Sunday 26 December 2010

တော် တော် အ တဲ့လူကြီးဘဲ

တော် တော် အ တဲ့လူကြီးဘဲ

တနေ့တော့တယောက်ထဲသမားလူပျိုကြီးတယောက်အိမ်ပြောင်းတယ် ၊ အိမ်ပြောင်းတယ်ဆိုတာလဲသိပ်အဝေးကြီးမဟုတ်ပါဘူးတလမ်းထဲကိုဘဲ လမ်း

အတွင်းကလမ်းထိပ်ပိုင်းကိုပြောင်းတာဆိုတော့ ပစ္စည်းတွေကိုတခုစီဖြေးဖြေး

ချင်းရွေ့နေတာပေါ့ ၊ ပစ္စည်းတွေကလဲသိပ်မကျန်တော့ပါဘူး၊ဘီဒိုနာရီတလုံးဘဲ

ကျန်တော့တာမို့ဖြေးဖြေးချင်းဘဲ ရပ်လိုက်နားလိုက်နဲ့ မ - မ ပြီးရွေ့နေပါတယ် ၊

အဲညနေကျောင်းဆင်းချိန်နဲ့တိုးနေတော့လမ်းထဲကခလေးတွေလဲကျောင်း

ကပြန်လာနေကြတယ် ၊ အဲဒီထဲမှာ ခလေးငယ်ငယ်လေးတယောက်လွယ်အိတ်က

လေးလွယ်ပြီးပြန်လာနေတယ် ၊ သူကရှိုးမောင်လေး လက်ပတ်နာရီလေးနဲ ခပ်ကြွား

ကြွားကောင်လေးတယောက်ပေါ့

ဘီဒိုနာရီကြီးကို မရွေ့လိုက် နားလိုက်လုပ်နေတဲ့လူကြီးကို ရှိုးမောင်ချာတိတ်

လေးတွေ့တော့ ခပ်တည်တည်နဲ့ အနားသွားပြိး ဘာပြောလိုက်သလဲ ဆိုတော့

ဦးလေး ဘာဖြစ်လို့ကျွန့်တော့လို နာရီမျိုးဝယ်မပတ်တာလဲ တဲ့

တွံတေးသိန်းတန် = ထွေးညို

Wednesday 15 December 2010

နတ်တော်လ


နတ်တော်လ




နတ်တော်လဖွဲ့

ရှစ်ခွင်ကို မြူဆင်းလို့၊ ငွေနှင်းတဲ့နုစို
ဂမုန်းသဇင်တို့၊ စုံခွင်မှာ လေချို ညင်းက
သုတ်သွင်းဘယ်ညာ နှံ့၊ သင်းပျံ့ပျံ့ချို
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဒီနှင့် ၊ မိဂသီရောင် ခြည်ဖျန်းတယ်
မြန်းတူကြွသွား။

(ဖိုးသူတော် ဦးမင်း)


နတ်တော်လ

ငွေနှင်းငယ်တဲ့မှုံဝေေ၀

ပျံ့မွှေခိုင်သဇင်နှင့်

ဂမုန်းအင်ပန်တော်ဦးကြတယ်

ထူးတဲ့လပေ

မိဂသီ ပုဏ္ဏာလင်းပါလို့

ရွှေင်္ဟသာတာရာငွေလို

ဖြာဖြာဝေလျက်စံကွန့်မြူး

ပဏ္ဏာတင်

ပိန္နဲမဟာရှင်၏

ခါသဘင်ပျော်ရွှင်ပွဲမှာလ

ဖေါ်ကွဲသူမကြည်သာဘို့

ရထည်လွှာခြုံလို့ကွေးရတယ်

အေးတဲ့လထူး

နတ်တော်လသည် မြန်မာလများတွင် န၀မ မြောက်လဖြစ်ပြီး မိုးအနှောင်းဆောင်းအ


ကူးကာလဖြစ်သည် ၊ ရာသီဥတုသာယာသေလဖြစ်သဖြင့် မြန်မာတို့၏ရိုးရာပွဲလမ်းသဘင်များ


ဇာတ်ပွဲ နတ်ပွဲများအလွန်စည်းကားလဖြစ်သည်၊အင်္ဂလိပ်ပြက္ခဒိန်တွင် နိုဝင်ဘာ ၊ဒီဇင်ဘာလ


တွင် ကျရောက်တတ်ပါသည်၊


ရာသီအားဖြင့်ဓနုရာသီ ၊ စန်းယှဉ်သောနက္ခမှာမိဂသီနက္ခဖြစ်ပါသည်၊ ရာသီအရုပ်မှာ

မြင်းခြေ နှင့်လူကိုယ်လေးသမားမြှားပစ်နေပုံဖြစ်သည်၊ရာသီပန်းများမှာသဇင်ပန်းနှင့် ဂမုန်းပန်း

တို့ဖြစ်သည် ၊

နတ်တော်လဟူသောဝေါဟရတွင် ” နတ် ” ဟူသည်နာတပုဒ်မှဆင်းသက်လာသော

ပါဠိသက်ဝေါဟာရဖြစ်ပြီး၊အဓိပါယ်မှာကိုးကွယ်ရာဟုဆိုလိုသည်၊ ” တော် ” ဟူသောစကားမှာ

ပေါရာဏစကားဖြစ်ပြီး အရှင်သခင် ၊ ကြီးကဲသူ ၊မြင့်မြတ်သူဟုအဓိပါယ်ရသည်၊ မြန်မာစာပေ

တွင် ရတနာသုံးပါးနှင့်သော်လည်းကောင်း မင်း မိဖုရား နှင့်ပတ်သက်၍သော်လည်းကောင်း ၊

သုံးစွဲသောအခါ ” တော် ” ကိုသုံးစွဲလေ့ရှိသည်၊နတ်တော်လဟူသည်အရှင်နတ်မင်းများကိုပူ

ဇော်ပသသောလဖြစ်ခဲ့သည်၊မဟာဂီရိနတ်မောင်နှမကိုပူဇော်သောပွဲများရှေးအခါကပြုလုပ်ခဲ့

ကြသည်၊ထို့ကြောင့် ရှေးအခါက နတ်တော်လ၏ ရာသီပွဲမှာ နတ်ပူဇော်ပွဲဖြစ်ပြီး မြန်မာ

သက္ကရာဇ် ၁၂၄၇ (၁၈၈၅) ခုနှစ်တွင် ပျောက်ကွယ်ခဲ့သည်. . . ထိုအချိန်မှစ၍နတ်တော်လ

တွင် နတ်များကိုပူဇော်သည့်ရာသီပွဲတော် ဆိတ်သုဉ်းနေခဲ့သည်မှာ ၁၃၀၅ ခုနှစ်တိုင်အောင်

ဖြစ်သည်.၁၃၀၆ ခုနှစ်သို့ရောက်သော အခါ နတ်တော်လအတွက်ရာသီပွဲတော်တစ်ခုထူးခြား

စွာ ထွက်ပေါ်လာခဲ့သည်. . ယင်းပွဲတော်ကားမျက်မှောက်ခောတ် တွင်ကျင်းပနေသော

စာဆိုတော်ပွဲပင်ဖြစ်သည်. . . စာဆိုပွဲတော်ဆိုသည်မှာ ဘုရင်ခောတ်ကတွင်ကျယ်ခဲ့သည့်

ထီးသုံးနန်းသုံးဝေါဟာရတစ်ခုဖြစ်သည်

စာဆိုတော်ပွဲ မဖြစ်ထွန်းမီ မြန်မာစာပေနှင့် ပတ်သက်၍ အထိမ်းအမှတ်နေ့တနေ့ရှိသည်၊

ကုန်းဘောင်ခေတ်နောက်ပိုင်းတွင်အလွန်ထင်ရှားသည့်စာဆိုတော်ကြီး ဦးပုည ကိုချီးကျူးသည့်

ဦးပုည နေ့ ပင်ဖြစ်သည်. . . စာဆိုတော်နေ့ပွဲတော်သည် ဦးပုညနေ့နှင့်ဆက်စပ်ဖြစ်ပေါ်လာသ

ဦးပုညနေ့ကို မြစ်ဖျားခံသည် ဟု ဆိုနိုင်ပါသည်. ပထမအကြိမ် စာဆိုတော်ပွဲကို ၁၉၄၄ ခုနှစ်

တွင်စတင်ကျင်းပခဲ့သည်. . ၁၃၀၆ ခု နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ်

သတ်မှတ်ခဲ့သည် ၊

စာပေသည်အနုပညာအားလုံး၏ကိန်းဝပ်ရာဖြစ်သည်သာမက၊ယဉ်ကျေးမှု၏အသက်

သွေးခဲဖြစ်သည်၊အလိမ်မာစာမှာရှိဆိုသည့်စကားအတိုင်းအသိပညာဥာဏ်ပညာထွန်းကားရေး

ဘ၀တိုးတက်ရေးတို့အတွက်၊အဓိကကျသည်၊စာပေနှင့်လူမျိုးသည်ခွဲခြား၍မရနိုင်စာပေပျောက်

လျှင်လူမျိုးလည်းပျောက်ပေမည်၊ထို့ကြောင့်ရှေးရှေးသောကျမ်းပြုဆရာအကျော်အမော်များ ၊

ရဟန်းပညာရှိ၊လူပညာရှိများကယဉ်ကျေးမှုအမွေအနှစ်များကိုရေးသား၍မြန်မာ့စာပေနှင့်ယဉ်

ကျေးမှုအမွေအနှစ်များကိုမြုပ်နှံပေးခဲ့ကြကုန်သော---------

” သူတည်းတယောက်ကောင်းဘို့ရောက်မူ ” အစချီအမျက်ဖြေလင်္ကကိုရေးသားခဲ့

သော ပုဂံစာဆိုတော်ကြီး အန္တသူရိယအမတ်ကြီးမှအစချီ၍ ------

ပုဂံ ပင်းယ တောင်ငူ အင်းဝ ကုန်းဘောင် ခောတ်အဆက်ဆက်တို့တွင်ထင်ရှားခဲ့သော

အချစ်ရေး၊အိမ်ထောင်ရေး၊စီးပွါးရေး၊ပေါင်းသင်းဆက်ဆံရေး၊ပညာရေး၊အုပ်ချုပ်ရေး၊

သာသနာရေး၊စသည်တို့ကိုအချက်ကျကျလမ်းညွှန်ပြသခဲ့သောလောကနိတိကျမ်းများ၊ကိုရေး

သားခဲ့သည့်ပင်းယခေတ်တွင်ထင်းရှားကျော်ကြားခဲ့သောစတုင်္ရဂဗလအမတ်ကြီး---

ဟတ္တိပါလာပျို့၊ စတ္တုဓမ္မသာရပျို့၊ကိုးခန်းပျို့၊ကဗျာ၊လင်္ကကာ၊မော်ကွန်း၊ရတုနှင့်ဆုံးမစာများကို

ဂုဏ်ယူဝမ်းမြောက်ဘွယ်ရေးဘွဲ့ခဲ့သည့် အင်းဝခေတ်စာဆိုတော်များဖြစ်ကြသည့်ပေလေးပင်

ရှင်လေးပါးတွင်အပါအ၀င်ရှင်မဟာရဌသာရ နှင့် ရှင်ဟာသီလ၀ံသ တို့အား၎င်း ---

တောင်ငူ ခောတ်စာဆိုတော် နတ်ရှင်နောင် လှိုင်ထိပ်ခေါင်တင် ၊ရဝေရှင်ထွေး

န၀ဒေး ၊ မြ၀တီမင်းကြီးဦးစ ။ ၀န်ကြီးပဒေသရာဇာ ။ လက်ဝဲသုန္ဒရအမတ်ကြီး

ဗုဒ္ဓဘာသာဝင်များသီလခံယူဆောက်တည်ရာတွင်ရွတ်ဆိုလျက်ရှိသော ”အဟံဘန္တေ ”

အစချီသီလတောင်းစာချိုးကိုရေးသားပေးခဲ့တော်မူခဲ့သည့် - တောင်ဖီလာဆရာတော်

ပါဠိ နိဿယ ၊ စကာပြေ ၊ ကဗျာ ၊ သတ်ပုံကျမ်းအမျိုးမျိုးတို့ကိုရေးသားတော်မူခဲ့သည့်

( ဗုဓ် အစ ၊ ဗုဓ်အလယ် ၊ ဗုဓ်အဆုံး ) ဟုခေါ်စမှတ်ပြုလောက်အောင် စာပေတွင်အတော်ဆုံး

အတက်ဆုံး အသိဆုံးဟု ကျော်ကြားခဲ့သည် ကုန်းဘောင်ခေတ်စာဆိုတော်ကြီး ဆရာတော်

ဦးဗုဓ်

ကုန်းဘောင်ခောတ်စာဆိုတော်များဖြစ်ကြသော ဦးပုည ၊ဦးကြီး ၊ ဦးကြော့ ။မယ်ခွေ

ဖိုးသူတာ်ဦးမင်း လူဦးမင်း ၊စသည်များ

ခလေးလူကြီး ၊ယောက်ျားမိန်းမ ရဟန်းရှင်လူတို့၏နှုတ်ဇျားတွင်အလွတ်ရနေစေသည့်

လွယ်သူသောကဗျာကလေးများဖြင့် သီကုးစပ်ဆိုထာသော သိင်္ဂါလောဝါဒ ဆုံးမစာများကိုရေး

သားတော်မူခဲ့သည့် သင်္ဂဇာဆရာတော်

ပိဋကတ်စာပေကျမ်းဂန်များကို ဘာသာမျိုးစုံကိုပါရရူမြောက်အောင်တက်မြောက်ပြီး

အရေး အဟော အကျင့် ဘတ်စုံထူးချွန်၍ ကျမ်းစာပေါင်း ၆၀ ကျော် ဘုရားရှစ်ခိုး ၁၁ မျိုး ၊

မောင်းထောင်းတေး ၊ အံတော်သီချင်း ၊ ဒွေးချိုး ၊ လေးချိုး ၊တေးထပ် ၊ ရတုသံချို ၊ ဘုန်းကြီးပျံ

ငိုချင်းမှအစ ၊ ကဗျာမျိုးစုံ ၊ နက္ခကျမ်း ၊ ဆေးကျမ်း ၊ အဂ္ဂရကျမ်းများနှင့် စာပေ၀ါဒနာပါသူတိုင်း

လက်ကိုင်ထားရသည့် မဟာသုတကာရီ ၊ မဃဒေ၀လင်္ကာတို့ကိုရေးသားပြုစုတော်မူခဲ့သည်

ကိုလိုနီခောတ်စာဆို မန်လည်ဆရာတော် - ဒီပနီကျမ်းစာအမျိုးမျိုး ၊ မေတ္တာစာအမျိုးမျိုး၊ဆုံးမ

စာအမျိုးမျိုး ၊တို့ကိုရေးသားပြုစုခဲ့သော လယ်တီဆရာတော် -

အနာဂတ်သာသနာရေး ၊ ဘာသာသွေး ၊ ရတနာ့ဂုဏ်ရည် ၊ ကိုယ်ကျင့်အဘိဓမ္မာ ၊

စသည့်ကျမ်းစာအမျိုးမျိုးတို့ကိုရေးသားခဲ့ပြီး ။ ဘာသာ ၊ သာသနာ ကိုအခြေခံမှစ၍မြင့်တင်ပေး

