Sunday, 10 August 2014

ဝါခေါင်လ



ဝါခေါင်


ဝါခေါင်လ
 


ထ    ထက်အာကာဘုံစွန်းက
ေ     တက်ထွန်းလို့ ထိန်ဝါ
သ   ရက်ဝဏ်ေ၇ွှကြယ်မင်း
လ   ဆင်းတဲ့ချိန်ခါ
ေ    လေညှင်းငယ်လာ ၊ သိဟ်ရာသီမို့ 
ရှု    တိုင်းငယ် ဘယ်ညာက
ပ    ပန်းခတ္တာ ၀တ်မှုံကျင်းတယ်
      သင်းပျံ့ လှိုင်လို့ 
(      ဖိုးသူတော်ဦးမင်း )
ဝါေ  ၀ါ ခေါင်လဘွဲ့ ကို ရှေးစာဆိုတော်ကြီး ဖိုးသူတော်ဦးမင်းက အထက်ပါအတိုင်းတို
ရှင်းလိုရင်းစပ်ဆိုထားသဖြင့် ၊ ၀ါခေါင်လကိုမြန်မာမူအရသိဟ်ရာသီခေါ်၍စန်းပြည့်နက္ခ
မှာသရ၀ဏ်နက္ခ့ဖြစ်ကြောင်းသိရှိရသည် ။ ယှဉ်သောတာရာမှာ ဗျိုင်းတာရာဖြစ်ပြီးရာ
ရာသီရုပ်မှာခြင်္သေ့ရုပ်ဖြစ်သည် ၊ ရာသီပန်းမှာခတ္တာပန်းဖြစ်သည် ။
ဝါေ  ခေါင်လသည် မြန်မာပြက္ခဒိန်တွင် ပဉ္စမမြောက်လဖြစ်ပြီး ရက်မစုံလဖြစ်သည် ၊
ဝေဒပညာအရ သိဟ်ရာသီ လို့ခေါ်ဆိုရေးသားကြသည် ၊ “ဝါခေါင်”လို့ ဆိုရာမှာ ဝါတွင်းသုံးလအတွင်း “ဝါခေါင် လပြည့်ကျော် (၁)ရက်ကနေ တော်သလင်း လပြည့်ကျော် (၁) ရက်နေ့ အထိ” ၁ လတာ အချိန်ဟာ ဝါရဲ့ အလယ်ဗဟို ဖြစ်တဲ့အတွက် “ဝါလယ်” ဆိုတဲ့ အနက် အဓိပ္ပါယ်ကို ယူပြီး ရှေ့လူကြီးတွေက ဝါခေါင်လို့ ခေါ်ဆိုကြခြင်းဖြစ်သည်။
ပုဂံခေတ် တွင် ၀ါခေါင်လကို “နံကာ” ဟု ခေါ်ဆို သုံးနူန်းခဲ့သည်ဟုဆရာကြီး ဦးဖိုးလတ်၏ “မြန်မာလ အမည်များ” စာအုပ်တွင်ရေးသာထားပါသည် “နံ” ဆိုတာ “အချိန်အခါ၊ ကာလ” လို့ အဟော ထွက်တဲ့ အကြောင်း၊ “ကာ” ဆိုတဲ့ စာလုံးမှာ “ပြုလုပ်သည်” ဆိုတဲ့ သဘော။ ထို့ကြောင့် ဝါတွင်း ဆောင်ရွက်စရာ ကိစ္စတွေနဲ့ ပတ်သက်သုံးရတဲ့အခါ “ဝါခေါင်”လို့ ခေါ်ကြပါသည် ။ “ဝါခေါင်” နဲ့ အဓိပ္ပါယ် ယူရင် “ ရဟန်းတော်များ ကျောင်း၌ နေရသော မိုးသုံးလ၏ အလယ်လ၊ ဝါလယ်လ” ဟုဆိုရမှာဖြစ်ပါသည်။ “နံကာ” နဲ့ အဓိပ္ပါယ် ယူရင်တော့ “လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်လ” ဆိုရမှာဖြစ်ပါသည်
ဝါခေါင်တွင် အရပ်လေးမျက်နှာ အမြဲတမ်းမိုးသား တိမ်တိုက်တွေ ဖုံးအုပ်နေ တတ်ပြီး ၊ မိုးမရွာတတ်ပါ ၊ ရွာရင်လဲ မိုးကမတိတ် တတ်တော့သမို့ (၀ါခေါင်တကြောင်း ထနောင်း ၊ ကြောင်ခြစ် ဆူးရစ်ပွင့်ခါ ၊ မိုးမရွာ ရွာပါသော်လဲ မိုးမစဲလို့ ) ဆိုစမှတ်ပြုကြပါသည်
ဝါခေါင်လသညမိုးဥတုသို့ကောင်းစွာကျရောက်ပြီဖြစ်သဖြင့်မိုးဖြိုင်ဖြိုင်ရွာသောလဖြစ်သည် မြစ်များ ချောင်းများ ကန်များတွင်ရေများပြည့်လျံသောလဖြစ်သည်
