Friday 29 October 2010

လောကဓမ္မဂျာနယ်


လောကဓမ္မဂျာနယ်


ဒုလ္လဘတရား (၅) ပါး

ဗုဒ္ဓပွင့်ရာ၊ ခေတ်အခါ၌
လူလာဖြစ်ရ၊ ရခဲစွရှင့်။
ဗုဒ္ဓသာသနာ၊ ယုံကြည်တာလည်း
မှန်စွာမလွဲ၊ လွန်ရခဲ၏။
ဖန်ဝါသင်္ကန်း၊ ဝတ်ဆင်မြန်းသည့်
ရဟန်းဘဝ၊ ရခဲလှပေ။
တထွေသူမြတ်၊ ဟောကြားအပ်ထ
သဒ္ဓမ္မကို၊ နာရခဲစွ
မမေ့ကြနှင့်၊ ဗုဒ္ဓဆုံးမ နေ့စဉ်တည်း။
အရှင်ဣန္ဒက

လောကမှာရခဲလှတဲ့အရာတွေရှိပါတယ်ဘုရားပြောတဲ့ရခဲခြင်း(၅)မျိုးမှာ

(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရားပွင့်သောကာလနှင့်ကြုံကြိုက်ခဲခြင်း၊
(၂) မနုဿတဘာဝ ဒုလ္လဘ = လူ့ဘ၀အဖြစ်ကိုရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊
(၄) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရား(မှန်ကန်သောသစ္စာတရား)ကို
အလွန်ကြားနာရခဲခြင်း၊ တို့ဖြစ်ကြပါတယ်။
(၅) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ = ရဟန်းအဖြစ်၊ရဟန်းဘ၀ကိုရခဲခြင်း၊
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရားပွင့်သောကာလနှင့်ကြုံကြိုက်ခဲခြင်း၊
ဘုရားသာသနာနှင့်ကြုံိုကိုက်ခဲခြင်း

ဘု၇ားတဆူ ဆူပွင့်ဘို့ရန်အတွက် ၄ သင်္ချေနှင့်ကမ္ဘာတစ်သိန်း ၈ သင်္ချေနှင့်ကမ္ဘာတစ်သိန်း ၁၆ သင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာတော့မှတဆူ ပွင့်ကြတာဖြစ်ပါတယ် ၊
ဘုရားတဆူနှင့်တဆူအကြားတွင်သတ္တ၀ါတခု တခု၏အလောင်းများအရိုးများကို
ပုံထားမယ်ဆိုလျင် တယူဇနာ ( ၁၃ ) မိုင်အမြင့်ရှိလောက်တယ်လို့ဆိုပါတယ်၊အရိုးမရှိ
သောတီကောင်ပက်ကျိလိုဘ၀မျိုးထဲ့မတွက်သေး ပါ၊ဒါကြောင့်ဘုရားတဆူနှင့်တဆူ
အကြားတွင်သေခဲ့ရသည့်အကြိမ်မည်မျှများမည်ကိုမှန်းဆကြည့်နိုင်ပါသည် ၊
ကမ္ဘာတိုင်းတွင် ဘုရားပွင့်ရိုးထုံးစံမရှိဘဲဤဘဒ္ဒကမ္ဘာမှာသာလျှင်ဘုရားပွင့်ရိုးထုံးစံရှိပါသည် ယခုဘဒ္ဒကမ္ဘာတွင် ဘု၇ား ၅ ဆူပွင့်မည်ြ့ဖစ်သည်၊ကျွန်ပ်တို့သည်အလွန်ကြုံခဲလှသော ဂေါတမမြတ်စွာဘုရားသာသနာနှင့်ကြုံကြိုက်နေသည့်အတွက်ရခဲသောကာလနှင့်ကြုံကြိုက်
နေသည်သဘောပေါက်ထားရပေမည်၊ ( သို့သော်ပွင့်တော်မူပြီးသောဘုရားများ၏အရေ
အတွက်မှာ အင်္ဂါမြစ်ထဲမှသဲပွင့်အမျှပွင့်ခဲပြီးပြီဟုဆိုသည် - ကျွနုပ်တို့သည်ထိုဘုရားအဆူဆူ
နှင့်လွဲခဲ့ပြီးဖြစ်သည်၊ယခုဂေါတမမြတ်စွာဘုရားပွင့်သည်အချိန်တွင်လူ့ဘ၀မရလိုက်သော်
လဲ သာသနာတော်နှင့်တော့ကြုံနေသေးသည် ရခဲလှလေစွတကား ရထားတွဲကြီးကိုနောက်ဆုံး
တွဲကလေးမှလိုက်နိုင်သေးသည်ဟုဆိုနိုင်ပါသည် )
(၂) မနုဿတဘာဝ ဒုလ္လဘ = လူ့ဘ၀အဖြစ်ကိုရခဲခြင်း၊
လူ့ဘ၀ ရဘို့ရန်အတွက်အလွန်ခဲရင်းသည်၊မြတ်စွာဘုရားကနတ်ပြည်ကအပ်တစင်း
ပြစ်ချလိုက်လို့ လူ့ပြည်ပအပ်တစင်း ထိချင်ထိနိုင်သည်လူတယောက်သေပြီးလူ့ဘ၀ပြန်ဖြစ်
အလွန်ခဲရင်းသည် ၊ နောက်တမျိုးဥပမာပင်လယ်တွင်းတွင်လိပ်ကန်းကြီးတကောင်ရှိသည်
လိပ်ကန်းကြီးသည် အနှစ် ၁၀၀ မှ တကြိမ်ရေပြင်ပေါ်တက်၍အသက်ရှူလေ့ရှိသည်၊ပင်လယ်
ထဲတွင်လည်း အပေါက် တစ်ပေါက်ထဲရှိသော သစ်တုံးကြီး တစ်တုံးကမြောနေသည်။ထိုသစ်
တုံးကြီး၏အပေါက်တွင်အနှစ်၁၀၀မှတခါတက်လာသောလိပ်ကန်းကြီး၏ဦးခေါင်းစွပ်မိချင်
စွပ်မိနိုင်မည်၊လူဘ၀ရဘို့ရန်ထို့ထက်ပင်ခက်ခဲသည်ဟုဆိုပါသည် ၊
မြတ်စွာဘုရားကလက်သဲခွန်ပေါ်တွင်မြေမုန့်ကိုတင်ပြီးရှင်အနန္ဒာအားမေးသည် ၊
ရှင်အနန္ဒာငါ၏လက်သဲပေါ်ရှိမြေမှုံနှင့်မဟာပထ၀ီမြေကြီးပေါ်ရှိမြေမှုံအဘယ်ကများသနည်း
ဟုမေးသောအခါရှင်အနန္ဒာက မဟာပထ၀ီမြေကြီးပေါ်ကမြေမှုံကများပါသည်၊အရှင်ဘုရား
လက်သဲပေါ်ကမြေမှုံများမှာဘာမျှပြောပလောက်စရာမရှိပါဟုပြန်လျှောက်သောအခါ ၊
ဟုတ်တယ်ငါ့ရှင်အာနန္ဒာလူသေပြီးလူ့ဘ၀ပြန်ရသောဦးရေမှာငါ၏လက်သဲခွံပေါ်
ကမြေမှုံလောက်သာရှိသည်၊များသောအားဖြင့်အပါယ်သို့သာရောက်ကြသည်ကများသည်
လို့မိန့်ကြားတော်မူပါတယ် ၊
( သတ္တ၀ါတို့၏အမြဲနေအိမ်သည်အပါယ်ငရဲသာဖြစ်သည်၊ယခုလူ့ဘ၀ရရှိခြင်းသည်
ခဏသာမျှသာဖြစ်သည်။ကောင်းကင်လျပ်စီးလက်သလောက်သာကြာသည်၊
အပါယ်ငရဲမှာသာအနေများကြသည်ဟုဆိုလိုရင်းဖြစ်ပါသည် )
ထို့ကြောင့် ယခုရနေသောလူ့ဘ၀သည်အလွန်ရတာင့်ရခဲရှိထားခြင်းဖြစ်သဖြင့် အချိန်
ကိုအလဟသမဖြုံးတည်းပစ်ဘဲနောက်ဘ၀အပါယ်ခန္ဓာလွတ်အောင်ကျိုးစားသင့်ကြပေသည်
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊
အလှူအတန်းပြုလုပ်ရာတွင်ထောင်ချီသိန်းချီ၍လှူခြင်းမျိုး၊နေ့စဉ်သံဃာတော်
အရှင်သူမြတ်များကို ဆွမ်းလောင်းမှုအလှူခံပုဂ္ဂိုလ်များထိုထိုအား လှူတန်းရုံမျှဖြင့် မိမိသဏ္ဍာန်တွင်သဒ္ဓါတရားပြည့်စုံပြီဟုမဆိုသည်မဟုတ်ပါ ၊
ဘုရားအပေါ်မှာယုံကြည်မှုသဒ္ဓါ၊တရားအပေါ်မှာယုံကြည်မှုသဒ္ဓါ၊သံဃာအပေါ်မှာ
ယုံကြည်မှုသဒ္ဓါတရားနှင့်ပြည်စုံခြင်းကိုသဒ္ဓါတရားနှင့်ပြည်စုံဟုဆိုပါသည်၊ ဤလိုသဒ္ဓါတရားဖြင့်ပြည်စုံရန်အလွန်းခဲရင်းပါသည် ၊
ဤအချက် ၃ ချက်တွင် တရားအပေါ်တွင်ယုံကြည်မှုသဒ္ဓါသည်အဓိကဖြစ်သည် ၊
မြတ်ဗုဒ္ဓဟောကြားထားသောတရားများကို နားကြားပြီ ခန္ဓာတွင်ကြည့်သောအခါဟုတ်သည် မှန်သည်ဟုဥာဏ်ဖြင့် တကယ်ဆုံးဖြတ်နိုင်သောအခါ၊ဘုရားအပေါ်တွင်ယုံကြည်မှုသဒ္ဓါဖြစ်
ဖြစ်ပေါ်လာပါသည် ၊
သဒ္ဓါမရှိသူသည်ဗုဒ္ဓသာသနာတော်နှင့်ကြုံကြိုက်နေပါသော်လည်း ကုသိုလ်ပြုခွင့်မရချေ။လက်မရှိသောသူသည်ရွှေတောင်ပေါ်ရောက်နေသော်လည်း ရွှေတုံးများကိုမကောက်ယူနိုင်သကဲ့သို့ပင်ဖြစ်သည်။ထို့ကြောင့်
ဤလောကမှာ လူ့ဥစ္စာ၊ သဒ္ဓါအမြတ်ဆုံးတည်းဟု ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါသည်။ သူတော်ကောင်းဥစ္စာ(၇)ဖြာတွင်လည်းသဒ္ဓါတရားသည်အခြေခံကျဆုံးအဖြစ်ပါဝင်သည်။ ပစ္စည်းဥစ္စာမွဲလျှင်လူဆင်းရဲမခေ၊သူတော်ကောင်း ဥစ္စာမရှိသောသူကိုသာလျှင် တရားများ ခေါင်းပါးသူကံမွဲ၊ဉာဏ်မွဲလူဆင်းရဲဟုခေါ်ဆိုပါသည်။
(၄) သဒ္ဓမ္မသ၀နအတိဒုလ္လဘ = သူတော်ကောင်းတရား(မှန်ကန်သောတရား)ကို
အလွန်ကြားနာရခဲခြင်း၊တို့ဖြစ်ကြပါတယ်။
သူတော်ကောင်းတရား( မှန်ကန်သောတရား )ကိုအလွန်နာကြား၇ခဲသည်ဆိုသော
အချက်ကိုရှင်းလင်းပါမည် ၊
ယခုခောတ်ယခုအခါတွင်ဆရာတော်သံဃာတော်များကသည်ဗုဒ္ဓဟောကြားထားတော် မူခဲ့သောတရားများတော်များကိုနေရာတိုင်းတွင်ပြန်လည်တဆင့်ဟောကြားဆုံးမလျက်ရှိနေ
သောကြောင့် သူတော်ကောင်းတရားကြားနာရန်ခက်ခဲသည်ဆိုသည့်အချက်ကိုတချိ့ကလက်ခံ
နိုင်မည်ဟုတ်ပေ ၊
ဤအချက်ကို မိုးကုတ်ဆရားတော်ဘုရားကြီးဆုံးမဟောကြားသောတရားများအရဆို
လျင်ဆရာတော်ကြီးကလူ့ဘ၀ရခိုက်၊သာသနာနှင့်လဲကြုံ၊မိမိတွင်ထောင်နိုင်တဲ့ဥာဏ်နား
ပါရှိမယ်ခန္ဓာထဲဥာဏ်လှည့်လိုက်တဲ့အခါမှာခန္ဓာအရှိနဲ့ဥာဏ်အသိကိုက်ခဲ့ရင်ဒီဘ၀တရား
ရနိုင်ပါတယ်လို့ဟောထားပါတယ် ၊
မှန်ပါသည်မိမိတွင်ထောင်နိုင်သောဥာဏ်နားပါရှိဘို့အလွန်ခဲရင်းပါသည် ၊
ဘုရားရှင်လက်ထက်ကမြတ်စွာဘုရား၏တရားအဆုံးတွင် မည်သူသည်သောတပန်
တည်သွားသည်၊ မည်သူသည်ရဟန္တာဖြစ်သွားသည်ဆိုသည်မှာမိမိတွင်ထောင်နိုင်သော
ဥာဏ်နားပါရှိသူများသာ တရား၏အနက်အဓိပါယ်ကိုသိပြီးခန္ဓာအရှိနှင့်ဥာဏ်အသိကိုက်
သွားသောကြောင့်သာဖြစ်ပါသည် ၊
ဤသည်ကိုမျှော်တွေးလို့စာဆိုကျော်ပညာရှိစလေဦးပုညက
ယခုခါမူ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှုင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။
ဟုစပ်ဆိုခဲ့သည်ကိုဓမ္မသံဝေဂယူကြပါကုန်။
.
(၅) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ = ရဟန်းအဖြစ်၊ရဟန်းဘ၀ကိုရခဲခြင်း၊

