Monday 6 December 2010

ခုနှစ် နှစ်သားအရွယ် သုခသာမဏေ ရဟန္တာဖြစ်ခြင်းအကြောင်း


ခုနှစ် နှစ်သားအရွယ် သုခသာမဏေ ရဟန္တာဖြစ်ခြင်းအကြောင်း
တခါတပါးတွင် ခုနှစ် နှစ် အ၇ွယ်သုခသာမဏေကလေးသည် ရှင်သာရိပုတ္တရာ ရဟန္တျာအရှင်
မြတ်ကြီးနှင့်အတူဆွမ်းခံထွက်သောတနေ့တွင် လယ်ကွက်များသို့ရေကိုမြောင်းဖေါက်၍သွယ်
ထားသည်ကိုတွေ့သောအခါ ၊
အရှင်ဘုရားဒါဘာလုပ်ထားတာလဲဘုရားလို့မေးသတဲ့ ၊
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက - ကိုယ်ရင် အဲဒါ လယ်တွေထဲကိုရေရောက်
အောင်သွယ်ထားတာပေါ့ လို့ပြန်ရှင်းပြတယ်
ဒီတော့ သုခသာမဏေကလေးက ရေမှာအသက်ရှိသလားတဲ့
ရှင်သာရိပုတ္တရာမထေကြီးက ဟာ ရေဘဲ ဘယ်အသက်ရှိမလဲလို့ပြန်ဖြေလိုက်တယ်
ဒီတော့ သုခသာဏေကလေးက အဲအသက်မရှိတဲ့ရေကိုတောင် လိုရာခိုင်းလို့ရတယ်
နော် တဲ့
နောက်တနေရာရောက်တော့ လူတယောက် ၀ါးတွေကို မီးကင်ပြီးဖြောင့်နေတာတွေတော့
အရှင်ဘုရားဒါဘာလုပ်ထားတာလဲဘုရားလို့မေးပြန်သတဲ့ ၊
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက - အဲဒါမျှားပစ်ဘို့ဖြောင့်နေတာလို့ပြန်ရှင်းပြ
တယ်၊
ဒီတော့ သုခသာမဏေကလေးက အရှင်ဘုရား အဲဒီဝါးမှာအသက်ရှိသလားတဲ့
ရှင်သာရိပုတ္တရာမထေကြီးက ၀ါးဘဲ ဘယ်အသက်ရှိမလဲလို့ပြန်ဖြေလိုက်တယ်
ဒီတော့ သုခသာဏေကလေးက အဲအသက်မရှိတဲ့ဝါးကိုတောင် လိုရာခိုင်းလို့ရတယ်
နော် တဲ့
နောက်တနေရာရောက်တော့ လူတွေ လှည်းဘီးလုပ်ဘို့ သစ်သားကိုရွေဘော်ထိုးနေတာတွေ့
တော့
အရှင်ဘုရားဒါဘာလုပ်ထားတာလဲဘုရားလို့မေးပြန်သတဲ့
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက - အဲဒါလှည်းမှာတပ်ဘို့ လှည်းဘီးလုပ်နေတာပေါ့လို့
ပြန်ရှင်းပြတယ်၊
ဒီတော့ သုခသာမဏေကလေးက အရှင်ဘုရား အဲဒီလှည်းဘီးမှာအသက်ရှိသလားတဲ့
ရှင်သာရိပုတ္တရာမထေကြီးက လှည်းဘီးဘဲဘယ်အသက်ရှိမလဲလို့ပြန်ဖြေလိုက်တယ်
ဒီတော့ သုခသာဏေကလေးက အဲအသက်မရှိတဲ့လှည်းဘီးကိုတောင် လိုရာခိုင်းလို့
ရတယ်နော် တဲ့
အဲဒါတွေကိုသုခသာမဏေကလေးတွေးလိုက်တာက လူတွေဟာ အသက်မရှိတဲ့အရာ
တွေကို ကိုယ်လိုရာကိုခိုင်းနိုင်းတယ်ဆိုရင် ----- လို့တွေးလိုက်ပြီး
