Monday 31 December 2012
လက်ရွှေးစင်တေးများ
တိမ်တမန် သို့ ချစ်လိုလျက်နဲ့ဝေး - အမှတ် (၁)
စန္ဒရားချစ်ဆွေ၊ ကိုတင်လှိုင်၊ ရာဇာဝင်းတင့်၊ ခင်ညွန့်ရည်၊ ပန်းအိဖြူ
ရန်ဝင်း (တောင်တံခါး) စုဆောင်း မျှဝေသည်
(၁) တိမ်တမန် (၁)
တေးရေး - မောင်မောင်လတ်
တေးဆို - ခင်ညွန့်ရည်
http://min.us/lAUHpGzFWTlfE
(၂) ချစ်လိုလျက်နဲ့ဝေး (၂)
တေးရေး - စန္ဒရားလှထွတ်
တေးဆို - ရာဇာဝင်းတင့်
http://min.us/lkAS7qAd4tCqT
(၃) ခရေပင်အောက်မှ ပိတောက်ချစ်သူ
တေးရေး - ပျဉ်းမနားမြင့်လှိုင်
တေးဆို - စန္ဒရားချစ်ဆွေ
http://min.us/lwe6CPwWQ5Y5h
(၄) တစ်က မ္ဘာ မခြားသေးပါဘူး
တေးရေး - ကိုမြတ်လင်း
တေးဆို - ကိုတင်လှိုင်
http://min.us/lNmWfHwIiZJh9
(၅) အိမ်ပြန်တော့မယ်
တေးရေး - စိန်မောင်မြင့်
တေးဆို - ပန်းအိဖြူ
http://min.us/lZUI7UHUx1k7v
(၆) မေတ္တာ စကား
တေးရေး - ကိုမျိုးဆက်
တေးဆို - စန္ဒရားချစ်ဆွေ
http://min.us/lbjqd2O3eVN4CV
(၇) ပိတောက်စိမ်း
တေးရေး - မောင်ထွန်းမြင့်
တေးဆို - ကိုတင်လှိုင်
http://min.us/lJFzuu0DIVQ36
(၈) မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ
တေးရေး - ဂီတာဖေ၀င်း
တေးဆို - စန္ဒရားချစ်ဆွေ
http://min.us/llEyHZQpAn9c1
ဂန၀င်တေးစုစည်းမှု
ရွှေဖီဇင်ဂေါ်
ဆို - သင်းသင်းမြတ်
http://min.us/lbbst5qgDCx2dV
ဥသြဘသောင် ၏ “ဘဲကျောင်းသား”
http://min.us/lgAcRxm30xmDA
ဥသြဘသောင်၏ ”နွားကျောင်းသား”
http://minus.com/lQK1xjmLAesEd
လက်ရွေးစင်တေးများ
(၁) အမုန်းခွန်အား ပေးသနားပါ
တေးဆို - စန္ဒယားချစ်ဆွေ
http://min.us/l829jq8hZnKQG
(၂) စကားပြောကောင်းတဲ့ မသည်းအူ
တေးဆို - စန္ဒယားလှထွတ်
http://min.us/lmeiRppV044KG
(၃) အချစ်ဦးသို့ ရွှေနားတော်သွင်း ဧချင်း
တေးဆို - လွှမ်းမိုး
http://min.us/llVeX6tZSn3ir
(၄) ချိုပြုံးလည်း လွမ်းနေရတယ်
တေးဆို - ချိုပြုံး
http://min.us/lFTXXOpcd4PBD
(၅) ယောက်ျားမှာလည်း အသည်းနဲ့ပါ
တေးဆို - မောင်မောင်ကြီး
http://min.us/lbwv5fmZcLubGO
(၆) ချစ်သူတိုင်းလည်း ညားကြပါစေ
တေးဆို - ရာဇာဝင်းတင့်
http://min.us/l4iE473RiXINJ
(၇) စပျစ်သီးကလေးတွေ ချိုပါတယ်
တေးဆို - တင်တင်မြ
http://min.us/l6AdZPXAvf30f
(၈) မောင်ဘယ်တော့မှ မမုန်း
တေးဆို - ကိုတင်လှိုင်
http://min.us/lAZgSaLKfLU2C
(၉) မေ့ဘ၀ ခဏ ဘယ်သူ ယူပါ့မယ်
တေးဆို - ခင်ညွန့်ရည်
http://min.us/lbfXkyYCD2twwU
(၁၀) အဖြူသက်သက်မေတ္တာ
တေးဆို - ကိုမင်းနောင်
http://min.us/lgEhMrFQCOFlU
မပြည့်လေသောကိုယ့်ဆုတောင်း(တေးရေး သောင်းတင်ဌေး) ဟင်္သာတ အောင်တင်ဝင်း
http://soundcloud.com/ko-kyaw-zmo/xn268yflqi
ကန်တော်၇ိပ်သာ
ကန်တော်၇ိပ်သာ
ကန်တော်ရိပ်သာဆိုတာက ကျွန်တော့ ၇ွာပေါ့ဗျာ ၇ွာနဲ့ခွဲခွါခဲ့တာ အနှစ် ၂၀
ကျော်ပြီဆိုတော့၇ွာကိုလွမ်းသပေါ့ ။ ကျွန်တော့်တို့ေ၇ဒီယိုအစီအစဉ်မှာ အမေနဲ့ 
၇ွာကိုလွမ်းတယ်ဆိုတဲ့သီချင်းတယ်တောင်းကြသကိုး ၊ ကိုယ်ချင်းစာပါတယ် ။ကျွန်တော်လဲ
၇ွာကိုလွမ်းတော့ ၇ွာအကြောင်းကိုပြန်ပြောင်းသတိ၇မိတာနဲ့ ဟိုတုန်းက၇ွာမှာနေထိုင်ခဲ့၇ာတာတွေ ။
ကျောင်းတုန်းကသူငယ်ချင်းတွေ နဲ့  ကျွန်တော်ဘ၀ဇာတ်ကြောင်းလေးကို
ပြန်လည်မှတ်တမ်းတင်လိုက်တာပါ ။ သူငယ်ချင်းတွေ ဒီဘလောက်ကိုကြည့်မိ၇င်တော့
ရှေးဟောင်းနှောင်းဖြစ်ကလေးတွေပေါ့ဗျာ
( တွံတေးသိန်းတန် ၇ဲ့  အသီးတ၇ာအညှာတခု သီချင်းလေး နားထဲ ကြားေ၇ာင်နေပါ့  )
ကျွန်တော့၇ွာက ရွှေတိဂုံဘု၇ားခြေ၇င်းမှာ၇ှိတဲ့ ကန်တော်ကြီး ၇ဲ့ တောင်ဘက်က
ကန်တော်လေးဆိုတဲ့၇ပ်ကွက်ပေါ့ ၊ ဒါကို ကန်တော်၇ိပ်သာလို့ တင်စားခေါ်လိုက်တာပါ
။ရွှေတိဂုံဘု၇ား ၊ကန်တော်ကြီး ၊သိမ်ဖြူကွင်း ။ တိ၇ိစ္ဆာန်ရုံ ။ အောင်ဆန်းအားကစားကွင်း ။
မိုးကုတ်ဝိပဿနာ၇ိပ်သာ ။ တွေဟာ ကျွန်တော်လှုတ်ရှားသွားကျက်စားခဲ့တဲ့နေ၇ာတွေပါ ။
အခုကန်တော်ကြီးဟော်တယ်တည်နေ၇ာနားမှာဂျပန့်ခောတ်တုန်း မြိုင်ရုံ ။ နေသူ၇ိန် ။ ကန်တော်မိတ်
ပပ၀င်းရုံဆိုတဲ့ပြဇတ်ရုံများရှိခဲ့ပါတယ် ။
မြိုင်ရုံမှာ ကျတော့်ဖခင်မြကလောင် ၇ဲ့အဒေါ် ဖြစ်သူ
ဒေါ်ခင်မြိုင်တည်ထောင်ခဲ့သောပြဇတ်ရုံဖြစ်ပါတယ် ။ ဤစစ်ကြီး စကြ်ာသိုက် ပြဇတ်တို့ 
ကိုမြိုင်ရုံမှာကပြခဲ့တာပါ ။ ပြဇာတ်ခောတ် လျောက်လုံး မြိုင်ရုံမှာ ကျွန်တော့
မိဘများအသက်မွေးဝမ်းကြောင်းပြုခဲ့ကြ၇ပါတယ် ၊ ဖခင်ဖြစ်သူ
မြကလောင် ( ဇွဲသီချင်း
ကိုမွေးဖွားပေးခဲ့သူ )
ဂီတာအနုပညာလက်၇ာများ ဖြင့်မြိုင်ရုံမှာ တင်ဆက်ဖျော်ဖြေခဲ့တာပါ ။ (
သီးခြားဆောင်းပါးေ၇းထားပါတယ် )
ဝံသာနုခောတ်တုန်းကကိုယ်ပိုင်ကျောင်းများတည်ထောင်ခဲ့၇ာတွင်ကန်တော်၇ိပ်သာမှဆ၇ာကြီး
ဦးဘိုးအိမ်ကျောင်းဟာအလွန်နာမယ်ကြီးတဲ့ကျောင်းတကျောင်းဖြစ်ပါတယ် ။ ဦးဖိုးအိမ်က အ၇ပ်ပုပု
ေ၇ာင်တဇောင်းထုံးတယ် ၊ ခေါင်းပေါင်းက ပန်ေး၇ာင် သခင်ကိုယ်တော်မှိုင်းလိုခေါင်းပေါင်းပေါင်းတယ် ၊ မျက်နှာက ဘယ်တော့မှမပြုံးဘူး ၊
ခပ်တည်တည်နေတာများတယ် ၊
ဦးဘိုးအိမ်ကျောင်း၇ဲ့ တည်နေ၇ာက သိမ်ဖြူလမ်း နဲ့ ကန်၇ိပ်သာလမ်း တို့ ဆုံ၇ာမှာရှိပါတယ် ၊
ကျောင်းအနောက်မှာ သိမ်ဖြူကွင်းရှိတယ် ။ ကျောင်း က ဓနိမိုး ၀ါးထ၇ံကာ တဲတန်းရှည်ကြီးပါ ။
ခလယ်မှာဆ၇ာကြီးရုံးခမ်းရှိတယ် ။ ကျောင်းတဲတန်းနဲ့ ယှဉ်ပြိး ကုက္ကိုပင်ကြီးတွေရှိတယ် ။
ကုက္ကိုပင်ကြီးတွေပေါ်ကို ဆင်တုံးမနွယ်ပင်ကြီးတွေက နွယ်တက်နေတယ် ။ ခလေးစကားဘို့ 
သံပခတ်ကြီးတွေ ၊ စီးဆော်ကြီးတွေ ၊ လျောတွေရှိတယ် ၊ကျောင်းရှေ့ မှာ ကစားကွင်းမြက်ခင်းရှိတယ်
ကျောင်းပတ်ပတ်လည်ကိုစိန်ပန်းပင်တွေ ၀ိုင်းထားတယ် ၊ ဘောလုံးကစား၇င် နောက်ဘက်က
သိမ်ဖြူကွင်းမှာကစား၇တယ် ။ ပြန်လာ၇င် ကျောင်းတွင်က အုတ်ကန်မှာေ၇ချိုး၇တယ် ။ တနေ့ မှာ
ဘောလုံးကစားပြီး အပြန်မှာ အုတ်ကန်ထဲကျွန်တော်က အ၇င်ခုန်ဆင်းပြိး နောက်
ကလူတွေကဆက်တိုက်ခုတ်ဆင်းလိုက်ကြတာ အောက်မှာ တယောက်ထဲေ၇နစ်နေတယ် ။
ကံကောင်းလို့ မသေတယ် ၊
မိခင် ဘခင် အကိုအမ တို့ဟာ ဆ၇ာကြီးဦးဘိုးအိမ်ကျောင်းထွက်များဖြစ်ကြပါတယ် ။ကျနော်လဲ
ဦးဘိုးအိမ်ကျောင်းထွက်ပါ ။ လွတ်လပ်ရေးရလာတော့ အစိုးရကျောင်းဖြစ်သွားလို့  ကန်တော်လေး
မြူနီစီပါယ်ကျောင်းဖြစ်သွားပါတယ် ၊ အခုတော့ မဂ်လတောင်ညွန့် အမှတ် ၁ အစိုး၇အထက်တန်း
ကျောင်းလို့ ခေါ်ပါတယ် ၊ ကျွန်တော် ၄ တန်းလောက်မှာ မူလတန်းကို သိမ်ဖြူကွင်းရှေ့ က တိုက်
ကျောင်းကိုပြောင်း၇တယ်။ ကန်တော်လေး လူအိုရုံ နဲ့ ကပ်နေပါတယ် ၊နောက်ဖေးကဆိုရင် ဒိုဘီလိုင်း
ဘက်က၀င်လို့၇တယ် ။ အဲဒီ ခရဇ်ယန် လူအိုရုံကို Little sister house လို့ ခေါ်ပါတယ် ၊
ဒါကြောင့် လူအိုရုံလမ်းကို Little Sister Road လို့ ခေါ်တာထင်တယ် ။ အခုတော့
ဒေါ်သိန်းတင်လမ်းလို့ ပြောင်းခေါ်လိုက်ပါပြီ
အဲမှတ်မိလို့ ပြောရအုံးမယ် တနေ့မှာ ၈ တန်းတုန်းကသူငယ်ချင်း ငွေသန်း နဲ့လူအိုရုံလမ်းပေါ်မှာတွေ့ 
တယ် ။သူက ညီမငယ်လမ်းဆိုတာဘယ်လမ်းလဲတဲ့ ။ နဲ နဲကြောင်သွားတယ် ၊ ကန်တော်လေးသားဖြစ်
