တေးရေးသူ- ဗန္ဓုလ
တေးဆိုသူ- ဂီတမယ်လှလေးစိန်
https://soundcloud.com/khinthidakhin/hteeyoeshay
(စံပယ်ဖြူပန်….)၂ လှကလေးစိန်နဲ့က အရွယ်တူကြံ (ပြုံးစိစိသူတို့က…)၂ လှောင်ချင်လည်းလှောင် ပြောင်ချင်လည်းပြောင် ကျွန်မကတော့ မကြိုက်ပေါင် သြော် ကျွန်မကတော့ မကြိုက်ပေါင် (မောင်မောင်ဆိုလေ ထီးရိုးရှည် သူ့အမေလည်း မွေးတတ်ပလေ)၂ လာပါပြီ ဟော (ကြည့်စမ်း)၂ မောင်မောင်နဲ့မှ ရှေ့သွားနောက်လိုက်ညီ…………….
(လှကလေးစိန်အပျို မောင်ကတော့ စိမ်းကားရက်သကို)၂ (ကြည့်ပါလား သူတို့က)၂ (ယောက်ျားတို့မာယာ သဲကိုးဖျာ နောက်မယားကြီးရှာကာ အမြဲပိုးတာ )၂ အချိန်ကိုဖြုန်းလို့ မုန်းမိတယ် လှကလေးစိန်ရယ်………
(မောင်မောင်ဆိုလေ တော်တော် ကိုယ်က ထီးရိုးရှည်….)၂ ( သူ့အမေ/ကိုယ့်အမေ နှယ်တော် မွေးတတ်ပလေ)၂ လာပါပြီ ဟောကြည့်စမ်း ကြည့်စမ်း ကိုကိုနဲ့မှ ရှေ့သွားနောက်လိုက်ညီ……
x x x x x
(ယောက်ျားဆိုရင် ကြောက်ပါပြီ ကျောရုံကြံလိမ့်မည် လူရိုးလား လူဆန်းလား မောင့်မျက်နှာအတည်)၂ လှလေးစိန်ငိုအောင် ကြည့်ပါလား သူတို့ကလှောင်…….
(မောင်မောင်…………………….မောင်မောင်နဲ့မှ ရှေ့သွားနောက်လိုက်ညီ……….
x x x x x
(ကြံကြံဖန်ဖန် ရေးမှရေးပလေ မောင်မောင်ဆိုလေ ထီးရိုးရှည် )၂ အမြန်ယခုပါ့လာပါပြီ ဗန္ဓုလ
စာကိုစီ
(မောင်မောင်…………………….မောင်မောင်နဲ့မှ ရှေ့သွားနောက်လိုက်ညီ……….။
x x x x x
No comments:
Post a Comment