Sunday 27 February 2011

အတိတ် ၏ အရိပ် ( ၁ )



အတိတ် ၏ အရိပ် ( ၁ )

အရိပ်က ကိုယ့်နောက် က တကောက်ကောက်လိုက်နေ သလို အတိတ် ဆိုတာလဲနောက် မှာ အမြဲ ရှိနေတယ် ၊ ဒါကြောင့် အတိတ်ကို မေ့ထားလို့ မဖြစ်ဘူး
ကိုယ့် အတွက် ကတော့ အတိတ်ဟာ ကိုယ့်ဘ၀ ရဲ့မှတ်တမ်းတွေဘဲ ဒါတွေကိုပြန်ကြည့်ပြီး ပြုပြင် စရာရှိရှင် ပြုပြင် ရတယ် ပြန်လည်ဆန်းသစ်စရာရှိရင်လဲပြန်လည်ဆန်းသစ်ရတာပေါ့
တကယ်တော့ အသစ် အသစ်တွေ ဆိုတာ အတိတ်တွေကို ပြန်လည် ဆန်းသစ်ထားတာပါလို့
ဆိုချင်တယ်

ဒီမှာကြည့်လေ

မအေးမိ ရဲ့ သဲသောင်ယံ တဲ့ ဟိုးလွန်ခဲ့တဲ့ အနှစ် 60 ကျော်လောက်ကပေါ့





သဲငွေသောင်ကျွန်းထွန်းတဲ့မြစ်ပြင်ဝယ် -- ရေနဒီမြသားရောင်ရေးခြယ် -- စိမ်းလဲ့ကြည်
စွာ စီးဆင်းရှာတယ် -- ပျိုချစ်သူကို တမ်းတမိပါတယ် --
သဲငွေသောင်ကျွန်းထွန်းတဲ့မြစ်ပြင်ဝယ် -- ရေနဒီမြသားရောင်ရေးခြယ် -- စိမ်းလဲ့ကြည်
စွာ စီးဆင်းရှာတယ် -- ပျိုချစ်သူကို တမ်းတလို့သာ မယ်လွမ်းတယ် --

ဟော နောက်တော့




ပြည်လှဖေ + မေရှင် တို့ ကရှေးကုသိုလ် တဲ့ နောက် 40 လောက်မှ ပြန်လည်စမ်းသစ် လိုက်တယ်
ဖူးစာကံရေးပေးလို့ တွေ့ပြန်တယ် -- ဘယ်ဘယ်ခါမမေ့နိုင်ဘူး ကွယ် - ဘုရားစူးကြိမ်
မယ် ကျမ်းစူး ကြိမ်မယ် -- ချိန်ဆကာပင်တွေးလို့ အရေးယူပါတော့မယ် --





အခု 20 ရာစုနှစ် နောက်ပိုင်းမှာတော့ ဒီသီချင်းကို ပြန်လည်ဆန်းသစ်ကြတာတွေ အများကြီး ဖြစ်
လာတယ်
အဲဒီထဲက တပုဒ်ကို တင်ပြလိုက်ပါတယ်



ဒါတွေဟာ အတိတ် က အရိပ်တွေ ဘဲ ပေါ့

မောင် သု ည
အတိတ် ၏ အရိပ် ( ၂ )

အရိပ်က ကိုယ့်နောက် က တကောက်ကောက်လိုက်နေ သလို အတိတ် ဆိုတာလဲနောက် မှာ အမြဲ ရှိနေတယ် ၊ ဒါကြောင့် အတိတ်ကို မေ့ထားလို့ မဖြစ်ဘူး
ကိုယ့် အတွက် ကတော့ အတိတ်ဟာ ကိုယ့်ဘ၀ ရဲ့မှတ်တမ်းတွေဘဲ ဒါတွေကိုပြန်ကြည့်ပြီး ပြုပြင် စရာရှိရှင် ပြုပြင် ရတယ် ပြန်လည်ဆန်းသစ်စရာရှိရင်လဲပြန်လည်ဆန်းသစ်ရတာပေါ့
တကယ်တော့ အသစ် အသစ်တွေ ဆိုတာ အတိတ်တွေကို ပြန်လည် ဆန်းသစ်ထားတာပါလို့
ဆိုချင်တယ်

