Friday 1 June 2018

Longitude and Latitude ( Gride ) မျဉ်းများအကြောင်း


ပထ၀ီဝင် ကကြီး ခခွေး
Longitude and Latitude ( Gride )  မျဉ်းများအကြောင်း 
တက္ကသိုလ်မောင်သုည ( ပထ၀ီဝင် )
သင်ဘယ်နိုင်ငံမှာနေသလဲ သင်ဘယ်မြို့မှာနေသလဲ ?
သင်နေတဲ့မြို့ ကဘယ်လတ္တီတွတ်မျဉ်း နဲ့ ဘယ်လောင်ဂျီတွတ်မျဉ်းပေါ်မှာရှိနေလဲ ?
နိုင်ငံတစ်နိုင်ငံ မြို့တစ်မြို့ရဲ့တည်နေရာကို ကမ္ဘာမြေပုံပေါ်မှာ ရှာလို့လွယ်အောင် ကမ္ဘာကြီးလုံးကြီးကို
အလျားလိုက် လတ္တီတွတ်မျဉ်းတွေနဲ့ ဒေါင်လိုက် လောင်ဂျီတွတ်မျဉ်းတွေရေးဆွဲထားတယ်ကွဲ့
လောင်ဂျီတွတ် လတ္တီတွတ်လိုင်းတွေကို Gride  လိုင်းတွေလို့လဲခေါ်ပါတယ်
ပထ၀ီဝင်ဘာသာဟာ လူတိုင်းနဲ့နေ့စဉ်ထိတွေနေတယ်ဆိုတာသတိမထားမြိကလို့ပါ။
ဒီနေ့မိုးရွာမလား ? နေပူမလား ? ဒီနှစ်ကအရင်နှစ်တွေထက်ပိုပူသလိုဘဲနော်
ငလျင်တွေကလဲလှုတ်လိုက်တာ စသည်ဖြင့်လူတွေနေ့စဉ်ကြုံတွေ့နေရတာတွေဟာပထ၀ီဝင်နဲ့
ပတ်သက်တဲ့အကြောင်းအကြောင့်ဘဲဖြစ်ပါတယ်၊ဒါကြောင့်ပထ၀ီဝင်ဘာသာရပ်ဟာသိထားသင့်တဲ့
ဘာသာရပ်တခုဖြစ်ပါတယ်၊ပထ၀ီဝင်ဆိုတာတကယ်တော့ကမ္ဘာကြီးနဲ့လူတွေဆက်စပ်နေတဲ့
အကြောင်းပါ။လူသားတွေအားလုံးဟာကမ္ဘာာကြီးပေါ်မှာနေထိုင်နေကြတာဖြစ်တယ်၊
ကမ္ဘကြီးဟာလူသားတွေရဲ့နေအိမ်ဘဲ။ကိုယ်အိမ်အကြောင်းတော့သိထားသင့်တာပေါ့
ကဲကိုယ်နေတဲ့အိမ်ကြောင်းကိုယ်ဘယ်လောက်သိသလဲ၊ကမ္ဘာကြီးရဲ့အကြောင်းဘယ်လောက်
သိကြသလဲကြည့်ကြရအောင်၊
ကမ္ဘာကြီးဟာမိမိဝန်ရိုးပေါ်မှာနှစ်ဆယ်သုံးနှစ်ပိုင်းတပိုင်းဒီကရီတိမ်းစောင်းပြီး၂၄နာရီကို
တစ်ပတ်ရအောင်လည်ပတ်နေတယ်၊ကမ္ဘာကြီးရဲအ၀န်းဟာမိုင်ပေါင်း၂သိန်း၎သောင်းရှိတယ်တဲ့၊
အဲဒီလိုဆိုရင်ကျွန်တော်တို့တတွေဟာတနေ့ကိုမိုင်ပေါင်း၂သိန်းး၎သောင်းလောက်သွားနိုင်တဲ့
ယဉ်ကြီးကိုစီပြီးခရီးသွားနေကြတယ်ပေါ့ ၂၄နာရီကို၂သိန်းး၎သောင်းဆိုတော့တနာရီကိုမိုင်
တစ်သောင်းနှုံးနဲ့မောင်းနေတဲ့ယဉ်ကြီးကိုစီးပြီးသွားနေတယ်လို့ဆိုရမှာပေါ့၊ဒါတင်ဘယ်ကမလဲ
အဲဒီလိုမိမိဝင်ရိုးပေါ်မှာ၂၄နာရီတပတ်ရအောင်လည်ပတ်ရင်းနဲ နေကြီးကိုလဲ၃၆၅ရက်မှာတစ်ပတ်
ရအောင်ပတ်နေတယ်လေ ၊အဲဒီတော့ဘာဖြစ်တွေလဲလာသလဲ ဆိုတော့
- နေကိုမြင်နေရတဲ့ နေ့ ဆိုတာနဲ နေကိုမမြင်ရတဲ့ ဆိုတာဖြစ်လာတယ်၊
- နွေ၊မိုး၊ဆောင်းဆိုတဲ့ရာသီဥတုတွေဖြစ်လာရတာပေါ့၊