အရှင်ဘုရား တပည့်တော်သပိတ်ယူသွားပါ အသားပြွမ်းတဲ့ဆွမ်းများရရင်အလှူခံခဲ့ပါ
တပည့်တော် ဘုန်းပေးချင်လို့ပါဆိုပြီး
ကျောင်းကိုပြန်သွားသတဲ့ ၊ကျောင်းရောက်တော့ လမ်းခရီးမှာတွေ့ခဲ့တာတွေကိုဆင်ချင်
ပြီး နှလုံးသွင်းနေလိုက်တာ ရှင်သာရိပုတ္တရာမထေမြတ်ကြီး ဆွမ်းခံပြန်လာတဲ့အချိန်နေမွန်းမလွဲ
ခင်မဂ်လေးတန်ရပြိးရဟန္တဖြစ်နေသတဲ့၊ရှင်သာရိပုတ္တရာမထေကြီးကလဲ ကိုရင်လေးနဲ့ထူးလိုက်
တာ သူဘုန်းပေးချင်တယ်ဆိုတဲ့ အသားပြွမ်းတဲ့ဆွမ်းရလာသတဲ့ ၊ သုခသာမဏေကလေးက
ရှေးဘ၀က သားပြွမ်းတဲ့ဆွမ်းလှူခဲ့ဘူးဆိုဘဲ ၊
ဆုတောင်းပြည့်ဘုရားအဆူဆူလိုက်ရှာပြိး တပည့်တော် နိဗ္ဗာန်မဂ်ဖိုကိုရက်တိုတိုနဲ့
လျင်မြန်စွာရောက်ပါစေလို့ ဆုတောင်းနေရုံနဲ့တရားရပါ့မလား
ဆရားတော်သံဃာတော်အရှင်မြတ်များရဲ့တရားအဖုံဖုံကိုလိုက်နာကြားနေရုံနဲ့ကော
တရားရပါ့မလား -တရားနာတယ်ဆိုတာနည်းယူတာ ဆရာကောင်းနဲ့တွေ့လို့နည်းရပြီဆိုရင် ကိုယ်တိုင်လုပ်ယူမှရမှာ ဘုရားကလုပ်နည်းဘဲပေးနိုင်တယ် နိဗ္ဗာန်ရောက်စေဆိုပြီးအရောက် ပို့ပေးလို့မရဘူး ၊ကိုယ်တိုင်လုပ်ယူမှရတာ
တရားနဲ့တွေ့တယ်ဆိုတာ ခန္ဓာကဟောတဲ့တရားနဲ့ ဥာဏ်နဲ့တွေ့တဲ့အချိန်ဟာ တရား
နဲ့တွေ့တဲ့အချိန်ဘဲ ၊ တွေးမှရမှာ ခန္ဓဥာဏ်ရောက်အလုပ် လုပ်မှတရားရနိုင်မှာဖြစ်ပါတယ် ၊
တွေးစရာကလေးတခု ပေးလိုက်ပါမယ် တွေးကြည့်ပါ ( ဆွေးနွေးကြည့်ကြပါ )
သုခ ဒုက္ခ ဆိုတာဘာကိုခေါ်တာလဲ
ပူတာ ဒုက္ခလား - အေးတာ သုခလား
အမလေးပူလိုက်တာ ငရဲပြည်ကျနေတာဘဲ ၊ လုပ်ပါအုံး ရေအေးအေးလေး
ပေးစမ်းပါအုံး - ဟဲ့ ပန်ကာဖွင့်စမ်းပါ ၊ အဲကွန်းရှိလားဖွင့်စမ်းပါ ၊
အဲကွန်းလေးဖွင့်လိုက်တော့
အင်း အခုမှ နေသာထိုင်သာရှိသွားတယ် ၊ ချမ်းသာသွားတာဘဲတဲ့
ပူတာပျောက်ပြီးအေးတာ - ချမ်းသာလား -
အမလေး အေးလိုက်တာ ခိုက်ခိုက်တုန်နေတာဘဲ ၊ ဟူး ဟူး ဒုက္ခဘဲ
အနွေးထည် ၃ ထက်ဝတ်ထားတာတောင် မရဘူး အေးလိုက်တာ တညလုံးအိပ်လို့
မရဘူး မီးထလှုံမှဖြစ်မယ် ထင်တယ် ၊
မီးဖိုရှေ့ထိုင်ပြီး မီးလေးနဲနဲလှုံလိုက်တော့မှ
အင်းအခုမှ တော်တော့ တယ် နွေးသွားတာဘဲ ၊
ရေချိုးရင် ရေနွေးနဲ့ချိုးမှဖြစ်မယ် ။ အနွေးစက်ဖွင့်ထားပါလား
အင်း နွေးသွားတာဘဲ ( ချမ်းသာသွားတာလား )
