲ့အဖြက “အဲဒီမင်းချစ်သူနဂါးရဲ့အရေခွံကိုခေါင်းအုံးချုပ်ဘို့အသပြာတစ်ရာပေးပြိးချုပ်ခိုင်းလိုက်
တယ်မဟုတ်လား၊”
“မှန်ပါတယ်-အသင်မင်းသား-ကျမရဲ့ချစ်သူအရေခွံကိုခေါင်းအုံးလုပ်ပြိးအိပ်ချင်လို့ချုပ်ခိုင်း
လိုက်တာမှန်ပါတယ်၊”
“ နောက်တတိယမေးခွန်းကိုကောဖြေနိုင်ရင်ဖြေပါအုံးအသင်မင်းသား”
“ ဖြေရတာပေါ့-နှမငယ်-ချစ်တဲ့သူအရိုးဆံထိုးလုပ်ဆိုတာ-“
“ “မင်းချစ်သူနဂါးမင်းသားရဲ့ပေးတဲ့အရိုးဆံထိုးကိုပြီခေါင်းမှာအမြဲထိုးထားတယ်မဟုတ်လား၊”
“ မှန်ပါတယ်-အသင်မင်းသားဖြေတဲ့အဖြေအားလုံးမှန်ပါတယ်-“ကျမဦးခေါင်းကိုဖြတ်ပါလော့”
လို့ဆိုပြိး
မင်းသမီးကလေးက သူ့ဦးခေါင်းကိုရှေမှာထိုးပြိးလည်ဆင်းပေးလိုက်တယ်၊
မောင်ပေါက်ကျိုင်ကမင်းသမိးရဲ့ဦးခေါင်းကိုဖြတ်မလို့သေသေချာကြည့်လိုက်တော့
10
ဆံပင်မှာထိုးထားတဲ့နဂါးရိုးဆံထိုးကိုတွေ့သွားတယ်-မောင်ပေါက်ကျိုင်ကအဲဒီဆံထိုးကိုအသာ
ကလေးဆွဲယူလိုက်တဲ့အခါမှာ---
မင်းသမီးကလေးက-“အမလေးဘုရားကယ်တော်မူပါ “
လို့အော်ပြိးမေ့လဲသွားတယ်
မောင်ပေါက်ကျိုင်းလဲမင်းသမီးကလေးကိုပွေ့ယူပြိးမချီလိုက်တယ်၊
ဒီအဖြစ်ကိုဝိုင်းပြိးစောင့်ကြည့်နေကြတဲ့မူးကြီးမတ်ကြီတွေ့လဲအဖြစ်ကိုအံ့သြနေတယ်၊
မောင်ပေါက်ကျိုင်းကမင်းသမီးလေးမေးတဲ့အဖြေအားလုံးကိုဖြေနိုင်သွားတာရယ်၊မင်းသမီးကလေး
ခေါင်းကဆံထိုးကိုဆွဲနှုတ်လိုက်လို့မင်းသမီိးကလေးမေ့သွားရယ်အားလုံးအံ့သြနေကြတယ်၊
အဲဒီအခါမှာမောင်ပေါက်ကျိုင်းရဲ့ဘခင်ကထွက်လာပြိးမောင်ပေါက်ကျိုင်းလက်ထဲကဆံထိုး
ကိုယူကြည့်လိုက်တယ်၊ပြီးတော့မှ--
အသင်တို့ဒီနဂါးအရိုးဆံထိုးဟာမင်းသမီးကလေးကိုညှိုပြိးဆွဲဆောင်ထားတဲ့ပစ္စည်းဖြစ်တယ်
မင်းသမီးကလေးကိုဒီနတ်နဂါးကသူကိုကြိုက်အောင်ဖြားယောင်းပြိးဒီဆံထိုးကိုထိုးခိုင်းထား
တာအခုဒီဆံထိုးနုတ်လိုက်တော့မင်းသမိးကလေးနဂါးရဲ့ညှို့စက်ကွင်းကလွတ်သွားပါပြိ၊
မင်းသမီးကလေးကိုဂါထာမန္တန်များရွက်ဖတ်ပြိးခေါင်းလျော်ပေးလိုက်ြကပါလို့ပြောလိုက်တယ်၊
မင်းသမိးကလေးကိုမောင်ပေါက်ကျိုင်းရဲ့ဘခင်ပြောတဲ့အတိုင်းဂါထာမန္တန်တွေရွတ်ပြီ့းခေါင်း
လျှော်ရေးချိုးပေးပြိးနဂါးဆံထိုးကိုလဲမိးရှိုပြစ်လိုက်တဲ့အခါမှာမင်းသမီးကလေးဟာစိတ်ဓါတ်ပြော့