2

ကမ္ဘာကြီးမိမိဝန်ရိုးပေါ်မှာ ၂၃ . ဒီဂရီတိမ်းစောင်းပြီးနေကိုလှည့်ပတ်နေပုံကိုမျက်စိထဲမြင်  
လာရအောင်  ကြည့်လိုက်ကြရအောင်နော်    ( ၂၃  နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်တယ်လို့
လဲပြောလို့ရတယ်နော် )          
                                                                                   
Description: D:\Basice Geohraphy\ecliptic_plane 03.jpg

1 - ကမ္ဘာကြီး မိမိဝင်ရိုးပေါ်မှာ ၂၃.၅ ဒီဂရီတိမ်းစောင်းပြီးလည်နေတဲ့အတွက်နေ့နဲ့ညဖြစ်ပုံ
နဲ့ရာသီဥတုတွေဖြစ်ပုံကိုပြတာပါ
2 - နောက်တခုက တော့ ကမ္ဘာကြီးမိမိဝင်ရိုးပေါ်မှာ ၂၃.၅ ဒီဂရီတိမ်စောင်းပြီးလည်
လျက်နဲ့နေကိုပတ်နေတဲ့အတွက် နေရောင်ခြည်ကိုကမ္ဘာရဲ့ဘယ်တခြမ်းကဘယ်အချိန်မှာ
ဘယ်လိုရရှိသလဲဆိုတာကိုပြတဲ့ပုံပါ
ကဲဆက်ပြီး နေသွားရာလမ်းကြောင်းကိုပြတဲ့လတ္တီတွတ်မျဉ်းတွေနဲ့အချိန်နာရီကိုတွက်ချက်
ဖေါ်ပြတဲ့ လောင်ဂျီတွတ်မျဉ်းတွေအကြောင်းလက်ပြီးလေ့လာကြရအောင်နော်