ရဟန်းဘ၀ရခဲခြင်းဆိုသည်အချက်ကိုတော့ အထူးရှင်းလင်းနေစရာလိုမည်မဟုတ်ပါ
လူဘ၀ ရရှိပြီး ဗုဒ္ဓဘာသာနွယ်ဝင်ဖြစ်သောယောက်ျားဘ၀ရရှိမှသာရဟန်းဘ၀ကိုရရိုပါမည်
ယခုခောတ်တွင်သားယောက်ျာလေးမွေးလာလျှင်အသက်၂၀မပြည့်ခင်ရှင်ပြုပေး
သည်၊အသက် ၂၀ တွင်တခါရဟန်းခံပေးသည်၊ ဤသည်တို့မှာယောက်ျားဖြစ်ပြီးရဟန်း
အ၀တ်ဘူးဆိုရင်ရခဲတဲ့ရဟန်းဘ၀မရလိုက်ရဘဲနေမယ်ဆိုပြီးစတိအားဖြင့်ရှင်ပြုရဟန်းခံ
ပြုလုပ်ပေးခြင်းသာဖြစ်ပါသည် ၊
ဘုရားသားတော်အဖြစ်နှင့်သာသနာဘောင်တွင်းသို့အပြီးဝင်ရောက်ပြီးရဟန်းတရား
အားထုတ်သူအဖြစ်ကားအရေအတွက်အနည်းငယ်မျှသာဖြစ်ပါသည် ၊
ရဟန်းဘောင်ဝင်ပြီးဝတ်နည်းနှင့်အညီနေထိုင်ကျင်ကြံတရားအားထုတ်နိုင်လျှင်တော့
အကောင်းဆုံးဖြစ်ပါသည်၊သို့သော်ယောက်ျားဖြစ်စေ မိန်းမဖြစ်စေအထက်ကပြောခဲ့သော
ဘုရားသာသနာတော် နှင့်ကြုံခိုက်မိမိတွင်ထောင်နိုင်သောဥာဏ်နားပါပြီး ခန္ဓာအရှိ
နှင့်ဥာဏ်အသိကိုက်အောင် အချိန်မပြတ်စောင့်ကြည့်နိုင်မှုကသာလျှင် အရေးအကြီးဆုံးဖြစ်
ပါသည် ၊
မြတ်စွာဘုရားသည်နေ့စဉ်ဆွမ်းခံပြန်ကြွလာပြီးကျောင်းပ်ါမတက်မှီခြေဆေးသော
အခါတိုင်းချစ်သားတို့လူ့ဘ၀သည်ရခဲ့၏သာသနာနှင့်ကြုံရခဲ့၏မမ့သောသတိဖြင့်အမြဲမပြတ်
နှလုံးသွင်းနေကြလော့( အမ္မာဒေနသမ္ပာဒေထ )ဟု နေ့စဉ်ဟောတော်မူပါတယ်
ဘုရားပြောတဲ့ ရခဲခြင်း (၅) မျိုးတွင်ကိုယ်ဘာတွေနဲ့ကြုံနေပြီလဲလို့တိုက်ဆိုင်ကြည့်ကြပါ
ကိုယ့်မှာရှိပြီးသား၊ ကြုံပြီးသားတွေဆိုရင်လဲဝမ်းသာကြပြီးမဆုံးရှုံးအောင်ဆက်လက်ထိန်း
ထားလျက်၊မရှိသေးမကြုံသေးတာရှိရင်လည်းတတ်နိုင်သလောက် ကြိုးစားပြီးကောင်းမှု ကလေးတွေ
ပြုမယ်ဆိုရင်ဖြင့်(၅)ခုလုံးမကြုံနိုင်သော်လည်းဘဲလောကသံသရာမှလွတ်မြောက် နိုင်ပါတယ်။ မိတ်ဆွေ
သူငယ်ချင်းများကျန်းမာ၊ချမ်းသာပျော်ရွှင်နိုင်ကြပါစေ။
မောင်သုည
ဓမ္မသီချင်းကိုဆက်ပြီးနားထောင်လိုက်ပါအုံး

