လောကဓမ္မဂျာနယ်
ကျန်ရှိနေတဲ့သက်တမ်းကိုဘယ်လိုနေမလဲ
ကျန်ရှိနေတဲ့သက်တမ်းကိုဘယ်လိုနေမလဲ
ရဝေနွယ်( အင်းမ)
တခါတုန်းကဂျပန်ဘုန်းတော်ကြီးတပါးဟာနန်းတော်ထဲကိုဝင်လာခဲ့ပါတယ် ၊ သူဝင်လာချိန်မှာအ
စောင့်တွေကမတားဆီးလိုက်နိုင်ပါဘူး ၊၊ ဒီတော့ဘုရင်ကြီးဆီတန်းရောက်သွားပါတယ် ၊ဘုရင်ကြီးကလည်း
ဂျန်ပန်ဘုန်းကြီးကိုတွေ့ လိုက်၇တော့ချက်ချင်းပဲမေးလိုက်ပါတယ် ၊
အရှင်ဘုရားဘာအလိုရှိပါသလဲဘုရား
ငါ အိပ်ဘို့ အခန်းကောင်းကောင်းတခုအလိုရှိပါတယ်
အို --- အရှင်ဘုရားနေရာမှားလာပြီ ၊ ဒါတည်းခိုခန်းမဟုတ်ဘူး ၊ နန်းတော်ဘုရား
နေပါဦး မေးပါဦးမယ် မင်ပြောတဲ့ဒီနန်းတော်မှာ မင်းအရင်ဘယ်သူများနေသွားသလဲ
တပည့်တော်အရင်တပည့်တော်အဖေနေသွားပါတယ်ဘုရား အခုတပည့်တော်အဖေမရှိတော့ပါဘူး
မင်းအဖေအရင်ကော ဘယ်သူနေသွားသေးသလဲ
တပည့်တော်အဘိုး နေသွားပါတယ် အခုတော့မရှိတော့ပါဘူး
မင်းအဘိုးအရင်ကော
တပည့်တော် အဘေးနေသွားပါတယ် ဘု၇ား
ဒါများကွာ --- နန်းတော်တဲ့  မင်းအဖေလဲနေပြီးထွက်သွားပြီ ၊ မင်းအဘိုးလဲနေပြီးထွက်သွားပြီ ၊
မင်း အဘေးလဲနေပြီးထွက်သွားပြီ ။ မင်းလည်းနေပြီးထွက်သွားရဦးမယ် ၊ ဒါတည်းခိုခန်းမဟုတ်လို့ 
ဘာလဲကွာ
ဂျပန်ကြီးရဲ့ စကးကြားလိုက်တော့ ဘုရင်ကြီးလည်း တခါမှ မစဉ်းစားဖူးတဲ့ သြော် ငါတည်ခိုခန်းမှာနေနေပါ
လား ဆိုတဲ့ အသိဥာဏ်သစ်တခု လင်းခနဲ ၀င်သွားပါတော့သတဲ့
( ဂျပန်ပုံဝတ္တု )
ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းသော့ပေးမပေးတော့ စာထဲမှာဆက်ပြမထားပါဘူး ၊
ပုံပြင်လေးကတော့ ဒါပါပဲ
တကယ်တော့ဂျပန်ဘန်းကြီးပြောသလိုအားလုံး အားလုံးဟာ တည်းခိုခန်းမှာခေတ္တခဏ၀င်တည်း
နေကြတာပါ အချိန်တန်ရင် သတ်မှတ်ရက်စေ့ ရင် အိမ်ပြန်ကြရမှာပါ ၊
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရဦးမလဲ
လူ့ ဘ၀သက်တမ်းကို ယေဘူယျ ၇၅ နှစ်ပဲထားလိုက်ပါတော့ ၊ အသက် ၄၀ ရှိတဲ့သူတယောက်ဟာတည်း
ခိုခန်းမှာ နောက်ထပ် ၃၅ နှစ်ပဲနေခွင့်ရတော့မှာပါ ၊အသက် ၅၀ ရှိတဲ့သူယောက်ဟာနောက်ထက် ၂၅ နှစ်
ပဲ နေခွင့်ရတော့မှာပါ ၊ အသက် ၆၀ ရှိတဲ့သူတယောက် ဟာ တည်းခိုခန်းမှာ ၁၅ နှစ်ပဲနေခွင့်ရတော့မှာပါ။
လက်ကျန်အချိန်ကနည်းနေပါပြီ ၊ ကျန်တဲ့ အချိန်ကိုယ့်အတွက်သိပ်တန်ဘိုးရှိနေပါတယ် ၊
ဒီအချိန်ဟာ သူတပါးကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဘို့ ကအဓိကပါ ၊
ဒီတော့ ကျန်တဲ့သက်တမ်းကိုဘယ်လိုနေမလဲ ?