3
 Latitude မျဉ်းများအကြောင်း 

- လတ္တီတွတ်မျဉ်းဆိုတာတွေက မြေပုံပေါ်မှာ အလျားလိုက်ဆွဲထားတဲ့မျဉ်းတွေဖြစ်ပြီး
အလယ်တဲ့တဲ့ အီကွေတာပေါ်မှာ သုည ဒီဂရီ သတ်မှတ်ပြီးမြောက်ဘက်ကို မျဉ်းပေါင်း ၈၀
တောင်ဘက်ကို မျဉ်းပေါင်း ၈၀ ရေးဆွဲထားတယ်ကွဲ
လတ္တီတွတ်မျဉ်းတွေဟာကမ္ဘာကြီးကိုအလျားလိုက်ပတ်နေတဲ့မျဉ်းတွေဖြစ်ပြီး ကမ္ဘာကြီးရဲ့အလယ်
တဲံ့တဲ့မှာ ၀ံ မျဉ်းဖြစ်ပြီးအ၀န်းအားဖြင့်အကြီးဆုံးဖြစ်တယ် မြောက်ဘက်ကို ဒီကရီ လတ္တီတွတ်
ကနေ ၈၀ လတ္တီတွတ်အထိ အ၀န်းအားဖြင့်နဲနဲစီ ငယ်သွားတယ်၊မြောက်ဝန်ရိုးစွန်းရောက်နေတဲ့
 ၈၀ံ လတ္တီတွတ်မျဉ်း (  Arctic Circle ) က အ၀န်းအငယ်ဆုံးဘဲကွဲ
နေရောင်ခြည်ကလတ္တီတွတ်မျဉ်း  ၀ံ ဒီဂရီ ကနေ မြောက် ဘက်ဘက် ၂၃ . ဒီဂရီ အထိနဲ့တောင်ဘက် ၂၃. ဒီဂရီ အထိကိုဘဲ တိုက်ရိုက်နေရောင်ခြည်ကျရောက်တယ်
၂၃. ကျော်သွားတဲ့လိုင်းတွေကိုတော့တိုက်ရိုက်နေရောက်ခြည်မကျရောက်ဘူး
( ဆိုလိုတာက  ၂၃ . အထက်မှာ တည်ရှိတဲ့နိုင်ငံတွေပေါ်မှာ နေမွန်းတည့်ချိန်မှာ နေဟာ
 မိမိရဲ့ဦးခေါင်းတည့်တည့်မှာ မကျရောက်ဘူး နဲနဲ့လိုနေတယ်စောင်းနေတယ်ပေါ့
မြောက်ဘက်ကိုပိုကျသွားလေ လတ္တီတွက် အမြင့်ပိုင်း ကိုရောက်သွားလေလေ
နေမွန်းတည့်ချိန်မှာနေကို ခပ်စောင်းစောင်းလေဘဲမြင်ရတယ်၊ မြောက်ဘက်ဆုံး နဲ့တောင်ဘက်ဆုံး
မှာရှိတဲ့နိုင်ငံတွေဆိုရင် နေမွန်းတည့်ဆိုတာကို မိုးကုတ်စက်ဝိုင်း အဖျားလေးလောက်သာတက်ပဲ
လာတာကိုတွေ့ရတယ်၊ အဲဒီလို မိုးကုတ်စက်ဝိုင်း လောက်သာတက်နေတာကို   လတိတိမြင်နေ
ရပြီး နောက် တစ်ခါခြောက်တိတိ နေကိုမမြင်ရဘဲ နေပြန်တယ်
ကမ္ဘာ့မြောက်ဘက်အဆုံးမှာရှိတဲ့ နော်ဝေနိုင်ငံ ၊အိုင်စလန်ကျွန်း၊ ကနေဒါနိုင်ငံ၊ အလာစကာ
တို့ဟာ မတ်လ ကနေ စက်တင်ဘာလ အထိ နေကို မ၀င်တဲ့နိုင်ငံများဖြစ်ကြတယ်
4