ပြောင်းသွားတယ်၊မောင်ပေါက်ကျိုင်းကလဲမင်းသမီးကလေးဦးခေါင်းကိုမဖြတ်ရက်တော့ဘဲ၊မိဘုရား
အဖြစ်တင်မြှောက်ပြိးနန်းတက်ပွဲကျင်းပလိုက်တယ်၊
အဲဒါကြောင့်ငါ့မြေးတွေလဲသတ္တ၀ါတိရစ္ဆာန်တွေရဲ့အရိုးတို့အစွယ်တို့ဟာလးကိုတခန့်မသင့်ရင်
အန္တရယ်ဖြစ်စေတယ်ဆိုတာသတိထားဘို့ပေါ့ကွယ်၊
နောက်တစ်ချက်ကမောင်ပေါက်ကျိုင်းဟာမိဘရဲ့စကားများဖြစ်တဲ့
သွားပါများခရီးရောက်-မေးပါမျာစကားရ-မအိပ်မနေအသက်ရှည်ဆိုတဲ့စကားသုံးခွန်းကိုသေ
သေသေချာချာမှတ်ပြိးမိဘစကားနားထောင်တဲ့အတွက်ဘုန်းကြီးပြိးအသက်ချမ်းသာရသွားတယ်ဆို
တာသင်ခန်းစာယူဘို့ပေါ့ကွယ်
မောင်ပေါက်ကျိုင်းကိုတော့နဂါးကိုနိင်တဲ့နဂါးနိုင်မင်းလို့အများကိုခေါ်ကြတယ်ကွဲ့
ကဲကဲ
-မိုးလဲချုပ်ပြိ-ငါမြေးတို့ပြန်ကြတော့
ဟုတ်ကဲ့အဘိုး
မြန်မာအကြောင်းမြန်မာများသိစေဘို့
မောင်သုည
ဒုတိယ တစ်ကောင်းမင်းဆက် ၁၇ ဆက်
1 -သတိုးဇမ္ဗူဒီပဓဇရာဇာမင်း
2.သတိုးတိုင်းသ ရာဇာမင်း
3.သတိုးရထားရမင်း
4. သတိုးတံခွန်ရမင်း
5. သတိုးလှံပျံရမင်း
6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)
7.သတိုးဂဠုန်ရမင်း
8.သတိုးနဂါးရမင်း
9.သတိုးနဂါးနိုင်မင်း (ရာဇ၀င်လာ - မောင်ပေါက်ကျိုင်း)
10.သတိုးရဟောလာမင်း
11.သတိုးပေါင်းရှည်မင်း
12.သတိုးကျောက်ရှည်မင်း
13.သတိုးဆင်လောက်မင်း
14.သတိုးဆင်ထိန်းမင်း
15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား
16.သတိုးမင်းကြီးမင်း
17. သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။
2.သတိုးတိုင်းသ ရာဇာမင်း
3.သတိုးရထားရမင်း
4. သတိုးတံခွန်ရမင်း
5. သတိုးလှံပျံရမင်း
6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)
7.သတိုးဂဠုန်ရမင်း
8.သတိုးနဂါးရမင်း
9.သတိုးနဂါးနိုင်မင်း (ရာဇ၀င်လာ - မောင်ပေါက်ကျိုင်း)
10.သတိုးရဟောလာမင်း
11.သတိုးပေါင်းရှည်မင်း
12.သတိုးကျောက်ရှည်မင်း
13.သတိုးဆင်လောက်မင်း
14.သတိုးဆင်ထိန်းမင်း
15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား
16.သတိုးမင်းကြီးမင်း
17. သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။
No comments:
Post a Comment