လောကဓမ္မဂျာနယ်
|
နမော တဿ
ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဆောင်းပါးအမှတ်
( ၁ )
ဗုဒ္ဓတရား၏အနှစ်ချုပ်
သဗ္ဗပါပဿ
အကရဏံ
ကုသလဿ
ဥပမ္ပဒါ
သစိတ္တပရိယောဒပနံ
ဧတံ
ဗုဒ္ဓါနသာသနံ
ဓမ္မပဒ
( ၁၈၃ )
မကောင်းမှုမှန်သမျှကိုရှောင်
ကောင်းမှုမှန်သမျှကိုဆောင်
စင်အောင်စိတ်ကိုထား
ဗုဒ္ဓတိုင်းသာ
မိန့်ခဲ့တာသုံးဖြာဤစကား
ဗုဒ္ဓဘုရားရှင် ၄၅
ဝါကာလပတ်လုံးဟောကြားခဲ့သောတရားများကိုအနှစ်ချုပ်လိုက်
ရင်အထက်ကအတိုင်းဘဲရပါတယ်၊
အထက်ကတရားများကိုဘယ်လိုသဘောပေါက်နားလည်ရမလဲ
၊
၁
- မကောင်းမှုဆိုတာဘာလဲ - မကောင်းမှုပြုလုပ်ခြင်းရဲ့ အပြစ်တွေကဘာတွေလဲ
၂
- ကောင်းမှုဆိုတာဘာလဲ - ကောင်းမှုပြုလုပ်ခြင်းရဲ့ အကျိုးတရားတွေကဘာလဲ
၃
- စိတ်ကိုဘယ်လိုဖြူအောင်ထားရမလဲ
စိတ် ( မနော ) ဖြင့်ြ့ပုနိုင်သော
မကောင်းမှုများကဘာတွေလဲ -
စိတ် ( မနော ) ဖြင့်
ကောင်းမှုပြုလုပ်ခြင်းရဲ့ အကျိုးတရားတွေကဘာတွေလဲ
ဒါတွေကိုသိရန်လိုပါလိမ့်မယ်
၁ - မကောင်းမှုဆိုတာဘာလဲ - မကောင်းမှုပြုလုပ်ခြင်းရဲ
့အပြစ်တွေကဘာတွေလဲ
ကိုယ်ဖြင့်ကျူးလွန်နိုင်သောမကောင်းမှုဒုစရိုက်များ
၁
၊ ပါဏာတိပါတာ သူတပါးအသက်ကိုညှင်းဆဲခြင်း၊သတ်ဖြတ်ခြင်း
၂
၊ အဒိန္ဒာဒါနာ သူတပါးမပေးသောပစ္စည်းကိုယူခြင်း
၃
၊ ကာမေသုမိစ္ဆာစာရာ ကာမဂုဏ်၌မှားယွင်းစွာပြုခြင်း
၎
၊ သူရာမေရယ မူးယစ်ထုံးထိုင်စေသောအရာများသောက်စားမှီဝဲခြင်း
နှုတ်ဖြင့်ကျူးလွန်နိုင်သောမကောင်းမှုဒုစရိုက်များ
၁
၊ မုသာဝါဒါ မဟုတ်မမှန်လိမ်ညာကြွားဝါပြောဆိုခြင်း
၂
၊ ပိသုဏာဝါစာ ဂုန်းချောခြင်း
( တဘက်သားချစ်ခင်မှုပျက်ပြားအောင်ပြောခြင်း
၃
၊ ဖရုသ၀ါစာ ရုံ
့ရင်းကြမ်းတမ်းသောစကားကိုပြောဆိုခြင်း
၎
၊ သမ္ဖပ္ပလာပ သိမ်ဖျင်းသောစကားကိုပြောဆိုခြင်း
ကိုယ်နှင့်နှုတ်ကိုမလွန်ကျူးအောင်စောင့်ထိန်းနိုင်တာသီလဖြစ်ပါတယ်၊သီလစောင့်ထိန်းခြင်းအား
ဖြင့်ကာယကံဝစီကံ
ကျူးလွန်မှုများကိုမလွန်ကျူအောင်ဆောင့်ထိန်းနိုင်ခြင်းသာဖြစ်ပါတယ်
* ဥစ္စာနှင့်အသက်ယှဉ်လာလျှင် အသက်ကိုသာရွေး၍ ဥစ္စာကိုစွန့်ရာ၏
* သီလနှင့်အသက်ယှဉ်လာလျှင် အသက်ကိုစွန့်၍
သီလကိုသာမပျက်အောင်စောင့်ထိန်းရာသည်၊
သီလ