ဒီမေးခွန်းကို နေ့ တိုင်း ကိုယ့် ကိုယ် ကိုမေးရမှာပါ ၊
ဒါဆို လူတယောက်ရဲ့ တန်ဘိုးကိုဘာနဲ့ ဆုံးဖြတ်မလဲ ရာထူးဌာနန္တရ ၊ ငွေကြေးဥစ္စာ ၊ ပညာ ၊
အောင်မြင်ကျော်ကြားမှု ၊ အခြံအရံ ဒါတွေနဲ့ တိုင်းတာမလား ၊ တိုင်းတာလို့ မရပါဘူး ၊ လူတယောက်
ရဲ့ တန်ဘိုးကို သီလ ၊ သမာဓိ ၊ ပညာ ၊ ဆိုတဲ့ သိက္ခာ သုံးပါးနဲ့ ပဲတိုင်းတာရမှာပါ ၊ လူတယောက်ဟာ
သိက္ခာသုံးပါးနဲ့ ပြည့် စုံနေရင်တန်ဘိုးရှိနေတာပါပဲ ၊
ရာထူးဌာနန္တရ ၊ ငွေကြေးဥစ္စာ ၊ ပညာ ၊ အောင်မြင်ကျော်ကြားမှု ၊ အခြံအရံတွေတော့ရှိပါရဲ့ ၊ ဒါ
ပေမဲ့ သိက္ခာ သုံးပါမရှိဘူးဆိုရင်တန်ဘိုးရှိတယ်လို့ မဆိုနိုင်ပါဘူး ၊ ရာထူးဌာနန္တရ စသည်တွေလည်းရှိမယ်
သိက္ခာသုံးပါလဲရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ ၊
ဒါကိုထောက်ပြီး ကိုယ့် မှာရာထူးဌာနန္တရ ၊ ငွေကြေးဥစ္စာ ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံ
အရံတွေမရှိပေမဲ့ ဘာမှအားငယ်စရာမလိုပါဘူး ၊ ကိုယ်ရင်ထဲမှာသိက္ခာသုံးပါတည်နေရင် ကိုယ်ဟာတန်
ဘိုးရှိနေတာပါ ၊ ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါတည်အောင်လုပ်ရုံပါပံ ၊
နံနက်အိမ်ယာထ ကိုယ်လက်သန့် စင်ပြီးတာနဲ့ ဘုရားခန်းထဲသွားလိုက်ပါ ၊ ပြီးတော့ငါးပါသီလ
ခံယူလိုက်ပါ ဒါဆို သီလသိက္ခာတည်သွားပါပြီ ၊ နောက် ဂုဏ်တော်ကိုငါးမိနစ် ၊ မေတ္တာကိုငါးမိနစ် ၊ပွါးလိုက်
ပါ ၊ ဒါဆိုသမာဓိသိက္ခတည်သွားပါပြီ ၊ နောက်ဆက်ပြီး ၀ိပဿနာကို ငါးမိနစ်ပွါးလိုက်ပါ ၊ ဒါဆိုရင် ပညာ
သိက္ခာတည်သွားပါပြီ ၊ သိက္ခာ သုံးပါးကိုယ့်ရင်ထဲရောက်သွားတာနဲ့ ကိုယ်ဟာတန်ဘိုးရှိတဲ့သူဖြစ်သွားပါပြီ၊
ခက်သလား ၊ မခက်ပါဘူး ၊ ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ပေးရပါတယ် ၊ ပြီးရင်

င့ါရင်ထဲမှာ သိက္ခာသုံးပါတည်နေရင် ငါဟာတန်ဘိုးရှိနေတာဘဲလို့ 
အသံထွက်ပြီး ၃ ကြိမ်လောက်ရွတ်လိုက်ပါ ၊ နေ့ ခင်းကျရင်တကြိမ်ရွတ်လိုက်ပါ ၊ ညပိုင်းကျရင်တကြိမ်ရွက်
ရွတ်လိုက်ပါ ၊ အသံနဲ့ ပါပူးပြီး ကိုယ့် ကိုယ် ကိုအားပေးလိုက်ပါတာပါ ၊
ကိုယ့်ရင်ထဲသိက္ခာသုံးပါးရောက်တာနဲ့  ကိုယ့်ရဲ့ စိတ်ပါဝါစွမ်းအားတွေလည်း အလိုလိုရောက်လာတာပါ ၊ တရားသံနဲ့ ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ ၊
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာပျော်ပျော်ရွှင်ရွှင်ဖြစ်သွား
တော့တာပါ ၊ သူတပါးမကြည်ညိုတာ ကြည်ညိုတာထက် ကိုယ့်ကိုယ်ကိုကြည်ညိုဘို့ ကအဓိကပါ ၊
အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာလျော့မတွက်ပါနဲ့  အသံထဲမှာစွမ်းအားတွေရှိနေပါတယ်