ခဲ့သော မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၊ တိပိဋကဓရ ဆရာတော်

ဦးဝိစိတ္တသာရာဘိဝံသ မှ သည် ခောတ်စမ်းမြန်မာစာပေကိုစတင်ခဲ့သော သိပ္ပံမောင်ဝ ၊ ဆရာ

ဇော်ဂျီ ၊ မင်းသုဝဏ် ၊ ၂၀ ရာစု စာရေးဆရာများ အားလုံးကို မြန်မာမှု မြန်မာ့အမွေအနှစ်

များကိုရင်းနှီးမြုပ်နှံပေးကြသူများအဖြစ်သဇင်သင်း၍နှင်းတွေဝေသောစာဆိုတော်နတ်တော်လ

တွင်ဂုဏ်ပြုမှတ်တမ်းတင်ရင်းနှင့် ကဗျာဆရာ ထီယု ၏ ကဗျာ လေးဖြင့်နိဂုံချုပ်လိုက်ပါသည်

ပန်းလှသဇင် ပြည်တခွင်၌

ဝေလွင်ပြည့်သိပ် အလှဖိတ်၍

ဆောင်းရိပ်စံမြန်း သင်းထုံလွမ်းသည်

လန်ဆန်းပါသည့် နတ်တော်လ

ဤသည်ချိန်ခါ ဒို့ပြည်မှာကွယ်

စဉ်လာကျင်းပ စာဆိုလဟု

စကားရည်ပွဲ ၊ ကျပမ်းပွဲနှင့်

ပြိုင်ပွဲစာပေ ၊ ကျင်းပလေ၏

ရှေးကစာဆို ထူးကြည်ညို၍

စာဆိုသီရာ တေးကဗျာကို

ရွေးကာသီဆိုကြပါ၏

စာပေရေးရာစုံလင်စွာပင်

ဟောကာပြောကြ ဆွေးနွေးကြနှင့်

သုတထွေထွေရပါ၏

သက်ကြီးစာဆိုဂုဏ်ပြုကြိုလျက်

စာဆိုနေ့မှာသိုက်မျြိုက်စွာပင်

ကျန်းမာစေကြောင်းဆုမွန်တောင်းကာ

စုပေါင်းကန်တော့ကြပါ၏

စာပေဆုဝင် ကလောင်ရှင်ကို

ဂုဏ်တင်ထွန်းလင်း ချီးမြှင့်ခြင်းဖြင့်

ဆုနှင်းသဘင်ကျင်းပပါ၏

သြော် --- ပြည်လူထုအကျိုးပြုသည့်

ရှေးရှုစာပေအထွေထွေကို -ခောတ်တွေဆက်ဆက်ရေးသားလျက်ဖြင့်

ထမ်းရွက်စဉ်လာ - ထိန်းသိမ်းလာသော ရှင်လူများကို

စာဆိုတော်နေ့ ရက်မြတ်နေ့ဝယ်

ဦးညွှတ်ကော်ရော် ကန်တော့ပါသည်

မြန်မာ နှင့် စာပေအဒွန့်ရှည်စေသော်

မောင်သုည

မှီငြမ်းသောဆောင်းပါးများ

မောင်ထင် ၁၂ လရာသီဆောင်းပါးများ

ဒေါ်ခင်မျိုးချစ် ၁၂ လရာသီဆောင်းပါးများ

တင်ထွဋ် ( အစိုးရတိုင်းရင်းဆေး ) သဇင်နှင်းစို လစာဆို

Saturday 11 December 2010

ဆရာမ

သီချင်းအမည် - ဆရာမ

ဂီတစာဆို - အမည်မသိ

သီဆိုသူ - မူရင်း အဆိုတော် ဗိုလ်ချုပ်အောင်ဆန်း

အများကထင်နေကြတာကတော့ - ဆရာမဆိုတာ စာသင်တဲ့ ကျောင်းကဆရာမလို့ထင်နေကြပါတယ်

သရုပ်ဖေါ်ထားတာလဲ ကျောင်းကစာသင်တဲ့ ဆရာမ ကိုဘဲ သရုပ်ဖေါ်ထားပါတယ် ၊

အမှန်တော့ ဗိုလ်ချုပ်အောင်ဆန်းက သူဆေးရုံတက်တုန်းက သဒ္ဒါကြည်ဖြူစွာနဲ့ပြုစုခဲ့တဲ့ သူနာပြုဆရာမ ဒေါ်ခင်ကြည်

ကို ရည်ရွယ်ပြိးဆိုထားတာပါ ၊

သူ့နာမယ် ထိန်လင်း ဆိုတာကိုလဲ ထဲ့ဆိုထားပါသေးတယ် နားထောင်ကြည့်ပါနော်

မောင်သုည (


Friday 10 December 2010

ဒုတိယတန်း ဒေါင်းတံဆိပ် မြန်မာဘတ်စာအုပ်ထဲက ပုံပြင်လေး


ဒုတိယတန်း ဒေါင်းတံဆိပ် မြန်မာဘတ်စာအုပ်ထဲက ပုံပြင်လေး
ဆင်သေနဲ့ကျီးမိုက်
တခါတုန်းကကျီးတကောင်ဟာမြစ်ထဲမှာမြောလာတဲ့ဆင်သေတကောင်ကိုမြင်တွေ့
သတဲ့ ၊ ကျီးလဲဆင်သေကြီးပေါ်ကိုထိုးဆင်းလာပြီး ဆင်သေကြီးရဲ့အသားတွေကိုနှုတ်သီးနဲ့
ထိုးပြီး စားနေလိုက်တယ် ၊ဆင်သေကြီိးဟာ တဖြေးဖြေးနဲ့မြစ်ထဲမှာမြောနေတယ်ဆိုတာကို
သူသတိမထားမိဘဲ အစာကိုသားမဲပြီးစားရင်းလိုက်ပါနေတော့တယ် ၊
ဆင်သေကြီးကလဲ မြစ်ထဲမှာမြောနေရာက တဖြေးဖြေးနဲ့ပင်လယ်ဝနားရောက်လာ တော့တယ် ၊ ကျီးကလဲ ဆင်သေကြီးပေါ်မှာဘဲ အသားတွေကိုနုတ်သီးနဲ့ထိုး ထိုးပြီး စားမြဲ
စားနေတာဘဲတဲ့ ၊
ဆင်သေကြီးတဖြေးဖြေးနဲ့ပင်လယ်ထဲရောက်လာတယ် ၊ ပင်လယ်ထဲရောက်လာတယ်
ဆိုတော့ဆင်သေကြီးကို ငါးတွေ ငမန်းတွေ လိပ်တွေကလဲ ၀ိုင်းစားလိုက်ကြတာတဖြေးဖြေးနဲ့
အသားတွေကုန်ပြိး အရိုးတွေဘဲကျန်တော့တဲ့အတွက် ၊ ရေထဲကိုမြုပ်ဆင်းသွားတော့တယ် ၊
အဲဒီတော့မှ ကျီးလဲ လန့်ပြီးထပျံတော့တယ် ၊
ဒါပေမဲ့ ပင်လယ်ထဲရောက်နေတယ်ဆိုတော့ ကမ်းမမြင်လမ်းမမြင်ဖြစ်နေတာပေါ့ ကျီးဟာဘယ်ဘက်ကိုပျံရမှန်းမသိဘဲ ဦးတည့်ရာပျံနေလိုက်တာနောက်ဆုံးမတော့ အတောင်ညောင်းပြီးပင်လယ်ထဲထိုးကျခါ အသက်ဆုံးသွားရလေသတဲ့
ပုံပြင်ကလေးတတော့ ဒါပါဘဲ
ငယ်ငယ်တုန်းတော့ ဆရာက ဒီ ပုံပြင်ကလေးကိုသင်ပြီးဘာတွေသင်ခန်းစာယူသင့်
တယ်ဆိုတာဆုံးမချင်ဆုံးမ မှာပေါ့ ၊ အဲဒီတုန်းကတော့ ခလေးဆိုတော့ ဘယ်လိုသင်ခန်းစာရ
လိုက်သလဲမသိပါ ။ အင်းကျီးကန်းနယ် သေသာကောင်းတယ် အစားမက်တာကိုးလို့တွေးမလား
အဲဒါကျီးကန်းဖြစ်တာငါနဲ့ဘာဆိုင်လဲလို့ဘဲတွေးခဲ့လေမလား မသိဘူးပေါလေ ၊
အခုအသက်ကလေးတော်တော်ရလာတော့မှာ ဒုတိယတန်းသင်ခန်းစာလေးတခါပြန်
ကြားရပြန်တယ် ၊အင်းလက်စသတ်တောဒီ ပုံပြင်ကလေးက ဗုဒ္ဓရဲ့ နိပါရ်တော်ထဲက ကိုး --
ဂေါတမမြတ်စွာဘုရားအလောင်းသောနကရဟန်းဖြစ်စဉ်က အရိန္ဒမမင်းသားကိုဟော
တဲ့တရားဖြစ်နေတာသိရတော့တယ် ၊ ( မိုးကုတ်ဝိပဿနာကမ္မဌာနစရိယဆရာတော်
ဦးဓမ္မသာရ ၂၁ - ၇ - ၁၉၉၀ နေ့ ဟောတရား )
အခုရနေတဲ့ စည်းဇိမ်ဥစ္စာတွေ အာဏာတွေ ၊ ရာထူးဂုဏ်တွေ ၊ နဲ့ ငါတော့ဒီတသက်စား
လို့မကုန်တော့ဘူးဆိုပြီးစည်းဇိမ်ရစ်မူးနေရင်တော့၊ ဒီစည်းဇိမ်တွေ ဒီရာထူးတွေ ၊ဒီအာဏာတွေ
ဟာ လဲမမြဲဘူး ၊ အခုရထားတဲ့ခန္ဓာကြီးကလဲမမြဲဘူး တဖြေးဖြေးနဲ့ ဇရာဘက်ကို သွားနေတယ် ၊
( အသက်ကြီးလို့ဇရာထဲရောက်ခါမှ ) သေတွင်းသေ၀ရောက်ခါမှ ဟ ငါတော့ မှားပြီး လုပ်မှဘဲ
ဆိုပြိး ထပျံမယ်ဆိုရင် ( ကံမွဲဥာဏ်မွဲဖြစ်နေတဲ့အချိန် ) ကျီးမိုက်လိုကမ်းမမြင်လမ်းမမြင် နဲ့
အတောင်ညောင်းပြီး ရေထဲကျသေရုံဘဲရှိတော့တယ်ဆိုတာ သိရပါတော့တယ် ၊
(ငယ်ငယ်ရွယ်ရွယ် အသိဥာဏ်ထက်ထက်မြတ်မြတ်ရှိနေချိန်တွင် တရားအားထုတ်သင့်ကြောင်း
ယခင်ဆောင်းပါးများတွင်ရေးသားခဲ့ပါသည် ၊)
အသေမဦးခင် ဥာဏ်ဦးအောင်ကျိုးစားကြပါလို့တိုက်တွန်းလိုက်ရပါတယ် ၊
( မိုးကုတ်ဝိပဿနာကမ္မဌာနစရိယဆရာတော်
ဦးဓမ္မသာရ ၂၁ - ၇ - ၁၉၉၀နေ့ ဟောတရား )