ပြီး ညီမငယ်လမ်း ဆိုတာ မကြားဘူတော့ မသိဘူးဗျ လို့ ပြောလိုက်တယ် ။ နောက်တော့မှ လမ်းထိပ်
မှာလမ်းထိပ်မှာထောင်ထားတဲ့ဆိုင်းဘုတ်ကိုကြည့်မိတော့Little Sister Road
လူအိုရုံလမ်းလို့ေ၇းထားတာသွားတွေ့ တော့ အော်ကိုတော်က ဘာသာပြန်ပြိး ညီမငယ်လမ်းလို့ လာ
မေးတာကိုး လို့ သိလိုက်တယ် ၊ အဲဒီလူအိုရုံလမ်းကတော်တော်ကျယ်တယ် ။ လူငယ်တွေ W ဘော်
လုံးကစားလို့ တော်တော်ကောင်းတဲ့ လမ်းမကြီးပေါ့  ၊ အမေတို့ က ပေ ၁၀၀ လမ်းမလို့ ခေါ်တယ် ၊
ဟဲ့ ခလေးတွေ ပေ ၁၀၀ လမ်းမပေါ်ထွက်တဆော့နဲ့ လို့  အော်တက်တယ် ၊
ဒေါ်သိန်းတင်လမ်းက အရှေ့ ဘက်မှာ သိမ်ဖြူလမ်းမှာဆုံးတယ် ။ အနောက်ဘက်ဆို၇င် ဖဆပလ က
အလံပြဘု၇ားလမ်း ( တိ၇ိစ္တာန်ရုံမှာဆုံးတယ် )
မှတ်ချက် ( W ဘောဆိုတာက ဟိုတုန်းက လမ်းပေါ်မှာထွက်ကန်ကြတဲ့ဘောလုံးအသေးပေါ့ -
အခုတော့ ဒါကို Indoor football
ဆိုပြီး နိုင်ငံတကာအားကစားတခုဖြစ်လာတယ် ။ မြန်မာ့လက်ေ၇ွးစဉ်ဘော်လုံးသမား ဘပု
ဆိုတာလဲကန်တော်လေးသားပေါ့ သူလဲ W Ball ကစား၇င်းတက်လာတာပါ ။ ( ဘပု
ကဒိုဘီလိုင်းမှာနေပါတယ် ကျောက်မြောင်းအစိုး၇အထက်တန်းကျောင်းထွက်ပါ
ကျွန်တ်ေလဲအထက်တန်းကို
ကျောက်မြောင်းအစိုး၇အထက်တန်းကျောင်းမှာတက်ခဲ့တာပါ ။ ဒီဆောင်းပါးမှာ ကျွန်တော်
မူလတန်းကစပြီး တက္ကသိုလ်မှာဆုံခဲ့ကြတဲ့သူငယ်ချင်းများ၇ဲ့နာမယ်များ ၇ဲ့နံမည်များကို
မှတ်မိသလောက်ဖေါ်ပြထားပါတယ် ။နိုင်ငံနေ၇ာအန့ှံအပြားမှာေ၇ာက်နေ
ကြတဲ့သူငယ်ချင်းများ ဒီဆောင်းပါးကိုဖတ်မိ၇င်
ရှေးခောတ်ဟောင်းအောက်မေ့ဘွယ်လေးပြောပေးကြပါ ။
တမူး တပဲခောတ်ပေါ့ ဗျာ ၊
ကန်တော်၇ိပ်သာမှ စာပေဂီတာနဲ့အနုပညာသမားတွေတော်တော်ထွက်ပါတယ် ။ ဖိုးပါကြီး + မေချစ်
။ ။ လူ၇ွှင်တော် သန်းနွဲ့ တို့က ၈၈ လမ်း ၈၇ လမ်း ။
ကျော်ဖေ+ခင်လေးဆွေတို့က ဒိုဘီလိုင်းမှာနေပါတယ် ။ ဒါရိုက်တာဦးချစ်စိန် နဲ့ သားများ သမန်းကျား
ဝင်းနိုင် ။ ပန်းဂျီဆ၇ာဦးဘသစ် လူကြမ်းသိန်းဟန်ကြီး တို့က ၉၄ လမ်းမှာနေပါတယ် ။ပန်းချီိမောင်စိန်
ကတော့ သိမ်ဖြူလမ်းမှာပါ ။ မေ၇ီမြ က ဘန်ဂါလီစုဘက်မှာနေပါတယ် ။ အဆိုတော်ချစ်စပါယ်(
မသန်းချစ် ) က ၈၉ လမ်း
အဆိုတော် ရှင်ညိုက ၈၇ လမ်း ။ အဆိုတော် ညွန့်ညွန်စိန် ကျော်ဇောလေးတို့က ဖဆပလ ဘက်မှာပါ ။
စာေ၇းဆ၇ာဗိုလ်မြင့်က ၉၂ လမ်းထိပ် ( မြန်မာ့ဂုဏ်၇ည်လမ်းမှာနေပါတယ် ၊ ဗိုလ်မြင့်က
သူဝတ္တုေ၇းတာ ၇ီကော်တာထဲမှာ အသံသွင်းထားတယ် ၊ အဲဒါကို သူ့ စားေ၇းကလေးက
ပြန်နားထောင်ပြိး လက်ေ၇းတာ ၊ ကောင်လေးက လက်ေ၇းတော်တော်ညံ့တယ် သူ့ ဝတ္တု ပရု (
Prove ) ဘတ်၇တာ တော်တော်စိတ်ညစ်ဘို့ကောင်းတယ် ။
ကျွန်တ်ာမသိတဲ့ ကန်တော်၇ိပ်သာက နံမယ်ကျော်တွေလဲရှိချင်ရှိအုံးမှာပါ ။
ကန်တော်၇ိပ်သာ နဲ့ ဓလေ့လေးကို ထင်ဟပ်စေတဲ့ ဆောင်းပါကလေးတွေကိုတော့
သီးခြားေ၇းထားပါတယ် ၊
ဒိုဘီလိုင်း
ကန်တော်၇ိပ်သာ ဆိုတဲ့ ကန်တော်လေး၇ပ်ကွက်ထဲမှာဒိုဘီလိုင်းဆိုတာရှိပါတယ် ၊
ကုလားလိုဒီုဘီဆိုတာ အ၀တ်လျှော်တာကို ခေါ်တာပါ ၊
ဒါကြောင့်ဒိုဘီလိုင်းဆိုတာအ၀တ်လျှော်တဲ့နေ၇ာပါအဂ်လိပ်အစိုး၇လက်ထက်က
စံနစ်တကျတည်ဆောက်ပေးတဲ့နေ၇ာပါ ၊ကန်တော်ကြီးကေ၇ကို
ကန်ပတ်လမ်းအောက်ကနေသွယ်ယူပြီး ဒိုဘီလိုင်းလို့ခေါ်တဲ့နေ၇ာကိုလွှတ်ပေးပါတယ် ၊
ဒိုဘီကွင်းထဲမှာ အုတ်ေ၇ကန် များဆောက်ပြီး ။အုတ်ေ၇ကန်တခုစီ၇ဲ့ဘေးမှာ အ၀တ်လျှော်ဘို့ 
ကျောက်ပြားကြီးများလဲထားပေးပါတယ် ၊ နောက်ပြီးအ၀တ်လှမ်းဘို့ 
ကြိုးတန်းရှည်ကြီးများလဲထားပေးပါတယ် ၊ေ၇ကို ဖေါဖေါလောလောသုံးနိုင်တယ်
၊အ၀တ်လျှော်ပြီးတဲ့ေ၇တွေဟာ ။ေ၇နုတ်မြောင်းကြီးကဆင့်
ပုဇွန်တောင်ချောင်းထဲကိုစီးစေပါတယ်အဂ်လိပ်အစိုး၇က မြို့ တမြို့ တညဆောက်တဲ့အခါမှာ
ေ၇နှုတ်မြောင်းစံနစ် ၊ေ၇နဲ့ မိလ္လာစံနစ်ကိုသေသေချာချာစီစဉ်ပြီးမှ မြို၏ သို့ 
မဟုတ်၇ပ်ကွက်တခုကိုတည်ထားတာတွေ့ ၇ပါတယ် ၊ လမ်းတိုင်းမှာအိမ်ရှေ့မြောင်း ၊
နောက်ဖေးမြောင်းထားရှိပါတ၊ယ် မြေအောက်ကနေ မိးဘေးအန္တ၇ယ်အတွက်ေ၇အသုံးပြုနိုင်ဘို့ 
မီးသတ်ပိုက်လိုင်းထားပါတယ် ၊
ဟိုတုန်းက ကန်တော်လေး၇ပ်ကွက်နဲ့ အနီးပတ်ဝန်းကျင်၇ပ်ကွက်တွေက လူတွေတချို့ 
ဟာအ၀တ်လျော်တာ၊ မီးပူတိုက်တာကို ဆိုင်မှာပေးပြီးလုပ်ခိုင်းပါတယ် ၊
များသောအားဖြင့်ကုလားများကဒီအလုပ်ကို လုပ်ကြပါတယ် ၊
ဒီလုပ်ငန်းအတွက်ဒိုဘီလိုင်းဆိုတာတည်ဆောက်ပေးထားပြီး ။ ဒိုဘီလိုင်း ၁ လမ်း ၊ ၂ လမ်း ၊ ၃ လမ်း
ဆိုတာဒိုဘီကုလားများနေတာများပါတယ် ၊ အခုတော့ ကုလားတွေလဲ အိန္ဒိယပြန်ကုန်တော့
ဗမာတွေဝင်နေကြပါပြိ ။ ဒါပေမဲ့ ဒီနေ၇ာကိုတော့ ကုလားတန်းလို့ ဘဲလူသိများပါတယ်
။အဲဒီနားကဈေးလေးကိုကုလားဈေးလို့ ခေါ်ပါတယ် ၊
မြန်မာ့ဂုဏ်၇ည်လမ်းနဲ့ 
အထက်ပန်းဆိုးတန်းလမ်းဒေါင့်မှာအ၇င်တုန်းကကျောက်ဆေးရုံဆိုတာရှိတယ် ။ (
နောက်ပိုင်းတော့ကူးဆက်ေ၇ာဂါကုဆေးရုံဆိုပြီးနာမယ်ပြောင်းခေါ်ပါတယ် ၊ အဲဒီနားက
သ၇ဲသိပ်ခြောက်တယ်ညဆို၇င်၊ ဒိုဘီကုလားတွေအ၀တ်ထုတ်ကြီးထမ်းပြိး
ရန်ကုန်ဆေးရုံကြီးဘက်ပြန်၇င် ။ကုလားတွေသရဲခြောက်ခံ၇တယ်လို့ အမေတို့ ပြောတာဘဲ ။
အဲဒီနားက ခေ၇ပင်ကြီးအောက်မှာပလာတာေ၇ာင်းနေတဲ့ ကုလားဆို၇င် ညမိုးချုပ်တာနဲ
လက်ဝါးကြီး ပဲမြင်၇တယ် ၊ ပလာတာလာဝယ်စားတယ်တဲ့ ၊ ညဆို အဲဒီဘက်က လူပြတ်တယ် ၊
မောင်သုံည တော့ ညဘက် သွင်ရုံတို့ မြိုမ တို့ကနေ ရုပ်ရှင်ကြည့်ပြီး ပြန်၇င်
ရန်ကုန်ဘူတာကြီးကိုဖြတ်ပြီး ။
စိန်အန်ထော်နီလမ်းကနေပြန်တက်တယ် ။ အဲဒီနားေ၇ာက်၇င် နဲနဲ ကြက်သိီးထချင်တယ် ၊
ဟဲ ဟဲ ကြောက်စ၇ာကြီးနော်
ကန်တော်၇ိပ်သာ လမ်းများအသီးသီးတွင်ရှိသော ဓမ္မာရုံ နှင့်
စာဘတ်အသင်းများအကြောင်း
ကန်တော်လေး၇ပ်ကွက်အတွင်းမှာ လမ်းတိုင်းတွင် ဓမ္မာရုံ သို့ မဟုတ် စာဘတ်အသင်းများရှိပါတယ် ၊
၉၃ လမ်းက ဓမ္မာရုံ နဲ့ စာဘတ်အသင်းအကြောင်းကို အ၇င်ပြောပါမယ် ။ အစတုန်းက ၉၃ လမ်းက
ဓမ္မာရုံကို ကာကွယ်ေ၇း နှင့်စာဘတ်အသင်းလို့ အမည်ပေးထားပါတယ် ၊ အဲဒီတုန်းက
နိုင်ငံေ၇းအစိုး၇စတက်ခါစဆိုတော့ လုံခြုံေ၇းကသိပ်စိတ်မချ၇သေးပါဘူး ၊ ကိုယ့်၇ပ်ကွက်ကိုယ်
လုံခြုံအောင်တာဝန်ယူ၇ပါတယ် ၊ အင်းစိန်ဘက်ဆို၇င်က၇င်
တွေ၇ဲ့လက်အောက်မှာကျနေတာများပါတယ် ။ လမ်းထဲမှာရှိတဲ့ လူငယ် ၊ လူ၇ွယ်တွေက
ညဘက်ကင်းစောင့်၇တာတို့ ၊ ၇ပ်ကွက်ကိုလှည့်ပြီး ပတ်တေ၇ာင်လှည့်၇တာတွေလုပ်ပေး၇တယ် ၊
ဒါကြောင့်
ကာကွယ်ေ၇း နဲ့စာဘတ်အသင်းဆိုပြီး နံမယ်ပေးထားတာပါ ၊ လမ်းတိုင်းမှာ ဒီလို
စာဘတ်အသင်းတွေကို ၊ ပြန်ကြားေ၇းဌာနကေ၇ဒီယိုတလုံးစီပေးထားပါတယ် ၊
ေ၇ှးဟောင်းေ၇ဒီယိုကြီးတွေပါ ၊ မီတာလိုင်းပြောင်း၇င် Transformer ခေါ်လား ဘာလဲမသိပါဘူး
အဲဒါကို ဆွဲံထုတ်ပြီး နောက်တခုလဲထိုး၇တယ် ၊
အဲဒီတုန်းက ညဆို၇င် ခလေးတွေနဲ့ ကာလသားတွေဟာ စာဘတ်အသင်းမှာစာလာဘတ်၇င်း
ေ၇ဒီယိုနားထောင်ကြ၇ပါတယ် ၊ ခုနှစ်နာ၇ီဆို၇င် မြန်မာ့အသံက ခလေးများအဖို့  (
ပုံပြောတဲ့အစီအစဉ်) ကိုခလေးတွေ နားထောင်ကြ၇ပါတယ် ၊ ည ၈ နာရီ ၁၅ မိနစ်ဆို၇င်တော့
ကလာပေါ်တီးဝိုင်းအဖွဲ့ ဆိုတော့ လူလတ်ပိုင်းတွေကစုပြိးေ၇ာက်လာကြပါတယ် ၊ အဲဒီတုန်းက