တေဘုံမာရှင်းတမ်း - မောင်မောင်ကြီး + တင်တင်မြ + ရီရီသန့်



ချစ်ဦးညို

ဆရာမင်းသုဝဏ် နှင့် ဆရာဇော်ဂျီ

စာရေးဆရာအောင်သင်း

စာပေထဲကလူငယ့်သမိုင်း ( ၁ )

Tuesday 26 October 2010

ဖြူပြာ

ဖြူပြာ

” ဘယ်ဆီကိုမင်းရောက်နေလဲ --ဘယ်သူနဲ့မင်းရှိနေလဲ --- တွေးမိပါတယ် ---
လွမ်းမောနေတယ် ------”

ဟုတ်ပါတယ် ဖြူပြာရယ် အခုမင်းမှာရောက်နေလဲ
ဘယ်သူ့ရင်ခွင်ထဲရောက်နေလဲ --
ကိုယ်ကတော့မင်းကိုနေ့တိုင်းသတိရလို့နေပါတယ်ကွယ်
အော်မင်းသိ မှသိပါလေစ
ကိုယ်မင်းကို ကိုယ်စတွေ့တော့ မင်းက ကြည်ပြာရောင်နဲ့ကလေးနဲ့ဆိုတော့
မင်းကို ဖြူပြာလို့ ကိုယ်ဘဲ ခေါ်ခဲ့တယ်လေ
အပြာရောင်မောင်ကလဲကြိုက်တာမို့ မင်းကို ကိုယ့်ရဲ့အဖေါ်မွန်အဖြစ်ရွေးချယ်ခဲ့တာပေါ့
မင်းဟာကိုယ်နဲအတူကျောင်းသွားဖေါ်ဖြစ်ခဲ့တယ်
မင်းဟာ ကိုယ်ရဲ့ရင်ခွင်ထဲမှာ အမြဲရှိနေတာပါကွယ် - ကျောင်းသွားဖေါ်လေးရယ်
ကိုယ့်လက်ရေးလေးတွေလှအောင်ရေးနိုင်တာဟာ လဲမင်းကြောင့်ပါကွယ်
ဖြူပြာ နဲ့ တွဲပြီး စာတွေရေးရတာ ကိုယ်ပျော်တယ် ၊
သူငယ်ချင်းတွေကပြော တယ် မင်းလက်ရေးသိပ်လှတာဘဲတဲ့ ၊
ကိုယ်က ပြန်ပြောလိုက်တဲ့ အဲဒါ ဖြုပြာ ကလေးကြောင့်ပေါ့လို့
လွမ်းတယ် ဖြူပြာရယ် -
ဘယ်ဆီကိုမင်းရောက်နေလဲ --ဘယ်သူနဲ့မင်းရှိနေလဲ ----- တွေးမိပါတယ်
လွမ်းမောနေတယ် --
ကံကောင်းရင် ဖြုပြာနဲ့ပြန်လည်ဆုံဆီးခွင့်ရ ပါစေ
လို့ နေ့တိုင်ဆုတောင်းနေပါတယ် ဖြူပြာရယ် --
” ဟေ့ကောင် မြင့်ဆွေ မင်းဘာတွေရေးနေတာလဲဟာ မင်းလက်ရေးတွေကလဲ
ဘယ် ဘယ်လိုဖြစ်သွားတာလဲ အရင်လို မလှတော့ပါလားကွ ”
” အေး ဟုတ် တယ် ငါ့ ဖေါင်တိန်ကလေးပျောက်သွားပြိးကထဲက လက်ရေး
တွေလဲ မလှ တော့ဘူးကွ အခု ဒီဖေါင်တိန်က ရေးလို့မကောင်းပါဘူးကွာ ”
” အော် မင်း သိပ်ကြိုက်တယ်ဆိုတဲ့ ဟိုအပြာနုရောင်ဖေါင်တိန်ကလေးလား ”
” အေး ဟုတ်တယ် အဲဒီ အပြာနုရောင် စူပါပိုက်လော့ ဖေါင်တိန်ကလေးနဲ့ရေးရင်
လက်ရေးသိပ်လှတာကွ အခု ပျောက်သွားပြီလေ ငါနှမြောတမ်းတပြီး ဒီစာကိုရေးနေတာပါ ”

မြင့်နွယ်
1958

ကျွန်တော် ပထမဦးဆုံး စရေးခဲ့တဲ့ ၀တ္တုကလေးဖြစ်ပါတယ် ၊ ၈ တန်းလောက်တုန်းက
ကျောင်းက နံရံကပ်စာစောင်မှာ ဖေါ်ပြခြင်းခံရတဲ့စာမူကလေးဖြစ်ပါတယ် ၊
စာအရေးအသားကတော့ တထပ်ထဲဖြစ်ချင်မှဖြစ်မှာပါ အကြောင်းအရာကတော့ တူပါ
တယ် ၊ သီချင်းစာသားကလေးကလဲ အခုခောတ်စားနေတဲ့သီချင်းလေးမို့ လိုက်ဖက်တာနဲ့ အ
သုံးပြုလိုက်တာပါ ( ပြန်လည်စမ်းသစ်ခြင်းပေါ့ )
အဲဒီတုန်းက ကလောင်နာမည်ကို မြင့်နွယ် လို့ ရေးခဲ့တာပါ ကျွန်တော်ကြိုက်နေတဲ့
မိန်းခလေးရဲ့ နာမည်ကို တွဲပြီး ယူထားတာပါ ၊

မောင်သုည

Thursday 14 October 2010

သီတင်းကျွတ်လ ( အဘိဓမ္မာအခါတော်နေ့ )




သီတင်းကျွတ်လ ( အဘိဓမ္မာအခါတော်နေ့ )












ဆီမီးရယ်ထိန်ထိန်လင်း-- သီတင်းကျွတ်သည်ချိန်ဆီ -- မြမြင့်မိုသည်ပွဲ ချိမ့်ချိမ့်သဲ မစဲတော့သည် -----

ကိုသန်းလှိုင်သီဆိုထားတဲ့ ဖူးပွင့်ဝေစီ ၁၂ လရာသီ သီချင်းထဲမှသီတင်းကျွတ်လ နှင့်ဆိုင်
သောအပိုဒ်ကလေးဖြစ်ပါသည် ၊ မှန်ပါသည် သီချင်းကျွတ်လ တွင် မြင့်မိုရ်ပွဲဆင်နွဲလေ့ရှိသဖြင့်
ဆီမီးတွေထိန်ထိန်လင်းရခြင်းဖြစ်ပါသည် ၊
ရှေးစာဆိုတော်ကြီးများကတော့ သီချင်းကျွတ်လကို ဤသို့ဖွဲ့ဆိုထားပါသည်

ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊
လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊
သက္ကစ္စံ ပဏမေဖြင့် သဒ္ဒါခြွေကန်တော့ပွဲကိုလ
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊
မျိုးမြန်မာတိုင်း ............ ။