ဆ    ရေလျံခဲ့ရာမင်းသုဝဏ်က
ဝါ     ၀ါဆိုဝါခေါင်ရေတွေကြီးလို့ ၊ သပြေသီးမှည့်ကောက်စို့ ကွယ်
ခ     ခရာဆူးခြုံဟိုအထဲက ၊ မျှော့နက်မဲကြီးတွယ်တက်တယ်
ေ     မျှော့နက်ဆိုတာ ဂျိုနဲ့ လားကွဲ့  ၊ မြွေနဂါးတောင်မကြောက်ဘူးကွယ်
တို    ငါ့ လဲကြောက်ပေါင်အတူသွားစို့  ၊ အုန်းလက်နွားလေးထားခဲ့မယ်
       သွားကွယ် ၊ သွားမယ် ၊
ဟု    စပ်ဆိုထားသော ကလေးကဗျာလေးမှာ ၀ါခေါင်လတွင်ခလေးများရေကြီးလို့ 
ပျော်ရွှင်ကြပုံကိုပေါ်လွင်စေပါသည် ၊
မြန်   မာလများသည် ဗုဒ္ဓနှင့်ဆက်သွယ်မှုတခုတခုတော့ရှိစမြဲဖြစ်သည် ၊ ၀ါခေါင်လ
တွင် ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားသော အဖြစ်အပျက် နှစ်ခုရှိပါသည် ။ တခုမှာ
မြတ်ဗုဒ္ဓသည် မေတ္တာသုတ်ကို စတင်ဟောကြားသောလဖြစ်ပြီး ၊ နောက်အဖြစ်အပျက်
တခုမှာ စာရေးတံမဲအလှူပွဲဖြစ်သည် ၊
မေ   မေတ္တာအခါသမယ ၀ါခေါင်လ
ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ၊ ရဟန်း ၅၀၀ တို့ သည်ဘုရား
ထံမှ ကမ္မဋ္ဌာန်းတရားယူပြီးနောက် တောအုပ်တခု အတွင်းသို့ ဝင်ရောက်၍ ၀ါဆိုဝါကပ်
ပြုတော်မူကြသည် ၊ ရဟန်းများ သစ်ပင်ဝါးပင်များအောက်တွင် ၀င်ရောက်သီတင်းသုံး
ကြသောအခါ ၊ သစ်ပင်စောင့်နတ်များ နှင့် ရုက္ခစိုးနတ်တို့ မှာရဟန်းများ၏သီလတန်းခိုး
ကြောင့် မိမိတို့ နေရာသစ်ပင်များတွင် မနေနိုင်ဖြစ်ကြခါ၊ရဟန်းတို့ ကို အသံအမျိုးမျိုးတို့ 
ဖြင့်မနေနိုင်အောင်ခြောက်လှန့် ကြကုန်၏ ၊ရဟန်များလဲရုက္ခစိုးနတ်များ၏ခြောက်လှန့်
       မှုများကြောင့် တရားကိုကောင်းစွာအားမထုတ်နိုင်သောကြောင့် ၀ါတွင်းမှာပင်မြတ်စွာ
ဘုရားသီတင်းသုံးနေရာဖြစ်သောသာဝတ္တပြည်ဇေတ၀န်ကျောင်းသို ပြန်ကြွသွားကြရ လေသည်။
ဤမကြောင်းကိုမြတ်စွာဘုရားအားလျောက်ထားသောအခါ
မြတ်စွာဘုရားကတောတွင်းနေထိုင်သောရုက္ခစိုးနတ်အပေါင်းတို့အား မေတ္တာပို့
ပေးရန်တွက် မေတ္တာသုတ်ကိုဟောတော်မူပြီး၊ မေတ္တာလက်နက်ကိုယူဆောင်ပြီးတော
အုပ်သို့ ပြန်သွးကြရန်တိုက်တွန်းလေသည်၊
ရ     ရဟန်းများတောအုပ်သို့ ပြန်ရောက်ပြီး မေတ္တာသုတ်ကိုရွတ်ဆိုသောအခါ ၊ ရဟန်း
များ၏မေတ္တာဓါတ်ကြောင့် နတ်များကချစ်ခင်နှစ်သက်လာကြသဖြင့် တရားကိုကောင်း
စွာအားထုတ်နိုင်ခဲ့ကြသည် ၊ ရဟန်း ၅၀၀ တို့ သည် ထိုတောအုပ်အတွင်းမှာပင် ဒုတိယ၀ါကပ်တော်မူကြပြီးမေတ္တာာဘာဝနာကိုပွါးများ၍၀ိပဿနာတရားကိုအားထုတ်သောအခါ ၀ါမကျွတ်မှီ ရဟန်း ၅၀၀ စလုံး ရဟန္တာများဖြစ်တော်မူကြပါသည် ၊