ပူလွန်းတော့လဲ မနေနိုင်ဘူးတဲ့ အအေးလေးပေးပါတဲ့
ပူနေတုန်း အအေးလေးရတော့ အခုမှချမ်းသာသွားတယ်တဲ့
အေးလွန်းတော့လဲ မနေနိုင်ဘူးတဲ့ အနွေးလေးပေးပါတဲ့
အပူလေးပေးလိုက်တော့ အခုမှနွေးသွားထတယ် နေသာထိုင်သာရှိသွားတယ်
အခုမှချမ်းသာသွားတာဘဲတဲ့
ဒါဖြင့် အအေး နဲ့ အပူ ဘယ်ဟာက သုခ ဘယ်ဟာက ဒုက္ခလဲ
နေအုံး နေအုံး တခုမေးအုံးမယ် - အဲဒီ ပူတယ်အေးတယ်ဆိုတာ ဘယ်မှာပေါ်တာလဲ
ခန္ဓာကိုယ်အရေပြားမှာထိလို့ပေါ်တာပေါ့အဲဒီခန္ဓာကိုယ်အရေးပြားကသိတတ်လို့လား
သူကခံစားတက်လို့လား ဘယ်သူကခံစားတာလဲ ?????
ဆူညံတဲ့အသံကြားရတာ - ဒုက္ခလား ၊ သာယာတဲ့အသံကြားရတာ သုခလား
အမလေး ဆူလိုက်ညံလိုက်တာ နားကိုငြီးနေတာဘဲ ဘယ်ကများ ဒီလောက်အကျယ်
ကြီးဖွင့်ထားပါလိမ့် - ဒုက္ခပါဘဲ
ဟယ်- ဒီအသံကလေးကကောင်းလိုက်တာ နားဝင်ချိုတယ် ဖီလင်ဘဲကွာ မိုက်တယ်
နားကိုချမ်းသာသွားတာဘဲ - အဲဒါ သုခလား
နေအုံး နေအုံး တခုမေးအုံးမယ် - အဲဒီ ဆူတယ်ပူတယ်ဆိုတာ ဘယ်မှာပေါ်တာလဲ
နားမှာ ပေါ်တာပေါ့ အဲဒီနားဆိုတဲ့ အပေါက်က သူမှာသိတတ်လို့လား
သူကခံစားတက်လို့လား ဘယ်သူကခံစားတာလဲ ?????
မကောင်းတာကိုမြင်ရတာ ကိုယ်မမြင်ချင်တာကိုမြင်ရတာ - ဒုက္ခလား
ကောင်းတာလေးမြင်ရတာ - ကိုယ်မြင်ချင်တာလေးမြင်ရတာ - သုခလား
မောင့်ကိုမြင်လိုက်ရရင် စိတ်ကိုချမ်းသာသွားတာဘဲ၊
မောင့်ကိုမမြင်ရရင် - စိတ်မချမ်းသာဘူးသိလား
ဟော ဟော တွေ့တယ် မဟုတ်လား မြင်တာက မျက်လုံးက
စိတ်ချမ်းသာသွားတာဘဲဆို တာက စိတ်ထဲမှာ မနောထဲမှာပေါ့
မျက်လုံးက မခံစားတက်ဘူးလေ သူက မြင်ရုံဘဲ မြင်တက်တာ
ကျန်တဲ့ ဒွါရ အပေါက်ဖြစ်တဲ့ လျှာပေါက် နဲ့ နှာခေါင်းပေါက် ၊ မနောပေါက်ကိုတော့
မပြောတော့ဘူး နော် အတူတူ ဘဲလေ
သုခ ဒုက္ခဆိုတာ အပြင်ကဖြစ်နေတဲ့ပူတာအေးတာ ဆူညံတာ တိတ်ဆိတ်တာ တွေနဲ့မဆိုင်ဘူး ခန္ဓုာကိုယ်မနောအတွင်းကခံစားမှုအပေါ်မှာသာမူတည်တယ်၊
ကောင်းမကောင်းခံစားတာ မနောကဘဲ ခံစားတာ ခံစားလို့ကောင်းရင် ချမ်းသာတယ်
ခံစားရတာမကောင်းရင် မချမ်းသာဘူး။မခံနိုင်အောင်ခံစားရရင်ဆင်းရဲတယ်
ဒုက္ခရောက်တယ် ၊ ခံစားရတာ ကောင်းရင်ချမ်းသာတယ် ပေါ့
နောက်တွေးစရာ လေးတခု
ဝေဒနာဆိုတာ ရောဂါလား ???