ကာလပေါ်တူ၇ိ.ယာအဖွဲ့တွေက တက္ကသိုလ်စိုး တူ၇ိယာအဖွဲ့  ၊ ဂီတဗိမာန်တူ၇ိယာအဖွဲ့  ၊
အေ၀မ်းခင်မောင်တူ၇ိယာအဖွဲ့  ၊ မြတ်မွန်တံတျာ အဖွဲ့ တို့ မှာလူကြိုက်များသောအဖွဲ့ များဖြစ်ပြီး
ကိုမြကြီး ၊ စန္ဒယားချစ်ဆွေ ၊ မြတ်လေး ၊ ကိုသန်းလှိုင် ။ စတဲ့ အဆိုတော်များပါတဲ့ အဖွဲ့ 
များအသံလွှင့်မဲ့နေ့ များဆို၇င် ကာလသားတွေအသင်းတိုက်မှာ လာေ၇ာက်စုဝေးကြပါတယ် ၊ (
ဒီအကြောင်းများကို ကျတော်ေ၇းတဲ့ လဘက်၇ည်ဆိုင် ဆောင်းပါး ဘန်ကောက်သံသာ အစီအစဉ်က
ထုတ်လွှင့်ခဲ့ပါတယ် အဆင်ပြေ၇င် တင်ပေးပါမယ် )
အဲနောက်ပြီး စာဘတ်အသင်းရှိတဲ့ လမ်းတွေက အမေ၇ိကန်ပြန်ကြားေ၇းမှာသွားပြီး ၇ုပ်ရှင် နဲ့
သတင်းကားတွေငှါးပြိးပြလို့ ၇ပါတယ် ၊ သူတို့ကိုယ်တိုင်လာပြပါတယ် ၊ မကြာ မကြာ လမ်းထဲမှာ
အမေ၇ိကန်ပြန်ကြားေ၇းက ပြတဲ့ ၀ါဒဖြန့်သတင်းကားများ ၊ ကာတွန်းကားများ ပြလေ့၇ှိပါတယ် ၊
အဲဒီတုန်းက ၀န်ကြီးချုပ်ဦးနုေ၇းတဲ့ လူထုအောင်သံရုပ်၇ှင်ကားကတော့ လမ်းတိုင်းမှာ
ခဏခဏပြပါတယ် ။ လူထူအောင်သံဇတ်ကားက ကွန်မြုနစ်ဆန့်ကျင်ေ၇းကားပါ ( အဲဒီတုန်းက
သတ္တမတန်းမှာ ကျောင်းသုံးစာအုပ်အဖြစ်ပြဌာန်းခဲ့ပါသေးတယ် ) လူထုအောင်သံဇာတ်ကးကနေ
မင်းသားစဖြစ်လာသူတွေကတော့ ဗိုလ်ဗကို ၊ မောင်မောင်တာ ၊ ဦးသုခ သာဂေါင်ကြီး တို့ဖြစ်ပါတယ် ၊
ဇာတ်ကားမှာပါတဲ့မင်းသမီးကတော့ ရုပ်ရှင်လောကထဲေ၇ာက်လာတာမတွေ့ ပါဘူး ။ ဗိုလ်ဗကိုက
ကွန်မြူနစ်တပ်ထဲအသစ်ေ၇ာက်လာတဲ့ ၇ဲဘော်သစ် ( ရဲဘော်အောင်ဝင်း ) ၊ မောင်မောင်တာက
နှစ်ဘက်စေ့စပ်ေ၇းသမား ။ ၇ဲဘော် အောင်ဝင်း၇ဲ့ သူငယ်ချင်း ဦးသုခ က ကျောင်းဆ၇ာ ဦးဖိုးဆိတ်
နေ၇ာက သ၇ုပ်ဆောင်၇ပါတယ် ဇာတ်သိမ်းခမ်းမှာ
မကြာခင်လူထုအောင်သံကိုကြား၇မယ်ဟေ့
ဆိုတာကိုကြွေးကြော်ပြီးဇာတ်သိမ်းပါတယ် ။ သက်ြန်မှာ
လဲ မကြာခင်
မင်းတို့ လူထုအောင်သံကိုကြား၇မယ်ဟေ့
ဆိုပြီးအော်ကြတာလဲ တွေ့ ၇ပါတယ် ၊
၉၃ လမ်း ဓမ္မာရုံမှာ ၀ါတွင်းဆို၇င် ၀တ်တက်၇တ.် ။ အဘိတ်နေ့ မနက်မှာ လူငယ်တွေက ဆွမ်းပုဂံတွေ
တအိမ်တက်ဆင်းလိုက်ဝေတယ် ၊ ညနေကျတော့ လိုက်သိမ်းတယ် ၊ရှေ့ကတယောက်က
ကျေးစည်ထုပြီးသွားတယ် ၊ နောက်က ဒေါင်းလန်းကြီးကိုထမ်းပြီး လိုက်တယ် မနက်ကပေးထားတဲ့
ဆွမ်းတော်ပုဂံတွေကိုတအိမ်တက်ဆင်းလိုက်သိမ်းတယ် ၊ ဓမ္မာရုံေ၇ာက်တော့
နှစ်ကြိတ်ရှစ်ဆူဘု၇ားတွေ၇ဲ့ရှေ့ မှာညဘက်ဝတ်တက်ဘို့ ဆွမ်တော်ကြီးပွဲပြင်ထား၇တယ် ။ ည ၇
နာရီမှာ စပြီးဝတ်တက်ပါတယ် ။ လမ်းထဲက လူပျို အ၇ွယ်အပျိုအ၇ွယ်တွေနဲ့ လူကြီးတွေစုံစုံလင်လင်
ဝတ်တက်ကြ၇တယ်၊ ပထမပိုင်းဝတ်တက်လို့ပြီး ၇င်ခဏနားတယ် ။ အဲဒီအချိန်မှာ မုန့် ဟင်းခါး ။
ကြာဆံဟင်းခါး ။ ကြက်သားနဲ့ပလာတာ စသည်ဖြင့် အလှုရှင်တဉိး၇ဲ့
စေတနာအလျောက်လာေ၇ာက်ကျွေးမွေးကြတယ် ။ အဘိတ်နေ့ ညတိုင်း ၀တ်တက်တယ် ၊ တအိမ်
တလှည့်စီ အကျွေအမွေးကိုတာဝန်ယူကြတယ် ။ လူငယ်တွေအလွန်စည်းရုံးပြီး ညီညွတ်ကြတယ် ။
အင်မတန်ချစ်စ၇ာကောင်းတဲ့ ဓလေ့ကလေးတွေပါဘဲ ။
ကျွန်တော် ၂၀၀၄ ခုနှစ်က မြန်မာပြည်တခေါက်ေ၇ာက်တော့ အခုဒီဓလေ့တွေမရှိတော့ဘူးတဲ့
လမ်းထဲကို
ကန်ထ၇ိုက်တိုက်တွေ ၄ ထပ် ၅ ထပ်ဆောက်လာတော့ လူသစ်တွေများလာတယ် ၊
အ၇င်လူငယ်တွေလဲ သဘော်သားအဖြစ်နဲ့ ၄င်း Shore Job အဖြစ်နဲ့  နိုင်ငံခြားထွက်ကုန်ကြတော့
လူမ၇ှိတော့ဘူးလို့ပြောပါတယ် ၊
အင်မတန်ချစ်စ၇ာကောင်းတဲ့ ဓလေ့လေးတွေပျက်သုဉ်းသွားခဲ့ပါလေပြီ ၊
၉၁ လမ်းမှာရှိတဲ့ စာ၇ိတ္တမြှင့်တင်ေ၇း ဓမ္မရုံအကြောင်း
စာ၇ိတ္တမြှင့်တင်ေ၇းဓမ္မရုံဆိုတာကတော့ ဦးဘိုးဥာဏ် နဲ့ သားများဖြစ်တဲ့ ဦးအေး + ကိုစိန်ဝင်း
တို့ကတည်ထောင်တာပါ ၊ စာ၇ိတ္တမြှင့်တင်ေ၇းလို့ အမည်ပေးထားပြီး လူငယ်များကို ဗလ ၅
တန်ပြည့်စုံအောင် ပြုစုပျိုးထောင်ပေးနေတဲ့ နေ၇ာပါ ၊ ဦးဘိုးဥာဏ်က ကျောင်းစဖွင့်တဲ့နေ့မှာ
ကျောင်းသာတွေကိုမောင်မယ်သစ်လွင်နေအဖြစ်မိန့် ခွန်းပြော၇ာမှာ ၊ ဦးနု လေသံမျိုး ဘဲ မောင်တို့ 
မယ်တို့ ဆိုတဲ့ အသုံးအနှုံးနဲ့ပြောတယ် ။ ဂေါင်းပေါင်း ပေါင်းထားတယ် ၊
ဒုတ်ကောက်နြဲရူးဖိနပ်စီးလေ့ရှိတယ် ၊၊
။ အဓိက ကတော့ ၇ပ်ကွက်လူငယ်များကို ညကျောင်းဖွင့်ပြီးစာသင်ပေးတယ် ။ ၃ တန်း ၄ တန်းကနေ
၁၀ တန်းအထိ တလ မှ ငါးမူးဘဲပေး၇ပါတယ် ၊ ကျောင်းကဘယ်လောက်နာမယ်ကြီးသလဲဆို၇င် ၊
ကန်တော်လေး၇ပ်ကွက်ကသာမကဘဲ ၊ေ၇ကျော် တို့ ကျောက်မြောင်း သံလျင် ၊ သာကေတ ။ ဒေါပုံ
တို့ကတောင်လာတက်ကြပါတယ် ၊ ဟိုတန်ုးက ၉ တန်းမရှိဘူး ၈တန်း တခါကျ၇င် နောက်တနှစ်မှာ
၁၀ တန်းဖြေနိုင်တယ် ၊ ၈ တန်းကို Pre - Metric လို့ ခေါ်တယ် ၊
ကျနော်ကကျောက်မြောင်းအစိုး၇ထက်တန်းကျောင်းမှာ ၈ တန်းကျတော့ စာ၇ိတမြှင့်တင်ေ၇းကနေ
နောက်နှစ်မှာ ၁၀ တန်းဝင်ဖြေတယ် ၊ အောင်တယ် ဒါပေမဲ့အဲဒီနှစ်ကစပြီး ၉ တန်း ၁၀ တန်း
ပြန်ပေါ်လာတော့ ၉ တန်းအောင် ဖြစ်သွားပြီး ၁၀ တန်း ပြန်ဖြေ၇တာ့ပေါ့ ၊ အဲဒါနဲ့ ၁၀ တန်းဖြေနေ၇င်း
ရုပ်ရှင်သစ်နဲ့ ကာတွန်းသစ်မှာအလုပ်ဝင်လုပ်တော့တာပါဘဲ ၊
စာ၇ိတ္တမြှင့်တင်ေ၇းကျောင်းမှာ မကြာခဏ စကား၇ည်လုပွဲ ကျဘမ်းစကားပြောပွဲဆိုတာလုပ်တယ် ၊
ကျနော် က ကျဘမ်း နဲ့စကား၇ည်လုပွဲဆို အလွန်ဝါနာပါတယ် ။ အဲ ချစ်စပါယ် ( မသန်းချစ် ) ကလဲ
ဒီညကျောင်းမှာတက်နေတယ်ဆိုတော့ စကား၇ည်လုပွဲပြော၇င် သူနဲ့ တဘက်စီအမြဲပြော၇တယ် ၊
မသန်းချစ် ညကျောင်းတက်နေ၇င်း ( မြတ်မွန်တံတျာအဖွဲ့ သီချင်းဆိုဘို့ 
မမတို့မော်ေ၇ွှမြိုင်သိချင်းတိုက်နေတယ် ) မကြာခင်
ဒီသီချင်း တပုဒ်ထဲနဲ့ နာမယ်ကျော်သွားတာဘဲ ၊ ညကျောင်းမှာ ဘောဂဗလ မောင်မယ်ဆိုပြီး
တနှစ်အတွင်းငွေအများဆုံးစုနိုင်သူကို နှစ်ကုန်၇င်ဆုပေးတယ် ၊နှစ်ကုန်၇င် ဆုပေးပွဲနဲ့အတူ
ကျောင်းကတင်ဆက်တဲ့ အငြိမ့် ။ စကား၇ည်လုပွဲ ။ နောက်ကျပိုင်းကျတော့ ၇ုပ်ရှင်ပြလေ့ရှိပါတယ် ၊
ညကျောင်းမှာ ကျောင်းသားသမဂ္ဂလဲရှိတယ် ။ တနှစ်မှာ ကျတော် သမဂ္ဂ
ဥက္ကဌအဖြစ်အရွေးခံလိုက်၇သေးတယ် ၊ ညကျောင်းမှာ ဒေါပုံကလာတက်တဲ့ ကိုတင်ဦး (
စာပေဗိမာန် ) နဲ့ မိတ်ဆွေဖြစ်သွားတယ် ။ ကျောင်းနေဘက်သူငယ်ချင်းများကတော့ ။ သောင်းစိန် ။
မောင်မြိုင် ။ တို့ဖြစ်ပါတယ် ၊
နောက်ပိုင်း မှာ စာသင်ကျောင်းမရှိတော့ ဘဲ မိုးကုတ်ဝိပဿနာတ၇ားစခမ်းအနေနဲ့ဘဲ
လုပ်တော့တယ် ၊
ဆ၇ာမဒေါ်ထွေး ( ၂ တန်းတုန်းက ဆ၇ာမ ) က ဥိးဆောင်လုပ်တာပါ ၊ ည ၇ နာ၇ီဆိုမှာ
မိုးကုတ်ဆ၇ာတော်ကြီး၇ဲ့တ၇ားခွေဖွင့်ပါတယ် ၊ ယောဂီသိပ်များပါဘူး ။ ( အခုတော့
ဆ၇ာမကြီးဒေါ်တွေးလဲဆုံးသွားပြိဆိုတော့ ဘယ်လိုဆက်ပြီးစခမ်းသွားနေလဲ ဆိုတာမသိတော့ပါ၊
ဆက်ေ၇းချင်သေးတယ်ဗျ မပြီးသေးဘူး နောက်မှနော်
အတာကြူးတဲ့ တန်ခူးလ
အတာ လို့ခေါ်တဲ့ တန်ခူးလဟာ မြန်မာတို့ရဲ၊ ပြက္ခဒိန် ၁၂ လ မှာ ပထမ ဦးဆုံးလဖြစ်ပါတယ် ၊ နှစ်ဟောင်းကုန် နှစ် သစ်ကူးတဲ့ အတွက် တန်ခူးလ လို့ခေါ် ပါတယ် ၊ အတာ သို့ မဟုတ် တန်ခူးဆိုတာကူးပြောင်း ခြင်းလို့အဓိပ္ပါယ်ရပါတယ် ။ တန်ခူးလ ဟာ ရာသီအရ မိတ္တ ရာသီ ဖြစ်ပြီး ကောင်းကင်မှာ စိတ္တရကြယ်ထွန်းလင်း တောက်ပ ပါတယ် ။ တန်းခူးလ မှာ ပွင့်တဲ့ရာသီပန်းကတော့ ပိတောက်ပန်းပါဘဲ ပိတောက်ပန်းဟာသက်ြန်၇ဲ့ အ ထိမ်းအမှတ်ပန်းပါ ပဲ ၊ ပိတောက် ဟာ တနှစ်မှ တခါသာ ပွင့်တဲ့ပန်းဖြစ်လို့  ကန်ုဘောင်ခောတ်စာဆိုတော်ကြီး ဉီးကြော့က
