“ကံ”ဟာ ကြောက်စရာကောင်းသလား၊ “တဏှာ”ဟာ ကြောက်စရာကောင်းသလား “
မနေ့ကကျွန်တော် Share လုပ်ပြိးတင်လိုက်တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားနဲ့
ပတ်သက်လို့
•
•
Tomkyawkyaw Lwin အ တော် ခ ရီး ရောက် နေ တဲ့ အ တွက် လေး စား ပါ တယ် အ ကို။
အဲ့ဒီ လောက် သိ ဘို့ ကို မ လွယ် ပါ ဘူး။ ကျင့် ဘို့ ဆို ဝေး ကြ ပေါ့။
က ဒီလို Comment ပေးထားပါတယ် ၊
ဒီအကြောင်းနဲ့ပတ်သက်လို့အကျယ်တ၀င့်ပြန်ဖြေလိုက်ပါတယ်
သိပ်အထင်မကြီးပါနဲ့ဗျာ
ကျွန်တော်လဲ ဘာမှ မဟုတ်သေးပါဘူး ကျင့်ဆဲဘဲရှိပါသေးတယ်၊
မိုးကုတ်ဝိပဿနာအလုပ်စဉ်နဲ့လုပ်ငန်းစဉ် အရ ဆရာတော်ကြီးရဲ့ဒီတရားမျိုးကို
၁၀ ရက်စခန်းရဲ့
နောက်ပိုင်းရက်များမှာဖွင့်ပေးလေ့ရှိပါတယ်၊(ဒါက တဏှာသတ်တရားဖြစ်နေလို့ပါ )
ရှေ့ပိုင်းမှာ ဒိဋ္ဌိဖြုတ်တရားများအရင်ဖွင့်ပေးပါတယ်
နောက်ပြိး သိဘို့တရားနဲ့ ကျင့်ဘို့တရားလဲ မတူပါဘူး-ကျင့်ဘို့တရားကတော့အလုပ်ပေးတရားများ
ဖြစ်ပါတယ်၊
မိုးကုတ်ဝိပဿနာစခန်းရဲ့လုပ်ငန်းစဉ်အရ
ဝိပဿနာတရားစပြိးတရားအားထုတ်တော့မဲ့ယောဂီများကိုအစကနဦးမှာ
ဝိပဿနာတရားအားမထုတ်ခင် ဒိဋ္ဌိအရင်ဖြတ်ပါဆိုပြီးဒိဋ္ဌြိ့ပတ်တရားကိုအရင်ဟောပါတယ်
ဒိဋ္ဌိမပြုတ်ဘဲဝိပဿနာတရာအားထုတ်ရင်-ကုသိုလ်သာရပြိး နိဗ္ဗာန်မရနိုင်ဘူးလို့ဆိုပါတယ်
ဒိဋ္ဌိသတ်တရား - တဏှာသတ်တရား သူ့ဆင့်နှ့င့်သူဟောတာဖြစ်ပါတယ် ၊
ဒိဋ္ဌိပြုတ်ရင်သောတာပန်တည်မယ်-သောတာပန်ဖြစ်ရင်အပါယ်မကျတော့ပါ၊
အပါယ်မကျတာ-ရန္တာဖြစ်တာမဟုတ်သေးပါ
တဏှာလုံးဝပါယ်သတ်လိုက်ပြီဆိုရင်တော့အရဟတ္တဖိုလ်ဆိုက်သွားပါပြီ
ရဟန္တာဖြစ်သွားပါပြီ၊
ဒါကြောင့်
အပါယ်မကျအောင်အရင်လုပ်ပါ - ရဟန္တာဖြစ်အောင်နောက်မှလုပ်ပါလို့ဆိုချင်ပါတယ်
သောတာပန်-သကဒါဂမ်-ဒိဋ္ဌိသာပြုတ်ပါသေးသည်တဏှာမပါယ်သေးပါ
သောတာပန်များတဏှာမပါယ်သေးသဖြင့်လင်ယူသားမွေးပါတယ်
ဝိသာခါကျောင်းအမကြီး-မြေး၁၆ ယောက်ရှိပါသည်
အနာဂါမ်-တဏှာပါးသည်
ရဟန္တာ-တဏှာလုံးဝပါယ်ပြီးဖြစ်ပါသည်
ဘုရားကတော့ပုဂ္ဂိုလ်စရိုက်နဲ့ဥာဏ်ရည်ကိုသိပြီးဖြစ်လို့သူနဲ့ထိုက်တန်တဲ့တရားကိုဟောတာဖြစ်
ပါတယ်၊ ပဋာစာရီဟောတဲ့တရား-နဲ့ အင်္ဂုလိမာလဟောတဲ့တရားမတူပါ-သူသတ်သမားတိဿ
ရဟန်းကြီးဟောတဲ့တရားကိုအနာတပိဏ်ဟောလို့မရပါ၊
ဒါကြောင့်လုပ်ငန်းစဉ်အရ ဒိဋ္ဌိပြုတ်တရားများကိုအရင်နာရမှာဖြစ်ပါတယ်၊