မောင်သုည

Monday 6 December 2010

ခုနှစ် နှစ်သားအရွယ် သုခသာမဏေ ရဟန္တာဖြစ်ခြင်းအကြောင်း


ခုနှစ် နှစ်သားအရွယ် သုခသာမဏေ ရဟန္တာဖြစ်ခြင်းအကြောင်း
တခါတပါးတွင် ခုနှစ် နှစ် အ၇ွယ်သုခသာမဏေကလေးသည် ရှင်သာရိပုတ္တရာ ရဟန္တျာအရှင်
မြတ်ကြီးနှင့်အတူဆွမ်းခံထွက်သောတနေ့တွင် လယ်ကွက်များသို့ရေကိုမြောင်းဖေါက်၍သွယ်
ထားသည်ကိုတွေ့သောအခါ ၊
အရှင်ဘုရားဒါဘာလုပ်ထားတာလဲဘုရားလို့မေးသတဲ့ ၊
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက - ကိုယ်ရင် အဲဒါ လယ်တွေထဲကိုရေရောက်
အောင်သွယ်ထားတာပေါ့ လို့ပြန်ရှင်းပြတယ်
ဒီတော့ သုခသာမဏေကလေးက ရေမှာအသက်ရှိသလားတဲ့
ရှင်သာရိပုတ္တရာမထေကြီးက ဟာ ရေဘဲ ဘယ်အသက်ရှိမလဲလို့ပြန်ဖြေလိုက်တယ်
ဒီတော့ သုခသာဏေကလေးက အဲအသက်မရှိတဲ့ရေကိုတောင် လိုရာခိုင်းလို့ရတယ်
နော် တဲ့
နောက်တနေရာရောက်တော့ လူတယောက် ၀ါးတွေကို မီးကင်ပြီးဖြောင့်နေတာတွေတော့
အရှင်ဘုရားဒါဘာလုပ်ထားတာလဲဘုရားလို့မေးပြန်သတဲ့ ၊
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက - အဲဒါမျှားပစ်ဘို့ဖြောင့်နေတာလို့ပြန်ရှင်းပြ
တယ်၊
ဒီတော့ သုခသာမဏေကလေးက အရှင်ဘုရား အဲဒီဝါးမှာအသက်ရှိသလားတဲ့
ရှင်သာရိပုတ္တရာမထေကြီးက ၀ါးဘဲ ဘယ်အသက်ရှိမလဲလို့ပြန်ဖြေလိုက်တယ်
ဒီတော့ သုခသာဏေကလေးက အဲအသက်မရှိတဲ့ဝါးကိုတောင် လိုရာခိုင်းလို့ရတယ်
နော် တဲ့
နောက်တနေရာရောက်တော့ လူတွေ လှည်းဘီးလုပ်ဘို့ သစ်သားကိုရွေဘော်ထိုးနေတာတွေ့
တော့
အရှင်ဘုရားဒါဘာလုပ်ထားတာလဲဘုရားလို့မေးပြန်သတဲ့
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက - အဲဒါလှည်းမှာတပ်ဘို့ လှည်းဘီးလုပ်နေတာပေါ့လို့
ပြန်ရှင်းပြတယ်၊
ဒီတော့ သုခသာမဏေကလေးက အရှင်ဘုရား အဲဒီလှည်းဘီးမှာအသက်ရှိသလားတဲ့
ရှင်သာရိပုတ္တရာမထေကြီးက လှည်းဘီးဘဲဘယ်အသက်ရှိမလဲလို့ပြန်ဖြေလိုက်တယ်
ဒီတော့ သုခသာဏေကလေးက အဲအသက်မရှိတဲ့လှည်းဘီးကိုတောင် လိုရာခိုင်းလို့
ရတယ်နော် တဲ့
အဲဒါတွေကိုသုခသာမဏေကလေးတွေးလိုက်တာက လူတွေဟာ အသက်မရှိတဲ့အရာ
တွေကို ကိုယ်လိုရာကိုခိုင်းနိုင်းတယ်ဆိုရင် ----- လို့တွေးလိုက်ပြီး
အရှင်ဘုရား တပည့်တော်သပိတ်ယူသွားပါ အသားပြွမ်းတဲ့ဆွမ်းများရရင်အလှူခံခဲ့ပါ
တပည့်တော် ဘုန်းပေးချင်လို့ပါဆိုပြီး
ကျောင်းကိုပြန်သွားသတဲ့ ၊ကျောင်းရောက်တော့ လမ်းခရီးမှာတွေ့ခဲ့တာတွေကိုဆင်ချင်
ပြီး နှလုံးသွင်းနေလိုက်တာ ရှင်သာရိပုတ္တရာမထေမြတ်ကြီး ဆွမ်းခံပြန်လာတဲ့အချိန်နေမွန်းမလွဲ
ခင်မဂ်လေးတန်ရပြိးရဟန္တဖြစ်နေသတဲ့၊ရှင်သာရိပုတ္တရာမထေကြီးကလဲ ကိုရင်လေးနဲ့ထူးလိုက်
တာ သူဘုန်းပေးချင်တယ်ဆိုတဲ့ အသားပြွမ်းတဲ့ဆွမ်းရလာသတဲ့ ၊ သုခသာမဏေကလေးက
ရှေးဘ၀က သားပြွမ်းတဲ့ဆွမ်းလှူခဲ့ဘူးဆိုဘဲ ၊
ဆုတောင်းပြည့်ဘုရားအဆူဆူလိုက်ရှာပြိး တပည့်တော် နိဗ္ဗာန်မဂ်ဖိုကိုရက်တိုတိုနဲ့
လျင်မြန်စွာရောက်ပါစေလို့ ဆုတောင်းနေရုံနဲ့တရားရပါ့မလား
ဆရားတော်သံဃာတော်အရှင်မြတ်များရဲ့တရားအဖုံဖုံကိုလိုက်နာကြားနေရုံနဲ့ကော
တရားရပါ့မလား -တရားနာတယ်ဆိုတာနည်းယူတာ ဆရာကောင်းနဲ့တွေ့လို့နည်းရပြီဆိုရင် ကိုယ်တိုင်လုပ်ယူမှရမှာ ဘုရားကလုပ်နည်းဘဲပေးနိုင်တယ် နိဗ္ဗာန်ရောက်စေဆိုပြီးအရောက် ပို့ပေးလို့မရဘူး ၊ကိုယ်တိုင်လုပ်ယူမှရတာ
တရားနဲ့တွေ့တယ်ဆိုတာ ခန္ဓာကဟောတဲ့တရားနဲ့ ဥာဏ်နဲ့တွေ့တဲ့အချိန်ဟာ တရား
နဲ့တွေ့တဲ့အချိန်ဘဲ ၊ တွေးမှရမှာ ခန္ဓဥာဏ်ရောက်အလုပ် လုပ်မှတရားရနိုင်မှာဖြစ်ပါတယ် ၊
တွေးစရာကလေးတခု ပေးလိုက်ပါမယ် တွေးကြည့်ပါ ( ဆွေးနွေးကြည့်ကြပါ )
သုခ ဒုက္ခ ဆိုတာဘာကိုခေါ်တာလဲ
ပူတာ ဒုက္ခလား - အေးတာ သုခလား
အမလေးပူလိုက်တာ ငရဲပြည်ကျနေတာဘဲ ၊ လုပ်ပါအုံး ရေအေးအေးလေး
ပေးစမ်းပါအုံး - ဟဲ့ ပန်ကာဖွင့်စမ်းပါ ၊ အဲကွန်းရှိလားဖွင့်စမ်းပါ ၊
အဲကွန်းလေးဖွင့်လိုက်တော့
အင်း အခုမှ နေသာထိုင်သာရှိသွားတယ် ၊ ချမ်းသာသွားတာဘဲတဲ့
ပူတာပျောက်ပြီးအေးတာ - ချမ်းသာလား -
အမလေး အေးလိုက်တာ ခိုက်ခိုက်တုန်နေတာဘဲ ၊ ဟူး ဟူး ဒုက္ခဘဲ
အနွေးထည် ၃ ထက်ဝတ်ထားတာတောင် မရဘူး အေးလိုက်တာ တညလုံးအိပ်လို့
မရဘူး မီးထလှုံမှဖြစ်မယ် ထင်တယ် ၊
မီးဖိုရှေ့ထိုင်ပြီး မီးလေးနဲနဲလှုံလိုက်တော့မှ
အင်းအခုမှ တော်တော့ တယ် နွေးသွားတာဘဲ ၊
ရေချိုးရင် ရေနွေးနဲ့ချိုးမှဖြစ်မယ် ။ အနွေးစက်ဖွင့်ထားပါလား
အင်း နွေးသွားတာဘဲ ( ချမ်းသာသွားတာလား )
ပူလွန်းတော့လဲ မနေနိုင်ဘူးတဲ့ အအေးလေးပေးပါတဲ့
ပူနေတုန်း အအေးလေးရတော့ အခုမှချမ်းသာသွားတယ်တဲ့
အေးလွန်းတော့လဲ မနေနိုင်ဘူးတဲ့ အနွေးလေးပေးပါတဲ့
အပူလေးပေးလိုက်တော့ အခုမှနွေးသွားထတယ် နေသာထိုင်သာရှိသွားတယ်
အခုမှချမ်းသာသွားတာဘဲတဲ့
ဒါဖြင့် အအေး နဲ့ အပူ ဘယ်ဟာက သုခ ဘယ်ဟာက ဒုက္ခလဲ
နေအုံး နေအုံး တခုမေးအုံးမယ် - အဲဒီ ပူတယ်အေးတယ်ဆိုတာ ဘယ်မှာပေါ်တာလဲ
ခန္ဓာကိုယ်အရေပြားမှာထိလို့ပေါ်တာပေါ့အဲဒီခန္ဓာကိုယ်အရေးပြားကသိတတ်လို့လား
သူကခံစားတက်လို့လား ဘယ်သူကခံစားတာလဲ ?????
ဆူညံတဲ့အသံကြားရတာ - ဒုက္ခလား ၊ သာယာတဲ့အသံကြားရတာ သုခလား
အမလေး ဆူလိုက်ညံလိုက်တာ နားကိုငြီးနေတာဘဲ ဘယ်ကများ ဒီလောက်အကျယ်
ကြီးဖွင့်ထားပါလိမ့် - ဒုက္ခပါဘဲ
ဟယ်- ဒီအသံကလေးကကောင်းလိုက်တာ နားဝင်ချိုတယ် ဖီလင်ဘဲကွာ မိုက်တယ်
နားကိုချမ်းသာသွားတာဘဲ - အဲဒါ သုခလား
နေအုံး နေအုံး တခုမေးအုံးမယ် - အဲဒီ ဆူတယ်ပူတယ်ဆိုတာ ဘယ်မှာပေါ်တာလဲ
နားမှာ ပေါ်တာပေါ့ အဲဒီနားဆိုတဲ့ အပေါက်က သူမှာသိတတ်လို့လား
သူကခံစားတက်လို့လား ဘယ်သူကခံစားတာလဲ ?????
မကောင်းတာကိုမြင်ရတာ ကိုယ်မမြင်ချင်တာကိုမြင်ရတာ - ဒုက္ခလား
ကောင်းတာလေးမြင်ရတာ - ကိုယ်မြင်ချင်တာလေးမြင်ရတာ - သုခလား
မောင့်ကိုမြင်လိုက်ရရင် စိတ်ကိုချမ်းသာသွားတာဘဲ၊
မောင့်ကိုမမြင်ရရင် - စိတ်မချမ်းသာဘူးသိလား
ဟော ဟော တွေ့တယ် မဟုတ်လား မြင်တာက မျက်လုံးက
စိတ်ချမ်းသာသွားတာဘဲဆို တာက စိတ်ထဲမှာ မနောထဲမှာပေါ့
မျက်လုံးက မခံစားတက်ဘူးလေ သူက မြင်ရုံဘဲ မြင်တက်တာ
ကျန်တဲ့ ဒွါရ အပေါက်ဖြစ်တဲ့ လျှာပေါက် နဲ့ နှာခေါင်းပေါက် ၊ မနောပေါက်ကိုတော့
မပြောတော့ဘူး နော် အတူတူ ဘဲလေ
သုခ ဒုက္ခဆိုတာ အပြင်ကဖြစ်နေတဲ့ပူတာအေးတာ ဆူညံတာ တိတ်ဆိတ်တာ တွေနဲ့မဆိုင်ဘူး ခန္ဓုာကိုယ်မနောအတွင်းကခံစားမှုအပေါ်မှာသာမူတည်တယ်၊
ကောင်းမကောင်းခံစားတာ မနောကဘဲ ခံစားတာ ခံစားလို့ကောင်းရင် ချမ်းသာတယ်
ခံစားရတာမကောင်းရင် မချမ်းသာဘူး။မခံနိုင်အောင်ခံစားရရင်ဆင်းရဲတယ်
ဒုက္ခရောက်တယ် ၊ ခံစားရတာ ကောင်းရင်ချမ်းသာတယ် ပေါ့
နောက်တွေးစရာ လေးတခု
ဝေဒနာဆိုတာ ရောဂါလား ???
သူ့မှာရောဂါဝေဒနာကြီးနဲ့ ၊သူဝေဒနာခံစားနေရတယ် ဒုက္ခရောက်နေဆင်းရဲနေတယ်
ဒါဖြင့်ရင် သူ ပန်ကာအောက်မှာ ဇိမ်နဲထိုင်ပြီး သူကြိုက်တဲ့အစားအစာတခုခုကိုစားနေ
တယ်ဆိုပါတော့ သူ စည်းဇိမ်ခံစားနေတယ် ။ အဲဒါချမ်းသာသုခရောက်နေတာ လား
ဝေဒနာဆိုတာ = ခံစားတာကိုဆိုလိုတယ် ဝေဒနာဟာရောဂါမဟုတ်ဘူး
မနောက ကောင်းမကောင်းခံစားတာဝေဒနာ
ဒုက္ခဝေဒနာ ၊ သုခဝေနာ ၊ ဥပက္ခာဝေဒနတဲ့
ကိုယ့်ခန္ဓာမှာ မခံနိုင်အောင်ခံစားနေရတာကို ဒုက္ခဝေဒနာ
ကိုယ့်ခန္ဓာမှာ ခံစားလို့ကောင်းနေတာ ကို သုခဝေဒနာ
ကောင်းတယ်လဲ မဟုတ် မကောင်းဘူး လဲ မဟုတ် ခံစားနေတာ ဥပက္ခာခါဝေဒနာ
တရားထိုင် ရင်းနဲ့ နာတယ်ကျဉ်တယ် ကိုက်တယ်ခဲတယ်ဆိုတဲ့ဒုက္ခဝေဒနာတွေ တွေပေါ်လာတယ် ၊ အဲဒါတွေရှုနေရင်း နဲ့ တော်တော်လေးကြာလာတော့နာတာကျဉ်
တာတွေလျော့သွားတယ် ၊ နောက်ပျောက်သွားတယ် ၊အဲဒါငါဝေဒနာကျော်ပြီလိုထင်နေတယ်
တကယ်တော့ နာတယ်ကျဉ်တယ်ဆိုတဲ့ဒုက္ခဝေဒနာပျောက်ပြီး မနာမကျဉ်တဲ့သုခဝေနာပြောင်း
ခံစားရတာကို အကြိုက်တွေ့နေတယ်တဲ့
အဲဒါသုခဝေဒနာ ( သုခဝေဒနာကိုလဲ ရှုရမှာဘဲတဲ့ ) လူတွေမျက်စိလည်နေတယ်လို့
ဆိုပါတယ် ၊
ဘတ်ရှု ၊ မှတ်သားနာယူထားသောတရားများအပေါ်မူတည်၍ မိမိအမြင်ကိုတင်ပြ
ခြင်းဖြစ်ပါသည် ၊ ပညာရှင်များ အမှားအမှန်ကို ဝေဖန်သုံးသပ်ပေးနိုင်ပါသည်
ဆွေးနွေးခြင်းမှလဲတရားရနိုင်ပါတယ် ၊ တွေးတာရင်းမှလဲတရားရနိုင်ပါတယ် ။
ခန္ဓာဥာဏ်ရောက် တွေးတောနိုင်ကြပါစေ
ဖိုးသုည

Saturday 4 December 2010

မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားများ




































မိုးကုတ်ဆရာတော်ဘုရားကြီး၏တရား 792 ပုဒ်ကို

Dhamma Web

မိုးကုတ်ဝိပဿနာဓမ္မ ဆိုက်မှာ တရားများ နားကြားနိုင်ပါသည် ၊

Mogokdhamma.com - Collection of Dhamma Talks and Books By Mogok Sayadaw U Vimala

တွင် တင်ထားပါသည် နှစ်သက်ရာကိုေ၇ွးယူ၍နာယူနိုင်ပါသည် ၊


နမူနာ တရားတပုဒ်တင်ထားပါသည် ။

Www.dhammadownload.com - MoGokSayaDaw-PRACTISING-THREE


Found at abmp3 search engine

မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။



မောင်သုည

Tuesday 23 November 2010

ကွန်ပြူတာ အကြည့်လွန်ရောဂါ

ကွန်ပြူတာ အကြည့်လွန်ရောဂါ

VOA အသံလွင့်ဌာန မှထုတ်လွင့်ခဲ့တဲ့ ကျန်းမာရေးဆောင်းပါးကလေးပါ

ကွန်ဗြူတာအကြည့်များတဲ့မိတ်ဆွေများအတွက် ထပ်ဆင့်ဝေမျှပေးလိုက်တာပါ

computer Vision Syndrome ခေါ်တဲ့ ကွန်ပြူတာအကြည့်လွန်ရာကဖြစ်လာတဲ့ ရောဂါလက္ခဏာဟာ အခုနောက်ပိုင်း လူသားတွေ ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေ၊ ကွန်ပြူတာတွေ၊ Smart Phone နောက်ဆုံးပေါ် ဖုန်းတွေ၊ ဗီဒီယိုကစားတဲ့ လက်ကိုင်လျှပ်စစ်ပစ္စည်းလေးတွေ၊ e-book လို့ ခေါ်တဲ့ ကွန်ပြူတာကတဆင့် စာအုပ်ဖတ်တာတွေ အသုံးများတာကြောင့် ဖြစ်လာတဲ့ မျက်စိရောဂါပါ။

အသံကိုနားဆင်နိုင်ပါတယ် ၊

Friday 12 November 2010

နှောင်းခောတ်ကြေးမှုံ အပိုင်း( ၆ )


 တန်ဆောင်မုန်းလ ( ကြက်တ္တိကာနက္ခပွဲသဘင်နှင့်မယ်ဇလီဖူးသုပ်)
 






