သီတင်းကျွတ်တွင် မည်သည့်နက္ခတာရာများထွန်းလင်း၍မည်သည့်ရာသီတွင်
ကျရောက်သည်၊ရာသီပန်းမှာဘာပန်းဖြစ်သည်စသည်တို့ပါဝင်အောင်စပ်ဆိုထားပါသည် ၊
မြန်မာလတလ၏အကြောင်းကိုရေးမည်ဆိုလျင်ထိုအချက်များကိုတော့မပါမဖြစ်
ဖေါ်ပြရမှာဖြစ်ပါသည် ၊
သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင်သတ္တမမြောက်လဖြစ်
သည် ၊ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာတူရာသီဖြစ်ပြိး၊
အဿဝတီကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်၊
ရာသီအမှတ်တံဆိပ်မှာချိန်ခွင်ရုပ်ဖြစ်သည်
သီတင်းကျွတ်လ မှာရက်မစုံလဖြစ်သည် ၊ နေထွက်ချိန်နံနက် ၆ နာရီဖြစ်ပြိးနေ၀င်
ချိန်ညနေ ၆ နာရီဖြစ်သဖြင့်နေ့တာညတာတူသည်၊ရာသီပန်းမှာ ကြာဖြူပန်းဖြစ်ပါသည် ကြာမျိုးငါးပါးစုံစုံလင်လင်ပွင့်ကြပါသည် ၊
ဝါတွင်းသုံးလအတွင်း ရဟန်းတော်များ ညအိပ်ခရီးမထွက်ရဘဲတနေရာထဲတွင်
သတင်းသုံးကြခဲ့ရသည် ။ လူတို့သည်လဲအိမ်ထောင်ပြုခြင်း လက်ထပ်ထိမ်းများခြင်းကို
ဝါတွင်းတွင်မပြုလုပ်ကြပါ ၊ ၀ါကျွတ်ပြီ သတင်းဝါလကျွတ်ပြီဆိုလျှင် ရဟန်းများလဲ ည
အိပ်ခရီးထွက်နိုင်ကြပြီး ။လူတို့သည်လဲ ၀ါကျွတ်ပြီဆိုလျှင် လက်ထပ်ထိမ်းမြားခြင်း ၊အိမ်
ထောင်ပြုခြင်းများကိုပြုလုပ်နိုင်ကြတော့သည် ၊
သီတင်းကျွတ် မီးထွန်းပွဲတော်သည်ရာသီပွဲတော်များတွင်ထင်ရှားသော
ထင်ရှားသောပွဲတော် တစ်ခုဖြစ်သည် ၊ သီတင်းကျွတ်လတွင်မိဘများနှင့်သက်ကြီးရွယ်
အိုများကို ၀န်ချကန်တော့ကြသောအလေ့များပြုခဲ့ကြသည်၊ထိုဓလေ့ထုံးစံများစတင်လာ
ခဲ့သည့် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ ကစခဲ့ပါသည် ၊
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာနတ်ပြည်တွင်
ဝါဆိုတော်မူပြီး မယ်တော် သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာအနှံ့ မှ
နတ်ဗြဟ္မာအပေါင်းတို့ အားအဘိဓမ္မာတရားတော်ကိုဟောကြားတော်မူသည်
သီတင်းကျွတ်လပြည့်နေ့ ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်း
ခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်း များဖြင့် စီချယ်ထား
အပ်သော ရတနာ စောင်းတန်းဖြင့်သင်္ကဿနဂိုရ် ပြည်သို့ပြန်လည်ဆင်းသက်တော်မူသည်၊
အလွန်အံ့သြဘွယ် သပ်ပါယ်ကြည်နူးဘွယ်၊တို့ဖြင့်မြတ်စွာဘုရားကိုဖူးမြင်ရသော
ပြည်သူအပေါင်းတို့သည် မီးရှူးမီးတိုင်များ ၊ မီးပန်းများ ဆီးမီးများ ဆွမ်းပန်းရေချမ်းတို့
ဖြင့်မြတ်စွာဘုရားအားဆီးကြို ပူဇော်ကြသည်။တချို့ကတာဝတိံတာနတ်ပြည်မှစူဌာမဏီ စေတီကိုရည်ူ၍မီးပုံးများပြုလုပ်၍ကောင်းကင်သို့လွှတ်တင်ပြီးပူဇော်ကြသည်။
ထိုကဲ့သို့ပူဇော်ကြသည်ကိုအကြောင်းပြု၍ယနေ့ခေတ်အခါတိုင်အောင်သီတင်း
ကျွတ်လပြည့်နေ့တွင်နှစ်စဉ်မီးထွန်းပွဲကိုကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည် ။
ဤနေရာတွင် ဂေါတမမြတ်စွာဘု၇ားသည် ၀ါတွင်း ၃ လမတိုင်ခင်ကမည်သို့
မည်ပုံမယ်တော်ရှိရာတာဝတံသာနတ်ပြည်သို့ကြွချီတော်မူသွားသည်ကိုဖေါ်ပြရန်လို
မည်ဟုထင်ပါသည် ၊ အကြောင်းက ဒီလိုပါ

ဂေါတမမြတ်စွာဘုရားဖြစ်သည့်အချိန်တွင် တိထ္တိတက္ကဒွန်းများကလဲ သူတို့
ကိုယ်သူတို့ဘုရားဟုထုတ်ဖေါ်ကျေညာပြီး သူ့ဝါဒနှင့်သူ ဘုရားလုပ်နေကြပါတယ် ၊
များသောအားဖြင့်တိထ္တိကြီးတို့မှာ အ၀တ်မ၀တ်ကြပါ။အလွန်ချိုးခြံသောအကျင့်ကိုကျင့်
နိင်သည်ဟူ၍တိထ္တိတို့ကိုကိုးကွယ်နေသူများကလည်းရှိနေပါတယ် ၊၊အနာတပိဏ်သူဌေး

ကြီးပင်လျင် နေ့စဉ်ဂေါတမဘုရားကျောင်းသို့မ၀င်မှီ တိထ္တိကြီးတို့ထံကိုလည်း
သွားရောက်လေ့ရှိပါတယ် ၊
သစ္စကပရဗိုဇ်ဆိုတဲ့တိထ္တိကြီးဆိုလျှင် ဝေသာလီပြည်ကလစ္ဆ၀ီမင်းသားတို့ပညာ
တွေသင်ပေးနေတဲ့ဆရာကြီဆိုတော့ဘုရားကိုပညာပြိုင်ချင်တယ်လို့စိန်ခေါ်ထားပါတယ်
ကျန်တဲ့တိထ္တိတွေကလဲ ဘုရားနဲပညာပျြိုင်ချင်တယ်လို့စိန်ခေါ်ထားကြပါတယ် ၊
မြတ်စွာဘုရားက တိထ္တိကြီးများကို သရက်ဖြူပင်ရင်းတွင်တန်ဘိုးပြိုင်မည်ဟုပြန်ပြီး
ကျေညာထားလိုက်ပါတယ် ၊
အ၀တ်မ၀တ်တဲ့တိထ္တိကြီးတွေကသူတို့ကိုယ်သူတို့တန်ခိုးမရှိမှန်းလဲသိပါတယ် ၊
ဒါပေမဲ့သူတို့ကိုကိုးကွယ်နေတဲ့သူတွေအထင်ကြီအောင်လို့မဏ္ဍုပ်တွေဆောက်ပြီးတန်
ခိုးပြိုင်ဘို့ပြင်ဆင်ထားကြပါတယ်၊ ဂေါတမကိုလဲ တန်ခိုးမပြနိုင်အောင်သရက်ဖြူပင်မှန်
သမျှကိုအကုန်ခုတ်ခိုင်းထားပါတယ် ၊
အဲဒီလိုဟို တိထ္တိကြီးကလဲ သူသာလျင်ဘုရားဖြစ်သည်။ ဒီက နေရာမှာတိထ္တိကြီး
ကလည်းသူသာလျင်ဘုရားဖြစ်သည်ဟု အသီးသီးဘုရားလုပ်နေကြသောကြောင့်
ရာဇဂြိုလ်ပြည်မှသူဌေးသားတဦးကဘုရားအစစ် ရဟန္တာအစစ်မည်သူဖြစ်သည်ကိုသိလို
တဲ့အတွက် စန္ဒကူးသစ်သားဖြင့်ထွင်းထုထားသောသပိတ်ကိုအတောင်ခြောက်ဆယ်အ
အမြင့်ရှိတဲ့တိုင်ပေါ်မှာချိတ်စွဲထားလိုက်ပါတယ်၊ရဟန္တာအစစ်ဆိုလျင်ဈာန်ဖြင့်ကြွပြီး
စန္ဒကူးသပိတ်ကိုအလှူခံပါ လို့ဆိုလိုက်ပါတယ် ၊
အဲဒီအချိန်မှာရာဇဂြိုလ်ပြည်ကိုဆွမ်းခံကြွလာတဲ့ရှင်မောဂ္ဂလာန်နဲ့ ရှင်ပိဏ္ဍောလ
ရဟန္တာ နှစ်ပါးက တိထ္တိတို့လုပ်ရပ်ကြောင့်သတ္တ၀ါတို့ယုံမှားသံသယဖြစ်မှာကိုစိုးပြီး ၊
ရှင်ပိဏ္ဍောလမထေရ်ကိုတန်ခိုးပြပြီး သပိတ်ကိုအလှူခံဘို့တိုက်တွန်းလိုက်တဲ့အတွက် ၊
ရှင်ပိဏ္ဍောလမထေရ်ဟာကောင်းကင်ကိုဈာန်နဲ့ကြွပြိး သူဌေးသားရဲ့သပိတ်ကိုအလှူခံ
လိုက်ပါတယ် ၊
တိထ္တိကြီးတွေက စန္ဒကူးသပိတ်ကိုမယူနိုင်ပေမဲ့ အရှက်မရှိဘဲ သူတို့မယူချင်လို့
မယူတာဆိုပြီး အမျိုးမျိုးပြောနေကြတယ် ၊ သာဝတ္တိပြည်ကိုဘုရားကြွလာပြီးတန်းခိုးပြိုင်
ဘို့ကိုဘဲအမျိုးမျိုးပြောနေကြတယ် ၊ဂေါတမမြတ်စွာဘုရား သ၀တ္တိပြည်ကိုရောက်တဲ့
အခါမှာ သရက်ဖြူဥယျာဉ်ကိုစောင့်တဲ့ဥယျာဉ်မှူးက တလုံတည်းသောကျန်တဲ့သရက်ဖြူ
သီးကိုလှူလိုက်တယ် ၊ဘုရားကဘုန်းပေးတော်မူပြီး အစေ့ကိုအပင်စိုက်ခိုင်းလိုက်တယ် ၊
4
အဲဒီသရက်စေ့စိုက်တဲ့မြေပေါ်ကိုဘုရားရှင်ကလက်ဆေးချလိုက်တဲ့အခါမှာချက်ချင်းဘဲ
သရက်ဖြူပင်ကြီးပေါက်လာပြိး အသီးတွေဖြိုင်ဖြိုင်သီးလာတော့တယ် ၊ လာရောက်ကြည့်ရှူနေကြတဲ့ပ၇ိတ်သတ်တွေကလဲမြတ်စွာဘုရားရဲ့တန်းခိုးတော်ကိုမြင်
ပြိးသီးလာတဲ့သရက်သီးတွေးကိုစားကြတယ်သရက်သီးအစေ့တွေနဲ့တိထ္တိကြီးတွေကို
လိုက်ပေါက်ကြပါတယ် ၊
အဲဒီအခါမှာမြတ်စွာဘုရားက ကောင်းကင်ကိုဈာန်နဲ့ကြွတော်မူပြီးရေမီးအစုံနဲ့
တန်ခိုးပြတော်မူတယ် ၊ရေမီးအစုံနဲ့တန်ခိုးတော်ပြတယ်ဆိုတာ၊ဘယ်ဘက်ခြေဖ၀ါးတော်
က ရေတွေထွက်လာပြိး ညာဘက်ခြေဖ၀ါးတော်က မီးတွေထွက်လာတယ် ၊ဘယ်ဘက်
ဘယ်ဘက်လက်ဖ၀ါးတော်ကမီးတွေထွက်လာပြိး၊ ညာဘက်လက်ဖ၀ါးတော်ကရေတွေ
ထွက်လာတယ် ၊ ဘယ်ဘက်မျက်လုံးတော်က ရေတွေထွက်လာရင် ညာဘက်မျက်လုံး
တော်က မီးတွေထွက်လာတယ် ၊ အဲဒီလို ရေမီးအစုံနဲ့တန်ခိုးတွေတော်ပြရင်းနဲ့မယ်တော်
ရှိရာတာဝတိံတာနတ်ပြည်ကိုကြွမြန်းတော်မူခဲ့တာဖြစ်ပါတယ် ၊
မြေပြင်ပေါ်ကတိထ္တိကြီးတွေလဲ ဘုရားတန်းခိုးပြတဲ့ ရေတွေထဲမှာ သူတို့်ဆောက်
ထားကြတဲ့မဏ္ဍုပ်တွေနဲ့အတူမြောကုန်ကြပါတော့တယ် ၊