- တိုက်ရိုက်နေရောင်ခြည်ဟာ ၀ံ ဒီဂရီ အီတွေတာပေါ်မှ မတ်လ ၂၁ ရက် ၂၂ ရက်မှာ တည့်မတ်စွာ
ကျရောက်တယ်၊ အဲဒီနောက် မြောက်ဘက်ကိုတဖြေးဖြေးရွေ့သွားတယ် ၊နောက်တော့
- ဇွန်လ ၂၀ ရက် နဲ့ ၂၁ ရက်မှာ တည့်မတ်စွာကျရောက်တယ်။နောက်တော့ တောင်ဘက်ကို
တဖြေးဖြေးပြန်ရွေ့လာပြီး အီကွေတာပေါ်ပိုပြန်ရောက်လာတယ်
- အီကွေတာပေါ်မှာ  စက်တက်ဘာ ၂၂ ရက် ၂၃ ရက်နေ့မှာ တည့်မတ်နေရောင်ကျရောက်တယ်
 ( မှတ်ချက် အဲဒီအချိန်ကလတွေဟာ မြောက်ကမ္ဘာခြမ်းအတွက် နွေရာသီတွေပေါ့ )
ဆန့်ကျင်ဘက်ဖြစ်နေတဲ့ တောင်ကမ္ဘာခြမ်းကနိုင်ငံတွေအတွက်ကတော့ တိုက်ရိုက်နေရောင်ခြည်
မရတဲ့ဆောင်းရာသီပေါ့ )
 - စက်တင်ဘာ ၂၃ ရက်ကနေ နေရဲ့တိုက်ရိုက်ကျရောက်မှုဟာတဖြေးဖြေးတောင်ဘက်ကိုရွေ့
သွားလိုက်တာ  ဒီဇင်လာလ ( ၂၃ ) ရက်ဆိုရင် တောင်ဘက် ၂၃ . ဒီဂရီပေါ်အထိကျရောက်တယ်
 အဲဒီကနေ့တောင်ဘက်ကိုဆက်မရွေ့တော့ဘက်  ၀ံ ဒီဂရိ ရှိတဲ့အီကွေတာဘက်ကိုပြန်ရွေ့သွားတယ်
 ဒါကြောင့် စက်တင်ဘာ လကစပြီး အောက်တိုဘာ -နိုဝင်ဘာဒီဇင်ဘာ လတွေဟာ တောင်ကမ္ဘာခြမ်းက နိုင်ငံတွေအတွက်  နွေရာသီပေါ့
(ဆန့်ကျင်ဘက်အနေနဲ့မြောက်ကမ္ဘာခြမ်းကနိုင်ငံတွေကတော့ ဆောင်းရာသီပေါ့ )
အဲဒါကိုကြည့်ခြင်းအားဖြင့် လတ္တီတွတ်မျဉ်းတွေက  ရာသီဥတုကိုဖေါ်ပြနေတဲ့မျဉ်းတွေဖြစ်တယ်
ဆိုတာသိရတယ်
နောက်တစ်ပတ်ကျရင် လောင်ဂျီတွတ်မျဉ်းများအကြောင်းဆက်ပြီးလေ့လာကြမယ်
- Longitude   လောင်ဂျီတွတ်မျဉ်းများအကြောင်း
လောင်ဂျီတွတ်မျဉ်းတွေကတော့မြေပုံမှာ  တောင်မြောက် ရေးဆွဲထားတဲ့မျဉ်းတွေဖြစ်တယ်
အင်္ဂလန်နိင်ငံလန်ဒန်မြို့ရဲ့တောင်ဘက် (  Greenwich ) ဂရင်းနစ်မြို့က နေ ၀ံ ဒီဂရီမျဉ်း
သတ်မှတ်ပြီးအရွှေဘက်ကို မျဉ်းပေါင်း ၁၈၀ အနောက်ဘက်ကို မျဉ်းပေါင်း ၁၈၀ ရေးဆွဲထား
တယ်။
5
လောင်ဂျီတွတ်မျဉ်းများဟာတောင်မြောက်ရေးဆွဲထားတာဖြစ်လို့ မျဉ်းတွေအားလုံးဟာတောင်ဘက်
ဝင်ရိုးစွန်းနဲ့မြောက်ဘက်ဝင်ရိုးစွန်းမှာလာဆုံကြတယ် ။လောင်ဂျီတွတ်မျဉ်းတွေဟာအချိန်ကိုဖေါ်ပြတဲ့
မျဉ်းတွေလဲဖြစ်တယ်၊ မြို့တစ်မြို့နဲ့တစ်မြို့လောင်ဂျီတွတ်မျဉ်းဘယ်လောက်ကွာခြားသလဲဆိုတာသိရင်