အထက်အညာရှိကောင်းမြတ်တို့စံတုတ်ကြီးတို့၏ညောင်သာယာရွာကလေးသည်
ဖုံးတုံးလုံးတုံးတန်ဆောင်မုန်းလတွင်ခြေခင်းလက်ခင်းသာယာလာလေပြီ၊တမိုးတွင်း
လုံးမိုးရေထဲတွင်နွားနှင့်နဘမ်းလုံးနေရာမှအနားရလာပေပြီ၊
ကောက်ပင်တို့တွင်စပါးနှံများသီးစပြု၍နို့ရည်ဆမ်းလေပြီ၊စိမ်းလန်းဆိုပြေနေသော
ကောက်ပင်တို့်ကိုမျက်စိတဆုံးရှုမဆုံးအောင်မြင်နေရသောအခါပင်ပမ်းထားသမျှ
အမောပြေကြည်နူးမဆုံးဖြစ်ရလေသည် ၊
ကောင်းကင်တွင်မကင်းတ၀က်ကင်းတ၀တ်နှင့်တိမ်တောင်တိမ်လိပ်တို့ကစိမ်းစိုနေသော
လယ်တောအလှနှင့်ပဏာတင့်ပေ၏၊တန်ဆောင်မုန်းလညအခါကောင်းတွင်မြူတိမ်ကင်းစင်၍
ကြယ်တာယာတို့သူထက်ငါအပြိုင်ဝင်းပအလှစင်၍ကြတ္တိကာနက္ခပွဲသဘင်ဆင်နွဲနေကြလေတော့
သည်။ ရှေးမြန်မာတို့၏ယုံကြည်ချက်အရကြတ္တိကာနက္ခနှင့်စန်းယှဉ်သောထိုအခါကာလတွင်
ဆေး ၊ မှင် ၊ မှောင် အဟန့် ၊သျှို ၊ သျှိမ်း မျိုးစုံတို့ပြီး၊ဆေးပေါင်းခသည်ဟုယုံကြည်ကြသည်၊
တန်ဆောင်မုန်းလတွင်ကြတ္တိကာပွဲသဘင်ကိုမြန်မာနည်း၊မြန်မာ့ဟန်ဖြင့်ဆင်ယင်ကျင်းပ
ကြသောအခါတန်ဆောင်တိုင်ကျီးမနိုးပွဲကိုလဲပြုလုပ်ကြသည် ၊
ထိုပွဲသည်ညောင်သာယာရွာကလေးအဖို့ပွဲတော်နီးလာသည်နှင့်ရွာတွင်အပျိုတို့၏ရက်ကန်း
ခတ်သံသည်ညနက်သည်အထိပို၍ညံညံစီစီမြည်လာသည်၊ရက်ကန်းစင်များမှတေးသံများသည်
လဲပိုကျယ်လာသည်၊သို့သော်အပျိုလေးတို့ရေခတ်ဆင်းလျှင်၊စောင်းပါးရိပ်ခြေချောင်းကြည့်ကြ
သောအကိုကာသသားများကားပျောက်ခြင်းမလှပျောက်နေကြသည်၊
ညောင်သာယာကိုယ်လူပျိုတို့သည်ကျီးနိုးပွဲနှင့်နက္ခပွဲဆင်နွဲရန်အတွက်ကိုရင်ကြီး၏အစီအမံ
အတိုင်းဆေးဝါရှာဖွေရန်တောတွင်ခရီးထွက်နေကြခြင်းဖြစ်သည်၊ဂမုန်းပေါင်းစုံ၊ပန်းပေါင်းစုံ၊ရှား
ပါးသောဆေးဘက်ဝင်အပင်များကိုရှာနေကြရသည်၊
ရွာတွင်ကျန်ခဲ့သောလူကြီးများနှင့်အပျိုကလေးတို့မှာပွဲတော်အတွက်မုန့်လုပ်ရန်ဆန်ဖွတ်
မောင်းထောင်း၊ထန်းညက်စု၊နှမ်းစု၊ပဲလွန်းမတ်ပဲတို့စုကြသည်၊တအိမ်နှင့်တအိမ်ကူး၍ရက်လက်စ
အဆင်များကိုညှိကြ၏တဦးနှင့်ဦးသင်ပြပေးကြသည်၊မနှစ်ကကျီးမနိုးပွဲတွင်ပျော်ခဲ့ရပုံများကိုပြန်
လည်မစမြုံ့ပြန်ကြသည်၊ပျော်တက်ရွှင်တက်သောလူကြီးတချို့ကထူးထူးဆန်းဆန်းဆီမီးထွန်းရန်
မီးပုံးငယ်များတီထွင်လုပ်ကိုင်နေကြသည်၊ကာလသားကြီးများနှင့်ပေါင်း၍တန်ဆောင်တိုင်မဏ္ဍပ်
အလှအပဆောင်ကြသည်၊ပျော်ပါးလိုသောမိကြီးမထွေးအ၇ွယ်များအားလပ်သည့်အပျိုများကိုခေါ်
၍လမ်းခင်းကြသည်၊သဲဖြူခင်းကြသည်၊ရာမတ်ကာငှက်ပြောပင်စိုက်ကြသည်၊ရွာလမ်းတလျောက်
မှသည်ရွာလည်မဏ္ဍပ်နှင့်အောင်မြေရာကွက်။ဘုရားကျောင်းကန်သို့တိုင်အောင်လူသွားလမ်းတ
လျောက်မီးဇောင်းတန်းများပြုလုပ်ကြသည်၊တကျော်ကျော်တအော်အော်နှင့်လှည်းမောင်းသူမောင်း
ဝါးခုတ်သူခုတ်၊ငှက်ပြောခုတ်သူုခုတ်၊သဲကျုံးသူကျုံး၊နှင့်ပျားပန်းခပ်နေကြဘိသကဲ့သို့တရွာလုံး။
တန်ဆောင်တိုင်ကျီးမနိုးပွဲဆင်နွဲရန်အလုပ်ရှုတ်နေကြတော့သည် ၊

တန်ဆောင်မုန်းလဆန်းအဖိတ်နေညချမ်းချိုးပြောက်ကလေးတွေကူချွဲ၍တေးငှက်ကလေး တွေရွှေလည်တွဲကာတောကြက်ကလေးများအဖေါ်ကွဲနေတက်သောအချိန်၊နေကလေးမှိန်သည်နှင့်
ပျောက်ခြင်းမလှပျောက်နေကြသောလူပျိုကလေးများတယောက်စနှစ်ယောက်စပြန်ရောက်လာကြ
သည်၊ကာလသားတို့လက်ထဲ၌တောမှရလာသောရှားပါးသောတောပန်းများ၊ထူးဆန်းသောငှက်များ
၏အတောင်များ။သားကောင်အရည်များပါလာတက်သည်၊မိမိ၏ချစ်သူရည်းစားကိုလက်ဆောင်ပေး
တက်ကြသည်၊လက်ဆောင်အပေးခံရသောအပျိုကလေးများကတခြားအဖေါ်များကိုရှားပါးသော
လက်ဆောင်များကိုပြ၍ကြွားတတ်ကြသည်၊
မှောင်ရီပျိုးလာသည်နှင့်ဖိုးရွှေလသည်ကောင်းကင်မှငွေခြည်လွှာကိုဖြန့်ချလိုက်လေသည်၊
သူငယ်အိပ်ဆိတ်ကြက်မတွန်မှီကလေးတွင်လွန်ခဲ့သောရက်များကပျောက်သွားသောကာလသား
များစုံစုံလင်လင်ပြန်ရောက်လာကြပြီး၊ဟိုတစု ၊ ဒီတစု နှင့်မီးပုံကလေးများဖိုကာစားလားသောက်
လားနှင့်တောထဲမှာတွေ့ကြုံခဲ့ရပုံများကိုစကားလက်စုံပြောကြသည်၊တောထဲတွင်ရှားပါးသောသစ်
ခွပန်းကိုတက်ခူးစဉ်ပျားအုံနှင့်တိုးခဲ့ပုံ၊ပျားအုံတွေ့၍ပျားဖွက်နေစဉ်ဝတ်ဝံနှင့်တွေ့၍ထွက်ပြေးခဲ့ရပုံ
တို့ကိုပြောရင်းနှင့်အပျိုကလေးများချကြွေးသောမုန့်မျိုးစုံတို့ကိုစားကြပြောကြနှင့်ပျော်စရာကောင်း
လှတော့သည်၊
တခြားမီးပုံပွဲတခုတွင်စံတုတ်ကြီးကတောဝက်နှင့်တွေ့၍မရှောင်သာသဖြင့်ပွဲကျောင်းဆရာ
၏အဟန့်ဂါထာကိုစိတ်ထဲမှရွတ်လျက်သစ်ပင်လိုရပ်နေရပုံ၊တောဝတ်များမိမိကိုမော့မကြည့်ဘဲအ
တင်းတိုးဝှေ့ထွက်ပြေးသွားကြပုံ၊၀က်ခလေးတအုပ်ကမိမိခြေထောက်နှစ်ခြောင်းကြားမှစွပ်ကြောင်း
ပြု၍တိုးဝင်သွားကြပုံများကိုအားပါးတရပြောရင်းကြွေးသမျှကိုလဲအားရပါးရစား၏၊အပျိုကလေး
တွေကလဲတအံ့တသြမေးကြမြန်းကြနှင့်သသောသောရယ်နေကြသည်၊
သူငယ်အိပ်ဆိတ်ကြက်တွန်ပြီးစအချိန်သို့ရောက်သောအခါ ရွာဦးဆီမှ ဗျို့ ဟစ်သံကျယ်
ကြီးများပေါ်လာသည်၊ဗုဒ္ဓသာသနာတော်မပြန့်ပွါးမီပုဂံခေတ်ဆီမှကြွင်းကျန်ခဲ့ဟန်ရှိသောအလွန်
ရှေးကျသည့်တေးမှုတ်သံတစ်မျိုးသည်သုန်သုန်ညှင်းသောလေပြေနှင့်အတူငြိမ့်ငြိမ့်ညောင်းပါလာ
သည်၊ပုစ္ဆန်းသည်တို့၏တေးဂီတအသံသည်တူရိယာတို့၏အကြားမှတချက်တချက်ထိုးဖေါက်လာ
သည်၊ထိုအသံသည်သားကောင်တို့ဟိန်းဟောက်သံကဲ့သို့၎င်း၊လူတို့ရှိုက်ကြီးတငင်ငိုကြွေးသံကဲ့
သို့၎င်းစိတ်နှလုံးတုန်လှုတ်ဘွယ်ရာအဝေးရပ်ဆီမှပျံ့လွင့်လာခြင်းဖြစ်သည်၊
စကားကျယ်ကျယ်ဖေါင်ဖွဲ့၍တ၀ါးဝါးတဟားဟားရယ်နေကြသောသူတို့သည်တစ်ဦးကို
တဦးမျက်လုံးပြူး၍စူးစိုက်စွာကြည့်ပြီးအသံလာရာသို့နားစွင့်နေကြသည်၊အားလုံးတို့သည်တဦးကို
တဦးနှုတ်မဆက်ဘဲနေရာမှထလိုက်ကြသည်၊သူတို့သည်တန်ခိုးရှင်တဦးဦးကစေခိုင်းလိုက်သကဲ့
သို့တိတ်တိတ်ဆိတ်ဆိတ်ပင်မိမိအိမ်သို့ပြန်ကုန်ကြသည်၊အရွယ်လွန်ပြီးသောယောက်ျားကြီးများ
မိန်းမကြီးများသည်မိမိတို့မုန့်ကြော်နေသည့်လုပ်ငန်းကိုလက်စသပ်လိုက်ကြပြီးအပျိုကလေးများ
ကလဲမုန့်နှင့်တကွအိုးခွက်ပုဂံများသိမ်းလိုက်ကြသည်၊အကိုကာလသားနှင့်အပျိုကလေးများသည်
မိမိတို့အိမ်တွင်အ၀တ်အစားအသစ်များကိုတိတ်ဆိတ်စွာဝတ်ဆင်ကြလေသည်၊မိန်းမပျိုက
လေးများသည်မိမိကိုဘယ်သူဘယ်ဝါမှန်းမမှတ်မိအောင်အသွင်တမျိုးဖြင့်ဝတ်ဆင်ကြသည်၊တချို့
ကနဂါးမလေး၊တချို့ကန္ဒရီမလေး၊တချိုကနတ်သမီးစသည်ဖြင့်အမျိုးမျိုးရုပ်ဖျက်၍၀တ်ဆင်ကြသည်
သူတို့တတွေကြတ္တိကာနက္ခပွဲသဘင်တွင်သူမသိကိုယ်မသိအပြိုင်ဆင်နွဲကြမည်ဖြစ်သည်၊
အကိုကာလသားတို့အဘို့ကားအိမ်သို့ဝင်၍အ၀တ်အစားအသစ်များဝတ်ဆင်ကြရာတွင်
မပါလျှင်မပြီးသောအဆောင်အယောင်များကားမင်ကြောင်ထိုးစဉ်က၀တ်ခဲ့ကြသည့်မင်ခံပုဆိုးနှင့်
မိခင်ကအမှတ်တရရက်လုပ်ပေးထားသောသဘက်စသည်တို့ဖြစ်သည်၊အခြားသောအင်း၊အိုင်၊
လက်ဖွဲ့၊ဆေးဝါးပုတီး၊အဆောင်ရုပ်စသည်တို့ကိုယူဆောင်လာရသည်၊သို့သော်မိခင်၏ထမီစကို
နားတွင်ဖေါက်ဆွဲထားလျှင်ခေတ္တဖြုတ်ထားခဲ့ရသည်၊ချစ်သူပေးထားသောလက်ဆောင်နှင့်ချစ်သူ
မဖြစ်သေးသူကပေးထားသောလက်ဆောင်များကိုလဲတချို့ကယူလာကြသည်၊
ထိုပွဲတွင်ကိုရင်ကြီးဒိုးကလေးတို့ကအလေ့အကျင့်ပြုလုပ်ပေးထားသဖြင့်နတ်တို့၏၀ိညာဉ်
တို့နှင့်ယဉ်ပါးနေသောပုစ္ဆန်းတို့သည်ကခုန်ရင်းသတ်မှတ်ထားသောနတ်ကွန်းများရှိရာသို့သွားကြ
လေသည်၊နတ်ကွန်းများသို့မိမိတို့ယူလာသောပန်းနှင့်အမွှေးနံ့သားများပေး၍ဆုတောင်းကြ၏၊
သတ်မှတ်ထားသောနတ်ကွန်း၏အလယ်တွင်ကာလသားတို့ရှာဖွေလာကြသောဆေးပေါင်းစုံ
ဂမုန်းပေါင်းစုံနှင့်ဆေးမြစ်၊သစ်ဥသစ်ဖုများ၊ဆေးကြိန်ရန်ကျောက်ပျဉ်များအစီအရီချထားသည်၊
အလယ်ခေါင်တွင်ကားဒေါင်းလန်းနီကြီးပေါ်တွင်မဲဇလီဖူးနှင့်ပန်းပွင့်များကိုပြည့်လျံနေအောင်
လာရောက်ထည့်ကြသည်၊နတ်ကွန်းထိန်းများကနတ်ကွန်းမှပန်တော်ကျများကိုပြန်စွန့်ပေးသည်၊
ကညင်ဆီတိုင်မှမီးတိုင်များမှေးမှိန်စပြုလာသောအခါ ကိုရင်ကြီး၏ဆေးရင့်ကျူးသံထွက်
ပေါ်လာသည်ပုစ္ဆန်းသည်တို့သည်ကိုယ်ရင်ကြီး၏ဆေးရင့်ကျူးသံနှင့်အတူအလွန်ညင်သာစွာရိမ်း
ထိုးလှုတ်ရှားကြသည်၊ကိုယ်ရင်ကြီးနှင့်တူဝိုင်း၍ဆေးကြိတ်သူတို့ကလဲပထမတွင်ညင်ညင်သာသာ
ဆေးကြိတ်နေရာမှာ တချို့မှာဆေးနတ်များဝင်ဆီးသဖြင့်ကြမ်းကြမ်းတမ်းတမ်းဝင်၍ဆေးကြိတ်ပေ
တော့သည်၊တချိုမှာမူးမေ့လဲကျသည်အထိဆေးကြိတ်ကြသဖြင့်ကိုရင်ကြီးကဆေးနတ်များကို
တောင်းပန်ပေးရသည်၊ဆေးပေါင်းခသည့်ညပေတည်း ၊
ကျန်သူတို့မှာဆေးကျူးသံတေးသံတို့နှင့်အတူဘယ်ညာယိမ်းသွဲ့၍လွင့်ပါးနေသကဲ့သို့ပိုမို ယိမ်း၍လာကြသည်၊ဆေးရင့်ကျူး၍အတော်ကလေးဆေးသားညက်လာသောအခါတီးဝိုင်းမှစည်
တိုသံ၊ လင်ကွင်းသံတို့မှာပိုမိုကျယ်လောင်လာသည်၊ဆေးကြိတ်သူများနှင့်လာရောက်သူအားလုံတို့
မှာဘယ်ညာယိမ်းနေရာဒေါင်းလန်းကြီးကိုဝိုင်း၍ကကြတော့သည်၊တီးဝိုင်းသံကားကမ္ဘာကြီးပေါက်
ကွဲသွားလုမတတ်တီးကြလေသည်၊ဆေးကြိတ်ပွဲသို့လာရောက်ကြည့်ရှုသူများပင်မနေနိုင်တော့ဘဲ
ဝင်ကကြတော့သည်၊နီးရာအချင်းချင်းပွေ့ဖက်လျက်နမ်းရှုတ်ကြခုန်နိုင်ကြသည်၊အ၇ွယ်မရောက်သူ
အကိုကာလသားငယ်ကလေးများကကြီးသူငယ်သူမရွေးနီးရာမိန်းမတဦးဦးကိုပွေ့ဖက်၍ကကြတော့
သည်၊ပါးစပ်မှလဲတေးသံမျိုးစုံသီဆိုကြလေသည်၊

ပုပ္ပကြယ်မြေလူး -- ကောက်ပဲနှမ်းဝါမြူး
ပုပ္ပကြယ်မြေလူး -- အင်းဆေးစက်မင်မြူး
ပုပ္ပကြယ်မြေလူး -- ညည်းရောငါရောမြူး