လုံခြုံအောင်စောင့်ထိန်းခြင်းသည် ၀ိပဿနာတရားအားထုတ်မှုအတွက် မရှိမဖြစ်တဲ့အခြေခံ
လိုအပ်ချက်တခုဖြစ်ပါတယ်
၊ ( သို့သော် )
ဒါန လောက်သာ ပြည့်စုံကာဖြင့် လုံးဝအပါယ် လွတ်ပြီကွယ်ဟု
စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အားရ၍လည်းမနေနဲ့
သီလ လောက်သာ ပြည့်စုံကာဖြင့် လုံးဝအပါယ် လွတ်ပြီကွယ်ဟု
စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အားရ၍လည်းမနေနဲ့ လို့ဆိုထားပါတယ်
ဒါန သီလ အလုပ်များသည်
ဘုရားမပွင့်ခင်တည်းက ရှိနေသော အကျင့်တရားများဖြစ်သည်
အပါယ်သံသရာမှလွတ်သောအကျင့်ကို
ဘုရားပွင့်မှာ သိခွင့်ရပေသည်၊
ဘုရားသည်ဘယ်အကျိုးငှါပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါသလဲ၊သတ္တ၀ါများအပါယ်
၎ ပါး သံသရာတွင်
ကျင်လည်နေကြရသည်သိရှိနားလည်ပြီး၊
အပါယ် ၄ ပါး သံသရာမှ လွတ်သောအကျင့်ကိုဟောပြော
ညွှန်ပြဆုံးမလို၍ပွင့်ထွန်းလာခဲ့ခြင်းဖြစ်ပေသည်၊
သီလဖြင့်ကာယကံ-၀စီကံကိုထိန်း
သမာဓိပညာဖြင့်
မနောကံကိုထိန်း အားလုံးငြိမ်း၏
ကိုယ်နှင့်နုတ်ကိုမလွန်ကျူးအောင်စောင့်ထိန်းတာသီလ၊သီလစောင့်ထိန်းခြင်းအားဖြင့်ကာယကံ
ဝစီကံမလွန်ကျူးအောင်စောင့်ထိန်းနိုင်သည်။
ကိုယ်နှင့်နှုတ်ကို
မစောင့်ထိန်းရင်ရရှိမဲ့အပြစ်များနဲ့ စောင့်ထိန်းရင်ရရှိမဲ့အကျိုးတရားများကတော့
ကိုကျင့်တရား
၅ ပါး ( ငါးပါးသီလ )
ကိုယ်ဖြင့်ကျူလွန်နိုင်သောမကောင်း
မှုဒုစရိုက်များ
|
ကျူးလွန်လျှင်ခံစားရရှိမည့်အပြစ်
များ
|
စောင့်ထိန်းလျှင်ခံစားရမည့်
အကျိုးများ
|
၁-
ပါဏာတိပါတာ
(အသက်သက်ခြင်း)
|
အသက်တိုခြင်း -အနာရောဂါများခြင်း
ခြေလက်အင်္ဂါချို့တဲ့ခြင်း
အပါယ်ငရဲသို့ကျရောက်ခြင်း
|
အသက်ရှည်ခြင်း -အသက်ရှည်ခြင်း
အနာရောဂါကင်းခြင်း
အပါယ်ငရဲသို့မကျရောက်ခြင်း
|
၂
-အဒိန္ဒာဒါနာ ( ခိုးယူခြင်း )
|
ဥစ္စာပစ္စည်းမပြည့်စုံခြင်း
မိမိပစ္စည်းဥစ္စာများရန်သူမျိုးငါးပါး
ဖျက်ဆီးခံရခြင်း
အပါယ်ငရဲသို့ကျရောက်ခြင်း
|
ချမ်းသာကြွယ်ဝခြင်း
ပစ္စည်းဥစ္စာတည်တန့်ခိုင်မြံခြင်း
အပါယ်ငရဲသို့မကျရောက်ခြင်း
|
၃
- ကာမေသုမိစ္ဆာစာရာ
မမှန်ကန်သောမေထုံမှီဝဲခြင်း
|
အိမ်ထောင်ရေးမသာမယာဖြစ်ခြင်း
ယုတ်ညံသောဘ၀၌ဖြစ်ရခြင်း
|