ပိတောက်ပန်းကို တနှစ်တွင် ဒီတလ တလတွင် တရက်ထဲ ပွင့်တဲ့ပန်းလို့ ပိတောက်ပန်းဘွဲ့ ကဗျာမှာအမွှန်း အမွှန်းတင် စပ်ဆိုထားပါတယ် ၊ တန်ခူးလမှာ ဆင်နွဲကြတဲ့ ပွဲတော်ကတော့ အတာကူးတဲံ့သက်ြန်ပွဲ ဖြစ်ပါတယ်
မြန်မာ့တို့ရဲ့ဓလေ့ထုံးစံအရ တန်ခူးလမှာ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်သို့ မပါရအောင် ဆေးကြောပေးတဲ့အနေနဲ့ တဉီးကိုတဉီး အမွေးနံ့သာတို့နဲ့ပတ်ဖြန်း ပြီး စင်ကျယ်သေပါတယ် ၊ နှစ်သစ်မှာအောင် အောင်မြင်ခြင်းအဖြာဖြာနဲ့ ဆင်နွဲစေဘို့ရည်ရွယ်ပြီး အောင်သပြေခက်ကလေးများနဲ့ ပက်ဖြန်းတက်ကြပါတယ် အလွန်ချစ်စရာကောင်းတဲ့မြန်မာရိုး ရာဓလေ့ကလေးများဖြစ်ပါတယ် ၊
တန်ခူးလ သကြန်ပွဲနဲ့လိုက်ဖက်ဆုံးအစားအစာကတော့ မုန့်လုံးရေပေါ်ဖြစ်ပါတယ် ၊ ကောက်ညှင်းဆန်နဲ့ ဆန်ရောကြိတ်ထားတဲ့ မုန့် နှစ်ထဲမှာထန်းညက်ခဲကလေးများထဲ့ပြီး ပြုပ်ထားတဲ့ မုန့် လုံးရေပေါ်ကို အုန်းသီးနိုင်း ခြင်းနဲ့ ရေစိုနေတုန်းစားလိုက်ရတဲ့အရသာဟာ တသက်မမေ့ နိုင်တဲ့သက်ြန်အစားအစာပါဘဲ
သက်ကြီးရွယ်အိုများကိုလဲ ရေချိုးပေးခြင်း ခေါင်းလျှော်ပေးခြင်း ၊ တို့ကိုလဲပြု လုပ်ခြင်းဖြင့်ကုသိုလ်ယူကြပါ သေးတယ် ၊
မြန်မာများရဲ့နေအိမ်တွေမှာတော့ ဘုရားများ ရေသပ်ပါယ်ခြင်း အဝတ်အစား ဟောင်းများကိုလျော်ဖွတ်ပြီး အိမ်တွင်းသန့်ရှင်းမှုများပြုလုပ်ခြင်း တိရိစ္ဆာန်များဘေးမဲ့လွှတ်ခြင်း တို့ ကို ပြုလုပ်ခြင်းဖြင့် နှစ်သစ်ကိုကြိုဆိုကြပါ တယ် ။
တန်ခူးမှာ ရေပတ်ကစားကြတဲ့ဓလေ့ကို ဘယ်တုန်းစတင်လုပ်ဆောင်လာခဲ့ကြ သလဲဆိုတာကိုတော့ အတိ အကျဖေါ်ပြဘို့ခက်ခဲပေမဲ့ ၊ ပုဂံခောတ် နရသီဟပတေ့မင်းလက်ထက် ကအဖြစ်အပျက်ကလေးအ၇တော့ ပုဂံခောတ်မှာလဲရေပက်ကစားခဲ့ကြတယ်ဆိုတာသိနိုင်ပါ တယ် ၊
နရသီဟပတေမင်းဟာ အလွန်လဲကျီစားသန်တဲ့အတွက် သူအချစ်ဆုံမိဘုရားကလေး စောလုံကို ရေတွေ ရေတွေမွန်းအောင်ပက်ခိုင်းပြီး စခဲ့တယ် ၊ အင်မတန်အရှက်ကြိး တဲ့ မိဘုရားစောလုံက ရှက်လွန်လို့ ဘုရင်ကြီး ကို ရန်ညိုးထားပြီး စားတော်ပွဲမှာအ ဆိပ်ခပ်ခဲ့တယ် ၊ ဒါကိုန၇သီဟပတေ့ ဘုရင်သိသွာေးတာ့ မိဘုရားစောလုံကို ကွက်မျက်ခဲ့တဲ့ သမိုင်းကြောင်းအဖြစ်ကလေးက ပုဂံခောတ်ရဲ့ သက်ြန်အကြောင်းကိုမှတ်တမ်းတင်ရစ် သလို သက်ြန်တွင်းမှာ ရေပတ်ကစားရာက အကျိစားသန်ရင်လဲ ရန်ဖြစ်တက်တယ်ဆိုတာ ကိုလဲ သင်ခဏ်းစာယူဘို့ ဖြစ်
ပါတယ် ၊
နှစ်သစ်ကူးသကြန်ပွဲတော်ကို မြန်မာနိုင်ငံနည်းတူ အရှေ့တောင်အာရှ နိုင်ငံတွေ မှာလဲ ဆင်နွဲကြတာတွေ
ရပါတယ် ။ ထိုင်း ကမ်ဘောဒီယား ၊ လာအို ၊ အိန္ဒိယ စတဲ့ နိင်ငံတို့ မှာလဲ သက်ြန်ပွဲဆင်နွဲတာတွေ့ ရပါတယ် ၊
သက်ြန်နဲ့ပတ်သက်ပြီး မြန်မာ နဲ့ ဟိန္ဒို ဖက်စပ် ဒဏ္ဍာရီလေးတခုကလဲါခုတိုင်လူတွေအယူရှိနေကြတာကို
ုကြည့်ရင်ဒဏ္ဍာရီလား ပုံပြင်လားလို့ဆိုရမလိုပါဘဲ ၊ အခုလို တန်းခူးလမှာ ပိဿနိုးနတ်မင်းကြီးနဲ့ ဗြဟ္မာကြိးတို့ နှစ်
နှစ်ဉီး ခေါင်းဖြတ် တမ်းအလောင်းအစားလုပ်ခဲ့ကြတယ် ၊ ပိဿနိုးနတ်မင်းကြီးကရှုံးလို့ခေါင်းဖြတ်ခံခဲ့ရတယ်
ပိဿနိးနတ်မင်းကြီးရဲ့ဉိးခေါင်းဟာ အလွန်ပူလို့ ရေထဲပစ်ရင်လဲ ပင်လယ်ရေတွေခမ်းကုန်မယ် ကုန်းပေါ်ပစ်ချရင်
လဲ ကမ္ဘာကြီးမီးလောင်နိင်တယ် ၊ ဒါကြောင့် ပိဿနိုးနတ်မင်းကြီးရဲ့သမီး ခုနှစ်ယောက်က တနှစ်ဆီ ကိုင်ထားကြရ
သတဲ့ ၊ အင်မတန်ပူတဲ့ ဗြဟ္မာကြီးရဲ့ဉီးခေါင်းကို ကိုင်ထားရတဲ့ နတ်သမိးက တနဂ်နွေနေ့ သမီးဖြစ်၇င် ၊ ဒီနှစ်အဘို့ 
တနဂ်နွေသားသီများ ပူလောင်မယ်ပေါ့ ၊ သက်ြန်အတက်နေ့ ကျရောက်တဲ့နေ့ ဟာ ဗြဟ္မာကြီးဥိးခေါင်းကိုင်၇မဲ့ နတ် သမီးရဲ့ အလှည့် ဘဲ ၊ အဒါကို တာစားတယ်လို့ ခေါ်ပါတယ် ၊ ဒဏ္ဍာရီဖြစ်ပေမဲ့ ဒီနေ့ မြန်မာတချို့ကတော့ ယုံကြည်ကြတော့ တာစားတဲ့ နေ့ နံသားသမီးဟာ ဒီနှစ်မှာ ပူလောင်မယ် ၊ ကုသိုလ်များများလုပ်ဘို့  ၊ အရာရာကို
ဆင်ခြင်ဘို့မိဘများက ညွှန်ကြားကြပါတယ် ၊
အင်းဘာဘဲ ဖြစ်ဖြစ် ဘယ်သူမဆို အတာ သက်ြန်တွင်းမှာ ကော အတာလွန် လို့ တနှစ်လုံးမှာကော ကုသိုလ် များများ လုပ်ကြတာအကောင်းဆုံးပါဘဲ ၊
ဒီနှစ် သက်ြန် ပွဲမှာ ရေလိုအေးပြီးပန်းလိုလန်းကြပါစေ
လို့ဆုတောင်း ရင်း
စာဆိုတော်ကြိး ဉီးကြော့ရဲ ပိတောက်ပန်းဘွဲ့သီချင်းကလေး နဲ့ သက်ြန်ကို
ကြိုဆိုနှုတ်ဆက်လိုက်ပါတယ် ။
မောင်သုံည
အခမ်းဆက်
ဟိုတုန်ုးကသက်ြန်အကြောင်း
သက်ြန်ေ၇ာက်လာပြီဆိုတော့ ကန်တော်၇ိပ်သာနဲ့
ဘခင်ကြီးအကြောင်းသတိ၇စာ၇ာကလေးတွေ
ပေါ်လာလို့ ပြော၇အုံးမယ် ။ နိုင်ငံေ၇းအစိုး၇လက်ထက်က သက်ြန်ဆို၇င် ၇ပ်ကွက်အလိုက်အလှပြကား
သံချပ်ကားတွေအပြိုင်အဆိုင်ထွက်ကြပါတယ် ၊
ကန်တော်လေး၇ပ်ကွက်ကလဲ ၊ ၀ိသကြုံ ၊ေ၇ွှဝါဖူး ၊ှဗမာသွေး ။ေ၇ွညာမောင်ဆိုပြီး ။ သက်ြန်
ဖျော်ဖြေေ၇းမဏ္ဍပ်နဲ့ အလှပြကားတွေထွက်တယ် ။ ၀ိသကြုံက တည်မြဲပါတီကလုပ်တာ ဖျော်ဖြေေ၇းနဲ့ 
ဆုပေးမဏ္ဍပ်ေ၇ွဝါဖူးက သန့် ရှင်းပါတီကလုပ်တာ ဖျော်ဖြေေ၇းနဲ့ ဆုပေးမဏ္ဍပ်ပါ ။ ဗမာ့သွေးက
မန္တလေးလမ်းဘက်ထွက်တာပါနွားနှစ်ကောင်ဆွဲတဲ့နွားလှည်းပါ ။ နွားနှစ်ကောင်က တကဲ့နွားတွေလိုဘဲ ။
(
သေးပေါက်တယ် ၊ ချီးပါတယ် )
၉၂ လမ်းကတော့ေ၇ွှညာမောင် ဆိုပြိး အညာလှေအကြီးကြီးထွက်တယ် ။ လှေကြီးပေါ်မှာ ဘူးစင်တို့ ကြက်တို့
လယ်တဲကလေးတွလဲပါတယ် ။ မဏ္ဍပ်ရှေ့ေ၇ာက်၇င် အညာကကုန်တွေချေ၇ာင်းတယ် ။ အဲ ဒီရွှေညာမောင်
အဖွဲ့ ကို အဖေမြကလောင်တို့ ဦးစီးပြီးထွက်ကြတာပါ ။ သြ်က်န်ပြီးတော့ ကဆုန်ညောင်ေ၇သွန်းပွဲဆင်နွဲကြတဲ့
အခါမှာ သက်ြန်တုန်းကအသင်းတွေက ရှေတိဂုံပေါ်မှာတက်ပြီး အဆိုအကတွေနဲ့ ညောင်ေ၇သွန်းကြပြန်တယ်၊
အဖေတို့အသင်းက ကဆန်ညောင်ေ၇းသွန်းပွဲကျတော့ ရွှေဖလာေး၇ာင် ဆိုပြီး ဘန်ကောက်လုံခြည်ေ၇ွှဖလား
ေ၇ာင်ဆင်တူဝတ်ပြိး တက်ကြတယ် ။ အဲဒီတုန်ုးက ရွှေဖလားေ၇ာင်းအသင်းက သီချင်းတွေနဲ့ေ၇ွှညာမောင်
အလှပြ အညာလှေကြီး၇ဲ့ သိီချင်းတွေကို တော့ အဖေဘဲေ၇းစပ်ပေးတာပါ ။ အခုတော့ ဘယ်မှာမှရှာမ၇တော့
ပါဘူး ၊
အဲသက်ြန်မတိုင်ခင်မှာ လူငယ်တွေသက်ြန်အတွက် ၇ံပုံငွေရှာပုံကလေးတွေကိုလဲပြော၇အုန်းမယ်
သက်ြန်နားနီးပြီဆို၇င် ၇ပ်ကွက်ထဲကလူငယ်တွေက လမ်းပေါ်မှာ ပြဇာတ်အတိုကလေးတွေကပြကြပြီး တအိမ်
တက်ဆင်းအလှူခံကြတယ် ။ လမ်းပေါ်မှာကပြ၇တဲ့ ပြဇာတ်ကလေးတွေဆိုပေမဲ့ Setting အပြောင်းအလဲလုပ်
ဘို့ ပိတ်ကား ၂ ချပ်ပါတယ် ။ ပိတ်ကား ၂ ချပ်လာဆုံပြီး ဒီဇိုင်းကိုဖေါ်တယ် ။ နေအိမ် ။ ပန်းခြံ စသဖြင့်ပေါ့  ။
ကျတော်မှတ်မိသလောက် ကတော့ အဒီပြဇာတ်မှာကျတော်အကိုက မင်းသမီးအခမ်းကပါတယ် ။ လူဆိုးနဲ့
ဇာတ်လိုက် ၇န်ဖြစ်တာတို့ သေနပ်နဲ့ပစ်တာတို့ လုပ်တယ် ။ အဲဒါ တလမ်းဝင်တလမ်းထွက် လျှောက်ပြပြီး
သက်ြန်တွက် ၇ံပုံငွေရှာတာပေါ့ဗျာ ။
သိမ်ကြီးဈေး ရှိတဲ့ လသာမြို့နယ်ဘက်မှာတော့ လန်ခြားကုလားလိုလုပ်ပြီး ။ လန်ခြားစွဲတယ် ၊ လန်ခြား
ကုလားလို ၀တ်ပြီး လန်ခြားစွဲတယ် ။ ပြီး၇င် ငွေဖလားနဲ့ အလှူခံတယ် ။ မပေးမချင်းဈေူးထဲအထိလိုက်တောင်း