ဒေါင်းလန်းကြီးကိုဝင်၍ကနေသူတို့သည်ပို၍ပို၍မြန်လာကာလဲပြိုကျကုန်သည်၊ထိုအခါ
ဝေး -- ဝေး ဟူသောအသံနှင့်အတူ ဒေါင်းလန်းကြီးထဲမှ မဲဇလီပန်းများကိုတယောက်ကိုတ
ယောက်ပစ်ပေါက်ကြကုန်သည်၊ထိုအခါလူအုတ်ကြီးထဲမှာလူများကမိမိတို့ထံကျလာသောမဲဇလီ
ပန်းများကအလုအရက်ကောက်ယူသိမ်းကြသည်၊အထူးသဖြင့်မိန်းမပျိုကလေးတို့သည်မိမိကောက်
ရလာသောမဲဇလီဖူးများကိုသေချာစွာထုပ်ပြီးအိမ်ပြန်ကြလေသည်၊သူတို့အတွက်မဲဇလီဖူးသည်အ
ရေးကြီးသည်၊တန်ဆောင်မုန်းလပြည့်နေညတွင်နက္ခပူဇော်ပွဲပြုလုပ်သည့်အခါအသုံးပြုရန်ဖြစ်သည်
ဆေးကြိတ်ပွဲသို့လာရောက်ကြည့်သူများကကြသူများပြန်သွားသောအခါ၊ကိုရင်ကြီးရင်ကြီး
နှင့်ကာလသားတို့ပြန်၍မဖြစ်သေးဆေးကျုးခြင်း၊မန္တာန်စုတ်ခြင်း၊သိဒ္ဓိတင်ခြင်း၊သစ္စာစောင့်ခြင်းများ
ကိုမိုးလင်းသည်အထိပြုလုပ်ကြရသည်၊

နက္ခပွဲလှည့်လည်ခြင်း

နောက်တနေ့ဖြစ်သောတန်ဆောင်မုန်းလပြည့်အဖိတ်နေ့ညတွင်နက္ခပူဇော်ပွဲလှည့်လည်
ခြင်းကိုပြုပ်ကြသည်၊ထိုနက္ခပွဲလည့်လည်ရာတွင်ဂြိုလ်များ၊နတ်များ၊ဆေးအင်းလက်ဖွဲ့တို့ပါသည်၊
နတ်ပွဲသက်သက်ဖြစ်သောကြောင့်ဘုရားနှင့်ရဟန်းသံဃာများမပါ၊သို့သော်ကိုရင်ကြီးဦးဆောင်
ပြုလုပ်သောပွဲဖြစ်သောကြောင့်ကိုယ်တိုင်ပါဝင်လှည့်လည်သည်နက္ခပွဲလှည့်လည်ရာတွင်၊ဆေးမင်
နှိုးကြမည့်သူများ၊သိဒ္ဓတင်ကြမည့်အကိုကာလသားတို့သည်မိမိတို့ယူဆောင်လာသောဆေးမင်ပန်း
နံသာတို့ကိုကိုင်၍သက္ခာတော်ရမထေရ်တော်ကြီးများလိုအစီအစဉ်အတိုင်းလှည့်လည်လာကြရ
သည်၊ပုစ္ဆာန်းသည်(နတ်ကတော်)တို့ကားငှက်ပြောပွဲအုန်းပွဲ၊အမွေးနံ့သာပန်းဆီမီးများ၊အတီး
အမှုတ်အကအခုန်များမြင့်နောက်မှလိုက်ကြရည်၊
မိန်းမပျိးတို့သည်ကားမနေ့ညကရလာသောမဲဇလီဖူးများကိုအခြောက်လှမ်းဘို့အနည်းငယ်
ချန်၍၊အကျန်ကိုမိမိတို့ရှာဖွေခူးယူထားသောမဲဇလီဖူးများဖြင့်ရောပြီးမဲဇလီဖုးသုပ်လုပ်သည်၊
မဲဇလီဖူးသုပ်ကိုဖက်စိမ်းဖြင့်အထုပ်ဖုပ်၍တချို့ကိုဘုရာလှူ၏၊တချို့ကိုသက်ကြီးရွယ်အိုတို့ထံပို့၏
တချို့ကိုနက္ခပွဲသို့လှည့်လည်လာသောအကိုကာလသားတို့ကိုပစ်ပေါက်ရန်သိမ်းထားကြသည်၊
အိမ်အပေါ်ထပ်ရှိပိတ်ထားသောပြတင်းပေါက်(သို့မဟုတ်)အိမ်ရှေ့ပုဏ္ဏားကွယ်တွင်ပန်းကန်၊
လင်ပန်းတွင်အသင့်ထည့်ထား၏၊ထို့နောက်မိမိကိုယ်ကိုအလှပဆုံးဖြစ်အောင်ဝတ်ဆင်ထားပြီး
အသင့်စောင့်နေသည်၊
နက္ခပွဲလှည့်လာသည်နှင့်မိမိပစ်ပေါက်လိုသောအကိုကာလသားပြတင်းပေါက်ရှေ့တဲ့တဲ့
ရောက်သည်နှင့်ဗြူန်ူကနဲလူလုံးပြ၍မဲဇလီဖူးထုပ်နှင့်ပစ်ပေါက်လိုက်ကြရသည်၊
(ဤသို့ပြုလုပ်ခြင်းသည်အဘိပါရကစစ်သူကြီးကတော်ဥမ္မာဒန္တီကသိဝိမင်းကြီးအားတန်
ဆောင်မုန်းလပြည်နေ့တွင်လေသာပြတင်းပေါက်ဗြုန်းကနဲထွက်လာပြီးမဲဇလီပန်းဖြင့်ပေါက်လိုက်
သောကြောင့်ဥမ္မာန္တီကိုအရုးမူးစွဲလန်းခဲ့သည်ကိုအတုယူ၍ပြုလုပ်ခြင်းဖြသ်သည်ဟုယူဆကြသည်)
ညောင်သာယာရွာမိန်းမပျိုတို့သည်ဤထုံးစံအတိုင်းနက္ခပွဲသဘင်တွင်လှည့်လည်လာသော
မိမိချစ်နေသူအကိုကာလသားကိုမိမိပြစ်ပေါက်လိုက်သောမဲဇလီဖူးသုပ်ထိမှန်သွားလျှင်မိမိကိုအရူး
အမူးစွဲမက်လာသည်၊မစွန့်ပစ်နိုင်ဟုယုံကြည်ကြသည်၊သို့သော်ထိသွားသောကာလသားကမိမိအား
ထိမှန်အောင်တန်ပြန်ပြစ်ပေါက်ခြင်းခံရလျင်ဘာမှမဖြစ်ဟုယုံကြည်ထားကြသည်၊
ညနေချမ်းသို့ရောက်နေပြီကြတ္တိကာနက္ခပွဲသဘင်ဆင်နွဲရန်အတွက်ပုစ္ဆာန်းသည်တို့ရှေ့မှဦး
ဆောင်၍ငှက်ပြောပွဲအုန်းပွဲတို့ကိုကိုင်၍အကအခုံအတီးအမှုတ်တို့ဖြင့်လှည့်လည်လာကြသည်၊
နောက်တွင်နက္ခစံအိမ်တို့၌ဆေးမှင်သိဒ္ဓိတင်ရန်အကိုကာလသားတို့လိုက်ပါလာကြသည်၊၄င်းတို့
နောက်မှဆေးအင်းဝါသနာပါသောလူကြီးများလိုက်ပါလာကြသည်၊ပျော်စရာကောင်းလှပေသည်၊
မြခက်သည်နက္ခပွဲလှည့်လာသူတို့မိမိအိမ်ရှေ့သို့ရောက်လာသည်နှင့်အိမ်ခြံဝသို့ဗြုန်းကနဲ
ပြေးထွက်ခါမယ်ဇလီဖူးသုပ်ဖြင့်ကောင်းမြတ်ကိုတည့်တည့်ချိန်၍ပစ်ပေါက်လိုက်သည်၊ကောင်းမြတ်
ကိုသေသေချာချာထိမှန်သွားသဖြင့်မြခက်မျက်နှာမှာကျေနပ်သောအြ့ပုံးများဖြင့်ကောင်းမြတ်ကိုစူး
စူးစိုက်စိုက်ကြည့်ပြီးအိမ်ထဲသို့ပြေးဝင်သွားသည်၊
နက္ခပွဲလှည့်နေစဉ်တွင်ဆေးမင်နှိုးသိဒ္ဓိတင်ကြမည့်အကိုကာလသားတို့သည်၊မိမိတို့ကိုင်
ဆောင်လာကြသောဆေးမင်များ၊ပန်းနံ့သာများကိုဂရုစိုက်နေရသဖြင့်သိက္ခာတော်ရမထေရ်ကြီးများ
ကဲ့သိုက္ကနြေ္ဒရစွာလိုက်ပါနေရသဖြင့်မိမိအားမယ်ဇလီထုပ်ဖြင့်ပစ်ပေါက်သူကိုစိတ်တွင်းကသာမှတ်
သားလိုက်ကြရသည်၊လှည့်လည်ပွဲပြီး၍နက္ခပွဲစတင်သည့်အချိန်ကြယ်စုံထွက်သောညအခါရောက်
မှသာကိုယ်တိုင်ပြုလုပ်လာသည်မယ်ဇလီဖူးသုပ်ဖြင့်ပြန်လည်ပစ်ပေါက်နိုင်ခွင့်ရှိသည်၊
သို့သော်ယောက်ျားလေးတို့ကိုစလိုက်သောမိန်းခလေးတို့မှာအိမ်တွင်းတံခါးကိုအလုံပိတ်၍
တိတ်တတ်ကလေးကျိတ်ရယ်နေကြလေသည်၊
ပန်းသုပ်အပေါက်ခံရသောအကိုကာလသားတို့ကလဲနောင်အခါထိုအပျိုအားအရူးအမူးချစ်
နေသောအချစ်သားကောင်မဖြစ်စေရန်အတွက်ပုန်းနေသောမိန်းခလေးကိုအိမ်ခမ်းတွင်းမှ
ထွက်လာအောင်နည်းမျိုးစုံဖြင့်ကြိုးစားရသည်မှာလည်းပျော်စရာကောင်းလှသည်၊

တန်ဆောင်မုန်းလပြည့်ည(ကျီးမနိုးပွဲ )

တန်ဆောင်မုန်းပြည့်နေ့ညသည်ကြတ္တိကာနက္ခနှင့်ယှဉ်ပြိုင်သည့်နေဖြစ်သည်၊မဲဇလီပင်တို့
၌ဆေးပေါင်းခသောညဆေးမင်ထိုးထားသောဆေးများအစွမ်းထက်သောညဖြစ်သည်၊ကိုရင်ကြီးနှင့်
တပည့်လက်သားအစုံအလင်နှင့်အလုပ်ရှုတ်နေလေသည်၊ထိုည၌ဆေးမင်ကြောင်ထိုးစဉ်ကတမင်
ချန်ခဲ့သောစက်ဝိုင်း၏အလယ်မှကွက်လပ်ကိုဂ၀ံရုပ်၊ကြောင်ရုပ်၊သူရဿတီနတ်သမီးရုပ်၊တို့ကိုဖြည့်
စွပ်ထိုးနှံကြသည်၊ကြတ္တိကာနက္ခသည်အဟန့်၊အမှောင်၊အမှင်၊အရိပ်၊ရှိမ်းတို့အတွက်အစွမ်းထက်
သည်ဟုယုံကြည်ကြသည်၊ဆေးမင်ကြောင်ထိုးပြိးသောကာလသားတို့သည်မိမိတို့ထိုးနှံခဲ့သော
ဆေးများမည်မျှအစွမ်းထက်သည်၊မည်မျှအောင်မြင်ပြီးစီးသည်ကိုလက်တွေစမ်းလိုကြသည်၊ထို့
ကြောင့်ဆေးမှင်ဝိုင်းမှထွက်သည်နှင့်အမှောင်ခို၍သန်းကောင်ဗိုလ်လုပ်ကြတော့သည်၊
သန်းကောင်ဗိုလ်လုပ်ရသည်မှာလွယ်ကူသည်မဟုတ်တရွာလုံးရှိအိမ်ရှင်တို့သည်သူခိုး
ဖမ်းရန်စောင့်နေကြသည်၊မကြီးလေဘုံဦးဆောင်သောမိန်းမကြမ်းကြီးများနှင့်အပျိုတသိုက်တို့သည်
မဏ္ဍပ်ကြီးအတွင်းမှအသင့်စောင့်နေကြသည်၊
သူတို့နှင့်မနီးမဝေးစားပွဲခုံကြီးတခုပေါ်တွင်သူတို့အတွက်အရေးကြီးသောပစ္စည်းများတင်
ထားကြသည်၊သင်တုန်းဓါး၊ကပ်ကြေး၊ကြိုးခွေ၊ကြိမ်လုံး၊ကြိုးခွေ၊ထမင်းခွက်၊စသည်တို့ဖြစ်သည်၊
ထို့ပြင်သင်္ကန်းပရိက္ခရာအစုံလည်းပါသည်၊သူတို့သည်နံနက်ဆွမ်းချက်ရန်အတွက်စုစုရုံးရုံးကြက်
ကြက်သွန်လှီးခြင်း၊ဂျင်းလှီးခြင်းစသောအမှုများကိုရယ်ရယ်မောမော်နှင့်ပြုလုပ်နေကြသည်၊
သူတို့၏အတွဲဖြစ်သောငလုံးတို့၏အရပ်တီးဝိုင်းကလည်းလက်ကောင်းတိုင်းရွလျက်အမြိုင်သားဖြင့်
အယိုင်သွားကိုတီးနေကြသည်၊ထိုညအဘို့ခလေးများပင်မအိပ်ကြဘဲဆိုင်းသံကလေးရွလာတိုင်းက
ကကြခုံကြနှင့်အမောသား၊
ဆေးမင်ကြောင်းမှထွက်လာကြသောကာလသားတို့မှာအမှောင်ရိပ်အောက်ရောက်သည်
နှင့်လူရိပ်လူရောင်ပျောက်သည်ဟုယုံကြည်ကြသည်၊ဟောင်မည်ခွေးကိုအံခဲ၍ကြည့်လိုက်ရုံနှင့်
မဟောင်နိုင်ဘဲအမြီးကုတ်ထွက်သွားအောင်ဟန့်တားနိုင်သည်ဟုဆိုသည်၊အော်မည်ပြုကို ”ဟိတ်”
ဟုချောက်လိုက်ရုံမျှဖြင့်စစ္ဆေသရဲအခြောက်ခံရဘိသကဲ့သို့မှိုင်းမိသတိလစ်ကျန်ရစ်နိုင်သည်ဟုဆို၏
ကြောင်အရုပ်ကိုပုပ်၍ဟုတ်ခနဲခုန်လိုက်သည်နှင့်ဖြုတ်ခနဲအိမ်ခေါင်မိုးပေါ်သို့ရောက်သွားနိုင်သည်
ဆို၏၊လက်ညှိးကအိမ်မြှောင်ရုပ်ကုတ်လိုက်လျှင်လှေခါးကိုမြင်ပါလျက်နံရံကိုတွယ်ကပ်ချင်စိတ်
ပေါက်လာသည်ဆို၏၊ထိုအဆိုများမည်မျှမှန်သည်မှားသည်ကိုစမ်းသပ်ကြရင်းဖြင့်၊နံနက်မိုးသောက်
သော်မဏ္ဍပ်ရှေ့ရှိကြိုးဝိုင်းကြီးအတွင်းသို့နွားများ၊လှည်းများ၊စဉ့်အိုးကြိးများ၊သေတ္တာများ၊ရက်ကန်း
စင်၊လူအိပ်ပျော်လျက်မယူရာသို့ပါလာသောကွပ်ပျစ်များ၊စသည်တို့ကယ်ရောက်နေကြကုန်၏၊
” ဘော အော ဘော အော ”
” အမလေး လန့်လိုက်တာတော့ ”
အမိပျောက်သောနွားငယ်သည်ကျီးမနိုးပဒေသာပင်ကြီး၏ထိပ်ဖျားတွင်လေးဘက်ကား၍
ရပ်လျက်အသီိးခံနေရသည်၊နွားငယ်၏ခြေလေးခြောင်းသည်မလှုတ်နိုင်နရုန်းနိုင်အောင်ချည်နှောင်
ခြင်းခံနေရရှာ၏၊
” ဟယ် ကြည့်ကြစမ်းပါအုံး သူရို့မိုးကြံကြံဖန်ဖန်ကြံကြီးစည်ရာလုပ်တတ်တယ်၊
” ဟဲ့နေစမ်းပါအုံး ဒါဘယ်သူ့နွားတုန်း ဦးကြီးကောက်ရ နွားကလေးမဟုတ်လား ဦးကြီး
ကောက်ရတို့ တော့ ပရိက္ခရာအစုံနဲ့ရွေးရတော့မှာပတော်ရေ့ ”
” ဟဲ့ ဟဲ့ နွားကလေးကရုံးနေသဟဲ့ အောက်ကလှည်းကဘီးကြီးလိမ့်ပြီးပြိုကျလာမှဖြင့်
” ဟိတ်ဟိတ် လှည်းမြီးစွန်းအောက်တဲ့တဲ့ကကွပ်ပျစ်ကိုကြည့်လိုက်စမ်းပါအုံးဟဲ့ -
တင်းတိမ်ကြီးခြုံထားတာလူမဟုတ်လား - အစစ်ပါ့တော် လူကြီးဟဲ့ လူကြီး ”
စီတန်းလာသောအပျိုတစုတို့သည်အတန်းပျက်လျက်စုလူစုလူဝေးကြီးဖြစ်သွား၏၊
တစ်ယောက်နှင့်တယောက်လက်ညှိးဖြင့်ညွန်ပြကာ - ပြကြ၏ မမြင်မတွေ့သူများက
” ဘယ်မှာလဲ ဘယ်မှာလဲဟု ”မေးကြ၏ ။
” ဟုတ်ပါ့တော် တို့များဖြင့်အံ့ပါရဲ့ ဟောတော့ မိန်းမကြီးတော့ ဘယ်သူများပါလိမ့် - တို့များဖြင့်
ခိုးတဲ့သူထက် အခိုးခံရပြိး ပါလာတာကို မသိလိုက်တာအံ့ပါရဲ့ တော် ”
” သူတို့က ဆေးတွေဝါးတွေ အဟန့်တွေနဲ့ အိပ်ငွေ့ချပြီးခိုးလာတာတော့နိုးချင်မှနိုးမှာပေါ့
အေ့ - တို့တော့ ခိုးတဲ့သူဘဲအံ့သြပါရဲ့တော် ”
” အိမ်း တို့ ကခိုးလာသူနိုင်သူကိုဘဲအံ့သြတာပ - ဒီနေ့ ဒီရက် ဒီရက် ဒီလိုလုပ်တန်းမှန်းသိ
ရက်နဲ့ ပေါ့ပေါ့ရော့ရော့အိပ်တာကိုး အေ့ - အခိုးခံရသာနည်းတောင်နည်းသေး -
ခိုးသူကခိုးရုံခိုးလို့သာ ပ ”
” ဗိုင်းနာမ သူများဖြင့် စောစောစီးစီးပြောလိုက်တာ ခိုးရုံမခိုးလို့ညည်းဘယ်လိုများလုပ်စေ
ချင်သေးလို့တုန်း - အဲဒီလိုလူပါခိုးယူနိုင်တဲ့သူခိုးဆိုတာ အင်မတန်သစ္စာရှိပြီး - သမာဓိတည်နိုင်မှ
ခိုးနိုင်တဲ့အစွမ်းရှိတာတော့ - ညည်းကယုတ်မာစေချင်ပေမဲ့သူခိုးက မယုတ်မာနိုင်ဘူး ”
ဟိတ် ဟိတ် ကောင်မတွေ ရေ့  အောင်မလေးကြည့်လိုက်ကြပါအုံး - မြောက်ဖျားကခေါင်း
ကတော်ကြီးရယ်တော့ - ဟိုမှာ ဟိုမှာတင်းတိမ်ကြီးကို လှန်လိုက်ပြီ - ၀မ်းသာလိုက်တာတော်ရေ့ 
အိမ်ခေါင်းကတော်ကြီးဆီက ပရိက္ခာ ငါးစုံလောက်အတောင်းခိုင်းရမယ် -