အိမ်ထောင်ရေးသာယာချမ်းမြေခြင်း
မြင့်မြတ်သောဘ၀၌ဖြစ်ရခြင်း
|
၎
- သုရာမေရယ
မူးယစ်ထုံထိုင်းစေသောအရာ
များမှီဝဲခြင်း
|
ဥာဏ်ပညာချို
့တဲ့ခြင်း
အရူးဘ၀၌ဖြစ်ရခြင်း
အရှက်ရခြင်း
ကောင်းမှုမကောင်းမှုကိုဝေခွဲမရခြင်း
|
ဥာဏ်ပညာထက်မျက်ခြင်း
လူရာဝင်ဆန့်၍ပွဲလည်တင့်ခြင်း
ကောင်းမှုမကောင်းမှုကိုဝေခွဲနိုင်
ခြင်း
|
၅
- မှုသာဝါတာ
မဟုတ်မမှတ်ပြောဆိုခြင်း
|
သြဇာမတည်ခြင်း
အယုံအကြည့်ကင်းမဲ့ခံရခြင်း
ဆိုဆုံးမ၍မရခြင်း
|
သြဇာတည်ခြင်း
ပြောဆိုတိုင်းအောင်မြင်ခြင်း
သစ္စာတည်ခြင်း
|
* ဥစ္စာနှင့်အသက်ယှဉ်လာလျှင် အသက်ကိုသာရွေး၍ ဥစ္စာကိုစွန့်ရာ၏
* သီလနှင့်အသက်ယှဉ်လာလျှင် အသက်ကိုစွန့်၍ သီလကိုသာမပျက်အောင်စောင့်ထိန်းရာသည်၊
စိတ်
(မနော ) ဖြင့်ကျးလွန်နိုင်သောမကောင်းမှုများ
၁
၊ လောဘစိတ် ကာမဂုဏ်ကိုတပ်မက်ခြင်း
အရာရာကိုလိုချင်၍ကြံစည်နေခြင်း
၂
၊ ဒေါသစိတ် စိတ်ဆိုးခြင်း
အလိုမကျခြင်း သောကရောက်ခြင်း ၊
စိုးရိမ်ကြောင့်ကျရေက်ခြင်း
၃
၊ မောဟ တွေဝေခြင်း အမှန်တရားကိုမသိနိုင်ခြင်
မှားသောအယူ ကိုယူခြင်း
တို့ဖြစ်ပါတယ်
၁
- လောဘစိတ်နှင့်သေလျှင်
ပြိတ္တာဘ၀၌ဖြစ်ရသည်၊
၂
- ဒေါသစိတ်နှင့်သေလျှင်
အပါယ်ငရဲကျရောက်တက်သည်
၃
- မောဟစိတ်နှင့်သေလျှင်
တိရိစ္ဆာန်ဘ၀၌ဖြစ်ရသည်
အပါယ်ငရဲ တိရိစ္ဆာ ပြိတ္တာ အသူရကယ်
စသောဘ၀များသို့မကျရောက်နိုင်ရန်အတွက်
ဝိပဿနာစိတ်
ဟူသော ( မနောကံ )ကိုစောင့်ထိန်းစောင့်ထိန်းရပေမည်၊
ရုပ်
နမ်ဓမ္မ သင်္ခါရတို့
ကိုယ်က
ဤလိုဖြစ်လိုတုံလည်း
တစ်ဖုံဆင်လွဲ
သူကနွဲဖြင့်
ဖေါက်လွဲတက်စွာ
- ဓမ္မတာကို
ပညာစက္ကုမျှော်ထောက်ရှု၍
ယခုပင်လျှင်-မအိုခင်ကကြိုတင်ကောင်းမှုပြုကြလော့
ယခုပင်လျှင်-မနာခင်ကကြိုတင်ကောင်းမှုပြုကြလော့
ယခုပင်လျှင်-မသေခင်ကကြိုတင်ကောင်းမှုပြုကြလော့
ရတုချိန်ရောက်
- ဤခါရောက်မှ
ချုပ်ပျောက်ခန္ဓာ
- သေအံ့ငှါဟု
သတ္တ၀ါခပင်း
- ရှင်သေမင်းနှင့်
မိတ်သင်းဖွဲလျက်-ချိန်းအချက်လျှင်
တစ်စက်ကယ်မျှ-မရှိကြဘူး
အပ္ပမာဒေန
- ဘိက္ခဝေ - သမ္ပာဒေထ
ဘုရားစကား-လိုက်နာပွါးသည်
တရားလက်မလွတ်ကြစေနှင့်
(မင်းကွန်းတိပိဋကဆရာတော်ကြီး)
မောင်သုည
ဗုဒ္ဓသာသနံ
စိရံတိဋ္ဌတု
No comments:
Post a Comment