ဟိုးလွန်ခဲ့တဲ့ အနှစ် 60 လောက် က ဒေါ်ကြည့်အောင်ရဲ့ ရာသီတော်ဦး သီချင်းလေးကို
နားထောင်ကြည့်ရအောင် -နန်းတော်ရှေ့ဆရာတင် ရေးစပ် ခဲ့တာပါ

ရာသီတော်ဦး - ဒေါ်ကြည်အောင်





တိမ်ပြာမိလ္လာရီ - - တပေါင်းလမီ - လေညှင်းသွေးလို့ မွှေးတော့သည် - အင်ကြင်းသရဖီ -
ပွင့်လန်းကာ စွဲလန်းပန်းရနံ့ချီ -
( မြိုင်မဟီ ရွက်သစ်လောင်းလို့ - ရွက်ဟောင်းကြွေပြီ - ပျို့ငယ်ပေါင်းနဲ့ ဆုဆောင်းပါသည် -
ဖူးစာတော်ရေးလို့စီ - ပြောလိုက်ပါ့ သော်တာငွေစန္ဒီ - မှာလိုက်ပါရစီ - နွေဦးပြောင်းလို့အောင့်မေ့
သည် - ပျို့ချစ်သူဆီ - နေ့တိုင်းပင်စွဲလန်း လွမ်းမိသည် )

အာကာယံထဲမှာ ၀ဲကာပျံဝဲကြသည် - ကျေးဖိုမစီ - မိုးတိမ်ဦးမှာ ပျော်မြူးကာဖူးစာဖက်သည်
- တမ်းတကာရည်မှန်းလို့လွမ်းသည် - တူနှစ်ကိုယ်ကြင်မည် - တပေါင်းလဆန်းမီ

( မြိုင်မဟီ ရွက်သစ်လောင်းလို့ - ရွက်ဟောင်းကြွေပြီ - ပျို့ငယ်ပေါင်းနဲ့ ဆုဆောင်းပါသည် -
ဖူးစာတော်ရေးလို့စီ - ပြောလိုက်ပါ့ သော်တာငွေစန္ဒီ - မှာလိုက်ပါရစီ - နွေဦးပြောင်းလို့အောင့်မေ့
သည် - ပျို့ချစ်သူဆီ - နေ့တိုင်းပင်စွဲလန်း လွမ်းမိသည် )

ချိန်ခါမှီတပေါင်းမည် - မိန်ရာသီပြောင်းပြီ - ချိန်ခါမှီပေါင်းမည် - မပေါ်တာကြာပြီ - စင်ရော်
သူဝဲ -နွဲပြန်သည် - သောင်ယံကမ်းမြင့်နဒီ - မောင်မယ်ကြည်နူးမြူပျော်သည် -ထူးတဲ့လရာသီ -
ရာသီတော်ပွဲံသဲစေတီ - စဉ်လာရှေးထုံးညီ - ကြည်လင်ရွှင်လမ်းပန်းဝေရီ - ဘေးမသန်းအေးချမ်း
သည် -
အာကာယံထဲမှာ ၀ဲကာပျံဝဲကြသည် - ကျေးဖိုမစီ - မိုးတိမ်ဦးမှာ ပျော်မြူးကာဖူးစာဖက်သည်
တမ်းတကာရည်မှန်းလို့လွမ်းသည် - တူနှစ်ကိုယ်ကြင်မည် - တပေါင်းလဆန်းမီ
( မြိုင်မဟီ ရွက်သစ်လောင်းလို့ - ရွက်ဟောင်းကြွေပြီ - ပျို့ငယ်ပေါင်းနဲ့ ဆုဆောင်းပါသည် -
ဖူးစာတော်ရေးလို့စီ - ပြောလိုက်ပါ့ သော်တာငွေစန္ဒီ - မှာလိုက်ပါရစီ - နွေဦးပြောင်းလို့အောင့်မေ့
သည် - ပျို့ချစ်သူဆီ - နေ့တိုင်းပင်စွဲလန်း လွမ်းမိသည် )