ဒိဋ္ဌိပြုတ်ဆိုတာကကလဲ အဆင့်( ၃ )ဆင့်ရှိပါတယ်
၁ - ပထမအဆင့် - ဒိဋ္ဌိကို အသိနဲ့ ပြုတ်အောင်လုပ်တဲ့အဆင့်
၂ - ဒုတိယ - ဒီဋ္ဌိကိုအပွါးဥဏ်နဲ့ပြုတ်အောင်လုပ်တဲ့အဆင့်
၃ - တတိယ - ဒီဋ္ဌိကိုအပါယ်ဥာဏ်နဲ့ပါယ်သတ်အောင်လုပ်တဲ့အဆင့်ဆိုပြိး ( ၃ )ဆင့်ရှိပါတယ်
၁ - ပထမအဆင့်-နဲ့ ဒုတိယ အဆင့် ဒိဋ္ဌိကို အသိဥာဏ်နဲ့သိပြိး အပွါးဥာဏ်နဲ့ပါယ်သတ်
နိုင်ပြိဆိုရင် တစ်ဘ၀နှစ်ဘ၀ အပါယ်မကျနိုင်တော့ပါ ( ဒီအဆင့်က စူဠသောတာပန်အဆင့်) ဖြစ်ပါတယ်၊
မဟာသောတာပန်နဲ့အလားတူသိလို့ - စူဠသောတာပန်-သောတာပန်အငယ်စား
လို့ခေါ်တာပါအဲဒီအဆင့်ကတရားနာပြိးအသင့်တင့်ခန္ဓာအရှိနဲ့ဥာဏ်ကိုက်ရင်ဖြစ်နိုင်ပါတယ်၊
တတိယ-ဒီဋ္ဌိကိုအပါယ်ဥာဏ်နဲ့ပါယ်သတ်နိုင်ရင်တော့မဟာသောတာပန်ဖြစ်သွားပါပြိ
အကြာဆုံး ( ၇ ) ဘ၀-ရှစ်ဘ၀မကူးဘဲနှိဗ္ဗာန်မျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်
ဒိဋ္ဌက ( ၃ ) မျိုးရှိပါတယ်
၁ - သက္ကာယဒိဋ္ဌိ - မိမိရထားတဲ့ခန္ဓာကြီးကို ( ငါ - သူတပါး - ယောက်ျား မိန်းမ
-ပုဂ္ဂိုလ်သတ္တ၀ါ လို့ မှတ်ယူထားမယ် )
စွဲမှတ်ထားမယ်ဆိုရင် - သက္ကာယဒိဋ္ဌိရှိနေပါတယ်၊
၂ - ဥစ္ဆေဒဒိဋ္ဌိ - မိမိရထားတဲ့ခန္ဓာကြီးသေပြိးရင်ပြတ်သွားတာဘဲ နောက်ဘာမှမဖြစ်တော့ဘူး၊
ဒီအယူရှိနေရင် ဥစ္ဆေဒဒိဋ္ဌရှိနေပါတယ်
၃ - သဿတဒိဋ္ဌိ - မိမိရတားတဲ့ဒီခန္ဓာကြိး ကပျက်ဘူး တည်တယ် တန့်တယ် ခိုင်တယ်မြဲံတယ် -
ဘ၀ကူးတယ် - ဘ၀ပြောင်းတယ် ၊ အသက်ထွက်တယ် လို့ ယူဆနေမယ်
ဆိုရင် - သဿတဒိဋ္ဌိ ရှိနေပါတယ် ၊
ဒီဒိဋ္ဌိ ( ၃ ) မျိုး တစ်ခုခုရှီနေမယ်ဆိုရင်တော့ အပါယ်မလွတ်ပါဘူး
မိမိကိုယ်ကိုပြန်မေးပါ၊ငါ့မှာဒီအယူတစ်ခုခုရှိနေလား -ရှိနေရင်တော့အဲ့ဒါအရင်စင်ကြယ်အောင်
လုပ်ရမှာပါ ၊
ဒိဋ္ဌိပြုတ်ချင်တယ်ဆိုရင်တော့ - ခန္ဓာပဋိစ္စသမုပ္ပါဒ်တရား ( ခန္ဓာ ( ၅ )ပါး ရဲ့ ကြောင်ကျိုးဆက်စက်မှု
သဘောတရားများကိုနားလည်သဘောပေါက်အောင်လေ့လာရပါမယ်-
ဒိဋ္ဌိအသိဥာဏ်နဲ့သိပြိး အသင့်အတင့်အားထုတ်နေမယ်ဆိုရင် - တစ်ဘ-နှစ်ဘ၀ အပါယ်မကျနိင်တော့ပါ -
ဒုတိယဘ၀ မှာ ကိုယ်အားထုတ်ခဲ့တဲ့တရာမျိုးပြန်ကြုံတွေ့လာပြိးဆက်
အားထုတ်လိုက်ရင် မဟာသောတာပန်ဖြစ်နိုင်ပါတယ်၊ လို့အားပေးစကားပြောလိုက်ပါရစေ
ကျင့်ဆဲအားထုတ်ဆဲပါ( ဆုံးမပဲ့ပြင်ပေးမည်သူများ ) အားကြိုဆိုလျက်ပါခင်ဗျာ
မောင်သုည
11-May - 2014
No comments:
Post a Comment