သူ့မှာရောဂါဝေဒနာကြီးနဲ့ ၊သူဝေဒနာခံစားနေရတယ် ဒုက္ခရောက်နေဆင်းရဲနေတယ်
ဒါဖြင့်ရင် သူ ပန်ကာအောက်မှာ ဇိမ်နဲထိုင်ပြီး သူကြိုက်တဲ့အစားအစာတခုခုကိုစားနေ
တယ်ဆိုပါတော့ သူ စည်းဇိမ်ခံစားနေတယ် ။ အဲဒါချမ်းသာသုခရောက်နေတာ လား
ဝေဒနာဆိုတာ = ခံစားတာကိုဆိုလိုတယ် ဝေဒနာဟာရောဂါမဟုတ်ဘူး
မနောက ကောင်းမကောင်းခံစားတာဝေဒနာ
ဒုက္ခဝေဒနာ ၊ သုခဝေနာ ၊ ဥပက္ခာဝေဒနတဲ့
ကိုယ့်ခန္ဓာမှာ မခံနိုင်အောင်ခံစားနေရတာကို ဒုက္ခဝေဒနာ
ကိုယ့်ခန္ဓာမှာ ခံစားလို့ကောင်းနေတာ ကို သုခဝေဒနာ
ကောင်းတယ်လဲ မဟုတ် မကောင်းဘူး လဲ မဟုတ် ခံစားနေတာ ဥပက္ခာခါဝေဒနာ
တရားထိုင် ရင်းနဲ့ နာတယ်ကျဉ်တယ် ကိုက်တယ်ခဲတယ်ဆိုတဲ့ဒုက္ခဝေဒနာတွေ တွေပေါ်လာတယ် ၊ အဲဒါတွေရှုနေရင်း နဲ့ တော်တော်လေးကြာလာတော့နာတာကျဉ်
တာတွေလျော့သွားတယ် ၊ နောက်ပျောက်သွားတယ် ၊အဲဒါငါဝေဒနာကျော်ပြီလိုထင်နေတယ်
တကယ်တော့ နာတယ်ကျဉ်တယ်ဆိုတဲ့ဒုက္ခဝေဒနာပျောက်ပြီး မနာမကျဉ်တဲ့သုခဝေနာပြောင်း
ခံစားရတာကို အကြိုက်တွေ့နေတယ်တဲ့
အဲဒါသုခဝေဒနာ ( သုခဝေဒနာကိုလဲ ရှုရမှာဘဲတဲ့ ) လူတွေမျက်စိလည်နေတယ်လို့
ဆိုပါတယ် ၊
ဘတ်ရှု ၊ မှတ်သားနာယူထားသောတရားများအပေါ်မူတည်၍ မိမိအမြင်ကိုတင်ပြ
ခြင်းဖြစ်ပါသည် ၊ ပညာရှင်များ အမှားအမှန်ကို ဝေဖန်သုံးသပ်ပေးနိုင်ပါသည်
ဆွေးနွေးခြင်းမှလဲတရားရနိုင်ပါတယ် ၊ တွေးတာရင်းမှလဲတရားရနိုင်ပါတယ် ။
ခန္ဓာဥာဏ်ရောက် တွေးတောနိုင်ကြပါစေ
ဖိုးသုည

No comments:

Post a Comment