ထူး -- မ ခြားနား မီးရေ စုံကား ရောင်တော်ထွေပြား --- ထူးထွေသည့်အံ့ရာ --
ဆိုတဲ့ ထူး မှခြားနား သီးချင်းကြီးကိုကြားဘူးမှာပေါ့ အဲဒါ မြတ်စွာဘုရားေ၇မီးအစုံပြပြီး
နတ်ပြည်ကို ကြွသွားတာကို ပူဇော်တဲ့သီချင်းကြီသီချင်းခန့်ဖြစ်ပါတယ် ၊ မြ၀တီမင်းကြီး
ဦးစ ရေးစပ်သီးကုံးတယ်လို့ထင်ပါတယ် ၊

မြတ်စွာဘုရားနတ်ပြည်မှာမယ်တော်ကို အဘိဓမ္မာတရားဟောပါတယ်၊အဘိဓမ္မာ
တရားဟာအလွန်ခက်ခဲနက်နဲပါတယ်၊တရားကိုတဆက်ထဲတောက်လျှောက်နာရမှနား
လည်တယ်လို့ဆိုပါတယ် ၊ ဒီအဘိဓမ္မာတရားကိုလူ့ပြည်မှာဟောရင် ၃လလောက်ကြာ မှာမို့လူသားများအနေနဲ့နာနိင်မှာမဟုတ်တဲ့အတွက် နတ်ပြည်မှာဟောရခြင်းဖြစ်ပါတယ်
နတ်ပြည်ကတော့အချိန်ကလများလူ့ပြည် ၃ ဆိုတာ နတ်ပြည်မှာ တနာရီတောင်မပြည့်
ဘူးလို့လို့ဆိုပါတယ် ၊မြတ်စွာဘုရားကလဲလူသားဗုဒ္ဓဆိုတော့ ခန္ဒာကိစ္စ၊ဆွမ်းစားဆွမ်းခံ
လုပ်ရသေးတာမို့  ထိုကိစ္စများကိုက္ကုဒ္ဓိအစိန္တယျတန်ခိုးတော်ဖြင့်နိမ္မိတကိုယ်ပွါးတော်တ

တကိုယ်ဖန်ဆင်းပြီးလူပြည်ကိုခန္ဓာကိစ္စဆွမ်းစားဆွမ်းခံကြွတော်မူရပါတယ် ၊
အဲဒီအခါမှာ စန္ဒကူးတောမှာဝါကပ်တော်မူနေတဲ့ အရှင်သာရပုတ္တရာတွေ့ပြီး နတ်ပြည်
မှာဟောကြားနေတဲ့ အဘိဓမ္မာတရားတော်ကိုအကျဉ်းမျှဟောကြားခဲ့ပါတယ် ၊