ကြတယ် ။ ပျော်စ၇ာလဲကောင်း ၇ီစ၇ာလဲကောင်းတယ် ၊
ဟိုတုန်းကတော့ သက်ြန် ၊ ကဆုန်ညောင်ေ၇သွန်းပွဲ ။ သီတင်းကျွတ် ၊ တန်ဆောင်တိုင်ဆိုတာ ပျော်စ၇ာ
ကောင်းတဲ့ပွဲလမ်းတွေပေါ့ ၊
သက်ြန်ပြိး၇င် နှစ်ဆန်းတ၇က်နေ့ မှာ နှစ်ကျိတ်ရှစ်ဆူဘု၇းတွေက ၇ပ်ကွက်ထဲမှာ တလမ်းဝင်တလမ်းထွက်
ဘု၇ားေ၇သပ်ပါယ် ထွက်တယ် ။ အဲ နှစ်ကျိတ်ရှစ်ဆူဘု၇ားတွေက ဦးဖိုးအိမ်ကျောင်းကဘု၇ားတွေလေ ဦးဖိုးအိမ်
ကျောင်းကို အစိုး၇ပိုင်လုပ်လိုက်တော့ ၉၃ လမ်းက ဓမ္မာရုံမှာပြောင်းပြိး သီတင်းသုံးနေကြတယ် ။
( ကန်တော်၇ိပ်သာအတွင်းမှာ ရှိတဲ့ လမ်းတိုင်းမှာ ရှိတဲ့ ဓမ္မရုံ နဲ့ စာဘတ်အသင်း စာ၇ိတ္တမြှင့်တင်ေ၇းအသင်းတို့
အကြောင်းကို သီးခြားေ၇းပြပါမယ် ၊ )
အဲဒီ နှစ်ကြိတ်ရှစ်ဆူဘု၇ားတွေ ဦးဖိုးအိမ်ကျောင်း မှာ ရှိတုန်းက ဘု၇ားခမ်းကြီးက တော်တော်ကျယ်တယ်
မနက်တိုင်း အတန်းတိုင်း ဘု၇ားရှစ်ခိုး၇တယ် ၊ ဘု၇ားရှစ်ခိုးအကုန်ဆို၇တယ် ၊ အစမှာ သာသနာတော်သက္က၇ဇ်
-ခုနှစ်--------- လ ---------- နေ့  ---------- ဆိုတာကို အ၇င်ဆို၇ာတယ် ၊ အဲဒါကို ကိုစိန်တိုး ကတိုင်ပေး
၇တယ် ။
နှစ်ကြိတ်ရှစ်ဆူဘု၇ားတွေကို လော်လီကားနောက်ပွင့်ပေါ်မှာတင်ပြီး တလမ်းဝင် တလမ်းထွက်ေ၇သပ်ပါယ်
ထွက်တာပေါ့ ၊ အိမ်တိုင်း အိမ်တိုင်းကေ၇သပ်ပါယ်ကြတယ် ။ လူငယ်တွေလဲ ကလုပ်အားပေးပေါ့ ၊
တာအိုးကလေးတွေ စပါယ်ကုံးတွေ အမွေးေ၇တွေနဲ့ လှမ်းပေးတာကို ကားပေါ်ကယူပြိး
ဘု၇ားကိုေ၇သပ်ပါယ်၇တယ် ပြီး ၇င် ပြန်ပေး ၊ဘု၇ားပေါ်ကပန်းတွေပန်စွန့်ပေး နဲ့ တလမ်းဝင်တလမ်းထွက်
ကန်တော်လေး၇ပ်ကွက် နှံ့အောင်သွား၇တယ် ။ ညတော်တော်မိုးချုပ်မှ ဓမ္မာရုံကိုပြန်ေ၇ာက်တယ် ။
ပြန်ေ၇ာက်လာ ၇င် အားလုံးကို ထမင်းကြွေးတယ် ၊ ကုလာဟင်း ငပိကျော် ။ စသဖြင့်ပေါ့ ၊
အဲပြော၇အုံးမယ် ဟိုတုန်းက သက်ြန်ပြီးလို့ နှစ်ဆန်းတ၇က် နေ့ မှာ နှစ်ကျိတ်ရှစ်ဆူဘု၇ားတွေ
ပထမဆုံးအကြိမ်၇ပ်ကွက်ထဲေ၇သပ်ပါယ်ထွက်တဲ့ညအကြောင်းပေါ့ အမေပြောပြတာပါ ။
စစ်အတွင်းမှာ ကန်တော်လေး၇ပ်ကွက်လဲ စစ်ဘေးဒါဏ်ခံခဲ့၇တယ် ၊ အသေအပျောက်တွေရှိတယ်ပေါ့ ။
စစ်ပြိးလို့  စစ်ဘေးတိမ်းရှောင်ကြတဲ့ လူတွေ ကိုယ်နေ၇ာကိုပြန်နေတဲ့လူနေ တချို့ လဲ လွတ်တဲ့နေ၇ာအိမ်ဆောက်
နေပေါ့  ။ လူနေကျဲတယ် ၊ ၇ပ်ကွက်ကသိပ်မသန့်ဘူး ။ ၈၉ လမ်း ၈၈ လမ်းဘက်မှာကျောက်ဆေးရုံကြီးရှိတယ်
အဲဒီဘက် ညဘက်ဆိုလူပြတ်တယ် ။
နှစ်ကြိတ်ရှစ်ဆူဘု၇ားတွေ ပထမဦးဆုံး၇ပ်ကွက်ထဲလှည့် ပြီးေ၇သပ်ပါယ်တဲ့ နေ့ ည မှာ လူတွေအိပ်ချိန်မှာ
အသံတွေကြား၇တယ် ။ တစေသရဲတွေနေ၇ာပြောင်းကြတာ ၊ ပစ္စည်းသယ်တဲ့အသံတွေ ။ လှည်း
မောင်းတဲ့အသံတွေ အော်ကြဟစ်ကြတဲ့ အသံတွေဆူနေအောင်ကြား၇တယ် ၊ ဟိုဘက်လမ်းကလိုလို ။ ဟိုးအဝေး
ကြီးကလိုလို ။ တခြားလမ်းတွေကလဲ ကိုယ့်ဘက်မဟုတ်သလို ၊တခြားလမ်းဘက်မှာလိုလို ကြား၇တယ်လို့ ပြော
တယ် ။ အဲဒီကစပြိး နှစ်တိုင်း နှစ်ကြိတ်ရှစ်ဆူဘု၇ားတွေကု နှစ်တိုင်းေ၇သပ်ပါယ်ထွက်၇တော့တာဘဲပေါ့
၉၃ လမ်းဓမ္မာရုံ ဂေါပက လူကြီးက အ၇င်ကဦးကြွယ် ၊ ဥိးကြွယ်ဆုံးသွားတော့ ကျွန်တော်အကိုကြီး ဦးလှထွန်း ။နဲ့
ဆန်းသစ်စပုံနှိပ်တိုက်က ဦးပါကြီး တို့ က ဥိးစီးပြီး လုပ်ခဲ့ကြတယ် ၊ အခု ဦးလှထွန်းေ၇ာ ဦးပါကြီးေ၇ာ
ဆုံးသွားပြိးဆိုတော့ ဘယ်သူတွေဆက်လက်ပြိး လုပ်နေကြသလဲ မသိတော့ပါ
အင်မတန် ချစ်စ၇ာကောင်းတဲ့ ဓလေ့လေးတွေပါ ၊
မောင်သုံည
ဘိက္ခုနီသာသနာအတွက် နိဗ္ဗာန်ဆော်
မောင်သုံည
ဘိက္ခုနီသာသနာအကြောင်းမတင်ပြခင် ၊
ဓမ္မဒိန္န နဲ့ ဝိသာခ တို့ ဇနီးမောင်နှံတို့ဝတ္တုလေးကိုအကျဉ်းလောက်ပြောပြချင်ပါတယ် ။
ဒီဝတ္တုမှာ ယောကျာ်းဖြစ်သူက ဝိသာခ သတို့သား ဖြစ်ပြီး မိန်းမက ဓမ္မဒိန္နဖြစ်ပါတယ်
သူတို့ဟာ သူဌေးလင်မယားဖြစ်ကြီး ၊ ဝိသာခ သတို့သားက ဘာသာရေးကိုကိုင်းရှိင်းသူဖြစ်ပြီး အခြား
သူဌေများနဲ့အတူ နေ့စဉ် ဘုရားကျောင်းသွားပြီး တရားနာ တရားအားထုတ်လေ့ရှိပါတယ် ။
သူဟာ တဖြေးဖြေးနဲ့ တနေ့ထက်တနေ့ထူးထူးခြားခြားတရားရလာပါတယ် ။ ဇနီးဖြစ်သူ က လင်တော်
မောင်ပြန်လာရင် လက်ခလေး ဆွဲပြီး ခရီးဉီးကြိုဆိုလေ့ရှိပါတယ် ။
ဝိသာခ သတို့သားဟာ ပထမ သောတာပန် ၊ ဖြစ်လာတယ် နောက် သကဒါကမ်ဖြစ်လာ
တယ် ။ နောက်တော့ ကာမဂုဏ်အာရုံကိုတပ်မက်ခြင်းကင်တဲ့ အနာဂါမ္မိက မဂ်ကိုရလာတော့
ဇနီးသည် ၊ ထုံးစံအတိုင်း လက်စွဲပြိး ခရီးဉီးကြိုဆိုတာကို လက်စွဲမခံတော့ဘူး
ဇနီးသည်က ဒီနေ့ငါ့ယောကျာ်းအခြေမနေထူးတယ် ၊ ဘာများဖြစ်လာလို့ပါလိမ့် ၊ ငါ့အပ်ါမှာဘဲမကျေ
နပ်လို့လား ၊ တပါးသောသူကိုဘဲ နှစ်သက်လို့လားဆိုပြိး စိတ်ထဲ သောကဖြစ်နေတယ် ။ ဝိသာခ က
လဲ ထမင်းစားတဲ့အခါမှာလဲ တယောက်ထဲစားတဲ့မအနေနဲ့ပဲ စားတော့တယ် ။ ဒီတော့ ဇနီိးဖြစ်သူက မနေနိုင်တော့ဘဲ ဖွင့်မေးတော့တယ် ၊ ဒီအခါမှာ ဝိသာခ သတိုးသားက သူအနာဂမ်တည်လာတယ်ဆို တာ မပြောကောင်းဘူးလို့သိပေမဲ့ ဖွင့်မပြောရင် သူဇနီးရင်ကွဲပြီးသေမှာကို သူသိတဲ့အတွက်ဖွင့်ပြော လိုက်တယ် ၊
တခြားမဟုတ်ပါဘုးကွာ ၊ မင်းအပေါ်လဲ မကျေနပ်လို့မဟုတ်ပါဘူး ၊ တပါးသူကိုလဲကြင်
နာလို့မဟုတ်ပါဘူး ၊ တရားရဲ့အကျိုးတွေပါ ၊ တဏှာရာဂဆိုတဲ့ ၊ ကာမဂုဏ်အာရုံတွေကို မနှစ်သက်
တော့တဲ့ အနာဂမ်မိမဂ်ဆိုတဲ့ ဉာဏ်ကိုရလာလို့ဒီလိုဖြစ်တာပါ ၊ ဒီနေ့ကစပြီး ဒို့နှစ်ယောက်ပိုင်တဲ့ပစ္စည်း
ဉစ္စာတွေကိုမင်းဘဲ ဉီးပြီးလုပ်ကိုင်ပါတော့ ၊ ငါ့ကိုတော့ မောင်ကြီးတယောက်လို ဘဲ ထမင်းတနပ်ကြွေးထားရင်တော်ပြါုပီလို့ဖွင့်ပြောလိုက်သတဲ့
ဒီတော့ ဓမ္မဒိန္နကဒါဖြင့်မောင်ကြီးရယ် အခုလိုတရားနာတယ် တရားအားထုတ်တယ်ဆိုတာ
ယောကျာ်းများမှလုပ်လို့ရတာလား ၊ မိန်းမများကောလုပ်လို့မရဘူးလားလို့မေးတော့ ၊ ဟာ ဒီလိုမဟုတ်
ပါဘူး ၊ မိန်းမများလဲ အားထုတ်လို့ရပါတယ် လို့ပြောတော့ ၊ သူလဲတရားအား ထုတ်ချင်တယ်ဆိုပြီး
ယောကျာ်းထံခွင့်ပန်ပြီး ဘိက္ခုနီမဝတ်ပြိးအားထုတ်လိုက်တာ ၊ ရက်တိုတိုနဲ့နဲ့ဘဲ ရဟန္တာမ ဖြစ်သွား
တယ် ၊ ယောကျာ်းဖြစ်သူထက် တဆင့်မြင့်ပြီး သူမက ရဟန္တာဖြစ်ပြိး အိမ်ပြန်လာတယ် ။ ရက်ကလဲ
တိုတိုနဲ့ အိမ်ပြန်လာတယ်ဆိုတော့ ၊ ယောကျာ်းလုပ်တဲသူက လုများထွက်ချင်လို့လားဆိုပြိး ၊ တကယ်
ဘဲ တရားနဲ့တွေ့ပြီးပြန်လာတာလားဆိုတာ ဝေခွဲလို့မရတာနဲ့  ၊ တရားနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုမေး
ခွန်းတွေမေးကြည်၊ တော့လဲ အမှန်တွေကိုချည့်ဖြေနိုင်နေတာတွေ့ရတယ် ။ ဒါပေမဲ့ ဝိသာခ သတို့သား
က တကယ်ဘဲတရားကိုသိလို့ဖြေနိုင်တာလား ၊ စာတက်လို့ဘဲပြောနိုင်တာလားဆိုတာ မဆုံးဖြတ်နိုင်လို့
ဟုတ် မဟုတ်သေချာအောင် ဘုရားထံအဆုံးအဖြတ်ခံတော့ မြတ်စွာဘုရားက ချစ်သမီး ဓမ္မဒိနန္နဟာ
တကယ် တရားထူးတရားမြတ်ရပြီး အရဟတ္တဖိုလ်ဆိုက်သွားကြောင်းဟောကြားခဲ့ဘူးပါတယ် ။
အဲဒီနောက် ဘုရားရှင်ထံမှာ မိဒွေးတော်ဂေါ်တမီ ဉီးဆောင်ပြီး တရားကျင့်တရားအားထုတ်
တယ်ဆိုကာ ၊ ယောကျာ်းသားများမှ လုပ်နိုင်တာလား ၊ မိန်းမသား များကောမကျင့်ကြံနိုင်ဘူးလားလို့
ဆိုပြီး တင်ပြတောင်းခံတဲ့ အတွက် မြတ်စွာဘုရားက ဘိက္ခုနီသာသနာကို ခွင့်ပြုခဲ့ပါတယ် ။