· ရဟန်း ၅၀၀ ကိုအကြောင်ြး့ပု၍ ၀ါတွင်းကာလတွင်မေတ္တာသုတ်ကိုဟော တော်မူခြင်း
· ရဟန်း ၅၀၀ တို့ တောအုပ်သို့ ပြန်၍ ၀ါခေါင်လတွင်းတွင် ပစ္ဆိမ၀ါကပ်တော်
မူခြင်း စသောအကြောင်းများကြောင့် ၀ါခေါင်လတွင် မေတ္တာအခါတော်နေ့ 
အထိမ်းအမှတ်ပွဲများကျင်းပလေ့ရှိကြပါသည် ၊
ဝါခေါင်လ နှင့် စာရေးတံမဲ
ဝါ      ၀ါခေါင်လ သည် မိုးဖြိုင်ရွာသွန်းသောလဖြစ်သဖြင့် လယ်သမားများ အလွန်အလုပ်
 များသောလဖြစ်သည် ၊ လယ်ထွန် ၊ ပျိးကြဲပြီပျိုးနှုတ်ကောက်စိုက်သောအချိန်ဖြစ်သည်
ထိုအချိန်တွင် ၀မ်းစာစပါးများကုန်ုလုစဲဖြစ်နေပြီး ၊ အသစ်ထွက်စပါးများကလဲ မပေါ်သေးသဖြင့် တခါတရံ အစာရေစာမလုံလောက်မှုနှင့်ကြုံတွေရတတ်လေသည် ၊
       ဘုရားရှင်လက်တော်တွင် ဝေရဉ္စာမြို့ သည်အစာရေစာရှားပါ၍အသက်မွေးမြူရန်ခက်
ခဲသောအဖြစ်နှင့်ကြံတွေနေစဉ်ဖြစ်သည်၊
ဤသို့အခက်အခဲနှင့်ကြုံတွေနေချိန်တွင်ရဟန်းတော်များလဲဆွမ်းခံရန်ခက်ခဲသည်
လူတို့ စားနပ်ရိက္ခာမလုံလောက်သောကြောင့် ရဟန်းများ ဆွမ်းကို စာရေးတံမဲချ၍ သုံးဆောင်ခဲ့ရသည် ၊ စာရေးတံမဲဆိုသည်မှာရာရှင်စံနစ်ဖြင့်အစားအစာကိုမျှတ၍သုံး
သုံးဆောင်ရသောစံနစ်ဖြစ်သည် ၊
ဤ်   ကို သကာလဘတ္တခေါ် စာရေးတံမဲ စရေးတံ ဆွမ်းဟု ခေါ်သည် ၊
စာရေးတံဆိုသည်မှာ စာအမှတ်အသားပါသော ၀ါးခြမ်းပြားတခုသာဖြစ်သည် ၊
မျ    မျက်မမြင် စာမတက်သူတယေက်ကနှိုက်၍ပေါက်သောဝါးခြမ်းတွင်ပါသောသံဃာ
ကိုသာပင့်ဆောင်ရသည် ၊ ဤအလှူ မျိုးကား သံဃာတော်ကို တကာတကာမတို့က ဆွမ်းပင့်သောအခါ မည်သည့်သံဃာကိုရည်ရွယ်၍ပင့်ဖိတ်၍မရစကောင်း မိမိစာရေး
တံကျသောသံဃာကိုသာပင့်၍ဆွမ်းကပ်ရသည် ။
ဝါခေါင်လနှင့် မဟာဒုတ် အလှူ
မ     ဟာဒုတ်မှာ သူဆင်းရဲလယ်သမားဖြစ်သည် ၊ ဆင်းရဲလွန်းသောကြောင့် ၀မ်းရေးကို
အနိုင်နိုင် အသက်မွေးနေရသောလင်မယားနှစ်ယောက်ဖြစ်သည်၊တခုသောဝါခေါင်လ တလတွင် မဟာဒုတ်တို့ ရွာမှ ဘုရားရှင်နှင့်သံဃာတော်များဆွမ်းလှူရန်အလှဲ့ကျသည်
တအိမ်တပါးစီတာဝန်ယူရမည်ဟုသတ်မှတ်သောကြောင့် ၊ မဟာဒုတ်တို့ လင်မယား
လည်းသံဃာတပါးကိုတာဝန်ယူ၇မည်ဖြစ်သည်မဟာဒုတ်လင်မယားသည်ဆင်းရဲသော်လည်း သံဃာတပါးကိုတော့ဆွမ်းတနပ်ရအောင်လှုမည်ဟုစိတ်ဆုံးဖြတ်လိုက်ပြီး ၊
အလုပ်ကိုကျိုးစားလုပ်ကိုင်ကြ၏ ၊ ယောက်ျားလုပ်သူကလယ်လုပ်ရာတွင်သီချင်းတအေးအေးနှင့်ဆွမ်းကပ်ရတော့မည်