အိပ်လျက်ပါလာခဲ့သောမိန်းမ၊ယောက်ျားတစုံသည်မနက်မိုးလင်းမှဆိုင်းသံကြောင့်နိုးလာ
သော်မပြေးရစည်းဝိုင်းတွင်းမှမထွက်ရခိုးယူမယူလာသောကာလသားတို့ပိုင်၏၊အပေါ့အပါးသွားလို
သည့်တိုင်ကာလသားတို့ကခွင့်ပြုမှသွာရ၏၊ထိုညအဘို့ကျီးမနိုးပွဲဆင်နွဲရာတွင်အောင်မြင်သူများရှိ
သလို၊မအောင်မြင်၍ဖမ်းမိသူများလည်းရှိသည်၊ထိုသူတို့မှာတစုံတခုသစ္စာဖေါက်မိသောကြောင့်
စည်းပေါက်သွားသောကြောင့်ဆေးမအောင်ခြင်းကြောင့်ဖြစ်သည်၊
အဖမ်းခံရသူတို့မှာမသက်သာလှမကြီးဘုံဦးဆောင်သောမိန်းမကြမ်းကြီးတသိုက်က၊ကြိုး
ခွေ၊ကြိမ်လုံး၊ကပ်ကြေး၊သင်တုန်းဓါးတခုဆီကိုင်လျက်၊ဖမ်းမိသူကိုစားမလိုဝါးမလိုဟန်ရေးပြလျက်
ကခုန်နေကြသည်၊ကြက်သွန်လှီးနေသောမိန်းမပျိုများကဘယ်ဘူကြီးများပါလိမ့်ဟုထွက်၍ကြည့်
ပြီးနေက်ပြောင်နေကြလေသည်၊
ဟယ် ဆင်းရဲလွန်းလို့ခိုးတာထင်ပါ့ ဟုဆို၍ ခိုးသားပုဆိုးကိုဝိုင်းချွတ်ကြ၏၊ခိုးသားမှာပုဆိုး
ချွတ်ယူခြင်းခံရခြင်းကကိစ္စမရှိ အပျိုတွေရှေ့၌ဖြစ်သောကြောင့်ရှက်လှ၏၊မိမိခေါင်းပေါ်မှသဘက်ကို
အမြန်ဖြုတ်၍အရှက်ကိုဖုံးရလေ၏ ၊ ထိုသို့ ” ရှက်ရှာပါသော်ကော ” ဟူ၍ချမ်းသာမပေး

” ဟယ် ငတ်ရှာလွန်းလို့ခိုးသာထင့်ပါ့ ” ဟူ၍ ပါးစပ်ဖြင့်ဝါးထားသော ထမင်းများနို့ရည်ဖြင့်
ဆမ်းထားသောထမင်းများကိုခိုးသား၏ပါးစပ်ထဲသို့အတင်းခွံ့လေတော့၏၊
ရွံလွန်း၍ရုံးလျှင်နကန်သေးသေးဖြင့်စပ်စပ်ပါအောင်ရိုက်သည်၊ကကြိုးအမျိုးမျိုးကခိုင်းတော့
သည်၊ထို့နောက်မကောင်းသည့်အကျင့်ဆိုးကိုဆေးကြောပစ်ရမည်ဟုဆို၍တကိုယ်လုံးခေါင်းပေါ်မှ
ရေလောင်းချပြီး၊ဆံပင်များကိုကပ်ကြေးဖြစ်ညှပ်ဖြစ်၏၊ဦးပြည်းရိတ်ပြီးလျင်မဏ္ဍုပ်တိုင်တွင်ချည်ထား
လိုက်လေသည်၊နောက်ထပ်ခိုးသာတယောက်မရောက်လာမခြင်းမဏ္ဍုပ်တိုင်တွင်နေရလေသည်၊
ဘေးမဲ့စည်းဝိုင်းအတွင်း ပစ္စည်းများအစုစုအပုံပုံရောက်လာသည်နှင့်အမျှ၊မဏ္ဍုပ်တိုင်တွင်
ခိုးသားများလည်းတယောက်ပြိးတယောက်ရောက်လာကြလေသည်၊

မိန်းခလေးများ သူခိုးကိုအမျိုးမျိးနှိပ်စက်နေကြစဉ် ဆိုင်းချိုးသံကြားရသဖြင့်မဏ္ဍပ်အတွင်း
သို့ကြည့်လိုက်ရာသံဃာစင်တွင်သံဃာတော်များဆွမ်းဘုန်းပေးပြီး၍လက်ဘက်ရည်ကြမ်းဘုန်းပေး
နေသည်ကိုတွေ့ရသည်၊ဆိုင်းသံသည်ဖမ်းမိထားသောခိုးသားတို့အားတရားစီရင်ရန်အချိန်ကျရောက်
ကြောင်းအချက်ပေးသောအသံဖြစ်၏၊
ပစ္စည်းအခိုးခံရသောအိမ်ရှင်တို့သည်မဏ္ဍပ်ရှိရာသို့ရောက်လာကြပြိးမိမိတို့ပစ္စည်းများကိုတန်
ဘိုးဖြတ်၍ရွေးယူကြသည်၊တန်ဘိုးပေးရုံဖြင့်မပြီးသေးမိမိတို့ပစ္စည်းကိုယ်တိုင်ဖြုတ်ယူ၍တခြားပစ္စည်း
များအပေါ်ပြုတ်ကျလျင်လျော်ရမည်ဖြစ်သဖြင့်၊ဖြတ်ခပေး၍ဖြုတ်ခိုင်းကြရသည်၊ခိုးရာပါပစ္စည်းများကို
ရောင်းရသောငွေသည်မဏ္ဍပ်အတွင်း၌အသင့်ထားရှိသောသင်္ကန်းပရိက္ခရာတို့ဝယ်ယူရန်ဖြစ်သည်၊
ဝယ်ယူ၍ရသောသင်္ကပရိက္ခရာတို့ဖြင့်ဖမ်းမိ၍ကတုံးတုံးထားသောသူခိုးများကိုရှင်ပြုခြင်းပဉ္စင်းခံခြင်း
များပြုလုပ်ကြရသည်၊
ဘေးမဲ့စည်းဝင်းအတွင်းမှကျီးမနိုးပွဲပစ္စည်းများကိုရောင်းချ၍ရသောငွေဖြင့်သင်္ကပရိက္ခရာဝယ်
ပြီးဖမ်းမိသောသူခိုးများကိုရဟန်းခံပေးရာ၊ဖမ်းမိသောသူခိုးဦးရေထက် သင်္ကန်းကပိုနေသဖြင့်ရွာတွင်း
မှ ၈ နှစ် ၉ နှစ်အ၇ွယ်ခလေးများမှအစအ၇ွယ်ရောက်သူများကိုပါသင်္ကန်းဆီးစေကြ၏ထို့ကြောင့်
ကြတ္တိကာပွဲသဘင်ဟုခေါ်သောကျီးမနိုးပွဲကားယခင်နှစ်များနဲ့မတူတမူထူးခြားစွာဖြင့်တောင်ကျောင်း
မြောက်ကျောင်းနှစ်ကျောင်းစလုံးရှင်သာမဏေတ့ဖြင့်ဝါ၀ါထိန်နေလေတော့သတည်း ၊

မောင်သုည

ရန်ကုန်ဗဆွေ - မြန်မပြည်သားစာအုပ် ကို မှီငြမ်းထားပါသည်

Thursday 11 November 2010

ခ၀ဲပွင့်တုန်းတန်ဆောင်မုန်း

လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့
ဆုပန်ရွယ်၊သည်ချိန်ဆို ဝတ်မှုန်ကြဲလို့၊
ခဝဲရွှေညှာရင်းမှာ၊
သင်းရနံ့ကယ်။ကောင်းကင်လယ်၊ ထက်ဝယ်ဆုံဦး
ရွှေလစန္ဒာနှင့်
ကြတ္တိကာ ကြယ်ရောင်ထွန်းတယ်
ထွန်းထိန်လို့မြူး"

( ဖိုးသူတော်ဦးမင်း )

တန်ဆောင်မုန်းလသည် မြန်မာ ပြက္ခဒိန်လ ဆယ့်နှစ်လတွင် အဋ္ဌမမြောက် လဖြစ်ပါသည်။ တန်ဆောင်မုန်းလ၏ ပထမလဝက်သည် မိုးဥတု၌ ကျရောက်ပြီး ဒုတိယလဝက်မှာ ဆောင်းဥတု၌ ပါဝင်နေရာ မိုးနှောင်း ဆောင်းဦး ကာလဖြစ်၍ သာယာ ကြည်နူးဖွယ် ကောင်းသော လ တလပင် ဖြစ်ပါသည်။ တန်ဆောင်မုန်းလသည် မိုးနှောင်းချိန် ဆောင်းဝင်ခါစ ကာလဖြစ်၍ နှင်းကျလိုက်၊ မိုးဖွဲဖွဲ ရွာချလိုက် ဖြစ်လေ့ ရှိတတ်သည်။ ထို့ကြောင့် ရှေးမြန်မာကြီးများက တန်ဆောင်မုန်းတွင် 'ဆီးနှင်းတပြိုက် မိုးတလိုက်' ဟု စပ်ဆိုခဲ့ကြခြင်း ဖြစ်ပေမည်။ တန်ဆောင်မုန်းလ၌ ကောင်းကင်ပြင်သည် ကြည်လင် သာယာလျက် ရှိပြီး ဆောင်းဦး ရာသီ၏ ရှေ့ပြေးဖြစ်သော မြောက်ပြန်လေအေးသည်လည်း ဖြည်းညှင်းစွာ တိုက်ခတ်လေ့ ရှိပါသည်။ တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်၍ ထင်ရှားသော ပွဲတော်မှာ ကထိန်ပွဲပင် ဖြစ်သည်။ ခဝဲပန်းနှင့်အတူ အလှချင်း ပြိုင်တတ်ကြသော ကြာပန်း၊ ပြည်ပန်းညို၊မယ်ဇလီ၊ နှင်းပန်းတို့သည်လည်း တန်ဆောင်မုန်းလ၏ အလှကို ပိုမိုတင့်တယ် ပီပြင်စေပါသည်။တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ် လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူး နေ့မြတ် တနေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင် ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်သည်
ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ ခြင်းအကျိုးပြတရား တော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်