ဒီနေရာမှာ ကြုံကြိုက်လို့ မိန်းမသားများ ရဲ့ ဘိက္ခုများရဲ့ ဘဝ ၊ ဘိက္ခုနီသာသနာကို နဲ့
ဘုရားသားတော်များဖြစ်တဲ့ ယောကျာ်းများရဲ့ ရဟန်းတော်များ မတူညီတာကလေးကိုတင်ပြချင်ပါတယ်
ဗုဒ္ဓသာသနာမှာ ယောကျာ်းများသာသနာ့ဘောင်ဝင်ပြီး၊ တရားကျင့်ကြံအားထုတ်တဲ့အခါ
မှာ ၊ ခန္ဓာ့ဝေယျာဝစ္စ နည်းပါးသွားစေရန်အတွက် ၊ ဆွမ်း ၊ သဏ်န်း ဆေး ၊ ကျောင်း ၊တို့ကို
ဒါယိကာ ဒါယာကာ မများထံမှ အလှုခံပြီး သုံးဆောင်နိုင်ပါတယ် ။ ရဟန်းတော်များ ဆွမ်းအလို့ငှါ ၊
သပိတ်ကိုဆွဲပြီးဆွမ်းခံထွက်ကြရတဲ့အခါ ၊ ဒါယကာ ဒါယကာမ များက ချက်ပြုပ်ပြိးသား ဆွမ်းဘော
ဇဉ်ခဲဘွယ်တို့ကို လောင်းလှူကြပါတယ် ။
အခုလို ၀ါဆိုလများဆိုရင် ၀ါဆိုသင်္ဃန်းကပ်ပွဲများ အမြို့မြိဲု့အနယ်နယ်မှာဆင်နွဲကြပြီး
ဘုန်းတော်ကြီးကျောင်းများကို သင်္ဃန်းများကပ်လှူကြတာဟာဖြင့်လဲ ချိမ့်ချိမ်သဲသဲဖြစ်ပါတယ်
ဒါဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အလှူရေစက်လက်နဲ့မကွာဆိုသလို ၊
လှူကြတန်းကြတာမို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရမှာဖြစ်ပါတယ် ။
ဘိက္ခုနီကျောင်းများအတွက် အလှူပွဲဆိုတာတော့ ၊ မရှိစကောင်း မို့လားမသိ
မကြားမိခဲ့ပါ ၊ ဘိက္ခုနီများမှာ ဆွမ်း ၊ သက်န်း ၊ ဆေး ၊ ကျောင်း စသည်တို့ကို ၊ ခြိုးခြံ၍သာ
သုံးစွဲကြရပါတယ် ။
မိန်းမသားများ သာသနာ့ဘောင်ဝင်ပြိး တရားကျင့် ၊ တရားအားထုတ်ကြရတဲ့
အခုခောတ် ဘိက္ခုနီလို့ခေါ်တဲ့ သီလရှင်များရဲ့ ဘဝအခြေအနေကိုတစေ့တစောင်းကြည့်ကြပါစို့
သီလရှင်များမှာ ရဟန်တော်များကဲ့သို့ သပိတ်လွယ်ပြိးနေ့စဉ်ဆွမ်းခံမထွက်ရပါ တပတ်မှ
တရက် တောဘိတ်နေ့လို့ခေါ်တဲ့ ဉပုသ်အကြိုတရက်ထဲသာ ဆွမ်းဆန်ခံထွက်ရပါတယ် ။ ရတဲ့ဆန်က
လဲ ဟိုအိမ်ကဆန်တမျိုး နဲ့ ဒီအိမ်ကဆန်တမျိုးမတူတဲ့ဆန်ကိုဘဲ ချက်စားရပါတယ် ။ ဆန်းတမျိုထဲ
နဲ့အလှုငွေအနဲသာအလှုထဲ့ကြတာမို့ ဆန်တချို့ကိုပြန်ရောင်းပြီး ၊ ဟင်းလျာနဲ့ ဆီ ဆား ငရူပ်ကြက်သွန်
တို့ကိုဝယ်ရပါတယ် ။ အခုခေတ်မှာပိုဆိုးတာက အသုံးမဝင်တော့တဲ့ ငွေစက္ကူတကျပ်တန်တွေကိုတာ ၊
သိလရှင်များကိုလောင်းလှုနေကြတဲ့အတွက် ၊ သီလရှင်များမှာ တရားအားထုတ်နိုင် အရေးအတွက်
ဆွမ်းကိစ္စ တနပ်စာအတွက်ပင် အနိုင် နိုင် ဖန်တီးနေကြရတာကိုတွေ့မြင်နေရပါတယ် ။
စာရေးသူမြန်မာပြည်ရောက်စဉ်က သီလရှင်များဈေးထဲမှာ ဈေးဝယ်နေတာတွေ့ရင် ၊ ဘေး
မှ ရပ်ကြည့်နေပြီး ၊ ဝယ်သမျှအားလုံးကို ငွေရှင်းပေးခြင်းကိုလုပ်ခဲ့ဘူးပါတယ် ။ လမ်းထဲ ဆန်ခံကြွလာ တာနဲ့ကြုံလို့ တပါး တထောင်စီလှုခဲ့ဘူးပါတယ် ။
ဘန်ကောက်ပြန်ရောက်ပြီးနောက် ရရှိသောဝင်ငွေထဲမှ သီလရှင်ကျောင်းများသို့ ဆန်တအိတ်
ဆီ လှုစေခဲ့ပြီး ၊ သိလရှင်များကို လဲ ငွေသားများ လှုစေခဲ့ပါတယ် ။
မိခင်ကို လွမ်းဆွတ်သတိရလျက်ရှိနေကြသော သောတရှင်များရှင် ၊ မိခင်များထဲမှ မိခင်
များဖြစ်သော ဘိက္ခုနှီမိခင်များသည် ကိစ္စများမြောင် လူတို့ဘောင်ကို စွန့်ခွါပြီး တရားကို ကျင့်ကြဲအား
ထုတ် ၊ လိုကြသော်လဲ ခန္ဓာဝန်ကြီးရှိနေသေးလေတော့ ၊ ခန္ဓာကိစ္စဘာရိယ ကို ဆင်းရဲပင်ကမ်းစွာရုံးကန်ရင်းတရားကျင့်ကြံအားထုတ်နေကြရ ပါသဖြင့် ဘိက္ခုနီသာသနာအတွက်လဲ ထောက်ပံ့ကူညီ
သင့်ပါကြောင်း နိဗ္ဗာန်ဆော်ပြုလိုက်ရပါတယ် ။
ဘိက္ခုနှီသာသနာ လဲ ပွင့်ထွန်း နိုင်ပါစေ
မောင်သုံည
လကဆုန်
လ ကဆုန်
ကဆုန်လပြည်နေ့  ညောင်ရေသွန်းပွဲတော်ကတော့ပြီးသွားပါပြီး ၊ ကျွန်တော်က ကဆုန်လအကြောင်းကို
မေလရောက်မှရေးချင်တာ ၊ အခုတော့ ဗျာ သက်ြန်ပြီးသွားလို့ မှ တပတ်တောင်မကြာသေးဘူး ၊
ကဆုန်လပြည့်နေရောက်ပြီဆိုတော့ တမျိုးကြီးပေါ့နော် ၊ အဲဒါကျွန်တော်တို့ မြန်မာပြက္ခဒိန်၇ဲ့ အားနဲချက်ဘဲ ၊
ကြည့်လေ သက်ြန်စကျတဲ့ အကြိုနေ ကို ကတန်ခူးလကွယ်နေ့ ဖြစ်နေပြီ ၊ ဒီနှစ်မဟာသက်ြန်စာကို ဘတ်ကြည့်ပါ
( ကဆုန်လဆန်း ၅ ၇က် စနေနေ့ နေ့ လည် ၁နာ၇ီ ၃၂ မိနစ် ၅၄ စက္ကန့်တွင်မဟာသက်ြန်တက်၍ ၁၃၇၂
ခုနှစ်သို့ကူးပြောင်းသည် ) တဲ့  ဖြစ်သင့်တာက ၁၃၇၂ ခု တန်းခူးလဆန်း တ၇က်နေ့ တွင်
နှစ်ဟောင်းကုန်၍နှစ်သစ်သို့ ကူးပြောင်းသည်လို့  ဖြစ်သင့်တယ်မဟုတ်ပါလား ( အဲဒါကိုတောာ်တော်
ဘ၀င်မကျဖြစ်နေတာ ကျွန်တော်က တန်ခူးလဆန်း ၇ ၇က်နေ့မှာမွေးတာဆိုတော့ အဲ
တန်ခူးလဆန်းထဲေ၇ာက်ပြီဆိုတော့ နှစ်သစ်ေ၇ာက်နေပြီပေါ့ ( ဒါပေမဲ့ ပြက္ခဒိန်အရ နှစ်မကူးသေးဘူး
နှစ်ဟောင်းမှာဘဲရှိသေးတယ် ။ အသက်တွက်ရင် နောက်ကခုနှစ်ကိုဘဲယူ၇မယ် ဆိုတော့ ကျွန်တော်က
မွေးပြီးလို့မှ တပတ်မပြည့် သေးဘူး မကြာခင်နောက် နှစ်ကူးသွားတော့ တနှစ်ပြည့်သွားတယ်ပေါ့ ။ )
အလိုလိုနေ၇င်း အသက်တနှစ်ကြီးသွားတယ်ပေါ့ အဲဒါကို မကြိုက်တာ ဟဲ ဟဲ ( ထားလိုက်ပါတော့)
ကဲံ ကဆုန်လကအကြောင်းပြောရအောင် ၊ သက်ြန်ပြီးရင် ကဆုန်လက
ညောင်ရေသွန်းပွဲကလဲတော်တော်ပျော်စရာတဲ့ မြန်မာ၇ိုးရာ ပွဲတခုဘဲ ၊ ငယ်ငယ်တန်းက အလွန်ပျော်ခဲ့တဲ့ပွဲပေါ့ ။
ေ၇ွတိဂုံဘုရားပေါ်တက်ပြီး ဘုရားတွေကို အဲဒီနေ့ ရောက်မှ ရေသပ်ပါယ်ကြတာ ၊ ရေကိုဘယ်ကခပ်ရသလဲ
သိလား ၊ အလယ်ပစ္စယံကိုတထစ်ဆင်းပြိးခပ်ရတာ ၊ အဲဒါ ငယ်ငယ်တုန်းကတော့ မောရမှန်းမသိဘူး ငါ ၁၀
ခေါက်ရတယ် ၁၅ ခေါက်ရတယ်နဲ့ြုပိုင်နေကြတာ
ေ၇ွှတိဂုံရင်ပြင်တော်ပေါ်မှာဆိုရင် သက်ြန်တုန်းက အလှပြထွက်ခဲ့တဲ့ သက်ြန်အဖွဲ့ တွေက
သူတို့ဝတ်စုံအတိုင်းဘုရားပေါ်မှာပြန်ကကြတယ် ၊ ကန်တော်လေးရပ်ကွက် ( ကန်တော်ရိပ်သာကဆိုရင်
)ေ၇ွဝါးဖူးကအ၀ါရောင် ။ မြကလောင်တို့ ရွှေညာမောင်အဖွဲ့ က ရွှေဖလားရောင် အဖွဲ့  ၊ တောင်ညွန် ဘက်က
ဝိသကြုံ ဆိုပြီး တက်ကြသေးတယ် ၊
( ဒီနေရာမှာ လကဆုန် သီချင်းကလေး ဖွင့်လိုက်ရင်ပိုမြိုင်သွားမယ်ထင်တယ် )
လ ကဆုန်
ဂီတစာဆို - ရွှေပြည်အေး သီဆိုသူ ၊ ဥသြဘသောင်
အခု သူ့ မောင်ပြန်ဆို ထားတာလေးကို နားထောင်းကြည့်ပါ ကောင်းပါတယ်
ဘဂ၀ါဘု၇ားမှာ သဒ္ဒါပွါးစဖွယ် ----- စေတနာသုံးတန်
ပြဌာန်းကာ၇ယ် --- မဟာဗောဓိရွှေညောင်ဝယ် --
ေ၇သွန်းမဂ်လာပြုမယ် -- ကဆုန်လကြုံတဲ့အခါဝယ် --- သူံနာမည်ကလေးကို မေးလိုပါဘိတယ် --
( ရူပါလှသူခင်ခင်၇ယ် --- သူဇာနတ်လိုထင်ပါတယ် --- မြင်သူစွဲအောင်တက
ထဲချစ်ခင်ဘွယ် ---
ကြော့ရှင်းရှင်းတဲ့သူ၇ယ် -- ) ၂ ရှေးေ၇စက်ဆုံလာပြန်တ
ယ် --မေတ္တာဂရုဏာ တကယ့်ကိုပွါးတယ် --
ယုံတော့ကွယ် - သူ့ အမည်လေးကိုေ
မးချင်လှတယ် -- ပြောခဲ့စမ်းကွယ် -- သိချင်လှတယ်
ု၇ားမှာဆုတောင်းပါလို့ ၇ယ် -- ပါ၇မီကူညီစေဘို့ ၇ယ် -- အဟုတ်ကိုချောလှတယ် --
မျက်နှာလေ
းမှာဆေးမှင်မသတယ် -- နဂိုချောမို့ သဘောလည်းကောင်းလိမ့်မယ် ---
( ဇမ္ဗူလက်ျာကျွန်းအလယ် -- ညောင်ေ၇သွန်းချိန်ဝယ်
--- ခင်နဲ့ မောင် နှစ်ဦးတွေ့ တယ် ---ဆုထူးကိုရွယ် -- (
ပျော်ပျော်ရွှင်ရွှင် -- သစ္စာဆင်မြန်းမယ် ) ၂
ကဆုန်လ၀ယ် နှမ၇ယ် မေတ္တာသွယ် ) ၂
ကဆုန်လနဲ့ ပတ်သက်လို့ တော့ေ၇းစ၇ာတွေက တော်တော်များတယ် ၊ ကဆုန်လ က
၁ ။ ဗျာဒိတ်တော်ခံယူတဲ့နေ့ 
၂ ၊ ဘု၇ားဖွါးမြင်တော်မူတဲ့နေ့ 
၃ ၊ ဘု၇ားဖြစ်တဲ့နေ့ 