အဲဒီသီချင်း အလိုက်ကို ယူပြီး ဗိုလ်ချုပ်အောင်ဆန်းက သူဆေးရုံတက်နေတုန်း သူကိုသဒ္ဒါကြည်ဖြူ
စွာ နဲ့ ပြုစုပေးနေတဲ့ သူနာပြုဆရာမ ဓေါ်ခင်ကြည် ကို ရည်စူပြီး ဒီသီချီလေးဆိုခဲ့တယ်

စန်းသော်တာ တဲ့ သီဆိုသူ ဗိုလ်ချုပ်အောင်ဆန်း

ငွေသော်တာေ၇ာင်ခြည် ++ ထိန်လင်း လို့ ကြည် ++ ဘုံကြိုးပြတ်တဲ့မိုးနတ်ပန်းချီ ++

သဒ္ဒါက ပိုသည် ++ ဆ၇ာမကိုဘဲ အသဲစွဲချစ်တော့သည် ) ၂

ထိန်ကြည် လေ၇ာင်သန်းတော့အလွမ်းပိုပါသည် ++ ချစ်သူရှိ၇င်ဖွင်ပြောပါလားလို့ အတည်

ရိုးရိုးနဲ့ မှန်တာကိုပြောမည် ++ တကယ်စိတ်ကအတည် ++ ဘယ်မိန်းမမှမချစ်ခဲ့သည် ++ သဒ္ဒါက

ပိုသည့် ++ ဆ၇ာမကိုဘဲ အသဲစွဲအောင်ချစ်မိသည် ၊

ဟော ဘိုဘိုဟန်တို့ခောတ်ရောက်တော့ ( ဆရာမ ) ဆိုပြီး ကျောင်းဆရာ မကို ရည်ရွယ်တဲ့
သီချင်းလေးတပုဒ် ပြန်လည်ဆန်သစ်လိုက်ကြပြန်တယ်

ဆရာမ - ဘိုဘိုဟန်




ဒါတွေဟာ အတိတ်ရဲ့ အရိပ်တွေဘဲပေါ့

မောင်သုည



Monday 14 February 2011

ယာဂုထမနဲ တပို့တွဲ

ယာဂုထမနဲ တပို့တွဲ








တပို့တွဲလ

သာစွလေ
နေလည်းချမ်းမြ၊ လလည်းနှင့်ရီ
ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း
ဆူးပန်းလဲပေါက်၊
ဝင်းဝင်းတောက်လျက်
ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်
ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်
မာဃယှဉ်မှီ့၊ ကုံရာသီဟု
အညီခေါ်မြဲ၊ တပို့တွဲမူ
မဖွဲ့မိုးလေ။

ဦးအောင်ကြီး

ထမနဲပွဲတော်မှ

တပို့တွဲ၊ ကျွဲပင်လျှင် ချိုဖျား အေးသတတ်။

ဤသို့ စာဆိုရှိသည်။ ဆောင်းနှောင်းဖြစ်၍ အစွမ်းကုန် ဆောင်းလက်စွမ်း ပြလေရော့သလား မသိ။ ခိုက်ခိုက်တုန်အောင် အေးလှ၏။ မြတ်စွာဘုရား သခင်ပင်လျှင် ခြေဖျား လက်ဖျား မီးကင်တော် မူရသည်ဟု ဆိုကြ၏။ ဟုတ်ပေမည်၊ အလွန် အေးမြ လှပေသည်။

နှင်းဝေဝေတွင် ထမနဲပွဲသည် ပျော်ဖွယ် ကောင်းလှ၏။ ဒယ်ကြီးများဖြင့် ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင်၊ အုန်းဆံနိုင်နိုင် ထမနဲ ထိုးကြ၏။ ကောက်ညှင်းဆန်တို့ကလည်း စေးလှသနှင့်။ ကျေးလက် ရွာသားတို့ စုပေါင်း ညီညာသော သဘောကို သရုပ်ဆောင်၏။