ရှေးသုသေသီိတို့က တန်တောင်တိုင်ပွဲသည်ဗုဒ္ဓသာသနာမပေါ်ထွန်းခင်ကမီနတ်ကိုပူ ဇော်သောပွဲမျှသာဖြစ်သည်ဟုဆိုသည်၊ကောင်းကင်တွင်မိုးသားကင်းစင်၍ကြတ္တိကာနက္ခနှင့်
ထိုအခါသမယတွင်လူတို့အထူးစိတ်နှုလုံးကြည်လင်၍နက္ခအပေါင်းစုံသည့်ထိုတန်ဆောင်းမုန်း
လ၀ယ်မီးနက္ခပူဇော်ပွဲဖြင့်နတ်မင်းကြီးအားပူဇော်ကြသည်ဟုဆိုသည်၊နတ်မင်းကြီးဆိုသည်မှာ
ပိဿနိုးနတ်မင်းကြီးဟုခေါ်သောမဟာဝိနာယကနတ်မင်းကြီးဖြစ်သည်၊ထိုနတ်မင်းကြီးသည်
သတင်းကျွတ်ဆန်း ၁၂ ရက်နေ့မှစ၍အိပ်သွားရာ တန်ဆောင်မုန်းလဆန်း ၁၂ရက်နေ့ရောက်
မှနိုးလာသည်၊ထို့ကြောင့်တန်ဆောင်မုန်းလကို နတ်နိုးလ ဟူ၍လည်းခေါ်ကြသည်၊
ထိုလတွင်ဆေးပေါင်းခသောလလည်းဖြစ်၍တန်ဆောင်မုန်းလတွင်ပွင့်သောမယ်ဇလီ
ဖူး၊မယ်စဇလီပွင့်တို့ကိုသုပ်စားလျင်ရောဂါမျိုး၉၆ပါးကင်းသည်ဟုယူဆကြသည်၊ထို့ပြင်မီးနက္ခ
ပွဲနှင့်အတူကျီးမနိုးပွဲကိုလည်းကျင်းပကြသည်၊ထိုဓလေ့မှာအပျော်အပါးသက်သက်အချင်းချင်း
ကျီဆယ်သောပွဲဖြစ်သည်၊လပြည့်ညသန်းကောင်လူတို့အိပ်မောကျနေစဉ်အိမ်ပြင်တွင်ထားသော
ပန်းအိုးစသောလူ့အသုံးအဆောင်ပစ္စည်းများကိုတနေရာသို့ရွေ့ပြောင်း၍ထားကြသည်၊ထိုဓလေ့
များမှာကျေးလက်တောရွာများတွင်သာအနည်းငယ်ကျန်လေ့ရှိပြီး၊ပျောက်ကွယ်လုနီးနီးဖြစ်နေ
လေပြီ၊
( ရှေးကမြန်မာများတန်ဆောင်မုန်းလကျီးမနိုးပွဲလုပ်ကြပုံနှင့်မယ်ဇီဖူးအကြောင်းသီးခြား
ဆောင်းပါရေးထားပါသည်၊နှောင်းခောတ်ကြေးမုံတွင်ဘတ်ရှုနိုင်ပါသည်)
ဇာတ်နိပါတ်တော်များတွင်ကြတ္တိကာနက္ခသဘင်ဆင်ရင်ကျင်းကကြောင်းဖေါ်ပြသည်
ဥမ္မာဒန္တီဇာတ်တွင်ထိုနက္ခပွဲသဘင်ဆင်ရင်ကျင်းပကြောင်းရေးဖွဲ့ထားသည်ကိုတွေ့ရသည်၊
တန်ဆောင်မုန်းလ၌ ကထိန်သင်္ကကပ်လှူသောကထိန်ပွဲကိုဆင်နွဲလေ့ရှိသည်
ဤတွင် 'ကထိန်' ဟူသည် 'ကထိန' ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ကထိန်၏ အဓိပ္ပာယ်မှာ 'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်၍ ရဟန်းတော်များသည် မြဲမြံ ခိုင်ခံ့သည့် အကျိုးထူး ငါးပါးကို ရရှိသောကြောင့် 'ကထိန်' ဟု ခေါ်ဆိုရခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဤတွင် အခွင့်သင့်သဖြင့် ကထိန်ခင်းရခြင်း၏ အစပထမ ဖြစ်ရပ်ကို အကျဉ်းချုပ်၍ တင်ပြ လိုပါသေးသည်။ ဗုဒ္ဓဘာသာ နွယ်ဝင်တို့၏ ကိုးကွယ် အားထား မှီခို ဆည်းကပ်ရာ ဖြစ်သော ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ဖြစ်ပါသည်။ ဘုရားရှင်သည် သာဝတ္ထိပြည်၊ အနာထပိဏ် သူဌေးကြီး ဆောက်လုပ် လှူဒါန်းအပ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ ကောသလမင်းကြီးနှင့် ညီနောင်များ ဖြစ်ကြသော ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့သည် မြတ်စွာ ဘုရားရှင်အား ဖူးမြော်ခွင့်ရရန် ပါဝေယျကတိုင်းမှ လာကြရာ လမ်းခရီး အကြားရှိ 'သာကေတမြို့' ၌ ဝါဆို ဝါကပ်ကြသည်။ သီတင်းကျွတ်၍ ခရီးဆက်လာကြရာ ဘုရားရှင် ရှေ့မှောက် အရောက်တွင် ဘုရားရှင် ခွင့်ပြုထားသော သင်္ကန်း သုံးထည်စလုံး စိုစိုစွတ်စွတ် ညစ်ထေးထေး ဖြစ်နေသဖြင့် ထိုရဟန်းတို့၏ ပင်ပန်း ဆင်းရဲမှုကို အကြောင်းပြုပြီး ကထိန်သင်္ကန်း ကပ်လှူခြင်းကို ခွင့်ပြုတော်မူခြင်းပင် ဖြစ်သည်။ ဤသည်မှာ ကထိန်ခင်းရခြင်း၏ သမိုင်း အစပင် ဖြစ်သည်ဟု ဆိုပါသည်။

ကထိန်ပွဲပြုလုပ်သည်ကိုကထိန်ခင်းသည်ဟုဆိုသည်၊ကထိန်ခင်းသည်ဆိုသည်မှာသတင်း
ကျွတ်လပြည့်နေ့မှတန်ဆောင်းမုန်းလပြည့်နေ့အထိတလအတွင်းသတ်မှတ်၍သံဃာကိုလှူခြင်း
ဖြစ်သည်၊သာမန်အားဖြင့်ဝိသေသထူးသောသင်္ကန်းအလှူပွဲကြီးဟုဆိုနိုင်သည်၊သံဃာဟုဆိုရာ
တွင်မိမိကြည်ညိုသောရဟန်း၊သိကျွမ်းသောရဟန်း၊မိမိကိုယ်းကွယ်သောကျောင်းတွင်ကျောင်း
ထိုင်သောရဟန်းတို့ကိုရည်းစူ၍မလှူရ၊ပုဂ္ဂိုလ်စွဲထား၍ရည်စူပြီးမလှူရ၊ကထိန်သင်္ကန်းကပ်လှူ
သောအလှူရှင်များကကထိနစီဝရံသံဃဿဒေမ၊ဤကထိန်သင်္ကန်းကိုသံဃာအားလှူဒါန်းပါ၏
ဟုရည်စူး၍လှူရသည်၊
ကျွန်ပ်တို့တွေ့မြင်နေရသည်မှာကထိန်သင်္ကန်းကိုရဟန်းသံဃာများကိုသာလှူဒါန်းနေ
သည်ကိုတွေ့မြင်နေရသည်၊စင်စစ်ကထိန်သင်္ကန်းကို ရဟန်း၊သာမဏေ၊သီလရှင်၊ဖိုးသူတော်
စသည်တို့ကိုလည်းလှူနိုင်သည်၊လှူဘွယ်ဝတ္တုမှာဒုကုဋ်ခေါ် ၂ ထပ်သင်္ကန်း ၊ဧကသီ၊ခါးဝတ်
သင်းပိုင်ဟူ၍သုံးမျိုးရှိသည့်အနက်တမျိုးမျိုးကိုလှူလျှင်လည်းကထိန်အလှူပင်ဖြစ်သည်၊
ကထိန်ခင်းခြင်းနှင့်တဆက်ထည်းမသိုးသင်္ကန်းရက်လုပ်၍လှူသောအလှူပွဲကိုလည်း
တန်ဆောင်မုန်းလတွင်ပြုလုပ်ကြသဖြင့်၊မသိုးသင်္ကန်းရက်လုပ်ကပ်လှူခြင်းအကြောင်းကား
မယ်တော်မိနတ်သားကသားတော်ဘုရားအလောင်းတော်တောထွက်၍ရဟန်းပြုတော့မည်ကို
သိသောအခါညတွင်းချင်းပြီးအောင်ရက်လုပ်၍လှူသည်ကိုအကြောင်းပြု၍မသိုးသင်္ကန်းရက်
လုပ်ပူဇော်ကြသည်ဟုဆိုသည်၊တချို့ကလည်းကထိန်ပုဆိုးရသောရဟန်းသည်ညတွင်းချင်းပင်
ချုပ်ဆိုးခြင်းပြု၍ကထိန်ခင်းသည်ကိုအစွဲပြု၍၊လူတို့ကသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းဖြစ်သည်
ဟုဆိုပါသည်၊

ဤတွင်သာမညဖလ အခါတော်နေ့ အကြောင်းကို အကျဉ်းချုပ်၍ တင်ပြလိုပါသည်။ထီးနန်းရယူ ပိုင်ဆိုင်လိုမှုတည်း ဟူသော အလို လောဘကြောင့် ဆရာမိုက်၏ တိုက်တွန်းမှုဖြင့် မိမိ၏ မွေးဖခင်ရင်းကို သတ်မိမှားသူ အဇာတသတ်မင်းသည် မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင် အိပ်မပျော် ဖြစ်နေသည်။ ထိုသို့ ဖြစ်နေစဉ် တန်ဆောင်မုန်း လပြည့်ည၏ အေးချမ်း သာယာကြည်လင်မှုကို မြင်တွေ့ရသော အခါ ယခုလို နေ့မျိုး၌ အဘယ်သို့သော ရဟန်း သာမဏေ၊ အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်းဟု တွေးတောမိကာ မင်းချင်းတို့အား ဖွင့်ဟ တိုင်ပင်မိပါသည်။ မင်းချင်းတို့ကလည်း မင်း လိုလိုက် မင်းကြိုက် ဆောင်တတ်သော အခွင့်အရေးသမားများ ပီပီ မိမိတို့ ကိုးကွယ် ဆည်းကပ်သည့် မိစ္ဆာဒိဋ္ဌိ ဆရာကြီး ခြောက်ဦးတို့အား အသီးသီး ညွှန်ပြကြရာ အဇာတသတ်မင်းက နားမဝင်ချေ။ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင် ဖြစ်သော ဆေးဆရာ ဇီဝကကမူ မည်သို့မျှ မလျှောက်တင်ဘဲ နှုတ်ဆိတ်၍ နေသည်ကို အဇာတသတ်မင်းကြီး မြင်တွေ့ရသော
အခါ ဆရာ ဇီဝက အဘယ်ကြောင့် ဆိတ်ဆိတ်နေပါသနည်းဟု မေးတော်မူပါသည်။ ထိုအခါ အခွင့်ကောင်းကို စောင့်မျှော်နေသူ ဆရာ ဇီဝကသည် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို ချီးမွမ်းကာ ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော်မူသော အကျွန်ုပ်၏ ဆရာ ဘုရားရှင်သည် ကျွန်တော်မျိုး၏ သရက်ဥယျာဉ်၌ များစွာသော ရဟန်း ပရိသတ် ခြံရံကာ သီတင်းသုံးလျက် ရှိပါကြောင်း၊ ဘုရားရှင်အား အရှင်မင်းကြီး ဆည်း ကပ်ရပါမူ အရှင်မင်းကြီး၏ စိတ်တော်သည် ကြည်လင် အေးချမ်း လာပါလိမ့်မည်ဟု လျှောက်တင်လေသည်။ ဆေးဆရာ ဇီဝက၏ အကျိုးသင့် လျှောက်ထား တင်ပြမှုကို အဇာတသတ် မင်းကြီး ကြားရသော အခါ ဝမ်းသာအားရ ဖြစ်တော်မူ၍ ဆင်မြင်းဗိုလ်ပါ ခြံရံလျက် ကြီးကျယ် ခမ်းနားလှသော အစီအစဉ်ဖြင့် ညတွင်းချင်းပင် ဆရာ ဇီဝက၏ ဥယျာဉ်တော်သို့ ကချီတော်မူပါသည်။ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရသော အခါ အဇာတသတ် မင်းကြီးက မေးမြန်း လျှောက်ထားသဖြင့် မြတ်စွာ ဘုရားရှင်သည် သာမညဖလ သုတ်တော်ကို ဟောကြားတော်မူသည်မှာ ခဝဲပန်း လှိုင်လှိုင်ပွင့်သော တန်ဆောင်မုန်း လပြည့် ညချမ်းပင် ဖြစ်ပါသည်။ ထိုသို့ ဘုရားရှင်သည် တန်ဆောင်မုန်း လပြည့်နေ့တွင် သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင် မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု သတ်မှတ် ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်း ဖြင့် ခ၀ဲပွင်တုန်းတန်ဆောင်မုန်းကို

ငွေစန်းရယ်တဲ့ပုဏ္ဏမီ -- ရွှေကြီးညိုတာယာနှင့် -- ချမ်းစရာသီ -- လှူကထိန်ခါတော်ပွဲရယ်နှင့်

ခ၀ဲပွင့်ဝါစီစီ -- သာကြည်လဲ့မြူရှင်း -- လတန်ဆောင်မှာ --ကြယ်ပြောင်ပြောင်အသရေတင့်ပါဘိ

ရွှေမြင့်မိုရ်ဝါထိန်ထိန်နှင့် -- ခါအချိန်မြောက်လေသွေးတယ် -- အေးတဲ့ငွေနှင်း

ကဗျာလေးနဲ့
အဆုံးသပ်လိုက်ပါသည်၊

မောင်သုည

မှိငြမ်းကိုးကားသောစာအုပ်များ

မောင်ထင် ၁၂ လရာသီလများ
weekly Eleven Journal 2008

Wednesday 10 November 2010

အလွမ်းပြေအနမ်း

အဆိုတော်ကြီးဓနုဖြူစိုးသိန်း ကွယ်လွန်


အဆိုတော်ကြီးဓနုဖြူစိုးသိန်း ကွယ်လွန်







စစ်ကြိုခောတ်လောက်ကတည်းကသီချင်းတွေသီဆိုခဲ့တဲ့အဆိုတော်ကြီးဓနုဖြူစိုးသိန်း
သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၅ ရက် နံနက် ၂ နာရီ ၁၀ မိနစ်တွင်ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တွင်ကွယ်လွန်သွားခဲ့ကြောင်းသိရှိရပါသည်၊ဓနုဖြူစိုးသိန်းသည်၊ဂီတစာဆိုဦးဒိုးအောင်၏သား
ဖြစ်ပါသည်၊ဓနုဖြူစိုးသိန်းသီဆိုခဲ့သောတေးသီချင်းများမှာ တမူထဲမူ၊မေတ္တာစကား၊စာရေးကြီး၊
မောင်ချော့မြူပါ့မယ်၊ဆုံးသက်တိုင်၊မောင်နွဲ့ဆိုးပျို၊မေ့တယောက်ထည်း၊ဒီကောင်မလေး၊
စတဲ့သီချင်းများဖြစ်ပါသည်၊ဒီကောင်မလေးသီချင်းမှာ ရုပ်ရှင်မင်းသမီးခင်သန်းနုပါဝင်သရုပ်
ဆောင်ထားသော ဒီကောင်မလေးဇာတ်ကားမှဇာတ်ဝင်တေးသီချင်းဖြစ်ပါသည်၊ဓနုဖြူစိုးသိန်း
၏ရုပ်ကလပ်ကို နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မွန်းတည့် ၁၂ နာရီတွင် ထိန်ပင်သုသာန့်၌
သဂြိုလ်ပြီးစီးခဲ့ကြောင်းသိရှိရပါသည်၊
အထက်ပါသတင်းကို အလင်းတန်းဂျာနယ်တွင်တွေ့ရှိရခြင်းဖြစ်ပါသည်၊
ဓနုဖြူစိုးသိန်းဟာ ကျွန်တော်ကြိုက်တဲ့အဆိုတော်များထဲမှာတဦးအပါအ၀င်ဖြစ်ပါတယ်
ဟိုတုန်းကအခုလိုတန်ဆောင်တိုင်ဆိုရင်လသာလမ်းတို့တရုပ်တန်းတို့မှာနာမည်ကြီးအဆိုတော်
များဖြစ်ကြတဲ့ ကိုမင်းနောင်၊သန်းဖေလေး၊စန္ဒားချစ်ဆွေ၊မာမာအေး၊ချိုပြုံး၊စတဲ့အဆိုတော်တွေရဲ့
ဖျော်ဖြေပွဲမှာ ဓနုဖြူစိုးသိန်းလဲတယောက်အပါအ၀င်ဖြစ်ပါတယ်၊အဲဒီတုန်းကစင်ပေါ်မှာသီချင်း
တက်ဆိုကြရင်အခုလိုလှုတ်လှုတ်ရှားရှားကပြီးဆိုကြတာမရှိဘူး၊မက်ကရိုဖုန်းကိုကိုင်ပြိးငြိမ်ငြိမ်
လေးဘဲဆိုကြတာများပါတယ်၊ဒါပေမဲ့ဓနုဖြူစိုးသိန်းကတော့ပေါင်ကလေးကိုလက်ဝါးနဲ့ပုတ်ပုတ်
ပြီးဆိုလေ့ရှိတာတွေ့ရတယ်၊ဓနုဖြူစိုးသိန်းကအရပ်မြင့်မြင့်ထောင်ထောင်မောင်းမောင်းနဲ့တည်
တည်ခန့်ခန့်ညားညားကြီးပါဘဲ။ ဓနုဖြူစိုးသိန်းရဲ့သီချင်းတွေထဲကကျွန်တော်မကြာခဏဆိုလေ့
ရှိတဲ့သီချင်းလေး နှစ်ပုဒ်ရှိပါတယ် ၊
မောင်ချော့မြူပါ့မယ် နဲ့ မေတ္တာစကား သီချင်းများဖြစ်ပါတယ် ၊ နှစ်ပုဒ်စလုံးက အလိုက်
ကခပ်ဆင်ဆင်တူနေတယ် ၊

