Sunday, 4 July 2010










လောကဓမ္မဂျာနယ်

လောကဓမ္မဂျာနယ်ကို၁၉၉၈ ခုနှစ် မှစ၍ လက်ကမ်းစားစောင်အဖြစ် ဖြန့် ဝေခဲ့ပါသည် ၊ ယခု အဆိုပါဆောင်းပါး
များမှ ကောင်းနိုးရာရာများကို ပြန်လည် ရေးသားဖေါ်ပြထားပါသည်

စိတ်အေးစရာသာသနာ

မတ်ဗုဒ္ဓသာသနာသည်သိမ်မွေ့ နက်နဲသော အဆုံးအမတရားတော်တို့ စုဝေးရာဖြစ်သည် ၊ သစ္စသာသနာပွင့်လင်းထွန်းကားရာလည်းဖြစ်ပါသည် ၊ သာသနာ၌ပန်းတိုင်နှင့်လမ်းကြောင်းရှိသည် ၊ ပန်းတိုင်နှင့်လမ်းကြောင်းသည် သာသနာ၏အရေးကြီးသောအချက်ပင်ဖြစ်၏ ၊ အမြင့်ဆုံးပန်းတိုင်သို့ ရောက်ရန်မှာလမ်ကြောင်းအမှန်ရှိဘို့ တော့လိုလိမ့်မည် ၊ အတွေးအမြင်မမှန်သောလမ်းကြောင်းတို့ ဖြင့်လမ်းချော်ခဲ့သည်ရှိသော် ပန်းတိုင်သို့ ရောက်ရန်မဖြစ်နိုင်တော့ပါ ၊ ဤသာသာနာ၌ နိဗ္ဗာန်သည်ပန်းတိုင်ဖြစ်၍သစ္စာတရားတော်သည်လမ်းကြောင်းအမှန်ပင်ဖြစ်သည် ၊
သစ္စာတ၇ားများသည်လောကအတွင်း၌အမြဲရှိနေပါသည် ။ ရှာဖွေဖေါ်ထုတ်၍ဟောပြောမည့်ပုဂ္ဂိုလ်မရှိသောကြောင့်သာ ရှေးအခါကမထွန်းကားခဲ့ခြင်းဖြစ်သည် ၊ မြတ်ဗုဒ္ဓကဤကမ္ဘာလောကကြီးအတွင်းမှာသတွာတွေနှင့်ယှဉ်တွဲနေသောအမှန်တရားများကိုဖေါ်
ထုတ်ပေးခဲ့သည် ၊
ဗုဒ္ဓကလွဲ၍ လောကသဘာဝအမှန်တရားတော်များကို ဖေါ်ထုတ်ပေးစွမ်းနိုင်သူမရှိပါ ၊ ဗုဒ္ဓပေါ်ထွန်းလာမှသာ မြတ်ဗုဒ္ဓ၏အဆုံးအမသာသနာသည် တချိန်တည်းမှာပေါ်ထွန်းခဲ့သည် ။
လူတို့ သည် ကမ္ဘာကိုပုံစံအမျိုးမျိုးဖြင့်အလှဆင်နေကြ၏ ၊ ငြိမ်းချမ်းမှုကိုရှာနေကြပါ၏ ၊ သူတို့ တတွေအလှဆင်သောပစ္စည်းအားလုံးသည် ရုပ်ဝတ္တုများသာဖြစ်၍ ၊ ရုပ်ဝတ္တုတို့ သည်ပျက်စီးမှုဖြင့်သာအဆုံးသတ်လေ့ရှိသောကြောင့် အလှစင်စစ်မဟုတ်သလိုငြိမ်းချမ်းမှုအမှုအမှန်ကိုလည်း
မရနိုင်ကြပါ ၊ မြတ်ဗုဒ္ဓသာသနာသည်ကမ္ဘာကိုငြိမ်းချမ်းစွာအလှဆင်ဘို့ ပေါ်ထွန်းလာဖြင်းဖြစ်သည် ၊ သသာနာ၌
ခန္တီ ၊ မေတ္တာ ၊ သစ္စာတရားတို့ အပြည့်ရှိသည် ၊ ၄င်းတရားတို့ သည် လူအိုသော်လည်း လူတို့ ခန္ဓာကိုယ်အတွင်း၌
အိုမင်းရင့်ရော်ခြင်းမရှိဘဲ ထာဝစဉ်နုပျိုလန်းဆန်းနေမညဆိုပါက ၊လောကကြီး နုပျိုလန်းဆန်းလှပနေမည်သာ
ဖြစ်သည် ၊
သောက နှင့် အပူများသော ဤကမ္ဘာတွင် အပူသောကနှင့် ဆင်းရဲဒုက္ခတို့ ကိုကင်းဝေးစေရန်မှာ သာသာနာ အ၇ိပ်သို့  ၀င်ရောက်ချဉ်းကပ်နိုင်ဘို့ လိုအပ်ပါသည် ၊ ဝေနေယျသတွာတို့ ၏အပူအရှုတ်ကို ဖြေရှင်း
ပေးနိုင်ဘို့ အတွက် သသာနာပေါ်ထွန်းခဲ့ခြင်းဖြစ်လေရာ ၊ မြတ်ဗုဒ္ဓသာသနာသည်များလုဝေနေယျတို့ ၏ စိတ်အေး စရာသာသနာ ဟူ၍ သာ ယုံကြည်သဒ္ဒါပွါးများကြပါစို့ 

များစွာဒုက္ခရှိနေကြ၍ ဒုက္ခအမှန်လွတ်ဘို့ ရန် လမ်းညွန်သာသနာပေါ်ခဲ့သည်

ဖြစ်ချင်သမျှမဖြစ်၇ဘဲ လွဲရမြဲမို့  ဖြစ်ဘို့ ဧကန်အကြောင်းမှန် လမ်းညွှန်သာသနာ ပေါ်ခဲ့သည်

တကယ့်အရေး တကယ့်ဘေးတွင် ကယ်တင်မဲ့သူမရှိမူ၍ ကယ်မည့်တရား သစ္စာများမှ

ကိုယ့် ကိုယ် စွမ်းအား ကိုယ်ကျိုးစား အောင် လမ်းညွှန်သာသာနာပေါ်ခဲ့သည် ၊


အရှင် ဦးဂုဏိဿရ ( L A )

No comments:

Post a Comment