ဒါကြောင့် တနေ့  သုံး ခါလောက်အသံထွက်ပြီး ရွတ်ပါ ၊ အသံကလဲ ကိုယ့်ရဲ့ စိတ်ဓါတ်တက်ကြွမှုကိုကူညီ
ပါလိမ်မယ် ၊ တခါတလေ အဆင်မပြေမှုတွေကြုံတဲ့အခါပဲဖြစ်ဖြစ် ၊ လောကဓံဆိုးတွေနဲ့ တွေ့ ကြုံတဲ့အခါပဲ
ဖြစ်ဖြစ် အားငယ်စိတ်ဝင်လာရင် ကိုယ့်ရင်ထဲသိက္ခာသုံးပါးတည်အောင်လုပ်လိုက်ပါ ၊ တည်လိုက်တာနဲ့ 
ကိုယ်ဟာတန်ဘိုးရှိတဲ့လူတယောက်ဖြစ်သွားပါပြီ ။ ဒါဆိုဘာမှ အားငယ်စရာမလိုတော့ပါ ၊
တစုံတယောက်က ငါ့ကို မချစ်ဘူး ၊ ဘာဖြစ်လဲ ကိုယ့်မှာသိက္ခာသုံးပါးရှိတယ် ၊
တစုံတယောက်က ငါ့ကို မုန်းနေတယ်ဘာဖြစ်လဲ ကိုယ့်မှာသိက္ခာသုံးပါးရှိတယ် ၊
ငါ့မှာအခြံအရံအသိုင်းအ၀ိုင်မရှိဘူး ၊ ဘာဖြစ်လဲ ငါ့မှာသိက္ခာသုံးပါးရှိတယ် ၊
ငါကအအောင်မြင် ဘူး ၊ ဘာဖြစ်လဲ ငါ့မှာသိက္ခာသုံးပါးရှိတယ် ၊
င့ါမှာကားမရှိဘူး ၊ ဘာဖြစ်လဲ င့ါမှာသိက္ခာသုံးပါးရှိတယ်
ငါမကျန်းမာ ဘူး ၊ ဘာဖြစ်လဲ ငါ့မှာသိက္ခာသုံးပါးရှိတယ်
င့ါမှာငွေကြေးမချမ်းသာဘူး ၊ ဘာဖြစ်လဲ င့ါမှာသိက္ခာသုံးပါးရှိတယ်
လူတယောက်ရဲ့ တန်ဘိုးကို ငွေကြေးဥစ္စာ ၊ အခြံအရံအသိုင်းအ၀ိုင်းတွေနဲ့ ဆုံးဖြတ်တာမှမဟုတ် တာ ၊ သိက္ခာသုံးပါးနဲ့ ဆုံးဖြတ်တာပဲ ၊
အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ် ၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ၊ ဂုဏ်တော်လေးပွါးနေမယ် ၊
အလုပ်နားနေတဲ့ အချိန်တွေမှာလည်းဂုဏ်တော်လေးပွါးနေမယ် ၊ နောက်ဆုံးအိမ်သာတက်ရင်း ဟိုဟို
ဒီဒီတွေးမနေပဲ ဂုဏ်တော်လေးပွါးတက်မယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ သမာဓိတွေဖြစ်နေပါတယ် ၊ တစ်
ယောက်ထည်း လုပ်နေရတဲ့အလုပ်တွေမှာလည်း တက်နိုင်သမျှသတိလေးကပ်ပြီးလုပ်နေမယ်ဆိုရင်လဲ
ပညာသိက္ခာတည်နေတာပါပဲ ၊
ငါ့ ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဘိုးရှိနေတာပဲ ၊ ဆိုတဲ့ အတွေးကလေးကိုတော့
ရင်ထဲမှာသေသေချာချာထည့်ထားရမှာပါ ၊ တက်နိုင်ရင် ကိုယ့်အိပ်ခန်းထဲမှာပဲဖြစ်ဖြစ် ကိုယ်ရဲ့ အလုပ်စား
ပွဲပေါ်မှာပဲဖြစ်ဖြစ် ကိုယ်အမြဲမြင်နေရတဲ့ နေရာမှာ
ငါ့ ရင်ထဲမှာသိက္ခာသုံးပါးတည်နေရင်ငါဟာတန်ဘိုးရှိနေတာပါပဲ
ဆိုတဲ့စာတန်းလေးကိုကပ်ထားပါ ဒါဆိုရင်စာတန်းကိုမြင်တိုင်းမြင်တိုင်း ကိုယ့်ကိုယ်ကို ဘယ်လိုဖြတ်သန်း
ရမယ်ဆိုတာသတိပေးထားပြီးသားဖြစ်နေတော့တာပါပဲ ၊
ကျန်ရှိနေတဲ့သက်တမ်းကိုသိက္ခာသုံးပါးနဲ့ တန်ဘိုးရှိရှိနေသွားရုံပါပဲ ၊
ရဝေနွယ်( အင်းမ ) ၏ စိတ်ညစ်ရင်ရေချိုးပါ စာအုပ်မှ ပထမပိုင်း ကျန်ရှိနေတဲ့သက်တမ်းကိုဘယ်လိုနေမ
ဆောင်းပါးအပုဒ်ကိုကူးယူဖေါ်ပြလိုက်ခြင်းဖြစ်ပါသည် ၊
တင်ပြသူ မောင်သုည
No comments:
Post a Comment