မောင်ချော့မြူပါ့မယ်





အသစ်တွေဘယ်လိုကောင်းပေမဲ့ -- အဟောင်းတလယ်လယ်
နှောင်းသရွေ့တော့ -- အပြစ်တွေ့စရာဘဲကွယ် --

မေတ္တာစကား




ဒီသီချင်းကလေးနဲ့ဘဲ ဓနုဖြူစိုးသိန်းကို လွမ်းဆွတ်သတိရကြောင်း ၀မ်းနည်းမှတ်တမ်း
ပြုလိုက်ပါတယ် ၊

ကိုစိုးသိန်းကောင်းရာသုဂတိရောက်ပါစေ

မောင်သုံည + မေကျော့ရှင်း

Saturday 6 November 2010

ရာသီပေါ် မျက်စိနာ ရောဂါ ကာကွယ် ကုသ နည်းများ


ရာသီပေါ် မျက်စိနာ ရောဂါ ကာကွယ် ကုသ နည်းများ







ခုအချိန်မှာ လူအတော် များများ မျက်စိနာ နေကြတာ တွေ့ရပါတယ်။ ပူနွေးစိုစွတ်တဲ့ အခုလို လာနီညာ ရာသီဥတုဟာ ဘက်တီးရီးယား ပေါက်ပွား နှုန်းကို အရမ်းမြန် စေလို့ ဒီနှစ်မှာ မျက်စိနာ သူတွေ ပိုများနိုင်ပါတယ်။ မျက်စိနာတယ် လို့သာဆိုကြပေမယ့် တကယ်တမ်း ကတော့ မျက်လုံးရဲ့အဖြူရောင် အသား (Sclera)ကို ကာကွယ် ပေးထားတဲ့အမြှေးပါး အကြည်လေး (Conjunctiva) ရောင်တဲ့ ရောဂါမို့ ဆေးပညာ အခေါ်အရ Conjunctivitis လို့ခေါ်ကာ အင်္ဂလိပ်လို Pink Eye လို့ ခေါ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းအရင်း တွေထဲ အများဆုံး အကြောင်းအရင်းတွေက ဗိုင်းရပ်စ်ပိုး တချို့ကြောင့် ဖြစ်ရတာဖြစ် ပြီး ဘက်တီးရီးယား ကြောင့် ဖြစ်ရတာလည်း ရှိပါတယ်။ မျက်လုံးထဲကို မသန့်တဲ့ အရာတစ်ခုခု၊ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခု ဝင်ခြင်း (ဥပမာမီးခိုး၊ ဓာတ်ငွေ့၊ ဝတ်မှုန် စသည်)၊ မျက်သား ခြောက်သွေ့ လွန်းခြင်း စတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပွားနေကြတဲ့ တစ်ဦးနဲ့ တစ်ဦး အရမ်း ကူးလွယ်တဲ့ မျက်စိနာ ရောဂါဟာ ဗိုင်းရပ်စ်ပိုး တွေကြောင့်ဖြစ် ရတာဖြစ်ပြီး သုံးရက်ကနေ ငါးရက်ထက် ပိုမကြာပါဘူး။ ဒါကြောင့် မျက်စိနာခြင်း ခံစားနေရတာ ငါးရက် ကျော်သွားရင် ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ပိုစိုးရိမ်စရာ အကြောင်းအရင်း တစ်ခုခု ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသင့်ပါတယ်။
မျက်စိနာ ရောဂါရဲ့လက္ခဏာတွေက အားလုံး သိရှိ ခံစားဖူး ကြတဲ့အတိုင်း မျက်လုံး နီရဲ ရောင်ရမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက်ပို ကျခြင်း၊ မျက်လုံးထဲမှာ ပြင်ပက ပစ္စည်းတစ်ခုခု ဝင်နေသလို ခိုးလိုး ခုလု ခံစားရတတ်ခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဒီဝေဒနာတွေဟာ အတော်ဆိုးကာ ဘာအလုပ်မှ လုပ်ချင်စိတ် မရှိအောင် အနှောင့်အယှက် ဖြစ်စေလို့ မျက်စိနာ ရောဂါ မဖြစ်အောင် ကာကွယ်နည်း များကို The Voice Weekly ပရိသတ်များ အတွက် ဖော်ပြပေး လိုက်ပါတယ်။
(၁) မျက်စိနာရောဂါ ဖြစ်စေတဲ့ ပိုးတွေဟာ မသန့်ရှင်းတဲ့ လက်ကနေ အများဆုံး ကူးစက်တာမို့ မျက်စိနာရောဂါ ကာကွယ်ခြင်း အတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု ကတော့ ပြင်ပအရာဝတ္ထု တစ်ခုကို ထိကိုင်ပြီးတိုင်း မျက်လုံး၊ မျက်ခမ်းကို ထိကိုင်ခြင်း မလုပ်တာပါပဲ။ လက်ကို သေချာ စင်ကြယ်အောင် ဆေးကြောပြီးမှ မျက်နှာရဲ့အစိတ်အပိုင်းတွေကို ထိကိုင်ပါ။
(၂) မျက်နှာသုတ်ပဝါကို ဂရုစိုက်ပါ။ မျက်နှာသုတ် ပဝါဟာ သန့်ရှင်းနေဖို့ မရှိမဖြစ် လိုအပ်သလို လူတစ်ဦးကို
မျက်နှာသုတ် ပဝါတစ်ထည် သီးသန့်သုံးတာ အကောင်းဆုံးပါ။ မျက်စိနာရောဂါ ဖြစ်နေတဲ့သူ အတွက် ဆိုရင်တော့ မျက်နှာသုတ် ပဝါတစ်ထည် သီးသန့် ထားပေးရပါမယ်။ မဟုတ်ရင် တစ်အိမ်သားလုံး ကူးကုန် ပါလိမ့်မယ်။ ဒါ့အပြင် မျက်စိနာတဲ့သူရဲ့ မျက်နှာသုတ်ပဝါကို နေ့စဉ် လျှော်ဖွပ် ပေးသင့်ပါတယ်။ အစွန်းချွတ် ဆေးတစ်မျိုးကို သုံးပြီးဖြစ်စေ၊ ရေနွေးပွက်ပွက်ဆူမှာ ကြာကြာပြုတ်ပြီး ဖြစ်စေ လျှော်ဖွပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမလုပ် ပေးရင် လူနာရဲ့မျက်စိက ပိုးတွေက မျက်နှာသုတ်ပဝါနဲ့ မျက်လုံးကြား သံသရာ လည်နေမှာမို့ မျက်စိနာရောဂါ ကြာတတ် ပါတယ်။
(၃) မျှတပြီး လတ်ဆတ်တဲ့ အသီးအရွက်တွေ ပါဝင်တဲ့ အစားအသောက် ပုံစံ မစားဘဲ အသားပဲ စားတဲ့သူတွေ၊
အိပ်ရေးပျက် အစားပျက်လို့ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန် ဝတ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ် နီးနီးကပ်ကပ် အလုပ်လုပ်ရသူ တွေဟာ တခြားသူတွေထက် မျက်စိနာဖို့ ပိုနီးစပ်တာမို့ အခုလို မျက်စိနာတွေ ပေါနေတဲ့ ရာသီမှာ လက်နဲ့ မျက်စိသန့် ရှင်းရေးကို ပိုမို သတိထားသင့် ပါတယ်။ ထူးခြားတဲ့ အနေနဲ့ အမြင်အာရုံ တစ်ဖက်တည်းသာ ရှိသူများဟာ မျက်စိနာဖို့ ပိုနီးစပ်တယ်လို့ တွေ့ရှိထားရတာ မို့ ဒီလို လူတွေလည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
(၄) ကြိုတင် ကာကွယ်တဲ့ အနေနဲ့ နေပူဖုန်ထူတဲ့ အပြင်က ပြန်လာတိုင်း မျက်စဉ်းတစ်ခုခု ခတ်ပေးပါ။ အခုလို မျက်စိနာ ရောဂါတွေ အဖြစ်များနေတဲ့ မျက်စိမနာသေး ပေမယ့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်း တစ်ခုခု ခတ်ပေးတာလည်း ကာကွယ်ရာ ရောက်စေပါတယ်။ မျက်စိနာရင် မြန်မြန် ပျောက်စေဖို့ လိုက်နာရမယ့် အချက်တွေကတော့-
(၁) မျက်စိ နာနေတဲ့အချိန်မှာ အရက်သေစာ သောက်စားခြင်း၊ ဆေးရွက်ကြီး ပါသော ဆေးလိပ်၊ ကွမ်းယာ စားသုံးခြင်း၊ မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ ခေါင်းလျှော်ခြင်း၊ စာကြာကြာ ဖတ်ခြင်း၊ တီဗီ၊ ကွန်ပျူတာကြည့်ခြင်း စတာတွေကို လုံးဝ ရှောင်ကြဉ်သင့် ပါတယ်။
(၂) မျက်စဉ်းခတ်ကို ခတ်ရပါမယ်။ မျက်စဉ်းတွေထဲမှာ Neomycin, Norfloxacin, Ofloxacin စတဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပါဝင်လို့ ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ မျက်စိနာရောဂါကို သိသာစွာ သက်သာ ပျောက်ကင်း စေပါတယ်။ နောက်ပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိနာ ရောဂါဟာ မျက်စဉ်းခတ်ဖို့ မလိုအပ်ပေမယ့် လက်နဲ့ ခဏခဏ ပွတ်မိရင် ဘက်တီးရီးယားက ဒုတိယမြောက် ဆင့်ပွား ကူးစက်ခြင်း (Secondary Infection) အနေနဲ့ ဝင်လာတတ် တာမို့
မျက်စဉ်း ခတ်ခြင်းကို မဖြစ်မနေ လုပ်ရပါမယ်။ ဒါ့အပြင် မျက်စဉ်းတွေထဲမှာ Dexamethasone ဆိုတဲ့ ရောင်ရမ်း ယားယံခြင်းကို သက်သာစေတဲ့ စတီးရွိုက်တစ်မျိုး ပါဝင်တာမို့ မျက်စဉ်းခတ် ပေးရင် ယားယံ ရောင်ရမ်းခြင်း တွေ သိသာစွာ သက်သာစေပြီး မြန်မြန် ပြန်ကောင်းစေ ပါတယ်။ မျက်စဉ်းမခတ်သူ တွေကတော့ ဒီအကျိုးမျိုးတွေ မရနိုင် တော့ဘူးပေါ့။
(၃) မျက်နှာသုတ်ပဝါ၊ နေကာ မျက်မှန် စတာတွေကို တစ်ယောက်တစ်ခု သီးသန့်သုံးပါ။ နေ့စဉ် လျှော်ဖွပ်ပါ။ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်ကိုလည်း သန့်ရှင်းအောင် အထူး ဂရုစိုက်ပေးပါ။
(၄) မြန်မြန် ပျောက်ချင်ရင် မျက်လုံး ကို ခဏခဏ ပွတ်ခြင်း လုံးဝရှောင်ကြဉ် ရပါမယ်။
(၅) မည်သည့် အရွက်ကိုမှ သတ္တုရည်ညှစ်၍ မျက်စဉ်းခတ်ခြင်း မလုပ်ပါနဲ့။ မြန်မာ့ တိုင်းရင်းဆေးလာ ဆေးနည်း တွေကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ ဥပမာ-ကွမ်းရွက်ဆိုပါတော့။ ရေနဲ့ ဘယ်လောက်ဆေး ပါတယ် ပြောပြော မျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ မပြောင်တာ အသေအချာပါပဲ။
နောက်ပြီး ယနေ့ခေတ်မှာ အရွက်ပေါ်မှာ ဖျန်းထားမယ့် ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေကိုပါ ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အရွက်ကို ဆားနဲ့နယ်ကာ အရည်ညှစ်တဲ့ ကိစ္စကလည်း တကယ်ကို မလုပ်သင့်ပါဘူး။ ဆားက မသန့်ရင် အခန့်မသင့် မျက်လုံးကန်း သွားနိုင်ပါတယ်။ အချိန်တန်ရင် ပျောက်မယ့် မျက်စိနာ ရောဂါဟာ ဒါတွေကြောင့် ပိုကြာနေတတ်လို့ ရှောင်ကြဉ်သင့် ပါတယ်။
(၆) တတ်နိုင်သမျှ မျက်လုံးကို အနားပေးပါ။ အပြင်သွားရင် နေကာမျက်မှန် တပ်ပေးပါ။
(၇) မျက်စဉ်းကို မဖြစ်မနေ ခတ်သင့်တယ်လို့ ပြောခဲ့တဲ့အထဲမှာ အဆင်ပြေရာ ဘယ်မျက်စဉ်းမဆို ခတ်လို့ရပါ တယ်။ မျက်စဉ်းတွေရဲ့အပေါ်မှာ တစ်ရက်ကို သုံးကြိမ်လောက်ပဲ ခတ်ရမယ်လို့ ပြောထားပေမယ့် ဝေဒနာ ပြင်းထန်ရင် ပြင်းထန် သလောက် ၂ နာရီခြား တစ်ခါလောက် အထိ ခတ်နိုင်ပါတယ်။ ဘာအန္တရာယ်မှ ထွေထွေထူးထူး မရှိပါဘူး။ သန့်စင်တဲ့ မိခင်နို့ရည် ခတ်ခြင်းဟာ တကယ် ဘေးကင်း ထိရောက်တဲ့ ဆေးနည်းဖြစ်ပါတယ်။ ညှစ်ယူမယ့် နို့သီးခေါင်းရဲ့ ပြင်ပ သန့်ရှင်းရေးနဲ့ ခံယူမယ့်ခွက်တို့၊ ဇွန်းတို့ကတော့ အထူးသန့်နေဖို့ လိုပါတယ်။
(၈) နာကျင် ရောင်ရမ်း ယားယံခြင်း အရမ်းဆိုးရင် သက်သာအောင် အနွေးကပ်ခြင်း (Warm Compress) နဲ့ အအေးကပ်ခြင်း (Cold Compress) တို့ လုပ်ပေးနိုင် ပါတယ်။ သန့်စင်တဲ့ အဝတ်စ၊ ပတ်တီးစတစ်ခုကို ရေနွေးနွေး လေးမှာ စိမ်ပြီး မျက်လုံးအပေါ်ကနေ ကပ်ပေးတဲ့နည်းကို အနွေးကပ်ခြင်းလို့ခေါ်ပါတယ်။ ရေအေးအေးလေး မှာစိမ်ပြီး ကပ်တဲ့နည်းကတော့ အအေးကပ်ခြင်းပေါ့။ မျက်လုံး တစ်ဖက်ကို ငါးကြိမ်ကနေ ၁၀ ကြိမ် လောက် လုပ်ပေးရင် သိသာစွာ သက်သာစေပါတယ်။
(၉) ရောင်ရမ်း ယားယံခြင်းတွေ သက်သာအောင် Cetrizine, Fenofexadine စတဲ့ဆေးတွေ တစ်နေ့ နှစ်လုံးလောက် သောက်နိုင် ပါတယ်။ Cetrizine ထက် Fenofexadine က ပိုကောင်းတဲ့ အချက်ကတော့ အိပ်မငိုက်တာပါပဲ။
ဆက်ပိုင်လင်းခန့်(ဆေး၂ )
October 2010 The Voice Journal

မှကူးယူဖေါ်ပြထားပါသည်