တောင့်တမှု
နဲ့ ကြောင့်ကျမှု
ဆုတောင်းလေးပြင်လိုက်ကြရအေင်
မတောင့်မတမကြောင့်မကျဘဲနဲ
့လိုရာဆန္ဒပြည့်ဝကြပါစေတဲ့
လူတိုင်းမှာတောင့်တမှုတွေအများကြီးရှိတယ်၊မရသေးလို့တောင့်တကြတာရပြိးရင်တော့ဘယ်တောင့်တကြမလဲ၊ဒါကြောင့်ဆုတောင်းတဲ့အခါ/
မတောင့်မတ/မကြောင့်မကျဘဲလိုရာဆန္ဒပြည့်ဝကြပါစေ
လို့ဆုတောင်းကြတယ်၊
လူကြီးတွေကလဲမတောင့်မတမကြောင့်မကျဘဲနဲ
့လိုရာဆန္ဒပြည့်ဝကြပါစေတဲ့
ပေးတဲ့သူနဲ့ယူတဲ့သူအတိုင်အဖေါက်ညီရဲ
့လား
တောင့်တမှုဆိုတဲ့တရား
နဲ့ ကြောင့်ကျမှုဆိုတဲံ့တရားကိုနဲနဲလေ့လာကြည့်ကြရအောင်
တောင့်တတယ်ဆိုတာ- လိုချင်တာ၊ရချင်တာ-(လောဘ )
ကြောင့်ကျတယ်ဆိုတာ- စိုးရိမ်တာ၊ပူပင်တာ ( သောက )
မရလို့တောင့်တကြတယ်၊ရပြိးရင်ဘာလုပ်မလဲဆိုတော့
ရထားတာလေးတွေကိုပျောက်ပျက်သွားမှာစိုးလို့-ကြောင့်ကျမယ်၊
( အော်ဒါကြောင့် မရှိတောင့်တ / ရှိကြောင့်ကျလိုဆိုထားတာကိုး )
တကယ်တော့လူတိုင်းသတိမထားမိတာက၊
ကိုယ်တောင့်တာတာတွေကို ပိုင်လိမ့်မယ်ထင်လို့တောင့်တနေကြတာ၊
ကြောင့်ကျတာက ကော တောင့်တလို့ရလာတဲ့ဟာတွေကို
ဆိုင်တယ်ထင်လို့ကြောင့်ကျနေတာ
ပိုင်မယ်ထင်လို့တောင့်တတာ ၊
ဆိုင်တယ်ထင်လို့ကြောင့်ကျတာ
တောင့်တလို့ရလာတာတွေကို-ကိုယ်ပိုင်မယ်ထင်နေကြတယ်
တောင့်တလို့ရလာပြန်တော့လဲ
ရလာတာတွေကို ကိုယ်ဆိုင်တယ်ထင်လို့ကြောင့်ကျနေကြတာ
ပြန်ပြိးစမ်းစစ်လိုက်တော့
-
ဘယ်သူ့အတွက်တောင့်တာလဲ
(
ငါ့ )အတွက်-ဘယ်သူကြောင့်ကျတာလဲ
-
( ငါ
)ကြောင့်ကျတာ
ဒါဆိုအတ္တဒိဋ္ဌိပါနေပြိ
ငါဆိုတဲ့ခန္ဓာကြီးက(နဂိုထဲကိုးကကိုယ်ပိုငိကိုယ်ဆိုင်တာမှ
မဟုတ်တာ )
ဒီခန္ဓာကြီးထာဝရတည်မြဲပါစေကျန်းမာနေပါစေချမ်းသာနေပါစေလို့ဆုတောင်းထားလို့ရသလား
မအိုပါစေနဲ့မနာပါစေနဲ့-မသေပါစေနဲ့လို့တားထားလို့ရပါ့မလား၊
အိုမှာနာမှာသေမှာကိုစိုးရိမ်ပြိးကြောင့်ကျနေလို့ကောရမလား
၊
ကိုယ်ရထားတဲ့ခန္ဓာကိုယ်ပိုင်ကိုယ်ဆိုင်မှမဟုတ်တာ
အနတ္တခန္ဓာကိုအတ္တလုပ်ပြိးတောင့်တနေကြတယ်၊
ဒီတစ်သဘောကိုကောင်းကောင်းသဘောပေါက်ရုံနဲ့
အတ္တဒိဋ္ဌိပြုနိုင်ပါတယ်
ဒါဆိုရင်-တောင့်တမှုမရှိ၊ကြောင့်ကျမှုမရှိတဲ့ဘ၀ဆိုတာဘာလဲ၊
ဘာကိုမှတောင့်တမှုမရှိရင်-ဘာကိုကြောင့်ကျစရာရှိမှာလဲ
တောင့်တတယ်ဆိုတာလိုချင်လို့တောင့်တတာပေါ့
မပိုင်မှန်းမဆိုင်မှန်းသိရင်-လိုချင်တာလဲမရှိ-တောင့်တစရာလဲမရှိ
ကြောင့်ကျစရာလဲမရှိတော့ဘူးပေါ့
ဒါဆိုရင်ဆုတောင်းလေးပြင်လိုက်ကြရအောင်
မတောင့်တရပါစေနှင့်မကြောင့်ကျရပါစေနှင့်ဒီအလိုဆန္ဒပြည့်မြောက်ပါစေ
လို့ဆိုရင်မကောင်းဘူးလား
မောင်သုည
26-August-2014
ဝန်ခံချက်
ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏တရားတစ်ပုဒ်ကိုမှီုငြမ်းပါသည်
No comments:
Post a Comment