၎ ၊ ဖခင်ရှိ၇ာ ကပ္ပိလ၀တ်ပြည်သို့ ကြွချီ ၍ ဗုဒ္ဓ၀င်ဟောသောနေ့ 
၅ ၊ ဘု၇ား ပ၇ိဗ္ဗာန်စံဝင်တဲ့နေ့  တွေဟာ ကဆုန်လမှာ ဖြစ်ခဲ့တာဘဲ
ပိုပြည့်စုံသွာအောင် ကြေးမုံသတင်းစာမှာ ဖိုး၇န်နိုင် -( ကျောက်ကြီး )ေ၇းသားထားတဲ့
ညောင်သီတာေ၇တော်သွန်းချိန်မို့ 
ဆိုတဲ့ ဆောင်းပါးလေးကို ကူးယူးဖေါ်ပြလိုက်ပါတယ် ၊
ပုံကြီးချဲ့ပြီးဘတ်လို့ရပါတယ် ၊
မောင်သုံည
ခံစားမှုတေးများ
တချိန်က ခံစားမှုတေးများ ( ကန်တော်၇ိပ်သာကိုလာေ၇ာက်လည်ပတ်သူများအတွက် မြန်မာသံစင်တေးများနဲ့ဖျော်ဖြေမှာဖြစ်ပါတယ် )
Test
စိုင်းထီးစိုင် --- ငယ်ချစ်
Sai Htee Saing - NgeChit .mp3
Found at bee mp3 search engine
မို့ုမို့ ဇော်ဝင်း --- သူချစ်အုံးမှာလား
Mo Mo Zaw Win - Thu Chit Ohn Mhar Lar .mp3
Found at bee mp3 search engine
ခံစားမှုတေးများ စလိုက်ကြ၇အောင်
သီချင်းနားထောင်တဲ့အခါ Screen ပိုကျယ်လာအောင် You Tube နေ၇ာကို Click လုပ်လိုက်ပါ ၊ Screen ပိုကျယ်လာပြီး ၊ ညာဘက်မှ မြန်မာသံစင်တေးများ ကို နှစ်သက်၇ာေ၇ွးပြီး နားဆင်နိုင်ပါတယ် ၊
ငယ်ကျွမ်းဆွေ -- ၇န်အောင် + ပိုးအိစံ
သူ့ မောင် -- ဖုန်းမောင်သက်လယ်
ဒီသီချင်းက အဖေက ဆိုပြီး သား ဖိုးသောက်ကြာ နဲ့ အေးဝတ်၇ည်သောင်း က သရုပ်ဆောင်ထားတယ်
သရုပ်ဆောင်ထားတဲ့ မိန်းခလး သိပ်သဘာဝကျတယ် သူသ၇ုပ်ဆောင်တာ ချစ်ဘို့ ကောင်းတယ်
သီချင်းနဲ့  သရုပ်ဆောင်တာနဲ့ လိုက်တယ် မလိုက်ဘူးလို့ လဲ မပြောချင်ဘူး ဒါပေမဲ့ သူတို့ နှစ်ယောက် သရုပ်ဆောင်ထားတာ ကြည့်လို့ ကောင်းတယ်
ဗညားဟန် + စိုးစန္ဒာထွန်း ၇ဲ့  ချစ်မှာလား Life Show က တော်တော်ကောင်းတယ်
ခောတ်ဟောင်းပြန်ဆိုတေး ကလေးတွေ အားလုံးကောင်းတယ် နားထောင်ကြည့် ပါလား
ဒါကတော့ Player ကို စမ်းထားတာပါ ဒါပေမဲ့ သီချင်းလေးကကောင်းပါတယ်
Test Song
ဇော်ပိုင် --- အခါလွန်မိုး
Zaw Paing - Ah Khar Loon Moe .mp3
Found at bee mp3 search engine
ကိုတင်ထွဋ် - သံသ၇ာတကွေ့ ဝယ်
ဟိုတုန်းက ခံစားမှု တေးတပုဒ်ပါ
စိတ်ဖိစီးမှုဝေနာကိုဘယ်လိုကုစားမလဲ
မောင်သုံည
လူတခု ပူမှု ဆယ်ကုဋေ ဆိုသလို လိုလူတိုင်းမှာ အပူတခုစီတော့ ရှိကြစမြဲ မဟုတ်ပါလား ဘာတွေ ပူပင်သောကရောက်နေကြပါလဲ ၊ ပြောရင်တော့ ဆုံးမှာ မဟုတ်ပါဘူး ၊ တယောက်နဲ့ ယောက် တူကြမှာလဲ မဟုတ်ပါဘူး ၊ တချို့က အလုပ်ကိစ္စ ၊ တချို့က ငွေရေးကြေးရေး ၊ တချို့က အချစ်ရေး အိမ်ထောင်ရေး ၊ တချို့ကတော့ သားရေးသမီးရေး ၊ တချို့က တော့ ရှေ့ရေး ၊ နောင်ရေး စသဖြင့် အမျိုး မျိုး တွေးတောပူပန်နေကြမှာဘဲဖြစ်ပါတယ် ။
ဒါတွေကို အခုခောတ်မှာ တော့ Stress ခေါ်ဝေါ်သုံးစွဲလာကြပြီး ၊ ရောဂါတခု အနေနဲ့ ကုသနည်း
တွေရှာကြံလာနေကြပါတယ် ။ stress လို့ဘဲ ခေါ်ခေါ် စိတ်ဖိစီးမှုဝေနာလို့ဘဲခေါ် ခေါ် အားလုံးဟာ စိတ်ပူ
ပင်သောကရောက်ရခြင်း လို့ဘဲ ဆိုမှာ ဖြစ်ပါတယ် ။
အနောက်တိုင်းသိပ္ပံပညာရှင်များကတော့ Stress ဆိုစိတ်ရောဂါတမျိုးလို့သတ်မှတ်ပြိး ဥဏှောက်ကို
ုဓါတ်မှန်ရိုက်ကြည့်ပြီး ကုသခြင်းနည်းများဖြင့်သုသေသနပြုလုပ်ပြီး ကုသနေကြပါတယ် ။
အားဆေးများစားခြင်း ၊ ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်စေခြင်း ၊ ဆိုတာတွေကတော့သာမန် စိတ်ဖိစီးမှုဝေဒနာ မခံစားရသူများလဲ လုပ်သင့်ပါတယ် ။
ဒီနေရာမှာ အနောက်တိုင်းအတွေးခေါ်ပညာရှင်များနဲ့ ဗုဒ္ဓရဲ့အတွေးခေါ် (ဗုဒ္ဓဓမ္မ ) တို့ခြားနား
ပုံကိုတင်ပြဆွေးနွေးချင်ဖြစ်ပါတယ် ။ အနောက်တိုင်းအတွေးခေါ်ပညာရှင်တွေဟာရုပ်ဝတ္တုအပေါ်မှာသာအခြေ ခံပြီး စဉ်းစားတွေးခေါ် လုပ်ကိုင်ကြတဲ့အတွက် ၊ ခန္ဓာစစ်ကိုမသိမြင်နိုင်ကြဘူးလို့ ဆိုလိုချင်ပါတယ် ၊
ဒါကို သီတဂူ သပိတ်အိုင်တောရဆရာတော် ရှင်ညဏ်ဏိသရ ရဲ့ ဘဝတန်ဘိုးဆိုတဲ့တရားတပုဒ်မှာ
ဟောကြားထားတာနာဘူးသူများသိပါလိမ့်မယ် ။
တကယ်တော့ စိတ်ဖိစီးမှူဝေဒနာဆိုတဲ့ အတွက် ဒါဟာ စိတ်နဲ့သာဆိုင်တဲ့အတွက်
စိတ်ကို ကုစားရမှာသာဖြစ်ပါတယ် ။ စိတ်ဖိစီးမှုဝေဒနာဟာ စိတ်ရောဂါလို့ ဆို၇တဲ့အဆင့်အထိ
မရောက်သေးတဲ့အတွက် စိတ်ရောဂါ လို့ မဆိုနိုင်ပါဘူး ၊ သာမန်စိတ်ကိုဖြူစင်အောင်လုပ်တဲ့နည်း
များနဲ့ ကုသခြင်း ဟာအကောင်းဆုံးပါဘဲ ၊
စိတ်ရဲ့သဘောသဘာဝ ကိုကောင်းကောင်း နားလည်သဘောအောင်လေ့လာပြီး ၊ စိတ်ကိုနိုင် အောင်
ထိန်းနိုင်တဲ့အလေ့အကျင့်ကိုလုပ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု ဆိုတာ အလိုလိုပျောက်ကင်းသွားနိုင်ပါ တယ် ၊
ဗုဒ္ဓရဲ့ တရာတ်ာများအရ စိတ် နဲ့ ရုပ် ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကြီးမှာ စိတ်ဟာ အရေးအကြိးဆုံးဆိုတာကိုတွေ့မှာဖြစ်ပါတယ် ။
စိတ်ပူတယ် ၊ စိတ်ဆိုးတယ် ၊ ဒေါသဖြစ်တယ်ဆိုတာတွေဟာ ၊ စိတ်ရဲ့ ဖန်တီးမှုတွေဖြစ်တယ် ။
ဉပမာ တခုတင်ပြပါမယ် ၊
တခါက သူငယ်ချင်းတယောက်ကို သူအိမ်က အမေအသဲအသန်ဖြစ်နေတယ် အမြန်လာပါ
ဆိုတဲ့ သံကြိုးစာနဲ့ ခေါ်လိုက်တဲ့အတွက် သူအလုပ်လုပ်နေတဲ့ ဝေးကွာတဲ့မြို့ကနေ အမြန်ပြန်လာခဲ့ရပါတယ် ။
လမ်းတလျောက်လုံး အမေ့အတွက် စိတ်သောကရောက်လျက်နေခဲ့ရပါတယ် ။
ရန်ကုန်ရောက်တော့ အမေ့ကို ဘာမှမဖြစ်ဘဲ နေထိုင်အကောင်းသားနဲ့တွေ့မြင်ရတော့ တလမ်း
လုံး စိတ်သောကရောက် ခဲ့ရတာတွေ လွင့်ပျောက်ခဲ့ရပါတယ် ။ အကြောင်းဆုံကိုမေးကြည့်တော့ ၊ သူကို
အလုပ်ထဲမှာကောင်မလေးတယောက်နဲ့ဘာလိုလိုဖြစ်နေတယ်ဆိုတာသတင်းကြားလို့လှမ်းခေါ်လိုက်တာလို့သိရ
ပါတယ် ။ ဒီနေရာမှာ စဉ်းစားကြည့်စရာ အချက် ၂ ချက် ရှိလာပါတယ် ။
ပထမ တချက်က စိတ်ပူတယ် ဆိုတဲ့အကြောင်းအရာ နဲ့ တကယ်ဖြစ်နေတဲ့အကြောင်းအရာ
ဟာ တလွဲစီဖြစ်နေတာတာရယ် တကယ်မဖြစ်တဲ့အကြောင်းအရာပေါ်မှာတကယ်ထင်ပြီးစိတ်ပူနေရ
တာရယ် ဒုတိယအချက်က အဖြစ်မှတ်ကို တကယ်သိတော့စိတ်ပူတယ်ဆိုတာတွေဟာတယ်ရောက်ကုန်မှန်းမသိဘဲ ၊ ကြက်ပျောက်ငှက်ပျောက် ပျောက်သွား တာရယ် ၊ ဒီနှစ်ချက်ကို လေ့လာသင့်ပါတယ်
ဒါကြောင့်စိတ်ပူတယ် ၊ စိတ်သောကရောက်ရတယ် ဆိုတာ တွေဟာ မသေချာမရေရာတဲ့
အကြောင်းအရာတွေပေါ်မှာလဲ အခြေခံနိုင်တယ်ဆိုတာကိုသိထားသင့်ပါတယ် ။
တချိုက စိတ်ပူတာ ကိုဝါသနာပါတယ် အိပ်ရာထဲရောက်ရင် ဟိုအကြောင်းတွေး ဒီအကြောင်း
တွေးနဲ့ စိတ်ကူးနေတက်တယ် ၊ ရှေ့ရေးနောက်ရေးတွေ တွေးပြီး စိတ်ပူနေတက်တယ် ။
ကိုယ်အတွက်သာမက သူများအတွက်ပါ တွေးပြီး စိတ်ပူနေတတ်ပါတယ် ။
အဲဒါမျိုးကို မိုးကုတ်ဆရာတော်ဘုရားကြီးက ကိုယ့်ကိုယ် ကိုမီးရှိ့ နေတာလို့ ပြောပါတယ်
စိတ်ဖိစီးမှု ဝေဒနာကို ဘယ်လိုကုစားမလဲဆိုတာကို ပြောကြပါစို့
စိတ်ရဲ့သဘောသဘာဝ ကိုကောင်းကောင်း နားလည်သဘောအောင်လေ့လာပြီး ၊ စိတ်ကိုနိုင်
အောင် ထိန်းနိုင်တဲ့အလေ့အကျင့်ကိုလုပ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု ဆိုတာ အလိုလိုပျောက်ကင်းသွားနိုင်ပါ တယ် ၊
စောစောကပြောခဲ့တဲ့အတွက် ၊ စိတ်ဆိုတာကို လေ့လာကြအောင်ပါ
စိတ် ဟာ လူ မှာ တစိတ်ထဲရှိတယ် ၊ နှစ်စိတ် တပြိုင်ထဲ ပေါ်လေ့မရှိဘူး ၊ တစိတ်ပြီးမှ