အဘိဓမ္မာသည်ကျမ်းအားဖြင့် ဓမ္မသင်္ဂဏီ ၊ ၀ိဘင်း ၊ ဓာတုကထာ ၊ ပုဂ္ဂလပညတ်
ကထာဝတ္တု ၊ ယမိုက် ၊ ပဌာန်း ဟူ၍ ခုနှစ်ကျမ်းရှိသည် အရှင်သာရိပုတ္တရာသည် ဗုဒ္ဓအ
ကျဉ်းမျှဟောကြားတော်မူခဲ့သောအဘိဓမ္မာ တရားကိ မိမိဥာဏ်ဖြင့်အဖန်ဖန်သုံးသပ်ပြီး
လူသားတို့ဥာဏ်အမှီသလောက်ကိုထပ်ဆင့်အကျဉ်းချုံး၍၀ါဆိုတော်မူကြသောရဟန်း
များအားပြန်လည်ဟောကြားတော်မူခဲ့သည် ၊ အဘိဓမ္မာတရားတော်ကိုလူပြည်တွင်ရှေး
ဦးစွာနာယူရသောပုဂ္ဂိုလ်မှာ အရှင်သာရိပုတ္တရာဖြစ်သည် ၊ နတ်ပြည်လူ့ပြည်တို့၌
အဘိဓမ္မာတရားစတင်ပေါ်ထွန်းသည့်အနှစ်မှာ မဟာသက္ကရဇ် ၁၀၉ ခုနှစ်ဖြစ်ပါသည် ၊
ဟောကြားနေသည်ကာလမှာ ၀ါတွင်း သုံးလ ဟောကြားပြီးဆုံးသည့်ကာလမှာ
သတင်းကျွတ်ပြည့်နေဖြစ်သည် ၊ထို့ကြောင့် လူပြည်တွင် သတင်းကျွတ်လပြည်နေ့ကို
အဘိဓမ္မာအခါတော်နေု့သတ်မှတ်ပြိး အဘိဓမ္မာတရားများဟောကြားကြခြင်းဖြစ်ပါသည်
များသောအားဖြင့် ပဌာန်ဒေသနာတော်ကိုအသံမစဲပူဇော်ကြသည်ကို တွေကြုံရမည်ဖြစ်
ပါသည် ၊
သီတင်းကျွတ်လ ၀ါကျွတ်တွင် လူကြီးမိဘများအား ၀န်ချတောာင်းပန်ကန်တော့
ကြသောဓလေ့မှာလဲ မြတ်ဗုဒ္ဓနှင့် ဗုဒ္ဓရဟန်းတော်များနှင့်ပတ်သက်၍ဖြစ်ပေါ်လာရခြင်း
ပင်ဖြစ်ပါသည် ၊
ဗုဒ္ဓသည် နတ်ပြည်တွင်မယ်တော်အား အဘိဓမ္မာတရားဟောရခြင်းသည်မိခင်
အားကျေးဇူးဆပ်ခြင်းဖြစ်သည် ၊
ဒွေမေ ဘိက္ခဝေ ဒုလ္လဘာ လောကသ္မီံ ပုဗ္ဗကာရီ ကတဒေ၀ီ လို့ အဂုင်္ထို၇်ပါဌိ
တော်မှာ ပါရှိပါတယ် ၊
ချစ်သားတို့ လောက၌ရှေးဦးမဆွကျေးဇူးပြုတက်သောသူ၊ သူပြုသောကျေးဇူးကို
ဖေါ်ထုတ်ကျေးဇူးဆက်သောသူ သည်တွေ့ရခဲသည် ။ အမိအဘတို့သည်ရှေးဦးမဆွ
ကျေးဇူးပြုအပ်သောသူများဖြစ်သည် ၊ကျေးဇူးဆပ်ရာတွင် အယူမှားနေသောမိဘကို
အယူမှန်လာအောင် ၊ သရဏဂုံမတည်သောမိဘကိုသရဏဂုံတည်လာအောင်တရားဖြင့်
ကျေးဇူးဆပ်ခြင်းသည်အမြတ်ဆုံးဖြစ်သည်ဟုမိန့်တော်မူပါတယ် ၊
ဤသို့ဘုရားရှင်ကိုယ်တော်တိုင်ကျေးဇူးဆပ်ခြင်း ၊ကျေးဇူးပြုခြင်းကိုအလေးထား
၍ပြုတော်မူခဲ့သည်ကိုနှလုံးမူကြလျက် အမိအဘတို့အား ကျေးဇူးဆပ်သောအနေဖြင့်
ကန်တော့ကြခြင်းဖြစ်ပေသည် ၊
မင်္ဂလသုတ်မှာလဲ မာတာမိတုဥပထာနံ ပုတ္တာဓရသင်္ဂဟော လို့ဟောတော်မူ
ပါတယ် ၊ အမိအဘနဲ့ သက်ကြီးဝါကြီးများကို ရိုသေလေးစားခြင်း သည်မင်္ဂလာလို့ဟော်
ထားတြာ့ဖစ်ပါတယ် ၊
ကန်တော့ရာတွင် မိမိပြုမှားမိခဲ့သောအပြစ်များကို ခွင့်လွှတ်ပါရန် ၀န်ချတောင်း
ပန်၍ကန်တော့ခြင်းကိုလဲ ထိုသီတင်းကျွတ်တွင်ပင်ပြုလုပ်ကြသည် ၊
ဒီအကြောင်းကလဲ သီတင်းကျွတ်မှာဘဲဖြစ်ပါတယ်၊ တခုသောဝါမဆိုခင်ကာလတ
ခုမှာကောသမ္ဗီပြည်မှာ ၀ိနည်းဆောင်ရဟန်းများ နဲ့ သုတ္တန်ဆောင်ရဟန်းများအချင်းများ
ကြရာမှာ ဗုဒ္ဓဆုံးမသည်ကိုပင် မနာယူကြဘဲ သံဃာ့အဓိကရုဏ်ကြီးဖြစ်ပြီးသံဃာများ
ဂုဏ်းကွဲကုန်ကြတဲ့အတွက် ဘုရားရှင်ဟာ ရဟန်းများ နောင်တတရားရစေရန်အတွက်
ကောသမ္ဗီပြည်ကနေ ပုလလဲတောကို တပါးထဲကြွပြိး ပုလလဲတောမှာဘဲ ၀ါဆိုတော်မူ
နေပါတယ် ၊ အဲဒီအချိန်မှာ ပုလလဲတောဆင်ကြီးကလဲ အပေါင်းအသင်းတွေနဲ့နေရတာ
မပျော်ပိုက်တာနဲ့ တကောင်ထဲထွက်လာရာမှာ ဘုရားနဲ့တွေ့ပြီး အ၀ါတွင်းလုံးဘုရားကို
အလုပ်အကြွေးပြုစုနေပါတယ် ၊
ဝါတွင်းသုံးလပတ်လုံး ဘုရားကိုလဲမဖူးရ ဘုရားတရားကိုမနာရတော့ကောသမ္ဗီ
ပြည်သူတွေက ရဟန်းများ ဘုရားအဆုံးအမကိုမနာခံဘဲ ဂိုဏ်းကွဲနေတာကိုသိတဲ့ကြ
တော့ ရဟန်းများပြန်လည်မသင့်မြတ်ရင် ဆွမ်းမလောင်းဘူးလို့အကြပ်ကိုင်တော့မှ
ဝါကျွတ်မှာဘုရားရှင်ကို ရှင်အနန္ဒာဦးဆောင်ပြိးပြန်ပင့်ကြပါတယ် ၊
မြတ်စွာဘုရားက ပုထုစဉ်နှင့် အရိယာများစိတ်နေစိတ်ထားကွာခြားပုံ သောတ
ပန်တို့ရဲ့စိတ်နေသဘောထားကိုဟောကြားတဲ့အတွက် သံဃာများအချင်းချင်း မိမိတို့
အချင်းချင်း ပြု မှားခဲ့တာတွေကို အပြန်အလှန်ဝန်ချတောင်းကြပြီးတဲ့နောက်ပြန်လည်
သင့်မြတ်သွားကြပါတယ် ၊ ( ကောသမ္ဗီသုတ် )
ဒါကြောင့် သီတင်းကျွတ်မှာ မိဘနဲ့တကွ လူကြီးသူမ များကို ကန်တော့တဲ့အခါ
မှာ မိမိတို့ ကာယကံ ၀စီကံ မနောကံတို့ဖြင့် ပစ်မှားခဲ့သည်ရှိသော် ခွင့်လွှတ်ပါလို့ဝန်ချ
ပြိး တောင်းပန်ကန်တော့ကြရတာဖြစ်ပါတယ် ၊
ကန်တော့ခံကြရတဲ့လူကြီးမိဘတွေကလဲ ထုံးစံအတိုင်း ဘုန်းကြီးပါစေ ၊ သက်
ရှည်ပါစေ အန္တရယ်မျိုး ၉၆ ပါး ကင်းကြပါစေ လို့ ဆုပေးပြိးတဲ့အပြင် မင်းတို့ ငါတို့
အပေါ်မှာ ကာယံ ၀စီကံ မနောက တို့ဖြင့်ပစ်မှားထားတာတွေရှိရင်ခွင့်လွှတ်ပါတယ် လို့
ပြန်ပြီး ဆုပေးဘို့လိုပါတယ် ၊ ဒါမှ ခလေးတွေဟာ အပစ်ကင်းတဲ့သူကလေးတွေဖြစ်ပြီး
ဒီတနှစ်မှာ ပျော်ပျော်ရွှင်နဲ့ ဘ၀ခရီးကိုဆက်လက်ပြီးလျှောက်လှမ်းနိုင်ကြမှာဖြစ်ပါတယ်
လို့ တင်ပြရင်း သီးတင်းကျွတ်ဆောင်းပါးကိုနိဂုံးချုပ်လိုက်ပါတယ် ၊

မောင်သုည




မှီငြမ်းကိုးကားသောစာပေများ
မောင်ထင် ၁၂ လရာသီဆောင်းပါးများ
ဒေါ်ခင်မျိုးချစ် ၁၂ လရာသီဆောင်းပါးများ
ရတနာစည်ဆရာတော် ( လွယ်လင်) ၏ အဘိဓမ္မာနှင့်မြန်မာ
မောင်ပိုင် ၏ ကျေးဇူးဆပ် ထူးမြတ်အခါ သီတင်းကျွတ် ပုဏ္ဏမာ


Wednesday 13 October 2010

သိရင်ပြောကြပါကွယ် ကျေးဇူးဆပ်ပါမည်

သိရင်ပြောကြပါကွယ် ကျေးဇူးဆပ်ပါမည်

တခါက ကျေးရွာတရွာမှာ အဘိုး အဘွား မြေးများနဲ့ မိသား တစုတို့နေ
နေထိုင်ကြတယ် ။ အဖွားဖြစ်သူက ရှေးအဖွားကြီးဆိုတော့ သားသမိးတွေ မြေးတွေကို
ဆုံးမတဲ့အခါ ၊ ဆူပူကြိမ်းမောင်းတဲ့အခါတိုင်း မြန်မာစကားပုံတွေကို သုံးပြီးဆူလေ့ပြော
လေ့ရှိပါတယ် ။
ဉပမာ မိန်းခလေးတွေ အမြင်မတော် ထိုင်နေ တာတွေရင် ဟဲ့ ဟဲ့ မိန်းခ
လေးတွေကအိမ်ရှေ့ထွက်ပြီး ဒီလိုထိုင်ရလားမိန်းခလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိ
ပိပိရိရိ နေရတယ်ဟဲ့ နင်တို့ခောတ်ကာလ ခလေးတွေတော့ ငါဖြင့် ကြုံဘူးပေါင်တော်
အိမ်ရှေ့ထွက်ထိုင်ရတယ်လို့ စ သဖြင့် ဆူပူကြိမ်းမောင်းတက်ပါတယ် ။
တခါတရံ ခဏ ခဏ ပြောမရတဲ့အခါမျိုးမှာ ဟဲ့ ကျွဲပါးဆောင်းတီး ကောင်
လာခဲ့ နင့်ကို ဘယ်နှစ်ခါပြောရမလဲ ထမင်းစားရင် အသံမမြည်စေနဲ့ဆိုတာ လုပ်ပြန်ပြီ
ပြတ် ပြတ် နဲ့ နောက်တခါပြောရရင်သေဘို့သာပြင်ထား လို့ဆူတက်ပြန်ပါတယ် ။
ခလေးတွေကလဲ ခောတ်ကာလ ခလေးတွေဆိုတော့ အဖွားဆူလိုက်တိုင်းအဘိုး
ထံလာ လာပြီး အဖွားပြောလိုက်တဲ့စကားပုံကိုနားမလည် ၊ လို့မေးတက်ကြပါတယ် ၊
အဲဒီအခါမှာ အဘိုးဖြစ်သူက စိတ်ရှေလက်ရှေဖြင့်
ဗိုင်းကောင်းကျောက်ဖိဆိုတာ ဘာကိုဆိုလိုတယ်
ကျွဲပါး ဆောင်းတီးဆိုတာ ဘာကိုဆိုလိုတယ် စသည်ဖြင့် စိတ်ရှေလက်ရှေ
ရှင်းပြလေ့ရှိပါတယ် ။
တနေ့တော့ အဘိုးဖြစ်သူ ရဲ့ဆေးတံက ဘယ်ထားမိမှန်းမသိဖြစ်နေပြီးရှာမရဖြစ်
နေပါတယ် ၊ အဖွားကလဲ အဘိုး ဆေးတံသောက်တာ အကြိုက်ဘူးလို့ပြောဘူးတော့
အဖွားများ သိမ်းထားသလားဆိုပြီး မြေးတယောက်ကိုမေးခိုင်းလိုက်ပါတယ်
အဖွား ---- ” အဘိုးက ဆေးတံသိမ်းထားသလားတဲ့ ”