ထမနဲကို နှင်းငွေ့ ဝေချိန်တွင်ပင် ဘုရားအား လှူ၏။ ရွာဦးကျောင်းသို့ ရောက်အောင် ပို့၏။ တအိမ် တက်ဆင်း ထမနဲ ဝေငှ ကမ်းလှမ်း၏။ တပို့တွဲလ နံနက်စောစောတွင် စေတနာ မွှေးကြိုင်လျက် ရှိသည်ကို ခံစားနိုင်လောက်ပေ၏။ အများနှင့် ဝိုင်းကြ ဝန်းကြသော သဘောသည် မြန်မာ့သဘော ဖြစ်ပေသည်။

ထမဲကို အဘိုးအို အဘွားအိုများပင်လျှင် တမြုံ့မြုံ့ စားနိုင်၏။ ငါတို့ နိုင်ငံ၏ စေတနာ ဂုဏ်သိက္ခာကို ထမနဲ စားရင်း ဆင်ခြင်နိုင်၏။ ထမနဲသည် တရားမဟော။ သို့သော် ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ ကောင်းကျိုးကို ပြသနေဘိ သကဲ့သို့ ရှိ၏။ အာဂ ထမနဲပေ။


တပို့တွဲလသည် ဆောင်းရာသီဖြစ်၍ ညဉ့်အချိန်အခါတွင် အလွန်အေးမြသောလ ဖြစ်သည်။ နှာရည်ရိုရွဲ တပို့တွဲ ဟုခေါ်ဆိုကြသည်။ တပို့တွဲလကို မြန်မာမှုအရ ကုံရာသီဟု ခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ မာဃနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ ချိန်တာရာဖြစ်၍ ရာသီရုပ်မှာ ရေထမ်းသမား ရုပ်ဖြစ်သည်။ ရာသီပန်းကား ပေါက်ပန်း၊လဲပန်း ဖြစ်သည်။ ရာသီပွဲတော်ကား မီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်သည်။

ဦးဖိုးလတ်၏ မြန်မာလ အမည်များကျမ်းတွင် တပို့တွဲလ၏ တပုဒ်သည် တန်းပုဒ်ပျက် ထန်းအဓိပ္ပယ်ရသည်။ တပို့၏ အဓိပ္ပယ်သည် ထန်းဖူးတံ၊ထန်းခိုင်တံ ဖြစ်သည်ဟု ကောက်ယူသင့်သည်။
သို့အတွက် တပို့တွဲလ၏ အဓိပ္ပါယ်သည် ထန်းဖူး၊ထန်းခိုင်တံတို့ကို အောက်သို့ ကိုင်းညွတ်ဆွဲဆိုင်းခြင်း၊တွဲကျခြင်း ဖြစ်အောင်ပြုသောလ၊ ထန်းရည် နင်းသောလ ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းလင်းရေးသားထားပါသည်။
တပို့တွဲလတွင် စည်ကားစွားကျင်းပခဲ့သော ရာသီပွဲတော်မှာ မိးဖုန်းပွဲ ၊ မီးကုသိုလ်ပြုသောပွဲ ဖြစ်သည်။ "တပို့တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါ" ဆိုသည်နှင့်အညီအလွန်အေးမြသော လရာသီ အချိန်ဖြစ် သဖြင့် ရှေးခေတ် မြန်မာကြီး များသည် မြတ်ဗုဒ္ဒအား ရည်စူး၍ မီးဖုန်းကုသိုလ် အလှုကို ကုသိုလ် တစ်မျိုးရစေရန် တီထွင်ခဲ့သည်ဟု ဆိုရပါမည်။
ယခုအခါ တပို့တွဲလတွင် ကျင်းပသော ရာသီပွဲတော်မှာ ထမင်းနဲပွဲ ဖြစ်သည်။ ကောက်ညှင်းဆန်၊ မြေပဲ၊နှမ်း စသည် သီးနှံသစ်များပေါ်ချိန်တွင် ထမင်းနှဲထိုးကာ လှုဒါန်းသောကြောင့် မြန်မာတို့၏ ကောက်သစ်ပွဲတော်ဟု ဆိုရပေမည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုတော် ဦးပုညက "လှေခအလှူခံ မေတ္တာစာ" ရေးသားခဲ့ရတွင်…..

"ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ဖလ မဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်း မဂ်ဖိုလ်ဧကန်ရပေမည်"


ယာဂုထမနဲဆိုသောဝေါဟာရအရ ရှေးခေတ်အခါယာဂုဆိုသည်မှာလည်း ထမနဲပင်ဖြစ်သည်ဟု ယူဆ ဖွယ်ဖြစ်သည်။ သို့မဟုတ် ဆန်ကိုကျိုချက်သော ယာဂုနှင့် ကောက်ညှင်းကိုထိုးသော ထမနဲများကို အတူတကွ လှူဒါန်းခြင်းဖြစ်ပါသည်။
ကုန်းဘောင်ခေတ်နှောင်း သီပေါမင်း လက်ထက်တွင် တပို့တွဲလ၌ မီးပုံပွဲ(မီးဖုန်းပွဲ)နှင့် အတူ ယာဂုပွဲကိုပါ ကျင်းပခြင်းကို ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီးတွင် ရေးသားမှတ်တမ်းတင် ခဲ့သည်။
မီးဖုန်းအလှုပွဲကို၊ ယာဂုအလှုပွဲများသည် အလှုရေစက် လက်နှင့်မကွာ မြန်မာတို့၏ စေတနာကို ဖော်ပြနေသည့် သင်္ကေတများဖြစ်သည်။ အစဉ်အလာ ယဉ်ကျေးမှုများ မပပျောက်စေရန်နှင့် ကောင်းမှုကု သိုလ်မရရှိစေရန် အတွက် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကို တပို့တွဲလတွင် နှစ်စဉ် ကျင်းပခြင်းဖြစ် ပါသည်။

"တပို့တွဲပေမို့"

"ချမ်းပွေပွေ နှင်းဝေေ၀ကျပုံက ဖျန်းပြေပြေ၊ညင်းလောက ကြွပါဘိ၊ခင်းဗွေမှာတဲ့ ၊လွမ်းအောင်ဖန်။ တပို့တွဲပေမို့ ၊ယှဉ်နွဲကာ စန္ဒာနှင့်မှန်မကွာ ကြယ်မာဃတို့မှာ၊၀င်းပရောက်လျှံ။ ဟေမာမြိုင် ဆင့်မောက်ကဲပုံက၊ဝေဖြာလှိုင် ပွင့်ပေါက်နှင့် လဲရယ်တို့၊ တင့်လျှောက်တွဲပါလို့ ပင်ထက်ယံ (သြော်) ရွင်လျက်စံပါလို့ ၀င့်ကာပဲ။ ပြောင်းကြွယိုင်ဝေ၊ ယောက်မကိုင်မွှေလို့ ၊ထိုင်မနေ ရိုးရာပွဲမို့၊ပိုင်ပိုင်လေ ၊ ကိုးစရာအမြဲ သာပ (အိုကွယ်) ထိုးကြထမန။ဲ "

( ဆရာ သတိုးသောင်း)

မောင်သုံည
မြန်မာ့ရာသီပွဲတော်များ (သာရဝေါ- စိုးကြည်)
ပန်းကဗျာ
ဘလောက်မှ ကူးယူဖေါ်ပြထားပါသည်