နောက်တစိတ်ဖြစ်ရတယ်လို့ မြတ်စွာဘုရားဟော်တော်မူထားပါတယ် ။ ဟုတ်မဟုတ် ကိုယ်တိုင်လဲကြည့်နိုင် ပါတယ် ၊ အပ်ဇျားကလေးတခုပေါ်မှာ သဲမှုံကလေးတမှုံ့ ထဲသာတင်ထားနိုင်
ပါတယ် ။ သဲ နှစ်စေ့ တင်ထားလို့ မရပါ ၊ နောက်ထပ်သဲတစေ့ ထပ်တင်မယ်ဆို၇င် ပထမ အစေ့ က အောက်ကျပေးရပါတယ် ။ ဒီလိုပါဘဲ ၊ စိတ်ဟာ နှစ် စိတ် တပြိုင်နက် မပေါ်ကောင်းတဲ့တွက် တစိတ်ဖြစ်ပြိး ရင် နေက်တစိတ်ပေါ်ဘို့အတွက် ပျက်ပေးရပါတယ် ။
ဒါကြောင့် စိတ်ကို အထူးစောင့်ကြည့်တဲ့အလုပ်ကို လုပ်ကြည့်ပါ ၊ တရားထိုင်ခိုင်းတာမဟုတ်ပါဘူး ၊ တရားထိုင်ခိုင်းတယ်ဆိုရင် လူငယ်တွေက ဒါအသက်ကြီးမှ လုပ်ရမှာ ဘုန်းကြီးတွေလုပ်ရမှာဆိုပြိး မလုပ်ချင်ကြပါဘူး ၊ သင့်မှာ စိတ်ဖိစီးမှုဆိုတဲ့ ဝေဒနာရှိနေရင် ဒီနည်းကလေးကိုစမ်းကြည့်စမ်းပါ ၊ လို့ အကြံပေးချင်ပါတယ် ၊
စိတ်ကို ဘာအကြောင်းအရာမှ မတွေးတဲ့ အခြေအနေတခုကို ဖန်တီးထားပါ ၊ အာရုံတခုထဲကိုဘဲ အာရုံပြုထားပါ ၊ ဉပမာ နှာခေါင်းက လေရှု နေတယ် ၊ လေကိုပြန်သွင်းတယ် ဒါကို ဘဲ အာရုံ တခုထဲထားပြိး သတိနဲ့နေပါ ၊ ကြာကြာ နေလို့မရ ပါဘူး တခြား အာရုံတခုခု က ဝင်လာပါလိမ့်မယ် ၊ တွေးစရာ ပူပင် စရာ စိတ်ကိုဖိစီး နေတဲ့အကြောင်းအရာ တခုတခုပေါ့ သင်သတိ မထားလိုက်ရင်တော့ အဲဒီအာရုံနောက်ကိုစိတ်ကမြောပါသွားပါ လိမ့်မယ် ။ သင် သတိရလို့  လေရှူနေတာကို သိလိုက်ရင် စောစော က၀င်လာတဲ့ အတွေးတွေပျောက်သွားပါ
သင် သတိရလို့ လေရှုနေတာကို ပြန်သတိရ လိုက်ဆိုရင် တော့ စောစောကဝင်လာတဲ့ အတွေးတွေပျောက် သွားပါလိမ့် မယ် ၊ စိတ်ဆိုတာ နှစ်စိတ် တပြိုင်ထဲဖြစ်လို့ မှ မရဘဲ ကိုး
အခု ကမ္ဘာ့ဘောလုံးပွဲနဲ့တိုက်ဆိုင်နေလို့ ဘော်လုံး ဉပမာနဲ့ပြောရရင်
သင့်ကိုယ် သင် ဂိုး သမားလို့ မှတ်ထားပါ ၊ ဘော်လုံးမဝင်အောင်ဂရုစိုက်ပြီး ၊ စောင့်ကြည့် နေရတယ် မဟုတ်ပါလား ၊ ၀င်လာရင် ပြန်ပုတ်ထုတ်ပစ်ရတယ် မဟုတ်ပါလား
ဒီလို ဘဲ စိတ်ကို ဝင်လေ ထွက်လေ ရှူတဲ့နေရာမှာ တည်နေအောင်ထားပါ ၊ အပြင်က စိတ် တွေ ၊ တွေးစ၇ာ
တွေ ၊ တွေးစရာတွေ ဝင်လာရင် သတိရှိရှိနဲ့ပြန်ုမောင်းထုတ်ပစ်လိုက်ပါ ၊
ပထမ တော့ အတွေး တွေ ဝင်ပါမယ် ၊ တခါတလေမြောပါသွားပါမယ် ၊ ကိစ္စမရှိ ပါ ။ ၅ မိနစ် ၁၀ မိနစ် တဖြေး
ဖြေး အလေ့အကျင့်လုပ်ယူပါ ၊ ကြာရင် စိတ်ကို ကိုယ်ကနိုင်ပြီးလာ ပါလိမ့် မယ် ၊
ဘာကိုမှမတွေးဘဲ နေရတဲ့အရသာကိုတွေ့မြင်လာပါလိမ့်မယ် ။
စိတ်ဖိစီးမှုဝေဒနာ နဲ့ မကြုံတွေ့ရလေအောင် ကိုယ်ကလဲ တက်နိုင်သမျှ ပြဿနာများနဲ့ မကြုံတွေ့ ရအောင်
ရှောင်ပါ ၊ ရှုတ်ထွေးစေတဲ့အလုပ် ၊ ပြဿနာတက်မဲ့အလုပ်များကိုရှောင်ရှားပါ ။
မိမိမှာ လောလောဆယ်စိတ်ရှုတ်ထွေးစေတဲ့အကြောင်းအရာများကို စာရွက်ပေါ်မှာနံပါတ်စဉ်
ထိုးပြီးရေးချလိုက်ပါ ၊ ပြီးရင် ပြဿနာ တခုခြင်းကို ဘယ်နေ့ဘယ်အချိန်မှာအပြီးဖြေရှင်းမယ် ။ ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုတာကို စဉ်းစားပြိး ရေးချထားပါ ၊ အရင်ဖြေရှင်းရမှာကို အရင် နောက်မှဖြေရှင်းရမှာကို နောက်မှ စသည်ဖြင့် အချိန်ကာလ ကို ခွဲခြားထားပါ ၊
စောစောစီးနဲ့လွယ်လွယ်ကူကူဖြေရှင်းရမှာကို အရင်ဖြေလိုက်ပါ ၊ ကြာကြာစွဲမထားပါနဲ့
ဖြေရှင်းရမဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ရေးထားပြီးရင် ခေါင်းထဲက ထုတ်ပစ်
လိုက်ပါ ။ အဓိပါယ်ကင်းမဲ့တဲ့ အတွေးမျိုးနဲ့စိတ်သောကရောက်နေတာမျိုးကိုလုံးဝဖယ်ရှားပြစ်
ပါ ၊ မျောက် ဟာ မြေပြိဲုမှာစိုးလို့ သစ်ပင်ပေါ်ကနေ တညကို ၃ ခါ ဆင်းဆင်းပြိး မြေကြိးကိုစမ်းကြည့်
သတဲ့ ၊ တစ်တီးတူးငှက်က မိုးပြိုမှာစိုးလို့ ခြေထောက်ကိုမိုးပေါ်ထောင်အိပ် တယ် တဲ့
ငလျင်လှုတ်ရင် ဘယ်လိုလုပ်မလဲ ၊ ရေကြီးရင်ဘယ်လိုလုပ်မလဲ ၊ ကမ္ဘာကြိးကို တခြားဂြိုလ်
တခုနဲ့တိုက်မိရင်ဘယ်လိုလုပ်မလဲ ၂၀၁၂ ခုနှစ် မှာ ကမ္ဘာကြီးပျက်မယ်တဲ့  စတဲ့ မရေရာတဲ့မသေချာတဲ့ အကြောင်းအရာတွေပေါ်မှာ တွေးပြီးစိတ်သောကရောက်မနေပါစေနဲ့ ၊
လူဟာ အာရုံနဲလေ စိတ်ချမ်းသာလေ ၊ မို့ အာရုံကို များများ မရှာပါနဲ့
တတ်နိုင်သမျှ အာရုံနဲ နိုင်သမျှ နဲအောင် နေထိုင်သွားမယ်ဆိုရင် စိတ်ဖိစီးမှုဝေးနာ နဲ့လဲ ကင်းဝေးမှာဖြစ်ပါ ကြောင်းတင်ပြလိုက်ရပါတယ်
မဟာမြိုင်တောရ ဆရာတော် ဉီဇောတိကရဲ့ စိတ်ဖိစီးမှု ဝေဒနာနဲ့ ပတ်သက်တဲ့ တရားကိုဆက်လက်နားကြားနိုင်ပါတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ
မောင်သုံည
Sunday 30 December 2012
လက်ရွေးစင်တေးများ
ရွှေနားတော်သွင်း - လွမ်းမိုး
 http://min.us/l829jq8hZnKQG
လက်ရွေးစင်တေးများ
မပြည့်လေသောကိုယ့်ဆုတောင်း နင့် အခြားသိချင်းများ - ဟင်္သတထွန်းရင်
Tuesday 25 December 2012
မိုးပြိုတော့မယ်တဲ့
Saturday 22 December 2012
လက်ရွေးစင်တေးများ
Snuo Mwoaniposted toမြန်မာသံ လေးတွေ နာ:ထောင် ကြမယ်။
 ဟင်္သာတထွန်းရင် - ၀င်္ကီယအသည်း --------------------------------------
၁။ မိနွေမ - ဟင်္သာတထွန်းရင် http://min.us/lGRbF3LWyaam1
 ၂။ ၀င်္ကီယအသည်း - ဟင်္သာတထွန်းရင် http://min.us/lyu3tUWYpLQfM
 ၃။ အချစ်ရူးရဲ့ရွှေနားတော်သွင်း - ဟင်္သာတထွန်းရင် http://min.us/lCBjyU8Od1PSv
 ၄။ ဂုဏ်တံတိုင်းငွေတံတိုင်း - ဟင်္သာတထွန်းရင် http://min.us/lhQGa2f7z7OFU
 ၅။ စုံတောမြိုင် - ဟင်္သာတထွန်းရင် http://min.us/lbwUtR35Xn5nMe
 ၆။ လိုရာဆန္ဒပြည့်ပါစေ - ဟင်္သာတထွန်းရင် http://min.us/lXPo0Rlrnuiv5
 ၇။ မင်းကိုမုန်းလိုက်ပါ၏ - ဟင်္သာတထွန်းရင် http://min.us/lbdCe3dpE6FknZ
၈။ ရွှေမင်းသမီးအတွက်လက်ဖွဲ့ ပစ္စည်း - ဟင်္သာတထွန်းရင် http://min.us/lbqhVUc0OCCIPP
 ၉။ မိဘုရားလေးစိမ်းတယ် - ဟင်္သာတထွန်းရင်
 Album တစ်ခုလုံးဒေါင်းလိုလျှင် http://www.mediafire.com/?fevbiai3lzm1fch
Sunday 16 December 2012
ရေဒီယိုတေး - လက်ရွေးစင် အမှတ် ၉
ရေဒီယိုတေး - လက်ရွေးစင် အမှတ် ၉
၀၁။ ဖွဲနဲ့ဆန်ကွဲ - မဉ္ဖသင်း
http://min.us/lbnuyghiBETV7n
၀၂။ ချစ်တဲ့သူနဲ့ချိန်းတဲ့ည - ချိုပြုံး
http://min.us/lIhNcg6ACA3CJ
၀၃။ ကံ့ကော်တောကဥသြလေးများ - စန္ဒရားချစ်ဆွေ
http://min.us/lwa6IYBkH3Hax
၀၄။ ရင်ထဲကချိုပန်းအိမ် - ခင်ညွန့်ရည်
http://min.us/luCNoSsmG1J3d
၀၅။ လကွယ်ညသန်းခေါင်ယံ - ခင်မောင်ကြီး
http://min.us/l4egrYs4PcqPD
၀၆။ နေဆယ်နေနဲ့နှိုင်းမရပါ - ကေတုဝင်းထွဋ်
http://min.us/li4UFZjAWgNv1
၀၇။ မျက်ဝန်းငွေရီဝိုင်းနေပြီ - ခိုင်ဝါ
http://min.us/liRiNdNrKMb5c
၀၈။ ချစ်ဇွဲ - ရီရီသန့်
http://min.us/lbpMKKzE15atvL
၀၉။ အသည်းချင်းတူရင်အရှူံးပေးမယ် - ကိုတင်လှိုင်
http://min.us/lbph4NFIhvJkNg
၁၀။ ပျို့ အသည်းလေးနုငယ်ငယ် - မြင့်မြင့်စိန်
http://min.us/lF3Fqn5nsEX71
၁၁။ ချစ်သူပေးသောတေးလက်ဆောင် - အောင်တင်ဝင်း
http://min.us/lbmPPJHZF0UL40
၁၂။ ချစ်ညှိုးမန်တွေပြေပါစေ - ရဲထိုက်
http://min.us/lbl1JjDFss3nMa
Album တစ်ခုလုံးဒေါင်းလိုလျှင်
http://www.mediafire.com/?g0e2abn756e7407