အမလေးတော် စွတ် စွတ် ဆွဲ ဆွဲ ” မဆိုင်တဲ့အပေါက် ဂလိုင်နဲ့လာခေါက်နေ
ပြန်ပြီ ” လို့ မြေးကိုအော် လွှတ်လိုက်တယ် ။
မြေးဖြစ်သူလဲ ငိုမဲ့မဲ့ နဲ့ အဘိုးဆီပြန်လာတယ်
အဘိုးမေးခိုင်းလို့ ဆေးတံသိမ်းထားသလားလို့ အဖွားကိုမေးတာ
သားကို ” မဆိုင်တဲ့ အပေါက်ဂလိုင်နဲ့လာခေါက်တယ် ” တဲ့ အဘိုး
သားလဲ ဘာမှ မလုပ်ဘဲ နဲ့ တဲ့
အဘိုးဖြစ်သူ လဲ အေးပါကွာ နေပါစေ မမေးနဲ့တော့ လို ဆိုပြီးမေးကိုချော့
ထားလိုက်ရပါတယ် ။ တော်သေးတာပေါ့ မေးကရှင်းမပြခိုင်းလို့ ၊
အဲ တနေ့မှာတော့ မြေးမ တယောက် အဖွားဆွမ်းတော် တင်ဘို့သိမ်းထားတဲ့
ဒူးရင်းယို ခိုးစား တာကို အဖွား က မိသွားပါလေရော ဟဲ့ နင်ဘာတွေခိုးစားနေတာလဲ
လို့မေးတော့ မြေးမက ဘာမှ မစားပါဘူးဆိုပြီး လိမ်ပြောလိုက်တယ် ။
အောင်မယ် ငါ လက်ပူးလက်ကြပ်မိနေတာတောင် မုံလာဉ လုပ်ချင်တဲ့ ဟာမ
ဆိုပြိး ရိုက်ပါလေရော
မြေးဖြစ်သူလဲ အဖွားရိုက်လို့ ငိုယိုပြီး အဘိုးဆီလာတိုင်တယ်
အဘိုး ” အဖွားက ကျမ ဒူးရင်းယိုခိုးစားတာ ကို မုံလာဉလုပ်တယ်ဆိုပြိးရိုက်
တယ် အဘိုးရဲ့ မုံလာဉလုပ်တယ်ဆိုတာ ဘာလဲ အဘိုးတဲ့
ဟိုက် အဲဒါမှ ဒုက္ခဘဲ အမလေး ၊
သိရင်ပြောပေးလိုက်ကြပါအုံးဗျို့

ဖိုးသုည

Monday 11 October 2010

အကြိုလက်ဝှေ့ပွဲ

အကြိုလက်ဝှေ့ပွဲ

အကြိုလက်ဝှေ့ဗိုလ်လုပွဲဆိုတာက ၊ အစိမ်ပွဲကြီးမလာခင် ကြိုပြီးထိုးတဲ့ပွဲမျိုးကိုခေါ်တာပါ
အခု ထိုးကြိတ်ကြတဲ့ပွဲကတော့ အကြိုလက်ဝှေ့ပွဲတော့ ဟုတ်ပါတယ် ဘာ အကြိုလဲဆိုတာနား
ဘတ်ကြည့်လိုက်ကြပါခင်ဗျာ ။

အရက်ကြိုက်တက်တဲ့သူငယ်ချင်းနှစ်ယောက်ဟာ အလုပ်အားတဲ့ရက်ညနေမှာ အရက်ဆိုင်
တဆိုင်မှာ တွေ့ဆုံပြီးအရက်သောက်ကြပါတယ် ။
အရက်သောက်ရင်း တော်တော်လေးအရှိန်ရလာတော့ တယောက်က

မင်း အခုဖွင့်မဲ့ထီမှာ ပထမဆုကြီးပေါက်ရင် ဘာလုပ်မလဲ လို့မေးတယ် ”
အဲဒီတော့ နောက်တယောက်က
ဟာ ငါထီပေါက်ရင် မြေကွက်အကျယ်ကြီးတခုဝယ်ပြီးပြောင်းဖူးတွေစိုက်မယ်
ထွက်လာတဲ့ပြောင်းဖူးတွေကို နိုင်ငံခြားလဲပို့မယ် ၊ပြောင်းဖူးဆီလဲထုတ်ရောင်းမယ်” လို့ပြောလိုက်တယ်

အဲ ဒီတော့ နောက်တယောက်က
” မင်းက ငါ့ကိုမေးတာတော့ ဟုတ်ပါပြီ ၊ မင်းကောထီပေါက်ရင်ဘာလုပ်မှာလဲ”

လို့မေးလိုက်ပြန်တယ် ။
” ဟာ ငါကတော့ မင်းလိုမဟုတ်ဘူး ၊ ထီပေါက်ရင် ၊ မြေကွက်အကျယ်ကြီးဝယ်ပြီး ၊ နွား
တွေ အများကြီးဝယ်မွေးမယ် နွားနို့ညှစ်ရောင်းမယ်၊ အသားကိုလဲ နိုင်ငံခြားရောင်းမယ်”

လို့ပြန်ပြောလိုက်တယ်

အဲဒီတော့ တယောက်က
” ဟေ့ကောင်မင်း နွားမွေးလို့မဖြစ်ဘူးကွ ၊ မင်းနွားတွေငါ့ပြောင်းဖူးတွေဝင်စားလိုက်မယ်”
လိုပြောတယ် ။
ဒီတော့
” ဟာ မင်းခြံကို ကောင်းကောင်းကာထားပေါ့ကွ ၊ ငါ့နွားတွေကများတော့ ငါမနိုင်မှာ
မဟုတ်ဘူး”
လို့ပြန်ပြော လိုက်တယ် ။
အေး ဟုတ်တယ် ငါ့ပြောင်းဖူးခြံကို လျပ်စစ်ကြီုးတွေနဲ့လွှတ်ထားမယ် ၊ ဝင်လာတဲ့ကောင်
တော့ဓါတ်လိုက်ပြီးသေမှာဘဲ သေရင်ငါကချက်စားပစ်မှာ ”
လို့ပြောပြန်သတဲ့
” ဟာ မင်းကဒီလောက်တော့ မရက်စက်နဲ့ကွာ ၊ မင်းလုပ်တာ ဉပဒေနဲ့မလွတ်ဘူး”
လို့ပြောသတဲ့
” ဟာ မင်းကမှ ကောင်းကောင်းမထိန်းနိုင်တာ ငါလုပ်မှာပေါ့”
လို့ပြောရင်း
နှစ်ယောက်သား စကားများပြိး ရန်ဖြစ်ကြပါလေရော ၊
အဲဒီနောက် လက်ပါလာပြိး ထိုးကြကြိတ်ကြနဲ့ ခေါင်းကွဲသူကွဲ ၊ သွားကျိုးသူကျိုးဖြစ်ကုန်ပြိး
ဆိုင်ရှင်က ရဲကို တိုင်လို့ ရဲကလာဖမ်းသွားပါလေရော ။
ရဲ စခမ်းရောက် တော့ မင်းတို့နှစ်ယောက် ဘာဖြစ်လို့ရန်ဖြစ်တာလဲ ဆိုစစ်တော့
တယောက်က ကျနော့် ပြောင်းဖူးကွင်းကို သူ့နွားတွေဝင်စားလို့ထိုးတာလိုအစစ်ခံတယ် ။
ဒါနဲ့ ရဲအရာရှိက မင်းပြောင်းဖူးကွင်းကဘယ်မှာလဲ လို့မေးတော့
အခု မစိုက်ရသေးဘူး ၊ နောက်မှ ထီပေါက်မှ စိုက်မှာလို့ပြန်ပြောလိုက်တယ် ။
ဒါနဲ့ ရဲက နောက်တယောက်ကို မေးပြန်တယ် မင်းကကောသူ့ကိုဘာဖြစ်လို့ထိုးရထာလဲ
လို့မေးလိုက်တော့ ၊
ကျနော့်နွားတွေကို သူက လျပ်စစ်နဲ့တို့သတ်ပြိး ချက်စားတယ် ။ လို့ပြန်ပြောတယ်
အေး မင်းနွားတွေကကောဘယ်မှာလဲ လို့မေးတော့
အခုမရှိသေးဘူး ၊ ထီပေါက်မှ မွေးရမှာ လိုပြန်ပြောလိုက်တယ် ။
အဲဒီတော့ ရဲ အရာရှိက အေးအေးမင်းတို့လက်ဝှေ့ပွဲကလဲ အကြိုလက်ဝှေ့ပွဲပါလားကွ
လို့ပြောပြိး ပြန်လွတ်လိုက်သတဲ့