အဲဒီ နှစ်မြို့ရဲ့အချိန်ကို တွက်ချက်ယူလို့ရတယ် ( လောင်ဂျီတွတ်မျဉ်းတလိုင်းနဲ့တစ်လိုင်းက မိနစ်စီ
ကွာတယ် ( တွက်ချက်ပုံ တွက်ချက်နည်းက ရှင်းပါတယ် )
နေက ၂၄ နာရီကို  တစ်ပတ်ရအောင်ပတ်တယ် ( ၂၄ နာရီကို တစ်ရက်ပေါ့ ) မိနစ်အနေနဲ့တွက်ရင်
၂၄ နာရီ x ၆၀ မိနစ် =  ၁၄၄၀ မိနစ်  ရတယ်
လောင်ဂျီတွတ်မျဉ်းပေါင်းက  ၃၆၀  ရှိတော့ 
၁၄၄၀ မိနစ်ကို ၃၆၀  နဲ့ စားလိုက်ရင်  ( ) မိနစ် ရတယ်
လောင်ဂျီတွတ်မျဉ်း စဆွဲတဲ့ဝံမျဉ်းနေရာ Greenwich ဂရင်းနစ်မြိုကိုအဆွဲပြုပြီး စံတော်ချိန်
သတ်မှတ်တာကိုလဲ ဂရင်းနစ်စံတော်ချိန်လို့ပြောတယ် ( ကမ္ဘာ့စံတော်ချိန်စသတ်မှတ်တဲ့မျဉ်းပေါ့)
 ( နိုင်ငံတစ်နိုင်ငံအတွင်း လောင်ဂျီတွတ်ဘယ်ကလောက်ဘဲခြားခြားတစ်ချိန်ထဲသတ်မှတ်သုံးစွဲ
တာကိုတော့ ဒေသချိန်တော်ချိန် ( Locltime ) လို့ခေါ်ပါတယ်၊
လောင်ဂျီတွက်   လတ္တီတွက်မျဉ်းတွေဟာ နိုင်ငံ တစ်နိုင်ငံ မြို့တစ်မြို့ရဲ့ တည်နေရာကို လတ္တွီတွတ်
ဘယ်ဒီဂရီ နဲ့ ဘယ်ဒီဂရီအကြား  လောင်ဂျီတွတ် ဘယ်ဒီဂရီနဲ့ဘယ်ဒီဂရီအ့ကြားမှာတည်ရှိတယ်ဆို
တာကိုပြောရင် မြေပုံပေါ်မှာ ရှာလို့ရတယ် )
ဥပမာ  ( မြန်မာနိုင်ငံသည် အရှေ့လောင်ဂျီတွတ် ၉၂.  မှ ၁၀၁.၁၇  နှင့် မြောက်လတ္တီတွတ် . မှ           ၂၈ . ၅၄ အကြား တွင်တည်ရှိတယ်လို့  တည်နေရာကိုဖေါ်ပြကြပါတယ်။
လောင်ဂျီတွတ်မျဉ်းလတ္တီတွတ်မျဉ်းတွေဟာကိုယ်ဘယ်နေရာမှာရောက်နေတယ်ဆိုတာကို
ဖေါ်ပြတဲ့အခါမှာအလွန်အသုံးဝင်ပါတယ်။ ပင်လယ်ထဲမှာရောက်နေတဲ့သဘောင်္တစ်စင်းဟာ ဒုက္ခ
ရောက်နေလို့ အကူအညီလိုခဲ့ရင်  မိမိသင်္ဘောဘယ်နေရာမှာရောက်နေတယ်ဆိုတာကိုဖေါ်ပြပြီး
မှအကူအညီတောင်းရပါတယ်၊ ( ဥပမာ လတ္တီတွတ် ဘယ်လောက်နဲ့လောင်ဂျီတွတ် ဘယ်လောက်
ဘယ်လောက်အကြား မှာရောက်နေတယ်ဆိုတာကိုဖေါ်ပြပြီးပြောရပါတယ်၊
ဒါမှ အကူအညီပေးမဲ့သူတွေကမြေပုံပေါ်မှာရှာနိုင်မှာဖြစ်ပါတယ်။
ဒီလို လောင်ဂျီတွတ် လတ္တီတွတ်မျဉ်းတွေကိုတွက်ချက်နိုင်ဘို့အတွက် သိပ္ပံရှင်များက နှစ်ပေါင်း
အတော်ကြားအောင်စမ်းသပ်ခဲ့ရတာပါ။
လောင်ဂျီကျုဒ် ကိုသိနိုင်ဖို့ ညအခါမှာ ကြယ်တွေကိုလေ့လာပြီး နေ့အခါမှာ နေရဲ့ အနေထားနဲ့ ရာစုနှစ်ပေါင်းများစွာတွက်ချက်ခဲ့ပါတယ်။

