ဝဿန်ခါဦး
Lyric typing by Khin Haw on Wednesday, October 22, 2014 at 8:38am
တေးပြုစာဆို ဂီတနက်သန် ကိုစောညိမ်း

တေးသံရှင် မောင်မောင်ညွန့် - https://soundcloud.com/khinthidakhin/wathan-kharoo
မိုးဦးသစ်ခဲ့ပြန်ပြီ ပြာပြာဝေဆိုင်း အုံ့ကာသာပဲ မှိုင်းတလဲ့လဲ့
သိုင်းဖွဲ့ ရွှေပစ္စုန်မည် ပြိုမလိုဟန်နဲ့ တိမ်ညိုပြိုင်းပြိုင်း ဆိုင်းသွဲ့ဝေရီ
မြစိမ်းစို ဖက်မန့်ပြေ စုံညီနံ့မာန် မြိုင်မဟီ မှုံသင်္ဂီရင့် ပင်ယံကြွင်း ပန်တော်မီ ပိတောက်ကျန်ညှာချီ ရာသီခါလင့် ဝင့်ဝါသင်းလို့ တဝင်းဝင်းကြွေသက် တညှင်းညှင်းခြွေလျက် လွမ်းပိုအောင် တောင်ပြန်လေသွေး စက်၍အေးတော့သည်
မာန်တင်းဖန်ဆင်းဖွဲ့ကာ ဝဠာဘောင်ညိုပြေ နဂိုနေတိမ်ပန်းချီ ပုံမခြား ဂဠုန်နဂါး ပြေးလွှားဟန်သည် ဆေးစပ်မိလေပြီ မှင်ခိုးလဲ့ရီ ခိုပြာနီလာညိုလွှာရင့်နဲ့ မကန်းတောင်တိမ်မြင့် လွင့်ကာဝေပြီ အမ္ဗုန်မောင်က သည်းကျွမ်းလုအောင် ခင်းတော့သည်
ဗျူဟာဆင်ဖြန့် စစ်အင်ငြိမ်းမည် အာကာပြင်နှံ့ တိမ်နှင်ကာမည်
တိမ်လှိုင်း ဝိုင်းရံအုံ့ချည် သနားမစာနာငဲ့ တရားညှာတာမဲ့ ပူအောင်ဖန်မည် မာန်မငြိုပါနဲ့ အလိုလိုမအေး ရွှေရင်မှာပူ ငိုချင်ဆွေးပေါ့ ဝေးလေဖော်မဲ့ တစ်ကိုယ်ရည်လွမ်းခဲ့ပြီ သြော် လွမ်းရ ဝသန်ရာသီ မိုးနတ်ဆွေရဲ့ ဒီမောင် ချစ်ရေး မညီ

soundcloud.com|By khinthidakhin
No comments:
Post a Comment