မောင်သုည

Sunday 10 October 2010

တော်လိုက်တဲ့ ဆရာ

တော်လိုက်တဲ့ ဆရာ
တခါက တောရွာတရွာမှာ အကြာသေးခင်ကမှမြို့ကပြန်လာတဲ့တရွာထဲသား
ကျောင်းဆရာတယောက်က သူတို့ရွာက ဘုန်းကြီးကျောင်းကခလေးတွေကို အဂ်လိပ်စာပြ
ပေးတယ် ။ ဘုန်းကြီးကလဲ ရွာကခလေးတွေ အဂ်လိပ်စာ တက်မှာဆိုတော့ သိပ်သဘော
ကျတာပေါ့ ဆရာက A B C D သင်ပြိးသွားတော့ အရာဝတ္တုတွေ ၊ ဆင်တို့
ကျွဲ တို့ စတာတွေကို သင်ပေးတယ်
ဉပမာ
Elephant ဆင်
Butfelow ကျွဲ
sparo စာကလေး
Candle ဖရောင်းတိုင်
Bucking ခွေးဟောင်သည်


နောက် စာကြောင်း တကြောင်းသင်ပေးတယ် A Cat is on the mat

ကြောင်တကောင် ဖျာပေါ်မှာထိုင်နေသည် ။ စသဖြင့်ပေါ့
ဘုန်းကြီးဘလဲ အဂ်လိပ်စာကို စိတ်ဝင်စားတော့လိုက်မှတ်တယ် ၊
အသံထွက်ကိုလဲ သူနားလယ်သလို ရေးထားတယ် ။
တနေ့တော့ ဆရာကလာတာနောက်ကျနေတယ်
ဘုန်းကြီးကဒီနေ့ဆရာမလာဘူးဆိုပြီး သူကိုတိုင်သင်ပေးတယ်
ဆရာက ကျောင်းကို ရောက်လာပြီး ဘုန်းကြီး ကျောင်းသားတွေကိုအဂ်လိပ်စာ ဒီလိုသင်ပေးနေတယ်
ဘုန်းကြီး က ရှေ့က ဆိုတယ် ကျောင်းသားတွေက လိုက်ဆိုနေတယ်
နားထောင်ကြည့်ပါအုံး
စပါယ်ရိုး စာကလေး
ဘခင် ခွေးဟောင်သည်
ကင်းတဲလေး ဖရောင်းတိုင်
ဘဖေလိုး ကို ကျွဲ
အလီဖင် ကို ဆင်
ကြောင်တကောင် ဖျာပေါ်ထိုင်နေသည် ဆိုတာကို

အေ ကတ် ထ မက် ထ စက်ထ အွန် အေ မက်ထ

ဆိုပြီး ဘုန်းကြီးသံ ပါပါနဲ့သင်ပေးနေတာကိုး
စိတ်ကူးပြိးနားထောင်ကြည့်နော်

ဖိုးသုံည

Sunday 3 October 2010

ဝေဘူဆရာတော် ညွှန်ပြတော်မူလေ့ရှိသော သန္ဒိဋ္ဌိက ဓမ္မလမ်းစဉ်



၁။ ဘုရားအဆုံးအမ ဖြစ်တဲ့ ပိဋကသုံးပုံ အကုန်လုံးဟာ ဆင်းရဲမှလွတ်မှုတစ်ခု ဖြစ်၍ နည်းတွေ များသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံး လိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုခုကို ၀ီရိယမှန်မှန်နှင့် သန်သန်လုပ်ဖို့ အရေးကြီးတယ်။
၂။ စရဏနှင့် ၀ိဇ္ဇာ တစ်ပြိုင်နက် ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်ထဲမှာ အလုပ်နှစ်ခု ပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုတယ်)
၃။ ဘုရားစကား၊ ဆရာစကား တထစ်ချနာယူ၊ အရာရာရိုသေ၊ ကိုယ်ကိုနိုမ့်ချ၊ ခန်္တီနှင့် မေတ္တာ များများထားပြီး လုပ်ရတယ်။
၎။ ၀ိပဿနာတရားဆိုတာ ထင်ရှားရှိတဲ့ တရားကို မြင်အောင် ရှုမှတ်ခြင်းပင် ဖြစ်တယ်၊ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။
၅။ ထင်ရှားရှိတဲ့ တရားဆိုတာ တခြားမှာသွား၍ ရှာရတာမျိုးမဟုတ်။ ရှောင်မရ တိမ်းမရ မမြင်ချင်၍ မနေရအောင် ကိုယ်မှာအမြဲ ထင်ရှားရှိနေတဲ့ ရုပ်တရားတွေပဲဖြစ်တယ်။
ဝေဘူဆရာတော်ဘုရားနှင့် ဆရာကြီးဦးဘခင်
၆။ ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ် တရားတွေထဲမှာ လူတိုင်း နားလည် လွယ်ကူတာဟာ အာနာပါန= ထွက်လေ ၀င်လေ ရှုမှတ်မှု ဖြစ်တယ်။
၇။ ထွက်လေ ၀င်လေဆိုတာ အမိဝမ်းမှမွေးကထဲက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘောဖြစ်တယ်၊ အလုပ်လုပ်နေရင်း စကားပြောနေရင်း စာကျက်နေရင်းလဲ ရှိနေတာပဲ။
၈။ ထွက်လေ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့ နေကြ၍ သတိမမူ ဂူမမြင် ဖြစ်နေကြတယ်၊ သတိမူရင် မြူကိုတောင် မြင်ရတယ် ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။
၉။ ကြည့် ဆိုရာမှာ ၀ိပဿနာ ဖြစ်ဖို့ရာအတွက် ထွက်လေ၀င်လေ ထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ် ရိပ်ရိပ်နှင့် တထိထဲထိနေတာကို တသိထဲသိနေအောင် တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင်ထူထူမိုးမှ နေပူဒဏ် မိုးရွာဒဏ် ခံနိုင်တယ်။
(၂၄-နာရီ တစပ်ထဲ ရပါစေ။)
၁၀။ တစ်ရက် ၂၄-နာရီ တစပ်လောက်ရလျှင် အလွန် သိသာပါတယ်၊ ဘုရားဆုံးမတာ မှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က (လဲလျောင်း မအိပ်သော) နိသဇ်ဓုတင်ဆောင်တဲ့ပုဂ်္ဂိုလ်များ ပိုပြီးတော့တောင်မှ အသက်ရှည်ကြ ကျန်းမာကြတယ်။ အိပ်ချင်လို့အိပ်ရင် တသံသရာလုံး နိုးတော့မှာ မဟုတ်ဘူး၊ အိပ်ချင်ရင် မအိပ်ချင်တဲ့ နေရာရှိတယ် အဲဒီကို ရောက်အောင်သွား။
၁၁။ ထိတာကိုသိနေလျှင် သိက္ခာသုံးပါး မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပကိ္ခယတရား ၃၇-ပါး ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ်။
၁၂။ ထိတာဟာ ရုပ်သဘောဖြစ်တယ်၊ သိတာဟာ နာမ်သဘောဖြစ်တယ်။
၁၃။ တရိပ်ရိပ်နှင့် နှာဖျား နှာဝမှာ ထိလိုက် ပျောက်လိုက် နေတာတွေကိုသာ တဆက်ထဲ သိမြင်အောင် ကြည့်ရှုနေရင် ကြာလျှင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး၊ အားကြီးလာတဲ့အခါ နှာဖျား နှာဝတွင်သာမက ခန္ဓာကိုယ်မှာလဲ အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကိုတွေ့ရမယ်။
၁၅။ တစ်ကိုယ်လုံး တရိပ်ရိပ် တရွရွ အမြဲမပြတ် ဖြစ်ပျက်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကိုကောင်းစွာ မြင်သောကြောင့်) ဒုက္ခနှင့် အနတ္တဟာ အလိုလိုထင်မြင် လာလိမ့်မယ်၊ ပါးစပ်က ဆိုနေဖို့မလိုဘူး၊ ၀ိပဿနာအလုပ်ဟာ ထိမှုကိုကြည့်ရှု သိနေရုံသာဖြစ်တယ်၊ ကြည့်ရှုနေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီးတိုးပြီး သိလာလိမ့်မယ်။
၁၆။ အဲဒီလို တရိပ်ရိပ်နှင့် ထိမှု သိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန် သိသာလှပါတယ်၊ ဘယ်လို သိသာသလဲဆိုတော့ ရေငတ်၍ နေသောသူသည် ရေကို သောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ ဖြစ်သွားတော့တယ်၊ သူများ မေးစရာမလို ကိုယ်တိုင်သိမယ် (သိနိ္ဒဋ္ဌိကော)။
၁၇။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်၊ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နှင့် တူတယ်။
၁၈။ ယုံယုံကြည်ကြည် လုံ့လ၀ီရိယရှိရှိနှင့် ထိမှုသိမှုတို့ကိုသာ တစ်ဆက်ထဲ ဖြစ်အောင်ကြည့်ရှုနေ၊ ထွေလီကာလီတွေကို လိုက်မလုပ်နှင့်၊ ယခုလုပ်၊ ယခုမီးငြိမ်း၊ ယခုချက်ချင်းပဲ ချမ်းသာတယ်။ (အကာလိကော)။
ဗုဒ္ဓဓမ္မ ဦးလောကနာထ
++++++++++++++++
လေးစားရိုသေစွာဖြင့်
ဖိုးသား