ကိုပျော်နေ၏။မယားလုပ်သူလဲဆန်ထောင်းရာတွင်သီချင်းလေးတအေးအေးနှင့်ပျော် နေ၏ ၊
သံဃာတော်တို့ အားဆွမ်းပင့်ရမည့် တွင်ရွာသူရွာသားအသီးသီးသံဃာတပါးစီ
သူ့ ထက်ငါဦးအောင်ပင့်ဆောင်သွားကြသောကြောင့် မဟာဒုတ်တို့လင်မယားတွက်
သံဃာကုန်နေပြီဖြစ်သည် ။ ကံအားလျော်စွာ ဘုရားရှင်တပါးထဲသာကျန်တော့သည်
မဟာဒုတ်လဲ အရဲစွန့် ပြီး အရှင်ဘုရား၏သပိတ်တော်ကိုတပည့်တော်အားချီးမြှောက်
ပါရန်လျောက်ထားသောအခါမြတ်စွာဘုရားကမဟာဒုတ်လက်သို့သပိတ်ကိုပေးအပ်
လိုက်လေသည် ၊ မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏သပိတ်ကိုရသွား
သည်ကို သူဌေးသူကြွယ်များကမြင်သောအခါ အို မဟာဒုတ် သင့်အားရွှေငွေဥစ္စာအ
မြောက်အများပေးပါမည် သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေးပါဟုပြောကြသော်လဲ 
မဟာဒုတ်က မိမိ      ၏သဒ္ဒါကို အသပြာနှင့်မလဲနိုင်ဟုဆိုကာ မြတ်စွာဘုရားအားအိမ်သို့
ပင့်သွား၏ ၊ မြတ်စွာဘုရားဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရားဟော
သောအခါတွင် မဟာဒုတ်တို့ ဇနီးမောင်နှံနှစ်ဦးသောတပန်တည်ကြလေသည် ၊
ဇ      ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဒါထက်သန်စွာကျိုးစားအားထုတ်နေသည်ကို
စောင့်ကြည့်နေသော သိကြားမင်းက မဟာဒုတ်တို့နေအိမ်ပေါ်သို့ရတနာမိုးကြီးရွာ သွန်းချလိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည်နေ့ချင်းညချင်းချမ်း
သာသွားကြလေသည် ၊
       မဟာဒုတ်ကိုအကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့်အလှူပွဲမျိုးကို
ပြုလုပ်လာကြလေသည် ၊

မောင်သုည
ဝါေ  ၀ါ ခေါင်လ အတွက် ဖျော်ဖြေဘို့ေ၇ွးထားတဲ့သီချင်းကလေးကတော့
ဆ    ၀ါဆိုဝါခေါင်ရေတွေကြီးလို့
ခုမ



ဟေမာနေ၀င်- ရွှေမိုးကလေးကညိုတယ်



အ  အကိုးအကားပြုသောစာအုပ်များ
၁၊   မောင်ထင် မြန်မာ့၁၂ လအကြောင်း
၂၊   ဒေါ်ခင်မျိုးချစ် - ဆယ့်နှစ်လရာသီပန်းများနှင့်ပွဲတော်များ
၃၊   ၁၁-၈-၂၀၀၆ နေ့ ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဆောင်းပါရှင်
ရွှေ  ဘိုသီရိမာရေး- ၀ါခေါင်နှင့်စာရေးတံ
၎၊    ၈-၈-၂၀၀၅ နေ့ ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဆောင်းပါးရှင်
      ဦးကျော်စိန် ( မန္တလေး ) ရေး မေတ္တာအခါသမယ ၀ါခေါင်လ

No comments:

Post a Comment