6

 ၁၆ရာစုနှစ်မှာ တော့ လရဲ့အနေထားကိုကြည့်ပြီးတွက်ချက်ဖို့ နက္ခတ္တဗေဒ ပညာရှင်တဦး
က အကြံပေးပါတယ်။ ကောင်းကင်ပြင်က လနဲ့ ကြယ်တွေဆက်သွယ်နေတဲ့မြေပုံကို ထုတ်ဖို့ ဗြိတိသျှတော်ဝင် နက္ခတ္တဗေဒပညာရှင် John Flamsteed ကပထမဆုံးကျိုးစားခဲ့ပြီး ၁၇၆၆ ခုနှစ်မှာတော့ Nevil Maskelyne က ရေကြောင်းနဲ့ နက္ခတ္တလမ်းညွှန် Nautical Almanac and Astronomical Ephemeris ကိုထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ကိုယ်ဘယ်နေရာကိုရောက်
နေတယ်ဆိုတာကို ကြယ်၊ လ အကူအညီတွေနဲ့ တွက်ချက်နိုင်တဲ့ အချက်အလက်တွေပါတယ်။
ဒါပေမဲ့ တခါတွက်ရင် သုံးလေးနာရီ အချိန်ယူရပါတယ်။
၁၇၃၀မှာ John Harrison က လောင်ဂျီကျုဒ်ကိုပြနိုင်တဲ့ နာရီကိုထွင်နိုင်ဖို့ စကျိုးစားခဲ့ပါတယ်။ နောက်ငါးနှစ်အကြာမှာ အလွန်ရှုပ်ထွေးပြီး အလေးချိန် ၃၄ကီလိုရှိတဲ့ ကရိယာကိုရခဲ့ပါတယ်။ နောက်ခုနှစ်နှစ်အကြာမှာ ပထမနာရီထက်ပိုသေးပေမဲ့ ပိုပြီးလေးတဲ့ နာရီကိုရခဲ့ပြီး နောက်အနှစ်
၂၂ အကြာ ၁၇၅၇ ခုနှစ်မှာတော့ လက်ထဲမှာ ဆုပ်ကိုင်နိုင်တဲ့အရွယ် ပင်လယ်ပြင်ထဲမှာ ဘယ်လောင်ဂျီကျုဒ်ကို ရောက်နေတယ် ဆိုတာကို ပြောနိုင်တဲ့ ကရိယာ Chronometer ခရိုနိုမီတာကိုထွင်နိုင်ခဲ့ပါတယ်။
ခုခေတ်မှာ Global Positioning System - GPS လို့ခေါ်တဲ့ ကိုယ်ရောက်နေတဲ့ နေရာကို ဂြိုဟ်တုကတဆင့် တွက်ချက်ပေးတဲ့ စံနစ်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြပေမယ့် ၁၈၁၅ ခုနှစ်လောက်မှာတော့ ကမ္ဘာတ၀ှမ်း သမုဒ္ဒရာပြင်တွေထဲမှာ ဒီခရိုနိုမီတာပေါင်း ငါးထောင်လောက်သုံးပြီး သွားလာနေခဲ့ရတာပါ။
John Harrison ရဲ့ နာရီတွေထဲက ပထမဆုံးနာရီ သုံးလုံးကို အင်္ဂလန် Greenwich က Old Royal Observatory လက်ဟောင်း တော်ဝင်စူးစမ်းလေ့လာရေးဌာန မှာ ပြသထားပြီး ဒီနာရီတွေဟာ ကနေ့ထိ အချိန်မှန်ကိုပြသနေဆဲဖြစ်ပါတယ်။
ဒါကြောင့် လူတို့နေ့စဉ်သွားလာလှုတ်ရှားနေတဲ့နေရာတိုင်းမှာ အလွန်အရေးကြီးအသုံးဝင်တဲ့
လောင်တီကျုနဲ့လတ္တီတတ်မျဉ်းတွေအကြောင်းကို  ပထ၀ီဝင် ကကြီးခကွေး ဆိုပြီး အခြေခံပထ၀ီဝင်
ကို တင်ပြလိုက်ရပါတယ်

တက္ကသိုလ်မောင်သုည  ( ပထ၀ီဝင်  )