Wednesday 2 February 2011

မပန်ပါနဲ့ကြွေချင်တယ်


မပန်ပါနဲ့ကြွေချင်တယ်
ပြန်လာပါမောင်ရယ် နေမကောင်းတဲအခါမို့ မောင့်ကိုတွေ့ချင်တယ် -----
မောင့်ကိုပန်းလိုပန်ထားချင်သူကလေး
မင်းရဲ့ ကြော်ငြာစာလုံးတွေကဖြင့်ယဉ်ပါတယ်၊နွဲ့ပါတယ်၊မင်းလုပ်လိုက်မှဖြင့်အဆန်းတ
ပြားနဲ့ကလေးကလားချည့်ဘဲလို့တွေးမိတယ်
ဒီသတင်းစာဟာတလကျော်လောက်ဟောင်းနေပေမဲ့၊မောင်တော့အခုမှဖတ်ရတယ်၊
မင်းအမည်တပ်မထားပေမဲ့၊ ‘ မောင့်ကိုပန်းလိုပန်းထားချင်သူလေး ‘ ဆိုတဲ့စကားကလေးက
တော့ တို့နှစ်ဦးထဲသာသိတဲ့စကားဖြစ်တယ်၊မင်းကမောင်ဆီကိုစာရေးတိုင်း၊မင်းဒိုင်ယာယီရေး
တိုင်းတနေ့တခါမောင့်ကိုချစ်လို့ဆိုပြီး ‘ မောင့်ကိုပန်းလိုပန်းထားခင်သူလေးဆိုပြိး ‘ အောက်မှာ
လက်မှတ်ထိုးတဲ့အကျင့်ရှိတယ်၊မင်းသုံးလေ့ရှိတဲ့စကားမို့ မင်းမှန်းတပ်အပ်သိလိုက်ပါတယ်၊
‘ပန်းလိုပန်ထားချင်တယ်‘ ဆိုတဲ့လက်သုံးစကားလေးကိုမင်းသုံးတုန်းဘဲဆိုတာတွေ့ရ
တော့ မချိပြုံး ၊ လွမ်းပြုံး ၊ ကြေကွဲပြုံး နဲ့ ပြုံးမိတယ် ---
သိန်းသန်းထွန်း ရဲ့ မပန်ပါနဲ့ကြွေချင်တယ် ၀တ္တုထဲက စာသားလေးတွေပါ
သိန်းသန်းထွန်း ရဲ့ မပန်ပါနဲ့ကြွေချင်တယ်
ငွေစပါယ်ရဲ့လမင်းငယ်ဘဝ
မချစ်ရူးလေးရဲ့ အချစ်ဥိး ဒီဝတ္တု ၃ အုပ်ဟာ တချိန်က အင်မတန်နှစ်သက်ခဲ့
တဲ့ ၀တ္တု တွေပေါ့ ၀တ္တုက ၃ အုပ်ခွဲရေးထားပေမဲ့ ဇာတ်လမ်းက တခုထဲ မပန်ပါနဲ့ကြွေချင်တယ်
နဲ့ အချစ်ဦးလေးရဲ့ အချစ်ဦး က အမျိုးသားကလေးကရေးတဲ့ စာ ၊ ငွေစပါယ်ရဲ့ လမင်းငယ်ဘဝ
က မိန်းကလေး ကရေးတဲ့ စာ အဖြစ်အပျက် တခုထဲကို ယောက်ျာေးလး ဘက် နဲ့ မိန်းခလေး
ဘက် နှစ် အမြင်နဲ့ရေးထားတာ
တချိန်က တက္ကသိုလ်နောက်ခံအချစ်ဝတ္တုကလေးတပုဒ်ဖြစ်တယ်၊စာအရေးအသားက
နူးနူးညံ့ညံ့လေး ၊ တက္ကသိုလ်ဘုန်းနိုင် ရဲ့ သူငယ်ချင်းလိုဘဲဆက်၍ခေါ်မယ်ခိုင် နဲ့ နဲနဲနောက်ကျ မယ်ထင်တယ် ၊
တချိန်က နှစ်သက်ခဲ့တဲ့ ၀တ္တုကလေးမို့ပြန်ဖတ်ချင်တာနဲ့ ရန်ကုန်ရောက်တုန်း ကိုမွှေနေကျ စာအုပ်အဟောင်းဆိုင်တွေမှာ သွားရှာတယ် ၊ မပန်ပါနဲ့ ကြွေချင်တယ် တအုပ်တော့ ရခဲ့ပါတယ် ၊ ကျန်တဲ့ နှစ်အုပ်တော့ မှာထားခဲ့တယ် ၊
ဒီပြန်ရောက်တော့ အမှတ်မထင် မိုးမခ ရေဒီယို ကိုနားထောင်လိုက်တော့ ဦးပန်တျာက
မပန်ပါနဲ့ကြွေချင်တယ်ကို ညွှန်းထားတာနားထောင်လိုက်ရတော့
အင်း -- တက္ကသိုလ်နောက်ခံအချစ်ဝတ္တုကလေးများ ဒို့လို ခံစားချင်သူများရှိမလားလို့  ---------
မောင်သုည
မိုးမခ ရေဒီယိုက အသံကလေး